Tuesday, September 24, 2019

"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၆)
……………………………………………။

အယုဒၶယကို သိမ္းပိုက္၍ ယိုဒယားျပည္အလံုး
ျမန္မာႏိုင္ငံေတာ္ျဖစ္ေစမည့္ ဆင္ျဖဴရွင္၏ စစ္ေရး ႏိုင္ငံံေရး မဟာဗ်ဴဟာ ကာလအတြင္း ျမန္မာတို့
သိမ္းပိုက္ထားသည့္ သံလြင္ျမစ္အေရွ႕ဘက္
အတိုင္း နယ္ေျမမ်ားမွာ ယခုကာလ နယ္နိမိတ္
သတ္မွတ္ခ်က္အရ ဗီယက္နမ္မွလြဲ၍ အယုဒၶယက
သိမ္းပိုက္ထားသည့္ အန္ကာအထိရွိေသာ
ကေမ႓ာဒီးယားနယ္ေျမမ်ား၊ ထိုင္း၊ လာအို စသည္
တို့ျဖစ္သည္။ ထိုနယ္ေျမေဒသ အလံုးမွာ
ျမန္မာႏိုင္ငံျဖစ္ျပီး ေျမာက္ဘက္၌ အေနာက္ျခမ္း
တြင္ စႏၵားႏွင့္ နယ္နမိတ္၊ အေရွ႕ျခမ္းတြင္ က်ိဳင္းဟုန္း သီမာ ေဒသမ်ား စသည့္ ယခု တရုပ္ပိုင္ ယူနန္နယ္ေျမတြင္း(ယူနန္နယ္ ၃ပံု ၁ပံုခန့္) ေဒသမ်ားျဖစ္ေပသည္။ စႏၵားသည္ ပုဂံေခတ္က နရသီဟပေတ့မင္း လက္ထက္ ျမန္မာႏိုင္ငံ အတြင္း
သို့ မြန္ဂိုတပ္မ်ား စုရံုးအေျခစိုက္ရာ ေဒသျဖစ္သည့္ တာ့လီသို့ ေရာက္ရန္ ခရီးမကြာလွမ္းေတာ့ေပ။
ဗီယက္နမ္မပါဟုဆိုေသာ္လည္း က်ိဳင္းရံုးႀကီးနယ္
သို့မဟုတ္ ေရွးက ေမာဝ္ကိုးျပည္ေထာင္ေဒသ
အတြင္း၌ ယခုကာလ ဗီယက္နမ္ေျမပံု၏
ေတာင္ဘက္ေဒသမ်ား ပါဝင္ေပသည္။
ထိုေသာ ျမန္မာ့ပိုင္နက္ (ယခုကာလ တရုတ္ပိုင္)
ယူနန္နယ္အတြင္းက ၎ ေဒသမ်ားကို စုေပါင္း၍
ျမန္မာတို့က က်ိဳင္းရံုးႀကီးနယ္ဟု သတ္မွတ္သည္။
ထိုေဒသ မ်ိဳးရင္းမ်ားကို တရုတ္တို့က တရုတ္
လူမ်ိဳးမ်ားဟု မသတ္မွတ္ေပ။ တိုင္မ်ား(တိုင္လ်န္/
တိုင္ရွမ္း/အဟံု)ႏွင့္ ဒိုင္ဗိယက္မ်ား ေရာေႏွာေနရာ အရပ္ဟု သတ္မွတ္၏။ ထိုအရပ္ေဒသကို ေရွ႕က နန္ေခ်ာင္/နန္ေစာ/နန္ေက်ာက္/နန္ေက်ာင္ စသျဖင့္ ေခၚဆိုၾကျပီး ထို နန္ေက်ာက္မ်ားမွာ တရုတ္လူမ်ိဳးမ်ားျဖစ္ပါသည္ဟု တရုပ္တို့က မသတ္မွတ္ေၾကာင္း တရုတ္သမိုင္းဆိုင္ရာမ်ားတြင္ ေဖာ္ျပထား၏။ (ယခုေခတ္ကာလႏွင့္ ႏိႈင္ယွဥ္
ဆံုးျဖတ္၍ မရေပ)
ထိုေဒသသည္ ျမန္မာတို့က ေမာဝ္ကိုးျပည္ေထာင္
ဟု အစဥ္အဆက္ေခၚေဝၚခဲ႔ရာ အရပ္ေဒသထဲတြင္
အပါအဝင္လည္းျဖစ္သည္။ ယူနန္နယ္တြင္း
သံလြင္အနီး၌ အဟုန္ရွမ္းတို့သည္ ေရွးပေဝသဏီ
က ပံု ဟု အမည္ရသည့္တိုင္းျပည္ငယ္တစ္ခု
ထူေထာင္ခဲ႔ေၾကာင္းဆိုသည္။
ေမာဝ္ကိုးျပည္ေထာင္အတြင္း၌ ယခု ကာလ
နယ္နိမိတ္သတ္မွတ္ အမည္အရ ရွမ္းျပည္နယ္ဟု
ေခၚဆိုထားသည့္ ေဒသ၏ အလယ္ပိုင္း၊ ေတာင္
ဘက္ပိုင္းေဒသမ်ား မပါဝင္ေပ။
ထိုအခ်က္ကို သတိျပဳထားျပီး ေခတ္ကာလ
အေလ်ာက္ အေခၚအေဝၚသတ္မွတ္သည္မ်ားကို
တြက္ဆနားလည္၍ ရွမ္းဟု ဆိုသည္ႏွင့္ ယခု
မ်က္ေမွာက္ ရွမ္းျပည္နယ္ တစ္ခုလံုးကို ဆိုလို
သည္ဟု မွတ္ယူရမည္ မဟုတ္ေၾကာင္း သိရွိ
ထားရမည္ျဖစ္ေပသည္။
ထိုေဒသမ်ား၏ အမည္နာမ အေခၚအေဝၚမ်ားကို
ေလ့လာၾကည့္ပါက က်ိဳင္းရံုးႀကီးနယ္တြင္း ေဒသ
အမည္မ်ားမွာ တရုတ္အမည္ႏွင့္လည္း မတူ
ျမန္မာအမည္ႏွင့္လည္း ကြဲျပားသည္ျဖစ္၏။
ထိုအမည္အေခၚအေဝၚရွိရာ ေဒသမ်ားမွာ
က်ိဳင္းရံုးႀကီးနယ္မွစ၍ လာအိုေတာင္ပိုင္းႏွင့္
ဗီယက္နမ္ အစြန္အဖ်ားေဒသတဝိုက္၌သာ ရွိေသာ
သီးျခား အေခၚအေဝၚမ်ားျဖစ္ရာ ထိုေဒသသည္
ေရွးပေဝသဏီက သီးျခားလူမ်ိဳးတစ္မ်ိဳးက
အေျခခ်ေနထိုင္ရာ ရပ္ဝန္းတစ္ခု ျဖစ္ဖြယ္ ရွိေလ
သည္။ ထို လူမ်ိဳးမ်ားမွာ ပံု ဟူသည့္ တိုင္းျပည္ငယ္
အား ထူေထာင္ခဲ႔သည့္ အဟံုရွမ္းမ်ားျဖစ္ဖြယ္
ရွိသည္ဟုသာ ခန့္မွန္းႏိုင္သည္ ျဖစ္၏။
မဲ့/မဲ စသည္မ်ား(မဲနမ္၊ မဲေခါင္၊ မဲပိန္) မိုင္း မိုး ေမာ
စသည္မ်ားမွာ ထိုေဒသ ရပ္ဝန္း၌သာ သီးျခား
မွည့္ေခၚသည့္ အမည္နာမမ်ားျဖစ္၏။
ထိုသို့ ယူနန္နယ္ေဒသ၏ ၃ ပံု ၁ပံု ျဖစ္ေသာ
တရုတ္အမည္နာမႏွင့္လည္း မတူ၊ ျမန္မာအမည္
နာမႏွင့္လည္း ကြဲျပားသည့္ ထိုရပ္ဝန္း
ေဒသသည္ ျမန္မာႏိုင္ငံေတာ္အတြင္း ပါရွိသည္ျဖစ္
ရာ သတ္မွတ္ခ်က္အရ တစ္ဘက္ႏွင့္ တစ္ဘက္
ပိုင္ဆိုင္ရာေဒသ နယ္နိမိတ္ဟု ဆိုေသာ္လည္း
အေနအထားအရ ေဒသတြင္းနယ္ေျမမ်ား ျဖစ္သည့္
အေလ်ာက္ ကုန္စည္ကူးသန္းေရာင္းဝယ္ေရးမွာ
နယ္စပ္စီးပြားေရးပံုစံမဟုတ္ဘဲ တရုတ္ဘုရင္
ခ်င္းလံုပိုင္နက္ႏွင့္ ျမန္မာဘုရင္ ဆင္ျဖဴရွင္မင္း
(ေျမဒူးမင္း/ ငယ္မည္ ေမာင္ရြ) ၏ ပိုင္နက္တို့မွာ
ေဒသတြင္းစီးပြားေရးပံုစံသာ ျဖစ္ေနေပသည္။
ထိုနယ္စပ္ေဒသရွိ ေစာ္ဘြားတို့မွာ လက္သာရာ
သစၥာခံေနၾကသည့္ သူမ်ားသာျဖစ္ျပီး တုိုင္းျပည္
ထူေထာင္ႏိုင္သည့္ အေျခအေန ၎ကာလက
မရွိပါေခ်။ တရုတ္ဘုရင္အား မေက်နပ္လ်ွင္
ျမန္မာဘုရင္ထံလာေရာက္ တိုင္ၾကား၍၊ ျမန္မာ
ဘုရင္အား မေက်နပ္ပါက တရုတ္ဘုရင္အား
သြားေရာက္ေလ်ွာက္ထားၾကသူမ်ားျဖစ္၏။
ထိုက်ိဳင္းရံုးႀကီးနယ္သည္ တရုတ္ႏွင့္ ျမန္မာၾကား
က ၾကားခံဇံုနယ္ တစ္ခုျဖစ္ျပီး ျမန္မာတို့က အား
ေကာင္းစဥ္ ျမန္မာတို့ကပိုင္၍ တရုတ္တို့က အား
ေကာင္းသည့္အခါ တရုတ္တို့က ပိုင္သည္ျဖစ္၏။
ယခုအခါ တရုတ္တို့အားေကာင္းသျဖင့္ တရုတ္
တို့က ယူနန္နယ္ဟု သတ္မွတ္ပိုင္ဆိုင္သည္
ျဖစ္ေပသည္။
ထိုသို့ နယ္စပ္စီးပြားေရးပံုစံ မဟုတ္သည့္
အေလ်ာက္ တရုတ္တို့သည္ ဗန္းေမာ္ႏွင့္ ေကာင္းတံု အထိပင္ လာေရာက္ ေရာင္းဝယ္
ေဖာက္ကားသကဲ႔သို့ ျမန္မာတို့ဘက္ကလည္း
သစ္ျမစ္သစ္ဥ အေကာင္ပေလာင္ ေတာထြက္
ပစၥည္းမ်ားကို ယူနန္ဖု ေစ်းအထိပင္ သြားေရာက္
ေရာင္းခ်သည္ဟု ဆိုသည္။ သို့ေသာ္ အဓိက
သြားေရာက္ေရာင္းခ်သူမ်ားမွာ ျမန္မာလူမ်ိဳးမ်ား
နည္းပါးျပီး ရွမ္းနီႏွင့္ ရွမ္းယြန္းမ်ားႏွင့္ ယခုအခါ
ကခ်င္ျပည္နယ္ဟုေခၚဆိုေသာ အရပ္ေဒသမွ
ေဒသခံမ်ားသာ ျဖစ္ေပသည္။
ထိုသို့ တရုတ္ႏွင့္ျမန္မာႏွစ္ႏိုင္ငံၾကား ၾကားခံ
ေဒသျဖစ္ေသာ က်ိဳင္းရံုးႀကီးနယ္သည္ ဆင္ျဖဴရွင္
လက္ထက္ ျမန္မာႏိုင္ငံေတာ္ပိုင္နက္ ျဖစ္သည္
ျဖစ္ရာ ေဒသတြင္းပံုစံ စီးပြားေရးလည္း ျဖစ္သည့္
အေလ်ာက္ တရုတ္တို့က ဗန္းေမာ္၊ ေကာင္းတံု
စသျဖင့္ လာေရာက္ေရာင္းဝယ္ေဖာက္ကားရာမွ
အယုဒၶယကို ဝန္းရံေနစဥ္ကာလအတြင္း ျမန္မာ
ႏွင့္ မန္ခ်ဴးတရုတ္တို့ စစ္ပြဲျဖစ္ပြားရန္ အေၾကာင္း
ဖန္လာေလေတာ့သည္။
ထိုအခ်ိန္ကာလ၌ ဆင္ျဖဴရွင္မင္းသည္ အယုဒၶယ
ကို ဝန္းရံပိတ္ဆို့ထားသည့္ ကိစၥမွလြဲ၍ အျခား
စစ္ေရးကိစၥမရွိေသာ္ျငား ေနမ်ိဳးသီဟပေတ့ႏွင့္
မဟာေနာ္ရထာကို တစ္ဦးလ်ွင္ စစ္အင္အား
၂ေသာင္း ေပါင္း ၄ေသာင္းသာ ေပး၍ လႊတ္
လိုက္ျပီး ထပ္တိုးအင္အားကို အျခားနယ္ပယ္
မ်ားမွ ရယူေစကာ လုပ္ႀကံခိုင္း၍၊ မဏိပူရကို
သြားေရာက္ဆံုးမစဥ္က စစ္အင္အား ၄ေသာင္း
မွာ ဘုရင့္လက္ငုတ္အျဖစ္ အခိုင္အမာက်န္ရွိ
ေအာင္ ခ်န္ထားျခင္းက စစ္ေရး၊ ႏိုင္ငံေရး
ေျမွာ္တင္းမႈတစ္ခုျဖစ္ျပီး ၁၆/၁၇ အရြယ္ကပင္
စစ္တိုက္လာသူတစ္ဦး၏ စစ္ေရးသတိ အစဥ္
ရွိမႈဟု ဆိုရမည္ျဖစ္ေပသည္။
ထိုသည္ေၾကာင့္သာလ်ွင္ တရုတ္တို့ စတင္
ခ်ီတက္ တိုက္ခိုက္လာစဥ္ကတည္းက အဆင္
တသင့္ ခုခံတိုက္ခိုက္ႏိုင္ခဲ႔ျခင္းျဖစ္၏။
ထို အေျမာ္အျမင္မ်ိဳးမွွာ စစ္တိုက္ေကာင္းရံုႏွင့္
မရေသာ ပထဝီႏိုင္ငံေရး က်ြမ္းက်င္မႈႏွင့္ စစ္ေရး
မဟာဗ်ဴဟာ သံုးသပ္ခ်မွတ္ႏိုင္မႈ စသည့္ တိုင္းျပည္
ေခါင္းေဆာင္ေကာင္းတစ္ဦး ရွိကိုရွိရမည့္ အရည္
အခ်င္းပင္ျဖစ္သည္။
ျမန္မာတပ္တို့ အယုဒၶယကိုဝန္းရံေနသည္မွာ
၁ ႏွစ္ခန့္ရွိခ်ိန္၌ အင္းဝနန္းေတာ္အတြက္ စိတ္
အေႏွာင့္အယွက္ျဖစ္ဖြယ္ရာ ကိစၥရပ္တစ္ခု ျဖစ္
ေပၚလာခဲ႔သည္။
ျမန္မာသကၠရာဇ္ ၁၁၂၇ ခုႏွစ္၊ AD 1765 ၌
တရုတ္ကုန္သည္ ေလာလီသည္ တရုတ္စစ္တပ္
အရာရွိကဲ႔သို့ ဝတ္စားဆင္ယင္လ်က္ တာပိန္ျမစ္
အား တံတာထိုးမည္ဟု ခပ္တည္တည္ျဖင့္ လူ ၅၀၀
ေက်ာ္ခန့္ျဖင့္ ဗန္းေမာ္ ေကာင္းတံုသို့ ေရာက္လာ
ေလသည္။ ထိုကိစၥႏွင့္ပတ္သက္၍ ျမန္မာဝန္ႀကီး
တို့က ေလာလီ၏ အေနအထားကို ခန့္မွန္း၍ သံသယ ျဖစ္သျဖင့္ ျမန္မာဘုရင္ကိုေလ်ွာက္ထား
ေပးမည္ဟု ဆိုသည္အား ေလာလီက ေကာင္းမႈ
ျပဳသည္ကို ေလ်ွာက္ထားစရာလိုသည္ဟု ဆိုသည္၊
မလုပ္ရ၍ ဘာမ်ွမျဖစ္ဟု စသျဖင့္ မေခ်မငံ တရုတ္
ဘာသာျဖင့္ေျပာသည္ကို တရုတ္စကားတတ္သူ
တို့က ျမန္မာဝန္တို့အား ျပန္လည္ေလ်ွာက္ထား၏။
ဤသို႔ႏွင့္ ျမန္မာတို့က ေလာလီအား အင္းဝသို့
ပို့လိုက္သည္ျဖစ္သည္ေၾကာင့္ နန္းေတာ္၌ ေလာလီ
ကို စစ္ေဆးသည္တြင္ တရုတ္က လႊတ္သည့္
အရာရွိမဟုတ္ဘဲ အရာရွိေယာင္ေဆာင္ထား
သည့္ ကုန္သည္မ်ွသာျဖစ္သည္ကို စစ္ေဆး
ေပၚေပါက္ေလေတာ့သည္။
ဆင္ျဖဴရွင္သည္ ေလာလီအား မည္သို့မ်ွ အေရး
မယူဘဲ တံတားေဆာက္လုပ္လွဴဒါန္းလိုပါက
ခြင့္ျပဳေၾကာင္းႏွင့္ ပံုမွန္အတိုင္း ေရာင္းဝယ္
ေဖာက္ကားႏိုင္ေၾကာင္း ေျပာဆို၍ ဗန္းေမာ္သို့
ျပန္ပို့ေပးသည္ကို ေလာလီသည္ တံတားမေဆာက္
ရံုမ်ွမက ထားရစ္ခဲ႔သည့္ကုန္မ်ား ျမန္မာတို့ခိုးယူ၍
ေပ်ာက္ပါသည္ဟုဆိုျပန္ေလ၏။
ျမန္မာတို့က ေလာလီပါ လူ ၅၀၀ေက်ာ္တြင္ ေနျပည္
ေတာ္ သို့သြားရာ လူ ေလးငါးေျခာက္ေယာက္
သာပါသည္။ ထားရစ္ကုန္မ်ားအား က်န္လူ တရုတ္
၅၀၀ ေက်ာ္ႏွင့္ရွိသည္ကို ျမန္မာတို့အား မစစ္ေၾကာ
ႏိုင္ ကိုယ့္လူကိုယ္စစ္ပါဟု ဆိုသည္၌ ေလာလီ
သည္ ျပန္လည္ထြက္ခြါ၍ ယူနန္နယ္အရာရွိအား
လည္ဆည္တိုင္ၾကားေလသည္။ ထိုအျဖစ္အပ်က္
ျဖစ္ျပီးေနာက္ တရုတ္ကုန္သည္ ေလာတာရည္
သည္ ကုန္တင္ျမင္း ၁၀၀၀ေက်ာ္ျဖင့္ က်ိဳင္းတံုေစ်း၌ ကုန္ေရာင္းခ်ရာ ျမန္မာတို့က(ျမန္မာတို့ကဟု
ဆိုသည္မွာ ျမန္မာႏိုင္ငံသားမွန္သမ်ွကို ေခၚဆိုျခင္း
ျဖစ္ေသာ္လည္း က်ိဳင္းတံုရွိ ရွမ္းမ်ား) ကုန္ကို
အေၾကြးယူ၍ မေပးဘဲေနသျဖင့္ တရုတ္တို့က
အေၾကြးေတာင္းရာမွ အေၾကြးမေပးေသာ ေဒသခံ ရွမ္းမ်ားႏွင့္ တရုတ္တို့ ခိုက္ရန္ျဖစ္ၾကရာ တရုတ္တို့
ေသသည္အထိ ျဖစ္ေလသည္။
ထိုကိစၥသည္ ျမန္မာႏိုင္ငံအတြင္း၌ ျဖစ္ပြားသည္
ျဖစ္ရာ က်ိဳင္းတံုစစ္ကဲ ျမန္မာဝန္ႀကီး ေရႊေတာင္
တက္က တာဝန္ခံရမည့္အေနအထားျဖစ္လာ
ေတာ႔၏။ ျမန္မာတို့ကလည္း အသက္စားေပးသည္မွာ
ျမန္မာတို့ထံုးစံမရွိဟု အျပတ္ေျပာ၏။
ျမန္မာတို့က ျမန္မာ့ထံုးစံအတိုင္း
အသက္ဘိုးေပးေလ်ာ္ပါမည္ဆိုသည္ကို တရုတ္
တို့က အသက္ဘိုးမယူ အသက္စားသာယူမည္
ဆို၏။ ထိုသည္ကို တရုတ္တို့က လက္မခံသည္၌
တရုတ္ျပည္သို့ျပန္သြားရာတြင္ တရုတ္အေနာက္
မ်က္ႏွာ စစ္သူႀကီးထံ တိုင္တန္းျပန္ေလသည္။
ထိုသည္သာမက က်ိဳင္းရံုးႀကီးေဒသအတြင္းရွိ
ေစာ္ဘြားမ်ားႏွင့္ ဗန္းေမာ္ေစာ္ဘြား သိႏၷီေစာ္ဘြား
က်ိဳင္းတံုေစာ္ဘြားမ်ားက ၎စစ္သူႀကီးအား
ေရႊအမ်ားအျပားေပး၍ ၎တို့ေဒသမွ ျမန္မာတပ္
မ်ားကို ေမာင္းထုတ္ေပးပါရန္ ကမ္းလွမ္းထား
သည္ျဖစ္ရာ ၎စစ္သူႀကီးသည္ ျမန္မာတို့အား
တိုက္ခိုက္ခြင့္ျပဳရန္အတြက္ ပီကင္းသို့ သြားေရာက္
ျပီး တရုတ္ဘုရင္ခ်င္းလံုအား ေလ်ွာက္ထား
ေလေတာ့သည္။ ၎စစ္သူႀကီးအား ေရႊေပးထားသူ
က်ိဳင္းတံုေစာ္ဘြား ေစာစံမွာ အင္းဝသို့ ဆင့္ေခၚ
ခံရျပီးသည္မွ က်ိဳင္းဟုန္းတြင္ တိမ္ၾကားမင္းေခါင္၏
လူကို သတ္ျဖတ္မိသည္၌ ေၾကက္ရြံ႕၍ တရုတ္
ဘက္သို့ ဝင္ေရာက္သြားေလေတာ့သည္။
တရုတ္ဘုရင္ ခ်င္းလံုသည္လည္း အေနာက္မ်က္ႏွာ
စစ္သူႀကီးေလ်ွာက္ထားခ်က္အတိုင္း က်ိဳင္းတံုကို
ခ်ီတက္ တိုက္ခိုက္ ဖ်က္ဆီး၍ တစ္ျမိဳ႕လံုး သိမ္း
လာရမည္ဟု အမိန့္ေတာ္ ခ်မွတ္လိုက္ေလသည္
ျဖစ္ရာ၊ တရုတ္တို့က တာေလာျမစ္ဆိပ္၌
ငါတို့အား လူစားေသာ္လည္းေပး၊ မေပးလ်ွင္ တိုက္မည္ ဟု စာေရးကာ စာဆြဲ၍ တိုက္ပြဲေခၚသံကို
စတင္ေၾကျငာလိုက္ေလေတာ့၏။
…………………………………………………………။
ပံုစာ -
ယခုကာလ တရုတ္ပိုင္ ယူနန္နယ္အတြင္းက
ဆင္ျဖဴရွင္လက္ထက္ ျမန္မာ့ပိုက္နက္
ျမန္မာႏိုင္ငံေတာ္အတြင္းက ထင္ရွားရာ
ျမိဳ႕အခ်ိဳ႕၏ အမည္မ်ားကို ျမန္မာအညႊန္းျဖင့္
စာတန္းထိုးထားသည္။

…………………………………………………………

"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၆)
……………………………………………။
အယုဒ္ဓယကို သိမ်းပိုက်၍ ယိုဒယားပြည်အလုံး
မြန်မာနိုင်ငံတော်ဖြစ်စေမည့် ဆင်ဖြူရှင်၏ စစ်ရေး နိုင်ငံံရေး မဟာဗျူဟာ ကာလအတွင်း မြန်မာတို့
သိမ်းပိုက်ထားသည့် သံလွင်မြစ်အရှေ့ဘက်
အတိုင်း နယ်မြေများမှာ ယခုကာလ နယ်နိမိတ်
သတ်မှတ်ချက်အရ ဗီယက်နမ်မှလွဲ၍ အယုဒ္ဓယက
သိမ်းပိုက်ထားသည့် အန်ကာအထိရှိသော
ကမ္ဘောဒီးယားနယ်မြေများ၊ ထိုင်း၊ လာအို စသည်
တို့ဖြစ်သည်။ ထိုနယ်မြေဒေသ အလုံးမှာ
မြန်မာနိုင်ငံဖြစ်ပြီး မြောက်ဘက်၌ အနောက်ခြမ်း
တွင် စန္ဒားနှင့် နယ်နမိတ်၊ အရှေ့ခြမ်းတွင် ကျိုင်းဟုန်း သီမာ ဒေသများ စသည့် ယခု တရုပ်ပိုင် ယူနန်နယ်မြေတွင်း(ယူနန်နယ် ၃ပုံ ၁ပုံခန့်) ဒေသများဖြစ်ပေသည်။ စန္ဒားသည် ပုဂံခေတ်က နရသီဟပတေ့မင်း လက်ထက် မြန်မာနိုင်ငံ အတွင်း
သို့ မွန်ဂိုတပ်များ စုရုံးအခြေစိုက်ရာ ဒေသဖြစ်သည့် တာ့လီသို့ ရောက်ရန် ခရီးမကွာလှမ်းတော့ပေ။
ဗီယက်နမ်မပါဟုဆိုသော်လည်း ကျိုင်းရုံးကြီးနယ်
သို့မဟုတ် ရှေးက မောဝ်ကိုးပြည်ထောင်ဒေသ
အတွင်း၌ ယခုကာလ ဗီယက်နမ်မြေပုံ၏
တောင်ဘက်ဒေသများ ပါဝင်ပေသည်။
ထိုသော မြန်မာ့ပိုင်နက် (ယခုကာလ တရုတ်ပိုင်)
ယူနန်နယ်အတွင်းက ၎င်း ဒေသများကို စုပေါင်း၍
မြန်မာတို့က ကျိုင်းရုံးကြီးနယ်ဟု သတ်မှတ်သည်။
ထိုဒေသ မျိုးရင်းများကို တရုတ်တို့က တရုတ်
လူမျိုးများဟု မသတ်မှတ်ပေ။ တိုင်များ(တိုင်လျန်/
တိုင်ရှမ်း/အဟုံ)နှင့် ဒိုင်ဗိယက်များ ရောနှောနေရာ အရပ်ဟု သတ်မှတ်၏။ ထိုအရပ်ဒေသကို ရှေ့က နန်ချောင်/နန်စော/နန်ကျောက်/နန်ကျောင် စသဖြင့် ခေါ်ဆိုကြပြီး ထို နန်ကျောက်များမှာ တရုတ်လူမျိုးများဖြစ်ပါသည်ဟု တရုပ်တို့က မသတ်မှတ်ကြောင်း တရုတ်သမိုင်းဆိုင်ရာများတွင် ဖော်ပြထား၏။ (ယခုခေတ်ကာလနှင့် နှိုင်ယှဉ်
ဆုံးဖြတ်၍ မရပေ)
ထိုဒေသသည် မြန်မာတို့က မောဝ်ကိုးပြည်ထောင်
ဟု အစဉ်အဆက်ခေါ်ဝေါ်ခဲ့ရာ အရပ်ဒေသထဲတွင်
အပါအဝင်လည်းဖြစ်သည်။ ယူနန်နယ်တွင်း
သံလွင်အနီး၌ အဟုန်ရှမ်းတို့သည် ရှေးပဝေသဏီ
က ပုံ ဟု အမည်ရသည့်တိုင်းပြည်ငယ်တစ်ခု
ထူထောင်ခဲ့ကြောင်းဆိုသည်။
မောဝ်ကိုးပြည်ထောင်အတွင်း၌ ယခု ကာလ
နယ်နိမိတ်သတ်မှတ် အမည်အရ ရှမ်းပြည်နယ်ဟု
ခေါ်ဆိုထားသည့် ဒေသ၏ အလယ်ပိုင်း၊ တောင်
ဘက်ပိုင်းဒေသများ မပါဝင်ပေ။
ထိုအချက်ကို သတိပြုထားပြီး ခေတ်ကာလ
အလျောက် အခေါ်အဝေါ်သတ်မှတ်သည်များကို
တွက်ဆနားလည်၍ ရှမ်းဟု ဆိုသည်နှင့် ယခု
မျက်မှောက် ရှမ်းပြည်နယ် တစ်ခုလုံးကို ဆိုလို
သည်ဟု မှတ်ယူရမည် မဟုတ်ကြောင်း သိရှိ
ထားရမည်ဖြစ်ပေသည်။
ထိုဒေသများ၏ အမည်နာမ အခေါ်အဝေါ်များကို
လေ့လာကြည့်ပါက ကျိုင်းရုံးကြီးနယ်တွင်း ဒေသ
အမည်များမှာ တရုတ်အမည်နှင့်လည်း မတူ
မြန်မာအမည်နှင့်လည်း ကွဲပြားသည်ဖြစ်၏။
ထိုအမည်အခေါ်အဝေါ်ရှိရာ ဒေသများမှာ
ကျိုင်းရုံးကြီးနယ်မှစ၍ လာအိုတောင်ပိုင်းနှင့်
ဗီယက်နမ် အစွန်အဖျားဒေသတဝိုက်၌သာ ရှိသော
သီးခြား အခေါ်အဝေါ်များဖြစ်ရာ ထိုဒေသသည်
ရှေးပဝေသဏီက သီးခြားလူမျိုးတစ်မျိုးက
အခြေချနေထိုင်ရာ ရပ်ဝန်းတစ်ခု ဖြစ်ဖွယ် ရှိလေ
သည်။ ထို လူမျိုးများမှာ ပုံ ဟူသည့် တိုင်းပြည်ငယ်
အား ထူထောင်ခဲ့သည့် အဟုံရှမ်းများဖြစ်ဖွယ်
ရှိသည်ဟုသာ ခန့်မှန်းနိုင်သည် ဖြစ်၏။
မဲ့/မဲ စသည်များ(မဲနမ်၊ မဲခေါင်၊ မဲပိန်) မိုင်း မိုး မော
စသည်များမှာ ထိုဒေသ ရပ်ဝန်း၌သာ သီးခြား
မှည့်ခေါ်သည့် အမည်နာမများဖြစ်၏။
ထိုသို့ ယူနန်နယ်ဒေသ၏ ၃ ပုံ ၁ပုံ ဖြစ်သော
တရုတ်အမည်နာမနှင့်လည်း မတူ၊ မြန်မာအမည်
နာမနှင့်လည်း ကွဲပြားသည့် ထိုရပ်ဝန်း
ဒေသသည် မြန်မာနိုင်ငံတော်အတွင်း ပါရှိသည်ဖြစ်
ရာ သတ်မှတ်ချက်အရ တစ်ဘက်နှင့် တစ်ဘက်
ပိုင်ဆိုင်ရာဒေသ နယ်နိမိတ်ဟု ဆိုသော်လည်း
အနေအထားအရ ဒေသတွင်းနယ်မြေများ ဖြစ်သည့်
အလျောက် ကုန်စည်ကူးသန်းရောင်းဝယ်ရေးမှာ
နယ်စပ်စီးပွားရေးပုံစံမဟုတ်ဘဲ တရုတ်ဘုရင်
ချင်းလုံပိုင်နက်နှင့် မြန်မာဘုရင် ဆင်ဖြူရှင်မင်း
(မြေဒူးမင်း/ ငယ်မည် မောင်ရွ) ၏ ပိုင်နက်တို့မှာ
ဒေသတွင်းစီးပွားရေးပုံစံသာ ဖြစ်နေပေသည်။
ထိုနယ်စပ်ဒေသရှိ စော်ဘွားတို့မှာ လက်သာရာ
သစ္စာခံနေကြသည့် သူများသာဖြစ်ပြီး တိုင်းပြည်
ထူထောင်နိုင်သည့် အခြေအနေ ၎င်းကာလက
မရှိပါချေ။ တရုတ်ဘုရင်အား မကျေနပ်လျှင်
မြန်မာဘုရင်ထံလာရောက် တိုင်ကြား၍၊ မြန်မာ
ဘုရင်အား မကျေနပ်ပါက တရုတ်ဘုရင်အား
သွားရောက်လျှောက်ထားကြသူများဖြစ်၏။
ထိုကျိုင်းရုံးကြီးနယ်သည် တရုတ်နှင့် မြန်မာကြား
က ကြားခံဇုံနယ် တစ်ခုဖြစ်ပြီး မြန်မာတို့က အား
ကောင်းစဉ် မြန်မာတို့ကပိုင်၍ တရုတ်တို့က အား
ကောင်းသည့်အခါ တရုတ်တို့က ပိုင်သည်ဖြစ်၏။
ယခုအခါ တရုတ်တို့အားကောင်းသဖြင့် တရုတ်
တို့က ယူနန်နယ်ဟု သတ်မှတ်ပိုင်ဆိုင်သည်
ဖြစ်ပေသည်။
ထိုသို့ နယ်စပ်စီးပွားရေးပုံစံ မဟုတ်သည့်
အလျောက် တရုတ်တို့သည် ဗန်းမော်နှင့် ကောင်းတုံ အထိပင် လာရောက် ရောင်းဝယ်
ဖောက်ကားသကဲ့သို့ မြန်မာတို့ဘက်ကလည်း
သစ်မြစ်သစ်ဥ အကောင်ပလောင် တောထွက်
ပစ္စည်းများကို ယူနန်ဖု ဈေးအထိပင် သွားရောက်
ရောင်းချသည်ဟု ဆိုသည်။ သို့သော် အဓိက
သွားရောက်ရောင်းချသူများမှာ မြန်မာလူမျိုးများ
နည်းပါးပြီး ရှမ်းနီနှင့် ရှမ်းယွန်းများနှင့် ယခုအခါ
ကချင်ပြည်နယ်ဟုခေါ်ဆိုသော အရပ်ဒေသမှ
ဒေသခံများသာ ဖြစ်ပေသည်။
ထိုသို့ တရုတ်နှင့်မြန်မာနှစ်နိုင်ငံကြား ကြားခံ
ဒေသဖြစ်သော ကျိုင်းရုံးကြီးနယ်သည် ဆင်ဖြူရှင်
လက်ထက် မြန်မာနိုင်ငံတော်ပိုင်နက် ဖြစ်သည်
ဖြစ်ရာ ဒေသတွင်းပုံစံ စီးပွားရေးလည်း ဖြစ်သည့်
အလျောက် တရုတ်တို့က ဗန်းမော်၊ ကောင်းတုံ
စသဖြင့် လာရောက်ရောင်းဝယ်ဖောက်ကားရာမှ
အယုဒ္ဓယကို ဝန်းရံနေစဉ်ကာလအတွင်း မြန်မာ
နှင့် မန်ချူးတရုတ်တို့ စစ်ပွဲဖြစ်ပွားရန် အကြောင်း
ဖန်လာလေတော့သည်။
ထိုအချိန်ကာလ၌ ဆင်ဖြူရှင်မင်းသည် အယုဒ္ဓယ
ကို ဝန်းရံပိတ်ဆို့ထားသည့် ကိစ္စမှလွဲ၍ အခြား
စစ်ရေးကိစ္စမရှိသော်ငြား နေမျိုးသီဟပတေ့နှင့်
မဟာနော်ရထာကို တစ်ဦးလျှင် စစ်အင်အား
၂သောင်း ပေါင်း ၄သောင်းသာ ပေး၍ လွှတ်
လိုက်ပြီး ထပ်တိုးအင်အားကို အခြားနယ်ပယ်
များမှ ရယူစေကာ လုပ်ကြံခိုင်း၍၊ မဏိပူရကို
သွားရောက်ဆုံးမစဉ်က စစ်အင်အား ၄သောင်း
မှာ ဘုရင့်လက်ငုတ်အဖြစ် အခိုင်အမာကျန်ရှိ
အောင် ချန်ထားခြင်းက စစ်ရေး၊ နိုင်ငံရေး
မြှော်တင်းမှုတစ်ခုဖြစ်ပြီး ၁၆/၁၇ အရွယ်ကပင်
စစ်တိုက်လာသူတစ်ဦး၏ စစ်ရေးသတိ အစဉ်
ရှိမှုဟု ဆိုရမည်ဖြစ်ပေသည်။
ထိုသည်ကြောင့်သာလျှင် တရုတ်တို့ စတင်
ချီတက် တိုက်ခိုက်လာစဉ်ကတည်းက အဆင်
တသင့် ခုခံတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်၏။
ထို အမြော်အမြင်မျိုးမှှာ စစ်တိုက်ကောင်းရုံနှင့်
မရသော ပထဝီနိုင်ငံရေး ကျွမ်းကျင်မှုနှင့် စစ်ရေး
မဟာဗျူဟာ သုံးသပ်ချမှတ်နိုင်မှု စသည့် တိုင်းပြည်
ခေါင်းဆောင်ကောင်းတစ်ဦး ရှိကိုရှိရမည့် အရည်
အချင်းပင်ဖြစ်သည်။
မြန်မာတပ်တို့ အယုဒ္ဓယကိုဝန်းရံနေသည်မှာ
၁ နှစ်ခန့်ရှိချိန်၌ အင်းဝနန်းတော်အတွက် စိတ်
အနှောင့်အယှက်ဖြစ်ဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်
ပေါ်လာခဲ့သည်။
မြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်၊ AD 1765 ၌
တရုတ်ကုန်သည် လောလီသည် တရုတ်စစ်တပ်
အရာရှိကဲ့သို့ ဝတ်စားဆင်ယင်လျက် တာပိန်မြစ်
အား တံတာထိုးမည်ဟု ခပ်တည်တည်ဖြင့် လူ ၅၀၀
ကျော်ခန့်ဖြင့် ဗန်းမော် ကောင်းတုံသို့ ရောက်လာ
လေသည်။ ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာဝန်ကြီး
တို့က လောလီ၏ အနေအထားကို ခန့်မှန်း၍ သံသယ ဖြစ်သဖြင့် မြန်မာဘုရင်ကိုလျှောက်ထား
ပေးမည်ဟု ဆိုသည်အား လောလီက ကောင်းမှု
ပြုသည်ကို လျှောက်ထားစရာလိုသည်ဟု ဆိုသည်၊
မလုပ်ရ၍ ဘာမျှမဖြစ်ဟု စသဖြင့် မချေမငံ တရုတ်
ဘာသာဖြင့်ပြောသည်ကို တရုတ်စကားတတ်သူ
တို့က မြန်မာဝန်တို့အား ပြန်လည်လျှောက်ထား၏။
ဤသို့နှင့် မြန်မာတို့က လောလီအား အင်းဝသို့
ပို့လိုက်သည်ဖြစ်သည်ကြောင့် နန်းတော်၌ လောလီ
ကို စစ်ဆေးသည်တွင် တရုတ်က လွှတ်သည့်
အရာရှိမဟုတ်ဘဲ အရာရှိယောင်ဆောင်ထား
သည့် ကုန်သည်မျှသာဖြစ်သည်ကို စစ်ဆေး
ပေါ်ပေါက်လေတော့သည်။
ဆင်ဖြူရှင်သည် လောလီအား မည်သို့မျှ အရေး
မယူဘဲ တံတားဆောက်လုပ်လှူဒါန်းလိုပါက
ခွင့်ပြုကြောင်းနှင့် ပုံမှန်အတိုင်း ရောင်းဝယ်
ဖောက်ကားနိုင်ကြောင်း ပြောဆို၍ ဗန်းမော်သို့
ပြန်ပို့ပေးသည်ကို လောလီသည် တံတားမဆောက်
ရုံမျှမက ထားရစ်ခဲ့သည့်ကုန်များ မြန်မာတို့ခိုးယူ၍
ပျောက်ပါသည်ဟုဆိုပြန်လေ၏။
မြန်မာတို့က လောလီပါ လူ ၅၀၀ကျော်တွင် နေပြည်
တော် သို့သွားရာ လူ လေးငါးခြောက်ယောက်
သာပါသည်။ ထားရစ်ကုန်များအား ကျန်လူ တရုတ်
၅၀၀ ကျော်နှင့်ရှိသည်ကို မြန်မာတို့အား မစစ်ကြော
နိုင် ကိုယ့်လူကိုယ်စစ်ပါဟု ဆိုသည်၌ လောလီ
သည် ပြန်လည်ထွက်ခွါ၍ ယူနန်နယ်အရာရှိအား
လည်ဆည်တိုင်ကြားလေသည်။ ထိုအဖြစ်အပျက်
ဖြစ်ပြီးနောက် တရုတ်ကုန်သည် လောတာရည်
သည် ကုန်တင်မြင်း ၁၀၀၀ကျော်ဖြင့် ကျိုင်းတုံဈေး၌ ကုန်ရောင်းချရာ မြန်မာတို့က(မြန်မာတို့ကဟု
ဆိုသည်မှာ မြန်မာနိုင်ငံသားမှန်သမျှကို ခေါ်ဆိုခြင်း
ဖြစ်သော်လည်း ကျိုင်းတုံရှိ ရှမ်းများ) ကုန်ကို
အကြွေးယူ၍ မပေးဘဲနေသဖြင့် တရုတ်တို့က
အကြွေးတောင်းရာမှ အကြွေးမပေးသော ဒေသခံ ရှမ်းများနှင့် တရုတ်တို့ ခိုက်ရန်ဖြစ်ကြရာ တရုတ်တို့
သေသည်အထိ ဖြစ်လေသည်။
ထိုကိစ္စသည် မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားသည်
ဖြစ်ရာ ကျိုင်းတုံစစ်ကဲ မြန်မာဝန်ကြီး ရွှေတောင်
တက်က တာဝန်ခံရမည့်အနေအထားဖြစ်လာ
တော့၏။ မြန်မာတို့ကလည်း အသက်စားပေးသည်မှာ
မြန်မာတို့ထုံးစံမရှိဟု အပြတ်ပြော၏။
မြန်မာတို့က မြန်မာ့ထုံးစံအတိုင်း
အသက်ဘိုးပေးလျော်ပါမည်ဆိုသည်ကို တရုတ်
တို့က အသက်ဘိုးမယူ အသက်စားသာယူမည်
ဆို၏။ ထိုသည်ကို တရုတ်တို့က လက်မခံသည်၌
တရုတ်ပြည်သို့ပြန်သွားရာတွင် တရုတ်အနောက်
မျက်နှာ စစ်သူကြီးထံ တိုင်တန်းပြန်လေသည်။
ထိုသည်သာမက ကျိုင်းရုံးကြီးဒေသအတွင်းရှိ
စော်ဘွားများနှင့် ဗန်းမော်စော်ဘွား သိန္နီစော်ဘွား
ကျိုင်းတုံစော်ဘွားများက ၎င်းစစ်သူကြီးအား
ရွှေအများအပြားပေး၍ ၎င်းတို့ဒေသမှ မြန်မာတပ်
များကို မောင်းထုတ်ပေးပါရန် ကမ်းလှမ်းထား
သည်ဖြစ်ရာ ၎င်းစစ်သူကြီးသည် မြန်မာတို့အား
တိုက်ခိုက်ခွင့်ပြုရန်အတွက် ပီကင်းသို့ သွားရောက်
ပြီး တရုတ်ဘုရင်ချင်းလုံအား လျှောက်ထား
လေတော့သည်။ ၎င်းစစ်သူကြီးအား ရွှေပေးထားသူ
ကျိုင်းတုံစော်ဘွား စောစံမှာ အင်းဝသို့ ဆင့်ခေါ်
ခံရပြီးသည်မှ ကျိုင်းဟုန်းတွင် တိမ်ကြားမင်းခေါင်၏
လူကို သတ်ဖြတ်မိသည်၌ ကြေက်ရွံ့၍ တရုတ်
ဘက်သို့ ဝင်ရောက်သွားလေတော့သည်။
တရုတ်ဘုရင် ချင်းလုံသည်လည်း အနောက်မျက်နှာ
စစ်သူကြီးလျှောက်ထားချက်အတိုင်း ကျိုင်းတုံကို
ချီတက် တိုက်ခိုက် ဖျက်ဆီး၍ တစ်မြို့လုံး သိမ်း
လာရမည်ဟု အမိန့်တော် ချမှတ်လိုက်လေသည်
ဖြစ်ရာ၊ တရုတ်တို့က တာလောမြစ်ဆိပ်၌
ငါတို့အား လူစားသော်လည်းပေး၊ မပေးလျှင် တိုက်မည် ဟု စာရေးကာ စာဆွဲ၍ တိုက်ပွဲခေါ်သံကို
စတင်ကြေငြာလိုက်လေတော့၏။
…………………………………………………………။
ပုံစာ -
ယခုကာလ တရုတ်ပိုင် ယူနန်နယ်အတွင်းက
ဆင်ဖြူရှင်လက်ထက် မြန်မာ့ပိုက်နက်
မြန်မာနိုင်ငံတော်အတွင်းက ထင်ရှားရာ
မြို့အချို့၏ အမည်များကို မြန်မာအညွှန်းဖြင့်
စာတန်းထိုးထားသည်။

No comments:

Post a Comment