Thursday, September 26, 2019

"ပထမျမန္မာႏိုင္ငံေတာ္စစ္တမ္း"
(ရာဇဝင္ သုေတသန)
………………………………………………………။

လက္ရွိျမန္မာႏိုင္ငံ၏ေဒသ ျဖစ္တဲ႔ တေကာင္း
အရပ္ဆီသို့ မစ်ၨိမေဒသက(ကုလားျပည္မဟုတ္) ကပိလဝတ္မင္း အဘိရာဇာဟာ ပဥၥာလရာဇ္မင္းကို စစ္ရံႈးလို့ေရာက္လာျပီးမွ ကပိလဝတ္က (ျမတ္စြာ
ဘုရား ေမြးရပ္ေျမက) သာကီယေတြနဲ႔ ေဒသခံ
ပ်ဴ ေတြ ေသြးေႏွာျပီး ျမန္မာျဖစ္လာတယ္။
ဒါက ျမန္မာရာဇဝင္ရဲ႕ အစ။ ပ်ဴ -သာကီယ။
BC ၆ ရာစု ေရွ႕ပိုင္းကာလ။

တေကာင္းမွာ သာကီယေတြ တိုင္းျပည္လာ
ထူေထာင္ျခင္းကေန ေနာင္မွာ ျမန္မာဆိုတဲ႔
အမည္နဲ႔ လူမ်ိဳးတစ္မ်ိဳး ျဖစ္ေပၚလာဖို့ရာ
အစျပဳျခင္းျဖစ္တယ္ေပါ့။
ဒါေၾကာင့္ ျမန္မာအစ တေကာင္းက လို့ ဆိုစမွတ္
ထားရစ္ခဲ႔ျခင္းျဖစ္ပါတယ္။
ဘယ္ သာကီယ ဘယ္ ေဒသခံပ်ဴေတြကမွ
ေနာင္မွာ ငါတို့မ်ိဳးဆက္ဟာ ျမန္မာဆိုတဲ႔ အမည္
ျဖစ္လာပါေစဆိုျပီး သံဝါသျပဳခဲ႔မယ္ မဟုတ္ပါ။
ဒီလိုပဲ နီးစပ္ရာ ယူၾက၊ မ်ိဳးဆက္ေတြ ပ်ံ႕ပြားၾက။
ေရာက္ခါစေတာ့ သာကီယေတြနဲ႔ ေဒသခံပ်ဴ
ေတြနဲ႔ အကုန္လံုး ခ်က္ခ်င္းႀကီး ေသြးခ်င္းျဖစ္ကုန္
ျပီး အမ်ိဳးအေဆြေတြ ခ်က္ခ်င္းျဖစ္ကုန္ၾကတယ္လို့ ယူလို့ေတာ့ဘယ္ရမလဲ။
ႏွစ္ပရိေစၧဒ ၾကာေညာင္းလာေတာ့ ေသြးေႏွာ
တာေတြ မ်ားလာမယ္။ ရုပ္အဆင္း တူမ်ွသူေတြ
(ေနဝါရီေတြ ၾကည့္ၾကည့္) ျဖစ္တာေၾကာင့္
သာကီယနဲ႔ပ်ဴ  ေသြးေႏွာတယ္လို့ေတာင္
ဆိုႏိုင္ဖြယ္ မျမင္ေလာက္ဘူး။
အဘိရာဇာကေန မင္းဆက္ ၃၃ ဆက္ရွိတယ္
ဆိုေတာ့ တစ္မင္းကို ပ်မ္းမ်ွ ၁၀ ႏွစ္ႏႈန္းတြက္ရင္
သက်သာကီယ အဘိရာဇာမင္းဆက္ဟာ
တေကာင္းမွာ ႏွစ္ေပါင္း ၃၃၀ ေလာက္ ၾကာေအာင္
ျမဲခိုင္ခဲ႔တယ္ေပါ့။ အဲဒီကာလကို တေကာင္းေခတ္
လို့ သတ္မွတ္ရမွာပဲ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္ဟာ
အခုေလာက္ အက်ယ္ႀကီး မဟုတ္ေလာက္ပါဘူး။
ေရွ႕မွာလည္း ကံရာဇာႀကီးဟာ ကစၧပနဒီျမစ္ညွာ၊
(ျမစ္ညွာအစစ္ဆိုရင္ေတာ့ မီဇိုရမ္ျပည္နယ္ထဲက
ကသည္းေတြေနတဲ႔ အရပ္ ေရာက္ေနပါျပီ)
ျပီးမွတဖန္ ဓညဝတီမွာ မင္းလုပ္ျပီး ေနျပန္တယ္
ဆိုေတာ့။ ကုလားတန္ျမစ္ေခၚ ကစၧပနဒီျမစ္ရဲ႕ တကယ့္အညွာဆိုရင္ လက္ရွိအေခၚ မီဇိုရမ္၊
လက္ရွိျမန္မာႏိုင္ငံအတြင္းေလာက္ကို ျမစ္ညွာ
ေခၚတယ္ဆိုရင္ ရခိုင္နဲ႔ခ်င္းျပည္နယ္ အစပ္ေဒသ
တစ္ဝိုက္နဲ႔ ရခိုင္ေျမာင္ပိုင္းဘက္မွာလည္း သီးျခား တေကာင္း မင္းဆက္ရွိေနျပီး ေဒသခံေတြနဲ႔ အဲဒီ
သာကီယေတြနဲ႔ ေသြးေႏွာကုန္ၾကမွာ အေသအခ်ာ
ပါပဲ။ ကံရာဇာႀကီး ကစၧပနဒီျမစ္ညွာ ဆန္ေတာ့
သုနာပရႏၲ အရပ္က ပ်ဴ  ကမ္းယံ သက္တို့က
မင္းလ်ာေတာင္းေသာေၾကာင့္ ဆိုေတာ့ တေကာင္း
ဟာ အေတာ္နာမည္ႀကီးလို့ ျဖစ္မွာပါပဲ။
အဲဒီမွာ သားေတာ္ မုဒုစိတၱကို မင္းလ်ာေပးခဲ႔ေတာ့
ဧရာဝတီ အေနာက္ျခမ္းက ေဒသခံ ပ်ဴ  ကမ္းယံ
သက္ ေတြနဲ႔လည္း သာကီယ ေတြဟာ အမ်ိဳးေတြ
ျဖစ္ကုန္ေပတာေပါ့။ စစ္ကိုင္းတို့ မေကြးတို့က။
အဲ႔ေတာ့ ကမ္းယံတို့ သက္တို့ ဟာလည္း ပ်ဴ  ေတြနဲ႔
အတူတူ သုနာပရႏၲတိုင္း ဆိုတဲ႔ ယခုအေခၚ
စစ္ကိုင္း မေကြးေဒသႀကီးရဲ႕ နယ္ပယ္ရပ္ဝန္းမွာ
လည္း ေနထိုင္ၾကတယ္ ဆိုရမွာပါ။

ကံရာဇာႀကီး ကစၧပနဒီေခၚ ကုလားတန္ျမစ္ညွာကို
သြားတဲ႔ လမ္းေၾကာင္းက တေကာင္းကေန ဧရာဝတီကို စုန္ဆင္းျပီး သလႅာဝတီေခၚ
ခ်င္းတြင္းျမစ္ကို ဆန္တက္တာပါ။
ခ်င္းတြင္းကို ဆန္တက္သြားေတာ့ ကေလးေက်း
ေတာင္ညိဳမွာ ဗိုလ္ဝင္ခံ၊ ျပီးမွ ခ်င္းတြင္းျမစ္ကို
ဆက္ ဆန္တက္ျပီး ကစၧပနဒီျမစ္ညွာကို သြားတာ
ဆိုေတာ့ ေဖာင္းျပင္နဲ႔ ဟုမၼလင္းၾကားတစ္ေနရာရာ
ကေန ယခုအေခၚ (အိႏၵိယပိုင္ ယခင္ ျမန္မာပိုင္)
မဏိပူရျပည္နယ္ မီဇိုရမ္ေဒသထဲက ကစၧပနဒီေခၚ
ကုလားတန္ျမစ္ညွာ ေဒသကို ထြက္ခြါသြားပံုပါ။
အဲဒါမွ ကစၧပနဒီျမစ္ညွာအရပ္နဲ႔လည္း ကိုက္သလို
သလႅာဝတီေခၚ ခ်င္းတြင္းျမစ္ကို ဆန္တက္တာနဲ႔
လည္း ညီညြတ္မွာျဖစ္ပါတယ္။
ေနာက္မွ ကံရာဇာႀကီးဟာ ကစၧပနဒီျမစ္အတိုင္း
စုန္ဆင္းလာျပီး ဓညဝတီမွာ မာရယုမင္းတည္ခဲ႔တဲ႔
ျမိဳ႕ေဟာင္းကို ျမိဳ႕သစ္တည္ျပီး မင္းျပဳတာျဖစ္
ပါတယ္။
တကယ္လို့ ကစၧပနဒီျမစ္ညွာကို ယခုေျမပံုအရ
ကုလားတန္ျမစ္ျဖတ္သန္းရာ ရခိုင္ျပည္နယ္နဲ႔
ခ်င္းျပည္နယ္ အစပ္ကိုသာ အခ်ိဳ႕က ရည္ညႊန္း
သလို ယူမယ္ဆိုရင္ ကံရာဇာႀကီးဟာ ခ်င္းတြင္းျမစ္
ကို ဆန္တက္စရာမလိုပါဘူး။ အမ္းလမ္း၊ ေတာင္
ကုတ္လမ္း ေတြက သြားလို့ရေနတာပါ။
ရာဇဝင္မွတ္တမ္းအရ ကစၧပနဒီျမစ္ညွာလည္း
ျဖစ္တယ္၊ ခ်င္းတြင္းျမစ္ကို ဆန္တက္တာလည္း
့ျဖစ္တယ္ဆိုရင္ ကစၧပနဒီျမစ္ညွာ အစစ္ျဖစ္တဲ႔
မီဇိုရမ္နယ္ထဲ ေရာက္သြားတာသာ ျဖစ္ဖို့ရာပါ။
အဲဒီ အေထာက္အထားအရ ကသည္းေတြနဲ႔
သာကီယေတြ ေသြးေႏွာခ်င္လည္း ေႏွာလိမ့္
ဦးမွာ ျဖစ္ပါတယ္။
အဲဒီကမွ အေၾကာင္းေၾကာင္းေၾကာင့္ ျမိဳ႕ပ်က္
သြားတဲ႔ ဓညဝတီျမိဳ႕ေဟာင္းဆီလာျပီး အသစ္
တည္လုပ္မင္းျပဳတာ ေနာင္အစဥ္ျဖစ္ပါတယ္။
ဒီေတာ့ လက္ရွိအေခၚ ရခိုင္ျပည္နယ္သားေတြ
လည္း သက်သာကီ ေသြးေတြ စီးဆင္းေနတဲ႔
တေကာင္းမင္းဆက္ အဘိရာဇာရဲ႕သား
ကံရာဇာႀကီး မ်ိဳးဆက္ေတြပဲေပါ့။
အဲဒီေဒသသားေတြကို ပ်ဴ  မေခၚဘဲ၊ ကမ္းယံ လို့
ေခၚတာေၾကာင့္ ကမ္းယံ - သာကီယေတြလို့ပဲ
ဆိုရမွာ ျဖစ္ပါတယ္။ အဲဒီ ကမ္းယံေတြဟာ
ပ်ဴ ေတြနဲ႔ လူမ်ိဳးတူေတြပဲျဖစ္ျပီး ေဒသိယ
အမည္ေၾကာင့္ ကမ္းယံ အေခၚခံေနရတာ
လည္း ျဖစ္ႏိုင္ပါတယ္။
ေသြးမေရာဘဲေနတဲ႔ သူေတြလည္း ရွိေကာင္း
ရွိခဲ႔မွာ ျဖစ္ေပမယ့္ ေနာင္ႏွစ္ေပါင္း ၾကာလာတဲ႔
အခါ ငါးမူး တစ္မတ္ ေရာရင္းက သာကီယေတြနဲ႔
အမ်ိဳးေတြ ျဖစ္ကုန္မွာ အေသအခ်ာပဲေပါ့။

တေကာင္းဘက္ကို ျပန္ၾကည့္မယ္ဆိုရင္
အဘိရာဇာကေန ၃၃ ဆက္ေျမာက္မင္း
ဘိႏၷကရာဇာ လက္ထက္မွာ ဂႏၶာလရာဇ္တိုင္း စိန့္ျပည္က တရုတ္တရက္ ေႏွာက္ယွက္လို့ တေကာင္းျပည္ႀကီး ပ်က္စီးသြားတယ္ဆိုတယ္။
အဲဒီလိုပ်က္ေတာ့ ဘိႏၷကရာဇာဟာ ဧရာဝတီျမစ္
အေနာက္ဘက္ကိုကူးျပီး တေကာင္းေအာက္ဘက္
မလည္ မွာဝင္ခိုေနပါတယ္။
အဲဒီမွာ ဘိႏၷကရာဇာ ကံေတာ္ကုန္ေတာ့
အုပ္စုသံုးစု ကြဲသြားပါတယ္။
တစ္စုက ရွမ္းျပည္ဘက္တက္သြားျပီးေတာ့
ရွမ္းေတြကို တစ္ဆယ့္ကိုးခရိုင္ ခြဲအုပ္ခ်ုပ္ျပီးေန
တယ္။ မလည္ကေန အေရွ့ဘက္ ရွမ္းျပည္ဆိုေတာ့
အခု လက္ရွိ ရွမ္းျပည္နယ္ေပါ့။
အဲဒီေတာ့ သက်သာကီဝင္ တေကာင္းမင္းမ်ိဳး
ေတြနဲ႔ ရွမ္းေတြ ေသြးေႏွာၾကဦးမွာေပါ့။
အဲဒီေတာ့ ယခု လက္ရွိရွမ္းျပည္နယ္က ရွမ္းေတြ
ဟာလည္း သက်သာကီေသြး ဘယ္ႏွျပားဖိုးပဲ
ပါပါ သာကီမ်ိဳးလို့ ေျပာလို့ရတဲ႔ အမ်ိဳးေတြပါပဲ။
အဲဒီ ရွမ္းျပည္ဘက္တက္ျပီး ရွမ္းေတြကို မင္းလုပ္
အုပ္ခ်ဳပ္တဲ႔ အဆက္ကို ဘိႏၷကမင္းမ်ိဳး
အဆက္လို့ေခၚပါတယ္။
တစ္စုကေတာ့ ကံရာဇာႀကီးသား မုဒုစိတၱရဲဲ႕
မ်ိဳးဆက္ရွိရာ ထဲဝင္တယ္ဆိုပါတယ္။
စစ္ကိုင္း မေကြး ေဒသႀကီးနယ္ပယ္ တဝိုက္က
ပ်ဴ  ကမ္းယံ သက္ ေတြနဲ႔ အတူတူ။
တစ္စုကေတာ့ ဘိႏၷကမင္းႀကီး မိဖုရားနာဂဆိန္နဲ႔
အတူတူ မလည္မွာပဲ အေျခစိုက္လိုက္ေတာ့တယ္။
အဲဒီအခ်ိန္ေရာက္ေတာ့ မစၨ်ိမေဒသမွာ(ကုလားျပည္
မဟုတ္) ေဆြေတာ္မ်ိဳးေတာ္ျဖစ္တဲ႔ ျမတ္စြာဘုရား
ပြင့္ျပီးျပီ ျဖစ္လို့ ဝိဋဋဴပ လက္ထက္ျဖစ္ပါတယ္။
ဝိဋဋဴပဟာ သာကီဝင္မင္းေတြကို ျမတ္စြာဘုရား
၃ ႀကိမ္တားေသာ္လည္း ၄ ႀကိမ္ေျမာက္မွာ ျမတ္စြာ
ဘုရား မတားေတာ့တာေၾကာင့္ စစ္ျပဳတာမွာ
သာကီဝင္ေတြစစ္ရံႈးျပီး သာကီဝင္မင္း ဓဇရာဇာ
ဟာ မလည္ေရာက္လာျပီးေတာ့ မလည္မွာ
ဘိႏၷကရာဇာရဲ႕ မိဖုရား နာဂဆိန္နဲ႔ေတြ႔ျပီး စံုဖက္
ၾကပါတယ္။ ပ်ဴ -သာကီယနဲ႔ သာကီယ တို့
ထပ္မံ ေသြးသားရင္းခ်ာ ျဖစ္ၾကျပန္တာပါ။
အဲဒီကမွ တေကာင္းျပည္ကို ပဥၥာတေကာင္းအျဖစ္
ျပန္လည္ ထူေထာင္ျပီး ဒုတိယတေကာင္း
သတိုးမင္းဆက္ကို စတင္ ထူေထာင္ေတာ့တာ
ျဖစ္ပါတယ္။
အဲဒီကမွ ဒုတိယ တေကာင္းကို ဓဇရာဇာက စတဲ႔
သတိုးမင္းဆက္ ၁၇ ဆက္ အုပ္စိုးပါတယ္။
၁၇ ဆက္ေျမာက္ သတိုးမဟာရာဇာမင္း
လက္ထက္မွာ သားမရွိလို့ ေယာက္ဖကို အိမ္ေရွ႕
အပ္ႏွင္းပါတယ္။
အဲဒီအခ်ိန္မွာ သုနာပရႏၲမွာ နန္းစံေနတဲ႔
ကံရာဇာႀကီးသား မုဒုစိတၱမင္းဆက္ကို ဓညဝတီက
ကံရာဇာႀကီး မင္းဆက္ကပဲ လာေရာက္
တိုက္ခိုက္ျပီး ဓညဝတီကို ေဆာင္ယူသြားပါတယ္။
အမ်ိဳးရင္း အခ်င္းခ်င္းျဖစ္တာနဲ႔ မဆိုင္ဘူး။
မတည့္ရင္ေတာ့ စစ္ပြဲနဲ႔ ဆံုးျဖတ္ၾကတဲ႔ ေခတ္ကိုး။
အဲဒီကာလ သုနာပရႏၲဘယ္အရပ္မွာ ကံရာဇာႀကီး
သား မုဒုစိတၱမင္းဆက္ေတြ ထီးနန္းစိုက္တယ္လို့
ရာဇဝင္ေတြမွာ မပါပါဘူး။
အဲဒီလို ဓညဝတီက လာတိုက္ေတာ့ သုနာပရႏၲ
မင္းဆက္ရဲ႕ ေနာက္ဆံုးမင္းရဲ႕ မိဖုရားဟာ
သက်အင္း အရပ္ကိုထြက္ေျပးျပီး ေနရတယ္။
အနည္က နန္းခမ္းတဲ႔။ နန္းဆိုတာ ပ်ဴ -သာကီယ
ေတြ ေရွးကေပးတဲ႔ အမည္။
စစ္ကိုင္း မေကြး ေဒသႀကီးဘက္ကေန ျပည္ဘက္ကို ေျပးလာရတာပါ။
အဲဒီ အခ်ိန္ဟာ သာသနာႏွစ္ ၄၀ ျဖစ္သြားပါျပီ။
BC 504 ခုပါ။

ဆိုေတာ့ တေကာင္းဟာ BC ေခတ္ကတည္းက
ဆိုတာ အေသအခ်ာပဲေပါ့။  BC 504 မွာက
ဒုတိယတေကာင္း ေခတ္ ကုန္ခါနီးျဖစ္ေနပါျပီ။
ဒုတိယ တေကာင္းဟာ အနည္းဆံုး
ႏွစ္ေပါင္း ၈၀ ေလာက္ ခိုင္ခံ႔ခဲ႔မယ္ေပါ့။
အဲဒီႏွစ္မွာ ဒုတိယတေကာင္း သတိုးမင္းဆက္ရဲ႕
ေနာက္ဆံုးမင္း သတိုးမဟာရာဇာမင္းရဲ႕ ေယာက္ဖ အိမ္ေရွ႕မင္းဟာ ေသာင္းက်န္းေနတဲ႔ ေတာဝက္ႀကီး
ကို လိုက္ရင္းက တေကာင္းကေန ျပည္အထိ
ေရာက္လာခဲ႔ပါတယ္။ အဲဒီမွာ ေတာဝက္ႀကီးကို
သတ္ျပီး ရေသ့ဝတ္ေနလိုက္ေတာ့တယ္။
အဲဒီမွာ ေဘဒါရီ ေမြးတယ္။
တေကာင္းမင္းေယာက္ဖ ဝက္လိုက္တဲ႔ ႏွစ္မွာပဲ
စူဠသမ႓ဝနဲ႔ မဟာသမ႓ဝကို ေမြးတယ္။
သာသနာသကၠရာဇ္ ၅၉ (BC 485) မွာ အဲဒီ စူဠသမ႓ဝနဲ႔ မဟာသမ႓ဝ မ်က္မျမင္ ၂ေယာက္ကို ေရေမ်ွာတယ္။ အသက္ ၁၉ ႏွစ္။
မ်က္စိျမင္ျပီး မဟာသမ႓ဝနဲ႔ ေဘဒါရီကို လက္ထပ္
ေပးတာက သာသနာႏွစ္ ၆၀(BC 484)မွာ။
လက္ထပ္ခ်ိန္မွာ မဟာသမ႓ဝက မင္းမျဖစ္ေသးဘူး။
ေရွ႕က ဓညဝတီကို ေခၚေဆာင္ခံရတဲ႔ မင္းရဲ႕
မိဖုရားက သက်အင္း(သက်မိဖုရား နန္းခမ္းလာေန
သည္မွ တြင္သည့္အမည္)အရပ္မွာ မိဖုရားမင္းျပဳ
ေနတာပါ။ တိုင္းျပည္တည္ေထာင္ျပီး ဘုရင္မလုပ္
ေနတယ္ ဆိုပါေတာ့။ သူနဲ႔ အဲဒီအရပ္က လူေတြ
ဟာ တေကာင္းမင္း ေယာက္ဖ ရေသ့ကို ရိုေသ
ကိုးကြယ္ၾကျပီး အဲဒီျပည္ကို ရေသ့ျပည္ ေခၚတယ္ ဆိုပါတယ္။ အဲဒီ ရေသ့ျပည္ကေန ေရွ႕က ရေသ့
ေပ်ာက္ျပီး "ျပည္" လို့ ျဖစ္လာတယ္လို့ ဆိုၾက
တာလည္း ရွိပါတယ္။ အဲဒါက ျပည္ အမည္တြင္
ေၾကာင္း ရာဇဝင္လာ အေထာက္အထားပါ။

အဲဒီအခ်ိန္အထိ သေရေခတၱရာ ေနရာမွာ ျမိဳ႕မတည္ရေသးပါဘူး။
မဟာသမ႓ဝလက္ထပ္ျပီးေတာ့ မိဖုရား(ဘုရင္မ)
နန္းခမ္းဟာ ရေသ့ျပည္ကို မဟာသမ႓ဝကို
လႊဲအပ္ျပီး မင္းျပဳေစလိုက္ပါတယ္။
မဟာသမ႓ဝ ကံေတာ္ကုန္ေတာ့ ညီျဖစ္တဲ႔ စူဠသမ႓ဝ
က ရေသ့ျပည္ကို ဆက္လက္ အုပ္ခ်ဳပ္မင္းျပဳ
ျပီးတဲ႔ေနာက္မွာ သာသနာႏွစ္ဟာ ၁၀၁ ႏွစ္။
BC 443 ကို ေရာက္လာခဲ႔ပါျပီ။
အဲဒီႏွစ္မွာ ဒြတၱေဘာင္ ဟာ ရေသ့ျမိဳ႕ကို
စြန့္လႊတ္ျပီး ျမိဳ႕သစ္တည္ပါတယ္။
သာသနာ ၁၀၁ ႏွစ္၊ BC 443 မွာ ဒြတၱေဘာင္ဟာ
သေရေခတၱရာျမိဳ႕ကို စတင္တည္ေထာင္ျပီး
တေကာင္းမ်ဳိး သေရေခတၱရာ မင္းဆက္ကို စတင္
ပါတယ္။ ဒါက သေရေခတၱရာေခတ္ ရဲ႕ အစ။

ျမတ္စြာဘုရားလက္ထက္ေတာ္က
ဝိဋဋဴပေဘးေၾကာင့္ ထြက္ေျပးလာရတဲ႔ သာကီဝင္
မင္း ဓဇရာဇာ မလည္ကိုေရာက္လာခ်ိန္ကစျပီး
ဗုဒၶသာသနာ့ႏြယ္ဝင္ေတြ ျဖစ္ေနခဲ႔ျပီျဖစ္တဲ႔
ပ်ဴ  -သာကီယ ေတြဟာ သေရေခတၱရာမွာ ျမိဳ႕သစ္
တည္ျပီး မင္းဆက္ထူေထာင္ေတာ့ ဒြတၱေဘာင္မင္း
ဟာ ဘုရား ၁၁ ဆူ တည္ခဲ႔ပါတယ္။ ရဟႏၲာေတြလည္းရွိခဲ႔ပါတယ္။
ဒြတၱေဘာင္ နန္းတက္ေတာ့ သက္ေတာ္ ၃၅ ႏွစ္။ စည္းစိမ္ ၇၅ ႏွစ္။
ဒြတၱေဘာင္နန္းတက္ႏွစ္ဟာ ေဝသာလီမွာ
(ဝဇၨီတိုင္း= ယခု အိႏၵိယအပိုင္ အာသံျပည္နယ္)
ကာလာေသာကမင္း အေထာက္အပံ႔နဲ႔ ရွင္မဟာ
ယႆကို အမွဴးျပဳျပီး ရဟႏၲာ ၇၀၀ နဲ႔ ဒုတိယ
သဂၤါယနာတင္ျပီး ေနာက္တစ္ႏွစ္ ျဖစ္ပါတယ္။
ဒြတၱေဘာင္ကေန ၂၂ ဆက္ေျမာက္မင္းျဖစ္တဲ႔
သုမုႏၵရီမင္းလက္ထက္မွာ သကၠရာဇ္ ၆၂၄ ခုကို
အၾကြင္း ၂ ခု ထားျပီး သကၠရာဇ္ျဖိဳပါတယ္။
သကၠရာဇ္ျဖိဳကိန္းေရာက္ပါလ်က္ မျဖိဳရင္
တိုင္းျပည္ဒုကၡေရာက္တတ္တာေၾကာင့္ သုမုႏၵရီ
မင္းဟာ အသက္နဲ႔ရင္းျပီး သကၠရာဇ္ ျဖိဳရတာပါ။
ျဖိဳကိန္းႀကံဳပါလ်က္ သကၠရာဇ္မျဖိဳရင္ တိုင္းျပည္
ဒုကၡေရာက္မယ္၊ ဘုရင္ မေသဘူး။
ျဖိဳရင္ ဘုရင္ေသမယ္၊ တိုင္းျပည္ဒုကၡမေရာက္ဘူး။
ဘုရင္ဟာ မိမိအသက္နဲ႔ တိုင္းျပည္ တစ္ခုခု
ေရြးရမွာျဖစ္ပါတယ္။
သုမုႏၵရီမင္းဟာ တိုင္းျပည္ကို ေရြးခ်ယ္လိုက္တာ
ေၾကာင့္ သကၠရာဇ္ျဖိဳတဲ႔ႏွစ္မွာပဲ ကံကုန္ပါတယ္။
အမူအက်င့္ မေကာင္းဘူးလို့ ရာဇဝင္မွတ္တမ္း
ထားရစ္ခဲ႔ေပမယ့္ တိုင္းျပည္မ်က္ႏွာ ေထာက္ထား
ခဲ႔တဲ႔ မင္းလို့ ဆိုရမွာပါ။
အဲဒီ သကၠရာဇ္ျဖိဳတဲ႔ကာလဟာ သာသနာႏွစ္
၆၂၄ ခု၊ AD 80 ျဖစ္ပါတယ္။
အဲဒီ AD 80 ဟာ ဖုနန္လို့ ေခၚတဲ႔ ကမ္ဘူးဂ်ားမွာ
နဂါးဘုရင္ရဲ႕သမီး ေသာမနဲ႔ညားတဲ႔ အိႏၵိယက
ထြက္ေျပးလာရတဲ႔ စစ္ေျပးအုပ္စုထဲက ေကာဒညၤ
ဘုရင္စလုပ္ခ်ိန္ပါ။ ကေမ႓ာဒီးယား ရာဇဝင္ဟာ
အဲဒီ ကာလမွ စတင္တာ ျဖစ္ပါတယ္။
ကေမ႓ာဒီးယား ရာဇဝင္စတင္ေတာ့ ျမန္မာႏိုင္ငံ
မွာက သေရေခတၱရာ ပ်က္ခါနီးေနပါျပီ။
သာသနာႏွစ္ ၆၂၄ ခု၊ AD 80 မွာ သုမုႏၵရီမင္း
ျဖိဳၾကြင္းခဲ႔တာကေနစျပီး အတို ၂ ခု ထားခဲ႔တဲ႔
သကၠရာဇ္ ၂ ခုကေနစျပီး ျမန္မာသကၠရာဇ္ စတင္
တယ္လို့ ေျပာရမွာ ျဖစ္ပါတယ္။
ဒါမွ မဟုတ္လည္း အဲဒီ သကၠရာဇ္ကို သေရေခတၱရာ သကၠရာဇ္လို့ ဆိုခ်င္ဆိုေပါ့။

ဒီေတာ့ သုမုႏၵရီလက္ထက္က စတဲ႔
ျမန္မာသကၠရာဇ္ ၂ခု သည္ AD 80 ျဖစ္ပါတယ္။
သုမုႏၵရီမင္း ျပီးတဲ႔ေနာက္ တက္လာတာက
အတိတ်ာမင္း ျဖစ္ပါတယ္။
အတိတ်ာမင္းျပီးေတာ့ ညီေတာ္ သုပညာ
လက္ထက္မွာ သေရေခတၱရာ ပ်က္စီးပါတယ္။
ျမန္မာသကၠရာဇ္ ၁၆ ႏွစ္၊ AD 94 မွာ ပ်က္စီးခဲ့တဲ႔ သေရေခတၱရာျပည္ႀကီးဟာ မင္းေနျပည္ေတာ္
အျဖစ္ BC 443 ကေန စတင္ေရတြက္ရင္ ႏွစ္ေပါင္း
၅၃၇ ႏွစ္ တည္တံ႔ခဲ႔ပါတယ္။
သေရေခတၱရာပ်က္တဲ႔အခါ မင္းညီမင္းသား
ဘုရင့္ေဆြေတာ္မ်ိဳးေတာ္ေတြဟာ အုပ္စု ၃ စု ကြဲျပားစြာနဲ႔ထြက္ေျပးၾကရပါတယ္။
အဲဒီ ထြက္ေျပးတဲ႔ အစုကို ပ်ဴအုပ္စု၊ ကမ္းယံအုပ္စု၊
ျမန္မာအုပ္စု ဆိုျပီး ေနာင္မွာ ေခၚေဝၚၾကပါတယ္။
ထြက္ေျပးၾကတုန္းကေတာ့ ငါတို့ဟာ ပ်ဴေဟ့။
ငါတို့ဟာ ကမ္းယံေဟ့။ ငါတို့ဟာ ျမန္မာေဟ့
လို့ေတာ့ အမည္သတ္မွတ္ျပီး ထြက္ေျပးၾကမွာ
မဟုတ္ပါဘူး။
အဲဒီလို ထြက္ေျပးၾကတဲ႔ အစုေတြဟာ တစ္စုက
သံတြဲကေန ေတာင္စဥ္၇ခရိုင္ကို ေခၚတဲ႔ ကမ္းယံ
ေတြဆီ ေျပးဝင္ခိုလံႈလို့ ၎တို့ကို ကမ္းယံအစုလို့
ေနာင္မွာ ေခၚၾကျပီး၊ စစ္ကိုင္း မေကြး သုနာပရႏၲ
တိုင္းဘက္ ထြက္ေျပးခိုလံႈသူေတြကို ေရွ႕ကပင္
ကံရာဇာႀကီးသား မုဒုစိတၱမင္းျပဳရာအရပ္ျဖစ္တဲ႔
ေဒသက ပ်ဴ လို့ ေခၚေဝၚဆဲ ေဒသခံေတြက
လက္ခံလိုက္တာေၾကာင့္ ပ်ဴ  အုပ္စုလို့ ေခၚေဝၚ
လိုက္ၾကပံုပါ။ ဒါက လူမ်ိဳးကြဲသြားတာ မဟုတ္ဘဲ
လုမ်ိဳးတစ္မ်ိဳးထဲကပဲ ထြက္ေျပးခိုလံႈရာ ေဒသရဲ႕
ေဒသိယ အမည္ေတြ ျဖစ္ကုန္တာပါ။

ေျပးၾကတဲ႔ ၂စုျဖစ္တဲ႔ ကမ္းယံအမည္ ပ်ဴအမည္
ျဖစ္ကုန္သူေတြဟာ စစ္ျဖစ္ၾကပါတယ္။
ကမ္းယံေတြ ေျပးျပန္ေတာ့ ပ်ဴအခ်င္းခ်င္း စစ္ျဖစ္
ၾကျပန္ရာက ပ်ဴေတြ ၃ စု ထပ္ကြဲတာမွာ
အဲဒီ သုနာပရႏၲ တိုင္းထဲမွာတင္ ျဖစ္ပါတယ္။
အဲဒီလို ျပည္တြင္းစစ္ႀကီးျဖစ္ျပီး တိုင္းျပည္ျပိဳကြဲ
အခ်င္းခ်င္း စစ္တိုက္ၾကခ်ိန္မွာ မြန္ေတြကလည္း
တိုက္တယ္ ဆိုပါတယ္။ အဲဒီတုန္းကေတာ့
မြန္လို့မေခၚေသးဘူးထင္ပါတယ္။ ေညာင္ရမ္း
ေခတ္ေႏွာင္းေလာက္မွ မြန္လို့ စ ေခၚပံုပါ။
အဲဒီ မြန္ေတြ ဘယ္ကလာလဲဆိုရင္ ကေမ႓ာဒီးယား
ရာဇဝင္ အစကလို အိႏၵိယကေန အာရိယန္ေတြကို
စစ္ရံႈးျပီး ထြက္ေျပးလာတဲ႔ တလိုင္း စစ္ေျပးဒုကၡ
သည္ေတြပဲ ျဖစ္ပါတယ္။ သေရေခတၱရာ ပ်ဴ - သာကီယ မင္းေတြဆီ ထြက္ေျပး ခိုလံႈလာျပီးမွ
တိုင္းျပည္ျပိဳကြဲခ်ိန္မွာ ပ်ဴ -သာကီယေတြရဲ႕ ျမိဳ႕
ေတြကို အခြင့္ေကာင္းယူျပီး အပို္င္စီးၾကတာပါ။
ဒါဟာ အျပစ္ေတာ့ မဟုတ္ပါဘူး။ အဲဒီကာလ
ေတြဆိုတာက ညံ႔တဲ႔သူ ခံစတမ္းေခတ္ပါ။
ကေမ႓ာဒီးယားေရာက္သြားတဲ႔ တလိုင္းေတြကေတာ့
ဘုရင္ေသာမကို မ်က္လွည့္အတတ္နဲ႔ သိမ္းသြင္း
ျပီး သိမ္းပုိက္လိုက္လို့ သာသာယာယာ ဘုရင္
ျဖစ္လာတာပါ။ ဒီဘက္ ျမန္မာႏိုင္ငံထဲမွာေတာ့
အဲဒီေလာက္မလြယ္ပါဘူး။ တလိုင္းေတြ အဲဒီလို
လုပ္တာ ပုဂံျပိဳကြဲစဥ္က တစ္ႀကိမ္၊ ေတာင္ငူ
ျပိဳကြဲစဥ္က တစ္ႀကိမ္ရွိေသးတယ္ဆိုတာ ရာဇဝင္
မွာ အထင္အရွားပါ။
ဒီေတာ့ ျမန္မာႏိုင္ငံေဒသထဲကို တလိုင္းေတြဟာ
အေသာက လက္ထက္ BC 3 ရာစု ေလာက္
ကတည္းက ထြက္ေျပးလာျပီး ခိုလံူေနၾကတာ
အေသအခ်ာပါပဲ။ ႏိုင္ငံ ထူေထာင္ႏိုင္တဲ႔ အဆင့္
မေရာက္ေသးသလို ပ်ဴ -သာကီယေတြ အားေကာင္း
ေနခ်ိန္မွာ ကေမ႓ာဒီးယားက ၎တို့လို စစ္ေျပး
ဒုကၡသည္ ေကာဒညၤကို အားက်ေနမွာ အေသ
အခ်ာပါပဲ။ သေရေခတၱရာျပိဳကြဲေတာ့
ပ်ဴ - သာကီယေတြ တည္တဲ႔ ျမိဳ႕ျပေတြအေပၚ
အဆင္သင့္ တက္ထိုင္ျပီး ေတာမီးေလာင္
ေတာေၾကာင္ လက္ခေမာင္း ခတ္ၾကမွာပါပဲ။
အဲဒီကာလ တလိုင္းေတြကို ဘယ္လိုေခၚမယ္
ေတာ့ မသိႏိုင္ဘူးေပါ့။ အဲဒီလို ႏိုင္ငံေတာ္ ျပိဳကြဲ
ခ်ိန္ကို အခြင့္ေကာင္းယူျပီး တိုက္ခိုက္ၾကေပမယ့္
တလိုင္းေတြ ရာဇဝင္တြင္ရစ္ေအာင္ ႏိုင္ငံေတာ္
ထူေထာင္ႏုိင္တဲ႔ အဆင့္မေရာက္ခဲ႔တာေၾကာင့္
ရာဇဝင္မွာ အဲဒီကာလ တလိုင္းေတြရဲ႕ အခန္း
က႑ ထင္ရွားစြာ မပါဝင္တာျဖစ္တာပါ။

အဲဒီဧရာဝတီျမစ္ အေနာက္ဘက္ကို ထြက္ေျပး
ၾကသူ ပ်ဴ - သာကီယ မင္းမ်ိဳး ၂ စုဟာ ကမ္းယံေတြ ပ်ဴေတြ ျဖစ္ကုန္ၾကေပမယ့္ ဧရာဝတီျမစ္ အေရွ႕
ဘက္အတိုင္း ထြက္ေျပးၾကသူ တစ္စုကေတာ့
သုပညာမင္းရဲ႕တူ သမုဒၵရာဇ္ ျဖစ္ျပီး ၎တို့ဟာ ပ်ဴေတြ ကမ္းယံေတြ အခ်င္းခ်င္း စစ္ျဖစ္ေနၾကခ်ိန္
ယုန္လႊတ္က်ြန္းအရပ္မွာ သိုသိပ္စြာေရာက္ရွိေနျပီး
သေရေခတၱရာ ပ်က္အျပီး ၁၃ ႏွစ္အၾကာ ျမန္မာ
သကၠရာဇ္ ၂၉ ခု၊ AD 107 မွာ စုစည္းထားတဲ႔
ပ်ဴ  ၁၉ ရြာကို စုေပါင္းျပီး ျမန္မာဆိုတဲ႔ အမည္သစ္နဲ႔
လူမ်ိဳးအသစ္ တိုင္းျပည္အသစ္ စတင္ ထူေထာင္
ပါေတာ့တယ္။ ဒါဟာ သေရေခတၱရာ အပ်က္မွာ
တကြဲတျပား ထြက္ေျပးၾကတဲ႔ အုပ္စု ၃ စု ထဲက
ျမန္မာ ျဖစ္လာတဲ႔ သမုဒၵရာဇ္ အုပ္စုပဲျဖစ္ပါတယ္။
ရာဇဝင္မွာ မွတ္တမ္းတင္ထားတဲ႔ ပန္းေတာင္း
သက္သာ ၆ ႏွစ္တို့၊ မင္းတုန္း ၃ ႏွစ္တို့က
ဧရာဝတီျမစ္ အေနာက္ဘက္ျခမ္းကို ထြက္ေျပးျပီး
သုနာပရႏၲထဲ ခိုလံႈသြားတဲ႔ ပ်ဴ  အမည္ျဖစ္သြားတဲ႔
အုပ္စုနဲ႔သာ ဆိုင္တာပါ။
ဧရာဝတီျမစ္ အေရွ႕ျခမ္းအတိုင္း ထြက္ေျပးၾကတဲ႔
သုပညာတူ သမုဒၵရာဇ္တို့နဲ႔ မဆိုင္ပါဘူး။
အဲဒီ သနာပရႏၲဧရာဝတီျမစ္အေနာက္ဘက္က
ပ်ဴ  ျဖစ္သြားသူ အုပ္စု ပန္းေတာင္း သက္သာ
ကေန ကမ္းယံအစုေတြ လာတိုက္ျပန္တာေၾကာင့္
မင္းတုန္းကို ေျပာင္းျပီးေနတာ ၃ ႏွစ္ၾကာခ်ိန္က်မွ
ယုတ္လႊတ္က်ြန္း ေရာက္ေနတဲ႔ သမုဒၵရာဇ္ဟာ
ပ်ဴ  ၁၉ရြာကို စုစည္းျပီးလို့ ႏိုင္ငံတည္ေထာင္တာ
ျဖစ္ပါတယ္။ အဲဒီ သုနာပရႏၲဘက္ ခိုလံႈသူ ပ်ဴ
အမည္ျဖစ္သြားသူအစုဟာ အခ်င္းခ်င္း စစ္ျဖစ္ၾက
ျပန္တာမွာ ေနာက္ထပ္ ၃ စုကြဲသြားေတာ့
ထပ္မံခိုလံႈရာအေပၚ မူတည္ျပီး က်ပင္း၊ သက္၊
ေတာင္ညိဳ ဆိုျပီး အုပ္စု ၃ စု ထပ္မံကြဲသြားျပန္ျပီး
ေတာင္ညိဳအုပ္စုဟာ သမုဒၵရာဇ္ထီးနန္းမတည္
ေထာင္မီ ၃ ႏွစ္မွာ မင္းတုန္းကို တည္ေထာင္ျပီး
ေနၾကတာျဖစ္ပါတယ္။

သေရေခတၱရာက သက်သာကီမ်ိဳး ပ်ဴ -သာကီ
ေတြဟာ ယခင္က အမည္ တစ္မ်ိဳးထဲျဖစ္ေသာ္
ျငားလည္း သေရေခတၱရာ ပ်က္ခ်ိန္ ၃အုပ္စုကြဲ
ထြက္ေျပးခ်ိန္မွာ ဧရာဝတီျမစ္ အေနာက္ဘက္ ေျပးၾကတဲ႔ အုပ္စု ၂စုဟာ ၎တို့ ထြက္ေျပး
ခိုလံႈရာ အရပ္ေဒသ အလိုက္ ကမ္းယံ ပ်ဴ  သက္
က်ပင္း ေတာင္ညိဳ စသည္တို့ ျဖစ္ကုန္ၾကေပမယ့္
ဧရာဝတီျမစ္ အေရွ႕ဘက္ကေန ထြက္ေျပးၾကသူ
သမုဒၵရာဇ္ ဦးေဆာင္တဲ႔ အုပ္စုကေတာ့ မည္သူ့
ထံမွ မခိုလံႈဘဲ အျခားအုပ္စုေတြ အခ်င္းခ်င္း
စစ္ျဖစ္ေနၾကခ်ိန္မွာ ယုန္လႊတ္က်ြန္းမွာ အေျခ
စိုက္ျပီး ပ်ဴ  ၁၉ ရြာကို စုစည္း အုပ္ခ်ဳပ္ရင္း
အင္အား ျဖည့္တင္းေနခဲ႔ၾကပါတယ္။
ဒီလိုနဲ႔ ေနာက္ ၁၃ ႏွစ္ၾကာခ်ိန္မွာေတာ့
သေရေခတၱရာကေန ၃စုကြဲျပီး ထြက္ေျပးလာတဲ႔
အထဲကမွ ျမန္မာ ျဖစ္လာမယ့္ အုပ္စုဟာ
ယုန္လႊတ္က်ြန္းမွာ ထီးနန္းစိုက္ တိုင္းျပည္တည္ျပီး
ျမန္မာအမည္သစ္နဲ႔ ပ်ဴ  -သာကီ သမုဒၵရာဇ္မင္းက
စတင္ျပီး ေနာင္မွာ အင္ပါယာႀကီးျဖစ္လာမယ့္
ပုဂံကို စတင္ထူေထာင္ပါေတာ့တယ္။
ကမ္းယံေတြဆီကို ထြက္ေျပးခိုလံႈျပီး ကမ္းယံျဖစ္
လာသူေတြကို ကမ္းယံတစ္စု၊ ပ်ဴေတြဆီကို ထြက္ေျပးခိုလံႈျပီး မူလအမည္မေျပာင္းမလဲ ေန
သူေတြကို ပ်ဴ  တစ္စု(ေနာင္တြင္ ပ်ဴ  သက္ က်ပင္း
ေတာင္ညို ဟု ထပ္ကြဲ)၊ ျမန္မာအျဖစ္ အမည္သစ္
ျဖင့္ ေပၚထြန္းလာမယ့္ သူေတြကို ျမန္မာတစ္စု
အျဖစ္ ေႏွာင္းမွသာ မွတ္တမ္းတင္ခဲ႔ၾက
တာျဖစ္ပါတယ္။
ျမန္မာအျဖစ္၊ ျမန္မာႏိုင္ငံအျဖစ္၊ ျမန္မာသည္ လူမ်ိဳးတစ္မ်ိဳးအျဖစ္၊ အင္ပါယာႀကီးေတြ ထူေထာင္
ေတာ့မယ့္ ပ်ဴ -သာကီ သမုဒၵရာဇ္မင္း ဦးေဆာင္တဲ့
အစုဟာ မည္သည့္ ရွိႏွင့္ျပီးသူမ်ားထံသို့မွ ခိုလံႈ
ဝင္ေရာက္၍ ၎တို့၏ ေဒသိယ အမည္မ်ားကို မခံယူဘဲ၊  မိမိတို့ဘာသာ အမည္သစ္တစ္ခုျဖင့္ ျမန္မာ ဟူေသာအမည္ကို ကိုယ္တိုင္ခံယူ
လိုက္ၾကတာ ျဖစ္ပါတယ္။

ဒီေတာ့ ျမန္မာဘုရင္ေတြရဲ႕ ရာဇဝင္အစ ကနဦး
အျမဳေတဟာ တေကာင္းကို ေရာက္လာျပီး
တိုင္းျပည္ထူေထာင္တဲ႔ သာကီဝင္အဘိရာဇာ
ကစျပီး ေဒသခံပ်ဳေတြနဲ႔ ေပါင္းဖက္ မ်ိဳးဆက္ပြား
ခဲ႔ၾကတာေၾကာင့္ ျမန္မာအစတေကာင္းက ဟူသည္
မွန္ကန္သည့္ ဆိုစမွတ္ ျဖစ္ပင္ျငားေသာ္လည္း၊
ျမန္မာဟူေသာ အမည္မွာကား သေရေခတၱရာ
ပ်က္အျပီးမွ ယုန္လႊတ္က်ြန္းတြင္ သမုဒၵရာဇ္မင္း
ပ်ဴ  ၁၉ ရြာအား စုစည္း၍ တည္ေထာင္သည္မွသာ
စတင္ ေပၚေပါက္လာခဲ႔သည္ ျဖစ္ပါတယ္။
သေရေခတၱရာမွ ထြက္ေျပးလာသူမ်ား ပ်ဴ  ကမ္းယံ
သက္ က်ပင္း ေတာင္ညို စသျဖင့္ ေဒသိယ
အလိုက္ အမည္မ်ား ေျပာင္းလဲ(ေနာင္အခါ ေဒသိယအမည္မွ  လူမ်ိဳးအမည္ျဖစ္လာ)
သြားေသာ္လည္း ျမန္မာျဖစ္လာမည့္သူမ်ားမွာ
မည္သည့္လႊမ္းမိုးမႈမ်ွ မခံဘဲ ကိုယ္ပိုင္ အမည္
သစ္ျဖင့္ ျမန္မာ ဟူ၍ ယုန္လႊတ္က်ြန္းမွ
စတင္ခဲ႔သည္ျဖစ္တာပါ။
သေရေခတၱရာ မပ်က္မီ အထိ ျမန္မာ ဟူေသာ
အမည္ မေပၚေပါက္ေသးပါဘူး။
သေရေခတၱရာ ပ်က္၍ ႏုိင္ငံေတာ္ျပိဳကြဲသည္
တြင္မွ မူလ ပ်ဴ  - သာကီ လူမ်ိဳးတို့သည္ ၁၃ ႏွစ္ၾကာ
အင္အားစုစည္းျပီးေနာက္ ျမန္မာ ဟူေသာ အမည္သစ္ျဖင့္ ယုန္လႊတ္က်ြန္းမွာ သမုဒၵရာဇ္
မင္းက ဦးေဆာင္၍ စတင္ေပၚေပါက္လာျခင္း
ျဖစ္ပါတယ္။
သို့ျဖစ္ရာ ပထမတေကာင္း၊ ဒုတိယတေကာင္း
သေရေခတၱရာ စတဲ႔ ပ်ဴ-သာကီ ေရွ႕ မ်ိဳးဆက္တို့
သည္ ျမန္မာသကၠရာဇ္ ၂၉ ခု၊ AD 107 ၌ ျမန္မာအမည္သစ္ျဖင့္ ေပၚထြန္းလာသည့္ ျမန္မာ
ႏိုင္ငံေတာ္သား ေနာင္အခါ လူမ်ိဳးအမည္ တြင္လာ
မည့္ ဘိုးေဘး အစဥ္ အဆက္အႏြယ္(ဝါ)
ပ်ဴ  - သာကီ မ်ား(အက်ိဳးဆက္၏အေၾကာင္းမ်ား) ျဖစ္ၾကေသာ္လည္း၊
ပထမ ျမန္မာႏိုင္ငံေတာ္သည္
(ပ်ဴ -သာကီ မ်ားပင္ျဖစ္သည့္) သမုဒၵရာဇ္ မင္း
လက္ထက္မွာ စတင္သည္ဟု သတ္မွတ္ရမွာ
ျဖစ္ပါတယ္။
အဲဒီ ျမန္မာေတြဟာ ပထမတေကာင္း ဒုတိယ
တေကာင္းနဲ႔ သေရေခတၱရာက ပ်ဴ  -သာကီ မ်ား
လည္းပဲ ျဖစ္ျပန္ပါတယ္။
ဒါေၾကာင့္
ျမန္မာသကၠရာဇ္ ၂၉ ခု၊ AD 107 ေရွ႕ပိုင္းကို
ပ်ဴ  ေခတ္လို့ သတ္မွတ္ျပီး၊ ေနာက္ပိုင္းကို
ျမန္မာေခတ္အျဖစ္ သတ္မွတ္ရမွာ ျဖစ္ပါတယ္။
ဒီေတာ့
ပထမ ျမန္မာႏိုင္ငံေတာ္၏ ပထမဆံုးမင္းသည္
ပထမတေကာင္း၊ ဒုတိယတေကာင္း၊ သေရ
ေခတၱရာ စသည့္ မင္းစဥ္မင္းဆက္ အဆက္အႏြယ္
ပ်ဴ  - သာကီယ မ်ိဳး သေရေခတၱရာ၏ ေနာက္ဆံုး
မင္းဆက္ သုပညာ၏ တူ သမုဒၵရာဇ္မင္း
သာလ်ွင္ျဖစ္ပါတယ္။
ပထမ ျမန္မာႏိုင္ငံေတာ္ကို ျမန္မာဟူေသာ အမည္
သစ္ျဖင့္ စတင္ထူေထာင္ခဲ႔တဲ႔ သမုဒၵရာဇ္မင္း
ေနာက္မွာေတာ့ ျမန္မာဆိုတာ ပီျပင္စြာျဖစ္ေပၚ
လာျပီး ပ်ဴ  - သာကီ မ်ိဳးသည္ ျမန္မာအျဖစ္နဲ႔
ႏိုင္ငံေတာ္တည္ေထာင္ခမ္းနားထည္ဝါခဲ႕တာဟာ၊
AD 107 ကေန တရားဝင္ စတင္ခဲ႔တဲ႔ ပထမ ျမန္မာ
ႏိုင္ငံေတာ္သည္ AD 1288 အထိ ႏွစ္ေပါင္း
1181 ႏွစ္ၾကာေအာင္ မင္းေပါင္း ၅၅ ဆက္ျဖင့္ တည္တံ႔ခဲ႔ပါတယ္။
သို့ျဖစ္တာေၾကာင့္  အတိအက်ဆိုရရင္-

"ျမန္မာရာဇဝင္အစ တေကာင္းက"
"ျမန္မာႏိုင္ငံေတာ္အစ ယုန္လႊတ္က်ြန္းက"

လို့ ဆိုရမည္သာ ျဖစ္ေၾကာင္းပါ။

ဒါေၾကာင့္ အေနာ္ရထာဟာ ပထမျမန္မာႏိုင္ငံေတာ္ကို တည္ေထာင္သူ
ျဖစ္တယ္ဆိုတာကို လက္မခံပါဘူူး။
အေနာ္ရထာဟာ ျပန္လည္ က်ဥ္းေျမာင္းသြားတဲ႔
ပထမျမန္မာႏိုင္ငံေတာ္ကို အင္ပါယာႀကီးျဖစ္ေအာင္
ျပန္လည္စြမ္းေဆာင္ျပီး သာသနာေတာ္
တဖန္ျပန္လည္ ထြန္းပေအာင္ စြမ္းေဆာင္ခဲ့တဲ႔
သာသနာျပဳ မင္းေကာင္းမင္းျမတ္တစ္ပါး
ျဖစ္ပါတယ္။

ဒါက-
ရာဇဝင္ကို သုေတသနျပဳလုပ္ျပီး
ထြက္ေပၚလာတဲ႔ ရလဒ္
"ပထမ ျမန္မာႏိုင္ငံေတာ္စစ္တမ္း"
ျဖစ္ပါတယ္။
…………………………………………………။
ကိုး-
မဟာရာဇဝင္ႀကီး၊ တြင္းသင္း၊ မွန္နန္း။
history of cambodia.
……………………………………။
ပံုစာ - ရာဇဝင္၌ ျမန္မာဟူေသာ အမည္သစ္ကို
ပထမဆံုးေဖာ္ျပပါရွိသည့္ ျမန္မာအစုဟု သတ္မွတ္
ေသာ သေရေခတၱရာမင္းဆက္ သုပညာ၏တူ
ပ်ဴ -သာကီယ သမုဒၵရာဇ္(သမုတိရစ္)မင္း စတင္
ထူေထာင္ေသာ ပထမျမန္မာႏိုင္ငံေတာ္၏
နန္းေတာ္ရာေနရာ။

…………………………………………………………

"ပထမမြန်မာနိုင်ငံတော်စစ်တမ်း"
(ရာဇဝင် သုတေသန)
………………………………………………………။
လက်ရှိမြန်မာနိုင်ငံ၏ဒေသ ဖြစ်တဲ့ တကောင်း
အရပ်ဆီသို့ မဈ္ဇိမဒေသက(ကုလားပြည်မဟုတ်) ကပိလဝတ်မင်း အဘိရာဇာဟာ ပဉ္စာလရာဇ်မင်းကို စစ်ရှုံးလို့ရောက်လာပြီးမှ ကပိလဝတ်က (မြတ်စွာ
ဘုရား မွေးရပ်မြေက) သာကီယတွေနဲ့ ဒေသခံ
ပျူ တွေ သွေးနှောပြီး မြန်မာဖြစ်လာတယ်။
ဒါက မြန်မာရာဇဝင်ရဲ့ အစ။ ပျူ -သာကီယ။
BC ၆ ရာစု ရှေ့ပိုင်းကာလ။

တကောင်းမှာ သာကီယတွေ တိုင်းပြည်လာ
ထူထောင်ခြင်းကနေ နောင်မှာ မြန်မာဆိုတဲ့
အမည်နဲ့ လူမျိုးတစ်မျိုး ဖြစ်ပေါ်လာဖို့ရာ
အစပြုခြင်းဖြစ်တယ်ပေါ့။
ဒါကြောင့် မြန်မာအစ တကောင်းက လို့ ဆိုစမှတ်
ထားရစ်ခဲ့ခြင်းဖြစ်ပါတယ်။
ဘယ် သာကီယ ဘယ် ဒေသခံပျူတွေကမှ
နောင်မှာ ငါတို့မျိုးဆက်ဟာ မြန်မာဆိုတဲ့ အမည်
ဖြစ်လာပါစေဆိုပြီး သံဝါသပြုခဲ့မယ် မဟုတ်ပါ။
ဒီလိုပဲ နီးစပ်ရာ ယူကြ၊ မျိုးဆက်တွေ ပျံ့ပွားကြ။
ရောက်ခါစတော့ သာကီယတွေနဲ့ ဒေသခံပျူ
တွေနဲ့ အကုန်လုံး ချက်ချင်းကြီး သွေးချင်းဖြစ်ကုန်
ပြီး အမျိုးအဆွေတွေ ချက်ချင်းဖြစ်ကုန်ကြတယ်လို့ ယူလို့တော့ဘယ်ရမလဲ။
နှစ်ပရိစ္ဆေဒ ကြာညောင်းလာတော့ သွေးနှော
တာတွေ များလာမယ်။ ရုပ်အဆင်း တူမျှသူတွေ
(နေဝါရီတွေ ကြည့်ကြည့်) ဖြစ်တာကြောင့်
သာကီယနဲ့ပျူ  သွေးနှောတယ်လို့တောင်
ဆိုနိုင်ဖွယ် မမြင်လောက်ဘူး။
အဘိရာဇာကနေ မင်းဆက် ၃၃ ဆက်ရှိတယ်
ဆိုတော့ တစ်မင်းကို ပျမ်းမျှ ၁၀ နှစ်နှုန်းတွက်ရင်
သကျသာကီယ အဘိရာဇာမင်းဆက်ဟာ
တကောင်းမှာ နှစ်ပေါင်း ၃၃၀ လောက် ကြာအောင်
မြဲခိုင်ခဲ့တယ်ပေါ့။ အဲဒီကာလကို တကောင်းခေတ်
လို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ဟာ
အခုလောက် အကျယ်ကြီး မဟုတ်လောက်ပါဘူး။
ရှေ့မှာလည်း ကံရာဇာကြီးဟာ ကစ္ဆပနဒီမြစ်ညှာ၊
(မြစ်ညှာအစစ်ဆိုရင်တော့ မီဇိုရမ်ပြည်နယ်ထဲက
ကသည်းတွေနေတဲ့ အရပ် ရောက်နေပါပြီ)
ပြီးမှတဖန် ဓညဝတီမှာ မင်းလုပ်ပြီး နေပြန်တယ်
ဆိုတော့။ ကုလားတန်မြစ်ခေါ် ကစ္ဆပနဒီမြစ်ရဲ့ တကယ့်အညှာဆိုရင် လက်ရှိအခေါ် မီဇိုရမ်၊
လက်ရှိမြန်မာနိုင်ငံအတွင်းလောက်ကို မြစ်ညှာ
ခေါ်တယ်ဆိုရင် ရခိုင်နဲ့ချင်းပြည်နယ် အစပ်ဒေသ
တစ်ဝိုက်နဲ့ ရခိုင်မြောင်ပိုင်းဘက်မှာလည်း သီးခြား တကောင်း မင်းဆက်ရှိနေပြီး ဒေသခံတွေနဲ့ အဲဒီ
သာကီယတွေနဲ့ သွေးနှောကုန်ကြမှာ အသေအချာ
ပါပဲ။ ကံရာဇာကြီး ကစ္ဆပနဒီမြစ်ညှာ ဆန်တော့
သုနာပရန္တ အရပ်က ပျူ  ကမ်းယံ သက်တို့က
မင်းလျာတောင်းသောကြောင့် ဆိုတော့ တကောင်း
ဟာ အတော်နာမည်ကြီးလို့ ဖြစ်မှာပါပဲ။
အဲဒီမှာ သားတော် မုဒုစိတ္တကို မင်းလျာပေးခဲ့တော့
ဧရာဝတီ အနောက်ခြမ်းက ဒေသခံ ပျူ  ကမ်းယံ
သက် တွေနဲ့လည်း သာကီယ တွေဟာ အမျိုးတွေ
ဖြစ်ကုန်ပေတာပေါ့။ စစ်ကိုင်းတို့ မကွေးတို့က။
အဲ့တော့ ကမ်းယံတို့ သက်တို့ ဟာလည်း ပျူ  တွေနဲ့
အတူတူ သုနာပရန္တတိုင်း ဆိုတဲ့ ယခုအခေါ်
စစ်ကိုင်း မကွေးဒေသကြီးရဲ့ နယ်ပယ်ရပ်ဝန်းမှာ
လည်း နေထိုင်ကြတယ် ဆိုရမှာပါ။

ကံရာဇာကြီး ကစ္ဆပနဒီခေါ် ကုလားတန်မြစ်ညှာကို
သွားတဲ့ လမ်းကြောင်းက တကောင်းကနေ ဧရာဝတီကို စုန်ဆင်းပြီး သလ္လာဝတီခေါ်
ချင်းတွင်းမြစ်ကို ဆန်တက်တာပါ။
ချင်းတွင်းကို ဆန်တက်သွားတော့ ကလေးကျေး
တောင်ညိုမှာ ဗိုလ်ဝင်ခံ၊ ပြီးမှ ချင်းတွင်းမြစ်ကို
ဆက် ဆန်တက်ပြီး ကစ္ဆပနဒီမြစ်ညှာကို သွားတာ
ဆိုတော့ ဖောင်းပြင်နဲ့ ဟုမ္မလင်းကြားတစ်နေရာရာ
ကနေ ယခုအခေါ် (အိန္ဒိယပိုင် ယခင် မြန်မာပိုင်)
မဏိပူရပြည်နယ် မီဇိုရမ်ဒေသထဲက ကစ္ဆပနဒီခေါ်
ကုလားတန်မြစ်ညှာ ဒေသကို ထွက်ခွါသွားပုံပါ။
အဲဒါမှ ကစ္ဆပနဒီမြစ်ညှာအရပ်နဲ့လည်း ကိုက်သလို
သလ္လာဝတီခေါ် ချင်းတွင်းမြစ်ကို ဆန်တက်တာနဲ့
လည်း ညီညွတ်မှာဖြစ်ပါတယ်။
နောက်မှ ကံရာဇာကြီးဟာ ကစ္ဆပနဒီမြစ်အတိုင်း
စုန်ဆင်းလာပြီး ဓညဝတီမှာ မာရယုမင်းတည်ခဲ့တဲ့
မြို့ဟောင်းကို မြို့သစ်တည်ပြီး မင်းပြုတာဖြစ်
ပါတယ်။
တကယ်လို့ ကစ္ဆပနဒီမြစ်ညှာကို ယခုမြေပုံအရ
ကုလားတန်မြစ်ဖြတ်သန်းရာ ရခိုင်ပြည်နယ်နဲ့
ချင်းပြည်နယ် အစပ်ကိုသာ အချို့က ရည်ညွှန်း
သလို ယူမယ်ဆိုရင် ကံရာဇာကြီးဟာ ချင်းတွင်းမြစ်
ကို ဆန်တက်စရာမလိုပါဘူး။ အမ်းလမ်း၊ တောင်
ကုတ်လမ်း တွေက သွားလို့ရနေတာပါ။
ရာဇဝင်မှတ်တမ်းအရ ကစ္ဆပနဒီမြစ်ညှာလည်း
ဖြစ်တယ်၊ ချင်းတွင်းမြစ်ကို ဆန်တက်တာလည်း
့ဖြစ်တယ်ဆိုရင် ကစ္ဆပနဒီမြစ်ညှာ အစစ်ဖြစ်တဲ့
မီဇိုရမ်နယ်ထဲ ရောက်သွားတာသာ ဖြစ်ဖို့ရာပါ။
အဲဒီ အထောက်အထားအရ ကသည်းတွေနဲ့
သာကီယတွေ သွေးနှောချင်လည်း နှောလိမ့်
ဦးမှာ ဖြစ်ပါတယ်။
အဲဒီကမှ အကြောင်းကြောင်းကြောင့် မြို့ပျက်
သွားတဲ့ ဓညဝတီမြို့ဟောင်းဆီလာပြီး အသစ်
တည်လုပ်မင်းပြုတာ နောင်အစဉ်ဖြစ်ပါတယ်။
ဒီတော့ လက်ရှိအခေါ် ရခိုင်ပြည်နယ်သားတွေ
လည်း သကျသာကီ သွေးတွေ စီးဆင်းနေတဲ့
တကောင်းမင်းဆက် အဘိရာဇာရဲ့သား
ကံရာဇာကြီး မျိုးဆက်တွေပဲပေါ့။
အဲဒီဒေသသားတွေကို ပျူ  မခေါ်ဘဲ၊ ကမ်းယံ လို့
ခေါ်တာကြောင့် ကမ်းယံ - သာကီယတွေလို့ပဲ
ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီ ကမ်းယံတွေဟာ
ပျူ တွေနဲ့ လူမျိုးတူတွေပဲဖြစ်ပြီး ဒေသိယ
အမည်ကြောင့် ကမ်းယံ အခေါ်ခံနေရတာ
လည်း ဖြစ်နိုင်ပါတယ်။
သွေးမရောဘဲနေတဲ့ သူတွေလည်း ရှိကောင်း
ရှိခဲ့မှာ ဖြစ်ပေမယ့် နောင်နှစ်ပေါင်း ကြာလာတဲ့
အခါ ငါးမူး တစ်မတ် ရောရင်းက သာကီယတွေနဲ့
အမျိုးတွေ ဖြစ်ကုန်မှာ အသေအချာပဲပေါ့။

တကောင်းဘက်ကို ပြန်ကြည့်မယ်ဆိုရင်
အဘိရာဇာကနေ ၃၃ ဆက်မြောက်မင်း
ဘိန္နကရာဇာ လက်ထက်မှာ ဂန္ဓာလရာဇ်တိုင်း စိန့်ပြည်က တရုတ်တရက် နှောက်ယှက်လို့ တကောင်းပြည်ကြီး ပျက်စီးသွားတယ်ဆိုတယ်။
အဲဒီလိုပျက်တော့ ဘိန္နကရာဇာဟာ ဧရာဝတီမြစ်
အနောက်ဘက်ကိုကူးပြီး တကောင်းအောက်ဘက်
မလည် မှာဝင်ခိုနေပါတယ်။
အဲဒီမှာ ဘိန္နကရာဇာ ကံတော်ကုန်တော့
အုပ်စုသုံးစု ကွဲသွားပါတယ်။
တစ်စုက ရှမ်းပြည်ဘက်တက်သွားပြီးတော့
ရှမ်းတွေကို တစ်ဆယ့်ကိုးခရိုင် ခွဲအုပ်ချုပ်ပြီးနေ
တယ်။ မလည်ကနေ အရှေ့ဘက် ရှမ်းပြည်ဆိုတော့
အခု လက်ရှိ ရှမ်းပြည်နယ်ပေါ့။
အဲဒီတော့ သကျသာကီဝင် တကောင်းမင်းမျိုး
တွေနဲ့ ရှမ်းတွေ သွေးနှောကြဦးမှာပေါ့။
အဲဒီတော့ ယခု လက်ရှိရှမ်းပြည်နယ်က ရှမ်းတွေ
ဟာလည်း သကျသာကီသွေး ဘယ်နှပြားဖိုးပဲ
ပါပါ သာကီမျိုးလို့ ပြောလို့ရတဲ့ အမျိုးတွေပါပဲ။
အဲဒီ ရှမ်းပြည်ဘက်တက်ပြီး ရှမ်းတွေကို မင်းလုပ်
အုပ်ချုပ်တဲ့ အဆက်ကို ဘိန္နကမင်းမျိုး
အဆက်လို့ခေါ်ပါတယ်။
တစ်စုကတော့ ကံရာဇာကြီးသား မုဒုစိတ္တရဲဲ့
မျိုးဆက်ရှိရာ ထဲဝင်တယ်ဆိုပါတယ်။
စစ်ကိုင်း မကွေး ဒေသကြီးနယ်ပယ် တဝိုက်က
ပျူ  ကမ်းယံ သက် တွေနဲ့ အတူတူ။
တစ်စုကတော့ ဘိန္နကမင်းကြီး မိဖုရားနာဂဆိန်နဲ့
အတူတူ မလည်မှာပဲ အခြေစိုက်လိုက်တော့တယ်။
အဲဒီအချိန်ရောက်တော့ မစ္ဇျိမဒေသမှာ(ကုလားပြည်
မဟုတ်) ဆွေတော်မျိုးတော်ဖြစ်တဲ့ မြတ်စွာဘုရား
ပွင့်ပြီးပြီ ဖြစ်လို့ ဝိဋဋူပ လက်ထက်ဖြစ်ပါတယ်။
ဝိဋဋူပဟာ သာကီဝင်မင်းတွေကို မြတ်စွာဘုရား
၃ ကြိမ်တားသော်လည်း ၄ ကြိမ်မြောက်မှာ မြတ်စွာ
ဘုရား မတားတော့တာကြောင့် စစ်ပြုတာမှာ
သာကီဝင်တွေစစ်ရှုံးပြီး သာကီဝင်မင်း ဓဇရာဇာ
ဟာ မလည်ရောက်လာပြီးတော့ မလည်မှာ
ဘိန္နကရာဇာရဲ့ မိဖုရား နာဂဆိန်နဲ့တွေ့ပြီး စုံဖက်
ကြပါတယ်။ ပျူ -သာကီယနဲ့ သာကီယ တို့
ထပ်မံ သွေးသားရင်းချာ ဖြစ်ကြပြန်တာပါ။
အဲဒီကမှ တကောင်းပြည်ကို ပဉ္စာတကောင်းအဖြစ်
ပြန်လည် ထူထောင်ပြီး ဒုတိယတကောင်း
သတိုးမင်းဆက်ကို စတင် ထူထောင်တော့တာ
ဖြစ်ပါတယ်။
အဲဒီကမှ ဒုတိယ တကောင်းကို ဓဇရာဇာက စတဲ့
သတိုးမင်းဆက် ၁၇ ဆက် အုပ်စိုးပါတယ်။
၁၇ ဆက်မြောက် သတိုးမဟာရာဇာမင်း
လက်ထက်မှာ သားမရှိလို့ ယောက်ဖကို အိမ်ရှေ့
အပ်နှင်းပါတယ်။
အဲဒီအချိန်မှာ သုနာပရန္တမှာ နန်းစံနေတဲ့
ကံရာဇာကြီးသား မုဒုစိတ္တမင်းဆက်ကို ဓညဝတီက
ကံရာဇာကြီး မင်းဆက်ကပဲ လာရောက်
တိုက်ခိုက်ပြီး ဓညဝတီကို ဆောင်ယူသွားပါတယ်။
အမျိုးရင်း အချင်းချင်းဖြစ်တာနဲ့ မဆိုင်ဘူး။
မတည့်ရင်တော့ စစ်ပွဲနဲ့ ဆုံးဖြတ်ကြတဲ့ ခေတ်ကိုး။
အဲဒီကာလ သုနာပရန္တဘယ်အရပ်မှာ ကံရာဇာကြီး
သား မုဒုစိတ္တမင်းဆက်တွေ ထီးနန်းစိုက်တယ်လို့
ရာဇဝင်တွေမှာ မပါပါဘူး။
အဲဒီလို ဓညဝတီက လာတိုက်တော့ သုနာပရန္တ
မင်းဆက်ရဲ့ နောက်ဆုံးမင်းရဲ့ မိဖုရားဟာ
သကျအင်း အရပ်ကိုထွက်ပြေးပြီး နေရတယ်။
အနည်က နန်းခမ်းတဲ့။ နန်းဆိုတာ ပျူ -သာကီယ
တွေ ရှေးကပေးတဲ့ အမည်။
စစ်ကိုင်း မကွေး ဒေသကြီးဘက်ကနေ ပြည်ဘက်ကို ပြေးလာရတာပါ။
အဲဒီ အချိန်ဟာ သာသနာနှစ် ၄၀ ဖြစ်သွားပါပြီ။
BC 504 ခုပါ။

ဆိုတော့ တကောင်းဟာ BC ခေတ်ကတည်းက
ဆိုတာ အသေအချာပဲပေါ့။  BC 504 မှာက
ဒုတိယတကောင်း ခေတ် ကုန်ခါနီးဖြစ်နေပါပြီ။
ဒုတိယ တကောင်းဟာ အနည်းဆုံး
နှစ်ပေါင်း ၈၀ လောက် ခိုင်ခံ့ခဲ့မယ်ပေါ့။
အဲဒီနှစ်မှာ ဒုတိယတကောင်း သတိုးမင်းဆက်ရဲ့
နောက်ဆုံးမင်း သတိုးမဟာရာဇာမင်းရဲ့ ယောက်ဖ အိမ်ရှေ့မင်းဟာ သောင်းကျန်းနေတဲ့ တောဝက်ကြီး
ကို လိုက်ရင်းက တကောင်းကနေ ပြည်အထိ
ရောက်လာခဲ့ပါတယ်။ အဲဒီမှာ တောဝက်ကြီးကို
သတ်ပြီး ရသေ့ဝတ်နေလိုက်တော့တယ်။
အဲဒီမှာ ဘေဒါရီ မွေးတယ်။
တကောင်းမင်းယောက်ဖ ဝက်လိုက်တဲ့ နှစ်မှာပဲ
စူဠသမ္ဘဝနဲ့ မဟာသမ္ဘဝကို မွေးတယ်။
သာသနာသက္ကရာဇ် ၅၉ (BC 485) မှာ အဲဒီ စူဠသမ္ဘဝနဲ့ မဟာသမ္ဘဝ မျက်မမြင် ၂ယောက်ကို ရေမျှောတယ်။ အသက် ၁၉ နှစ်။
မျက်စိမြင်ပြီး မဟာသမ္ဘဝနဲ့ ဘေဒါရီကို လက်ထပ်
ပေးတာက သာသနာနှစ် ၆၀(BC 484)မှာ။
လက်ထပ်ချိန်မှာ မဟာသမ္ဘဝက မင်းမဖြစ်သေးဘူး။
ရှေ့က ဓညဝတီကို ခေါ်ဆောင်ခံရတဲ့ မင်းရဲ့
မိဖုရားက သကျအင်း(သကျမိဖုရား နန်းခမ်းလာနေ
သည်မှ တွင်သည့်အမည်)အရပ်မှာ မိဖုရားမင်းပြု
နေတာပါ။ တိုင်းပြည်တည်ထောင်ပြီး ဘုရင်မလုပ်
နေတယ် ဆိုပါတော့။ သူနဲ့ အဲဒီအရပ်က လူတွေ
ဟာ တကောင်းမင်း ယောက်ဖ ရသေ့ကို ရိုသေ
ကိုးကွယ်ကြပြီး အဲဒီပြည်ကို ရသေ့ပြည် ခေါ်တယ် ဆိုပါတယ်။ အဲဒီ ရသေ့ပြည်ကနေ ရှေ့က ရသေ့
ပျောက်ပြီး "ပြည်" လို့ ဖြစ်လာတယ်လို့ ဆိုကြ
တာလည်း ရှိပါတယ်။ အဲဒါက ပြည် အမည်တွင်
ကြောင်း ရာဇဝင်လာ အထောက်အထားပါ။

အဲဒီအချိန်အထိ သရေခေတ္တရာ နေရာမှာ မြို့မတည်ရသေးပါဘူး။
မဟာသမ္ဘဝလက်ထပ်ပြီးတော့ မိဖုရား(ဘုရင်မ)
နန်းခမ်းဟာ ရသေ့ပြည်ကို မဟာသမ္ဘဝကို
လွှဲအပ်ပြီး မင်းပြုစေလိုက်ပါတယ်။
မဟာသမ္ဘဝ ကံတော်ကုန်တော့ ညီဖြစ်တဲ့ စူဠသမ္ဘဝ
က ရသေ့ပြည်ကို ဆက်လက် အုပ်ချုပ်မင်းပြု
ပြီးတဲ့နောက်မှာ သာသနာနှစ်ဟာ ၁၀၁ နှစ်။
BC 443 ကို ရောက်လာခဲ့ပါပြီ။
အဲဒီနှစ်မှာ ဒွတ္တဘောင် ဟာ ရသေ့မြို့ကို
စွန့်လွှတ်ပြီး မြို့သစ်တည်ပါတယ်။
သာသနာ ၁၀၁ နှစ်၊ BC 443 မှာ ဒွတ္တဘောင်ဟာ
သရေခေတ္တရာမြို့ကို စတင်တည်ထောင်ပြီး
တကောင်းမျိုး သရေခေတ္တရာ မင်းဆက်ကို စတင်
ပါတယ်။ ဒါက သရေခေတ္တရာခေတ် ရဲ့ အစ။

မြတ်စွာဘုရားလက်ထက်တော်က
ဝိဋဋူပဘေးကြောင့် ထွက်ပြေးလာရတဲ့ သာကီဝင်
မင်း ဓဇရာဇာ မလည်ကိုရောက်လာချိန်ကစပြီး
ဗုဒ္ဓသာသနာ့နွယ်ဝင်တွေ ဖြစ်နေခဲ့ပြီဖြစ်တဲ့
ပျူ  -သာကီယ တွေဟာ သရေခေတ္တရာမှာ မြို့သစ်
တည်ပြီး မင်းဆက်ထူထောင်တော့ ဒွတ္တဘောင်မင်း
ဟာ ဘုရား ၁၁ ဆူ တည်ခဲ့ပါတယ်။ ရဟန္တာတွေလည်းရှိခဲ့ပါတယ်။
ဒွတ္တဘောင် နန်းတက်တော့ သက်တော် ၃၅ နှစ်။ စည်းစိမ် ၇၅ နှစ်။
ဒွတ္တဘောင်နန်းတက်နှစ်ဟာ ဝေသာလီမှာ
(ဝဇ္ဇီတိုင်း= ယခု အိန္ဒိယအပိုင် အာသံပြည်နယ်)
ကာလာသောကမင်း အထောက်အပံ့နဲ့ ရှင်မဟာ
ယဿကို အမှူးပြုပြီး ရဟန္တာ ၇၀၀ နဲ့ ဒုတိယ
သင်္ဂါယနာတင်ပြီး နောက်တစ်နှစ် ဖြစ်ပါတယ်။
ဒွတ္တဘောင်ကနေ ၂၂ ဆက်မြောက်မင်းဖြစ်တဲ့
သုမုန္ဒရီမင်းလက်ထက်မှာ သက္ကရာဇ် ၆၂၄ ခုကို
အကြွင်း ၂ ခု ထားပြီး သက္ကရာဇ်ဖြိုပါတယ်။
သက္ကရာဇ်ဖြိုကိန်းရောက်ပါလျက် မဖြိုရင်
တိုင်းပြည်ဒုက္ခရောက်တတ်တာကြောင့် သုမုန္ဒရီ
မင်းဟာ အသက်နဲ့ရင်းပြီး သက္ကရာဇ် ဖြိုရတာပါ။
ဖြိုကိန်းကြုံပါလျက် သက္ကရာဇ်မဖြိုရင် တိုင်းပြည်
ဒုက္ခရောက်မယ်၊ ဘုရင် မသေဘူး။
ဖြိုရင် ဘုရင်သေမယ်၊ တိုင်းပြည်ဒုက္ခမရောက်ဘူး။
ဘုရင်ဟာ မိမိအသက်နဲ့ တိုင်းပြည် တစ်ခုခု
ရွေးရမှာဖြစ်ပါတယ်။
သုမုန္ဒရီမင်းဟာ တိုင်းပြည်ကို ရွေးချယ်လိုက်တာ
ကြောင့် သက္ကရာဇ်ဖြိုတဲ့နှစ်မှာပဲ ကံကုန်ပါတယ်။
အမူအကျင့် မကောင်းဘူးလို့ ရာဇဝင်မှတ်တမ်း
ထားရစ်ခဲ့ပေမယ့် တိုင်းပြည်မျက်နှာ ထောက်ထား
ခဲ့တဲ့ မင်းလို့ ဆိုရမှာပါ။
အဲဒီ သက္ကရာဇ်ဖြိုတဲ့ကာလဟာ သာသနာနှစ်
၆၂၄ ခု၊ AD 80 ဖြစ်ပါတယ်။
အဲဒီ AD 80 ဟာ ဖုနန်လို့ ခေါ်တဲ့ ကမ်ဘူးဂျားမှာ
နဂါးဘုရင်ရဲ့သမီး သောမနဲ့ညားတဲ့ အိန္ဒိယက
ထွက်ပြေးလာရတဲ့ စစ်ပြေးအုပ်စုထဲက ကောဒင်္ည
ဘုရင်စလုပ်ချိန်ပါ။ ကမ္ဘောဒီးယား ရာဇဝင်ဟာ
အဲဒီ ကာလမှ စတင်တာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား ရာဇဝင်စတင်တော့ မြန်မာနိုင်ငံ
မှာက သရေခေတ္တရာ ပျက်ခါနီးနေပါပြီ။
သာသနာနှစ် ၆၂၄ ခု၊ AD 80 မှာ သုမုန္ဒရီမင်း
ဖြိုကြွင်းခဲ့တာကနေစပြီး အတို ၂ ခု ထားခဲ့တဲ့
သက္ကရာဇ် ၂ ခုကနေစပြီး မြန်မာသက္ကရာဇ် စတင်
တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဒါမှ မဟုတ်လည်း အဲဒီ သက္ကရာဇ်ကို သရေခေတ္တရာ သက္ကရာဇ်လို့ ဆိုချင်ဆိုပေါ့။

ဒီတော့ သုမုန္ဒရီလက်ထက်က စတဲ့
မြန်မာသက္ကရာဇ် ၂ခု သည် AD 80 ဖြစ်ပါတယ်။
သုမုန္ဒရီမင်း ပြီးတဲ့နောက် တက်လာတာက
အတိတျာမင်း ဖြစ်ပါတယ်။
အတိတျာမင်းပြီးတော့ ညီတော် သုပညာ
လက်ထက်မှာ သရေခေတ္တရာ ပျက်စီးပါတယ်။
မြန်မာသက္ကရာဇ် ၁၆ နှစ်၊ AD 94 မှာ ပျက်စီးခဲ့တဲ့ သရေခေတ္တရာပြည်ကြီးဟာ မင်းနေပြည်တော်
အဖြစ် BC 443 ကနေ စတင်ရေတွက်ရင် နှစ်ပေါင်း
၅၃၇ နှစ် တည်တံ့ခဲ့ပါတယ်။
သရေခေတ္တရာပျက်တဲ့အခါ မင်းညီမင်းသား
ဘုရင့်ဆွေတော်မျိုးတော်တွေဟာ အုပ်စု ၃ စု ကွဲပြားစွာနဲ့ထွက်ပြေးကြရပါတယ်။
အဲဒီ ထွက်ပြေးတဲ့ အစုကို ပျူအုပ်စု၊ ကမ်းယံအုပ်စု၊
မြန်မာအုပ်စု ဆိုပြီး နောင်မှာ ခေါ်ဝေါ်ကြပါတယ်။
ထွက်ပြေးကြတုန်းကတော့ ငါတို့ဟာ ပျူဟေ့။
ငါတို့ဟာ ကမ်းယံဟေ့။ ငါတို့ဟာ မြန်မာဟေ့
လို့တော့ အမည်သတ်မှတ်ပြီး ထွက်ပြေးကြမှာ
မဟုတ်ပါဘူး။
အဲဒီလို ထွက်ပြေးကြတဲ့ အစုတွေဟာ တစ်စုက
သံတွဲကနေ တောင်စဉ်၇ခရိုင်ကို ခေါ်တဲ့ ကမ်းယံ
တွေဆီ ပြေးဝင်ခိုလှုံလို့ ၎င်းတို့ကို ကမ်းယံအစုလို့
နောင်မှာ ခေါ်ကြပြီး၊ စစ်ကိုင်း မကွေး သုနာပရန္တ
တိုင်းဘက် ထွက်ပြေးခိုလှုံသူတွေကို ရှေ့ကပင်
ကံရာဇာကြီးသား မုဒုစိတ္တမင်းပြုရာအရပ်ဖြစ်တဲ့
ဒေသက ပျူ လို့ ခေါ်ဝေါ်ဆဲ ဒေသခံတွေက
လက်ခံလိုက်တာကြောင့် ပျူ  အုပ်စုလို့ ခေါ်ဝေါ်
လိုက်ကြပုံပါ။ ဒါက လူမျိုးကွဲသွားတာ မဟုတ်ဘဲ
လုမျိုးတစ်မျိုးထဲကပဲ ထွက်ပြေးခိုလှုံရာ ဒေသရဲ့
ဒေသိယ အမည်တွေ ဖြစ်ကုန်တာပါ။

ပြေးကြတဲ့ ၂စုဖြစ်တဲ့ ကမ်းယံအမည် ပျူအမည်
ဖြစ်ကုန်သူတွေဟာ စစ်ဖြစ်ကြပါတယ်။
ကမ်းယံတွေ ပြေးပြန်တော့ ပျူအချင်းချင်း စစ်ဖြစ်
ကြပြန်ရာက ပျူတွေ ၃ စု ထပ်ကွဲတာမှာ
အဲဒီ သုနာပရန္တ တိုင်းထဲမှာတင် ဖြစ်ပါတယ်။
အဲဒီလို ပြည်တွင်းစစ်ကြီးဖြစ်ပြီး တိုင်းပြည်ပြိုကွဲ
အချင်းချင်း စစ်တိုက်ကြချိန်မှာ မွန်တွေကလည်း
တိုက်တယ် ဆိုပါတယ်။ အဲဒီတုန်းကတော့
မွန်လို့မခေါ်သေးဘူးထင်ပါတယ်။ ညောင်ရမ်း
ခေတ်နှောင်းလောက်မှ မွန်လို့ စ ခေါ်ပုံပါ။
အဲဒီ မွန်တွေ ဘယ်ကလာလဲဆိုရင် ကမ္ဘောဒီးယား
ရာဇဝင် အစကလို အိန္ဒိယကနေ အာရိယန်တွေကို
စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ တလိုင်း စစ်ပြေးဒုက္ခ
သည်တွေပဲ ဖြစ်ပါတယ်။ သရေခေတ္တရာ ပျူ - သာကီယ မင်းတွေဆီ ထွက်ပြေး ခိုလှုံလာပြီးမှ
တိုင်းပြည်ပြိုကွဲချိန်မှာ ပျူ -သာကီယတွေရဲ့ မြို့
တွေကို အခွင့်ကောင်းယူပြီး အပို်င်စီးကြတာပါ။
ဒါဟာ အပြစ်တော့ မဟုတ်ပါဘူး။ အဲဒီကာလ
တွေဆိုတာက ညံ့တဲ့သူ ခံစတမ်းခေတ်ပါ။
ကမ္ဘောဒီးယားရောက်သွားတဲ့ တလိုင်းတွေကတော့
ဘုရင်သောမကို မျက်လှည့်အတတ်နဲ့ သိမ်းသွင်း
ပြီး သိမ်းပိုက်လိုက်လို့ သာသာယာယာ ဘုရင်
ဖြစ်လာတာပါ။ ဒီဘက် မြန်မာနိုင်ငံထဲမှာတော့
အဲဒီလောက်မလွယ်ပါဘူး။ တလိုင်းတွေ အဲဒီလို
လုပ်တာ ပုဂံပြိုကွဲစဉ်က တစ်ကြိမ်၊ တောင်ငူ
ပြိုကွဲစဉ်က တစ်ကြိမ်ရှိသေးတယ်ဆိုတာ ရာဇဝင်
မှာ အထင်အရှားပါ။
ဒီတော့ မြန်မာနိုင်ငံဒေသထဲကို တလိုင်းတွေဟာ
အသောက လက်ထက် BC 3 ရာစု လောက်
ကတည်းက ထွက်ပြေးလာပြီး ခိုလူံနေကြတာ
အသေအချာပါပဲ။ နိုင်ငံ ထူထောင်နိုင်တဲ့ အဆင့်
မရောက်သေးသလို ပျူ -သာကီယတွေ အားကောင်း
နေချိန်မှာ ကမ္ဘောဒီးယားက ၎င်းတို့လို စစ်ပြေး
ဒုက္ခသည် ကောဒင်္ညကို အားကျနေမှာ အသေ
အချာပါပဲ။ သရေခေတ္တရာပြိုကွဲတော့
ပျူ - သာကီယတွေ တည်တဲ့ မြို့ပြတွေအပေါ်
အဆင်သင့် တက်ထိုင်ပြီး တောမီးလောင်
တောကြောင် လက်ခမောင်း ခတ်ကြမှာပါပဲ။
အဲဒီကာလ တလိုင်းတွေကို ဘယ်လိုခေါ်မယ်
တော့ မသိနိုင်ဘူးပေါ့။ အဲဒီလို နိုင်ငံတော် ပြိုကွဲ
ချိန်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ကြပေမယ့်
တလိုင်းတွေ ရာဇဝင်တွင်ရစ်အောင် နိုင်ငံတော်
ထူထောင်နိုင်တဲ့ အဆင့်မရောက်ခဲ့တာကြောင့်
ရာဇဝင်မှာ အဲဒီကာလ တလိုင်းတွေရဲ့ အခန်း
ကဏ္ဍ ထင်ရှားစွာ မပါဝင်တာဖြစ်တာပါ။

အဲဒီဧရာဝတီမြစ် အနောက်ဘက်ကို ထွက်ပြေး
ကြသူ ပျူ - သာကီယ မင်းမျိုး ၂ စုဟာ ကမ်းယံတွေ ပျူတွေ ဖြစ်ကုန်ကြပေမယ့် ဧရာဝတီမြစ် အရှေ့
ဘက်အတိုင်း ထွက်ပြေးကြသူ တစ်စုကတော့
သုပညာမင်းရဲ့တူ သမုဒ္ဒရာဇ် ဖြစ်ပြီး ၎င်းတို့ဟာ ပျူတွေ ကမ်းယံတွေ အချင်းချင်း စစ်ဖြစ်နေကြချိန်
ယုန်လွှတ်ကျွန်းအရပ်မှာ သိုသိပ်စွာရောက်ရှိနေပြီး
သရေခေတ္တရာ ပျက်အပြီး ၁၃ နှစ်အကြာ မြန်မာ
သက္ကရာဇ် ၂၉ ခု၊ AD 107 မှာ စုစည်းထားတဲ့
ပျူ  ၁၉ ရွာကို စုပေါင်းပြီး မြန်မာဆိုတဲ့ အမည်သစ်နဲ့
လူမျိုးအသစ် တိုင်းပြည်အသစ် စတင် ထူထောင်
ပါတော့တယ်။ ဒါဟာ သရေခေတ္တရာ အပျက်မှာ
တကွဲတပြား ထွက်ပြေးကြတဲ့ အုပ်စု ၃ စု ထဲက
မြန်မာ ဖြစ်လာတဲ့ သမုဒ္ဒရာဇ် အုပ်စုပဲဖြစ်ပါတယ်။
ရာဇဝင်မှာ မှတ်တမ်းတင်ထားတဲ့ ပန်းတောင်း
သက်သာ ၆ နှစ်တို့၊ မင်းတုန်း ၃ နှစ်တို့က
ဧရာဝတီမြစ် အနောက်ဘက်ခြမ်းကို ထွက်ပြေးပြီး
သုနာပရန္တထဲ ခိုလှုံသွားတဲ့ ပျူ  အမည်ဖြစ်သွားတဲ့
အုပ်စုနဲ့သာ ဆိုင်တာပါ။
ဧရာဝတီမြစ် အရှေ့ခြမ်းအတိုင်း ထွက်ပြေးကြတဲ့
သုပညာတူ သမုဒ္ဒရာဇ်တို့နဲ့ မဆိုင်ပါဘူး။
အဲဒီ သနာပရန္တဧရာဝတီမြစ်အနောက်ဘက်က
ပျူ  ဖြစ်သွားသူ အုပ်စု ပန်းတောင်း သက်သာ
ကနေ ကမ်းယံအစုတွေ လာတိုက်ပြန်တာကြောင့်
မင်းတုန်းကို ပြောင်းပြီးနေတာ ၃ နှစ်ကြာချိန်ကျမှ
ယုတ်လွှတ်ကျွန်း ရောက်နေတဲ့ သမုဒ္ဒရာဇ်ဟာ
ပျူ  ၁၉ရွာကို စုစည်းပြီးလို့ နိုင်ငံတည်ထောင်တာ
ဖြစ်ပါတယ်။ အဲဒီ သုနာပရန္တဘက် ခိုလှုံသူ ပျူ
အမည်ဖြစ်သွားသူအစုဟာ အချင်းချင်း စစ်ဖြစ်ကြ
ပြန်တာမှာ နောက်ထပ် ၃ စုကွဲသွားတော့
ထပ်မံခိုလှုံရာအပေါ် မူတည်ပြီး ကျပင်း၊ သက်၊
တောင်ညို ဆိုပြီး အုပ်စု ၃ စု ထပ်မံကွဲသွားပြန်ပြီး
တောင်ညိုအုပ်စုဟာ သမုဒ္ဒရာဇ်ထီးနန်းမတည်
ထောင်မီ ၃ နှစ်မှာ မင်းတုန်းကို တည်ထောင်ပြီး
နေကြတာဖြစ်ပါတယ်။

သရေခေတ္တရာက သကျသာကီမျိုး ပျူ -သာကီ
တွေဟာ ယခင်က အမည် တစ်မျိုးထဲဖြစ်သော်
ငြားလည်း သရေခေတ္တရာ ပျက်ချိန် ၃အုပ်စုကွဲ
ထွက်ပြေးချိန်မှာ ဧရာဝတီမြစ် အနောက်ဘက် ပြေးကြတဲ့ အုပ်စု ၂စုဟာ ၎င်းတို့ ထွက်ပြေး
ခိုလှုံရာ အရပ်ဒေသ အလိုက် ကမ်းယံ ပျူ  သက်
ကျပင်း တောင်ညို စသည်တို့ ဖြစ်ကုန်ကြပေမယ့်
ဧရာဝတီမြစ် အရှေ့ဘက်ကနေ ထွက်ပြေးကြသူ
သမုဒ္ဒရာဇ် ဦးဆောင်တဲ့ အုပ်စုကတော့ မည်သူ့
ထံမှ မခိုလှုံဘဲ အခြားအုပ်စုတွေ အချင်းချင်း
စစ်ဖြစ်နေကြချိန်မှာ ယုန်လွှတ်ကျွန်းမှာ အခြေ
စိုက်ပြီး ပျူ  ၁၉ ရွာကို စုစည်း အုပ်ချုပ်ရင်း
အင်အား ဖြည့်တင်းနေခဲ့ကြပါတယ်။
ဒီလိုနဲ့ နောက် ၁၃ နှစ်ကြာချိန်မှာတော့
သရေခေတ္တရာကနေ ၃စုကွဲပြီး ထွက်ပြေးလာတဲ့
အထဲကမှ မြန်မာ ဖြစ်လာမယ့် အုပ်စုဟာ
ယုန်လွှတ်ကျွန်းမှာ ထီးနန်းစိုက် တိုင်းပြည်တည်ပြီး
မြန်မာအမည်သစ်နဲ့ ပျူ  -သာကီ သမုဒ္ဒရာဇ်မင်းက
စတင်ပြီး နောင်မှာ အင်ပါယာကြီးဖြစ်လာမယ့်
ပုဂံကို စတင်ထူထောင်ပါတော့တယ်။
ကမ်းယံတွေဆီကို ထွက်ပြေးခိုလှုံပြီး ကမ်းယံဖြစ်
လာသူတွေကို ကမ်းယံတစ်စု၊ ပျူတွေဆီကို ထွက်ပြေးခိုလှုံပြီး မူလအမည်မပြောင်းမလဲ နေ
သူတွေကို ပျူ  တစ်စု(နောင်တွင် ပျူ  သက် ကျပင်း
တောင်ညို ဟု ထပ်ကွဲ)၊ မြန်မာအဖြစ် အမည်သစ်
ဖြင့် ပေါ်ထွန်းလာမယ့် သူတွေကို မြန်မာတစ်စု
အဖြစ် နှောင်းမှသာ မှတ်တမ်းတင်ခဲ့ကြ
တာဖြစ်ပါတယ်။
မြန်မာအဖြစ်၊ မြန်မာနိုင်ငံအဖြစ်၊ မြန်မာသည် လူမျိုးတစ်မျိုးအဖြစ်၊ အင်ပါယာကြီးတွေ ထူထောင်
တော့မယ့် ပျူ -သာကီ သမုဒ္ဒရာဇ်မင်း ဦးဆောင်တဲ့
အစုဟာ မည်သည့် ရှိနှင့်ပြီးသူများထံသို့မှ ခိုလှုံ
ဝင်ရောက်၍ ၎င်းတို့၏ ဒေသိယ အမည်များကို မခံယူဘဲ၊  မိမိတို့ဘာသာ အမည်သစ်တစ်ခုဖြင့် မြန်မာ ဟူသောအမည်ကို ကိုယ်တိုင်ခံယူ
လိုက်ကြတာ ဖြစ်ပါတယ်။

ဒီတော့ မြန်မာဘုရင်တွေရဲ့ ရာဇဝင်အစ ကနဦး
အမြုတေဟာ တကောင်းကို ရောက်လာပြီး
တိုင်းပြည်ထူထောင်တဲ့ သာကီဝင်အဘိရာဇာ
ကစပြီး ဒေသခံပျုတွေနဲ့ ပေါင်းဖက် မျိုးဆက်ပွား
ခဲ့ကြတာကြောင့် မြန်မာအစတကောင်းက ဟူသည်
မှန်ကန်သည့် ဆိုစမှတ် ဖြစ်ပင်ငြားသော်လည်း၊
မြန်မာဟူသော အမည်မှာကား သရေခေတ္တရာ
ပျက်အပြီးမှ ယုန်လွှတ်ကျွန်းတွင် သမုဒ္ဒရာဇ်မင်း
ပျူ  ၁၉ ရွာအား စုစည်း၍ တည်ထောင်သည်မှသာ
စတင် ပေါ်ပေါက်လာခဲ့သည် ဖြစ်ပါတယ်။
သရေခေတ္တရာမှ ထွက်ပြေးလာသူများ ပျူ  ကမ်းယံ
သက် ကျပင်း တောင်ညို စသဖြင့် ဒေသိယ
အလိုက် အမည်များ ပြောင်းလဲ(နောင်အခါ ဒေသိယအမည်မှ  လူမျိုးအမည်ဖြစ်လာ)
သွားသော်လည်း မြန်မာဖြစ်လာမည့်သူများမှာ
မည်သည့်လွှမ်းမိုးမှုမျှ မခံဘဲ ကိုယ်ပိုင် အမည်
သစ်ဖြင့် မြန်မာ ဟူ၍ ယုန်လွှတ်ကျွန်းမှ
စတင်ခဲ့သည်ဖြစ်တာပါ။
သရေခေတ္တရာ မပျက်မီ အထိ မြန်မာ ဟူသော
အမည် မပေါ်ပေါက်သေးပါဘူး။
သရေခေတ္တရာ ပျက်၍ နိုင်ငံတော်ပြိုကွဲသည်
တွင်မှ မူလ ပျူ  - သာကီ လူမျိုးတို့သည် ၁၃ နှစ်ကြာ
အင်အားစုစည်းပြီးနောက် မြန်မာ ဟူသော အမည်သစ်ဖြင့် ယုန်လွှတ်ကျွန်းမှာ သမုဒ္ဒရာဇ်
မင်းက ဦးဆောင်၍ စတင်ပေါ်ပေါက်လာခြင်း
ဖြစ်ပါတယ်။
သို့ဖြစ်ရာ ပထမတကောင်း၊ ဒုတိယတကောင်း
သရေခေတ္တရာ စတဲ့ ပျူ-သာကီ ရှေ့ မျိုးဆက်တို့
သည် မြန်မာသက္ကရာဇ် ၂၉ ခု၊ AD 107 ၌ မြန်မာအမည်သစ်ဖြင့် ပေါ်ထွန်းလာသည့် မြန်မာ
နိုင်ငံတော်သား နောင်အခါ လူမျိုးအမည် တွင်လာ
မည့် ဘိုးဘေး အစဉ် အဆက်အနွယ်(ဝါ)
ပျူ  - သာကီ များ(အကျိုးဆက်၏အကြောင်းများ) ဖြစ်ကြသော်လည်း၊
ပထမ မြန်မာနိုင်ငံတော်သည်
(ပျူ -သာကီ များပင်ဖြစ်သည့်) သမုဒ္ဒရာဇ် မင်း
လက်ထက်မှာ စတင်သည်ဟု သတ်မှတ်ရမှာ
ဖြစ်ပါတယ်။
အဲဒီ မြန်မာတွေဟာ ပထမတကောင်း ဒုတိယ
တကောင်းနဲ့ သရေခေတ္တရာက ပျူ  -သာကီ များ
လည်းပဲ ဖြစ်ပြန်ပါတယ်။
ဒါကြောင့်
မြန်မာသက္ကရာဇ် ၂၉ ခု၊ AD 107 ရှေ့ပိုင်းကို
ပျူ  ခေတ်လို့ သတ်မှတ်ပြီး၊ နောက်ပိုင်းကို
မြန်မာခေတ်အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ဒီတော့
ပထမ မြန်မာနိုင်ငံတော်၏ ပထမဆုံးမင်းသည်
ပထမတကောင်း၊ ဒုတိယတကောင်း၊ သရေ
ခေတ္တရာ စသည့် မင်းစဉ်မင်းဆက် အဆက်အနွယ်
ပျူ  - သာကီယ မျိုး သရေခေတ္တရာ၏ နောက်ဆုံး
မင်းဆက် သုပညာ၏ တူ သမုဒ္ဒရာဇ်မင်း
သာလျှင်ဖြစ်ပါတယ်။
ပထမ မြန်မာနိုင်ငံတော်ကို မြန်မာဟူသော အမည်
သစ်ဖြင့် စတင်ထူထောင်ခဲ့တဲ့ သမုဒ္ဒရာဇ်မင်း
နောက်မှာတော့ မြန်မာဆိုတာ ပီပြင်စွာဖြစ်ပေါ်
လာပြီး ပျူ  - သာကီ မျိုးသည် မြန်မာအဖြစ်နဲ့
နိုင်ငံတော်တည်ထောင်ခမ်းနားထည်ဝါခဲ့တာဟာ၊
AD 107 ကနေ တရားဝင် စတင်ခဲ့တဲ့ ပထမ မြန်မာ
နိုင်ငံတော်သည် AD 1288 အထိ နှစ်ပေါင်း
1181 နှစ်ကြာအောင် မင်းပေါင်း ၅၅ ဆက်ဖြင့် တည်တံ့ခဲ့ပါတယ်။
သို့ဖြစ်တာကြောင့်  အတိအကျဆိုရရင်-

"မြန်မာရာဇဝင်အစ တကောင်းက"
"မြန်မာနိုင်ငံတော်အစ ယုန်လွှတ်ကျွန်းက"

လို့ ဆိုရမည်သာ ဖြစ်ကြောင်းပါ။

ဒါကြောင့် အနော်ရထာဟာ ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်သူ
ဖြစ်တယ်ဆိုတာကို လက်မခံပါဘူူး။
အနော်ရထာဟာ ပြန်လည် ကျဉ်းမြောင်းသွားတဲ့
ပထမမြန်မာနိုင်ငံတော်ကို အင်ပါယာကြီးဖြစ်အောင်
ပြန်လည်စွမ်းဆောင်ပြီး သာသနာတော်
တဖန်ပြန်လည် ထွန်းပအောင် စွမ်းဆောင်ခဲ့တဲ့
သာသနာပြု မင်းကောင်းမင်းမြတ်တစ်ပါး
ဖြစ်ပါတယ်။

ဒါက-
ရာဇဝင်ကို သုတေသနပြုလုပ်ပြီး
ထွက်ပေါ်လာတဲ့ ရလဒ်
"ပထမ မြန်မာနိုင်ငံတော်စစ်တမ်း"
ဖြစ်ပါတယ်။
…………………………………………………။
ကိုး-
မဟာရာဇဝင်ကြီး၊ တွင်းသင်း၊ မှန်နန်း။
history of cambodia.
……………………………………။
ပုံစာ - ရာဇဝင်၌ မြန်မာဟူသော အမည်သစ်ကို
ပထမဆုံးဖော်ပြပါရှိသည့် မြန်မာအစုဟု သတ်မှတ်
သော သရေခေတ္တရာမင်းဆက် သုပညာ၏တူ
ပျူ -သာကီယ သမုဒ္ဒရာဇ်(သမုတိရစ်)မင်း စတင်
ထူထောင်သော ပထမမြန်မာနိုင်ငံတော်၏
နန်းတော်ရာနေရာ။

Wednesday, September 25, 2019

"တရုတ္တတ္မင္းႀကီး"
…………………………………………………………။

တြင္းသင္းမွာက အေလာင္းစည္သူလက္ထက္
တရုတ္စစ္လာလို့ မင္းကိုယ္တိုင္ခ်ီတက္ရျပီး
စစ္ထိုးတယ္ ဆိုပါတယ္။
အျပန္ ေတာင္ျပဳန္း အရပ္မွာ ဘုရားတည္
တယ္လို့ ဆိုပါတယ္။
ရာဇဝင္ႀကီးမွာက်ေတာ့ အေလာင္းစည္သူဟာ
တရုတ္ျပည္ကို စြယ္ေတာ္ေတာင္း သြားတယ္လို့
ဆိုပါတယ္။ အျပန္မွာ ဘုရားေတြ တည္တဲ႔အထဲ
ေတာင္ျပဳန္းမွာ တည္တဲ႔ ဘုရား ပါပါတယ္။
မွန္နန္းကေတာ့ အေလာင္းစည္သူ တရုတ္ျပည္
ကို စြယ္ေတာ္ေတာင္း သြားျပီး အျပန္
ေတာင္ျပဳန္းမွာ ဘုရားတည္တယ္လို့ ဆိုပါတယ္။
ရာဇဝင္ ၃ ေစာင္လံုးရဲ႕ ျပဆိုမႈမွာ တရုတ္နဲ႔
အဆက္အစပ္ျဖစ္တဲ႔ ကိစၥမွာ ရာဇဝင္ႀကီးနဲ႔
မွန္နန္းက တူညီျပီးေတာ့ တြင္းသင္းကေတာ့
ကြဲပါတယ္။ အားလံုးတူညီေနတဲ႔ အခ်က္ကေတာ့
အဲဒီက အျပန္ ေတာင္ျပဳန္း လွည္းေထာင္အရပ္
မွာ ဘုရား တည္တာပါပဲ။ အဲဒီ လွည္းေထာင္
ဘုရားရဲ႕ အေလာင္းစည္သူ ေကာင္းမႈ
ေက်ာက္စာဟာ အခိုင္အမာ ရွိတာေၾကာင့္
ေက်ာက္စာမွာ ဘာေတြမ်ား ေရးထိုးထားတာပါလဲ။
လွည္းေထာင္ဘုရား ေက်ာက္စာမွာေတာ့
"နေမာတႆတိ။ မင္းႀကီးေနာ္ရထာ သားခ်စ္တမူ
လည္း ျဖစ္ထေသာ၊ ထီးလိုင္အရွင္  ကလန္စစ္သား
ေျမးခ်စ္တမူလည္း ျဖစ္ထေသာ၊ ေရႊဂူဒကာ မင္းအို
ခ်မ္းသာ သက္ေတာ္ရွည္သည္၊ အမတ္ရာ ဗိုလ္ပါ
ႏွင့္_ _ _ေသာ၊ စစ္သူႀကီး လက္ဝဲ လက္ယာသည္၊
တရုတ္စစ္ကို ထိုးအံ႔ေသာငွာ လာလတ္တည္း၊
ထိုေသာအခါလ်ွင္ ေတာင္ျပဳန္းဟူေသာ အရပ္၌
မုေဌာ ႏွစ္လံုး တည္ေတာ္မူ၏၊ တစ္လံုးကိုကား
ျပဳခဲ႔၏၊ တရုတ္စစ္လည္း တက္ေလ၏။ တရုတ္
စစ္လည္း နစ္ေခ်၏၊ တရုတ္တတ္မင္းႀကီး သား
လည္း ရွိ၏၊ ထိုေသာအခါ ေတာင္ျပဳန္းဟူေသာ
အရပ္၌ မုေဌာ တစ္လံုး က်ြင္းရစ္သည္ကို ဂူႀကီး
ထပ္ေတာ္မူ၏၊ ဘုရားႀကီးလည္း တည္ေတာ္
မူ၏။ ထိုေသာအခါလ်ွင္ က်ြန္ေတာ္ လက္ဝဲလက္
ယာ ျပဳေသာ ေကာင္းမႈကို ၾကည့္ေတာ္မူအ့ံဟူ၍
ဆန္ေတာ္ မူေသာ္တည္း၊ လွည္းေထာင္ အရပ္၌
ေလွေတာ္ ဆိုက္၏၊ ဤအရပ္၌ ေနသူတို့အား
ပူေဇာ္သကၠာ မူစိမ့္ေသာငွာ ေလွေတာ္ထက္ပါ
ေသာ" စသျဖင့္ ေက်ာက္စာေရးထိုး မွတ္တမ္းတင္
ထားခဲ႔ပါတယ္။
ဒီ ေက်ာက္စာ အေထာက္အထားအရ ဆိုရင္ေတာ့
အေလာင္းစည္သူမင္း လက္ထက္ တရုတ္နဲ႔
ျမန္မာ စစ္ပြဲႀကီး ျဖစ္ခဲ႔တယ္ဆိုတာ အေသအခ်ာ
သိရမွာပဲ ျဖစ္ပါတယ္။
ဒီစစ္ပြဲမွာ ျမန္မာေတြႏိုင္ခဲ႔တယ္ ဆိုတာကိုလည္း
"တရုတ္စစ္လည္း နစ္ေခ်၏" ဆိုတဲ႔ စကားရပ္က
သက္ေသခံေနတာပါ။ "တရုတ္တတ္မင္းႀကီး
သားလည္း ရွိ၏" ဆိုတဲ႔ စကားရပ္မွာ အေလာင္း
စည္သူကို "တရုတ္တတ္မင္းႀကီး" လို့ အမႊန္း
တင္ထားတာက တရုတ္ေတြကို တတ္ႏိုင္ခဲ႔တဲ႔
မင္းႀကီးလို့ ဆိုလိုရာေရာက္ပါတယ္။ သူ့သားေတာ္
ေတြထဲက ဘယ္သားေတာ္ျဖစ္ပါတယ္လို့ေတာ့
မပါပါဘူး။ ဒီ ေနရာမွာ ပုဂံေခတ္ အသံုးအႏံႈး
အဖြဲ႕ေတြက ဂုဏ္ေျမာက္လြန္း ေနျပန္ပါတယ္။
ေဆြမ်ိဳးအစဥ္ကို စပ္ျပရာမွာလည္း "မင္းႀကီးေနာ္
ရထာ သားခ်စ္တမူလည္း ျဖစ္ထေသာ၊ ထီးလိုင္
အရွင္ ကလန္စစ္သား ေျမးခ်စ္တမူလည္း ျဖစ္ထ
ေသာ" ဆိုတဲ႔ အဖြဲ႕က တိုတိုနဲ႔ထိထိမိမိျဖစ္လွပါ
တယ္။ အေနာ္ရထာ့သား က်န္စစ္သားရဲ႕ေျမး
အေလာင္းစည္သူလို့ တန္းသိေစတဲ႔ အဖဲြဲ႕ပါ။
"တရုတ္စစ္ကို ထိုးအံ႔ေသာအခါ လာလတ္တည္း"
ဆိုတဲ႔ အဖြဲ႕ဟာလည္း အလြန္အားရွိတဲ႔ အဖြဲ႕
ျဖစ္သလို စစ္ထိုးအံ႔ဟု ႀကိမ္းဝါးလာတဲ႔ ဘုရင္
ဦးေဆာင္တဲ႔ ျမန္မာစစ္တပ္ႀကီးကို မ်က္စိထဲ တခမ္း
တနား ျမင္ေယာင္လာေစမွာပါ။ ရာဇဝင္ႀကီးဆရာ
ဦးကုလားရဲ႕ ခန့္ညားေကာင္းမြန္လွတဲ႔ ရာဇဝင္
အဖြဲ႕အေရးအသားေတြေတာင္မွ ေမွးမွိန္ေဖ်ာ့ေတာ့
သြားသလိုပါပဲ။ စစ္သူႀကီးက လက္ဝဲ လက္ယာ၊
အမတ္ ဗိုလ္ပါ မ်ားစြာနဲ႔ တရုတ္ကိုစစ္ထိုးအံ႔ဟု
ခင္းက်င္းလာတဲ႔ ပုဂံအင္ပါယာအရွင္သခင္ ျမန္မာ
ဘုရင္ရဲ႕ ခမ္းနားႀကီးက်ယ္မႈကို ျမင္မိလာမွာပါ။
မုေဌာ ႏွစ္လံုးမွာ တစ္လံုးတည္ျပီးေတာ့မွ တရုတ္
ကို သြားတိုက္တဲ႔ အေနအထားက တည္ျငိမ္ေအး
ေဆးတဲ႔ အေနအထားနဲ႔ မိမိကိုယ္ကိုယ္ ယံုၾကည္မႈ
ဘယ္ေလာက္ရွိေၾကာင္း ခန့္မွန္းႏိုင္မွာပါပဲ။
"တရုတ္စစ္လည္း တက္ေလ၏၊ တရုတ္စစ္လည္း
နစ္ေခ်၏" ဆိုတဲ႔ အဖြဲ႕ေတြက က်စ္က်စ္လစ္လစ္နဲ႔
စစ္ပြဲရဲ႕ အခင္းအက်င္းကို ေဖာ္ျပေနတာပါပဲ။
ဦးကုလားရဲ႕ ေရွ႕ ႏွစ္ေပါင္းမ်ားစြာက အေရး
အဖြဲ႕ဟာ ဦးကုလားထက္ေတာင္ သာေနတာ
အမွန္ပါပဲ။ ပုဂံေခတ္ ျမန္မာေတြရဲ႕ ဘက္စံု ခမ္းနား
ထည္ဝါမႈေတြထဲက စာေပ အေရးအဖြဲ႕ရဲ႕ ခမ္းနား
ထည္ဝါမႈ ဘယ္ေလာက္ အားေကာင္းတယ္
ဆိုတာကို အတိအက် ျပေနတာပါ။
တရုတ္နဲ႔ စစ္ျဖစ္ၾကရာမွာ တရုတ္ေတြ စစ္ရံႈး
ေၾကာင္းကို "တရုတ္စစ္လည္း နစ္ေခ်၏" ဆိုတဲ႔
အဖြဲ႕က ရွင္းလင္းလြန္းလွသလို ေရွ႕က သမိုင္း
ပညာရွင္ဆိုသူ အခ်ိဳ႕ရဲ႕ ေကာက္ခ်က္ခ်မႈျဖစ္တဲ႔
ပုဂံေခတ္မွာ ျမန္မာေတြဟာ စာတတ္ခါစမို့လို့ ေျပာစရာ စကားမရွိတာေၾကာင့္ စကားကို
တိုတိုျပတ္ျပတ္ပဲေျပာတယ္ဆိုတဲ႔ အေတြးအေခၚ
အယူအဆကို ဒီ ေက်ာက္စာ အေရးအသားက
တိတ္ဆိတ္စြာ ေခါင္းခါျပေနတာလည္းပဲ ျဖစ္ပါ
တယ္။ အေလာင္းစည္သူလက္ထက္ တရုတ္နဲ႔
ဘယ္ေနရာမွာ စစ္ထိုးၾကတယ္။ တရုတ္ေတြ
ဘယ္လို စစ္႐ံႈးသြားတယ္။ ျမန္မာေတြ ဘယ္လို
စစ္တိုက္ၾကတယ္။ ဘာေၾကာင့္ တရုတ္နဲ႔ စစ္ျဖစ္
ရတယ္ ဆိုတာေတြက အလြန္ပဲ သိခ်င္စရာေကာင္း
လြန္းလွပါတယ္။ အေလာင္းစည္သူ စြယ္ေတာ္
ေတာင္းျပီး အျပန္က်မွ တရုတ္က လာတိုက္တာ
လား။ ဒါမွ မဟုတ္ တရုတ္ကပဲ သက္သက္ က်ဴး
ေက်ာ္တာလား။ ႏွစ္ခုစလံုးကပဲ အေလာင္းစည္သူ
လက္ထက္ တရုတ္ ျမန္မာ စစ္ပြဲျဖစ္ပြားရျခင္းရဲ႕
အေၾကာင္းအရင္းခံေတြပဲလား။ ဒါေတြကိုေတာ့
တရုတ္စစ္ကို နစ္ေစတဲ႔ "တရုတ္တတ္မင္းႀကီး"
သာလ်ွင္ အသိဆံုး ျဖစ္မွာပါပဲ။
…………………………………………………………။
ပံုစာ - လွည္းေထာင္ဘုရား ေက်ာက္စာႏွင့္ဖတ္ခ်က္။

………………………………………………………

"တရုတ်တတ်မင်းကြီး"
…………………………………………………………။
တွင်းသင်းမှာက အလောင်းစည်သူလက်ထက်
တရုတ်စစ်လာလို့ မင်းကိုယ်တိုင်ချီတက်ရပြီး
စစ်ထိုးတယ် ဆိုပါတယ်။
အပြန် တောင်ပြုန်း အရပ်မှာ ဘုရားတည်
တယ်လို့ ဆိုပါတယ်။
ရာဇဝင်ကြီးမှာကျတော့ အလောင်းစည်သူဟာ
တရုတ်ပြည်ကို စွယ်တော်တောင်း သွားတယ်လို့
ဆိုပါတယ်။ အပြန်မှာ ဘုရားတွေ တည်တဲ့အထဲ
တောင်ပြုန်းမှာ တည်တဲ့ ဘုရား ပါပါတယ်။
မှန်နန်းကတော့ အလောင်းစည်သူ တရုတ်ပြည်
ကို စွယ်တော်တောင်း သွားပြီး အပြန်
တောင်ပြုန်းမှာ ဘုရားတည်တယ်လို့ ဆိုပါတယ်။
ရာဇဝင် ၃ စောင်လုံးရဲ့ ပြဆိုမှုမှာ တရုတ်နဲ့
အဆက်အစပ်ဖြစ်တဲ့ ကိစ္စမှာ ရာဇဝင်ကြီးနဲ့
မှန်နန်းက တူညီပြီးတော့ တွင်းသင်းကတော့
ကွဲပါတယ်။ အားလုံးတူညီနေတဲ့ အချက်ကတော့
အဲဒီက အပြန် တောင်ပြုန်း လှည်းထောင်အရပ်
မှာ ဘုရား တည်တာပါပဲ။ အဲဒီ လှည်းထောင်
ဘုရားရဲ့ အလောင်းစည်သူ ကောင်းမှု
ကျောက်စာဟာ အခိုင်အမာ ရှိတာကြောင့်
ကျောက်စာမှာ ဘာတွေများ ရေးထိုးထားတာပါလဲ။
လှည်းထောင်ဘုရား ကျောက်စာမှာတော့
"နမောတဿတိ။ မင်းကြီးနော်ရထာ သားချစ်တမူ
လည်း ဖြစ်ထသော၊ ထီးလိုင်အရှင်  ကလန်စစ်သား
မြေးချစ်တမူလည်း ဖြစ်ထသော၊ ရွှေဂူဒကာ မင်းအို
ချမ်းသာ သက်တော်ရှည်သည်၊ အမတ်ရာ ဗိုလ်ပါ
နှင့်_ _ _သော၊ စစ်သူကြီး လက်ဝဲ လက်ယာသည်၊
တရုတ်စစ်ကို ထိုးအံ့သောငှာ လာလတ်တည်း၊
ထိုသောအခါလျှင် တောင်ပြုန်းဟူသော အရပ်၌
မုဌော နှစ်လုံး တည်တော်မူ၏၊ တစ်လုံးကိုကား
ပြုခဲ့၏၊ တရုတ်စစ်လည်း တက်လေ၏။ တရုတ်
စစ်လည်း နစ်ချေ၏၊ တရုတ်တတ်မင်းကြီး သား
လည်း ရှိ၏၊ ထိုသောအခါ တောင်ပြုန်းဟူသော
အရပ်၌ မုဌော တစ်လုံး ကျွင်းရစ်သည်ကို ဂူကြီး
ထပ်တော်မူ၏၊ ဘုရားကြီးလည်း တည်တော်
မူ၏။ ထိုသောအခါလျှင် ကျွန်တော် လက်ဝဲလက်
ယာ ပြုသော ကောင်းမှုကို ကြည့်တော်မူအ့ံဟူ၍
ဆန်တော် မူသော်တည်း၊ လှည်းထောင် အရပ်၌
လှေတော် ဆိုက်၏၊ ဤအရပ်၌ နေသူတို့အား
ပူဇော်သက္ကာ မူစိမ့်သောငှာ လှေတော်ထက်ပါ
သော" စသဖြင့် ကျောက်စာရေးထိုး မှတ်တမ်းတင်
ထားခဲ့ပါတယ်။
ဒီ ကျောက်စာ အထောက်အထားအရ ဆိုရင်တော့
အလောင်းစည်သူမင်း လက်ထက် တရုတ်နဲ့
မြန်မာ စစ်ပွဲကြီး ဖြစ်ခဲ့တယ်ဆိုတာ အသေအချာ
သိရမှာပဲ ဖြစ်ပါတယ်။
ဒီစစ်ပွဲမှာ မြန်မာတွေနိုင်ခဲ့တယ် ဆိုတာကိုလည်း
"တရုတ်စစ်လည်း နစ်ချေ၏" ဆိုတဲ့ စကားရပ်က
သက်သေခံနေတာပါ။ "တရုတ်တတ်မင်းကြီး
သားလည်း ရှိ၏" ဆိုတဲ့ စကားရပ်မှာ အလောင်း
စည်သူကို "တရုတ်တတ်မင်းကြီး" လို့ အမွှန်း
တင်ထားတာက တရုတ်တွေကို တတ်နိုင်ခဲ့တဲ့
မင်းကြီးလို့ ဆိုလိုရာရောက်ပါတယ်။ သူ့သားတော်
တွေထဲက ဘယ်သားတော်ဖြစ်ပါတယ်လို့တော့
မပါပါဘူး။ ဒီ နေရာမှာ ပုဂံခေတ် အသုံးအနှုံး
အဖွဲ့တွေက ဂုဏ်မြောက်လွန်း နေပြန်ပါတယ်။
ဆွေမျိုးအစဉ်ကို စပ်ပြရာမှာလည်း "မင်းကြီးနော်
ရထာ သားချစ်တမူလည်း ဖြစ်ထသော၊ ထီးလိုင်
အရှင် ကလန်စစ်သား မြေးချစ်တမူလည်း ဖြစ်ထ
သော" ဆိုတဲ့ အဖွဲ့က တိုတိုနဲ့ထိထိမိမိဖြစ်လှပါ
တယ်။ အနော်ရထာ့သား ကျန်စစ်သားရဲ့မြေး
အလောင်းစည်သူလို့ တန်းသိစေတဲ့ အဖွဲဲ့ပါ။
"တရုတ်စစ်ကို ထိုးအံ့သောအခါ လာလတ်တည်း"
ဆိုတဲ့ အဖွဲ့ဟာလည်း အလွန်အားရှိတဲ့ အဖွဲ့
ဖြစ်သလို စစ်ထိုးအံ့ဟု ကြိမ်းဝါးလာတဲ့ ဘုရင်
ဦးဆောင်တဲ့ မြန်မာစစ်တပ်ကြီးကို မျက်စိထဲ တခမ်း
တနား မြင်ယောင်လာစေမှာပါ။ ရာဇဝင်ကြီးဆရာ
ဦးကုလားရဲ့ ခန့်ညားကောင်းမွန်လှတဲ့ ရာဇဝင်
အဖွဲ့အရေးအသားတွေတောင်မှ မှေးမှိန်ဖျော့တော့
သွားသလိုပါပဲ။ စစ်သူကြီးက လက်ဝဲ လက်ယာ၊
အမတ် ဗိုလ်ပါ များစွာနဲ့ တရုတ်ကိုစစ်ထိုးအံ့ဟု
ခင်းကျင်းလာတဲ့ ပုဂံအင်ပါယာအရှင်သခင် မြန်မာ
ဘုရင်ရဲ့ ခမ်းနားကြီးကျယ်မှုကို မြင်မိလာမှာပါ။
မုဌော နှစ်လုံးမှာ တစ်လုံးတည်ပြီးတော့မှ တရုတ်
ကို သွားတိုက်တဲ့ အနေအထားက တည်ငြိမ်အေး
ဆေးတဲ့ အနေအထားနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု
ဘယ်လောက်ရှိကြောင်း ခန့်မှန်းနိုင်မှာပါပဲ။
"တရုတ်စစ်လည်း တက်လေ၏၊ တရုတ်စစ်လည်း
နစ်ချေ၏" ဆိုတဲ့ အဖွဲ့တွေက ကျစ်ကျစ်လစ်လစ်နဲ့
စစ်ပွဲရဲ့ အခင်းအကျင်းကို ဖော်ပြနေတာပါပဲ။
ဦးကုလားရဲ့ ရှေ့ နှစ်ပေါင်းများစွာက အရေး
အဖွဲ့ဟာ ဦးကုလားထက်တောင် သာနေတာ
အမှန်ပါပဲ။ ပုဂံခေတ် မြန်မာတွေရဲ့ ဘက်စုံ ခမ်းနား
ထည်ဝါမှုတွေထဲက စာပေ အရေးအဖွဲ့ရဲ့ ခမ်းနား
ထည်ဝါမှု ဘယ်လောက် အားကောင်းတယ်
ဆိုတာကို အတိအကျ ပြနေတာပါ။
တရုတ်နဲ့ စစ်ဖြစ်ကြရာမှာ တရုတ်တွေ စစ်ရှုံး
ကြောင်းကို "တရုတ်စစ်လည်း နစ်ချေ၏" ဆိုတဲ့
အဖွဲ့က ရှင်းလင်းလွန်းလှသလို ရှေ့က သမိုင်း
ပညာရှင်ဆိုသူ အချို့ရဲ့ ကောက်ချက်ချမှုဖြစ်တဲ့
ပုဂံခေတ်မှာ မြန်မာတွေဟာ စာတတ်ခါစမို့လို့ ပြောစရာ စကားမရှိတာကြောင့် စကားကို
တိုတိုပြတ်ပြတ်ပဲပြောတယ်ဆိုတဲ့ အတွေးအခေါ်
အယူအဆကို ဒီ ကျောက်စာ အရေးအသားက
တိတ်ဆိတ်စွာ ခေါင်းခါပြနေတာလည်းပဲ ဖြစ်ပါ
တယ်။ အလောင်းစည်သူလက်ထက် တရုတ်နဲ့
ဘယ်နေရာမှာ စစ်ထိုးကြတယ်။ တရုတ်တွေ
ဘယ်လို စစ်ရှုံးသွားတယ်။ မြန်မာတွေ ဘယ်လို
စစ်တိုက်ကြတယ်။ ဘာကြောင့် တရုတ်နဲ့ စစ်ဖြစ်
ရတယ် ဆိုတာတွေက အလွန်ပဲ သိချင်စရာကောင်း
လွန်းလှပါတယ်။ အလောင်းစည်သူ စွယ်တော်
တောင်းပြီး အပြန်ကျမှ တရုတ်က လာတိုက်တာ
လား။ ဒါမှ မဟုတ် တရုတ်ကပဲ သက်သက် ကျူး
ကျော်တာလား။ နှစ်ခုစလုံးကပဲ အလောင်းစည်သူ
လက်ထက် တရုတ် မြန်မာ စစ်ပွဲဖြစ်ပွားရခြင်းရဲ့
အကြောင်းအရင်းခံတွေပဲလား။ ဒါတွေကိုတော့
တရုတ်စစ်ကို နစ်စေတဲ့ "တရုတ်တတ်မင်းကြီး"
သာလျှင် အသိဆုံး ဖြစ်မှာပါပဲ။
…………………………………………………………။
ပုံစာ - လှည်းထောင်ဘုရား ကျောက်စာနှင့်ဖတ်ချက်။
"ယြန္းႀကီး"
(အပိုင္း ၄)
……………………………………………။




ဘႀကီးေတာ္ဟာ ယြန္းႀကီးျပည္ကို ေစလႊတ္
လိုက္တဲ႔ သံအဖြဲ့ကို မွာၾကားရာမွာ မည္သည့္
အေျခအေနမ်ိဳးေရာက္ရင္ မည္သည့္စကားမ်ိဳး
ေျပာရမယ္ ဆိုတာကအစ အမိန့္ေတာ္စာထုတ္
ျပီး အတိအက် အခ်က္လက္နဲ႔ အေသအခ်ာ
မွတ္တမ္းတင္ျပီးမွ လႊတ္လိုက္တာပါ။
ဒီအခ်က္ေတြက ျမန္မာေတြဟာ မွတ္တမ္းမွတ္ရာ
အားနည္းျပီး ပရမ္းပတာေတြျဖစ္ေလဟန္ ရႈတ္ခ်
ေနသူေတြရဲ႕ အမနာပေတြဟာ မဟုတ္တမ္း
တရားေတြသာျဖစ္ေၾကာင္း သိရမွာလည္းပဲ
ျဖစ္ပါတယ္။ ဘႀကီးေတာ္အေနနဲ႔ ယြန္းႀကီးမင္း
ဆီကို သံဖက္ခံျပီး ျပန္လည္ေစလႊတ္ရာမွာ
တန္ဖိုးရွိ လက္ေဆာင္မ်ားလည္း ေပးအပ္လိုက္
သလို ဘန္ေကာက္ရွမ္းယိုးဒယားေတြကို ရွင္းလင္း
ပစ္မွာျဖစ္ေၾကာင္းလည္း အာမခံလိုက္ပါတယ္။
ဘႀကီးေတာ္ရဲ႕ ျမန္မာႏိုင္ငံေတာ္ မည္မ်ွက်ယ္
ဝန္းေၾကာင္းနဲ႔ ယခု အေရးအခင္းျဖစ္ရာ နယ္ေျမ
ေတြဟာ ဘုရင့္ေနာင္မင္းတရားလက္ထက္
ကတည္းက ျမန္မာပိုင္နက္နယ္ေျမမ်ားျဖစ္ေၾကာင္း၊
ဘန္ေကာက္ရွမ္းယိုးဒယားေတြ သစၥာမဲ႔ၿပီး သူခိုး
ဓားျပမ်ားကဲ႔သို့ က်င့္ႀကံၾကေၾကာင္းကိုပါ ထည့္
သြင္း မွာၾကားလိုက္ပါေသးတယ္။ ဒါ့အျပင္ ျမန္မာ
သံေတြကိုလည္း တိုင္းႀကီးျပည္ႀကီးသားမ်ားျပီျပီ
လမ္းခရီးမွာ မေဖာက္မျပန္ဘဲ ေကာင္းမြန္ခန့္ညား
စြာ သြားဖို့နဲ႔ အေရးအရာမ်ားေျပာဆိုရာမွာ မည္သည့္ စကားမ်ားကိုေျပာဆိုဖို့၊ မည္သည့္
အေၾကာင္းအရာမ်ားကို ထည့္သြင္းေျပာဆိုဖို့
ဆိုတာေတြကအစ ယူေဆာင္သြားရမယ့္ ပစၥည္း
ကိရိယာ စာရင္းဇယားပါမက်န္  အမိန့္ေတာ္ ထုတ္ျပန္ စာနဲ႔ မွတ္တမ္းတင္ေပးလိုက္တာပါ။
ဘႀကီးေတာ္ဟာ ဘန္ေကာက္ကို အမႈန့္ေခ်
ေတာ့မွာပါ။ ဘန္ေကာက္သားေတြကို ရွင္းလင္း
သုတ္သင္မွာျဖစ္ေၾကာင္းလည္း ယြန္းႀကီးမင္းကို
သံအဖြဲ႕နဲ႔အတူ ကတိေပးလိုက္ျပီျဖစ္ပါတယ္။
ျမန္မာသံအဖြဲ႕ဟာ သေဘၤာ ၂ စင္း အေျမာက္
ေသနတ္ လက္နက္ခဲယမ္း ရိကၡာ အျပည့္အစံု
ယြန္းႀကီးသံေတြနဲ႔ အတူ ယြန္းႀကီးတိုင္းျပည္
ေဝွ႔ျမိဳ႕ကို ပင္လယ္လမ္းခရီး ရြက္လႊင့္ခဲ႔ၾကပါတယ္။
ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ဗီယက္နမ္ ေရာက္
စဥ္ကာလ ဗီယက္နမ္က ပုဂၢိဳလ္ေတြက ႏိုင္ငံေတာ္
အတိုင္ပင္ခံကို ဗီယက္နမ္နဲ႔ ျမန္မာဟာ ဒီဘက္
ေခတ္က်မွ သံတမန္အဆက္အသြယ္ရွိတာ မဟုတ္
ဘဲ ဘႀကီးေတာ္ လက္ထက္ကတည္းက အဆက္
အသြယ္ရွိေၾကာင္း ေျပာဆိုခဲ႔ပါတယ္။
တကယ္ေတာ့ ဘႀကီးေတာ္လက္ထက္မွသာလ်ွင္
မဟုတ္ဘဲ ဘိုးေတာ္ဘုရားလက္ထက္ ကတည္းက
အဆက္အသြယ္ရွိခဲ႔တာပါ။ ဘိုးေတာ္ဘုရား
လက္ထက္ရဲ႕ေရွ႕ ေတာင္ငူအင္ပါယာ ျမန္မာႏိုင္ငံ
ေတာ္ အရွင္သခင္ ဘုရင့္ေနာင္မင္းတရားႀကီးရဲ႕
လက္ထက္ကတည္းက ရွိခဲ႔တာပါ။ ဘုရင့္ေနာင္ရဲ႕
ေရွ႕ ပုဂံအင္ပါယာ ျမန္မာႏိုင္ငံေတာ္ အရွင္သခင္
အေနာ္ရထာ လက္ထက္ကတည္းက ရွိခဲ႔တာပါ။
ဘုန္းမီးေနလ ေတာက္ပေနတဲ႔ ျမန္မာေတြဆီကို
၎ ယြန္းႀကီးေတြဟာ အဆင့္တူ သံေတြအျဖစ္နဲ႔
လာေရာက္ခဲ႔ၾကတာ မဟုတ္ဘဲ လက္ေအာက္ခံ
သံေတြအျဖစ္ လာေရာက္ခဲ႔ၾကတာလည္း ျဖစ္ပါ
တယ္။ အေနာ္ရထာဟာ မဲေခါင္ျမစ္တေလ်ာက္
သိမ္းပိုက္ခဲ႔ေၾကာင္း ယိုးဒယားရာဇဝင္ေဟာင္း
ေတြက ဆိုပါတယ္။ ၎ေဒသတစ္ခုလံုး ဗုဒၶသာ
သနာထြန္းလင္းရျခင္းဟာ အေနာ္ရထာရဲ႕ မ်ိဳးေစ့ခ်
သာသနာျပဳမႈေၾကာင့္ ျဖစ္တယ္လို့လည္း ဆိုပါတယ္။ ဘုရင့္ေနာင္မင္းတရားႀကီးလက္ထက္
မွာ ဘုရင့္ေနာင္ဟာ အေနာ္ရထာရဲ႕ ပုဂံအင္ပါယာ
ေလာက္ ျမန္မာႏိုင္ငံေတာ္ႀကီးကို ထူေထာင္ႏိုင္
ခဲ႔ရာမွာ လက္ေအာက္ခံတိုင္းျပည္ စာရင္းေတြမွာ
မ်က္ႏွာမည္း တိုင္းျပည္ဆိုတာလည္း အပါအဝင္
ျဖစ္ပါတယ္။ အဲဒီ မ်က္ႏွာမည္းတိုင္းျပည္ဆိုတာ
ယခု ေဖာ္ျပတဲ႔ ဘႀကီးေတာ္ဆီ စစ္ေရး အကူအညီ
လာေတာင္းတဲ႔ ယြန္းႀကီးတိုင္းျပည္(ယခု အေခၚ)
ဗီယက္နမ္ႏိုင္ငံ ျဖစ္ပါတယ္။ ဗီယက္နမ္ႏိုင္ငံရဲ႕
ျမိဳ႕ေတာ္ကို ေတာင္ပိုင္းဘက္ မေရႊ႕ေျပာင္းခင္က
ဗီယက္နမ္ႏိုင္ငံ အလယ္ဘက္က ေဝွ႔ျမိဳ႕ဟာ ဗီယက္
နမ္ ဘုရင္ ထီးနန္းစိုက္ရာ ျမိဳ႕ေတာ္ျဖစ္ပါတယ္။
ယြန္းႀကီး ေခၚ မ်က္ႏွာမည္း ေခၚ ဗီယက္နမ္ ႏိုင္ငံရဲ႕
ေဝွ႔ျမိဳ႕ ထီးနန္းစိုက္ျပီး ခမာနယ္ေတြကို သိမ္းပိုက္
ခဲ႔တဲ႔ က်ားလံုဟာ ငုယင္မင္းဆက္ကို စတင္ ထူ
ေထာင္သူ ျဖစ္ျပီး ဗီယက္နမ္ေတြ အမည္ေရွ႕မွာ
ငုယင္တပ္တာဟာ အဲဒီကာလက စတယ္လို့
ဆိုရမွာျဖစ္ပါတယ္။ အဲဒီ ကိုခ်င္ခ်ိဳင္းနား ေဒသႀကီး
တစ္ခုလံုးဟာ အေနာ္ရထာနဲ႔ ဘုရင့္ေနာင္လက္
ထက္ ျမန္မာ့ပိုင္နက္နယ္ပယ္ ျဖစ္ခဲ႔တယ္ဆိုတာ
ဒီ အဆက္အစပ္ အေထာက္အထားေတြက သက္
ေသ ခံေနသလို အေနာ္ရထာ ဂ်ာဗားအထိ တက္
ေရာက္ သိမ္းပိုက္ခဲ႔တယ္လို့ ဟာေဗးတို့ ဖယ္ယာတို့
ယံုၾကည္ေလာက္ေစခဲ႔တဲ႔ အေထာက္အထားေတြရဲ႕
အဆက္အစပ္ေတြလည္း ျဖစ္ပါတယ္။
မယံုၾကည္စရာ အေၾကာင္းလည္း မရွိပါဘူး။
ဘန္ေကာက္ ေျမာက္ဘက္အရပ္မွာ ေက်ာ္ပုဂံ ဆို
တဲ႔ အမည္နဲ႔ ၿမိဳ႕တစ္ျမိဳ႕ရွိေနျခင္းက ကိုခ်င္ခ်ိဳင္းနား
တေလ်ာက္ ပုဂံသားေတြ ေျခခ်ခဲ႔တယ္ ဆိုတာရဲ႕
အမွတ္အသားလို့ ေျပာႏိုင္သလို ကေမ႓ာဒီးယား
ေတာင္ပိုင္းနဲ႔ ဗီယက္နမ္ ေတာင္ပိုင္း ေဒသေတြမွာ
ပုဂံအဆက္အႏြယ္ ျမန္မာ အခ်ိဳ႕ က်န္ရွိေနေသး
တယ္လို့လည္း ဆိုပါတယ္။ ဘုရင့္ေနာင္ လက္
ထက္ ဗီယက္နမ္ ေျမာက္ပိုင္းကို ခ်ီတက္ရာမွာ
ေျမာက္ပိုင္းက တပ္ေတြနဲ႔ တိုက္ပြဲေတြျဖစ္ပြားခဲ႔ျပီး
ျမန္မာတပ္ေတြ နယ္ေျမစိုးမိုးခဲ႔တယ္လို့ ယိုးဒယား
ရာဇဝင္ေဟာင္းေတြက ဆိုေၾကာင္းကို ဟာေဗး
ေရးသားခဲ႔ဖူးတဲ႔ ယခု အေခၚ ဗီယက္နမ္ ဟာ
တိုင္/တိုက္/ဒိုင္/ဒိုက္ ဗိယက္ အမည္နဲ႔ ကမ႓ာ့
သမိုင္းဆရာေတြ အမွတ္သညာျပဳထားခဲ႔တာပါ။
ျမန္မာေတြက မ်က္ႏွာမည္းတိုင္းျပည္လို့  လက္
ေအာက္ခံ ႏိုင္ငံစာရင္း ထည့္သြင္းခဲ႔တဲ႔ ၎တို့ဟာ
ကုန္းေဘာင္ေခတ္မွာေတာ့ ယြန္းႀကီးတိုင္းျပည္
လို့ အမည္ ေျပာင္းလဲသြားျပန္ပါျပီ။
ယခုအခါမွာေတာ့ ဗီယက္နမ္ ႏိုင္ငံအျဖစ္ ကမ႓ာက
အသိအမွတ္ျပဳထားေပမယ့္ ေတာင္ပိုင္းေဒသဟာ
တကယ္တမ္းေတာ့ ေျမာက္ပိုင္း ဗိယက္ေတြရဲ႕
မူလေဒသ မဟုတ္ဘဲ ဂ်ာဗားက ေရာက္လာတဲ႔
မင္းသားတစ္ပါးက စတင္ထူေထာင္တဲ႔ ခမာအင္ပါ
ယာ အစ ၾကြမ္း ႏိုင္ငံရဲ႕ ေဒသျဖစ္ပါတယ္။
ဒါေၾကာင့္ ဗီယက္နမ္ႏိုင္ငံ ေတာင္ပိုင္းမွာ ဆိုရင္
ခမာယဥ္ေက်းမႈေတြ အမ်ားအျပား ေတြ႕ရွိရမွာ
လည္း ျဖစ္ပါတယ္။ ေျမာက္ပိုင္းေဒသကေတာ့
တရုတ္ယဥ္ေက်းမႈ လႊမ္းမိုးတဲ႔ အရပ္ေဒသ ျဖစ္ျပီး
ေတာင္ပိုင္းေဒသကေတာ့ ခမာယဥ္ေက်းမႈ
လႊမ္းမိုးတဲ႔ အရပ္ေဒသပါ။ Ponagar ေက်ာက္စာ
အပါအဝင္ အျခားေက်ာက္စာမ်ားရဲ႕ ေဖာ္ျပခ်က္
မ်ားမွာလည္း AD 13 ရာစုမွာ ပုဂံသားေတြနဲ႔
စစ္ျဖစ္ၾကေၾကင္း ေဖာ္ျပထားပါတယ္။
၎ေဒသမွာ ဗီယက္နမ္ ႏိုင္ငံအျဖစ္
မေပၚေပါက္ေသးခင္ ကာလမွာေတာ့ ေတာင္ပိုင္း
နဲ႔ ကေမ႓ာဒီးယား ေဒသေတြဟာ ခမာအင္ပါယာ
အျဖစ္ တည္ရွိေနခဲ႔တာ ျဖစ္ျပီး အဲဒီ ခမာ အင္ယာ
ကို အေနာ္ရထာသိမ္းပိုက္ခဲ႔ပါတယ္။ ဘုရင့္ေနာင္
လက္ထက္မွာလည္း သိမ္းပိုက္ခဲ႔သလို ကုန္းေဘာင္
ေခတ္မွာလည္း ဆင္ျဖဴရွင္(ေျမဒူးမင္း)ရဲ႕ အယုဒၶယ
ကိုေျမလွန္ျပီး တရုတ္စစ္ကို ေအာင္ျမင္ႏိုင္ခဲ႔တဲ႔
စြမ္းရည္ေၾကင့္ ဘိုးေတာ္ဘုရား လက္ထက္ေရာ
ဘႀကီးေတာ္ လက္ထက္မွာပါ သံတမန္ေရး စစ္ေရး
အကူအညီေတြ လာေရာက္ေတာင္းခံခဲ႔တာလည္း
ျဖစ္ပါတယ္။ ဘႀကီးေတာ္လက္ထက္ ယြန္းႀကီး
သံေတြ လာေရာက္ခဲ႔ျခင္း မွတ္တမ္းကတဆင့္
ဗီယက္နမ္အပါအဝင္ အေရွ႕ေတာင္အာရွ ေဒသ
ႀကီး တစ္ခုလံုးေလာက္ဟာ ပုဂံအင္ပါယာ ေတာင္ငူ
အင္ပါယာ စတဲ႔ ျမန္မာႏိုင္ငံေတာ္ႀကီးရဲ႕ အစိတ္ အပိုင္း ၾသဇာခံနယ္ေျမေတြ ျဖစ္ခဲ႔တယ္ဆိုတာကို
ဆက္စပ္ ထုတ္ေဖာ္ျပသေနတာလည္းပဲ ျဖစ္ပါ
တယ္။ ဒီအခ်က္က ျမန္မာဟာ လြန္ခဲ႔တဲ႔ ႏွစ္
ေထာင္ခ်ီကတည္းက အေရွ႕ေတာင္အာရွရဲ႕
အင္အားႀကီး ႏိုင္ငံတစ္ခုျဖစ္ခဲ႔သလို သာသနာ
ေတာ္နဲ႔ ယဥ္ေက်းမႈျဖန့္ခ်ိရာ ကူးသန္းေရာင္းဝယ္
ရာဟဗဟိုခ်က္မ ျဖစ္ခဲ႔တယ္ဆိုတာ မျငင္းႏိုင္တဲ႔
အရွိတရားေတြပဲ ျဖစ္ပါေတာ့တယ္။

ပံုစာ -
၁/ ေဝွ႔ျမိဳ႕ (ယြန္းႀကီး ေခၚ ဗီယက္နမ္ဘုရင္ ထီးနန္း စိုက္ရာအရပ္ ျပပံု)
၂/ AD 1800 အေက်ာ္က ဗီယက္နမ္တို့ သိမ္းပိုက္
မိခဲ႔ရာ နယ္ေျမေဒသမ်ား)
၃/ AD 1833 ခုႏွစ္က တည္ေဆာက္ခဲ႔ေသာ
ယြန္းႀကီးတိုင္းျပည္(ဗီယက္နမ္)က နာမည္ေက်ာ္
Meridian Gate (ေဝွ႔ျမိဳ႕)
၄/ ယြန္းႀကီးျပည္ ေဝွ့ျမိဳ႕မွ ျမန္မာႏိုင္ငံ
မုတၱမဆိပ္သို့ လမ္းေၾကာင္း။
………………………………………………………။
ပင္မ ကိုး -
ကုန္းေဘာင္ေခတ္ စစ္ေရး သံတမန္ေရး ဆိုင္ရာ
မွတ္တမ္းမ်ား။

…………………………………………………………

"ယွန်းကြီး"
(အပိုင်း ၄)
……………………………………………။
ဘကြီးတော်ဟာ ယွန်းကြီးပြည်ကို စေလွှတ်
လိုက်တဲ့ သံအဖွဲ့ကို မှာကြားရာမှာ မည်သည့်
အခြေအနေမျိုးရောက်ရင် မည်သည့်စကားမျိုး
ပြောရမယ် ဆိုတာကအစ အမိန့်တော်စာထုတ်
ပြီး အတိအကျ အချက်လက်နဲ့ အသေအချာ
မှတ်တမ်းတင်ပြီးမှ လွှတ်လိုက်တာပါ။
ဒီအချက်တွေက မြန်မာတွေဟာ မှတ်တမ်းမှတ်ရာ
အားနည်းပြီး ပရမ်းပတာတွေဖြစ်လေဟန် ရှုတ်ချ
နေသူတွေရဲ့ အမနာပတွေဟာ မဟုတ်တမ်း
တရားတွေသာဖြစ်ကြောင်း သိရမှာလည်းပဲ
ဖြစ်ပါတယ်။ ဘကြီးတော်အနေနဲ့ ယွန်းကြီးမင်း
ဆီကို သံဖက်ခံပြီး ပြန်လည်စေလွှတ်ရာမှာ
တန်ဖိုးရှိ လက်ဆောင်များလည်း ပေးအပ်လိုက်
သလို ဘန်ကောက်ရှမ်းယိုးဒယားတွေကို ရှင်းလင်း
ပစ်မှာဖြစ်ကြောင်းလည်း အာမခံလိုက်ပါတယ်။
ဘကြီးတော်ရဲ့ မြန်မာနိုင်ငံတော် မည်မျှကျယ်
ဝန်းကြောင်းနဲ့ ယခု အရေးအခင်းဖြစ်ရာ နယ်မြေ
တွေဟာ ဘုရင့်နောင်မင်းတရားလက်ထက်
ကတည်းက မြန်မာပိုင်နက်နယ်မြေများဖြစ်ကြောင်း၊
ဘန်ကောက်ရှမ်းယိုးဒယားတွေ သစ္စာမဲ့ပြီး သူခိုး
ဓားပြများကဲ့သို့ ကျင့်ကြံကြကြောင်းကိုပါ ထည့်
သွင်း မှာကြားလိုက်ပါသေးတယ်။ ဒါ့အပြင် မြန်မာ
သံတွေကိုလည်း တိုင်းကြီးပြည်ကြီးသားများပြီပြီ
လမ်းခရီးမှာ မဖောက်မပြန်ဘဲ ကောင်းမွန်ခန့်ညား
စွာ သွားဖို့နဲ့ အရေးအရာများပြောဆိုရာမှာ မည်သည့် စကားများကိုပြောဆိုဖို့၊ မည်သည့်
အကြောင်းအရာများကို ထည့်သွင်းပြောဆိုဖို့
ဆိုတာတွေကအစ ယူဆောင်သွားရမယ့် ပစ္စည်း
ကိရိယာ စာရင်းဇယားပါမကျန်  အမိန့်တော် ထုတ်ပြန် စာနဲ့ မှတ်တမ်းတင်ပေးလိုက်တာပါ။
ဘကြီးတော်ဟာ ဘန်ကောက်ကို အမှုန့်ချေ
တော့မှာပါ။ ဘန်ကောက်သားတွေကို ရှင်းလင်း
သုတ်သင်မှာဖြစ်ကြောင်းလည်း ယွန်းကြီးမင်းကို
သံအဖွဲ့နဲ့အတူ ကတိပေးလိုက်ပြီဖြစ်ပါတယ်။
မြန်မာသံအဖွဲ့ဟာ သငေ်္ဘာ ၂ စင်း အမြောက်
သေနတ် လက်နက်ခဲယမ်း ရိက္ခာ အပြည့်အစုံ
ယွန်းကြီးသံတွေနဲ့ အတူ ယွန်းကြီးတိုင်းပြည်
ဝှေ့မြို့ကို ပင်လယ်လမ်းခရီး ရွက်လွှင့်ခဲ့ကြပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဗီယက်နမ် ရောက်
စဉ်ကာလ ဗီယက်နမ်က ပုဂ္ဂိုလ်တွေက နိုင်ငံတော်
အတိုင်ပင်ခံကို ဗီယက်နမ်နဲ့ မြန်မာဟာ ဒီဘက်
ခေတ်ကျမှ သံတမန်အဆက်အသွယ်ရှိတာ မဟုတ်
ဘဲ ဘကြီးတော် လက်ထက်ကတည်းက အဆက်
အသွယ်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
တကယ်တော့ ဘကြီးတော်လက်ထက်မှသာလျှင်
မဟုတ်ဘဲ ဘိုးတော်ဘုရားလက်ထက် ကတည်းက
အဆက်အသွယ်ရှိခဲ့တာပါ။ ဘိုးတော်ဘုရား
လက်ထက်ရဲ့ရှေ့ တောင်ငူအင်ပါယာ မြန်မာနိုင်ငံ
တော် အရှင်သခင် ဘုရင့်နောင်မင်းတရားကြီးရဲ့
လက်ထက်ကတည်းက ရှိခဲ့တာပါ။ ဘုရင့်နောင်ရဲ့
ရှေ့ ပုဂံအင်ပါယာ မြန်မာနိုင်ငံတော် အရှင်သခင်
အနော်ရထာ လက်ထက်ကတည်းက ရှိခဲ့တာပါ။
ဘုန်းမီးနေလ တောက်ပနေတဲ့ မြန်မာတွေဆီကို
၎င်း ယွန်းကြီးတွေဟာ အဆင့်တူ သံတွေအဖြစ်နဲ့
လာရောက်ခဲ့ကြတာ မဟုတ်ဘဲ လက်အောက်ခံ
သံတွေအဖြစ် လာရောက်ခဲ့ကြတာလည်း ဖြစ်ပါ
တယ်။ အနော်ရထာဟာ မဲခေါင်မြစ်တလျောက်
သိမ်းပိုက်ခဲ့ကြောင်း ယိုးဒယားရာဇဝင်ဟောင်း
တွေက ဆိုပါတယ်။ ၎င်းဒေသတစ်ခုလုံး ဗုဒ္ဓသာ
သနာထွန်းလင်းရခြင်းဟာ အနော်ရထာရဲ့ မျိုးစေ့ချ
သာသနာပြုမှုကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဘုရင့်နောင်မင်းတရားကြီးလက်ထက်
မှာ ဘုရင့်နောင်ဟာ အနော်ရထာရဲ့ ပုဂံအင်ပါယာ
လောက် မြန်မာနိုင်ငံတော်ကြီးကို ထူထောင်နိုင်
ခဲ့ရာမှာ လက်အောက်ခံတိုင်းပြည် စာရင်းတွေမှာ
မျက်နှာမည်း တိုင်းပြည်ဆိုတာလည်း အပါအဝင်
ဖြစ်ပါတယ်။ အဲဒီ မျက်နှာမည်းတိုင်းပြည်ဆိုတာ
ယခု ဖော်ပြတဲ့ ဘကြီးတော်ဆီ စစ်ရေး အကူအညီ
လာတောင်းတဲ့ ယွန်းကြီးတိုင်းပြည်(ယခု အခေါ်)
ဗီယက်နမ်နိုင်ငံ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့
မြို့တော်ကို တောင်ပိုင်းဘက် မရွှေ့ပြောင်းခင်က
ဗီယက်နမ်နိုင်ငံ အလယ်ဘက်က ဝှေ့မြို့ဟာ ဗီယက်
နမ် ဘုရင် ထီးနန်းစိုက်ရာ မြို့တော်ဖြစ်ပါတယ်။
ယွန်းကြီး ခေါ် မျက်နှာမည်း ခေါ် ဗီယက်နမ် နိုင်ငံရဲ့
ဝှေ့မြို့ ထီးနန်းစိုက်ပြီး ခမာနယ်တွေကို သိမ်းပိုက်
ခဲ့တဲ့ ကျားလုံဟာ ငုယင်မင်းဆက်ကို စတင် ထူ
ထောင်သူ ဖြစ်ပြီး ဗီယက်နမ်တွေ အမည်ရှေ့မှာ
ငုယင်တပ်တာဟာ အဲဒီကာလက စတယ်လို့
ဆိုရမှာဖြစ်ပါတယ်။ အဲဒီ ကိုချင်ချိုင်းနား ဒေသကြီး
တစ်ခုလုံးဟာ အနော်ရထာနဲ့ ဘုရင့်နောင်လက်
ထက် မြန်မာ့ပိုင်နက်နယ်ပယ် ဖြစ်ခဲ့တယ်ဆိုတာ
ဒီ အဆက်အစပ် အထောက်အထားတွေက သက်
သေ ခံနေသလို အနော်ရထာ ဂျာဗားအထိ တက်
ရောက် သိမ်းပိုက်ခဲ့တယ်လို့ ဟာဗေးတို့ ဖယ်ယာတို့
ယုံကြည်လောက်စေခဲ့တဲ့ အထောက်အထားတွေရဲ့
အဆက်အစပ်တွေလည်း ဖြစ်ပါတယ်။
မယုံကြည်စရာ အကြောင်းလည်း မရှိပါဘူး။
ဘန်ကောက် မြောက်ဘက်အရပ်မှာ ကျော်ပုဂံ ဆို
တဲ့ အမည်နဲ့ မြို့တစ်မြို့ရှိနေခြင်းက ကိုချင်ချိုင်းနား
တလျောက် ပုဂံသားတွေ ခြေချခဲ့တယ် ဆိုတာရဲ့
အမှတ်အသားလို့ ပြောနိုင်သလို ကမ္ဘောဒီးယား
တောင်ပိုင်းနဲ့ ဗီယက်နမ် တောင်ပိုင်း ဒေသတွေမှာ
ပုဂံအဆက်အနွယ် မြန်မာ အချို့ ကျန်ရှိနေသေး
တယ်လို့လည်း ဆိုပါတယ်။ ဘုရင့်နောင် လက်
ထက် ဗီယက်နမ် မြောက်ပိုင်းကို ချီတက်ရာမှာ
မြောက်ပိုင်းက တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး
မြန်မာတပ်တွေ နယ်မြေစိုးမိုးခဲ့တယ်လို့ ယိုးဒယား
ရာဇဝင်ဟောင်းတွေက ဆိုကြောင်းကို ဟာဗေး
ရေးသားခဲ့ဖူးတဲ့ ယခု အခေါ် ဗီယက်နမ် ဟာ
တိုင်/တိုက်/ဒိုင်/ဒိုက် ဗိယက် အမည်နဲ့ ကမ္ဘာ့
သမိုင်းဆရာတွေ အမှတ်သညာပြုထားခဲ့တာပါ။
မြန်မာတွေက မျက်နှာမည်းတိုင်းပြည်လို့  လက်
အောက်ခံ နိုင်ငံစာရင်း ထည့်သွင်းခဲ့တဲ့ ၎င်းတို့ဟာ
ကုန်းဘောင်ခေတ်မှာတော့ ယွန်းကြီးတိုင်းပြည်
လို့ အမည် ပြောင်းလဲသွားပြန်ပါပြီ။
ယခုအခါမှာတော့ ဗီယက်နမ် နိုင်ငံအဖြစ် ကမ္ဘာက
အသိအမှတ်ပြုထားပေမယ့် တောင်ပိုင်းဒေသဟာ
တကယ်တမ်းတော့ မြောက်ပိုင်း ဗိယက်တွေရဲ့
မူလဒေသ မဟုတ်ဘဲ ဂျာဗားက ရောက်လာတဲ့
မင်းသားတစ်ပါးက စတင်ထူထောင်တဲ့ ခမာအင်ပါ
ယာ အစ ကြွမ်း နိုင်ငံရဲ့ ဒေသဖြစ်ပါတယ်။
ဒါကြောင့် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှာ ဆိုရင်
ခမာယဉ်ကျေးမှုတွေ အများအပြား တွေ့ရှိရမှာ
လည်း ဖြစ်ပါတယ်။ မြောက်ပိုင်းဒေသကတော့
တရုတ်ယဉ်ကျေးမှု လွှမ်းမိုးတဲ့ အရပ်ဒေသ ဖြစ်ပြီး
တောင်ပိုင်းဒေသကတော့ ခမာယဉ်ကျေးမှု
လွှမ်းမိုးတဲ့ အရပ်ဒေသပါ။ Ponagar ကျောက်စာ
အပါအဝင် အခြားကျောက်စာများရဲ့ ဖော်ပြချက်
များမှာလည်း AD 13 ရာစုမှာ ပုဂံသားတွေနဲ့
စစ်ဖြစ်ကြကြေင်း ဖော်ပြထားပါတယ်။
၎င်းဒေသမှာ ဗီယက်နမ် နိုင်ငံအဖြစ်
မပေါ်ပေါက်သေးခင် ကာလမှာတော့ တောင်ပိုင်း
နဲ့ ကမ္ဘောဒီးယား ဒေသတွေဟာ ခမာအင်ပါယာ
အဖြစ် တည်ရှိနေခဲ့တာ ဖြစ်ပြီး အဲဒီ ခမာ အင်ယာ
ကို အနော်ရထာသိမ်းပိုက်ခဲ့ပါတယ်။ ဘုရင့်နောင်
လက်ထက်မှာလည်း သိမ်းပိုက်ခဲ့သလို ကုန်းဘောင်
ခေတ်မှာလည်း ဆင်ဖြူရှင်(မြေဒူးမင်း)ရဲ့ အယုဒ္ဓယ
ကိုမြေလှန်ပြီး တရုတ်စစ်ကို အောင်မြင်နိုင်ခဲ့တဲ့
စွမ်းရည်ကြေင့် ဘိုးတော်ဘုရား လက်ထက်ရော
ဘကြီးတော် လက်ထက်မှာပါ သံတမန်ရေး စစ်ရေး
အကူအညီတွေ လာရောက်တောင်းခံခဲ့တာလည်း
ဖြစ်ပါတယ်။ ဘကြီးတော်လက်ထက် ယွန်းကြီး
သံတွေ လာရောက်ခဲ့ခြင်း မှတ်တမ်းကတဆင့်
ဗီယက်နမ်အပါအဝင် အရှေ့တောင်အာရှ ဒေသ
ကြီး တစ်ခုလုံးလောက်ဟာ ပုဂံအင်ပါယာ တောင်ငူ
အင်ပါယာ စတဲ့ မြန်မာနိုင်ငံတော်ကြီးရဲ့ အစိတ် အပိုင်း သြဇာခံနယ်မြေတွေ ဖြစ်ခဲ့တယ်ဆိုတာကို
ဆက်စပ် ထုတ်ဖော်ပြသနေတာလည်းပဲ ဖြစ်ပါ
တယ်။ ဒီအချက်က မြန်မာဟာ လွန်ခဲ့တဲ့ နှစ်
ထောင်ချီကတည်းက အရှေ့တောင်အာရှရဲ့
အင်အားကြီး နိုင်ငံတစ်ခုဖြစ်ခဲ့သလို သာသနာ
တော်နဲ့ ယဉ်ကျေးမှုဖြန့်ချိရာ ကူးသန်းရောင်းဝယ်
ရာဟဗဟိုချက်မ ဖြစ်ခဲ့တယ်ဆိုတာ မငြင်းနိုင်တဲ့
အရှိတရားတွေပဲ ဖြစ်ပါတော့တယ်။

ပုံစာ -
၁/ ဝှေ့မြို့ (ယွန်းကြီး ခေါ် ဗီယက်နမ်ဘုရင် ထီးနန်း စိုက်ရာအရပ် ပြပုံ)
၂/ AD 1800 အကျော်က ဗီယက်နမ်တို့ သိမ်းပိုက်
မိခဲ့ရာ နယ်မြေဒေသများ)
၃/ AD 1833 ခုနှစ်က တည်ဆောက်ခဲ့သော
ယွန်းကြီးတိုင်းပြည်(ဗီယက်နမ်)က နာမည်ကျော်
Meridian Gate (ဝှေ့မြို့)
၄/ ယွန်းကြီးပြည် ဝှေ့မြို့မှ မြန်မာနိုင်ငံ
မုတ္တမဆိပ်သို့ လမ်းကြောင်း။
………………………………………………………။
ပင်မ ကိုး -
ကုန်းဘောင်ခေတ် စစ်ရေး သံတမန်ရေး ဆိုင်ရာ
မှတ်တမ်းများ။
"ယြန္းႀကီး"
(အပိုင္း ၃)
……………………………………………။

ဘႀကီးေတာ္လက္ထက္ ျမန္မာႏိုင္ငံရဲ႕ ဘုန္းတန္ခိုး
အာဏာစက္ ေတာက္ပမႈဟာ ႀကီးမားေနဆဲ
ျဖစ္တာေၾကာင့္ ပီကင္းကေန အမရပူရကို
သံအဖြဲ႕ေစလႊတ္ခဲ႔ပါတယ္။ အဲဒီအေၾကာင္းနဲ႔
ပတ္သက္လို့ တရုတ္သံေရာက္ေမာ္ကြန္း ေရးထိုး
ဖြဲ႕ဆိုခဲ႔ၿပီး၊ ျမန္မာသံေတြကိုလည္း ပီကင္းကို
သံဖက္ခံ ျပန္လည္ ေစလႊတ္ခဲ႔ပါတယ္။
ဒါေပမယ့္ ျမန္မာေတြအေနနဲ႔ အဂၤလိပ္ေတြနဲ႔ေတာ့
အဆင္မေျပျဖစ္ေနခဲ႔ၾကတာပါ။ AD ၁၈၂၃
စက္တင္ဘာလအတြင္း နတ္ျမစ္ဝမွာ ရွိတဲ႔
ျမန္မာပိုင္ ရွင္မျဖဴက်ြန္းေပၚမွာ အဂၤလိပ္က စစ္တပ္
လာခ်တဲ႔ အခါ ျမန္မာနဲ႔ အဂၤလိပ္ဟာ အတိအလင္း
ရန္သူေတြ ျဖစ္သြားခဲ႔ပါေတာ့တယ္။ရခိုင္ေဒသသား
သူပုန္ခ်င္းပ်ံဟာ ၎ က်ြန္းကို အဂၤလိပ္ကို သူ႔သေဘာနဲ႔သူ လက္ဆာင္ေပးခဲ႔တာျဖစ္ျပီး တရား
ဝင္မႈမရွိေပမယ့္ ဒီ အခ်က္ဟာ အဂၤလိပ္ေတြ
အတြက္ ျမန္မာကို စစ္ျပဳဖို့ရာ အေၾကာင္းရွာျခင္း
မ်ားထဲက အခ်က္တစ္ခ်က္လည္း ျဖစ္လာခဲ႔ပါ
တယ္။ ယြန္းႀကီးတိုင္းျပည္အတြက္ ကံၾကမၼာမ်က္
ႏွာသာေပးမႈဟာ ျမန္မာေတြ အဂၤလိပ္နဲ႔ မသင့္
မတင့္ျဖစ္ေနမႈေၾကာင့္ ေမွးမွိန္သြားခဲ႔ရပါေတာ့
တယ္။ဘႀကီးေတာ္မင္းတရားရဲ႕ သားေတာ္
(မူလက အိမ္ေရွ႕အရာ အပ္ႏွင္းခံရသူ)ဟာ ျမန္မာေတြဘဂၤလားကို သိမ္းပိုက္ဖို့ အတြင္းေတာ္
မွာ စစ္ေရးဆိုင္ရာ စီမံခ်က္ေရးဆြဲေနေၾကာင္း အဂၤလိပ္ဘက္ကို ေပါက္ၾကားသြားေစခဲ႔တဲ႔ အတြက္ ျမန္မာေတြရဲ႕ ရည္ရြယ္ခ်က္ကို အဂၤလိပ္ေတြ သိရွိသြားခဲ႔ပါေတာ့တယ္။ အဂၤလိပ္ေတြရဲ႕
စစ္မွတ္တမ္းမွာေတာ့ အိမ္ေရွ႕မင္းကိုယ္တိုင္က
အဂၤလိပ္သူလ်ွိဳ ဘုန္းေတာ္ႀကီးကို ေခၚယူျပီး
အဲဒီအေၾကာင္း ေျပာဆိုခဲ႔တာ ျဖစ္တယ္လို့
ဆိုပါတယ္။ ျမန္မာဟာ အဂၤလိပ္ပိုင္ ဘဂၤလား
ကို သိမ္းပိုက္တာ့မွာ ျဖစ္တဲ႔အတြက္ အိႏၵိယမွာ
အေျခက်ေနျပီျဖစ္တဲ႔ အဂၤလိပ္အတြက္ ေရွ႕
ဆက္လက္ သိမ္းပိုက္ဖို့ရာ ျမန္မာပဲရွိတာေၾကာင့္
အဂၤလိပ္ဟာ စစ္ျပင္ဆင္မႈေတြ ျပဳလုပ္ေနခဲ႔ပါ
တယ္။ ဘႀကီးေတာ္ဟာ အဂၤလိပ္ဘက္ကို
အတြင္းေတာ္ကသတင္း ေပါက္ၾကားေစခဲ႔တဲ႔
သားေတာ္ကို အရာကခ်ျပီး အစြမ္းအစ ထက္ျမက္
တဲ႔ ညီေတာ္ သာယာဝတီမင္းကို အိမ္ေရွ႕အရာ
ေျပာင္းလဲ အပ္ႏွင္းခဲ႔ရၿပီး နန္းတြင္းေရးဟာလည္း
အလြန္ပဲ ရႈပ္ေထြးေနခဲ႔ခ်ိန္လည္း ျဖစ္ပါတယ္။
ဒီ အျဖစ္အပ်က္ေတြက AD ၁၈၂၄ မွာ ျမန္မာဟာ
ယြန္းႀကီးမင္းကို စစ္ေရးဆိုင္ရာ အကူအညီေပး
ႏိုင္ဖို့ အေနအထားကို ေရာက္ရွိမလာေစေတာ့တဲ႔
အျပင္ AD ၁၈၂၄၊ ေမလ ၅ ရက္ေန့မွာ အိႏၵိယ
ဘုရင္ခံခ်ဳပ္က ျမန္မာကို အတိအလင္း စစ္ေၾကညာ
လိုက္ျခင္းျဖင့္ ျမန္မာနဲ႔အဂၤလိပ္ ပထမအႀကိမ္
စစ္ပြဲျဖစ္ပြားခဲ႔ရျခင္းကေနစျပီး ျမန္မာေတြဟာ
အျခားတိုင္းျပည္ကို စစ္ေရးအကူအညီေပးဖို့
ေနေနသာသာ မိမိကိုယ္တိုင္ပင္လ်ွင္ စစ္ရံႈးျခင္း
ရဲ႕ အက်ိဳးဆက္ေၾကာင့္ မလႈပ္သာ မလွည့္သာ
အေနအထားကို ေရာက္ရွိလို့ သြားခဲ႔ရေတာ့တာပါ။
၎ ကာလမွာ ေရွ႕က ယြန္းႀကီးမင္း က်ားလံုရဲ႕
အစြမ္းနဲ႔ နယ္ပယ္ခ်ဲ႕ထြင္ သိမ္းပိုက္ထားတာဟာ
(ယခုအေခၚ)ကေမ႓ာဒီးယားနယ္ေျမဒသအကုန္
နီးပါးနဲ႔ လာအိုေတာင္ပိုင္းေဒသအခ်ိဳ႕ကိုပါ ပိုင္ဆိုင္
ေနျပီျဖစ္ပါတယ္။ က်ားလံုကို ဆက္ခံတဲ႔ သူ့သား
ေတာ္ မင္မန္ လက္ထက္မွာေတာ့ ဘုရင္သစ္ကို
ေသြးတိုးစမ္းတဲ႔ ဘန္ေကာက္သားေတြနဲ႔ ယြန္း
ႀကီးေတြ ထိပ္တိုက္ေတြ႔ပါေတာ့တယ္။
ဘန္ေကာက္သားေတြဟာ ၎ေဒသမွာ လာ
ေရာက္ အေျခခ်တပ္စြဲေနတဲ႔ ျပင္သစ္၊ အဂၤလိပ္၊
ေပၚတူဂီတပ္ေတြကို အျခားတိုင္းျပည္မ်ား ကဲ႔သို့
ခုခံတိုက္ထုတ္ျခင္းမျပဳဘဲ စစ္ပြဲမျဖစ္ပြားရာ
ကင္းလြတ္နယ္ေျမ ၾကားခံႏိုင္ငံအျဖစ္နဲ႔ ရွိသမ်ွ
တပ္ကို အကုန္လက္ခံ.အေျခခ်ခံ အက်ိဳးအျမတ္
ယူျပီး အရာရာကို ေစာင့္ၾကည့္ေနခဲ႔ပါတယ္။
ျမန္မာနဲ႔အဂၤလိပ္စစ္ပြဲျဖစ္ပြားတဲ႔ အခါ ျမန္မာ
ဘက္က အကူအညီမေပးဖို့နဲ႔ အဂၤလိပ္ကို အကူ
အညီေပးဖို့ လက္ခံခဲ႔ၿပီး ေဒသႀကီး တစ္ခုလံုး
အေပၚမွာ သစၥာေဖာက္ခဲ႔တာလည္း ျဖစ္ပါတယ္။
ယြန္းႀကီးဘက္က ျမန္မာဘက္ကို စစ္ဆင္ေရး
စီမံခ်က္တစ္ခု ခ်ျပေတာင္းဆိုခဲ႔ရာမွာ ျမန္မာ
တပ္ေတြဟာ ဘန္ေကာက္ကို အေနာက္ဖက္
ကေန ခ်ီတက္တိုက္ခိုက္သိမ္းပိုက္ျပီး နယ္ေျမ
ပိုင္ဆိုင္ရယူဖို့ျဖစ္ပါတယ္။ အဲဒီအတြက္ စစ္လမ္း
ေၾကာင္းမ်ားနဲ႔ တိုက္ခိုက္သိမ္းပိုက္ရန္ အေနအထား
ေတြကိုလည္း ရွင္းလင္းျပခဲ႔ၾကပါတယ္။
ယြန္းႀကီးဘက္ကေတာ့ အခင္းျဖစ္ပြားရာ ျမိဳ႕
ဘက္ကေန ဘန္ေကာက္သားေတြကို ရင္ဆိုင္
ထိန္းခ်ဳပ္ထားဖို့ပါ။ အခ်ဳပ္ဆိုရရင္ေတာ့ မင္မန္း
ဟာ ဘန္ေကာက္ကို သိမ္းပိုက္ဖို့အတြက္
ဘႀကီးေတာ္ကို လာေရာက္ ေတာင္းဆိုတာလည္း
ျဖစ္ပါတယ္။ ဘႀကီးေတာ္ဟာ ယြန္းႀကီးမင္းရဲ႕
သံေတြကို အင္းဝမွာ လက္ခံေတြ႕ဆံုျပီးတဲ႔ေနာက္
ျမန္မာသံေတြကို သေဘၤာ ၂ စင္း အေျမာက္ ေသနတ္ရိကၡာအျပည့္အစံုနဲ႔အတူ ယြန္းႀကီးမင္း
ထီးနန္းစိုက္ရာ ေဟြ႕ျမိဳ႕ကို သံဖက္ခံ ေစလႊတ္
ေတာ္မူလိုက္ပါေတာ့တယ္။
……………………………………………………။

ပံုစာ - ၁/
ျမန္မာတို့က "တိုက္ေတာင္ကံဝွံေဒမင္း" ဟု ေခၚေဝၚသည့္
အနိစၥေရာက္ ယြန္းႀကီးမင္း "က်ားလံု"။
ပံုစာ - ၁/
ျမန္မာတို့က "မိန့္မံဝွံေဒမင္း" ဟု ေခၚေဝၚသည့္
ထီးနန္းဆက္ခံသူ ယြန္းႀကီးမင္း "မင္မန္"

photo credit to original source.

…………………………………………………………

"ယွန်းကြီး"
(အပိုင်း ၃)
……………………………………………။
ဘကြီးတော်လက်ထက် မြန်မာနိုင်ငံရဲ့ ဘုန်းတန်ခိုး
အာဏာစက် တောက်ပမှုဟာ ကြီးမားနေဆဲ
ဖြစ်တာကြောင့် ပီကင်းကနေ အမရပူရကို
သံအဖွဲ့စေလွှတ်ခဲ့ပါတယ်။ အဲဒီအကြောင်းနဲ့
ပတ်သက်လို့ တရုတ်သံရောက်မော်ကွန်း ရေးထိုး
ဖွဲ့ဆိုခဲ့ပြီး၊ မြန်မာသံတွေကိုလည်း ပီကင်းကို
သံဖက်ခံ ပြန်လည် စေလွှတ်ခဲ့ပါတယ်။
ဒါပေမယ့် မြန်မာတွေအနေနဲ့ အင်္ဂလိပ်တွေနဲ့တော့
အဆင်မပြေဖြစ်နေခဲ့ကြတာပါ။ AD ၁၈၂၃
စက်တင်ဘာလအတွင်း နတ်မြစ်ဝမှာ ရှိတဲ့
မြန်မာပိုင် ရှင်မဖြူကျွန်းပေါ်မှာ အင်္ဂလိပ်က စစ်တပ်
လာချတဲ့ အခါ မြန်မာနဲ့ အင်္ဂလိပ်ဟာ အတိအလင်း
ရန်သူတွေ ဖြစ်သွားခဲ့ပါတော့တယ်။ရခိုင်ဒေသသား
သူပုန်ချင်းပျံဟာ ၎င်း ကျွန်းကို အင်္ဂလိပ်ကို သူ့သဘောနဲ့သူ လက်ဆာင်ပေးခဲ့တာဖြစ်ပြီး တရား
ဝင်မှုမရှိပေမယ့် ဒီ အချက်ဟာ အင်္ဂလိပ်တွေ
အတွက် မြန်မာကို စစ်ပြုဖို့ရာ အကြောင်းရှာခြင်း
များထဲက အချက်တစ်ချက်လည်း ဖြစ်လာခဲ့ပါ
တယ်။ ယွန်းကြီးတိုင်းပြည်အတွက် ကံကြမ္မာမျက်
နှာသာပေးမှုဟာ မြန်မာတွေ အင်္ဂလိပ်နဲ့ မသင့်
မတင့်ဖြစ်နေမှုကြောင့် မှေးမှိန်သွားခဲ့ရပါတော့
တယ်။ဘကြီးတော်မင်းတရားရဲ့ သားတော်
(မူလက အိမ်ရှေ့အရာ အပ်နှင်းခံရသူ)ဟာ မြန်မာတွေဘင်္ဂလားကို သိမ်းပိုက်ဖို့ အတွင်းတော်
မှာ စစ်ရေးဆိုင်ရာ စီမံချက်ရေးဆွဲနေကြောင်း အင်္ဂလိပ်ဘက်ကို ပေါက်ကြားသွားစေခဲ့တဲ့ အတွက် မြန်မာတွေရဲ့ ရည်ရွယ်ချက်ကို အင်္ဂလိပ်တွေ သိရှိသွားခဲ့ပါတော့တယ်။ အင်္ဂလိပ်တွေရဲ့
စစ်မှတ်တမ်းမှာတော့ အိမ်ရှေ့မင်းကိုယ်တိုင်က
အင်္ဂလိပ်သူလျှို ဘုန်းတော်ကြီးကို ခေါ်ယူပြီး
အဲဒီအကြောင်း ပြောဆိုခဲ့တာ ဖြစ်တယ်လို့
ဆိုပါတယ်။ မြန်မာဟာ အင်္ဂလိပ်ပိုင် ဘင်္ဂလား
ကို သိမ်းပိုက်တာ့မှာ ဖြစ်တဲ့အတွက် အိန္ဒိယမှာ
အခြေကျနေပြီဖြစ်တဲ့ အင်္ဂလိပ်အတွက် ရှေ့
ဆက်လက် သိမ်းပိုက်ဖို့ရာ မြန်မာပဲရှိတာကြောင့်
အင်္ဂလိပ်ဟာ စစ်ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့ပါ
တယ်။ ဘကြီးတော်ဟာ အင်္ဂလိပ်ဘက်ကို
အတွင်းတော်ကသတင်း ပေါက်ကြားစေခဲ့တဲ့
သားတော်ကို အရာကချပြီး အစွမ်းအစ ထက်မြက်
တဲ့ ညီတော် သာယာဝတီမင်းကို အိမ်ရှေ့အရာ
ပြောင်းလဲ အပ်နှင်းခဲ့ရပြီး နန်းတွင်းရေးဟာလည်း
အလွန်ပဲ ရှုပ်ထွေးနေခဲ့ချိန်လည်း ဖြစ်ပါတယ်။
ဒီ အဖြစ်အပျက်တွေက AD ၁၈၂၄ မှာ မြန်မာဟာ
ယွန်းကြီးမင်းကို စစ်ရေးဆိုင်ရာ အကူအညီပေး
နိုင်ဖို့ အနေအထားကို ရောက်ရှိမလာစေတော့တဲ့
အပြင် AD ၁၈၂၄၊ မေလ ၅ ရက်နေ့မှာ အိန္ဒိယ
ဘုရင်ခံချုပ်က မြန်မာကို အတိအလင်း စစ်ကြေညာ
လိုက်ခြင်းဖြင့် မြန်မာနဲ့အင်္ဂလိပ် ပထမအကြိမ်
စစ်ပွဲဖြစ်ပွားခဲ့ရခြင်းကနေစပြီး မြန်မာတွေဟာ
အခြားတိုင်းပြည်ကို စစ်ရေးအကူအညီပေးဖို့
နေနေသာသာ မိမိကိုယ်တိုင်ပင်လျှင် စစ်ရှုံးခြင်း
ရဲ့ အကျိုးဆက်ကြောင့် မလှုပ်သာ မလှည့်သာ
အနေအထားကို ရောက်ရှိလို့ သွားခဲ့ရတော့တာပါ။
၎င်း ကာလမှာ ရှေ့က ယွန်းကြီးမင်း ကျားလုံရဲ့
အစွမ်းနဲ့ နယ်ပယ်ချဲ့ထွင် သိမ်းပိုက်ထားတာဟာ
(ယခုအခေါ်)ကမ္ဘောဒီးယားနယ်မြေဒသအကုန်
နီးပါးနဲ့ လာအိုတောင်ပိုင်းဒေသအချို့ကိုပါ ပိုင်ဆိုင်
နေပြီဖြစ်ပါတယ်။ ကျားလုံကို ဆက်ခံတဲ့ သူ့သား
တော် မင်မန် လက်ထက်မှာတော့ ဘုရင်သစ်ကို
သွေးတိုးစမ်းတဲ့ ဘန်ကောက်သားတွေနဲ့ ယွန်း
ကြီးတွေ ထိပ်တိုက်တွေ့ပါတော့တယ်။
ဘန်ကောက်သားတွေဟာ ၎င်းဒေသမှာ လာ
ရောက် အခြေချတပ်စွဲနေတဲ့ ပြင်သစ်၊ အင်္ဂလိပ်၊
ပေါ်တူဂီတပ်တွေကို အခြားတိုင်းပြည်များ ကဲ့သို့
ခုခံတိုက်ထုတ်ခြင်းမပြုဘဲ စစ်ပွဲမဖြစ်ပွားရာ
ကင်းလွတ်နယ်မြေ ကြားခံနိုင်ငံအဖြစ်နဲ့ ရှိသမျှ
တပ်ကို အကုန်လက်ခံ.အခြေချခံ အကျိုးအမြတ်
ယူပြီး အရာရာကို စောင့်ကြည့်နေခဲ့ပါတယ်။
မြန်မာနဲ့အင်္ဂလိပ်စစ်ပွဲဖြစ်ပွားတဲ့ အခါ မြန်မာ
ဘက်က အကူအညီမပေးဖို့နဲ့ အင်္ဂလိပ်ကို အကူ
အညီပေးဖို့ လက်ခံခဲ့ပြီး ဒေသကြီး တစ်ခုလုံး
အပေါ်မှာ သစ္စာဖောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ယွန်းကြီးဘက်က မြန်မာဘက်ကို စစ်ဆင်ရေး
စီမံချက်တစ်ခု ချပြတောင်းဆိုခဲ့ရာမှာ မြန်မာ
တပ်တွေဟာ ဘန်ကောက်ကို အနောက်ဖက်
ကနေ ချီတက်တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေ
ပိုင်ဆိုင်ရယူဖို့ဖြစ်ပါတယ်။ အဲဒီအတွက် စစ်လမ်း
ကြောင်းများနဲ့ တိုက်ခိုက်သိမ်းပိုက်ရန် အနေအထား
တွေကိုလည်း ရှင်းလင်းပြခဲ့ကြပါတယ်။
ယွန်းကြီးဘက်ကတော့ အခင်းဖြစ်ပွားရာ မြို့
ဘက်ကနေ ဘန်ကောက်သားတွေကို ရင်ဆိုင်
ထိန်းချုပ်ထားဖို့ပါ။ အချုပ်ဆိုရရင်တော့ မင်မန်း
ဟာ ဘန်ကောက်ကို သိမ်းပိုက်ဖို့အတွက်
ဘကြီးတော်ကို လာရောက် တောင်းဆိုတာလည်း
ဖြစ်ပါတယ်။ ဘကြီးတော်ဟာ ယွန်းကြီးမင်းရဲ့
သံတွေကို အင်းဝမှာ လက်ခံတွေ့ဆုံပြီးတဲ့နောက်
မြန်မာသံတွေကို သငေ်္ဘာ ၂ စင်း အမြောက် သေနတ်ရိက္ခာအပြည့်အစုံနဲ့အတူ ယွန်းကြီးမင်း
ထီးနန်းစိုက်ရာ ဟွေ့မြို့ကို သံဖက်ခံ စေလွှတ်
တော်မူလိုက်ပါတော့တယ်။
……………………………………………………။

ပုံစာ - ၁/
မြန်မာတို့က "တိုက်တောင်ကံဝှံဒေမင်း" ဟု ခေါ်ဝေါ်သည့်
အနိစ္စရောက် ယွန်းကြီးမင်း "ကျားလုံ"။
ပုံစာ - ၁/
မြန်မာတို့က "မိန့်မံဝှံဒေမင်း" ဟု ခေါ်ဝေါ်သည့်
ထီးနန်းဆက်ခံသူ ယွန်းကြီးမင်း "မင်မန်"

photo credit to original source.
"ယြန္းႀကီး"
(အပိုင္း ၂)
………………………………………………………။

ယြန္းႀကီးသံေတြဟာ ဘႀကီးေတာ္လက္ထက္မွ
သာလ်ွင္ ျမန္မာဘုရင္ဆီ အခစား ေရာက္ခဲ႔ၾက
တာ မဟုတ္ဘဲ ဘိုးေတာ္ဘုရား လက္ထက္တုန္း
ကတည္းက အေရာက္အေပါက္ အဆက္အသြယ္
ရွိခဲ႔တာလည္း ျဖစ္ပါတယ္။ (အဲဒီကာလ မတိုင္မီ
ဘန္ေကာက္ဟာ လူရာဝင္တဲ႔ အေနအထားမွာ
မရွိေသးေပမယ့္ ဘိုးေတာ္ဘုရားလက္ထက္
ဘန္ေကာက္ကို စစ္တိုက္တာမွာ ရံႈးျပီး ျပန္လာ
ခဲ႔ရာကေန စျပီး ဘန္ေကာက္ဟာ ျမန္မာစစ္ကို
ခုခံတြန္းလွန္ႏိုင္တာေၾကာင့္ ၎ဘက္ ေဒသ
ဆီမွာ ဘုန္းမီးေနလေတာက္ပေနတဲ႔ ျမန္မာကို
ခုခံႏိုင္သူအျဖစ္ နာမည္ထြက္လာခဲ႔ပါတယ္။
ဒီလို အေနအထား ရွိလာတဲ႔ ဘန္ေကာက္
ဟာ အနီးပတ္ဝန္းက်င္ နယ္ေျမေဒသေတြကို
တိုက္ခိုက္သိမ္းပိုက္ႏိုင္တဲ႔ အေနအထား အထိ
ေတာ့ ရွိမလာေသးပါဘူး။ ၎တို့ရဲ႕ ထံုးစံအတိုင္း
အျခားႏိုင္ငံက နန္းတြင္းေရးရႈပ္ေထြးခ်ိန္နဲ႔
တိုင္းျပည္ျပိဳကြဲခ်ိန္ကိုသာ ေတာေခြးအေတြလို
ေစာင့္ဆိုင္းေနတာပါ။ ဒါေပမယ့္ ယြန္းႀကီးေတြက
ေတာ့ အဲဒီကာလမွာ (ယခုအေခၚ)ကေမ႓ာဒီးယား
နယ္ေျမေဒသ အစိတ္အပိုင္း အားလံုး နီးပါးကို တိုက္ခိုက္သိမ္းပိုက္ထားျပီးေနျပီ ျဖစ္ပါတယ္။ အဲဒီလို တိုက္ခိုက္သိမ္းပိုက္မႈေၾကာင့္ မဲေခါင္ျမစ္ဝ
က ျမိဳ႕တစ္ျမိဳ႕ကို အေၾကာင္းျပဳၿပီး အေနာက္ဘက္
ကို နယ္ခ်ဲ႕ သိမ္းပိုက္လာတဲ႔ ယြန္းႀကီးေတြနဲ႔ အင္အားစုေဆာင္းရင္း အေျခအေနေစာင့္ၾကည့္ေန
တဲ႔ ဘန္ေကာက္သားေတြ ထိပ္တိုက္ေတြ႕ျပီး ျပႆနာျဖစ္ပြားလာခဲ႔ရေတာ့တာပါ။ အဲဒီကာလမွာ ျပင္သစ္၊ အဂၤလိပ္နဲ႔၊ ေပၚတူဂီ (ပင္လယ္ဓားျပတပ္
မ်ားနဲ႔) စစ္တပ္ေတြဟာလည္း ၎နယ္ေျမေဒသ
မ်ားမွာ အေျခစိုက္ေနၾကျပီး တစ္ဦးထက္ တစ္ဦးက အလ်င္ အျမန္ နယ္ေျမသိမ္းပိုက္ေရး အကြက္ခ်ေန
ၾကခ်ိန္ ႏိုင္ငံေရး အလြန္ရႈပ္ေထြးေနတဲ႔ ကာလ
လည္းျဖစ္ပါတယ္။ ျပင္သစ္၊ အဂၤလိပ္နဲ႔၊ေပၚတူဂီတို့
ဟာ သာမယ္ထင္တဲ႔ဘက္ကို အကူအညီေတြေပး
ေန၊ စစ္ပြဲေတြျဖစ္ပြားေအာင္လည္း ဖန္တီးေပးေန
တာလည္းျဖစ္ပါတယ္။ ဘႀကီးေတာ္ လက္ထက္မွာ အနိစၥေရာက္ ယြန္းႀကီးမင္းက ဘန္ေကာက္ ေျမာက္ဘက္က ေက်ာ္ပုဂံကို တိုက္ခိုက္သိမ္းပိုက္ဖို့ ႀကိဳးစားရာကေန အရွိန္အေစာ္တက္လာတဲ႔ ဘန္ေကာက္နဲ႔ ေတြ႕ျပီး ယြန္းႀကီးနဲ႔ ဘန္ေကာက္
မသင့္မတင့္ ျဖစ္ၾကေတာ့တာပါပဲ။
ေက်ာ္ပုဂံ သို့မဟုတ္ အေက်ာ္ ဟာ ေတာင္ငူ
အင္ပါယာ ျမန္မာႏိုင္ငံေတာ္ အရွင္သခင္ ဘုရင့္
ေနာင္ မင္းတရားႀကီးလက္ထက္က သိမ္းပိုက္ခံ
နယ္ေျမ တိုင္းျပည္ တစ္ခုျဖစ္ပါတယ္။အနိစၥေရာက္
ယြန္းႀကီးမင္းရဲ႕ အမည္ဟာ "က်ားလံု"ျဖစ္ျပီး၊
သူ့ကိုဆက္ခံတဲ႔ သားေတာ္ ဘုရင္က "မင္မန္း" ပါ။)
ယြန္းႀကီးသံေတြဟာ ျမန္မာႏိုင္ငံကို အလြယ္တကူ
လာေရာက္ခဲ့ရတာေတာ့ မဟုတ္ပါဘူး။ အေနာက္
ကုန္းလမ္းခရီးကို ဘန္ေကာက္သားေတြ ပိတ္ဆို့
ထားတာေၾကာင့္ ပင္လယ္လမ္းခရီးကေန
ကုန္သည္ အေယာင္ေဆာင္ျပီး လာေရာက္ခဲ႔ၾက
ရတာျဖစ္ပါတယ္။ ယြန္းႀကီးမင္း ေနျပည္ေတာ္
ကေန မုတၱမဆိပ္ကမ္း ေရာက္တဲ႔အထိ ၇ လေက်ာ္
ၾကာျမင့္ေအာင္ ပင္လယ္ခရီး ႏွင့္ခဲ႔ရတာပါ။
သံတမန္ေတြအျဖစ္နဲ႔ လာေရာက္ခဲ႔ရင္ အႏၲရာယ္
ရွိတာေၾကာင့္ ကုန္သည္မ်ားအျဖစ္ သေဘၤာေတြ
ေပၚမွာ ေရာင္းဝယ္ေဖာက္ကားစရာ ကုန္ပစၥည္း
မ်ား တင္ေဆာင္ျပီး လာခဲ႔ၾကရသလို လမ္းခရီး
မွာလည္း အခ်ိန္ၾကာျမင့္စြာ ရပ္နားေနခဲ႔ၾကရပါ
တယ္။ ယြန္းႀကီးသံေတြဟာ မလကၠာေရလက္
ၾကားကေန ပီေလာပီနံ(မေလးရွား ပီနန္)၊ ၎မွ
တဆင့္ တနသၤာရီ၊ မုတၱမ အထိေရာက္ေအာင္
ခရီးႏွင္ခဲ႔ၾကရတာျဖစ္ျပီး လမ္းခရီးမွာ ကုန္ပစၥည္း
ေရာင္းခ်ရတဲ႔ေငြေၾကးေတြနဲ႔ လက္နက္ေတြ
ဝယ္ယူျပီး ယြန္းႀကီးႏိုင္ငံကို သေဘၤာနဲ႔ ျပန္ပို့
ခဲ႔ပါေသးတယ္။ ပီေလာပီနံ ဆိပ္ကမ္းမွာ ထားဝယ္
က ငွက္သိုက္ေတြကို ေရာင္းဝယ္ေဖာက္ကားတဲ႔ တရုတ္ေတြရဲ႕ အကူအညီနဲ႔ ဘရင္ဂ်ီစကားျပန္၊
သေဘၤာသူႀကီး စတာေတြကို အဆက္အသြယ္
ရရွိျပီးတဲ႔ေနာက္ ပီေလာပီနံ ကေန ျမန္မာႏိုင္ငံ
ထားဝယ္ သေဘၤာဆိပ္၊ အဲဒီကေနမွ မုတၱမ သေဘာၤဆိပ္အထိ ေရာက္လာခဲ႔တာပါ။
မုတၱမဆိပ္ ေရာက္လာတဲ႔အခါ ျမန္မာတပ္ေတြက
ေခၚယူစစ္ေဆးေမးျမန္းျပီးတဲ႔ေနာက္ ယြန္းႀကီး
ျပည္က သံတမန္ေတြ ျဖစ္ေၾကာင္း ေသခ်ာတဲ႔
အတြက္ ဘႀကီးေတာ္မင္းရွိရာ အမရပူရကို
ေခၚယူပို့ေဆာင္ျခင္းခံရပါတယ္။ ယြန္းႀကီး သံ
ေတြဟာ မုတၱမဆိပ္ကမ္းမွာ ျမန္မာတပ္ေတြရဲ႕ စစ္ေဆးေမးျမန္းမႈကို ခံၾကရရာမွာ ယြန္းႀကီးမင္း
ေနျပည္ေတာ္ျဖစ္တဲ႔ ေဝွ႕ၿမိဳ႕ရဲ႕ ေျမပံုကိုပါ ဆြဲျပၾက
ရတယ္ ဆိုပါတယ္။ ဒီအခ်က္ကလည္း ျမန္မာ
ေတြရဲ႕ ေစ့စပ္ေသခ်ာမႈနဲ႔ ယြန္းႀကီးမင္း ေနျပည္
ေတာ္ ေဝွ႕ၿမိဳ႕ ဘယ္လို ပံုသ႑ာန္ အေနအထား
ရွိေၾကာင္း ျမန္မာေတြ ေကာင္းေကာင္းႀကီး
သိရွိထားတယ္ဆိုတာကို ေပၚလြင္ ေနတာပါပဲ။
[အဲဒီ အခ်က္ကလည္း ျမန္မာေတြကမ႓ာ့ဗဟုသုတနဲ႔
ေဝးကြာတယ္ဆိုတဲ႔ ေပါက္ပန္းေစ်း ကေလကဝ
ေတြရဲ႕ အပုတ္ခ်လိုစိတ္ႀကီးမားစြာ ထင္ရာျမင္ရာ
ရမ္းသန္းေျပာဆိုခဲ႔တာေတြဟာ ၎ေျပာဆိုသူ
ေတြအေနနဲ႔ အေလနေတာ အဆင့္ေလာက္သာ
ရွိေၾကာင္း ျပန္လည္ေခ်ပေနတဲ႔ အခ်က္ပါပဲ။
အဲဒီလို ေျပာဆိုမႈထဲမွာ ဤမွတ္တမ္းေဖာ္ျပသူက
(လံုးဝ) အထင္ႀကီးျခင္း ေလးစားျခင္း အသိအမွတ္
ျပဳျခင္းမရွိတဲ႔ လုစ္၏ အလိုက် စာတမ္းေျပာင္းေရး
ၿပီး အဂၤလိပ္ေပးတဲ႔  ဒီ.အာရ္ဘြဲ႕ရသူ၊ အခ်ိန္ကာလ
တစ္ခု၌ ျမန္မာ့သမိုင္းကို လုစ္ အလိုက် အကန္
ေတြး၊ အဖ်က္ေရးသူ နာမည္ေက်ာ္ ပုဂၢိဳလ္တစ္ဦး
ဟာလည္း အထင္အရွား ပါဝင္ခဲ႔ပါတယ္။
၎အေနနဲ႔ ၎ ေတာက္ၾကြားစဥ္ကာလ ကတည္း
ထဲက ရွိခဲ႔တဲ႔ အေထာက္အထားေတြကို မေဖာ္
ထုတ္ခဲ႔ဘဲ အမ်ားျပည္သူ က်ယ္ျပန့္စြာ ေလ့လာ
ႏိုင္မႈ မရွိေသးတဲ႔ ကာလကို အခြင့္ေကာင္းယူျပီး
မဟုတ္တမ္းတရားေတြ ဝါဒ ျဖန့္ျဖဴးခဲ႔တာပါ။
လက္ရွိ ကိုးကားေရးသားေနတဲ႔ အေထာက္အထား
ေတြဟာ ယခုေခတ္မွ ေပါက္ေပါက္ ေတြ႔ရွိလာတာ
မဟုတ္ဘဲ ၎လက္ထက္မတိုင္မီကတည္းက
ရွိႏွင့္ျပီးသား အေထာက္အထားေတြျဖစ္ျပီး
၎အေနနဲ႔ ထိန္ခ်န္ ဖံုးကြယ္ ေဖာ္ျပျခင္း မရွိခဲ႔
တာက သမိုင္းအေပၚ သစၥာေဖာက္ခဲ႔သလို
လုစ္ တပည့္ ျပီသေၾကာင္း ျပသခဲ႔တာလည္း
ျဖစ္ပါတယ္။]
ယြန္းႀကီးသံေတြရဲ႕ အဆိုအရ ယြန္းႀကီးျပည္ဟာ
ေတာင္ငူေခတ္ ဟံသာဝတီေနျပည္ေတာ္မွာ
ထီးနန္းစိုက္ထူျပီး ကမ႓ာက အံ႔ၾသဘနန္း ခ်ီးမြမ္းခန္း
ဖြင့္ၾကရတဲ႔ ဆင္ျဖဴရွင္ ဘုရင့္ေနာင္မင္းတရားႀကီး
လက္ေတာ္ အခါက ေတာင္ငူအင္ပါယာ ျမန္မာ
ႏိုင္ငံေတာ္ အရွင္သခင္ဆီကို လက္ေဆာင္မ်ား
ဆက္ခဲ႔ရဖူးေၾကာင္း ပါဝင္ပါတယ္။
ဒီအခ်က္ အေထာက္အထားက ဘုရင့္ေနာင္
မင္းတရားႀကီးရဲ႕ ဘုန္းတန္ခိုးၾသဇာ အာဏာဟာ
ကိုခ်င္ခ်ိဳင္းနားအထိ ပ်ံ႕ႏွံ့ ေတာက္ၾကြားခဲ႔တယ္
ဆိုတာ လြန္က်ဴးစြာခ်ဲ႕ကားျခင္း မဟုတ္ေၾကာင္း
သိရမွာျဖစ္သလို ေတာင္ငူအင္ပါယာ ျမန္မာႏိုင္ငံ
ေတာ္ရဲ႕ အက်ယ္အဝန္းနဲ႔ ၾသဇာခံနယ္ေျမေဒသ
ဟာ အေရွ႕ေတာင္အာရွေဒသ တစ္ခုလံုးေလာက္
အလြန္ႀကီးမား က်ယ္ျပန့္ခဲ႔တယ္ဆိုတာ ေထာက္ခံ
ေပးေနတဲ႔ အခ်က္ျဖစ္သလို ျမန္မာကို မလိုသူေတြ
က မည္သို့ပင္ တိုက္ခိုက္ပုတ္ခတ္ ေစာ္ကား ရံႈ႕ခ်
ေစကာမူ ပ်က္ျပယ္မသြားမယ့္ အရွိသမိုင္း အေထာက္အထားမ်ားလည္းျဖစ္ပါတယ္။
ယြန္းႀကီးသံေတြဟာ ျမန္မာသကရစ္(သကၠရာဇ္)
၁၁၈၄ ခု၊ AD 1822 ခုႏွစ္ ျမန္မာႏိုင္ငံ ျပည့္ရွင္မင္း
ဘႀကီးေတာ္မင္းတရား လက္ထက္မွာ အမရပူရ
ကို ေရာက္ရွိလာခဲ႔ပါတယ္။ လာေရာက္ရတဲ႔
အေၾကာင္းအရင္းက ေနထြက္ဘုရင္ရဲ႕ ေရႊဘုန္း
ေတာ္ကို ခိုလံႈဖိူ့နဲ႔ စစ္ေရးအကူအညီ ေတာင္းခံ
ဖို႔ပဲျဖစ္ပါတယ္။
ပံုစာ -
ဘိုးေတာ္ဘုရားလက္ထက္က ေရာက္ရွွိလာေသာ
ယြန္းႀကီး သံမ်ားႏွင့္ ၎ သံမ်ား၏ ပြဲတက္
အခမ္းအနား ဝတ္စား ဆင္ယင္မႈ။
photo credit to original source.
………………………………………………………။
(အပိုင္း ၃) ဆက္ရန္ -

…………………………………………………………

"ယွန်းကြီး"
(အပိုင်း ၂)
………………………………………………………။
ယွန်းကြီးသံတွေဟာ ဘကြီးတော်လက်ထက်မှ
သာလျှင် မြန်မာဘုရင်ဆီ အခစား ရောက်ခဲ့ကြ
တာ မဟုတ်ဘဲ ဘိုးတော်ဘုရား လက်ထက်တုန်း
ကတည်းက အရောက်အပေါက် အဆက်အသွယ်
ရှိခဲ့တာလည်း ဖြစ်ပါတယ်။ (အဲဒီကာလ မတိုင်မီ
ဘန်ကောက်ဟာ လူရာဝင်တဲ့ အနေအထားမှာ
မရှိသေးပေမယ့် ဘိုးတော်ဘုရားလက်ထက်
ဘန်ကောက်ကို စစ်တိုက်တာမှာ ရှုံးပြီး ပြန်လာ
ခဲ့ရာကနေ စပြီး ဘန်ကောက်ဟာ မြန်မာစစ်ကို
ခုခံတွန်းလှန်နိုင်တာကြောင့် ၎င်းဘက် ဒေသ
ဆီမှာ ဘုန်းမီးနေလတောက်ပနေတဲ့ မြန်မာကို
ခုခံနိုင်သူအဖြစ် နာမည်ထွက်လာခဲ့ပါတယ်။
ဒီလို အနေအထား ရှိလာတဲ့ ဘန်ကောက်
ဟာ အနီးပတ်ဝန်းကျင် နယ်မြေဒေသတွေကို
တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အနေအထား အထိ
တော့ ရှိမလာသေးပါဘူး။ ၎င်းတို့ရဲ့ ထုံးစံအတိုင်း
အခြားနိုင်ငံက နန်းတွင်းရေးရှုပ်ထွေးချိန်နဲ့
တိုင်းပြည်ပြိုကွဲချိန်ကိုသာ တောခွေးအတွေလို
စောင့်ဆိုင်းနေတာပါ။ ဒါပေမယ့် ယွန်းကြီးတွေက
တော့ အဲဒီကာလမှာ (ယခုအခေါ်)ကမ္ဘောဒီးယား
နယ်မြေဒေသ အစိတ်အပိုင်း အားလုံး နီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားပြီးနေပြီ ဖြစ်ပါတယ်။ အဲဒီလို တိုက်ခိုက်သိမ်းပိုက်မှုကြောင့် မဲခေါင်မြစ်ဝ
က မြို့တစ်မြို့ကို အကြောင်းပြုပြီး အနောက်ဘက်
ကို နယ်ချဲ့ သိမ်းပိုက်လာတဲ့ ယွန်းကြီးတွေနဲ့ အင်အားစုဆောင်းရင်း အခြေအနေစောင့်ကြည့်နေ
တဲ့ ဘန်ကောက်သားတွေ ထိပ်တိုက်တွေ့ပြီး ပြဿနာဖြစ်ပွားလာခဲ့ရတော့တာပါ။ အဲဒီကာလမှာ ပြင်သစ်၊ အင်္ဂလိပ်နဲ့၊ ပေါ်တူဂီ (ပင်လယ်ဓားပြတပ်
များနဲ့) စစ်တပ်တွေဟာလည်း ၎င်းနယ်မြေဒေသ
များမှာ အခြေစိုက်နေကြပြီး တစ်ဦးထက် တစ်ဦးက အလျင် အမြန် နယ်မြေသိမ်းပိုက်ရေး အကွက်ချနေ
ကြချိန် နိုင်ငံရေး အလွန်ရှုပ်ထွေးနေတဲ့ ကာလ
လည်းဖြစ်ပါတယ်။ ပြင်သစ်၊ အင်္ဂလိပ်နဲ့၊ပေါ်တူဂီတို့
ဟာ သာမယ်ထင်တဲ့ဘက်ကို အကူအညီတွေပေး
နေ၊ စစ်ပွဲတွေဖြစ်ပွားအောင်လည်း ဖန်တီးပေးနေ
တာလည်းဖြစ်ပါတယ်။ ဘကြီးတော် လက်ထက်မှာ အနိစ္စရောက် ယွန်းကြီးမင်းက ဘန်ကောက် မြောက်ဘက်က ကျော်ပုဂံကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားရာကနေ အရှိန်အစော်တက်လာတဲ့ ဘန်ကောက်နဲ့ တွေ့ပြီး ယွန်းကြီးနဲ့ ဘန်ကောက်
မသင့်မတင့် ဖြစ်ကြတော့တာပါပဲ။
ကျော်ပုဂံ သို့မဟုတ် အကျော် ဟာ တောင်ငူ
အင်ပါယာ မြန်မာနိုင်ငံတော် အရှင်သခင် ဘုရင့်
နောင် မင်းတရားကြီးလက်ထက်က သိမ်းပိုက်ခံ
နယ်မြေ တိုင်းပြည် တစ်ခုဖြစ်ပါတယ်။အနိစ္စရောက်
ယွန်းကြီးမင်းရဲ့ အမည်ဟာ "ကျားလုံ"ဖြစ်ပြီး၊
သူ့ကိုဆက်ခံတဲ့ သားတော် ဘုရင်က "မင်မန်း" ပါ။)
ယွန်းကြီးသံတွေဟာ မြန်မာနိုင်ငံကို အလွယ်တကူ
လာရောက်ခဲ့ရတာတော့ မဟုတ်ပါဘူး။ အနောက်
ကုန်းလမ်းခရီးကို ဘန်ကောက်သားတွေ ပိတ်ဆို့
ထားတာကြောင့် ပင်လယ်လမ်းခရီးကနေ
ကုန်သည် အယောင်ဆောင်ပြီး လာရောက်ခဲ့ကြ
ရတာဖြစ်ပါတယ်။ ယွန်းကြီးမင်း နေပြည်တော်
ကနေ မုတ္တမဆိပ်ကမ်း ရောက်တဲ့အထိ ၇ လကျော်
ကြာမြင့်အောင် ပင်လယ်ခရီး နှင့်ခဲ့ရတာပါ။
သံတမန်တွေအဖြစ်နဲ့ လာရောက်ခဲ့ရင် အန္တရာယ်
ရှိတာကြောင့် ကုန်သည်များအဖြစ် သငေ်္ဘာတွေ
ပေါ်မှာ ရောင်းဝယ်ဖောက်ကားစရာ ကုန်ပစ္စည်း
များ တင်ဆောင်ပြီး လာခဲ့ကြရသလို လမ်းခရီး
မှာလည်း အချိန်ကြာမြင့်စွာ ရပ်နားနေခဲ့ကြရပါ
တယ်။ ယွန်းကြီးသံတွေဟာ မလက္ကာရေလက်
ကြားကနေ ပီလောပီနံ(မလေးရှား ပီနန်)၊ ၎င်းမှ
တဆင့် တနင်္သာရီ၊ မုတ္တမ အထိရောက်အောင်
ခရီးနှင်ခဲ့ကြရတာဖြစ်ပြီး လမ်းခရီးမှာ ကုန်ပစ္စည်း
ရောင်းချရတဲ့ငွေကြေးတွေနဲ့ လက်နက်တွေ
ဝယ်ယူပြီး ယွန်းကြီးနိုင်ငံကို သငေ်္ဘာနဲ့ ပြန်ပို့
ခဲ့ပါသေးတယ်။ ပီလောပီနံ ဆိပ်ကမ်းမှာ ထားဝယ်
က ငှက်သိုက်တွေကို ရောင်းဝယ်ဖောက်ကားတဲ့ တရုတ်တွေရဲ့ အကူအညီနဲ့ ဘရင်ဂျီစကားပြန်၊
သငေ်္ဘာသူကြီး စတာတွေကို အဆက်အသွယ်
ရရှိပြီးတဲ့နောက် ပီလောပီနံ ကနေ မြန်မာနိုင်ငံ
ထားဝယ် သငေ်္ဘာဆိပ်၊ အဲဒီကနေမှ မုတ္တမ သဘောၤဆိပ်အထိ ရောက်လာခဲ့တာပါ။
မုတ္တမဆိပ် ရောက်လာတဲ့အခါ မြန်မာတပ်တွေက
ခေါ်ယူစစ်ဆေးမေးမြန်းပြီးတဲ့နောက် ယွန်းကြီး
ပြည်က သံတမန်တွေ ဖြစ်ကြောင်း သေချာတဲ့
အတွက် ဘကြီးတော်မင်းရှိရာ အမရပူရကို
ခေါ်ယူပို့ဆောင်ခြင်းခံရပါတယ်။ ယွန်းကြီး သံ
တွေဟာ မုတ္တမဆိပ်ကမ်းမှာ မြန်မာတပ်တွေရဲ့ စစ်ဆေးမေးမြန်းမှုကို ခံကြရရာမှာ ယွန်းကြီးမင်း
နေပြည်တော်ဖြစ်တဲ့ ဝှေ့မြို့ရဲ့ မြေပုံကိုပါ ဆွဲပြကြ
ရတယ် ဆိုပါတယ်။ ဒီအချက်ကလည်း မြန်မာ
တွေရဲ့ စေ့စပ်သေချာမှုနဲ့ ယွန်းကြီးမင်း နေပြည်
တော် ဝှေ့မြို့ ဘယ်လို ပုံသဏ္ဍာန် အနေအထား
ရှိကြောင်း မြန်မာတွေ ကောင်းကောင်းကြီး
သိရှိထားတယ်ဆိုတာကို ပေါ်လွင် နေတာပါပဲ။
[အဲဒီ အချက်ကလည်း မြန်မာတွေကမ္ဘာ့ဗဟုသုတနဲ့
ဝေးကွာတယ်ဆိုတဲ့ ပေါက်ပန်းဈေး ကလေကဝ
တွေရဲ့ အပုတ်ချလိုစိတ်ကြီးမားစွာ ထင်ရာမြင်ရာ
ရမ်းသန်းပြောဆိုခဲ့တာတွေဟာ ၎င်းပြောဆိုသူ
တွေအနေနဲ့ အလေနတော အဆင့်လောက်သာ
ရှိကြောင်း ပြန်လည်ချေပနေတဲ့ အချက်ပါပဲ။
အဲဒီလို ပြောဆိုမှုထဲမှာ ဤမှတ်တမ်းဖော်ပြသူက
(လုံးဝ) အထင်ကြီးခြင်း လေးစားခြင်း အသိအမှတ်
ပြုခြင်းမရှိတဲ့ လုစ်၏ အလိုကျ စာတမ်းပြောင်းရေး
ပြီး အင်္ဂလိပ်ပေးတဲ့  ဒီ.အာရ်ဘွဲ့ရသူ၊ အချိန်ကာလ
တစ်ခု၌ မြန်မာ့သမိုင်းကို လုစ် အလိုကျ အကန်
တွေး၊ အဖျက်ရေးသူ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦး
ဟာလည်း အထင်အရှား ပါဝင်ခဲ့ပါတယ်။
၎င်းအနေနဲ့ ၎င်း တောက်ကြွားစဉ်ကာလ ကတည်း
ထဲက ရှိခဲ့တဲ့ အထောက်အထားတွေကို မဖော်
ထုတ်ခဲ့ဘဲ အများပြည်သူ ကျယ်ပြန့်စွာ လေ့လာ
နိုင်မှု မရှိသေးတဲ့ ကာလကို အခွင့်ကောင်းယူပြီး
မဟုတ်တမ်းတရားတွေ ဝါဒ ဖြန့်ဖြူးခဲ့တာပါ။
လက်ရှိ ကိုးကားရေးသားနေတဲ့ အထောက်အထား
တွေဟာ ယခုခေတ်မှ ပေါက်ပေါက် တွေ့ရှိလာတာ
မဟုတ်ဘဲ ၎င်းလက်ထက်မတိုင်မီကတည်းက
ရှိနှင့်ပြီးသား အထောက်အထားတွေဖြစ်ပြီး
၎င်းအနေနဲ့ ထိန်ချန် ဖုံးကွယ် ဖော်ပြခြင်း မရှိခဲ့
တာက သမိုင်းအပေါ် သစ္စာဖောက်ခဲ့သလို
လုစ် တပည့် ပြီသကြောင်း ပြသခဲ့တာလည်း
ဖြစ်ပါတယ်။]
ယွန်းကြီးသံတွေရဲ့ အဆိုအရ ယွန်းကြီးပြည်ဟာ
တောင်ငူခေတ် ဟံသာဝတီနေပြည်တော်မှာ
ထီးနန်းစိုက်ထူပြီး ကမ္ဘာက အံ့သြဘနန်း ချီးမွမ်းခန်း
ဖွင့်ကြရတဲ့ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီး
လက်တော် အခါက တောင်ငူအင်ပါယာ မြန်မာ
နိုင်ငံတော် အရှင်သခင်ဆီကို လက်ဆောင်များ
ဆက်ခဲ့ရဖူးကြောင်း ပါဝင်ပါတယ်။
ဒီအချက် အထောက်အထားက ဘုရင့်နောင်
မင်းတရားကြီးရဲ့ ဘုန်းတန်ခိုးသြဇာ အာဏာဟာ
ကိုချင်ချိုင်းနားအထိ ပျံ့နှံ့ တောက်ကြွားခဲ့တယ်
ဆိုတာ လွန်ကျူးစွာချဲ့ကားခြင်း မဟုတ်ကြောင်း
သိရမှာဖြစ်သလို တောင်ငူအင်ပါယာ မြန်မာနိုင်ငံ
တော်ရဲ့ အကျယ်အဝန်းနဲ့ သြဇာခံနယ်မြေဒေသ
ဟာ အရှေ့တောင်အာရှဒေသ တစ်ခုလုံးလောက်
အလွန်ကြီးမား ကျယ်ပြန့်ခဲ့တယ်ဆိုတာ ထောက်ခံ
ပေးနေတဲ့ အချက်ဖြစ်သလို မြန်မာကို မလိုသူတွေ
က မည်သို့ပင် တိုက်ခိုက်ပုတ်ခတ် စော်ကား ရှုံ့ချ
စေကာမူ ပျက်ပြယ်မသွားမယ့် အရှိသမိုင်း အထောက်အထားများလည်းဖြစ်ပါတယ်။
ယွန်းကြီးသံတွေဟာ မြန်မာသကရစ်(သက္ကရာဇ်)
၁၁၈၄ ခု၊ AD 1822 ခုနှစ် မြန်မာနိုင်ငံ ပြည့်ရှင်မင်း
ဘကြီးတော်မင်းတရား လက်ထက်မှာ အမရပူရ
ကို ရောက်ရှိလာခဲ့ပါတယ်။ လာရောက်ရတဲ့
အကြောင်းအရင်းက နေထွက်ဘုရင်ရဲ့ ရွှေဘုန်း
တော်ကို ခိုလှုံဖိူ့နဲ့ စစ်ရေးအကူအညီ တောင်းခံ
ဖို့ပဲဖြစ်ပါတယ်။
ပုံစာ -
ဘိုးတော်ဘုရားလက်ထက်က ရောက်ရှှိလာသော
ယွန်းကြီး သံများနှင့် ၎င်း သံများ၏ ပွဲတက်
အခမ်းအနား ဝတ်စား ဆင်ယင်မှု။
photo credit to original source.
………………………………………………………။
(အပိုင်း ၃) ဆက်ရန် -
"ယြန္းႀကီး"
(အပိုင္း ၁)
………………………။


အခ်ိန္ကာလအားျဖင့္ ျမန္မာသကရစ္(သကၠရာဇ္)
၁၁၈၄ ခု၊ AD 1822 ခုႏွစ္ ျမန္မာႏိုင္ငံ ျပည့္ရွင္မင္း
ဘႀကီးေတာ္မင္းတရား လက္ထက္မွာ ယြန္းႀကီး
သံေတြ ျမန္မာႏိုင္ငံကို ေရာက္လာခဲ႔ပါတယ္။
(အဲဒီကာလဟာ အဂၤလိပ္က ျမန္မာကို စစ္ျပဳ
မက်ဴးေက်ာ္မီ ၂ ႏွစ္ အလိုမွာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံဟာ အဲဒီကာလမွာ အိႏၵိယကို အလြယ္
တကူ သိမ္းပိုက္ထားတဲ႔ အဂၤလိပ္နဲ႔ ဆက္ဆံေရး
အဆင္မေျပျဖစ္ေနျပီး အဂၤလိပ္ေတြဟာ
ျမန္မာႏိုင္ငံကို စစ္တိုက္ဖို့ အေျခအေနရွိေၾကာင္း
ျမန္မာေတြရိပ္စားမိေနသလို အဂၤလိပ္ေတြကလည္း
အေရွ႕ေတာင္အာရွရဲ႕ နာမည္ႀကီး ျမန္မာကို
စစ္တိုက္ဖို့ ခ်ိန္ဆတြက္ခ်က္ေနခ်ိန္၊ စစ္ပြဲဆင္ႏႊဲ
ဖို့ရာ အေၾကာင္းရွာေနခ်ိန္ျဖစ္ျပီး အာဏာရလိုသူ
ရခိုင္ေဒသသားေတြကို ျမန္မာဘက္က မပါဝင္ဖို့
စည္းရံုးသိမ္းသြင္းေနခ်ိန္ျဖစ္ျပီး၊ ရခိုင္ထီးနန္းကို
အဆံုးသတ္ေပးလိုက္တဲ႔ ဘိုးေတာ္ဘုရားကို
ေမွာ္ဆရာေမာင္ဝိုင္းလို့ ရင့္သီးရိုင္းပ်စြာ ေခၚေဝၚတဲ႔
သီးျခားႏိုင္ငံေတာ္ထူေထာင္လိုသူ ျမန္မာမုန္းတီး
ေရးလႈပ္ရွားသူ ရခိုင္သူပုန္မ်ားဟာ အဂၤလိပ္နဲ႔
ျမန္မာ လ်င္ျမန္စြာ စစ္ပြဲဆင္ႏႊဲၿပီး၊ ျမန္မာေတြ
အဂၤလိပ္ကို စစ္ရံႈးခ်ိန္မွာ အဂၤလိပ္သခင္ႀကီးေတြက
ျမန္မာမုန္းတီးေရးသမား ရခိုင္သူပုန္ေခါင္းေဆာင္
ေတြကို ေျမာက္ဦးမွာ ဘုရင္အျဖစ္ ခ်ီးေျမွာက္ ခန့္
ထားမွာျဖစ္တယ္ဆိုတဲ႔ အေတြးတိမ္ေတြ ေတြးထား
တာေၾကာင့္ ျမန္မာနဲ႔အဂၤလိပ္ အလ်င္အျမန္ စစ္ျဖစ္
ျပီး ျမန္မာေတြ အလ်င္အျမန္စစ္ရံႈးေစလိုေနတဲ႔
ေသာကေတြနဲ႔ အဂၤလိပ္သခင္ႀကီးေတြက ခ်ီးျမွင့္
တဲ႔ ေျမာက္ဦးဘုရင္ခံဘြဲ႕ကို အလြန္လိုလား
ေတာင့္တ ပိုင္ဆိုင္ေနခ်င္တဲ႔၊ ပေဒသရာဇ္ အလို
ဆႏၵေတြ ထန္းမႏိုင္သိမ္းမရ ျဖစ္ေနတဲ႔ ရခိုင္က အဂၤလိပ္ အလိုေတာ္ရိ ရခိုင္သူပုန္ ျမန္မာမုန္းတီး
ေရးနဲ႔ မဟာရခိုင္လူမ်ိဳးေရး လႈပ္ရွားသူေတြဟာ
ႏိုင္ငံေတာ္ကို ကာကြယ္ဖို့ ျမန္မာတပ္ေတြ ေရာက္ရွိ
လာတာကို မကူညီတဲ႔အျပင္ အဂၤလိပ္ သခင္ႀကီး
မ်ား အလိုက် ျမန္မာတပ္ေတြကို ၎တို့ စြမ္းႏိုင္
တတ္ႏိုင္သေလာက္ အေႏွာင့္အယွက္ေတြ ေပးခဲ႔
ၾကပါတယ္။ အဂၤလိပ္ ျမန္မာ ပထမ စစ္ပြဲ အျပီးမွာ
၎ ျမန္မာမုန္းတီးေရးနဲ႔ ရခိုင္ပေဒသရာဇ္ႏိုင္ငံ
ထူေထာင္ေရးအေၾကာင္းျပ ကိုယ္က်ိဳးရွာ ဘုရင္ခံ
ျဖစ္လိုသူမ်ားဟာ ၎တို့ အထင္ႀကီးခစားတဲ႔
အဂၤလိပ္သခင္ႀကီးေတြရဲ႕ မ်က္ႏွာသာေပးမႈကို
မခံရတဲ႔အျပင္ အဂၤလိပ္အကူအညီနဲ႔ ေျမာက္ဦးမွာ
နန္းထိုင္ဖို့ စဥ္းစားထားသမ်ွ အိပ္မက္ဟာလည္း
ေလထဲက ဖုန္မႈန့္လို လြင့္ပါးေပ်ာက္ကြယ္သြား
ရျပီး၊ အရင္ဆံုး အခြင့္ထူးမ်ားရေလမလားလို့
က်ြန္ေျပးခံသူ ခိုင္းေကာင္းလို့ေပးတဲ႔ ဆာဘြဲ႕ရ
မ်ားကို ယခုအထိ ဇာတိမာန္ ဇာတိေသြး ငယ္ထိပ္မွာ တက္ကပ္ေနသေယာင္ ေျပာဆို
ေနၾကတဲ႔ ရခိုင္ေဒသသားမ်ားဟာ သခင္အားရ က်ြန္ပါးဝ ဂုဏ္ယူေနၾကဆဲပါ။ အဂၤလိပ္ေတြဟာ
ရခိုင္ေဒသသားေတြက ထင္ျမင္သလို အခြင့္အေရး
ေတြ မေပးခဲ႔ရံုမ်ွမက စစ္ႏိုင္သူေတြရဲ႕ထံုးစံအတိုင္း
ရခိုင္ေဒသသားေတြကို ဆက္ဆံခဲ႔တာပါပဲ။
အဂၤလိပ္သခင္ႀကီးေတြက ငါတို့ကို ေျမာက္ဦးမွာ
နန္းတင္ေပးမွာပဲ ဆိုတဲ႔ လူမ်ိဳးေရး ေရွ႕တန္းတင္
မိမိသာလ်ွင္ေကာင္းစားေရး ရည္ရြယ္ခ်က္ေတြဟာ
ကစၧပနဒီျမစ္ထဲက လိႈင္းၾကက္ခြပ္ေတြေလာက္
ေတာင္လွပ အရာ မထင္ခဲ႔ေတာ့ပါဘူး။ က်ြန္စိတ္
ေပါက္ေနတဲ႔ အခ်ိဳ႕ျမန္မာေတြ မိမိအရွင္သခင္ ျမန္မာမင္းညံ့ သီေပါမင္းကို သစၥာခံျပီးခါမွ ပါေတာ္မူျပီးတာေတာင္ နန္းတြင္းမွာ အဂၤလိပ္ကို အခစားဝင္ျပီး အဂၤလိပ္ေပးတဲ႔ အေဆာင္အေယာင္ အျငိမ္းစားလစာ မ်က္ႏွာေျပာင္တိုက္ ခံစားတဲ႔ ကင္းဝန္မင္းႀကီးဦးေကာင္းကို ယခုအထိ အေကာင္း
ဘက္က ရႈျမင္ ေရးသား ေျပာဆိုေနသလိုပါပဲ။)
ျမန္မာဘုရင္ ဘႀကီးေတာ္ဆီကို ဘုန္းရိပ္ခိုလံူဖို့
ယြန္းႀကီးမင္းက ေစလႊတ္လိုက္တဲ႔ သံေတြ
ေရာက္လာရတဲ႔ အေၾကာင္းအရင္းက အခ်က္ ၂ ခုေၾကာင့္ပါ။ ၁ ခုက-ယြန္းႀကီးမင္းအနိစၥမေရာက္ခင္ ထီးနန္းဆက္ခံမယ့္ သူ့သားကို မွာၾကားခဲ႔တာ
ေၾကာင့္ပါ။ ဘႀကီးေတာ္လက္ထက္ ယြန္းႀကီးျပည္
ကို သံေစတာကို ကြယ္လြန္သူ ယြန္းႀကီးမင္း
သိေပမယ့္ သံေတြ ဘာေၾကာင့္ မေရာက္ရတာကို
သိခ်င္တာရယ္၊ ျမန္မာဘုရင္ ဘာကို အလိုရွိလို့
သံေစလႊတ္ရတယ္ဆိုတာသိခ်င္တာ အပါအဝင္၊
ျမန္မာဘုရင္ရဲ႕ ေရႊဘုန္းေတာ္ကို ခိုလံႈဖို့နဲ႔ ျမန္မာ
ဘုရင္ရဲ႕ ေရႊဘုန္းေတာ္ကို ခိုလႈံျခင္းအားျဖင့္
အက်ိဳးမ်ားဖြယ္ရာရွိေၾကာင္း ကြယ္လြန္သူ
ယြန္းႀကီးမင္းက ထီးနန္းဆက္ခံမယ့္ သူ့သားေတာ္
ကို မွာၾကားခဲ့တာက တစ္ခ်က္။
၂ ခုက-ယိုးဒယား(ဘန္ေကာက္သား)ေတြဟာ
ယြန္းႀကီးျပည္နဲ႔ မသင့္မျမတ္ရွိရာက ျမန္မာႏိုင္ငံနဲ႔
ယြန္းႀကီးျပည္ဆက္သြယ္ကူးသန္းရာ ကုန္းလမ္း
ခရီးကို ပိတ္ဆို့စစ္ျပဳေနတာအျပင္ ယြန္းႀကီးျပည္
ပိုင္နက္ေတြကိုပါ ထိပါးေစာ္ကား လာတာေၾကာင့္
၎ ယိုးဒယား(ဘန္ေကာက္သား)ေတြကို ႏွိမ္နင္း
ေပးဖို့အတြက္ အားကိုးတႀကီး စစ္ေရးဆိုင္ရာ အကူ
အညီ ေတာင္းခံလာၾကတာက တစ္ခ်က္ ျဖစ္ပါ
တယ္။ (ယိုးဒယား လို့ ေျပာရေပမယ့္ အဲဒီကာလ
ဟာ ယိုးဒယား မင္းဆက္ မဟုတ္ေတာ့ပါဘူး။
ဘန္ေကာက္သားလို့ေျပာရတာက အဲဒီကာလ
all thai ဆိုတဲ႔ အေနအထား မရွိေသးဘဲ ထိုင္း
ႏိုင္ငံအျဖစ္ ပံုေပၚေသးတဲ႔ အေျခအေန မဟုတ္
ပါဘူး။ ဒါ့အျပင္ အယုဒၶယ မင္းဆက္နဲ႔ ဘန္ေကာက္
မင္းဆက္ဟာ ဘာမ်ွ မဆိုင္ပါဘူး။ အယုဒၶယ
မင္းဆက္ဟာ အေလာင္းမင္းတရားႀကီးရဲ႕ ဒုတိယ
သားေတာ္ တရုတ္စစ္က်ဴးေက်ာ္စစ္ ၄ ႀကိမ္ကို
ေအာင္ျမင္စြာ ခုခံတိုက္ထုတ္ႏိုင္သူ ဆင္ျဖဴရွင္
မင္းတရားလက္ထက္မွာ အယုဒၶယျမိဳ႕ ေျမလွန္
ပစ္ခံရတာနဲ႔ အတူတူ လံုးဝ ဥႆံု ပ်က္သုဥ္းခဲ႔ၿပီ ျဖစ္ပါတယ္။ အယုဒၶယက ထြက္ေျပးသြားတဲ႔
ယိုးဒယား ဘုရင့္အမတ္ဟာ ဘန္ေကာက္မွာ
ဘုရင္လုပ္ထီးနန္းထူေထာင္တာေၾကာင့္ အယုဒၶယ
မင္းဆက္နဲ႔ ဘန္ေကာက္မင္းဆက္ဟာ တျခားနဲ႔
သပ္သပ္စီပါပဲ။ ယခု ထိုင္းေတြ နရဲစြမ္ကို ေရွ႕က
မင္းဆက္ျဖစ္သေယာင္ အထြတ္အျမတ္ထားေန
ေပမယ့္ နရဲစြမ္ရဲ႕ အယုဒၶယဟာ ျမန္မာဘုရင္ ဆင္ျဖဴရွင္မင္းတရားရဲ႕ လက္ခ်က္နဲ႔ မင္းဆက္ျပတ္
မင္းညြန့္တံုး နိဂံုးကမၸတ္ ျပီးဆံုးခဲ႔ၿပီျဖစ္ပါတယ္။
ယခု ဘန္ေကာက္မင္းဆက္ဟာ အယုဒၶယ မင္း
ဆက္နဲ႔ မည္သို့မ်ွ မသက္ဆိုင္တဲ႔ ျမန္မာေတြကို
ေၾကာက္လို့ ထြက္ေျပးသြားတဲ႔ ေခ်ာဖရာ့ခ်ကၠရီ
အမတ္ရဲ႕ အဆက္အႏြယ္ေတြသာ ျဖစ္ျပီး
ႀကီးက်ယ္ခမ္းနားတဲ႔ ရာဇဝင္သမိုင္းေၾကာင္း
အစဥ္အလာ ရွိခဲ့တာ မဟုတ္တဲ႔ သူရဲေဘာေၾကာင္
မင္းဆက္မ်ွသာပါ။ အကယ္၍မ်ား အယုဒၶဘုရင္
သာ ျမန္မာကို စစ္မရံႈးခဲ႔ရင္ ဘန္ေကာက္ကို ေနာက္ပါလူ ၅၀၀နဲ႔ ထြက္ေျပးသြားတဲ႔ အမတ္ဟာ
အေခ်ာင္ ထီးနန္းထူေထာင္ဖို့ ေနေနသာသာ
အသတ္ေတာင္ခံရဦးမွာပါ။)

ပံုစာ - အမရပူရရွိ ကုန္းေဘာင္ေခတ္
ျမန္မာဘုရင္ ဘႀကီးေတာ္မင္းတရား၏
အုတ္ဂူေတာ္။
photo source from wiki.
………………………………………………………။
ဆက္ရန္ -

…………………………………………………………

"ယွန်းကြီး"
(အပိုင်း ၁)
………………………။
အချိန်ကာလအားဖြင့် မြန်မာသကရစ်(သက္ကရာဇ်)
၁၁၈၄ ခု၊ AD 1822 ခုနှစ် မြန်မာနိုင်ငံ ပြည့်ရှင်မင်း
ဘကြီးတော်မင်းတရား လက်ထက်မှာ ယွန်းကြီး
သံတွေ မြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။
(အဲဒီကာလဟာ အင်္ဂလိပ်က မြန်မာကို စစ်ပြု
မကျူးကျော်မီ ၂ နှစ် အလိုမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အဲဒီကာလမှာ အိန္ဒိယကို အလွယ်
တကူ သိမ်းပိုက်ထားတဲ့ အင်္ဂလိပ်နဲ့ ဆက်ဆံရေး
အဆင်မပြေဖြစ်နေပြီး အင်္ဂလိပ်တွေဟာ
မြန်မာနိုင်ငံကို စစ်တိုက်ဖို့ အခြေအနေရှိကြောင်း
မြန်မာတွေရိပ်စားမိနေသလို အင်္ဂလိပ်တွေကလည်း
အရှေ့တောင်အာရှရဲ့ နာမည်ကြီး မြန်မာကို
စစ်တိုက်ဖို့ ချိန်ဆတွက်ချက်နေချိန်၊ စစ်ပွဲဆင်နွှဲ
ဖို့ရာ အကြောင်းရှာနေချိန်ဖြစ်ပြီး အာဏာရလိုသူ
ရခိုင်ဒေသသားတွေကို မြန်မာဘက်က မပါဝင်ဖို့
စည်းရုံးသိမ်းသွင်းနေချိန်ဖြစ်ပြီး၊ ရခိုင်ထီးနန်းကို
အဆုံးသတ်ပေးလိုက်တဲ့ ဘိုးတော်ဘုရားကို
မှော်ဆရာမောင်ဝိုင်းလို့ ရင့်သီးရိုင်းပျစွာ ခေါ်ဝေါ်တဲ့
သီးခြားနိုင်ငံတော်ထူထောင်လိုသူ မြန်မာမုန်းတီး
ရေးလှုပ်ရှားသူ ရခိုင်သူပုန်များဟာ အင်္ဂလိပ်နဲ့
မြန်မာ လျင်မြန်စွာ စစ်ပွဲဆင်နွှဲပြီး၊ မြန်မာတွေ
အင်္ဂလိပ်ကို စစ်ရှုံးချိန်မှာ အင်္ဂလိပ်သခင်ကြီးတွေက
မြန်မာမုန်းတီးရေးသမား ရခိုင်သူပုန်ခေါင်းဆောင်
တွေကို မြောက်ဦးမှာ ဘုရင်အဖြစ် ချီးမြှောက် ခန့်
ထားမှာဖြစ်တယ်ဆိုတဲ့ အတွေးတိမ်တွေ တွေးထား
တာကြောင့် မြန်မာနဲ့အင်္ဂလိပ် အလျင်အမြန် စစ်ဖြစ်
ပြီး မြန်မာတွေ အလျင်အမြန်စစ်ရှုံးစေလိုနေတဲ့
သောကတွေနဲ့ အင်္ဂလိပ်သခင်ကြီးတွေက ချီးမြှင့်
တဲ့ မြောက်ဦးဘုရင်ခံဘွဲ့ကို အလွန်လိုလား
တောင့်တ ပိုင်ဆိုင်နေချင်တဲ့၊ ပဒေသရာဇ် အလို
ဆန္ဒတွေ ထန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ ရခိုင်က အင်္ဂလိပ် အလိုတော်ရိ ရခိုင်သူပုန် မြန်မာမုန်းတီး
ရေးနဲ့ မဟာရခိုင်လူမျိုးရေး လှုပ်ရှားသူတွေဟာ
နိုင်ငံတော်ကို ကာကွယ်ဖို့ မြန်မာတပ်တွေ ရောက်ရှိ
လာတာကို မကူညီတဲ့အပြင် အင်္ဂလိပ် သခင်ကြီး
များ အလိုကျ မြန်မာတပ်တွေကို ၎င်းတို့ စွမ်းနိုင်
တတ်နိုင်သလောက် အနှောင့်အယှက်တွေ ပေးခဲ့
ကြပါတယ်။ အင်္ဂလိပ် မြန်မာ ပထမ စစ်ပွဲ အပြီးမှာ
၎င်း မြန်မာမုန်းတီးရေးနဲ့ ရခိုင်ပဒေသရာဇ်နိုင်ငံ
ထူထောင်ရေးအကြောင်းပြ ကိုယ်ကျိုးရှာ ဘုရင်ခံ
ဖြစ်လိုသူများဟာ ၎င်းတို့ အထင်ကြီးခစားတဲ့
အင်္ဂလိပ်သခင်ကြီးတွေရဲ့ မျက်နှာသာပေးမှုကို
မခံရတဲ့အပြင် အင်္ဂလိပ်အကူအညီနဲ့ မြောက်ဦးမှာ
နန်းထိုင်ဖို့ စဉ်းစားထားသမျှ အိပ်မက်ဟာလည်း
လေထဲက ဖုန်မှုန့်လို လွင့်ပါးပျောက်ကွယ်သွား
ရပြီး၊ အရင်ဆုံး အခွင့်ထူးများရလေမလားလို့
ကျွန်ပြေးခံသူ ခိုင်းကောင်းလို့ပေးတဲ့ ဆာဘွဲ့ရ
များကို ယခုအထိ ဇာတိမာန် ဇာတိသွေး ငယ်ထိပ်မှာ တက်ကပ်နေသယောင် ပြောဆို
နေကြတဲ့ ရခိုင်ဒေသသားများဟာ သခင်အားရ ကျွန်ပါးဝ ဂုဏ်ယူနေကြဆဲပါ။ အင်္ဂလိပ်တွေဟာ
ရခိုင်ဒေသသားတွေက ထင်မြင်သလို အခွင့်အရေး
တွေ မပေးခဲ့ရုံမျှမက စစ်နိုင်သူတွေရဲ့ထုံးစံအတိုင်း
ရခိုင်ဒေသသားတွေကို ဆက်ဆံခဲ့တာပါပဲ။
အင်္ဂလိပ်သခင်ကြီးတွေက ငါတို့ကို မြောက်ဦးမှာ
နန်းတင်ပေးမှာပဲ ဆိုတဲ့ လူမျိုးရေး ရှေ့တန်းတင်
မိမိသာလျှင်ကောင်းစားရေး ရည်ရွယ်ချက်တွေဟာ
ကစ္ဆပနဒီမြစ်ထဲက လှိုင်းကြက်ခွပ်တွေလောက်
တောင်လှပ အရာ မထင်ခဲ့တော့ပါဘူး။ ကျွန်စိတ်
ပေါက်နေတဲ့ အချို့မြန်မာတွေ မိမိအရှင်သခင် မြန်မာမင်းညံ့ သီပေါမင်းကို သစ္စာခံပြီးခါမှ ပါတော်မူပြီးတာတောင် နန်းတွင်းမှာ အင်္ဂလိပ်ကို အခစားဝင်ပြီး အင်္ဂလိပ်ပေးတဲ့ အဆောင်အယောင် အငြိမ်းစားလစာ မျက်နှာပြောင်တိုက် ခံစားတဲ့ ကင်းဝန်မင်းကြီးဦးကောင်းကို ယခုအထိ အကောင်း
ဘက်က ရှုမြင် ရေးသား ပြောဆိုနေသလိုပါပဲ။)
မြန်မာဘုရင် ဘကြီးတော်ဆီကို ဘုန်းရိပ်ခိုလူံဖို့
ယွန်းကြီးမင်းက စေလွှတ်လိုက်တဲ့ သံတွေ
ရောက်လာရတဲ့ အကြောင်းအရင်းက အချက် ၂ ခုကြောင့်ပါ။ ၁ ခုက-ယွန်းကြီးမင်းအနိစ္စမရောက်ခင် ထီးနန်းဆက်ခံမယ့် သူ့သားကို မှာကြားခဲ့တာ
ကြောင့်ပါ။ ဘကြီးတော်လက်ထက် ယွန်းကြီးပြည်
ကို သံစေတာကို ကွယ်လွန်သူ ယွန်းကြီးမင်း
သိပေမယ့် သံတွေ ဘာကြောင့် မရောက်ရတာကို
သိချင်တာရယ်၊ မြန်မာဘုရင် ဘာကို အလိုရှိလို့
သံစေလွှတ်ရတယ်ဆိုတာသိချင်တာ အပါအဝင်၊
မြန်မာဘုရင်ရဲ့ ရွှေဘုန်းတော်ကို ခိုလှုံဖို့နဲ့ မြန်မာ
ဘုရင်ရဲ့ ရွှေဘုန်းတော်ကို ခိုလှုံခြင်းအားဖြင့်
အကျိုးများဖွယ်ရာရှိကြောင်း ကွယ်လွန်သူ
ယွန်းကြီးမင်းက ထီးနန်းဆက်ခံမယ့် သူ့သားတော်
ကို မှာကြားခဲ့တာက တစ်ချက်။
၂ ခုက-ယိုးဒယား(ဘန်ကောက်သား)တွေဟာ
ယွန်းကြီးပြည်နဲ့ မသင့်မမြတ်ရှိရာက မြန်မာနိုင်ငံနဲ့
ယွန်းကြီးပြည်ဆက်သွယ်ကူးသန်းရာ ကုန်းလမ်း
ခရီးကို ပိတ်ဆို့စစ်ပြုနေတာအပြင် ယွန်းကြီးပြည်
ပိုင်နက်တွေကိုပါ ထိပါးစော်ကား လာတာကြောင့်
၎င်း ယိုးဒယား(ဘန်ကောက်သား)တွေကို နှိမ်နင်း
ပေးဖို့အတွက် အားကိုးတကြီး စစ်ရေးဆိုင်ရာ အကူ
အညီ တောင်းခံလာကြတာက တစ်ချက် ဖြစ်ပါ
တယ်။ (ယိုးဒယား လို့ ပြောရပေမယ့် အဲဒီကာလ
ဟာ ယိုးဒယား မင်းဆက် မဟုတ်တော့ပါဘူး။
ဘန်ကောက်သားလို့ပြောရတာက အဲဒီကာလ
all thai ဆိုတဲ့ အနေအထား မရှိသေးဘဲ ထိုင်း
နိုင်ငံအဖြစ် ပုံပေါ်သေးတဲ့ အခြေအနေ မဟုတ်
ပါဘူး။ ဒါ့အပြင် အယုဒ္ဓယ မင်းဆက်နဲ့ ဘန်ကောက်
မင်းဆက်ဟာ ဘာမျှ မဆိုင်ပါဘူး။ အယုဒ္ဓယ
မင်းဆက်ဟာ အလောင်းမင်းတရားကြီးရဲ့ ဒုတိယ
သားတော် တရုတ်စစ်ကျူးကျော်စစ် ၄ ကြိမ်ကို
အောင်မြင်စွာ ခုခံတိုက်ထုတ်နိုင်သူ ဆင်ဖြူရှင်
မင်းတရားလက်ထက်မှာ အယုဒ္ဓယမြို့ မြေလှန်
ပစ်ခံရတာနဲ့ အတူတူ လုံးဝ ဥဿုံ ပျက်သုဉ်းခဲ့ပြီ ဖြစ်ပါတယ်။ အယုဒ္ဓယက ထွက်ပြေးသွားတဲ့
ယိုးဒယား ဘုရင့်အမတ်ဟာ ဘန်ကောက်မှာ
ဘုရင်လုပ်ထီးနန်းထူထောင်တာကြောင့် အယုဒ္ဓယ
မင်းဆက်နဲ့ ဘန်ကောက်မင်းဆက်ဟာ တခြားနဲ့
သပ်သပ်စီပါပဲ။ ယခု ထိုင်းတွေ နရဲစွမ်ကို ရှေ့က
မင်းဆက်ဖြစ်သယောင် အထွတ်အမြတ်ထားနေ
ပေမယ့် နရဲစွမ်ရဲ့ အယုဒ္ဓယဟာ မြန်မာဘုရင် ဆင်ဖြူရှင်မင်းတရားရဲ့ လက်ချက်နဲ့ မင်းဆက်ပြတ်
မင်းညွန့်တုံး နိဂုံးကမ္ပတ် ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။
ယခု ဘန်ကောက်မင်းဆက်ဟာ အယုဒ္ဓယ မင်း
ဆက်နဲ့ မည်သို့မျှ မသက်ဆိုင်တဲ့ မြန်မာတွေကို
ကြောက်လို့ ထွက်ပြေးသွားတဲ့ ချောဖရာ့ချက္ကရီ
အမတ်ရဲ့ အဆက်အနွယ်တွေသာ ဖြစ်ပြီး
ကြီးကျယ်ခမ်းနားတဲ့ ရာဇဝင်သမိုင်းကြောင်း
အစဉ်အလာ ရှိခဲ့တာ မဟုတ်တဲ့ သူရဲဘောကြောင်
မင်းဆက်မျှသာပါ။ အကယ်၍များ အယုဒ္ဓဘုရင်
သာ မြန်မာကို စစ်မရှုံးခဲ့ရင် ဘန်ကောက်ကို နောက်ပါလူ ၅၀၀နဲ့ ထွက်ပြေးသွားတဲ့ အမတ်ဟာ
အချောင် ထီးနန်းထူထောင်ဖို့ နေနေသာသာ
အသတ်တောင်ခံရဦးမှာပါ။)

ပုံစာ - အမရပူရရှိ ကုန်းဘောင်ခေတ်
မြန်မာဘုရင် ဘကြီးတော်မင်းတရား၏
အုတ်ဂူတော်။
photo source from wiki.
………………………………………………………။
ဆက်ရန် -