Tuesday, September 24, 2019

"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၉)
……………………………………………။

ျမန္မာသကၠရာဇ္ ၁၁၂၈ ခု၊ ခရစ္ႏွစ္ AD 1766 တြင္
တရုတ္တို့ ဒုတိယအႀကိမ္ စစ္ခ်ီလာေလသည္။
ယခု တစ္ႀကိမ္ခ်ီလာသည္မွာ ပထမအႀကိမ္က
ကဲ႔သို့ က်ိဳင္းတံုကိုသာ သိမ္းပိုက္ရန္ခ်ီတက္ေသာ
က်ိဳင္းဟုန္း လမ္းေၾကာင္းမွ လာျခင္းမဟုတ္ဘဲ
အင္းဝအထိ အလြယ္တကူေပါက္ေရာက္ႏိုင္သည့္
စႏၵားေၾကာင္း ခ်ီတက္လာခဲ႔၏။
တရုတ္တို့သည္ ဗန္းေမာ္ကို သိမ္းပိုက္ျပီးလ်ွင္
ဧရာဝတီျမစ္အတိုင္း စုန္ဆင္း၍ အင္းဝကို သိမ္း
ပိုက္ျပီး ျမန္မာဘုရင္ကို ဖမ္းဆီးမည္ဟု ရည္ရြယ္
ေသာ စီမံခ်က္ျဖစ္ေၾကာင္း ထင္ရွား၏။
ကုန္းေဘာင္အင္ပါယာကို အႀကီးမားဆံုးခ်ဲ႕ထြင္
ရန္ႏွင့္ တရုတ္ျပည္ ပီကင္းနန္းေတာ္အား ေရႊဖဝါး
ေတာ္ေအာက္ ေရာက္ရွိျပီး ခ်င္မင္းဆက္အား
ျဖတ္ပစ္ရန္ ပီကင္းသို့ကိုယ္တိုင္ခ်ီတက္ တိုက္ခိုက္
သိမ္းပိုက္မည္ ရည္ရြယ္၍ စစ္ေရးစီမံခ်က္ေရးဆြဲ
ျပီးျဖစ္ေသာ၊ နယ္ေျမေဒသကို က်ြမ္းက်င္ႏွံ႕စပ္
ပိုင္ႏိုင္သည့္ ျမန္မာဘုရင္ ဆင္ျဖဴရွင္သည္ တရုတ္
တို့မွာ က်ိဳင္းတံု၌ စစ္ရံႈးပါေသာ္လည္း က်ိဳင္းတံု
သို့မခ်ီ တာ့လီမွေန၍ စႏၵားေၾကာင္းခ်ီသည္မွာ
အင္းဝနန္းေတာ္သို့ ရည္ရြယ္သည္ျဖစ္ေၾကာင္း
အတပ္သိသည္ျဖစ္၏။ စစ္ေရးေျမာ္ျမင္စြမ္း အျပည့္
ရွိေသာ ဆင္ျဖဴရွင္မင္းမွာ က်ိဳင္းတံုမွ တရုတ္တို့
အေသအေပ်ာက္မ်ားစြာျဖင့္ ဆုတ္ခြာထြက္ေျပး
ၾကရသည္ကို ေနာက္တဖန္ က်ိဳင္းတံုသို့သာ
မေက်ပြဲႏႊဲရန္ျပန္လာမည္ဟုသာ သာမန္ယူဆ၍
က်ိဳင္းတံုကိုသာလ်ွင္ အင္အားအလံုးအရင္းျဖည့္
တင္းမည္ဟု စိတ္ကူးရည္ရြယ္ျခင္းမရွိဘဲ၊
ေရွးကပင္ ျမန္မာႏိုင္ငံအတြင္း တရုတ္တို့ အလြယ္
တကူေပါက္ေရာက္ရာလမ္းျဖစ္ေသာ စႏၵားေၾကာင္း
မွ ေပါက္ေရာက္ရာ ဗန္းေမာ္ ေကာင္းတံု၌ ခံတပ္
တည္ေစျခင္းက အမ်ားမျမင္ႏိုင္သည့္ အက်ိဳးအျပစ္
ကို ဆင္ျဖဴရွင္ျမင္ခဲ႔ေၾကာင္း အတပ္သိအပ္ရာသည္
ျဖစ္ေပသည္။ ထိုသည္ေၾကာင့္ပင္ ေကာင္းတံုကို
ငယ္ပင္ငယ္ေသာ္ျငား ခံတပ္တည္ေဆာက္ေစခဲ႔
ျခင္းျဖစ္သလို နကိုယ္မူလကပင္ ရဲရင့္မိုက္ကန္း၍
သတၱိျပင္းပ်ခာ အသက္ကိုအသက္မမွတ္ေသာ
စစ္ဗိုလ္ခ်ဳပ္ ဗလမင္းထင္အား ေကာင္းတံုခံတပ္ကို ဦးစီးေစခဲ႔ျခင္းျဖစ္ေပသည္။ ဗ်ဴဟာခ်မွတ္သည္
မဟုတ္ေသာ လက္ေတြ႕စစ္ေျမျပင္၌သည္ကား
ရဲရင့္မိုက္ကန္းသူတို့သာ ေအာင္ပြဲခံရသည္ပင္။
တိုက္ပြဲအတြင္း သူ့အသက္ကိုယ့္အသက္ လုရာ
သည္ကာလ ေတြးဆဆင္ျခင္ သနားငဲ့ညွာ
ေနျခင္းက မိမိအသက္ကို တပါးသူအား
ႏႈတ္ယူခြင့္ ေပးအပ္ေနျခင္းပင္ျဖစ္၏။
အျဖစ္အပ်က္တို့သည္ ဆင္ျဖဴရွင္၏ ေျမာ္ျမင္မႈ
အတိုင္းျဖစ္လာခဲ႔၏။ တရုတ္တို့ အင္အား ၂သိန္း
ေက်ာ္ျဖင့္ တာပိန္ျမစ္ဘက္မွ စႏၵားေၾကာင္း ခ်ီလာ
သည္ဟူေသာစကားသည္ ျမန္မာ့လက္ေအာက္ခံ
ျဖစ္ေသာ ဟိုသာ လာသာ စႏၵားတို့ဆီမွ သတင္း
စကား ပါးေရာက္သည္၌ ဗိုလ္ခ်ဳပ္မ်ားအား အမိန့္
ေပးသည့္ ဆင္ျဖဴရွင္၏ စကားလံုးတို့မွာ ျပတ္သား
သည္ျဖစ္၏။
"ငါ့ တိုင္းႏိုင္ငံသို့
ခ်ဥ္းနင္းေပါက္ေရာက္လာသမ်ွ
တ႐ုတၱိဳ့ကို
အကုန္ သတ္ရမည္"
ဟူသတည္း။
ဤသို့ျဖင့္ တရုတ္တို့သည္ ျမန္မာႏိုင္ငံအား
ဒုတိယအႀကိမ္၌ က်ဴးေက်ာ္ရန္သက္သက္မ်ွ
မဟုတ္ေတာ့ဘဲ အင္းဝထီးနန္းကိုပါ ဖ်က္ဆီးရန္
ရည္ရြယ္ခ်က္ျဖင့္ ျမန္မာႏိုင္ငံအတြင္းသို့ ျမန္မာပိုင္
စႏၵားေၾကာင္းဘက္မွ စစ္ခ်ီလာေလေတာ့၏။
ခ်င္းလံုသည္ က်ိဳင္းတံုအား အလြယ္တကူ
တုိက္ခိုက္ဖ်က္ဆီးပစ္မည္ဟု ရည္ရြယ္ရင္း အထ
မေျမာက္ရံုမ်ွမက ဆိုးရြားစြာ ရံႈးနိမ့္ခဲ႔ရသည့္အတြက္
ဆင္ျဖဴရွင္အား ဆံုးမရန္ဟူ၍ အေနာက္မ်က္ႏွာ၌
ထင္ရွားသည့္ စစ္သူႀကီး ယန္ယင္ဂ်ဴ အား ေခၚယူ
လိုက္ျပီး အင္အား အလံုးအရင္းျဖင့္ တာ့လီမွေန၍
ဗန္းေမာ္သို့ ခ်ီတက္ေစျပီး ဧရာဝတီအတိုင္း စုန္ဆင္းခါ အင္းဝကို သိမ္းပိုက္ရန္ ညႊန္ၾကား
လိုက္သည္ ျဖစ္၏။
စႏၵားမွ အစျပဳ၍ လာသာ ဟိုသာ စေသာ တရုတ္
ေျမ တာ့လီမွျမန္မာသို့ ေတာင္ဘက္တလႊားေက်း
ရြာမ်ားသည္ ျမန္မာဘုရင္ကို သစၥာခံထားသည့္ ျမန္မာႏိုင္ငံေတာ္ပိုင္နက္ျဖစ္ရာ ေဒသခံေက်းရြာ
မ်ားမွ တရုတ္တို့အား ျပန္လည္ခုခံတိုက္ခိုက္ႏိုင္ျခင္း
မရွိေသာ္ျငားလည္း ရိကၡာေထာက္ပံ႔ျခင္းမ်ား မျပဳ
လုပ္ဘဲေနၾက၏။
စႏၵားသည္ ျမန္မာပိုင္ျဖစ္၍ စႏၵားတစ္ဘက္ တာ့လီ
ဘက္ျခမ္းသည္ တရုပ္ႏိုင္ငံျဖစ္ေလသည္။
တရုတ္တပ္တို့လည္း အင္အား ၂သိန္းခြဲျဖင့္
ဗန္းေမာ္သို့ လြယ္လင့္တကူ ေရာက္ရွိလာျပီးေနာက္
ေကာင္းတံုခံတပ္အား ဝန္းရံ၏။
ဆင္ျဖဴရွင္သည္ ဝန္ႀကီးမဟာစည္သူ ဦးေဆာင္
ေသာ အင္အား ၂ေသာင္းကို ဧရာဝတီျမစ္အေနာက္
ဘက္ျခမ္းမွ မိုးေကာင္း မိုးညွင္းသို့ ခ်ီေစျပီး၊ လက္ဝဲ
ဝင္းမွဴးေနမ်ိဳးစည္သူ ဦးေဆာင္ေသာ အင္အား
၁ေသာင္းခြဲရွိ ေရတပ္ကို ဗန္းေမာ္သို့ ခ်ီေစ၏။
ဝန္ႀကီး မဟာသီဟသသူရ အားလည္း ေနာက္ပိုး
တပ္လႊတ္၏။ တရုတ္တို့ ေကာင္းတံုခံတပ္ကို တိုက္ၾကေသာ္လည္း တိုက္၍မႏိုင္ အေသ
အေပ်ာက္မ်ားလွသည္ျဖစ္၍ ဝန္းရံေနသည္ကို
လက္ဝဲဝင္းမွဴးတပ္မွ လက္ေရြးစင္မ်ားက တရုတ္
တပ္ကို အျပင္းအထန္ေဖာက္ထြင္း၍ ေကာင္းတံု
ခံတပ္အတြင္း ဝင္ေရာက္ျပီး လူသူလက္နက္ ရိကၡာ ေဆးဝါးျဖည့္တင္းလိုက္ၾက၏။
တရုတ္တို့က ႀကိဳးကြင္းျဖင့္ပစ္၍ တပ္တိုင္တို့ကို
ႏႈတ္ေသာ္လည္း ျမန္မာတို့က တစ္တိုင္လဲသည္ႏွင့္
အသင့္စုပံုထားေသာ သစ္လံုးမ်ားျဖင့္ တိုင္အသစ္
စိုက္ထူၾကျပန္သည္ျဖစ္ရာ တပ္မေပါက္ႏိုင္၊
တပ္ရင္းသို့ ခ်ဥ္းကပ္ျပန္ပါေသာ္လည္း အေသ
အေပ်ာက္မ်ားစြာျဖင့္သာ ျပန္၍ လန္က်ေနရျပီး
လက္ဝဲဝင္းမွဴး၏ ေရတပ္ကို တားဆီးရန္အတြက္
တိုက္ေလွလည္း မရွိျပန္သည္ျဖစ္သည္ေၾကာင့္
အခက္ေတြ႔ေနသည္တြင္ၾကားက ကာလဝမ္းက်
သည္က တစ္မ်ိဳး ငွက္ဖ်ားႏွိပ္စက္ျပန္သည္က တစ္ဖံုျဖင့္ အင္အားခ်ိနဲ႔လာေလသည္။
ျမန္မာတို့လည္း ခံစစ္မွေန၍ ထိုးစစ္သို့ေျပာင္း၍
တရုတ္တို့၏ တပ္မ်ားအား အဘက္ဘက္မွ
အျပင္းအထန္ တိုက္ခိုက္ၾကေတာ့သည္ ျဖစ္ရာ
တရုတ္တို့ ဗန္းေမာ္မွ ဆုတ္ခြါရေလေတာ့သည္။
ဤသို့မွ ျမန္မာတို့ တရုတ္တို့အား အထပ္ထပ္
အဆင့္ဆင့္ လိုက္လံတိုက္ခိုက္ၾကသည္ေၾကာင့္
တရုတ္တပ္မ်ား စႏၵားတစ္ဘက္ျခမ္း တရုတ္ျပည္
အတြင္းသို့ ကစဥ့္ကလ်ား ထြက္ေျပးဝင္ေရာက္
သြားၾကရ၏။ တရုတ္ျပည္သို့ ျပန္ေရာက္ႏိုင္သည့္
အင္အားမွာ ၃ပံု ၁ပံုခန့္သာ ရွိေလသည္။
ဤစစ္ပြဲ၌ မႀကံဳဖူးသည့္အရံႈးျဖင့္ ရင္ဆိုင္ခဲ႔ရေသာ တရုတ္တို့၏ နာမည္ေက်ာ္ အေနာက္မ်က္ႏွာ
တိုက္တိုင္းေအာင္ စစ္သူႀကီး ရန္ရင္ဂ်ဴသည္
၎၏ က်စ္ဆံျမီးအား ျဖတ္၍ ခ်င္းလံုထံ ပို့ေစျပီး
ေနာက္ မိမိကိုယ္ကို သတ္၍ ေသေလ၏။
၎သည္ ခ်င္းလံုအား ဗန္းေမာ္ကို သိမ္းပိုက္မိျပီ
ျဖစ္ေၾကာင္း လိမ္လည္ အစီအရင္ခံသည္ကို
ခ်င္းလံု သိရွိျပီးသည္ျဖစ္ရာ ပီကင္းေရာက္ပါက
လည္း မိမိကိုယ္ကို သတ္ေသရမည္သာ ျဖစ္သည္။
ျမန္မာတို့လည္း စႏၵား၌ တပ္ကိုရပ္တန့္၍ ေဒသ
အား တည္ျငိမ္ေအာင္ စီမံကြပ္ကဲျပီးေနာက္ ေဒသ
ေခါင္းေဆာင္မ်ားအား သစၥာေတာ္ ထပ္မံေပး၍
အင္းဝေနျပည္ေတာ္သို့ ျပန္လာခဲ႔ၾကေသာ္လည္း
ေကာင္းတံုခံတပ္ကိုမူ ပိုမိုေတာင့္တင္းေအာင္
လုပ္ေဆာင္ျပီး အင္အားထပ္မံျဖည့္တင္းလိုက္
ၾကသည္။
ျမန္မာတို့အား ဗန္းေမာ္၌ပင္ ေကာင္းတံုခံတပ္ကို
မေက်ာ္ႏိုင္ အရံႈးႀကီးရံႈးခဲ႔ရရံုမ်ွမက အထူးအားထား
ရေသာနာမည္ေက်ာ္ တိုက္တိုင္းေအာင္ စစ္သူႀကီး
သည္လည္း မိမိကိုယ္ကို သတ္ေသသြားရသည္
၌ ေဒါသူပုန္ထ၍ ျမန္မာတို့အား အမႈန့္ေခ်မည္ဟု
နာမည္ေက်ာ္ စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ား ျဖစ္ၾကျပန္ေသာ
မိမိ၏ သားမက္ႏွင့္ညီေတာ္ကို ခ်င္းလံုသည္ ၁တပ္
လ်ွင္ လူ ၃ သိန္းပါ တပ္ေပါင္း ၄ တပ္ျဖင့္ လႊတ္
လိုက္ေလျပန္ေတာ့သည္။
ဤ တတိယအႀကိမ္၌ တရုတ္တို့သည္ စႏၵား
ေၾကာင္း မခ်ီဘဲ နမ့္တစ္  ခ်င္းေရႊေဟာ္ ကြမ္းလံု
ေလာက္ကိုင္ လမ္းေၾကာင္းမွေန၍ အာမခံသူ သိႏၷီေစာ္ဘြား၏အပိုင္ သိႏၷီျမိဳ႕ကို
သိမ္းပိုက္ျပီးမွ လားရွိဳးေၾကာင္းဆင္း၍ အင္းဝသို့
ဝင္မည္ဟု အင္အား၏ ၄ပံု ၃ပံုကို သိႏၷီေၾကာင္း
တစ္ေၾကာင္းႏွင့္ က်န္တစ္ပံုကို မိုင္းသဥ္ဘက္မွ
ဗန္းေမာ္ေၾကာင္း တစ္ေၾကာင္းခ်ီလာေလသည္။
သိႏၷီေစာ္ဘြား ငေအာင္ထြန္းသည္ ပထမအႀကိမ္ တရုတ္တို့ စစ္ရံႈးစဥ္က ျမန္မာဝန္ႀကီးမ်ားထံ လာ
ေရာက္ ေတာင္းပန္ျပီး သစၥာျပန္လည္ခံခဲ႔သျဖင့္ အသက္ မသတ္ ရာထူးစည္းစိမ္မခ် ေနျမဲေနေစ စားျမဲစားေစခဲ႔သည့္ ဆင္ျဖဴရွင္၏ ေက်းဇူးကိုမ်ွ
ွမေထာက္ သိႏၷီျမိဳ႕ကို တရုတ္တို့ဘက္မွ ပါဝင္၍ ကိုယ္တိုင္ ဝင္ေရာက္တိုက္ခိုက္၏။
ျမန္မာတပ္တို့လည္း သိႏၷီ၌ အင္အား နည္းပါး
သည္ျဖစ္ရာ မခုခံႏိုင္ဘဲ သိႏၷီကို တရုတ္တို့ သိမ္းမိ
၍ တပ္ႀကီးတည္ျပီး အထိုင္ခ်ေလေတာ့သည္။
သိႏၷီကို တရုတ္တို့ကသိမ္းပိုက္မိေၾကာင္း၊
စစ္အင္ မခန့္မွန္းႏိုင္ေအာင္ အလြန္ႀကီးမားေၾကာင္း
သီေပါေစာ္ဘြားက အင္းဝသို့ အလ်င္အျမန္
ေလ်ွာက္ထားရသည္။
ဆင္ျဖဴရွင္သည္ ရုတ္တရက္ စစ္မ်က္ႏွာေျပာင္း၍
ခ်ီတက္လာသည့္ အဆမတန္မ်ားျပားလွျပီး၊
တရုတ္ဘုရင္ ခ်င္းလံု၏ သားမက္ႏွင့္ညီတို့ ကိုယ္
တိုင္ ဦးစီးလာသည့္ အင္အား ၁ သန္းေက်ာ္
တရုတ္တပ္ႀကီးအား ရင္ဆိုင္ရန္အတြက္ ဝန္ႀကီး
မဟာစည္သူဦးေဆာင္ တိုက္ဆင္ ၃ရာ၊ ျမင္း
၃ေထာင္၊ လူ ၃ေသာင္းပါ တစ္တပ္၊ ဝန္ႀကီး
မဟာသီဟသူရ ဦးေဆာင္၍ ေရွ႕ဝင္းမွဴးတိမ္ၾကား
မင္းေခါင္ႏွင့္ ေျမာက္ဘက္ျမင္းဝန္တို့ စစ္ကဲျပဳ
ေသာ တိုက္ဆင္ ၂ရာ၊ ျမင္း၂ေထာင္၊ လူ ၂ေသာင္း
ကို တရုတ္တပ္ေနာက္ပိုင္းသို့ ရိကၡာျဖတ္ေတာက္
တိုက္ခိုက္ရန္ တစ္တပ္၊ တရုတ္တို့ ဒုတိယအႀကိမ္ ထြက္ေျပးရစဥ္က ေရေၾကာင္းခ်ီခဲ႔ေသာ လက္ဝ
ဲဝင္းမွဴး ေနမ်ိဳးစည္သူ ဦးေဆာင္ အင္အား ၁ေသာင္း
ပါ တစ္တပ္ စုစုေပါင္း တိုက္ဆင္ ၆၀၀၊ ျမင္း ၆၀၀၀၊
လူ ၆ ေသာင္းကို စစ္ေၾကာင္း ၃ေၾကာင္းျဖင့္
တရုတ္စစ္အား ႀကိဳေစလိုက္ေပသည္။
ဤ တတိယအႀကိမ္၌ တရုတ္တို့သည္ လူအား
အလံုးအရင္း အစီးအနင္းေကာင္းစြာျဖင့္ အျပင္း
အထန္တိုက္ခိုက္သည္ျဖစ္ရာ တရုတ္စစ္ကို
ေရွ႕မွ ရင္ဆိုင္ဆီးဆို့ခံရပ္ရေသာ သီေပါခ်ီ တပ္မွာ
အက်အဆံုးမ်ားစြာျဖင့္ မႏိုင္မနင္း ေခ်မႈန္းခံရသည္
တြင္ ဝန္ႀကီးမဟာစည္သူမွာ ရံုးမိသမ်ွႏွင့္ ဆုတ္ခြါ
၍ တရုတ္တိုႏွင့္ အလွမ္းကြာရာ၌ ရပ္ခ်ေနရေလ
သည္။ ျမန္မာတပ္အခ်ိဳ႕မွာ တပ္လံုးနစ္၍ တပ္ဗိုလ္
ႏွင့္တကြ က်ဆံုးရသည္မ်ားျဖစ္ရျပီး ပြဲဦးထြက္
တိုက္ပြဲတြင္ တရုတ္တို့ အေရးသားျပီး စစ္ဦးျမဴး
လ်က္ရွိေလသည္။
ရင္ဆိုင္တပ္ ပ်က္ေၾကာင္း ၾကားေလလ်ွင္ ဆင္ျဖဴ
ရွင္သည္ အလြန္မေက်မခ်မ္းျဖစ္လ်က္ရွိျပီး၊
အင္းဝသို့ ၃ ရက္ခရီးမ်ွ ကြာေဝးသည့္ အရပ္သို့တိုင္
တရုတ္စစ္ဦး အေရာက္ခံသည္ကို မ်ားစြာေဒါသ
ထြက္၍ ဝန္ႀကီးမဟာစည္သူႏွင့္တကြ က်န္သူမ်ား
ကိုပါ ျပစ္တင္ေမာင္းမဲ၍ "တစ္ႏိုင္ငံလံုး မိန္းမခ်ည္း
က်န္သည္ေသာ္မွ ငါတို့ ညီအစ္ကို ၅ေယာက္
က်န္ေသးသည္" ဟု ႀကံဳးဝါးသည္တြင္ စစ္ဦး၌
တပ္ပ်က္သူတို့ တဖန္စိတ္အားတက္ၾကြသည္
ရွိၾကျပန္ေလ၏။
တရုတ္တို့၏ တပ္ေနာက္ပိုင္းသို့ ရိကၡာပို့သည္
မ်ားအား သိႏၷီႏွင့္ ေလာက္ကိုက္ၾကား လွည့္လည္
ဖ်က္ဆီးရသည့္တာဝန္ယူထားေသာ ဝန္ႀကီး မဟာသီဟသူရတပ္မွ တရုတ္စစ္အင္ကို
အေထာက္အလွမ္းျပဳလုပ္ရန္ ထြက္လာသည့္
တိမ္ၾကားမင္းေခါင္ဦးေဆာင္ေသာ ျမင္း၅ရာႏွင့္
သည့္ ေသနတ္ကိုင္ ၃ေထာင္ပါဝင္ေသာ
လူ ၅ေထာင္သည္ သိႏၷီအနီး၌ အင္အားႀကီးမား
လွေသာတရုတ္တို့၏ ေနာက္ေၾကာခံတပ္ကို
ေတြ႕သည္တြင္ ဝန္ႀကီးမဟာသီဟသူရက ျပန္
ဆုတ္ရန္ မွာသည္ကို မနာယူ ဝါးပိုးဝါးမ်ားကိုခုတ္၍ တပ္တည္ျပီး ရင္ဆိုင္ထားလ်က္ ေနာက္ကသာ လိုက္ပါလာရန္ အေၾကာင္းျပန္ျပီး ဝါးပိုးဝါးတပ္ျဖင့္ တရုတ္တပ္ႀကီးအား မထီေလးစား ပမာမခန့္ ရင္ဆိုင္ေလေတာ့သည္။ တရုတ္တို့လည္း ျမန္မာ
တို့ မခန့္ေလးစား လူ ၅၀၀၀ မ်ွျဖင့္ ဝါးပိုးဝါးကို တပ္တိုင္လုပ္၍ ခံတပ္ျဖင့္ေနသည္ကို အမႈန့္ေခ်
မည္ဟု တိမ္ၾကားမင္းေခါင္၏ ဝါးပိုးဝါးတပ္အား တိုက္သည္တြင္ ေနာက္က အျပင္းလိုက္လာေသာ
ဝန္ႀကီးမဟာသီဟသူရတို့လည္း ေရာက္မဆိုက္
ပင္ မရပ္မဆိုင္း ခံတပ္ အတြင္းအျပင္ အျပိဳင္
တိုက္ၾကသည္ႏွင့္ အင္အား သိန္းခ်ီ တပ္စြဲထား
ေသာ တရုတ္တို့၏ သိႏၷီပင္မတပ္၏ ေနာက္ခံ
တပ္ႀကီး ပ်က္၍ တရုတ္တို့ ကြမ္းလံု ေလာက္ကိုင္
ဘက္သို့ မေျပးႏိုင္ သိႏၷီအေျခစိုက္ ခံတပ္သို့
ဝင္ေရာက္ ေပါင္းရံုး၍ ေနေလသည္။
ဤတိုက္ပြဲ၌ တိမ္ၾကားမင္းေခါင္၏ ရဲစြမ္းသတၱိ၊
အစီအမံအကြပ္အကဲႏွင့္ ၎၏ ဝါးပိုးဝါးခံတပ္မွာ
ဗလမင္းထင္၏ ေကာင္းတံုခံတပ္ကဲ႔သို့ အလြန္ပင္
အဖိုးတန္ခဲ႔ေပသည္။ ထိုသို့ သိႏၷီတြင္ တရုတ္တပ္
တို့ ေရြ႕သည္တြင္မွ ပြဲဦးမွစ၍ အေရးသာေနခဲ႔ေသာ တရုတ္တို့၏ အေျခအေနသည္ အလွည့္အေျပာင္း
ျဖစ္၍ ျမန္မာတို့က အေရးသာသည့္ အေနအထား
သို့ ျပန္လည္ ေရာက္ရွိလာခဲ႔ေပသည္။
ဤတိုက္ပြဲအျပီး၌ တိမ္ၾကားမင္းေခါင္ဟူေသာ
အမည္သည္ တရုတ္တို့၏ ပါးစပ္ဖ်ား၌ ေရးပန္းစား
၍ အသံၾကားရံုကာမ်ွျဖင့္ ေၾကာက္ရြံ႕ျခင္း ျပင္းစြာ
ျဖစ္ၾကေလ၏။ ဤသို့မွ အင္းဝကိုသိမ္းရန္ စိတ္ေစာ
ေနသည့္ တရုတ္တို့ သီေပါသို့ တပ္အင္အား အႀကီး
အက်ယ္ ပို့၍ စုရံုးခိုက္တြင္ ဝန္ႀကီးမဟာသီဟသူရ
ဦးေဆာင္၍ စစ္ကဲ တိမ္ၾကားမင္းေခါင္ႏွင့္ လက္ဝဲ
ဝင္းမွဴး ေနမ်ိဳးစည္သူတို့ တပ္ ၃တပ္ျဖင့္ အျပင္း
တိုက္ရာ သိႏၷီကို ျမန္မာတို့ျပန္လည္ သိမ္းပိုက္
ရရွိမိျပီး သိႏၷီေစာ္ဘြားအပါအဝင္ ထြက္ေျပးသည့္
တရုတ္တပ္တို့ သီေပါသို့ ပူးေပါင္းၾကရေလေတာ့
သည္။ သိႏၷီကို ျမန္မာတို့ သိမ္းပိုက္လိုက္ျခင္း
ေၾကာင့္ ေလာက္ကိုင္ ကြမ္းလံုဘက္မွ လာေရာက္
ေသာ တရုတ္တို့၏ ေထာက္ပို့ လမ္းေၾကာင္းကို
ျဖတ္ေတာက္ႏိုင္လိုက္သည္ျဖစ္ရာ တရုတ္တို့
ရိကၡာျပတ္သည့္ အေျခအေနသို့ ေရာက္ရွိသြား
ျပီး ျမန္မာတပ္တို့၏ အလယ္သို့ တရုတ္တို့ ေရာက္
ရွိသြားခဲ႔ေတာ့သည္တြင္ တရုတ္တို့၌ ထြက္ေပါက္
ပိတ္၍ ျမန္မာတို့၏ ဝိုင္းပတ္ပိတ္ဆို့မႈကို ခံရလ်က္
သား ျဖစ္ေနေလေတာ့သည္။
ထိုအတြင္း အယုဒၶယကို ေျမလွန္၍ ျပန္လာသည့္
ယိုဒယားခ်ီတပ္တို့လည္း ျပန္လည္ ေရာက္ရွိ
လာသည္ျဖစ္ရာ ေရာက္မဆိုက္ပင္ တရုတ္တပ္
တို့အား တိုက္ခိုက္ရန္အတြက္ အင္းဝေနျပည္
ေတာ္မွ စစ္ပြဲဆီသို့ အျပင္းခ်ီတက္လာေလသည္။
ဤသို့မွ သီေပါတြင္ အင္အားႀကီးမားစြာရွိပါေသာ္
လည္း ငတ္မြတ္ေနသည့္ တရုတ္တို့အား ျမန္မာတို့
ဝိုင္းဝန္း တိုက္ခိုက္ၾကရာ တရုတ္တို့ လားရိႈးသို့
တက္ေျပးျပီးမွ တရုတ္ျပည္တြင္းသို့ ေျပးၾကရေလ
ေတာ့သည္။ ခ်င္းလံု၏ညီ သည္လည္း သီေပါတပ္
မပ်က္မီကပင္ ကိုယ့္လည္ပင္းကို ဓားျဖင့္လွီး၍
သတ္ေသသြား၏။ ခ်င္းလံု၏ သားမက္မွာလည္း
တရုတ္ျပည္သို့ ျပန္ေရာက္ေအာင္ ထြက္ေျပးႏိုင္
ေသာ္ျငား အေနာက္ဘက္စစ္မ်က္ႏွာ၌ တူရကီ
တို့အား အျပတ္အသတ္ႏွိမ္နင္းႏိုင္ခဲ႔ေသာ နာမည္ေက်ာ္ စစ္သူႀကီး မင္ဂ်ဴအိသည္ ျမန္မာတို့ အား အလြန္ႀကီးမားေသာ စစ္အင္အားျဖင့္
ခ်ီတက္လုပ္ၾကံပါေသာ္လည္း အသက္လု၍ပင္
ထြက္ေျပးလာရသည္၌ ၎သည္လည္း ပီကင္း
နန္းေတာ္၌ မိမိကိုယ္ကို အဆံုးစီရင္ရျပန္ေလ
သည္။ ဗန္းေမာ္ေၾကာင္းခ်ီေသာ တရုတ္တပ္မွာ
လည္း ေကာင္းတံုခံတပ္အား မေက်ာ္လႊားႏိုင္ဘဲ
အက်အဆံုးမ်ားစြာျဖင့္ တပ္ပ်က္ခါ ကိုယ္လြတ္
ထြက္ေျပး ၾကရေတာ့၏။ ျမန္မာရာဇဝင္တို့၌
တရုတ္တို့ အင္အား ၃ ပံု ၂ ပံုခန့္ ေသဆံုး ပ်က္စီး
ေၾကာင္း၊ တရုတ္တို့ ထြက္ေျပးရာလမ္းတေလ်ာက္
အေသေကာင္ အထပ္ထပ္ ေတာလံုးႏွံ႕မ်ွျဖစ္
ေၾကာင္း ဆို၏။ တရုတ္မွတ္တမ္းတို့၌ တရုတ္
ျပည္သို့ ျပန္ေရာက္လာသည့္ အင္အားမွာ ျမန္မာ
တို့ႏွင့္မတူ။ ဒါဇင္အနည္းငယ္မ်ွသာ တရုတ္ျပည္
သို့ ျပန္ေရာက္သည္ဟူ၏။
မည္သို့ပင္ဆိုေစကာမူ စစ္ပြဲမ်ား အဆက္မျပတ္
ဆင္ႏႊဲ၍ ႏိုင္ပြဲမ်ားရေနေသာ ခ်င္းလံုသည္ ျမန္မာ
ျပည္စစ္ေျမျပင္၌ အထူးအားထားရေသာ ၎၏
စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ား ဆံုးရံႈးသြားခဲ႔ရသလို စစ္သူရဲ
ေကာင္း လူေတာ္မ်ားစြာသည္လည္း ျမန္မာ့
ေတာေတာင္အထဲ၌ အေသေကာင္မ်ားအျဖစ္
က်န္ရစ္ခဲ့ၾကသည္ျဖစ္ရာ စစ္အင္အား အရာ၌
တိုက္ရည္ခိုက္ရည္ ထူးခ်ြန္သူ နည္းပါးသြားျပီး
ခ်ိနဲ႔သြားခဲ႔သည္မွာ အမွန္ပင္ျဖစ္ေလသည္။
ဤ တတိယအႀကိမ္ ျမန္မာတို့အား တရုတ္တို့
တိုက္ခိုက္မႈသည္ ခ်င္းလံုအတြက္ အလြန္အထိနာ
ေသာ စစ္ပြဲျဖစ္ခဲ႔ၿပီး ၎ အထူးအားထားရေသာ
လက္ရံုးဟူသမ်ွ ျမန္မာတို့လက္ခ်က္ျဖင့္ ေသဆံုး
သြားၾကရေလေတာ့သည္။
ထို့ျပင္ တပ္ပ်က္၍ စစ္ဦးက်ိဳးခဲ႔ေသာ ျမန္မာတို့
သည္ တိမ္ၾကားမင္းေခါင္၏ ဝါးပိုးဝါးခံတပ္ေၾကာင့္
စစ္လယ္ေကာင္း၍ စစ္ေႏွာင္းေအာင္ခဲ႔ရသည္
ျဖစ္ခါ ရံႈးအံ႔ဟု ထင္စရာရွိေသာစစ္ပြဲကို တိမ္ၾကား
မင္းေခါင္က တိုက္ကြက္ေဖာ္၍ စစ္ရိပ္စစ္ေျခကို
ေျပာင္းျပန္လွန္ေပးခဲ႔ျခင္း ျဖစ္ေပသည္။
ရဲရင့္သူတို့သာလ်ွင္ ေအာင္ပြဲႏွင့္
ထိုက္တန္သည္ မဟုတ္ပါလား။
………………………………………………………။
ပံုစာ -
တရုတ္ျမန္မာ တတိယစစ္ပြဲ၌
တရုတ္တို့ ဝင္ေရာက္ခဲ႔ရာ လမ္းေၾကာင္း။

…………………………………………………………

"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၉)
……………………………………………။
မြန်မာသက္ကရာဇ် ၁၁၂၈ ခု၊ ခရစ်နှစ် AD 1766 တွင်
တရုတ်တို့ ဒုတိယအကြိမ် စစ်ချီလာလေသည်။
ယခု တစ်ကြိမ်ချီလာသည်မှာ ပထမအကြိမ်က
ကဲ့သို့ ကျိုင်းတုံကိုသာ သိမ်းပိုက်ရန်ချီတက်သော
ကျိုင်းဟုန်း လမ်းကြောင်းမှ လာခြင်းမဟုတ်ဘဲ
အင်းဝအထိ အလွယ်တကူပေါက်ရောက်နိုင်သည့်
စန္ဒားကြောင်း ချီတက်လာခဲ့၏။
တရုတ်တို့သည် ဗန်းမော်ကို သိမ်းပိုက်ပြီးလျှင်
ဧရာဝတီမြစ်အတိုင်း စုန်ဆင်း၍ အင်းဝကို သိမ်း
ပိုက်ပြီး မြန်မာဘုရင်ကို ဖမ်းဆီးမည်ဟု ရည်ရွယ်
သော စီမံချက်ဖြစ်ကြောင်း ထင်ရှား၏။
ကုန်းဘောင်အင်ပါယာကို အကြီးမားဆုံးချဲ့ထွင်
ရန်နှင့် တရုတ်ပြည် ပီကင်းနန်းတော်အား ရွှေဖဝါး
တော်အောက် ရောက်ရှိပြီး ချင်မင်းဆက်အား
ဖြတ်ပစ်ရန် ပီကင်းသို့ကိုယ်တိုင်ချီတက် တိုက်ခိုက်
သိမ်းပိုက်မည် ရည်ရွယ်၍ စစ်ရေးစီမံချက်ရေးဆွဲ
ပြီးဖြစ်သော၊ နယ်မြေဒေသကို ကျွမ်းကျင်နှံ့စပ်
ပိုင်နိုင်သည့် မြန်မာဘုရင် ဆင်ဖြူရှင်သည် တရုတ်
တို့မှာ ကျိုင်းတုံ၌ စစ်ရှုံးပါသော်လည်း ကျိုင်းတုံ
သို့မချီ တာ့လီမှနေ၍ စန္ဒားကြောင်းချီသည်မှာ
အင်းဝနန်းတော်သို့ ရည်ရွယ်သည်ဖြစ်ကြောင်း
အတပ်သိသည်ဖြစ်၏။ စစ်ရေးမြော်မြင်စွမ်း အပြည့်
ရှိသော ဆင်ဖြူရှင်မင်းမှာ ကျိုင်းတုံမှ တရုတ်တို့
အသေအပျောက်များစွာဖြင့် ဆုတ်ခွာထွက်ပြေး
ကြရသည်ကို နောက်တဖန် ကျိုင်းတုံသို့သာ
မကျေပွဲနွှဲရန်ပြန်လာမည်ဟုသာ သာမန်ယူဆ၍
ကျိုင်းတုံကိုသာလျှင် အင်အားအလုံးအရင်းဖြည့်
တင်းမည်ဟု စိတ်ကူးရည်ရွယ်ခြင်းမရှိဘဲ၊
ရှေးကပင် မြန်မာနိုင်ငံအတွင်း တရုတ်တို့ အလွယ်
တကူပေါက်ရောက်ရာလမ်းဖြစ်သော စန္ဒားကြောင်း
မှ ပေါက်ရောက်ရာ ဗန်းမော် ကောင်းတုံ၌ ခံတပ်
တည်စေခြင်းက အများမမြင်နိုင်သည့် အကျိုးအပြစ်
ကို ဆင်ဖြူရှင်မြင်ခဲ့ကြောင်း အတပ်သိအပ်ရာသည်
ဖြစ်ပေသည်။ ထိုသည်ကြောင့်ပင် ကောင်းတုံကို
ငယ်ပင်ငယ်သော်ငြား ခံတပ်တည်ဆောက်စေခဲ့
ခြင်းဖြစ်သလို နကိုယ်မူလကပင် ရဲရင့်မိုက်ကန်း၍
သတ္တိပြင်းပျခာ အသက်ကိုအသက်မမှတ်သော
စစ်ဗိုလ်ချုပ် ဗလမင်းထင်အား ကောင်းတုံခံတပ်ကို ဦးစီးစေခဲ့ခြင်းဖြစ်ပေသည်။ ဗျူဟာချမှတ်သည်
မဟုတ်သော လက်တွေ့စစ်မြေပြင်၌သည်ကား
ရဲရင့်မိုက်ကန်းသူတို့သာ အောင်ပွဲခံရသည်ပင်။
တိုက်ပွဲအတွင်း သူ့အသက်ကိုယ့်အသက် လုရာ
သည်ကာလ တွေးဆဆင်ခြင် သနားငဲ့ညှာ
နေခြင်းက မိမိအသက်ကို တပါးသူအား
နှုတ်ယူခွင့် ပေးအပ်နေခြင်းပင်ဖြစ်၏။
အဖြစ်အပျက်တို့သည် ဆင်ဖြူရှင်၏ မြော်မြင်မှု
အတိုင်းဖြစ်လာခဲ့၏။ တရုတ်တို့ အင်အား ၂သိန်း
ကျော်ဖြင့် တာပိန်မြစ်ဘက်မှ စန္ဒားကြောင်း ချီလာ
သည်ဟူသောစကားသည် မြန်မာ့လက်အောက်ခံ
ဖြစ်သော ဟိုသာ လာသာ စန္ဒားတို့ဆီမှ သတင်း
စကား ပါးရောက်သည်၌ ဗိုလ်ချုပ်များအား အမိန့်
ပေးသည့် ဆင်ဖြူရှင်၏ စကားလုံးတို့မှာ ပြတ်သား
သည်ဖြစ်၏။
"ငါ့ တိုင်းနိုင်ငံသို့
ချဉ်းနင်းပေါက်ရောက်လာသမျှ
တရုတ္တို့ကို
အကုန် သတ်ရမည်"
ဟူသတည်း။
ဤသို့ဖြင့် တရုတ်တို့သည် မြန်မာနိုင်ငံအား
ဒုတိယအကြိမ်၌ ကျူးကျော်ရန်သက်သက်မျှ
မဟုတ်တော့ဘဲ အင်းဝထီးနန်းကိုပါ ဖျက်ဆီးရန်
ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ မြန်မာပိုင်
စန္ဒားကြောင်းဘက်မှ စစ်ချီလာလေတော့၏။
ချင်းလုံသည် ကျိုင်းတုံအား အလွယ်တကူ
တိုက်ခိုက်ဖျက်ဆီးပစ်မည်ဟု ရည်ရွယ်ရင်း အထ
မမြောက်ရုံမျှမက ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည့်အတွက်
ဆင်ဖြူရှင်အား ဆုံးမရန်ဟူ၍ အနောက်မျက်နှာ၌
ထင်ရှားသည့် စစ်သူကြီး ယန်ယင်ဂျူ အား ခေါ်ယူ
လိုက်ပြီး အင်အား အလုံးအရင်းဖြင့် တာ့လီမှနေ၍
ဗန်းမော်သို့ ချီတက်စေပြီး ဧရာဝတီအတိုင်း စုန်ဆင်းခါ အင်းဝကို သိမ်းပိုက်ရန် ညွှန်ကြား
လိုက်သည် ဖြစ်၏။
စန္ဒားမှ အစပြု၍ လာသာ ဟိုသာ စသော တရုတ်
မြေ တာ့လီမှမြန်မာသို့ တောင်ဘက်တလွှားကျေး
ရွာများသည် မြန်မာဘုရင်ကို သစ္စာခံထားသည့် မြန်မာနိုင်ငံတော်ပိုင်နက်ဖြစ်ရာ ဒေသခံကျေးရွာ
များမှ တရုတ်တို့အား ပြန်လည်ခုခံတိုက်ခိုက်နိုင်ခြင်း
မရှိသော်ငြားလည်း ရိက္ခာထောက်ပံ့ခြင်းများ မပြု
လုပ်ဘဲနေကြ၏။
စန္ဒားသည် မြန်မာပိုင်ဖြစ်၍ စန္ဒားတစ်ဘက် တာ့လီ
ဘက်ခြမ်းသည် တရုပ်နိုင်ငံဖြစ်လေသည်။
တရုတ်တပ်တို့လည်း အင်အား ၂သိန်းခွဲဖြင့်
ဗန်းမော်သို့ လွယ်လင့်တကူ ရောက်ရှိလာပြီးနောက်
ကောင်းတုံခံတပ်အား ဝန်းရံ၏။
ဆင်ဖြူရှင်သည် ဝန်ကြီးမဟာစည်သူ ဦးဆောင်
သော အင်အား ၂သောင်းကို ဧရာဝတီမြစ်အနောက်
ဘက်ခြမ်းမှ မိုးကောင်း မိုးညှင်းသို့ ချီစေပြီး၊ လက်ဝဲ
ဝင်းမှူးနေမျိုးစည်သူ ဦးဆောင်သော အင်အား
၁သောင်းခွဲရှိ ရေတပ်ကို ဗန်းမော်သို့ ချီစေ၏။
ဝန်ကြီး မဟာသီဟသသူရ အားလည်း နောက်ပိုး
တပ်လွှတ်၏။ တရုတ်တို့ ကောင်းတုံခံတပ်ကို တိုက်ကြသော်လည်း တိုက်၍မနိုင် အသေ
အပျောက်များလှသည်ဖြစ်၍ ဝန်းရံနေသည်ကို
လက်ဝဲဝင်းမှူးတပ်မှ လက်ရွေးစင်များက တရုတ်
တပ်ကို အပြင်းအထန်ဖောက်ထွင်း၍ ကောင်းတုံ
ခံတပ်အတွင်း ဝင်ရောက်ပြီး လူသူလက်နက် ရိက္ခာ ဆေးဝါးဖြည့်တင်းလိုက်ကြ၏။
တရုတ်တို့က ကြိုးကွင်းဖြင့်ပစ်၍ တပ်တိုင်တို့ကို
နှုတ်သော်လည်း မြန်မာတို့က တစ်တိုင်လဲသည်နှင့်
အသင့်စုပုံထားသော သစ်လုံးများဖြင့် တိုင်အသစ်
စိုက်ထူကြပြန်သည်ဖြစ်ရာ တပ်မပေါက်နိုင်၊
တပ်ရင်းသို့ ချဉ်းကပ်ပြန်ပါသော်လည်း အသေ
အပျောက်များစွာဖြင့်သာ ပြန်၍ လန်ကျနေရပြီး
လက်ဝဲဝင်းမှူး၏ ရေတပ်ကို တားဆီးရန်အတွက်
တိုက်လှေလည်း မရှိပြန်သည်ဖြစ်သည်ကြောင့်
အခက်တွေ့နေသည်တွင်ကြားက ကာလဝမ်းကျ
သည်က တစ်မျိုး ငှက်ဖျားနှိပ်စက်ပြန်သည်က တစ်ဖုံဖြင့် အင်အားချိနဲ့လာလေသည်။
မြန်မာတို့လည်း ခံစစ်မှနေ၍ ထိုးစစ်သို့ပြောင်း၍
တရုတ်တို့၏ တပ်များအား အဘက်ဘက်မှ
အပြင်းအထန် တိုက်ခိုက်ကြတော့သည် ဖြစ်ရာ
တရုတ်တို့ ဗန်းမော်မှ ဆုတ်ခွါရလေတော့သည်။
ဤသို့မှ မြန်မာတို့ တရုတ်တို့အား အထပ်ထပ်
အဆင့်ဆင့် လိုက်လံတိုက်ခိုက်ကြသည်ကြောင့်
တရုတ်တပ်များ စန္ဒားတစ်ဘက်ခြမ်း တရုတ်ပြည်
အတွင်းသို့ ကစဥ့်ကလျား ထွက်ပြေးဝင်ရောက်
သွားကြရ၏။ တရုတ်ပြည်သို့ ပြန်ရောက်နိုင်သည့်
အင်အားမှာ ၃ပုံ ၁ပုံခန့်သာ ရှိလေသည်။
ဤစစ်ပွဲ၌ မကြုံဖူးသည့်အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသော တရုတ်တို့၏ နာမည်ကျော် အနောက်မျက်နှာ
တိုက်တိုင်းအောင် စစ်သူကြီး ရန်ရင်ဂျူသည်
၎င်း၏ ကျစ်ဆံမြီးအား ဖြတ်၍ ချင်းလုံထံ ပို့စေပြီး
နောက် မိမိကိုယ်ကို သတ်၍ သေလေ၏။
၎င်းသည် ချင်းလုံအား ဗန်းမော်ကို သိမ်းပိုက်မိပြီ
ဖြစ်ကြောင်း လိမ်လည် အစီအရင်ခံသည်ကို
ချင်းလုံ သိရှိပြီးသည်ဖြစ်ရာ ပီကင်းရောက်ပါက
လည်း မိမိကိုယ်ကို သတ်သေရမည်သာ ဖြစ်သည်။
မြန်မာတို့လည်း စန္ဒား၌ တပ်ကိုရပ်တန့်၍ ဒေသ
အား တည်ငြိမ်အောင် စီမံကွပ်ကဲပြီးနောက် ဒေသ
ခေါင်းဆောင်များအား သစ္စာတော် ထပ်မံပေး၍
အင်းဝနေပြည်တော်သို့ ပြန်လာခဲ့ကြသော်လည်း
ကောင်းတုံခံတပ်ကိုမူ ပိုမိုတောင့်တင်းအောင်
လုပ်ဆောင်ပြီး အင်အားထပ်မံဖြည့်တင်းလိုက်
ကြသည်။
မြန်မာတို့အား ဗန်းမော်၌ပင် ကောင်းတုံခံတပ်ကို
မကျော်နိုင် အရှုံးကြီးရှုံးခဲ့ရရုံမျှမက အထူးအားထား
ရသောနာမည်ကျော် တိုက်တိုင်းအောင် စစ်သူကြီး
သည်လည်း မိမိကိုယ်ကို သတ်သေသွားရသည်
၌ ဒေါသူပုန်ထ၍ မြန်မာတို့အား အမှုန့်ချေမည်ဟု
နာမည်ကျော် စစ်ဗိုလ်ချုပ်ကြီးများ ဖြစ်ကြပြန်သော
မိမိ၏ သားမက်နှင့်ညီတော်ကို ချင်းလုံသည် ၁တပ်
လျှင် လူ ၃ သိန်းပါ တပ်ပေါင်း ၄ တပ်ဖြင့် လွှတ်
လိုက်လေပြန်တော့သည်။
ဤ တတိယအကြိမ်၌ တရုတ်တို့သည် စန္ဒား
ကြောင်း မချီဘဲ နမ့်တစ်  ချင်းရွှေဟော် ကွမ်းလုံ
လောက်ကိုင် လမ်းကြောင်းမှနေ၍ အာမခံသူ သိန္နီစော်ဘွား၏အပိုင် သိန္နီမြို့ကို
သိမ်းပိုက်ပြီးမှ လားရှိုးကြောင်းဆင်း၍ အင်းဝသို့
ဝင်မည်ဟု အင်အား၏ ၄ပုံ ၃ပုံကို သိန္နီကြောင်း
တစ်ကြောင်းနှင့် ကျန်တစ်ပုံကို မိုင်းသဉ်ဘက်မှ
ဗန်းမော်ကြောင်း တစ်ကြောင်းချီလာလေသည်။
သိန္နီစော်ဘွား ငအောင်ထွန်းသည် ပထမအကြိမ် တရုတ်တို့ စစ်ရှုံးစဉ်က မြန်မာဝန်ကြီးများထံ လာ
ရောက် တောင်းပန်ပြီး သစ္စာပြန်လည်ခံခဲ့သဖြင့် အသက် မသတ် ရာထူးစည်းစိမ်မချ နေမြဲနေစေ စားမြဲစားစေခဲ့သည့် ဆင်ဖြူရှင်၏ ကျေးဇူးကိုမျှ
ှမထောက် သိန္နီမြို့ကို တရုတ်တို့ဘက်မှ ပါဝင်၍ ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်၏။
မြန်မာတပ်တို့လည်း သိန္နီ၌ အင်အား နည်းပါး
သည်ဖြစ်ရာ မခုခံနိုင်ဘဲ သိန္နီကို တရုတ်တို့ သိမ်းမိ
၍ တပ်ကြီးတည်ပြီး အထိုင်ချလေတော့သည်။
သိန္နီကို တရုတ်တို့ကသိမ်းပိုက်မိကြောင်း၊
စစ်အင် မခန့်မှန်းနိုင်အောင် အလွန်ကြီးမားကြောင်း
သီပေါစော်ဘွားက အင်းဝသို့ အလျင်အမြန်
လျှောက်ထားရသည်။
ဆင်ဖြူရှင်သည် ရုတ်တရက် စစ်မျက်နှာပြောင်း၍
ချီတက်လာသည့် အဆမတန်များပြားလှပြီး၊
တရုတ်ဘုရင် ချင်းလုံ၏ သားမက်နှင့်ညီတို့ ကိုယ်
တိုင် ဦးစီးလာသည့် အင်အား ၁ သန်းကျော်
တရုတ်တပ်ကြီးအား ရင်ဆိုင်ရန်အတွက် ဝန်ကြီး
မဟာစည်သူဦးဆောင် တိုက်ဆင် ၃ရာ၊ မြင်း
၃ထောင်၊ လူ ၃သောင်းပါ တစ်တပ်၊ ဝန်ကြီး
မဟာသီဟသူရ ဦးဆောင်၍ ရှေ့ဝင်းမှူးတိမ်ကြား
မင်းခေါင်နှင့် မြောက်ဘက်မြင်းဝန်တို့ စစ်ကဲပြု
သော တိုက်ဆင် ၂ရာ၊ မြင်း၂ထောင်၊ လူ ၂သောင်း
ကို တရုတ်တပ်နောက်ပိုင်းသို့ ရိက္ခာဖြတ်တောက်
တိုက်ခိုက်ရန် တစ်တပ်၊ တရုတ်တို့ ဒုတိယအကြိမ် ထွက်ပြေးရစဉ်က ရေကြောင်းချီခဲ့သော လက်ဝ
ဲဝင်းမှူး နေမျိုးစည်သူ ဦးဆောင် အင်အား ၁သောင်း
ပါ တစ်တပ် စုစုပေါင်း တိုက်ဆင် ၆၀၀၊ မြင်း ၆၀၀၀၊
လူ ၆ သောင်းကို စစ်ကြောင်း ၃ကြောင်းဖြင့်
တရုတ်စစ်အား ကြိုစေလိုက်ပေသည်။
ဤ တတိယအကြိမ်၌ တရုတ်တို့သည် လူအား
အလုံးအရင်း အစီးအနင်းကောင်းစွာဖြင့် အပြင်း
အထန်တိုက်ခိုက်သည်ဖြစ်ရာ တရုတ်စစ်ကို
ရှေ့မှ ရင်ဆိုင်ဆီးဆို့ခံရပ်ရသော သီပေါချီ တပ်မှာ
အကျအဆုံးများစွာဖြင့် မနိုင်မနင်း ချေမှုန်းခံရသည်
တွင် ဝန်ကြီးမဟာစည်သူမှာ ရုံးမိသမျှနှင့် ဆုတ်ခွါ
၍ တရုတ်တိုနှင့် အလှမ်းကွာရာ၌ ရပ်ချနေရလေ
သည်။ မြန်မာတပ်အချို့မှာ တပ်လုံးနစ်၍ တပ်ဗိုလ်
နှင့်တကွ ကျဆုံးရသည်များဖြစ်ရပြီး ပွဲဦးထွက်
တိုက်ပွဲတွင် တရုတ်တို့ အရေးသားပြီး စစ်ဦးမြူး
လျက်ရှိလေသည်။
ရင်ဆိုင်တပ် ပျက်ကြောင်း ကြားလေလျှင် ဆင်ဖြူ
ရှင်သည် အလွန်မကျေမချမ်းဖြစ်လျက်ရှိပြီး၊
အင်းဝသို့ ၃ ရက်ခရီးမျှ ကွာဝေးသည့် အရပ်သို့တိုင်
တရုတ်စစ်ဦး အရောက်ခံသည်ကို များစွာဒေါသ
ထွက်၍ ဝန်ကြီးမဟာစည်သူနှင့်တကွ ကျန်သူများ
ကိုပါ ပြစ်တင်မောင်းမဲ၍ "တစ်နိုင်ငံလုံး မိန်းမချည်း
ကျန်သည်သော်မှ ငါတို့ ညီအစ်ကို ၅ယောက်
ကျန်သေးသည်" ဟု ကြုံးဝါးသည်တွင် စစ်ဦး၌
တပ်ပျက်သူတို့ တဖန်စိတ်အားတက်ကြွသည်
ရှိကြပြန်လေ၏။
တရုတ်တို့၏ တပ်နောက်ပိုင်းသို့ ရိက္ခာပို့သည်
များအား သိန္နီနှင့် လောက်ကိုက်ကြား လှည့်လည်
ဖျက်ဆီးရသည့်တာဝန်ယူထားသော ဝန်ကြီး မဟာသီဟသူရတပ်မှ တရုတ်စစ်အင်ကို
အထောက်အလှမ်းပြုလုပ်ရန် ထွက်လာသည့်
တိမ်ကြားမင်းခေါင်ဦးဆောင်သော မြင်း၅ရာနှင့်
သည့် သေနတ်ကိုင် ၃ထောင်ပါဝင်သော
လူ ၅ထောင်သည် သိန္နီအနီး၌ အင်အားကြီးမား
လှသောတရုတ်တို့၏ နောက်ကြောခံတပ်ကို
တွေ့သည်တွင် ဝန်ကြီးမဟာသီဟသူရက ပြန်
ဆုတ်ရန် မှာသည်ကို မနာယူ ဝါးပိုးဝါးများကိုခုတ်၍ တပ်တည်ပြီး ရင်ဆိုင်ထားလျက် နောက်ကသာ လိုက်ပါလာရန် အကြောင်းပြန်ပြီး ဝါးပိုးဝါးတပ်ဖြင့် တရုတ်တပ်ကြီးအား မထီလေးစား ပမာမခန့် ရင်ဆိုင်လေတော့သည်။ တရုတ်တို့လည်း မြန်မာ
တို့ မခန့်လေးစား လူ ၅၀၀၀ မျှဖြင့် ဝါးပိုးဝါးကို တပ်တိုင်လုပ်၍ ခံတပ်ဖြင့်နေသည်ကို အမှုန့်ချေ
မည်ဟု တိမ်ကြားမင်းခေါင်၏ ဝါးပိုးဝါးတပ်အား တိုက်သည်တွင် နောက်က အပြင်းလိုက်လာသော
ဝန်ကြီးမဟာသီဟသူရတို့လည်း ရောက်မဆိုက်
ပင် မရပ်မဆိုင်း ခံတပ် အတွင်းအပြင် အပြိုင်
တိုက်ကြသည်နှင့် အင်အား သိန်းချီ တပ်စွဲထား
သော တရုတ်တို့၏ သိန္နီပင်မတပ်၏ နောက်ခံ
တပ်ကြီး ပျက်၍ တရုတ်တို့ ကွမ်းလုံ လောက်ကိုင်
ဘက်သို့ မပြေးနိုင် သိန္နီအခြေစိုက် ခံတပ်သို့
ဝင်ရောက် ပေါင်းရုံး၍ နေလေသည်။
ဤတိုက်ပွဲ၌ တိမ်ကြားမင်းခေါင်၏ ရဲစွမ်းသတ္တိ၊
အစီအမံအကွပ်အကဲနှင့် ၎င်း၏ ဝါးပိုးဝါးခံတပ်မှာ
ဗလမင်းထင်၏ ကောင်းတုံခံတပ်ကဲ့သို့ အလွန်ပင်
အဖိုးတန်ခဲ့ပေသည်။ ထိုသို့ သိန္နီတွင် တရုတ်တပ်
တို့ ရွေ့သည်တွင်မှ ပွဲဦးမှစ၍ အရေးသာနေခဲ့သော တရုတ်တို့၏ အခြေအနေသည် အလှည့်အပြောင်း
ဖြစ်၍ မြန်မာတို့က အရေးသာသည့် အနေအထား
သို့ ပြန်လည် ရောက်ရှိလာခဲ့ပေသည်။
ဤတိုက်ပွဲအပြီး၌ တိမ်ကြားမင်းခေါင်ဟူသော
အမည်သည် တရုတ်တို့၏ ပါးစပ်ဖျား၌ ရေးပန်းစား
၍ အသံကြားရုံကာမျှဖြင့် ကြောက်ရွံ့ခြင်း ပြင်းစွာ
ဖြစ်ကြလေ၏။ ဤသို့မှ အင်းဝကိုသိမ်းရန် စိတ်စော
နေသည့် တရုတ်တို့ သီပေါသို့ တပ်အင်အား အကြီး
အကျယ် ပို့၍ စုရုံးခိုက်တွင် ဝန်ကြီးမဟာသီဟသူရ
ဦးဆောင်၍ စစ်ကဲ တိမ်ကြားမင်းခေါင်နှင့် လက်ဝဲ
ဝင်းမှူး နေမျိုးစည်သူတို့ တပ် ၃တပ်ဖြင့် အပြင်း
တိုက်ရာ သိန္နီကို မြန်မာတို့ပြန်လည် သိမ်းပိုက်
ရရှိမိပြီး သိန္နီစော်ဘွားအပါအဝင် ထွက်ပြေးသည့်
တရုတ်တပ်တို့ သီပေါသို့ ပူးပေါင်းကြရလေတော့
သည်။ သိန္နီကို မြန်မာတို့ သိမ်းပိုက်လိုက်ခြင်း
ကြောင့် လောက်ကိုင် ကွမ်းလုံဘက်မှ လာရောက်
သော တရုတ်တို့၏ ထောက်ပို့ လမ်းကြောင်းကို
ဖြတ်တောက်နိုင်လိုက်သည်ဖြစ်ရာ တရုတ်တို့
ရိက္ခာပြတ်သည့် အခြေအနေသို့ ရောက်ရှိသွား
ပြီး မြန်မာတပ်တို့၏ အလယ်သို့ တရုတ်တို့ ရောက်
ရှိသွားခဲ့တော့သည်တွင် တရုတ်တို့၌ ထွက်ပေါက်
ပိတ်၍ မြန်မာတို့၏ ဝိုင်းပတ်ပိတ်ဆို့မှုကို ခံရလျက်
သား ဖြစ်နေလေတော့သည်။
ထိုအတွင်း အယုဒ္ဓယကို မြေလှန်၍ ပြန်လာသည့်
ယိုဒယားချီတပ်တို့လည်း ပြန်လည် ရောက်ရှိ
လာသည်ဖြစ်ရာ ရောက်မဆိုက်ပင် တရုတ်တပ်
တို့အား တိုက်ခိုက်ရန်အတွက် အင်းဝနေပြည်
တော်မှ စစ်ပွဲဆီသို့ အပြင်းချီတက်လာလေသည်။
ဤသို့မှ သီပေါတွင် အင်အားကြီးမားစွာရှိပါသော်
လည်း ငတ်မွတ်နေသည့် တရုတ်တို့အား မြန်မာတို့
ဝိုင်းဝန်း တိုက်ခိုက်ကြရာ တရုတ်တို့ လားရှိုးသို့
တက်ပြေးပြီးမှ တရုတ်ပြည်တွင်းသို့ ပြေးကြရလေ
တော့သည်။ ချင်းလုံ၏ညီ သည်လည်း သီပေါတပ်
မပျက်မီကပင် ကိုယ့်လည်ပင်းကို ဓားဖြင့်လှီး၍
သတ်သေသွား၏။ ချင်းလုံ၏ သားမက်မှာလည်း
တရုတ်ပြည်သို့ ပြန်ရောက်အောင် ထွက်ပြေးနိုင်
သော်ငြား အနောက်ဘက်စစ်မျက်နှာ၌ တူရကီ
တို့အား အပြတ်အသတ်နှိမ်နင်းနိုင်ခဲ့သော နာမည်ကျော် စစ်သူကြီး မင်ဂျူအိသည် မြန်မာတို့ အား အလွန်ကြီးမားသော စစ်အင်အားဖြင့်
ချီတက်လုပ်ကြံပါသော်လည်း အသက်လု၍ပင်
ထွက်ပြေးလာရသည်၌ ၎င်းသည်လည်း ပီကင်း
နန်းတော်၌ မိမိကိုယ်ကို အဆုံးစီရင်ရပြန်လေ
သည်။ ဗန်းမော်ကြောင်းချီသော တရုတ်တပ်မှာ
လည်း ကောင်းတုံခံတပ်အား မကျော်လွှားနိုင်ဘဲ
အကျအဆုံးများစွာဖြင့် တပ်ပျက်ခါ ကိုယ်လွတ်
ထွက်ပြေး ကြရတော့၏။ မြန်မာရာဇဝင်တို့၌
တရုတ်တို့ အင်အား ၃ ပုံ ၂ ပုံခန့် သေဆုံး ပျက်စီး
ကြောင်း၊ တရုတ်တို့ ထွက်ပြေးရာလမ်းတလျောက်
အသေကောင် အထပ်ထပ် တောလုံးနှံ့မျှဖြစ်
ကြောင်း ဆို၏။ တရုတ်မှတ်တမ်းတို့၌ တရုတ်
ပြည်သို့ ပြန်ရောက်လာသည့် အင်အားမှာ မြန်မာ
တို့နှင့်မတူ။ ဒါဇင်အနည်းငယ်မျှသာ တရုတ်ပြည်
သို့ ပြန်ရောက်သည်ဟူ၏။
မည်သို့ပင်ဆိုစေကာမူ စစ်ပွဲများ အဆက်မပြတ်
ဆင်နွှဲ၍ နိုင်ပွဲများရနေသော ချင်းလုံသည် မြန်မာ
ပြည်စစ်မြေပြင်၌ အထူးအားထားရသော ၎င်း၏
စစ်ဗိုလ်ချုပ်ကြီးများ ဆုံးရှုံးသွားခဲ့ရသလို စစ်သူရဲ
ကောင်း လူတော်များစွာသည်လည်း မြန်မာ့
တောတောင်အထဲ၌ အသေကောင်များအဖြစ်
ကျန်ရစ်ခဲ့ကြသည်ဖြစ်ရာ စစ်အင်အား အရာ၌
တိုက်ရည်ခိုက်ရည် ထူးချွန်သူ နည်းပါးသွားပြီး
ချိနဲ့သွားခဲ့သည်မှာ အမှန်ပင်ဖြစ်လေသည်။
ဤ တတိယအကြိမ် မြန်မာတို့အား တရုတ်တို့
တိုက်ခိုက်မှုသည် ချင်းလုံအတွက် အလွန်အထိနာ
သော စစ်ပွဲဖြစ်ခဲ့ပြီး ၎င်း အထူးအားထားရသော
လက်ရုံးဟူသမျှ မြန်မာတို့လက်ချက်ဖြင့် သေဆုံး
သွားကြရလေတော့သည်။
ထို့ပြင် တပ်ပျက်၍ စစ်ဦးကျိုးခဲ့သော မြန်မာတို့
သည် တိမ်ကြားမင်းခေါင်၏ ဝါးပိုးဝါးခံတပ်ကြောင့်
စစ်လယ်ကောင်း၍ စစ်နှောင်းအောင်ခဲ့ရသည်
ဖြစ်ခါ ရှုံးအံ့ဟု ထင်စရာရှိသောစစ်ပွဲကို တိမ်ကြား
မင်းခေါင်က တိုက်ကွက်ဖော်၍ စစ်ရိပ်စစ်ခြေကို
ပြောင်းပြန်လှန်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ရဲရင့်သူတို့သာလျှင် အောင်ပွဲနှင့်
ထိုက်တန်သည် မဟုတ်ပါလား။
………………………………………………………။
ပုံစာ -
တရုတ်မြန်မာ တတိယစစ်ပွဲ၌
တရုတ်တို့ ဝင်ရောက်ခဲ့ရာ လမ်းကြောင်း။

No comments:

Post a Comment