"ဖုနန္ ဆိုတာ"
………………………………………။
တရုတ္ေတြက ေပးထားတဲ႔အမည္။
တရုတ္အသံထြက္ဆိုေတာ့ မူရင္းအသံထြက္
အတိအက် မဟုတ္ဘူး။ ဘာသာျပန္ထားသူ
ေတြေက်းဇူးေၾကာင့္ ဖတ္ရႈရတဲ႔ တရုတ္မွတ္တမ္း
ေတြမွာလည္း ရိုမန္နဲ႔ဖလွယ္ထားေတာ့အခါ
မူရင္း အသံထြက္နဲ႔ မတူေတာ့တာေတြရွိပါတယ္။
ဒါ့အျပင္ တရုတ္ေတြကိုယ္၌ကလည္း သူတို့
သိသလို ေခၚေဝၚတာေတြရွိတာေၾကာင့္ တခ်ိဳ႕
အရပ္ေဒသအမည္ေတြဟာ location မခန့္မွန္း
ႏိုင္ရင္ ဘယ္အရပ္ကို ဆိုလိုတာပါလို့ မသိႏိုင္ဘူး။
ျမန္မာေတြလည္း အဲဒီလိုပဲ။ ကိုယ္ သိသလို
ေခၚေဝၚေရးသားတာပါပဲ။
အဲဒီ ဖုနန္ကေတာ့ မူရင္းေဒသိယ ေလသံလား
တရုတ္ေတြက ကိုယ္သိသလိုေခၚတာလား
ခုထိ ဘယ္သူမွ မသိပါဘူး။
ကိုယ္ထင္ရာ ကိုယ္ေျပာထားတာေတြကေတာ့
အမ်ားႀကီးပါ။ ထားပါေတာ့။ တရုတ္ အသံထြက္
အတိုင္း။ ဖုနန္။
အဲဒီ ဖုနန္ အင္ပါယာဟာ AD 1 ရာစု(50/68)ကေန
AD 550 ေလာက္အထိ မင္းစဥ္မင္းဆက္
အလိုက္တည္ရွိခဲ႔တယ္လို့ ဆိုၾကပါတယ္။
(ဒီကိစၥက ေစးဒီး တို့ ပိုက်ြမ္းတာပါ)
အေစာပိုင္းကာလေတြကို ဘယ္သူမွ အတိအက်
မေျပာႏိုင္ေပမယ့္ AD 5 ရာစုထိုး Prasat Pram
Loven ေက်ာက္စာနဲ႔ ကေမ႓ာဒီးယား ရာဇဝင္ေတြမွာ အဲဒီႏိုင္ငံ အစအဦးအေၾကာင္း ပါဝင္တယ္ဆိုတယ္။
AD 1 ရာစုေလာက္မွာ နဂါးဘုရင္ရဲ႕ သမီး ေသာမ
က ကေမ႓ာဒီးယားေတြရဲ႕ ပထမဆံုး ဘုရင္မ လုပ္
တယ္ဆိုပါတယ္။ ေနာက္ေတာ့ အိႏၵိယက ေရာက္
လာတဲ႔ ေကာ႑ညၤက သူ့ကိုသိမ္းပိုက္ျပီး ဘုရင္
္လုပ္သတဲ႔။ တိုင္းျပည္ကိုလည္း ကမ္ဘူးဂ်ား လို့
အမည္ေျပာင္းလိုက္တယ္ ဆိုပါတယ္။
ဒါက အဲဒီ ဖုနန္ရဲ႕ အစပါ။ အင္ပါယာ မျဖစ္ေသး
ပါဘူး။ ကေမ႓ာဒီးယား ရာဇဝင္ သမိုင္းက AD 1 ရာစုကမွ စတာျဖစ္တာေၾကာင့္ ျမန္မာရာဇဝင္
သမိုင္းထက္ ႏွစ္ေပါင္းမ်ားစြာ ေနာက္က်ပါတယ္။
အဲဒီ တရုတ္ေတြအေခၚ ဖုနန္၊ ကမ႓ာဒီးယားတို့
အသံုး ကမ္ဘူးဂ်ားဟာ Fan Shiman ဘုရင္
လက္ထက္မွာ အထြတ္အထိပ္ ေရာက္ခဲ႔တယ္
ဆိုပါတယ္။ သူက AD 205 - 225 မွာ ဘုရင္
ျဖစ္ခဲ႔တာပါ။ ဒီ.အာရ္ သန္းထြန္း ေျပာတဲ႔ "ဖန္မန္"
ဆိုတာ သူ့ေရွ႕က Panpan ကို ေျပာတာ ျဖစ္ပါ
လိမ့္မယ္။ ၎လက္ထက္ ေရရာတဲ႔ အေၾကာင္း
အရာ သိပ္မရွိလွပါဘူး။
Fan Shiman လက္ထက္မွာ ဖုနန္(ကမ္ဘူးဂ်ား)
ဟာ လီ ၅ေထာင္/၆ေထာင္ေလာက္ နယ္ေျမ
က်ယ္ ဝန္းတယ္ ဆိုပါတယ္။
၁ လီကို ၀.၃၁ မိုင္ဆိုေတာ့ရင္ မိုင္အားျဖင့္ ၁၈၆၀
စတုရန္းမိုင္ေလာက္ က်ယ္ဝန္းမွာပါ။
ဒီအေနအထားက အင္ပါယာတစ္ခုရဲ႕ အက်ယ္
အဝန္းလို့ ေျပာေလာက္စရာ မရွိပါဘူး။
ဒါေပမယ့္ ဖုနန္ အင္ပါယာကို ေျမပံုခန့္မွန္း ဆြဲၾက
တဲ႔ အခါ ျမန္မာႏိုင္ငံ ေအာက္ပိုင္းေဒသတစ္ခု
လံုးပါ ပါဝင္တာေၾကာင့္ တရုတ္မွတ္တမ္းက ေဖာ္ျပ
ထားတဲ႔ ဖုနန္ရဲ႕ အထြတ္အထိပ္ကာလ
Fan Shiman လက္ထက္ အက်ယ္အဝန္း လီ
၆၀၀၀ ဆိုတာနဲ႔ ဘယ္လိုမွ ဆက္စပ္လို့
မရႏိင္တာပါပဲ။ ဖုနန္ဟာ တကယ္ပဲ အင္အား
ၾကီးမားျပီး နယ္ေျမဟာ အင္ပါယာလို့ ေျပာလို့
ရေလာက္တဲ႔ အဆင့္မွာ ရွိလို့ပါလား။
ဖုနန္ေခၚ ကမ္ဘူးဂ်ား အေၾကာင္းကို တရုတ္
မွတ္တမ္းအရသာ သိရတာျဖစ္ျပီး အျခား မည္သည့္
အေထာက္အထားမ်ားကမွ သိရတာ မရွိပါဘူး။
တရုတ္မွတ္တမ္းမွာ ပါဝင္တဲ႔ လီ ၆၀၀၀ သို့မဟုတ္
၁၈၆၀ စတုရန္းမိုင္ေလာက္ဟာ အင္ပါယာလို့
ေခၚထိုက္တဲ႔ အေနအထားမွာ မရွိပါဘူး။
အေရွ႕အေနာက္ ေတာင္ေျမာက္ ေတြမပါေပမယ့္
Fan Shiman ဟာ သေဘၤာႀကီးေတြေဆာက္ျပီး
ပင္လယ္ျပင္ကိုျဖတ္ စစ္တိုက္တာ ႏိုင္ငံ ၁၀ ႏိုင္
သိမ္းပိုက္မိတယ္ ဆိုပါတယ္။
စုစည္းတည္ေထာင္ထားတဲ႔ ႏိုင္ငံမဟုတ္ဘဲ တစ္ျမိဳ႕
တစ္ႏိုင္ငံ လုပ္ေနတဲ႔ ကာလက ႏိုင္ငံဆိုတာေတြ
ျဖစ္ဖို့ရာပါပဲ။ Fan Shiman သေဘာၤေဆာက္ျပီး
စသ္တိုက္တယ္ဆိုတဲ႔ ေျခရာေကာက္ေၾကာင္းအရ ဖုနန္အင္ပါယာဟာ ေတာင္ဘက္က မေလးရွား၊ စူမားၾတား၊ ဂ်ာဗား ဘက္ ပိုျပီးက်ယ္ျပန့္မယ္
လို့ ယူဆရမွာပါ။ (အရာအားလံုးဟာ ယူဆခ်က္
ေတြခ်ည္း ျဖစ္ပါတယ္။ မည္သူမ်ွ ဖုနန္အင္ပါယာ
အေၾကာင္း အတိအက် ေျပာႏိုင္တာ မဟုတ္ပါဘူး)
ေနာက္ျပီး ဖုနန္ဆိုတာ အင္ပါယာဟုဆိုေသာ တိုင္းျပည္ ႏိုင္ငံ တစ္ခုရဲ႕ အမည္မ်ွသာျဖစ္ျပီး လူမ်ိဳးအမည္ မဟုတ္ပါဘူး။
လူမ်ိုးကို မြန္-ခမာ လို့သာ သတ္မွတ္
ထားတာ ျဖစ္ပါတယ္။ အဲဒီ မြန္ခမာေတြရဲ႕
စကားနဲ႔ အိႏၵိယက Munda(မန္ဒ/မြန္ဒ)နဲ႔
Khasi(ခါဆီ) လူမ်ိဳးေတြရဲ႕စကားနဲ႔ တစ္အုပ္စုထဲ
ျဖစ္တယ္လို့ ကမ္ဘူးဂ်ားနဲ႔ ပတ္သက္တဲ႔ သမိုင္း
ေလ့လာသူ အခ်ိဳ႕ကလည္း ဆိုပါတယ္။
အိႏၵိယကေန အာရိယန္ေတြေၾကာင့္ ထြက္ေျပး
လာတဲ႔ မြန္ေတြနဲ႔ ခမာေတြဟာ၊ မြန္ေတြက ျမန္မာ
ႏိုင္ငံေအာက္ပိုင္းေရာက္ျပီး ခမာေတြကေတာ့
ကမ္ဘူးဂ်ားကို ေရာက္ၾကတယ္ဆိုပါတယ္။
Munda ေတြဟာ ျမန္မာမွာ အမ်ားစုေရာက္ျပီး
ခါဆီေတြက ကမ္ဘူးဂ်ားဘက္ ဆက္လက္
ထြက္ခါ ေရႊ႕ေျပာင္း အေျခခ်ၾကတယ္ေပါ့။
ဒါက ကမ္ဘူးဂ်ားေခၚ ဖုနန္ရဲ႕အစ အိႏၵိယက
ေကာဒ႑ညၤ ေရာက္လာျပီး၊ နဂါးဘုရင္ သမီးကို
သိမ္းပိုက္ျပီး ကမ္ဘူးဂ်ားႏုိင္ငံ အျဖစ္ စတင္ အမည္
ေျပာင္းခဲ႔တယ္ဆိုတဲ႔ AD 1 ရာစုကစတဲ႔ ကေမ႓ာဒီး
ယား ရာဇဝင္နဲ႔ ညီညြတ္သလို၊ အေသာက ေမာရိယ အင္ပါယာထဲကေန ကာလိဂၤတိုင္းက တလိဂၤဏသား ၁ သိန္းခြဲ ၂ သိန္းေလာက္ကို
ေမာင္းထုတ္လိုက္လို့ တလိဂၤဏနသား တလိုင္းေတြ
ဘဂၤလားပင္လယ္ေအာ္ျဖတ္ျပီး အေရွ႕ဘက္ဆီ
ေခြးေျပးဝက္ေျပး ေျပးလာရတဲ႔ အျဖစ္အပ်က္နဲ႔
လည္း တူညီတဲ႔အျပင္၊ မြန္ေတြရဲ႕ မူလလာလမ္း/
မြန္ေတြရဲ႕ မူလဇစ္ျမစ္ကို အတိအလင္း အထင္
အရွားေဖာ္ျပထားတဲ႔ မြန္/တလိုင္းေတြ မဖတ္ရဲတဲ႔
ေတာင္ေပါက္ဆရာေတာ္ မွတ္တမ္းတင္ေဖာ္ထုတ္
တင္ျပခဲ႔တဲ႔ မြန္ဒိုင္၊ မြန္ဒ၊ မြန္ည ဆိုတဲ႔ မြန္သား
ေခ်ာ့ေတး ၃ ပုဒ္ပါ အခ်က္အလက္မ်ားနဲ႔လည္း
ကိုက္ညီေနတာျဖစ္ပါတယ္။
မြန္နဲ႔ ခမာေတြ ေလသံလည္းတူ သဒၵါလည္းတူ။
ဘယ္လို ရႈေထာင့္က သက္ေသျပၾကည့္သည္
ျဖစ္ေစ အားလံုးဟာ ျငင္းမရတဲ႔ အေထာက္အထား
ေတြပါပဲ။
ဒါ့အျပင္ ဖုနန္ဟာ
စတင္ျဖစ္ထြန္းစဥ္က ဟိႏၵဴအယူဝါကို ကိုးကြယ္
ၾကတာျဖစ္တယ္လို့ ဆိုထားၾကတာေၾကာင့္
ကေမ႓ာဒီးယားနဲ႔ ဗီယက္နမ္ေတာင္ပိုင္းေဒသ
ေတြမွာ ဟိႏၵဴအယူဝါဒေတြ လက္ရာအေထာက္
အထားေတြ ျပည့္လ်မ္းေနတာဟာ အိႏၵိယက
ထြက္ေျပးလာတဲ႔ မန္ဒ နဲ႔ ခါဆီ မ်ိဳး၊ တလိုင္းနဲ႔
ခမာေတြရဲ႕ လက္ခ်က္ျဖစ္တယ္ဆိုတာ ျငင္း
ကြယ္စရာ အျခားအေထာက္အထား မရွိပါဘူး။
ဖုနန္လက္ေအာက္အရပ္ေဒသျဖစ္တယ္ ဆိုတဲ႔
ယခု ဗီယက္နမ္ေတာင္ပိုင္းစြန္း ပင္လယ္နားက
(Oc Eo) မွာ( ေအာက္အို/ေအာက္ေအာ လို့
အသံမထြက္ဘူူူး ထင္ပါတယ္။ ရိုမန္အေရးအရ
ေအာက္ေကာက္ လို့ အသံထြက္မယ္ထင္ပါရဲ႕။
ေရွ႕က O ရဲ႕ c ကို အသံ ဆက္ထားပါတယ္)
တူးေဖာ္မႈျပဳၾကတဲ႔အခါ ဒဂၤါးျပားေတြကို ေတြ႔ရွိရ
ပါတယ္။ ေတြ႔ရွိတဲ႔ ဒဂၤါးေတြထဲမွာ ျမန္မာႏိုင္ငံမွာ
အေျမာက္အမ်ားေတြ႔ရွိတဲ႔ ပ်ဴဒဂၤါးလို့ ဆိုၾကတဲ႔ ဒဂၤါးေတြနဲ႔ ေရာမဒဂၤါးေတြကို ေတြ႔ရွိရပါတယ္။
ျမန္မာႏိုင္ငံမွာ အေျမာက္အမ်ား ေတြ႔ရွိရတာထက္
(Oc Eo) ေတြ႔ရွိမႈဟာ ျမန္မာႏိုင္ငံထက္ အလြန္
နည္းပါးပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ သေရ
ေခတၱရာ ဟလင္း စသျဖင့္ အမ်ားအျပား ေတြ႔ရွိ
ရတာပါ။ ေရာမဒဂၤါးကို Oc Eo မွာ ေတြ႔ရွိရတာ
ေၾကာင့္ ဖုနန္အင္ပါယာနဲ႔ ေရာမ ကုန္သြယ္မႈ
ရွိမယ္လို့ ယူဆထားၾကတာပါ။
ေတြ႔ရွိရတဲ႔ ေရာမေရႊဒဂၤါးဟာ AD 161 ေရာမဘုရင္
Antoninus Pius နဲ႔ Marcus Aureliys ကာလက ေရႊဒဂၤါး ျဖစ္တယ္လို့ ဆိုပါတယ္။ တရုတ္မွတ္တမ္း
အရ ေရာမအင္ပါယာက AD 166 မွာ ဟန္တရုတ္
တိုင္းျပည္ကို သံတမန္လႊတ္တယ္လို့ဆိုတာေၾကာင့္ ေရာမ သံတမန္ေတြဟာ အဲဒီေဒသကေန တရုတ္
ျပည္ကို သြားၾကတာျဖစ္လို့ အဲဒီလူေတြဆီက က်န္
ရစ္ခဲ႔တာ ျဖစ္မယ္လို့ ဆိုပါတယ္။
ေခတ္ကာလ သတ္မွတ္ႏိုင္တာဆိုလို့ အဲဒီ ေရာမ
ဒဂၤါးပဲရွိပါတယ္။
Oc Eo မွာ ေတြ႔ရွိရတဲ႔ ဒဂၤါးေတြက ဒါတင္ မဟုတ္
ေသးပါဘူး။ ပဲခူး ဒဂၤါးလို့ ဆိုၾကတဲ႔ ပဲခူးဝန္းက်င္က
ေတြ႔ရွိရတဲ႔ တိရစၧာန္ပံုေတြပါတဲ႔ ဒဂၤါးအခ်ိဳ႕လည္း
ေတြ႔ရွိပါေသးတယ္။
ဒါနဲ႔ ပတ္သက္ျပီး ဒဂၤါးက်ြမ္းက်င္သူမ်ားရဲ႕ blog
မ်ားမွာ ရွာေဖြၾကည့္တဲ႔အခါ ျမန္မာႏိုင္ငံမွာသာ
အဲဒီ ဒဂၤါးေတြကို အမ်ားအျပားေတြ႔ရွိရတာ ျဖစ္တယ္လို့သာ ေရးသားၾကတာပါ။
အဲဒီ AD 1 ရာစု ဖုနန္ အေထာက္အထားေတြက
ေက်ာက္စာတို့ နံရံပန္းခ်ီတို့ ရုပ္တုတို့ ေတာ့
မက်န္ ရစ္ပါဘူး။ ဒီေတာ့ ဖုနန္ အေၾကာင္းကို
တရုတ္မွတ္တမ္းက ေျပာသလိုပဲ သိၾကရတာပါ။
အဲဒီ ဖုနန္ကေန AD 3 ရာစု ဝန္းက်င္မွာ တရုတ္
Wu ႏိုင္ငံကို သံတမန္ ၂ ႀကိမ္လႊတ္ျပီး Wu ကလည္း တစ္ႀကိမ္ ဖုနန္ကို သံဘက္ျပန္တယ္
ဆိုပါတယ္။ တရုတ္မွတ္တမ္းေတြအရ အဲဒီကာလ
ေတြမွာ ဖုနန္ဟာ တရုတ္ လက္ေအာက္ခံျဖစ္တယ္
ဆိုပါတယ္။ ဟုတ္ခ်င္မွလည္း ဟုတ္မွာပါ။
တရုတ္ေတာင္မွ Wu ၊ Shu ၊ Wei ဆိုျပီး ၃ ႏိုင္ငံ
ကြဲျပီး တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ စစ္ပတ္တိုက္ျပီး
အလုပ္ရႈပ္ေနၾကတာျဖစ္ပါတယ္။
အဲဒီကာလ ျမန္မာႏုိင္ငံ အရပ္ေဒသမွာေတာ့
ပ်ဴ မင္းထီး နန္းတက္ေနတဲ႔ကာလျဖစ္ျပီး တရုတ္
ေတြ လာတိုက္လို့ ေနာက္ဆံုး ေကာသမၺီမွာ
တရုတ္ေတြ စစ္ေျပျငိမ္းျပီး ျပန္သြားၾကေၾကာင္း
ျမန္မာရာဇဝင္ေတြက ဆိုပါတယ္။
ဖုနန္နဲ႔ Wu ႏိုင္ငံ သံတမန္ဆက္ဆံေနတဲ႔ ကာလ
ေတြဟာ ပ်ဴမင္းထီး ဘုန္းတန္ခိုးအာဏာ ေတာက္
ၾကြားထြန္းပေနတဲ႔ ကာလျဖစ္ပါတယ္။
တရုတ္ေတြ စစ္လာတိုက္တာ မႏိုင္ဘဲ စစ္ေျပျငိမ္း
ျပီး ျပန္သြားရတဲ႔ ပ်ဳမင္းထီးကာလမွာ Fan Shiman
လက္ထက္မွာ တရုတ္မွတ္တမ္းအရ လီ ၆၀၀၀
ေလာက္သာ က်ယ္တဲ႔ ဖုနန္က ဗိႆႏိုးအထိ
ေအာင္ႏိုင္ျပီး ပ်ဴ ဒဂၤါးဟု လတ္တေလာ ေခၚဆို
ေနၾကေသာ ဟလင္း မိုင္းေမာ သေရေခတၱရာ
ဗိႆႏိုး စသျဖင့္ ျမန္မာႏိုင္ငံအတြင္း၌သာ
အေျမာက္အမ်ား ေတြ႔ရွိရတဲ႔ ဒဂၤါးေတြကို
ဖုနန္က လာေရာက္တိုက္ခိုက္သိမ္းပိုက္သျဖင့္
က်န္ေနရစ္ေသာ ဖုနန္ေခၚ ကမ္ဘူးဂ်ား ဒဂၤါးမ်ား
ျဖစ္သည္ဟု ဒီ.အာရ္ သန္းထြန္းက ၎ မ်က္ျမင္
ေတြ႔ရွိရသည့္သဖြယ္ ေရးသားခဲ႔တာဟာ ဘယ္လိုမွ
ယုတၱိမရွိတဲ႔ အေရးအသားျဖစ္ပါတယ္။
ဖုနန္မွာ ေတြ႔ရွိရတဲ႔ ဒဂၤါး အမ်ိဳးအစားဟာ အေျခခံ
၃ မ်ိဳးေလာက္ရွိမယ္လို့ ဆိုလို့ရပါတယ္။
လက္ရွိ အေခၚအေဝၚအရ ပ်ဴဒဂၤါး၊ ပဲခူူးဂၤါး၊ ေရာမ
ဒဂၤါး။ ပဲခူးဒဂၤါးေတြဟာ တိရစၧာန္ပံုေတြပါရွိပါတယ္။
သို့ေသာ္ အဲဒီ ဒဂၤါးေတြကို Oc Eo မွာ အေျမာက္
အမ်ား ေတြ႔ရွိရတာ မဟုတ္ဘဲ အနည္းငယ္မ်ွသာ
ေတြ႔ရွိရတာ ျဖစ္ပါတယ္။
ဒဂၤါးလုပ္တဲ႔ မို ကို ျမန္မာႏိုင္ငံမွာ ေတြ႔ရွိထားတယ္။
ဒီေတာ့ အစုလိုက္အျပံဳလိုက္ အေျမာက္အမ်ား
ေတြ႔ရွိရတဲ႔ ေနရာက မူရင္းျဖစ္မလား၊ အနည္းငယ္
ေတြ႔ရွိရတဲ႔ ေနရာက မူရင္းျဖစ္မလား စဥ္းစား
ၾကည့္ရံုနဲ႔ သိႏိုင္တာပါ။ Oc Eo မွာ ေတြ႔ရွိရတဲ႔
ေရာမ ဒဂၤါး ကိုေတာ့ ဖုနန္အင္ပါယာသံုး ဖုနန္ပိုင္
ဖုနန္က ထုတ္ ဒဂၤါးျဖစ္ပါတယ္လို့ မဆိုဘဲ၊
ျမန္မာႏိုင္ငံက ထုတ္တဲ႔ဒဂၤါးက်ခါမွ အစုလိုက္အျပံု
လိုက္ အေျမာက္အမ်ား ေတြ႔ရွိရတာ မဟုတ္ပါဘဲ
ဖုနန္ဒဂၤါးျဖစ္ရံုမ်ွမက ျမန္မာႏိုင္ငံမွာ အဲဒီဒဂၤါးေတြ
ေတြ႔ရွိရတာ ဖုနန္က လာေရာက္တိုက္ခိုက္ သိမ္း
ပိုက္ အုပ္စိုးလို့ ျဖစ္တယ္ဆိုတဲ႔ အတည္ေပါက္
ေရးသားခ်က္ေတြ အတြက္ အစကတည္းက
ေပါက္ပန္းေစ်းေတြ ထင္ရာေရးခဲ႔သူ ဒီ.အာရ္
သန္းထြန္းကို မအံ႔ၾသေတာ့ပါဘူး။
ဖုနန္အင္ပါယာ အေၾကာင္းကို ဖတ္ရွႈေလ့လာ
ၾကည့္ရင္ ျမန္မာႏိုင္ငံကို သိမ္းပိုက္ခဲ႔တယ္ဆိုတာ
မပါရွိပါဘူး။ တရုတ္မွတ္တမ္းေတြအရသာလ်ွင္
ကိုးကားျပီး သိရတဲ႔ လီ၆၀၀၀ ေလာက္သာ
က်ယ္တဲ႔ တရုတ္တို့ေခၚတဲ႔ ဖုနန္ေခၚ ကမ္ဘူးဂ်ား
ဟာ ပ်ဴမင္းထီး ဘုန္းတန္ခိုးေတာက္ၾကြားစဥ္
ကာလမွာ ျမန္မာႏိုင္ငံကို လာေရာက္တိုက္ခိုက္
သိမ္းပိုက္ျပီး ဟလင္း မိုင္းေမာ သေရေခတၱရာ
ဗိႆႏိုး စတဲ႔အရပ္ေတြမွာ ဖုနန္ဒဂၤါးေတြ သူ့
ႏိုင္ငံ ဖုနန္မွာထက္ မ်ားျပားစြာ ထားပစ္ခဲ႔မယ္
ဆိုတာက ရယ္စရာ ေကာင္းလြန္းလွတဲ႔ ေရးသား
ခ်က္ေတြပဲ ျဖစ္ပါတယ္။
ျဖစ္ခ်င္းျဖစ္ ျမန္မာေတြကသာ ဖုနန္ကို သြားေရာက္
တိုက္ခိုက္ သိမ္းပိုက္လို့ ျမန္မာတို့သံုးစြဲတဲ႔ ဒဂၤါးေတြ
က်န္ရစ္ေနခဲ႔တယ္လို့ ဆိုတာကသာ ျဖစ္ေကာင္း
စရာ ရွိတယ္ မဟုတ္ပါလား။
Oc Eo မွာေတြ႔တဲ႔ ေရာမဒဂၤါးေၾကာင့္ ေရာမေတြ
ဗီယက္နမ္အထိ လာေရာက္တိုက္ခိုက္ သိမ္းပိုက္
ခဲ႔တယ္လို့ ေရးလိုက္လို့ေရာ မရဘူးလား။
ရပါတယ္။ ဘယ္သူမွ မယံုမွာ တစ္ခုပါပဲ။
အခုလည္းပဲ အစုလိုက္အျပံဳလိုက္ေတြ႔ရွိရာ
မူရင္း အရပ္ေဒသကို အနည္းငယ္မ်ွေတြ႔ရွိရာ
အရပ္က လာေရာက္ သိမ္းပိုက္တယ္ဆိုတဲ႔
ေရးခ်က္ေတြဟာ မသိႏိုးနားနဲ႔ ရူးႏွမ္းသူေတြသာ
လ်ွင္ ယံုၾကည္မွာသာျဖစ္ပါတယ္။
အစုလိုက္အျပံုလိုက္ အေျမာက္အမ်ားရွိရာ
ျမန္မာ့ မူရင္းေဒသက ပ်ဴဒဂၤါးကို Oc Eo မွာ
ေတြ႔ရင္ ေသခ်ာတာက မူရင္းဟာ အဲဒီေဒသကို
လႊမ္းမိုးခဲ႔တယ္ဆိုတာပါပဲ။
ဒါမွမဟုတ္လည္း အဲဒီေဒသနဲ႔ ဒဂၤါးထုတ္လုပ္ရာ
ေဒသတို့ ကူးသန္းသြားလာ ဆက္သြယ္မႈ
ရွိခဲ႔တယ္လို့ ယူဆရမွာျဖစ္ပါတယ္။
ဗုဒၶသာသနာ့ႏြယ္ဝင္ေတြ ျဖစ္ေနျပီျဖစ္တဲ႔ ပ်ဴေခတ္
လို့ဆိုတဲ႔ ျမန္မာေတြနဲ႔ ျခားနားစြာပဲ ဖုနန္ဟာ
ဟိႏၵဴယဥ္ေက်းမႈ လႊမ္းမိုးေနတယ္ဆိုရင္
ဗီယက္နမ္ေတာင္ပိုင္းက ပင္လယ္ဆပ္ကမ္းေဒသ
Oc Eo ကို ျမန္မာတို့ အဲဒီကာလ တိုက္ခိုက္
သိမ္းပိုက္ထားသည္ မဟုတ္ဘဲ၊ ျမန္မာတို့
ဖုနန္ကို ပင္လယ္ေရေၾကာင္းကေန ကူးသန္း
ေရာင္းဝယ္ေပါက္ေရာက္ေၾကာင္း ယူမွတ္ရမွာပဲ
ျဖစ္ပါတယ္။
အဲဒီ Oc Eo ေဒသေတြ႔ ပ်ဴေခတ္လို့ဆိုတဲ႔ ျမန္မာ့
ဒဂၤါးေတြကို ဖုနန္ဒဂၤါးလို့ မဆိုဘဲ ဖုနန္ေတြ႔
ပ်ဴေခတ္ ျမန္မာ ဒဂၤါးလို့သာ ဆိုရမွာျဖစ္ပါတယ္။
မိမိနယ္ေျမထဲမွာ ေတြ႔ရွိတိုင္း မိမိဖန္တီးတဲ႔ ပစၥည္း
မဟုတ္ပါဘူး။ ဥပမာအားျဖင့္ ယေန့ ထိုင္းႏိုင္ငံ
အတြင္းမွာ AD 1293 ေရွ႕ပိုင္း ခမာလက္ရာ
တစ္ခုကို ေတြ႔ရွိတိုင္း ဒါဟာ ထိုင္းပစၥည္း ထိုင္း
ဖန္တီးမႈလို့ ေျပာလို့မရပါဘူး။
ဘာေၾကာင့္လဲဆိုရင္ AD 1293 မတိုင္မီအထိ
ထိုင္းႏိုင္ငံ ထိုင္းယဥ္ေက်းမႈဆိုတာ မရွိလို့ဘဲ
ျဖစ္ပါတယ္။
ဒီေတာ့ လီ၆၀၀၀ ေလာက္သာရွိတဲ႔ ဖုနန္က
စတုရန္းမိုင္ ၂သိန္း၆ေသာင္းေလာက္ အနည္းဆံုး
နယ္ေျမရွိတဲ႔ ပ်ဳေခတ္ ျမန္မာေတြကို လာေရာက္
တိုက္ခိုက္ သိမ္းပိုက္ျပီး ဟလင္း၊ မိုင္းေမာ၊
သေရေခတၱရာ၊ ဗိႆႏိုး အရပ္ေတြမွာ သူတို့
ဒဂၤါးေတြ ထားခဲ႔တယ္ဆိုတာ ျဖစ္ႏိုင္ေကာင္းဖို့
ရာ ယုတၱိမရွိပါဘူူူး ဒီ.အာရ္ သန္းထြန္းရာ။
………………………………………………………။
ပံုစာ -
၁/ဒီ.အာရ္ သန္းထြန္း၏ စိတ္ကူးတည့္ရာ
ေရးခ်က္မ်ား။
၂/ ဗီယက္နမ္ေတာင္ပိုင္း ပင္လယ္အနီးေဒသ
Oc Eo ေတြ႔ ပ်ဴေခတ္ ျမန္မာ့ ဒဂၤါး။
…………………………………………………………
"ဖုနန် ဆိုတာ"
………………………………………။
တရုတ်တွေက ပေးထားတဲ့အမည်။
တရုတ်အသံထွက်ဆိုတော့ မူရင်းအသံထွက်
အတိအကျ မဟုတ်ဘူး။ ဘာသာပြန်ထားသူ
တွေကျေးဇူးကြောင့် ဖတ်ရှုရတဲ့ တရုတ်မှတ်တမ်း
တွေမှာလည်း ရိုမန်နဲ့ဖလှယ်ထားတော့အခါ
မူရင်း အသံထွက်နဲ့ မတူတော့တာတွေရှိပါတယ်။
ဒါ့အပြင် တရုတ်တွေကိုယ်၌ကလည်း သူတို့
သိသလို ခေါ်ဝေါ်တာတွေရှိတာကြောင့် တချို့
အရပ်ဒေသအမည်တွေဟာ location မခန့်မှန်း
နိုင်ရင် ဘယ်အရပ်ကို ဆိုလိုတာပါလို့ မသိနိုင်ဘူး။
မြန်မာတွေလည်း အဲဒီလိုပဲ။ ကိုယ် သိသလို
ခေါ်ဝေါ်ရေးသားတာပါပဲ။
အဲဒီ ဖုနန်ကတော့ မူရင်းဒေသိယ လေသံလား
တရုတ်တွေက ကိုယ်သိသလိုခေါ်တာလား
ခုထိ ဘယ်သူမှ မသိပါဘူး။
ကိုယ်ထင်ရာ ကိုယ်ပြောထားတာတွေကတော့
အများကြီးပါ။ ထားပါတော့။ တရုတ် အသံထွက်
အတိုင်း။ ဖုနန်။
အဲဒီ ဖုနန် အင်ပါယာဟာ AD 1 ရာစု(50/68)ကနေ
AD 550 လောက်အထိ မင်းစဉ်မင်းဆက်
အလိုက်တည်ရှိခဲ့တယ်လို့ ဆိုကြပါတယ်။
(ဒီကိစ္စက စေးဒီး တို့ ပိုကျွမ်းတာပါ)
အစောပိုင်းကာလတွေကို ဘယ်သူမှ အတိအကျ
မပြောနိုင်ပေမယ့် AD 5 ရာစုထိုး Prasat Pram
Loven ကျောက်စာနဲ့ ကမ္ဘောဒီးယား ရာဇဝင်တွေမှာ အဲဒီနိုင်ငံ အစအဦးအကြောင်း ပါဝင်တယ်ဆိုတယ်။
AD 1 ရာစုလောက်မှာ နဂါးဘုရင်ရဲ့ သမီး သောမ
က ကမ္ဘောဒီးယားတွေရဲ့ ပထမဆုံး ဘုရင်မ လုပ်
တယ်ဆိုပါတယ်။ နောက်တော့ အိန္ဒိယက ရောက်
လာတဲ့ ကောဏ္ဍင်္ညက သူ့ကိုသိမ်းပိုက်ပြီး ဘုရင်
်လုပ်သတဲ့။ တိုင်းပြည်ကိုလည်း ကမ်ဘူးဂျား လို့
အမည်ပြောင်းလိုက်တယ် ဆိုပါတယ်။
ဒါက အဲဒီ ဖုနန်ရဲ့ အစပါ။ အင်ပါယာ မဖြစ်သေး
ပါဘူး။ ကမ္ဘောဒီးယား ရာဇဝင် သမိုင်းက AD 1 ရာစုကမှ စတာဖြစ်တာကြောင့် မြန်မာရာဇဝင်
သမိုင်းထက် နှစ်ပေါင်းများစွာ နောက်ကျပါတယ်။
အဲဒီ တရုတ်တွေအခေါ် ဖုနန်၊ ကမ္ဘာဒီးယားတို့
အသုံး ကမ်ဘူးဂျားဟာ Fan Shiman ဘုရင်
လက်ထက်မှာ အထွတ်အထိပ် ရောက်ခဲ့တယ်
ဆိုပါတယ်။ သူက AD 205 - 225 မှာ ဘုရင်
ဖြစ်ခဲ့တာပါ။ ဒီ.အာရ် သန်းထွန်း ပြောတဲ့ "ဖန်မန်"
ဆိုတာ သူ့ရှေ့က Panpan ကို ပြောတာ ဖြစ်ပါ
လိမ့်မယ်။ ၎င်းလက်ထက် ရေရာတဲ့ အကြောင်း
အရာ သိပ်မရှိလှပါဘူး။
Fan Shiman လက်ထက်မှာ ဖုနန်(ကမ်ဘူးဂျား)
ဟာ လီ ၅ထောင်/၆ထောင်လောက် နယ်မြေ
ကျယ် ဝန်းတယ် ဆိုပါတယ်။
၁ လီကို ၀.၃၁ မိုင်ဆိုတော့ရင် မိုင်အားဖြင့် ၁၈၆၀
စတုရန်းမိုင်လောက် ကျယ်ဝန်းမှာပါ။
ဒီအနေအထားက အင်ပါယာတစ်ခုရဲ့ အကျယ်
အဝန်းလို့ ပြောလောက်စရာ မရှိပါဘူး။
ဒါပေမယ့် ဖုနန် အင်ပါယာကို မြေပုံခန့်မှန်း ဆွဲကြ
တဲ့ အခါ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတစ်ခု
လုံးပါ ပါဝင်တာကြောင့် တရုတ်မှတ်တမ်းက ဖော်ပြ
ထားတဲ့ ဖုနန်ရဲ့ အထွတ်အထိပ်ကာလ
Fan Shiman လက်ထက် အကျယ်အဝန်း လီ
၆၀၀၀ ဆိုတာနဲ့ ဘယ်လိုမှ ဆက်စပ်လို့
မရနိင်တာပါပဲ။ ဖုနန်ဟာ တကယ်ပဲ အင်အား
ကြီးမားပြီး နယ်မြေဟာ အင်ပါယာလို့ ပြောလို့
ရလောက်တဲ့ အဆင့်မှာ ရှိလို့ပါလား။
ဖုနန်ခေါ် ကမ်ဘူးဂျား အကြောင်းကို တရုတ်
မှတ်တမ်းအရသာ သိရတာဖြစ်ပြီး အခြား မည်သည့်
အထောက်အထားများကမှ သိရတာ မရှိပါဘူး။
တရုတ်မှတ်တမ်းမှာ ပါဝင်တဲ့ လီ ၆၀၀၀ သို့မဟုတ်
၁၈၆၀ စတုရန်းမိုင်လောက်ဟာ အင်ပါယာလို့
ခေါ်ထိုက်တဲ့ အနေအထားမှာ မရှိပါဘူး။
အရှေ့အနောက် တောင်မြောက် တွေမပါပေမယ့်
Fan Shiman ဟာ သငေ်္ဘာကြီးတွေဆောက်ပြီး
ပင်လယ်ပြင်ကိုဖြတ် စစ်တိုက်တာ နိုင်ငံ ၁၀ နိုင်
သိမ်းပိုက်မိတယ် ဆိုပါတယ်။
စုစည်းတည်ထောင်ထားတဲ့ နိုင်ငံမဟုတ်ဘဲ တစ်မြို့
တစ်နိုင်ငံ လုပ်နေတဲ့ ကာလက နိုင်ငံဆိုတာတွေ
ဖြစ်ဖို့ရာပါပဲ။ Fan Shiman သဘောၤဆောက်ပြီး
စသ်တိုက်တယ်ဆိုတဲ့ ခြေရာကောက်ကြောင်းအရ ဖုနန်အင်ပါယာဟာ တောင်ဘက်က မလေးရှား၊ စူမားတြား၊ ဂျာဗား ဘက် ပိုပြီးကျယ်ပြန့်မယ်
လို့ ယူဆရမှာပါ။ (အရာအားလုံးဟာ ယူဆချက်
တွေချည်း ဖြစ်ပါတယ်။ မည်သူမျှ ဖုနန်အင်ပါယာ
အကြောင်း အတိအကျ ပြောနိုင်တာ မဟုတ်ပါဘူး)
နောက်ပြီး ဖုနန်ဆိုတာ အင်ပါယာဟုဆိုသော တိုင်းပြည် နိုင်ငံ တစ်ခုရဲ့ အမည်မျှသာဖြစ်ပြီး လူမျိုးအမည် မဟုတ်ပါဘူး။
လူမျိုးကို မွန်-ခမာ လို့သာ သတ်မှတ်
ထားတာ ဖြစ်ပါတယ်။ အဲဒီ မွန်ခမာတွေရဲ့
စကားနဲ့ အိန္ဒိယက Munda(မန်ဒ/မွန်ဒ)နဲ့
Khasi(ခါဆီ) လူမျိုးတွေရဲ့စကားနဲ့ တစ်အုပ်စုထဲ
ဖြစ်တယ်လို့ ကမ်ဘူးဂျားနဲ့ ပတ်သက်တဲ့ သမိုင်း
လေ့လာသူ အချို့ကလည်း ဆိုပါတယ်။
အိန္ဒိယကနေ အာရိယန်တွေကြောင့် ထွက်ပြေး
လာတဲ့ မွန်တွေနဲ့ ခမာတွေဟာ၊ မွန်တွေက မြန်မာ
နိုင်ငံအောက်ပိုင်းရောက်ပြီး ခမာတွေကတော့
ကမ်ဘူးဂျားကို ရောက်ကြတယ်ဆိုပါတယ်။
Munda တွေဟာ မြန်မာမှာ အများစုရောက်ပြီး
ခါဆီတွေက ကမ်ဘူးဂျားဘက် ဆက်လက်
ထွက်ခါ ရွှေ့ပြောင်း အခြေချကြတယ်ပေါ့။
ဒါက ကမ်ဘူးဂျားခေါ် ဖုနန်ရဲ့အစ အိန္ဒိယက
ကောဒဏ္ဍင်္ည ရောက်လာပြီး၊ နဂါးဘုရင် သမီးကို
သိမ်းပိုက်ပြီး ကမ်ဘူးဂျားနိုင်ငံ အဖြစ် စတင် အမည်
ပြောင်းခဲ့တယ်ဆိုတဲ့ AD 1 ရာစုကစတဲ့ ကမ္ဘောဒီး
ယား ရာဇဝင်နဲ့ ညီညွတ်သလို၊ အသောက မောရိယ အင်ပါယာထဲကနေ ကာလိင်္ဂတိုင်းက တလိင်္ဂဏသား ၁ သိန်းခွဲ ၂ သိန်းလောက်ကို
မောင်းထုတ်လိုက်လို့ တလိင်္ဂဏနသား တလိုင်းတွေ
ဘင်္ဂလားပင်လယ်အော်ဖြတ်ပြီး အရှေ့ဘက်ဆီ
ခွေးပြေးဝက်ပြေး ပြေးလာရတဲ့ အဖြစ်အပျက်နဲ့
လည်း တူညီတဲ့အပြင်၊ မွန်တွေရဲ့ မူလလာလမ်း/
မွန်တွေရဲ့ မူလဇစ်မြစ်ကို အတိအလင်း အထင်
အရှားဖော်ပြထားတဲ့ မွန်/တလိုင်းတွေ မဖတ်ရဲတဲ့
တောင်ပေါက်ဆရာတော် မှတ်တမ်းတင်ဖော်ထုတ်
တင်ပြခဲ့တဲ့ မွန်ဒိုင်၊ မွန်ဒ၊ မွန်ည ဆိုတဲ့ မွန်သား
ချော့တေး ၃ ပုဒ်ပါ အချက်အလက်များနဲ့လည်း
ကိုက်ညီနေတာဖြစ်ပါတယ်။
မွန်နဲ့ ခမာတွေ လေသံလည်းတူ သဒ္ဒါလည်းတူ။
ဘယ်လို ရှုထောင့်က သက်သေပြကြည့်သည်
ဖြစ်စေ အားလုံးဟာ ငြင်းမရတဲ့ အထောက်အထား
တွေပါပဲ။
ဒါ့အပြင် ဖုနန်ဟာ
စတင်ဖြစ်ထွန်းစဉ်က ဟိန္ဒူအယူဝါကို ကိုးကွယ်
ကြတာဖြစ်တယ်လို့ ဆိုထားကြတာကြောင့်
ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တောင်ပိုင်းဒေသ
တွေမှာ ဟိန္ဒူအယူဝါဒတွေ လက်ရာအထောက်
အထားတွေ ပြည့်လျမ်းနေတာဟာ အိန္ဒိယက
ထွက်ပြေးလာတဲ့ မန်ဒ နဲ့ ခါဆီ မျိုး၊ တလိုင်းနဲ့
ခမာတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ ငြင်း
ကွယ်စရာ အခြားအထောက်အထား မရှိပါဘူး။
ဖုနန်လက်အောက်အရပ်ဒေသဖြစ်တယ် ဆိုတဲ့
ယခု ဗီယက်နမ်တောင်ပိုင်းစွန်း ပင်လယ်နားက
(Oc Eo) မှာ( အောက်အို/အောက်အော လို့
အသံမထွက်ဘူူူး ထင်ပါတယ်။ ရိုမန်အရေးအရ
အောက်ကောက် လို့ အသံထွက်မယ်ထင်ပါရဲ့။
ရှေ့က O ရဲ့ c ကို အသံ ဆက်ထားပါတယ်)
တူးဖော်မှုပြုကြတဲ့အခါ ဒင်္ဂါးပြားတွေကို တွေ့ရှိရ
ပါတယ်။ တွေ့ရှိတဲ့ ဒင်္ဂါးတွေထဲမှာ မြန်မာနိုင်ငံမှာ
အမြောက်အများတွေ့ရှိတဲ့ ပျူဒင်္ဂါးလို့ ဆိုကြတဲ့ ဒင်္ဂါးတွေနဲ့ ရောမဒင်္ဂါးတွေကို တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံမှာ အမြောက်အများ တွေ့ရှိရတာထက်
(Oc Eo) တွေ့ရှိမှုဟာ မြန်မာနိုင်ငံထက် အလွန်
နည်းပါးပါတယ်။ မြန်မာနိုင်ငံမှာတော့ သရေ
ခေတ္တရာ ဟလင်း စသဖြင့် အများအပြား တွေ့ရှိ
ရတာပါ။ ရောမဒင်္ဂါးကို Oc Eo မှာ တွေ့ရှိရတာ
ကြောင့် ဖုနန်အင်ပါယာနဲ့ ရောမ ကုန်သွယ်မှု
ရှိမယ်လို့ ယူဆထားကြတာပါ။
တွေ့ရှိရတဲ့ ရောမရွှေဒင်္ဂါးဟာ AD 161 ရောမဘုရင်
Antoninus Pius နဲ့ Marcus Aureliys ကာလက ရွှေဒင်္ဂါး ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်မှတ်တမ်း
အရ ရောမအင်ပါယာက AD 166 မှာ ဟန်တရုတ်
တိုင်းပြည်ကို သံတမန်လွှတ်တယ်လို့ဆိုတာကြောင့် ရောမ သံတမန်တွေဟာ အဲဒီဒေသကနေ တရုတ်
ပြည်ကို သွားကြတာဖြစ်လို့ အဲဒီလူတွေဆီက ကျန်
ရစ်ခဲ့တာ ဖြစ်မယ်လို့ ဆိုပါတယ်။
ခေတ်ကာလ သတ်မှတ်နိုင်တာဆိုလို့ အဲဒီ ရောမ
ဒင်္ဂါးပဲရှိပါတယ်။
Oc Eo မှာ တွေ့ရှိရတဲ့ ဒင်္ဂါးတွေက ဒါတင် မဟုတ်
သေးပါဘူး။ ပဲခူး ဒင်္ဂါးလို့ ဆိုကြတဲ့ ပဲခူးဝန်းကျင်က
တွေ့ရှိရတဲ့ တိရစ္ဆာန်ပုံတွေပါတဲ့ ဒင်္ဂါးအချို့လည်း
တွေ့ရှိပါသေးတယ်။
ဒါနဲ့ ပတ်သက်ပြီး ဒင်္ဂါးကျွမ်းကျင်သူများရဲ့ blog
များမှာ ရှာဖွေကြည့်တဲ့အခါ မြန်မာနိုင်ငံမှာသာ
အဲဒီ ဒင်္ဂါးတွေကို အများအပြားတွေ့ရှိရတာ ဖြစ်တယ်လို့သာ ရေးသားကြတာပါ။
အဲဒီ AD 1 ရာစု ဖုနန် အထောက်အထားတွေက
ကျောက်စာတို့ နံရံပန်းချီတို့ ရုပ်တုတို့ တော့
မကျန် ရစ်ပါဘူး။ ဒီတော့ ဖုနန် အကြောင်းကို
တရုတ်မှတ်တမ်းက ပြောသလိုပဲ သိကြရတာပါ။
အဲဒီ ဖုနန်ကနေ AD 3 ရာစု ဝန်းကျင်မှာ တရုတ်
Wu နိုင်ငံကို သံတမန် ၂ ကြိမ်လွှတ်ပြီး Wu ကလည်း တစ်ကြိမ် ဖုနန်ကို သံဘက်ပြန်တယ်
ဆိုပါတယ်။ တရုတ်မှတ်တမ်းတွေအရ အဲဒီကာလ
တွေမှာ ဖုနန်ဟာ တရုတ် လက်အောက်ခံဖြစ်တယ်
ဆိုပါတယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။
တရုတ်တောင်မှ Wu ၊ Shu ၊ Wei ဆိုပြီး ၃ နိုင်ငံ
ကွဲပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်ပတ်တိုက်ပြီး
အလုပ်ရှုပ်နေကြတာဖြစ်ပါတယ်။
အဲဒီကာလ မြန်မာနိုင်ငံ အရပ်ဒေသမှာတော့
ပျူ မင်းထီး နန်းတက်နေတဲ့ကာလဖြစ်ပြီး တရုတ်
တွေ လာတိုက်လို့ နောက်ဆုံး ကောသမ္ဗီမှာ
တရုတ်တွေ စစ်ပြေငြိမ်းပြီး ပြန်သွားကြကြောင်း
မြန်မာရာဇဝင်တွေက ဆိုပါတယ်။
ဖုနန်နဲ့ Wu နိုင်ငံ သံတမန်ဆက်ဆံနေတဲ့ ကာလ
တွေဟာ ပျူမင်းထီး ဘုန်းတန်ခိုးအာဏာ တောက်
ကြွားထွန်းပနေတဲ့ ကာလဖြစ်ပါတယ်။
တရုတ်တွေ စစ်လာတိုက်တာ မနိုင်ဘဲ စစ်ပြေငြိမ်း
ပြီး ပြန်သွားရတဲ့ ပျုမင်းထီးကာလမှာ Fan Shiman
လက်ထက်မှာ တရုတ်မှတ်တမ်းအရ လီ ၆၀၀၀
လောက်သာ ကျယ်တဲ့ ဖုနန်က ဗိဿနိုးအထိ
အောင်နိုင်ပြီး ပျူ ဒင်္ဂါးဟု လတ်တလော ခေါ်ဆို
နေကြသော ဟလင်း မိုင်းမော သရေခေတ္တရာ
ဗိဿနိုး စသဖြင့် မြန်မာနိုင်ငံအတွင်း၌သာ
အမြောက်အများ တွေ့ရှိရတဲ့ ဒင်္ဂါးတွေကို
ဖုနန်က လာရောက်တိုက်ခိုက်သိမ်းပိုက်သဖြင့်
ကျန်နေရစ်သော ဖုနန်ခေါ် ကမ်ဘူးဂျား ဒင်္ဂါးများ
ဖြစ်သည်ဟု ဒီ.အာရ် သန်းထွန်းက ၎င်း မျက်မြင်
တွေ့ရှိရသည့်သဖွယ် ရေးသားခဲ့တာဟာ ဘယ်လိုမှ
ယုတ္တိမရှိတဲ့ အရေးအသားဖြစ်ပါတယ်။
ဖုနန်မှာ တွေ့ရှိရတဲ့ ဒင်္ဂါး အမျိုးအစားဟာ အခြေခံ
၃ မျိုးလောက်ရှိမယ်လို့ ဆိုလို့ရပါတယ်။
လက်ရှိ အခေါ်အဝေါ်အရ ပျူဒင်္ဂါး၊ ပဲခူူးင်္ဂါး၊ ရောမ
ဒင်္ဂါး။ ပဲခူးဒင်္ဂါးတွေဟာ တိရစ္ဆာန်ပုံတွေပါရှိပါတယ်။
သို့သော် အဲဒီ ဒင်္ဂါးတွေကို Oc Eo မှာ အမြောက်
အများ တွေ့ရှိရတာ မဟုတ်ဘဲ အနည်းငယ်မျှသာ
တွေ့ရှိရတာ ဖြစ်ပါတယ်။
ဒင်္ဂါးလုပ်တဲ့ မို ကို မြန်မာနိုင်ငံမှာ တွေ့ရှိထားတယ်။
ဒီတော့ အစုလိုက်အပြုံလိုက် အမြောက်အများ
တွေ့ရှိရတဲ့ နေရာက မူရင်းဖြစ်မလား၊ အနည်းငယ်
တွေ့ရှိရတဲ့ နေရာက မူရင်းဖြစ်မလား စဉ်းစား
ကြည့်ရုံနဲ့ သိနိုင်တာပါ။ Oc Eo မှာ တွေ့ရှိရတဲ့
ရောမ ဒင်္ဂါး ကိုတော့ ဖုနန်အင်ပါယာသုံး ဖုနန်ပိုင်
ဖုနန်က ထုတ် ဒင်္ဂါးဖြစ်ပါတယ်လို့ မဆိုဘဲ၊
မြန်မာနိုင်ငံက ထုတ်တဲ့ဒင်္ဂါးကျခါမှ အစုလိုက်အပြုံ
လိုက် အမြောက်အများ တွေ့ရှိရတာ မဟုတ်ပါဘဲ
ဖုနန်ဒင်္ဂါးဖြစ်ရုံမျှမက မြန်မာနိုင်ငံမှာ အဲဒီဒင်္ဂါးတွေ
တွေ့ရှိရတာ ဖုနန်က လာရောက်တိုက်ခိုက် သိမ်း
ပိုက် အုပ်စိုးလို့ ဖြစ်တယ်ဆိုတဲ့ အတည်ပေါက်
ရေးသားချက်တွေ အတွက် အစကတည်းက
ပေါက်ပန်းဈေးတွေ ထင်ရာရေးခဲ့သူ ဒီ.အာရ်
သန်းထွန်းကို မအံ့သြတော့ပါဘူး။
ဖုနန်အင်ပါယာ အကြောင်းကို ဖတ်ရှှုလေ့လာ
ကြည့်ရင် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့တယ်ဆိုတာ
မပါရှိပါဘူး။ တရုတ်မှတ်တမ်းတွေအရသာလျှင်
ကိုးကားပြီး သိရတဲ့ လီ၆၀၀၀ လောက်သာ
ကျယ်တဲ့ တရုတ်တို့ခေါ်တဲ့ ဖုနန်ခေါ် ကမ်ဘူးဂျား
ဟာ ပျူမင်းထီး ဘုန်းတန်ခိုးတောက်ကြွားစဉ်
ကာလမှာ မြန်မာနိုင်ငံကို လာရောက်တိုက်ခိုက်
သိမ်းပိုက်ပြီး ဟလင်း မိုင်းမော သရေခေတ္တရာ
ဗိဿနိုး စတဲ့အရပ်တွေမှာ ဖုနန်ဒင်္ဂါးတွေ သူ့
နိုင်ငံ ဖုနန်မှာထက် များပြားစွာ ထားပစ်ခဲ့မယ်
ဆိုတာက ရယ်စရာ ကောင်းလွန်းလှတဲ့ ရေးသား
ချက်တွေပဲ ဖြစ်ပါတယ်။
ဖြစ်ချင်းဖြစ် မြန်မာတွေကသာ ဖုနန်ကို သွားရောက်
တိုက်ခိုက် သိမ်းပိုက်လို့ မြန်မာတို့သုံးစွဲတဲ့ ဒင်္ဂါးတွေ
ကျန်ရစ်နေခဲ့တယ်လို့ ဆိုတာကသာ ဖြစ်ကောင်း
စရာ ရှိတယ် မဟုတ်ပါလား။
Oc Eo မှာတွေ့တဲ့ ရောမဒင်္ဂါးကြောင့် ရောမတွေ
ဗီယက်နမ်အထိ လာရောက်တိုက်ခိုက် သိမ်းပိုက်
ခဲ့တယ်လို့ ရေးလိုက်လို့ရော မရဘူးလား။
ရပါတယ်။ ဘယ်သူမှ မယုံမှာ တစ်ခုပါပဲ။
အခုလည်းပဲ အစုလိုက်အပြုံလိုက်တွေ့ရှိရာ
မူရင်း အရပ်ဒေသကို အနည်းငယ်မျှတွေ့ရှိရာ
အရပ်က လာရောက် သိမ်းပိုက်တယ်ဆိုတဲ့
ရေးချက်တွေဟာ မသိနိုးနားနဲ့ ရူးနှမ်းသူတွေသာ
လျှင် ယုံကြည်မှာသာဖြစ်ပါတယ်။
အစုလိုက်အပြုံလိုက် အမြောက်အများရှိရာ
မြန်မာ့ မူရင်းဒေသက ပျူဒင်္ဂါးကို Oc Eo မှာ
တွေ့ရင် သေချာတာက မူရင်းဟာ အဲဒီဒေသကို
လွှမ်းမိုးခဲ့တယ်ဆိုတာပါပဲ။
ဒါမှမဟုတ်လည်း အဲဒီဒေသနဲ့ ဒင်္ဂါးထုတ်လုပ်ရာ
ဒေသတို့ ကူးသန်းသွားလာ ဆက်သွယ်မှု
ရှိခဲ့တယ်လို့ ယူဆရမှာဖြစ်ပါတယ်။
ဗုဒ္ဓသာသနာ့နွယ်ဝင်တွေ ဖြစ်နေပြီဖြစ်တဲ့ ပျူခေတ်
လို့ဆိုတဲ့ မြန်မာတွေနဲ့ ခြားနားစွာပဲ ဖုနန်ဟာ
ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးနေတယ်ဆိုရင်
ဗီယက်နမ်တောင်ပိုင်းက ပင်လယ်ဆပ်ကမ်းဒေသ
Oc Eo ကို မြန်မာတို့ အဲဒီကာလ တိုက်ခိုက်
သိမ်းပိုက်ထားသည် မဟုတ်ဘဲ၊ မြန်မာတို့
ဖုနန်ကို ပင်လယ်ရေကြောင်းကနေ ကူးသန်း
ရောင်းဝယ်ပေါက်ရောက်ကြောင်း ယူမှတ်ရမှာပဲ
ဖြစ်ပါတယ်။
အဲဒီ Oc Eo ဒေသတွေ့ ပျူခေတ်လို့ဆိုတဲ့ မြန်မာ့
ဒင်္ဂါးတွေကို ဖုနန်ဒင်္ဂါးလို့ မဆိုဘဲ ဖုနန်တွေ့
ပျူခေတ် မြန်မာ ဒင်္ဂါးလို့သာ ဆိုရမှာဖြစ်ပါတယ်။
မိမိနယ်မြေထဲမှာ တွေ့ရှိတိုင်း မိမိဖန်တီးတဲ့ ပစ္စည်း
မဟုတ်ပါဘူး။ ဥပမာအားဖြင့် ယနေ့ ထိုင်းနိုင်ငံ
အတွင်းမှာ AD 1293 ရှေ့ပိုင်း ခမာလက်ရာ
တစ်ခုကို တွေ့ရှိတိုင်း ဒါဟာ ထိုင်းပစ္စည်း ထိုင်း
ဖန်တီးမှုလို့ ပြောလို့မရပါဘူး။
ဘာကြောင့်လဲဆိုရင် AD 1293 မတိုင်မီအထိ
ထိုင်းနိုင်ငံ ထိုင်းယဉ်ကျေးမှုဆိုတာ မရှိလို့ဘဲ
ဖြစ်ပါတယ်။
ဒီတော့ လီ၆၀၀၀ လောက်သာရှိတဲ့ ဖုနန်က
စတုရန်းမိုင် ၂သိန်း၆သောင်းလောက် အနည်းဆုံး
နယ်မြေရှိတဲ့ ပျုခေတ် မြန်မာတွေကို လာရောက်
တိုက်ခိုက် သိမ်းပိုက်ပြီး ဟလင်း၊ မိုင်းမော၊
သရေခေတ္တရာ၊ ဗိဿနိုး အရပ်တွေမှာ သူတို့
ဒင်္ဂါးတွေ ထားခဲ့တယ်ဆိုတာ ဖြစ်နိုင်ကောင်းဖို့
ရာ ယုတ္တိမရှိပါဘူူူး ဒီ.အာရ် သန်းထွန်းရာ။
………………………………………………………။
ပုံစာ -
၁/ဒီ.အာရ် သန်းထွန်း၏ စိတ်ကူးတည့်ရာ
ရေးချက်များ။
၂/ ဗီယက်နမ်တောင်ပိုင်း ပင်လယ်အနီးဒေသ
Oc Eo တွေ့ ပျူခေတ် မြန်မာ့ ဒင်္ဂါး။

No comments:
Post a Comment