"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၇)
……………………………………………။
ဖြစ်ပွားလေတော့သည်။
ချင်းလုံ၏ တပ်များသည် အင်အား ၅သောင်းခန့်ဖြင့်
ကျိုင်းတုံကို ဝန်းရံသည်တွင် ဆင်ဖြူရှင်မင်းအား
အထင်သေး၍ ချင်းလုံကို အထင်ကြီးသည့်
တရုတ်နှင့်မြန်မာနှစ်နိုင်ငံကြားခံဒေသအတွင်းက
စော်ဘွားများမှာ တရုတ်ဘက်က ပင်းကြသည်
ဖြစ်သည်ကြောင့် ကျိုင်းတုံသို့ တရုတ်တပ်ကြီး
အလွယ်တကူ ရောက်ရှိလာခဲ့လေသည်။
အယုဒ္ဓယကိုဝန်းရံထားဆဲကာလ၌ တရုတ်စစ်
ရောက်လာခြင်းကြောင့် တရုတ်တို့အား အရေး
တောင်း၍ တပ်ပြန်ဆုတ်စေရန် အတွက် ဆင်ဖြူ
ရှင်မင်းမြတ်၏ ခေါင်းထဲ၌ မရှိပါချေ။
မြန်မာ့မြေအား ကျူးကျော်စော်ကားလာသည့်
တရုတ်တို့အား အပြတ်နှိပ်ကွပ်ရန်သာ စီစဉ်
လိုက်ခြင်းဖြင့် စစ်မျက်နှာ ၂ ဘက် ဖွင့်လှစ်လိုက်
လေတော့သည်။ အယုဒ္ဓယကို ဝန်းရံထားသည်က
တစ်ဘက် တရုတ်တို့၏ ကျူးကျော်စစ်ကို ခုခံ
ရသည်က တစ်ဘက် ပုံစံမတူသော စစ်ပွဲ ၂ခုကို
ဆင်ဖြူရှင်သည် အင်းဝနန်းတော်မှနေ၍
အချိန်ပြည့် စံမံ ကွပ်ကဲနေသည် ဖြစ်၏။
ယိုးဒယား၌လည်း နေမျိုးသီဟပတေ့နှင့် မင်းခေါင်
နော်ရထာတို့ အယုဒ္ဓယကို ဝန်းရံပိတ်ဆို့ထား
ကြရာ၌ အုတ်ဖုတ်ပြီး အယုဒ္ဓယမြို့ကို ပတ်၍
မြို့ရိုးအမြင့် ၇ တောင်မှ ၁၅ တောင်/၁၈ တောင်
အထိရှိသော ပစ္စင်ပြအိုးများနှင့်တကွ အုတ်မြို့
၂၇ မြို့အခိုင်အခန့် တည်လုပ်ဝန်းရံထား၏။
မိုးကျသည်၌ ယိုးဒယားတို့က မြန်မာတို့ပြန်လေမည်
ဟု အထင်ရှိသော်လည်း မြန်မာတို့က မိုးမကျမီက
ပင် အုတ်ရိုက်၍ မြို့ပတ်တည်ခါ လယ်ယာ
လုပ်ငန်းများပင် လုပ်ကိုင်ဆောင်ရွက်ပြီး စိတ်အေး
လက်အေး ဆက်လက်ဝန်းရံနေသည်ကြောင့်
မြန်မာတို့အား ယိုးဒယားတို့က မြို့တွင်းမှ ထွက်၍
အကြိမ်ကြိမ်တိုက်ခိုက်သော်လည်း မအောင်မြင်
စစ်ရှုံးချက်နာ၍ ငတ်သည်မှာလည်း ဆန် ၄လုံးခန့်
အား လူ ၂၀ ခန့် ခွဲဝေစားသောက်နေရသည့်
အခြေအနေသို့ ဆိုက်ရောက်ငတ်မွတ်လျက်
ရှိရာ ယိုးဒယားဘုရင် ဧကာဒသ်သည် စစ်ပြေ
ငြိမ်းရန် ကမ်းလှမ်းလာခဲ့၏။ မြန်မာတို့က ထုံးစံနှင့်
အညီ မြန်မာဘုရင်အား ဆက်သ သင့်သည်များကို
ဆက်သလျှင် အရေးပြီးမည်ဖြစ်ပြီး မဆက်သဘဲ
တိုက်လိုက ၁၀ ဆ ၁ ဆ အကြောပေးတိုက်မည်ဟု
အကြောင်းပြန်လိုက်လေ၏။
မြန်မာတို့၏ အကြောင်းပြန်ချက်ကို ကြားရသည့်
ယိုးဒယားဘုရင် ဧကာဒသ်မှာ နကိုယ်ကပင် အမှန်
တကယ်စစ်ပြေငြိမ်းလိုသည့် စိတ်မရှိသည်ဖြစ်ရာ
မြန်မာတို့အနေဖြင့် မြို့ကိုမရသမျှ မပြန်ပြီဖြစ်
ကြောင်း သိရှိပြီးနောက် အလုံးအရင်းဖြင့် မြို့က
ထွက်၍ အကြိမ်ကြိမ်တိုက်လေသည်။
ယိုးဒယားတို့ဘက်က ပေါ်တူဂီ၊ အာရပ်၊ ဘင်္ဂလီ၊
များစွာ အကူအညီပေး၍ အပြင်းအထန်တိုက်ခိုက်
ပါသော်လည်း ယိုးဒယားတို့သာလျှင် သေကြသည်
ချည်းဖြစ်ရာ မြို့အတွင်းကပင် အပြင်မထွက်
ဝံ့အောင်ရှိလေ၏။ မြန်မာတို့ကလည်း ဝိုင်းပတ်
၍ တည်ထားသည့် အုတ်မြို့များအတွင်းမှ အယုဒ္ဓယ မြို့ရိုးထက်မြင့်သော ပစ်စင်ကြီးများ
တည်ဆောက်၍ အမြောက်များဖြင့် နေ့စဉ် မီးခိုး
မစဲ ပစ်လွှတ်လျက်ရှိသည်ကြောင့် ယိုးဒယားသား
တို့ မြေကျင်းတူး၍ နေရသည့်အဖြစ်သို့ ရောက်
လေသည်။ မြန်မာဗိုလ်ချုပ်များသည် အယုဒ္ဓယ
မြို့တွင်းသို့ ချဉ်းနင်း၍ ဝင်ရောက်တိုက်ခိုက်ရန်
ကြိုးစားပါက အသေအပျောက်အရင်းအနှီးများမည့်
အဖြစ်ကို သိရှိသည့်အပြင် မိုးမကုန်မီ ယိုဒယား
သားများ အကုန်ငတ်၍ သေကုန်ကြမည်မှန်း
သိရှိထားသဖြင့် မြို့ရိုးတက်၍ လုပ်ကြံမည်ဟု
ဦးစားပေး စီမံချက် မထားရှိပေ။
နေ့စဉ် အယုဒ္ဓယမြို့တွင်း အမြောက်ထိုင်ပစ်
နေရုံကာမျှဖြင့် မိုးမကုန်မီ ယိုးဒယားတို့ ငတ်သေ
မည့် အချိန်အား စပါးစိုက်ရင်း ထိုင်စောင့်နေကြ
လေသည်။
ထိုကာလအတွင်း မြန်မာဘုရင် ဆင်ဖြူရှင်သည်
တရုတ်တို့ ကျိုင်းတုံကို အထပ်ထပ်ဝန်းရံ၍ထား
သည်အား အင်းဝနေပြည်တော်မှ လွှတ်လိုက်သည့်
အင်အား ၂ သောင်းဖြင့် မြို့တွင်းမြို့ပြင် ၂ ဘက်ညှပ်
တိုက်စေ၏။ တရုတ်တို့အားကိုးသော မြင်းတပ်ကို
မြန်မာတို့က ကောင်ရေ ၂၀၀ ပါဝင်သည့် ဆင်တပ်
ဖြင့် နင်းသည်ဖြစ်ရာ တရုတ်တို့ မခံမရပ်နိုင်၊ မြင်းတပ်ပျက်၍ ဆုတ်ခွါထွက်ပြေးရသည်၌ ဦးဆောင်လာသူ တရုတ် ဗိုလ်မှူး စစ်သူကြီး ရည်တာလောရဲအပါအဝင် တရုတ် ၁သောင်းကျော်
သေကြေ ပျက်စီးပြီး ကျန်တရုတ်များ တရုတ်ပြည်
အတွင်းသို့ ကစဥ့်ကလျား ထွက်ပြေးကြရလေ
တော့သည်။
ထိုသို့ တရုတ်တို့ ထွက်ပြေးသည့်အခါတွင်မှ
တရုတ်တို့ကို သစ္စာခံ၍ မြန်မာတပ်များအား မောင်း
ထုတ်ပေးပါရန် ချီပင့်ကြသော ကိုယ်ကျိုးစီးပွား
ကိုသာ အစဉ်ဖက်တွယ်ထားသည့် စော်ဘွားများမှာ
မြန်မာတို့အား အပြေးအလွှား လာရောက်တောင်း
ပါမည့်အကြောင်း လျှောက်ထား ကြပြန်လေသည်။
ဆင်ဖြူရှင်မင်းသည် တရုတ်တို့၏ ကျိုင်းတုံမြို့သိမ်း
တိုက်ပွဲအား အပြတ်အသတ် နှိပ်ကွပ်နိုင်လိုက်
သော်လည်း ရှေ့ရေးကို မြော်မြင်ထောက်ချင့်၍
ဗလမင်းထင်အား ကောင်းတုံ၌ ခံတပ်တည်စေ
လိုက်ပေသည်။ ဗလမင်းထင်မှာ နောင်တော်ကြီး
မင်းလက်ထက် ဘထွေးတော် တောင်ငူစား ပုန်ကန်
စဉ်အခါက တောင်ငူမြို့ရိုးပေါ်မှနေ၍ ဘုရင့်တပ်
များအား မထီလေးစား မကြောက်မရွ့ံ တိုက်ခိုက်
ခဲ့သူဖြစ်ပြီး၊ သေနတ်မှန်၍ မြို့ရိုးပေါ်ကပြုတ်ကျ
သော်လည်း မသေခဲ့ဘဲ နောင်တော်ကြီးမင်းက
အသက်မသတ် မရှုတ်မချ အမှုထမ်းစေမြဲ ထမ်း
ရွက်စေခဲ့သူဖြစ်ပေသည်။
ထိုသို့ ရဲစွမ်းသတ္တိရှိသဖြင့် တောင်ငူစားပုန်ကန်
စဉ်က အတူပါဝင်ကြခဲ့ကြသော မြန်မာတပ်မှူး၊ တလိုင်း/မွန်တပ်မှူးများနှင့်အတူ ကောင်းတုံ၌
ဆင်ဖြူရှင်၏ အမိန့်အတိုင်း ခံတပ်တည်ဆောက်၍
အစီးအနင်းကောင်းစွာဖြင့် လူသူ လက်နက်
ရိက္ခာဆေးဝါး အပြည့်သွင်း၍ နေလေတော့သည်။
အယုဒ္ဓယကို ဝန်းရံနေသူ မြန်မာတပ်များမှာလည်း
ကျိုင်းတုံသို့ တရုတ်စစ်ရောက်၍ မြန်မာတို့ အောင်ပွဲ
ခံလိုက်ကြကြောင်း သတင်းစကားကြားသိ ကြရ
သလို ယိုးဒယားတို့လည်း မြန်မာတို့ တပ်၂တပ်ဖြင့်
လာရောက်ဝန်းရံသည်မှာ မိုးကျသော်လည်း မပြန်
ဘဲရှိနေပြီး၊ မိုးစဲကာလ စစ်ပွဲရာသီ၌ မြန်မာမင်း
ကိုယ်တိုင် ကြွချီလာပါက ယခုထက် ပိုမိုဆိုးရွား
ပေမည်ဟု မှတ်ယူ၍ စစ်ပြေကြိမ်းရန်ကမ်းလှမ်း၍
အရေးတောင်းပါလျက်ကပင် မြန်မာတပ်တို့အား
အလုံးအရင်းဖြင့် ထွက်၍ အကြိမ်ကြိမ် တိုက်ပြန်
လေသည်။
စိတ်ဓာတ်ကျဆင်း၍ ငတ်မွတ်နေသည့် ယိုးဒယား
သားတို့မှာ မဘ်သို့မျှ အနိုင်မတိုက်နိုင် အသေ
အကြေအပျက်အစီးများစွာဖြင့် မြို့တွင်းသို့ ပြန်
လည် ထွက်ပြေးဝက်ရောက်နေကြရသည်ချည်း
သာ ဖြစ်ပေသည်။ ထို တိုက်ပွဲများ၌ မြန်မာတပ်
အတွင်းက ယိုဒယားသား၊ လင်ဇင်းသား၊ ဇင်းမယ်
သားများလည်း ပွဲလမ်းရစေရန် ရွပ်ရွပ်ချွံချွံ
တိုပ်ခိုက်ခဲ့ကြ၏။
သို့သော် မြန်မာတို့ကား အယုဒ္ဓယအား မြို့သိမ်း
တိုက်ပွဲ ဆင်နွှဲခြင်း မပြုပါချေ။ အယုဒ္ဓယမြို့ကို ပတ်
ရံ၍ တည်ထားသည့် မြန်မာတို့၏ အုတ်မြို့ ၂၇ မြို့
ကို မည်သည့် ယိုးဒယားသားတို့ကမှ ထွင်းဖောက်
ထွက်နိုင်မည် မဟုတ်သလို မိုးမကုန်မီ အလိုလို
ငတ်သေကြတော့မည့် ထို ယိုးဒယားတို့အတွက်
အချည်းအနှီး အသက်ကုန်ခံ၍ တိုက်နေစရာ
လိုသည်လည်း မဟုတ်ပါချေ။
သို့သော် အင်းဝနေပြည်တော်မှ ရောက်ရှိလာသည့်
ဘုရင့်အမိန့်တော် စာချွန်လွှာက အခြေအနေကို
ရုတ်ချည်း ပြောင်းလဲပစ်လိုက်လေတော့သည်။
ထို မြန်မာဘုရင် ဆင်ဖြူရှင်မင်း၏ အမိန့်ကြောင့်
ပင်လျှင် အယုဒ္ဓယသည် မင်းဆက်လည်းပြတ်၊
မြို့သက်လည်းကုန် သွားရတော့သည်ဖြစ်၏။
ဆင်ဖြူရှင်၏ အမိန့်သည်ကား-
"တရုတ်ဥဒည်ပြည်ကို ငါကိုယ်တော်မြတ်သည်
ကိုယ်တော်တိုင်ချီ၍ သိမ်းပိုက်တော့မည် ဖြစ်သဖြင့်
ယိုးဒယားမြို့ကို မြို့ပြကျုံးမြောင်း အလုံးစုံ ဖျက်ဆီး
၍ လူသူများကိုပါ သိမ်းကြုံးခေါ်ဆောင်ပြီး အလျင်
အမြန် ပြန်လာရမည်" ဟု ဖြစ်ပေသည်။
ဆင်ဖြူရှင်မင်းသည် ပီကင်းသို့ ကိုယ်တိုင်ချီတက်
သိမ်းပိုက်၍ ချင်မင်းဆက်အား ဖျက်သိမ်းပြီး
တရုတ်ပြည်အလုံး မြန်မာနိုင်ငံတော်အဖြစ် ရောက်
ရှိစေပြီး အာရှတိုက်၌ ကုန်းဘောင်အင်ပါယာ
မြန်မာနိုင်ငံတော်ကို အကြီးအကျယ်ဆုံး အခမ်း
အနားဆုံး တောက်ပခန့်ထည်စေရန် ရည်ရွယ်
ခဲ့ပေတော့သည်။
ဖခမည်းတော် အလောင်းဘုရားသည် လူထောင်
ဂဏန်းမျှဖြင့် အဆမတန်အင်အားကြီးမားသည့်
တလိုင်း/မွန်တို့အား မင်းဆက်ပြတ်သည်အထိ
စွမ်းဆောင်နိုင်ခဲ့သလို၊ ဖအေတူသား ဆင်ဖြူရှင်
မြန်မာဘုရင်မင်းမြတ်၏ ချင်မင်းဆက်ဖြတ်ရန်
အတွက် ပီကင်းသို့ ကိုယ်တိုယ် ချီတက်သိမ်းပိုက်
မည့် စီမံကိန်းမှာ စိတ်ကူးယဉ်ချက် မဟုတ်ပါချေ။
ဆင်ဖြူရှင်သည် အမှန်တကယ်ပင်လျှင် ပီကင်းနန်း
တော်ကို သိမ်းပိုက်၍ တရုတ်ပြည်အလုံး မြန်မာ
နိုင်ငံတော်အဖြစ် ရောက်ရှိရန် ရည်စူးခဲ့ပေသည်။
အယုဒ္ဓယကို ဝန်းရံထားသည့် မဟာနော်ရထာ
ကွန်လွန်သဖြင့် တပ်ပေါင်းစု စစ်သေနာပတိချုပ်
အဖြစ် ရာထူးတို့မြှင့်ခန့်အပ်ခံရသော ဗိုလ်ချုပ်
နေမျိုးသီဟပတေ့ ဦးဆောင်သည့် ယိုးဒယား၊
ဇင်းမယ်၊ လင်းဇင်း၊ ခမာ၊ မွန်၊ ရှမ်း၊ ကချင်၊
ထားဝယ် စသဖြင့် ပေါ်တူဂီ၊ အီတလီ၊ အာမေး
နီးယန်း စသူတို့ပါ အပါအဝင်ဖြစ်သော မြန်မာ
တပ်မတော်ကြီးသည် အင်းဝနေပြည်တော်မှ
ရောက်ရှိလာသော ရောက်ရှိလာသည့် ဆင်ဖြူရှင်
ဘုရင်မင်းမြတ်၏ အမိန့်ကြောင့် ယိုးဒယားသား
တို့ ငတ်၍ သေပွဲဝင်ကြမည်ကို ထိုင်၍စောင့်ကြည့်
မည်ဟု အမှတ်ကို ဖျက်သိမ်း၍ အယုဒ္ဓယကို
မြေလှန်ရန် အလျင်အမြန် လုပ်ဆောင်ကြလေ
တော့သည်။
…………………………………………………………။
ပုံစာ-
မြန်မာဆင်တပ်။