"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၁၁)
……………………………………………။
ေနာင္ ၉ရက္ ၁၀ရက္ေသာ္ အလိုလို ငတ္၍
ေသၾကမည့္ တရုတ္တို့က စစ္ေျပျငိမ္းရန္ ကမ္းလွမ္း
သည္ေၾကာင့္ တရုတ္ႏွင့္ျမန္မာတို့ စစ္ေျပျငိမ္းၾက
ရာ၌ ကတိစကားေျပာဆိုၾကရာတြင္ ေနာင္
ထံုးတမ္းဥပေဒအျဖစ္ တြင္ရစ္ေစရန္ တရုတ္ႏွင့္
ျမန္မာ နယ္နိမိတ္အပိုင္းအျခားကို သတ္မွတ္
ေျပာဆိုၾကမည္ဟုျမန္မာတို့က ဆိုေလရာ တရုတ္
တို့က သေဘာတူသျဖင့္ ျမန္မာတို့က တရုတ္တို့
သည္ ဘုရားေစတီ မတည္ထား ျမန္မာတို့သာ
တည္ထားသည္ျဖစ္သည္။
ဘုရင့္ေနာင္မင္းတရားႀကီးလက္ထက္က ျမန္မာ
တို့တည္ထားခဲ႔ေသာ ေစတီဘုရားမ်ား တည္ရွိရာ
ေနရာမ်ားသည္ ျမန္မာႏိုင္ငံေတာ္ျဖစ္သည္ေၾကာင့္
တရုတ္ႏွင့္ ျမန္မာ နယ္စပ္ကို က်ဥ္သီျမိဳ႕(Jianshui)
ျမိဳ႕ကို သတ္မွတ္မည္ဆို၏။ တရုတ္တို့က ရာဇဝင္
အရဆိုၾကသည္ျဖစ္ေသာ္ ပုဂံေခတ္က တရုတ္တို့
နရသီဟပေတ့ကို လိုက္လံတိုက္ခိုက္ရာ ျပန္၍
လွည့္လာေသာ တရုတ္ေမာ္အထိ တရုတ္တို့
ပိုင္ခဲ႔သည္ဟု ဆိုႏိုင္သျဖင့္ ျမန္မာတို့ကလည္း
ျပည္အထိ ဆုတ္ရမည္ဟု ျပန္ကပ္ေလသည္။
သို့ျဖင့္ ၂ ဘက္ ညိႈႏိႈင္းၾကရာ စႏၵားမွသည္ က်ိဳင္း
ဟုန္းအထိ နယ္ေျမမ်ားကို ျမန္မာႏိုင္ငံေတာ္
အျဖစ္သတ္မွတ္သေဘာတူၾကေလသည္။
(စႏၵားအနီးတြင္ ျမန္မာရြာမ်ားရွိခဲ႔ၿပီး ယခုအခါ
တရုတ္တို့ ဝင္ေရာက္ေနထိုင္ၾကျပီဟု ဆိုသည္။
မဆလ ေခတ္က နယ္နိမိတ္တိုင္းတာသတ္မွတ္
သည့္အဖြဲ႕(ဗိုလ္မွဴးႀကီးေစာျမင့္ဦးေဆာင္)ေသာ
အဖြဲ႕တို့သြားေရာက္စဥ္က ထိုေဒသခံမ်ားက
တရုတ္တို့ လက္ေအာက္၌ မေနလို ျမန္မာႏိုင္ငံ
အျဖစ္သာ သတ္မွတ္ေပးရန္ေတာင္းဆိုခဲ႔ၾက၏။
အခ်ိဳ႕ေဒသမ်ား မဲခြဲဆံုးျဖတ္ရသည္မ်ားပင္ ရွိခဲ႔
ေပသည္။ သို့ေသာ္ ေဒသခံမ်ားက မည္သို့ပင္
ဆႏၵရွိေစကာမူ ထိုေဒသမ်ားသည္ တရုတ္ပိုင္နက္
အျဖစ္ ေရာက္ရွိသြားၾကေလေတာ့၏)
တရုတ္ႏွင့္ျမန္မာတို့ စစ္ေျပျငိမ္းေရး ေဆာင္ရြက္
ေနေသာ ကာလသည္ ရက္အတန္ၾကာေညာင္း
သည္ ျဖစ္ေသာ္လည္း မဟာသီဟသူရမွာ ဆင္ျဖဴ
ရွင္ထံသို့ မည္သည့္ သံေတာ္ဦးတင္လႊာမ်ွ မပို့
မလႊတ္ဘဲေနသည္မွာ လြန္က်ဴးေသာ လုပ္ရပ္
တစ္ခုအျဖစ္သတ္မွတ္ရမည္ျဖစ္၏။
ဘုရင့္အမိန့္မရဘဲ မိမိလုပ္ခ်င္သလို လုပ္ေနသည္
မွာ ေသဒဏ္ထိုက္သည့္ အျပစ္သို့ ေရာက္ရွိေန
သည္ ျဖစ္ေပသည္။ ဝန္ႀကီးမဟာသီဟသူရ
ထိုကဲ႔သို့ အျခားဗိုလ္ခ်ဳပ္မ်ားက သေဘာမတူ
ေသာ္လည္း ၎က တာဝန္ခံ၍ လုပ္ရဲကိုင္ရဲ
ျဖစ္ေနျခင္းမွာ မဟာသီဟသူရ၏ ကေတာ္သည္
ဆင္ျဖဴရွင္ဘုရင့္ မိဖုရားေခါင္ႀကီး၏ အစ္မေတာ္
အရင္း ျဖစ္ေနေသာေၾကာင့္ မယားညီအစ္ကိုခ်င္း
ဟူသည့္ အခြင့္အေရးကို ရယူျပီး ဘုရင့္အား
၎ျပီးက ျပီးသည္ဟုမွတ္ခါ ျပဳလုပ္ျခင္းျဖစ္သည္ဟု
ယူမွတ္ႏိုင္ေပသည္။ အျခားေသာ စစ္ဗိုလ္ခ်ဳပ္မ်ား
မွာ ဆင္ျဖဴရွင္က ငါ့တိုင္းႏိုင္ငံအတြင္း ခ်ဥ္းနင္း
ဝင္ေရာက္လာသမ်ွ အကုန္သတ္ဟူေသာ အမိန့္
ကို ဦးထိပ္ရြက္ထားသူမ်ား ျဖစ္သည့္အေလ်ာက္
ဝန္ႀကီးမဟာသီဟသူရ၏ လုပ္ရပ္ကို မေက်နပ္
ပါေသာ္လည္း ဘုရင့္ေဆြေတာ္မ်ိဳးေတာ္ စစ္ဗိုလ္
ခ်ဳပ္အား မည္သို့လ်ွင္ လြန္ဆန္ဝံ႔ပါအံ႔နည္း။
ဤသို့ျဖင့္ ကိုယ့္သေဘာႏွင့္ကိုယ္ စစ္ေျပျငိမ္း
သည္ကို ေဒါသထြက္ေနသည့္ ဆင္ျဖဴရွင္သည္
တရုတ္တို့က ေပးကမ္းခဲ႔သည့္ လက္ေဆာင္မ်ားကို
မယူေတာ့ဘဲ မိဖုရားေခါင္ႀကီး၏ အစ္မရင္းျဖစ္
ေသာ မဟာသီဟသူရ၏ ကေတာ္ႏွင့္ အျခား
ဗိုလ္မွဴးတပ္မွဴးတို့၏ သားမယားမ်ားကို လက္
ေဆာင္မ်ားအား ေခါင္းေပၚရြက္ေစလ်က္
အေနာက္တံခါးတြင္ ၃ရက္ေနလွန္းေလသည္။
မဟာသီဟသူရႏွင့္ ဗိုလ္မွဴးတပ္မွဴးတို့သည္
တရုတ္တို့ေပးကမ္းေသာ တန္စိုးလက္ေဆာင္ကို
ယူ၍ တရုတ္တို့အား တရုတ္ျပည္ျပန္ခြင့္ ေပး
လိုက္သည္ဟု လြန္စြာ မေက်မခ်မ္း ျဖစ္၏။
ထိုအေၾကာင္းကို မဟာသီဟသူရၾကားေလလ်ွင္
မိမိသေဘာျဖင့္ လုပ္ခ်င္သလို လုပ္ခဲ႔ျပီးသည္မွ
ယခုအတိုင္း အင္းဝသို့ျပန္သည္ရွိေသာ္ အသတ္
ခံရမည္ မုခ်ဟု အထူးေၾကာက္ရြံ႕ျပန္ေလ၏။
ထိုသည္တြင္ ဘုရင့္အမ်က္ေတာ္ေျပေစရန္ ႀကိဳး
ပမ္းမႈ တစ္ရပ္အျဖစ္ ျမိဳ႕စီးျပစီးတင္ေနေသာ
မဏိပူရအား သြားေရာက္တိုက္ခိုက္ေလသည္။
မၾကာမတင္ကာလကပင္ ဆင္ျဖဴရွင္ကိုယ္တိုင္
အဂၤလိပ္တို့အား မဏိပူရသည္ ျမန္မာႏိုင္ငံေတာ္
ျဖစ္ေၾကာင္းျပသရန္ သြားေရာက္ စီမံျပီးသည္ကို
မဏိပူရေစာ္ဘြား ျမိဳ႕ျပျပင္သည္မွာ ပုန္ကန္ရန္
ျဖစ္သည္ဟု အေၾကာင္းျပလ်က္ ေကာင္းတံုမွ
မဏိပူရသို့ သြားေရာက္တိုက္ခိုက္ျပီး လူသူ
လက္နက္ သိမ္းယူသည္မွာ ကသည္းတို့ ျမန္မာ
ဘုရင့္အေပၚ အျမင္မၾကည္မလင္ျဖစ္သြားေစ
သည့္ လုပ္ရပ္တစ္ခုလည္း ျဖစ္ခဲ႔ေပသည္။
မဟာသီဟသူရသည္ တရုတ္တို့ တတိယအႀကိမ္
က်ဴးေက်ာ္လာစဥ္က မဟာစည္သူကဲ႔သို့ ရင္ဆိုင္
တပ္ကို အုပ္ခ်ဳပ္ရသည္မဟုတ္ဘဲ တရုတ္တို့၏
ေထာက္ပို့လမ္းေၾကာင္းကို ျဖတ္ေတာက္ရန္သာ
တာဝန္ေပးခံရသူျဖစ္ျပီး ၎၏တပ္မွ တိမ္ၾကား
မင္းေခါင္၏ ရဲစြမ္းသတၱိေၾကာင့္ စစ္ေရးအလွည့္
အေျပာင္းျဖစ္ျပီး ထိုစစ္ပြဲ၌ နာမည္ေပါက္လာသူ
ျဖစ္သည္တြင္ ရင္ဆိုင္တပ္ပ်က္ခဲ႔ေသာ မဟာ
စည္သူအစား ဘုရင္က မယားညီအစ္ကိုခ်င္း
ယံုၾကည္ကိုစား အထင္ႀကီးခဲ႔သူျဖစ္၏။
တတိယစစ္ပြဲ၌ စိတ္ဓာတ္က်ေနေသာ ျမန္မာတို့
အား ငါတို့ဘုရင္သည္ မည္ကာမတၱမင္းျဖစ္ဆန္း
မဟုတ္ဟု အားေပးစကားေျပာၾကားျပီး စိတ္ဓာတ္
တက္ၾကြေစရန္ ေျပာဆိုခဲ႔သလို စြမ္းစြမ္းတမံ
တိုက္ခိုက္ခဲ႔သည္မွာလည္း မွန္ေပသည္။
သို့ေသာ္ ဗလမင္းထင္ ထက္ ပိုလြန္သည္ဟု
ထင္ရန္မွာ မရွိေပ။ ဗလမင္းထင္ကား ေတာင္ငူ
ပုန္ကန္စဥ္က အသတ္ခံရမည္ ျဖစ္ပါလ်က္ အခ်ဳပ္
မွ လႊတ္ခဲ႔သည့္ အရွင္တို့ေက်းဇူး ႀကီးမားလွသည္၊
ဆယ္ျပန္ဆပ္၍မကုန္၊ ခံတပ္အတြင္း၌သာ အေသ
ခံ၍ အရွင့္ေက်းဇူးဆပ္ေတာ့မည္၊ တရုတ္တို့
အင္းအား သိန္း ၂၀ ျဖင့္ ဝန္းရံလည္း ခံႏိုင္ေအာင္
ခံမည္ဟု ေျပာသည့္အတိုင္း လုပ္ခဲ႔သူ ျဖစ္ရာ
၄ႀကိမ္ေျမာက္ စစ္ပြဲ၌ ေကာင္းတံုခံတပ္ကို တရုတ္တို့ မေက်ာ္ႏိုင္ဘဲ စစ္ေျပျငိမ္းလိုက္ရသည္
က အထင္အရွားပင္ျဖစ္ေပသည္။
တရုတ္တို့ႏွင့္ စစ္ေျပျငိမ္းစဥ္ကလည္း တရုတ္တို့
အထူး အထင္ႀကီးေလးစားေၾကာက္ရြံ႕ၾကသည့္
ေကာင္းတံုခံတပ္ အရွင္သခင္ ဗလမင္းထင္အား
ထိုက္တန္ေသာ ေနရာမေပးဘဲ ၾကမ္းျပင္တြင္
အျခား တပ္သားမ်ားႏွင့္ မထင္မရွား ေရာေႏွာ
ေနခိုင္းေသာ မဟာသီဟသူရ၏ လုပ္ရပ္မွာ အလြန္ပင္သံသယ ျဖစ္ဖြယ္ေကာင္းေပသည္။
တရုတ္တို့က ေကာင္းတံုဗိုလ္ခ်ဳပ္အား ျပပါဟု
ဆိုသည္မွ ထ၍ ျပခိုင္းသည္တြင္ အဘယ္ေၾကာင့္
အဆင့္ျမင့္ အရာရွိအဆင့္တြင္ မေနရပါသနည္းဟု
တရုတ္တို့က ေမးျမန္းမႈကို ဤသို့ေသာ လူအမ်ား
ျမန္မာတပ္၌ အမ်ားအျပားရွိသည္ေၾကာင့္ ထား
ရသည္ဟု မဟာသီဟသူရက တရုတ္တို့အား
ေျပာၾကားမႈမွာ အေၾကာင္းျပခ်က္ေကာင္း တစ္ခု
မဟုတ္ပါေပ။ ပထမစစ္ပြဲကာလကပင္ တရုတ္
တပ္တို့အား ဆင္ျဖင့္ နင္းသတ္ခဲ႔ျပီး ဒုတိယ
စစ္ပြဲ၌လည္း တရုတ္တို့ ၎၏ ခံတပ္အားမေက်ာ္
ႏိုင္၊ တတိယစစ္ပြဲ ျမန္မာတို့ စစ္ဦးက်ိဳးေနစဥ္
ကာလ ဗန္းေမာ္ေၾကာင္းခ်ီလာေသာ တရုတ္တို့အား
သိႏၷီေၾကာင္းခ်ီလာသည့္ တရုတ္တို့ႏွင့္ မေပါင္း
မိေစရန္ ခံထားခဲ႔သည္။ ယခု ၄ႀကိမ္ေျမာက္ စစ္ပြဲ
၌လည္း ဗလမင္းထင္အား တရုတ္တို့ မေက်ာ္
လႊားႏိုင္သျဖင့္ ဗန္းေမာ္ေအာက္ဘက္အရပ္က
ေလကိုမ်ွပင္ တရုတ္တို့ ရွဴရိႈက္ဖူး မသြားရေစ
ခဲ့ေသာ တရုတ္တို့က အထူးအထင္ႀကီးေလးစား
ေၾကာက္ရြံ႕ခန့္ျငား၍ ျမင္ဖူးလွခ်င္သည့္ အဓိက
အေရးအပါဆံုး ေကာင္းတံုခံတပ္၏ အရွင္သခင္
ဗိုလ္ခ်ဳပ္ဗလမင္းထင္သည္ ထိုက္တန္ေသာ
အေဆာင္အေယာင္ျဖင့္ ထိုက္တန္သည့္ ေနရာ
ထိုင္ခင္းရရွိသင့္ပါလ်က္ ေအာက္လက္ငယ္သား
မ်ားႏွင့္ မထင္မရွား ၾကမ္းျပင္တြင္ ေရာေႏွာေန
ထိုင္ေစသည့္ မဟာသီဟသူရ၏ လုပ္ရပ္မွာ
အလြန္အမင္း သံသယျဖစ္ဖြယ္ေကာင္း၏။
ဗလမင္းထင္ကား စစ္ေျပျငိမ္းေရးကို အလိုမရွိသူ
ျဖစ္ေနျခင္းေၾကာင့္ပင္ ျဖစ္ႏိုင္၏။ စစ္ေျပျငိမ္း
ၾကစဥ္အခါက တရုတ္တို့က တပ္သိမ္းတပ္ႏုပ္
ျပဳလုပ္ေနစဥ္အတြင္း ျမန္မာတို့က မတိုက္ခိုက္
ပါရန္ မဟာသီဟသူရအား လာေရာက္ အေၾကာင္း
ၾကားျပန္ရျခင္းမွာ ေသနာပတိအရာယူထားေသာ
မဟာသီဟသူရ ႏွင့္ ဗလမင္းထင္ၾကား သေဘာ
ထား ကြဲလြဲၾကျခင္း၏ ျပယုဂ္လည္း ျဖစ္ႏိုင္ေပ
သည္။ ထိုသို့ ကိုယ့္သေဘာႏွင့္ ကိုယ္ စီမံျပီးမွ
အသတ္ခံရမည္ ေၾကာက္ျပန္သည့္ ၎ မဟာသီဟ
သူရမွာ မိမိလုပ္ရပ္ကို မိမိ အသက္ႏွင့္ရင္းရမည္မွန္း
သိပါလ်က္ တာဝန္မခံရဲသူဟု မွတ္ယူရမည့္
အေနအထားပင္ျဖစ္ေပသည္။
မဟာသီဟသူရ၌ မည္သို့ေသာ အႀကံအစည္
မ်ားသည္ ႀကိတ္ပုန္းခုတ္၍ ရွိသည္ ျဖစ္ပါသနည္း။
ထို့ျပင္ ဝန္ႀကီးမဟာသီဟသူရသည္ ႏွစ္ဘက္
စစ္ဗိုလ္ခ်ဳပ္မ်ားေတြ႔ဆံုစဥ္ ၎တစ္ဦးတည္းက
ရွင္ဘုရင္ ထြက္ေတာ္မူသည္ကဲ႔သို့ စစ္အဂၤါ၄ပါး
ႏွင့္တကြ ႀကီးက်ယ္စြာ ထြက္လာသည္ကို တရုတ္
တို့က အဘယ့္ေၾကာင့္ ထိုသို့ထြက္ရပါသနည္းဟု ေမးျမန္းယူရသည္ပင္ ျဖစ္ေလသည္။
အမွန္တကယ္တြင္မူ စစ္ေျပျငိမ္းသည့္ ကိစၥမွာ
ခ်င္းလံုႏွင့္ ဆင္ျဖဴရွင္တို့၏ အေရးကိစၥသာျဖစ္၏။
တရုတ္တို့ႏွင့္ ျမန္မာတို့ ေလွသမၺာန္ကိစၥ
အေျခအတင္ျဖစ္ၾကျပန္ေသး၏။
တရုတ္တို့ ေဆာက္လုပ္ထားေသာ ေလွ သမၺာန္
မ်ားကို တရုတ္တို့က ျမစ္ညွာသို့ ဆန္ႏွင့္ဝန္တင္
ရန္ စီစဥ္လုပ္ေဆာင္သည္ကို ျမန္မာတို့က တား
ျမစ္၏။ ထိုသို့ တားျမစ္သျဖင့္ တရုတ္တို့က
မယူရလ်ွင္ မီးရိႈ႕ခဲ့မည္ဟု ဆို၏။ ျမန္မာတို့က
ျမန္မာပိုင္နက္အတြင္း ရွိေနေသာ ပစၥည္းသည္
ျမန္မာမင္း ပစၥည္းျဖစ္ရာ တရုတ္တို့
ေလွသမၺာန္မ်ားကို မီးရိႈ႕လ်ွင္ သတ္မည္ဆို၏။
သို့ဆိုလ်ွင္ ထားခဲ႔မည္ဟု တရုတ္တို့က ဆိုျပန္ရာ
တရုတ္တို့၏ ေလွသမၺာန္မ်ားမွာ ျမန္မာတို့အတြက္
အသံုးမဝင္ အမိႈက္သာျဖစ္ဟု ျမန္မာတို့က ဆို၏။
သို့ဆိုပါလ်ွင္ မိမိတို့က မီးမတိုက္ ျမန္မာတို့က
မီးတိုက္လိုပါက တိုက္ပါဟု တရုတ္တို့က ဆိုေလ
သည္တြင္ သင္တို့ တရုတ္ပစၥည္း ငါတို့ မီးမတိုက္
ႏိုင္၊ ၎ သမၺာန္မ်ားအား ကုန္းေၾကာင္း ထမ္းရြက္
၍ သယ္သြားျပီး တရုပ္ျပည္ေရာက္မွ ကိုယ့္
ဟာကိုယ္ မီးတိုက္ရမည္ဟု ျမန္မာတို့က ဆိုရာ
တရုတ္တို့ ထို ေလွ သမၺာန္မ်ားကို တရုတ္ျပည္
ေရာက္ေအာင္ ကုန္းေၾကာင္း ထမ္းရြက္၍ သယ္
သြားရသည္ ဟူေလ၏။
ဝန္ႀကီးမဟာသီဟသူရသည္ မဏိပူရမွ သိမ္းယူ
လာေသာ လူသူလက္နက္မ်ားအား စုရံုး၍ ဘုရင့္
အား အပ္မည္ဟု နန္းေတာ္ေရွ႕၌ စုရံုးေနစဥ္
ဆင္ျဖဴရွင္ဘုရင္မင္းျမတ္သည္ အလြန္မေက်မခ်မ္း
ျဖစ္လ်က္ တရုတ္တို့ ျမင္းငါးေသာင္း လူငါးသိန္း
ငါ့လက္သို့ေရာက္ေလျပီးမွ တရုတ္တို့၏ တန္စိုး
လက္ေဆာင္ယူျပီး တရုတ္တို့အား တရုတ္ျပည္
ျပန္လႊတ္လိုက္သည့္ သင္းတို့အား ငါ့တိုင္း
ငါ့ႏိုင္ငံ ငါ့ေရ ငါ့ေျမ၌ မထားႏိုင္ ငါႏွင့္ေရျခား
ေျမျခားသို့ ပို့ပစ္ေစဟု ေဒါသထြက္ေလေတာ့
သည္။ ဆင္ျဖဴရွင္၏ ဆိုလိုရင္းမွာ မဟာသီဟ
သူရအား ျပည္ႏွင္ဒဏ္ေပးခိုင္းျဖစ္ေလသည္။
အသတ္မသတ္ခဲ႔ေသာ္လည္း မဏိပူရအား တိုက္ခိုက္ေအာင္ျမင္လာျခင္းကိုလည္း စိတ္ဝင္
စားမႈ ျပေတာ္မူသည္ မဟုတ္ေခ်။
ဘုရင္စိတ္ေျပေစရန္ မဏိပူရအား တိုက္ရပါသည္
ဟူသည့္ မဟာသီဟသူရ၏ အေၾကာင္းျပခ်က္မွာ
အသက္ႏွင့္ရင္း၍တာဝန္ခံပါလ်က္ ေသမွာေၾကာက္
၍ ေသြးရူးေသြးတမ္း လုပ္မိလုပ္ရာ လုပ္ေဆာင္ခ်က္
ထက္ မပိုလြန္ေပ။
မင္းတိုင္ပင္ အမတ္တို့က ေရွ႕ေရးေနာက္ေရး
ေျမွာ္ေထာက္ျပီးလ်ွင္ ျပည္ႏွင္ဒဏ္မေပးဘဲ
ဘုရင္ႏွင့္ေရျခားေျမျခား ျမစ္ငယ္အေရွ႕ဘက္
ၾကက္ယက္လယ္ျပင္သို့ ဘုရင့္စကားကို လက္
တစ္လံုးျခားလုပ္၍ ပို့ထားေလသည္။
ထိုသို့ပို့ျပီးမွ မဟာသီဟသူရသည္ တိုက္ရည္
ခိုက္ရည္ ရွိပါေသာ္လည္း ႏွလံုးရည္အားနည္း
သူျဖစ္သည့္အေလ်ာက္ အရွင့္ အမႈေတာ္အား
မဆင္မျခင္ျပဳမိသည္ကို သည္တစ္ႀကိမ္
ခြင့္လႊတ္ပါရန္ ဆင္ျဖဴရွင္အားေလ်ွာက္ထား ေတာင္းပန္ၾက၏။
ထိုေလ်ွာက္ထားခ်က္ကို ၾကားရသည့္ ဆင္ျဖဴရွင္
သည္ ေလ်ွာက္ထားလာသူ မင္းတိုင္ပင္အမတ္
ႀကီးတို့ကိုပါ ျမစ္ငယ္သို့ ပို့ပစ္လိုက္ေလသည္။
ဤသို့္ျဖင့္ ဆင္ျဖဴရွင္၏ ပီကင္းသို့ ခ်ီတက္သိမ္း
ပိုက္မည့္ စစ္ေရးစီမံခ်က္ႀကီးမွာ ႏွလံုးရည္အား
နည္းျပီး ေသမွာေၾကာက္၍ အသက္ႏွင့္ရင္း၍
ယူျပီးပါလ်က္ တာဝန္မခံရဲသည့္ ဝန္ႀကီးမဟာ
သီဟသူရ၏ အဆင္အျခင္မဲ႔ လုပ္ရပ္ေၾကာင့္
ပ်က္ျပားသြားခဲ႔ရေလေတာ့သည္။
ဘုရင့္ဆႏၵမပါဘဲ စစ္ေျပျငိမ္းခဲ႔သည္ဟု တရုတ္
တို့အား စစ္ျပဳမည္ဆိုက ျပဳႏိုင္ပါေသာ္လည္း
ျမန္မာတို့ ကတိမတည္ စစ္ေျပျငိမ္းျပီးကာမွ
တဖန္ ေဖာက္ျပန္ျပန္သည္ဟု ေနာင္အစဥ္
ေျပာရစ္မတြင္ေစရန္ ဆင္ျဖဴရွင္သည္ အလိုမတူ
ပါဘဲလ်က္ တရုတ္ႏွင့္စစ္ေျပျငိမ္းမႈကို မေက်
မခ်မ္း လက္ခံလိုက္ရေလေတာ့သည္။
စစ္ေျပျငိမ္းခ်က္ပါ ကတိကဝတ္မ်ားအတိုင္း
ျမန္မာတို့က သံု့ပမ္းအခ်ိဳ႕ကိုျပန္လႊတ္ေပးခဲ႔
ေသာ္လည္း တရုတ္တို့ဘက္က ျပန္လည္
လႊတ္ေပးခဲ႔ျခင္းမရွိခဲ႔ေပ။ ထိုသည္ေၾကာင့္
ျမန္မာတို့ကလည္း တရုတ္စစ္သံု့ပမ္းမ်ားအား
ျပန္လည္လႊတ္မေပးေတာ့ဘဲ ျမန္မာႏိုင္ငံ၌သာ
ေနရာထိုင္ခင္း ခ်ထားစီစဥ္ေပးလိုက္ေတာ့၏။
မဟာသီဟသူရတို့အား ေနာင္တစ္လခန့္ၾကာသည္
တြင္မွ စိတ္ေျပ၍ ျပန္လည္ ေခၚယူျပီး အမႈေတာ္ကို
ထမ္းရြက္ေစျပန္ေလသည္။
သို့ေသာ္ မဟာသီဟသူရ၏ ဆင္ျဖဴရွင္အေပၚ
လုပ္ရပ္သည္ ဤတစ္ႀကိမ္ႏွင့္မျပီး ေနာက္တစ္ႀကိမ္
ထပ္မံ၍ သမိုင္းအလွည့္အေျပာင္းတစ္ခုကို
ျမန္မာတို့၏ နစ္နာခ်က္အျဖစ္ ထပ္မံဖန္တီး
လိုက္ျပန္ေလသည္။ တရုတ္ျမန္မာ ၄ ႀကိမ္ေျမာက္
စစ္ပြဲမွ အစျပဳ၍ မဟာသီဟသူရ၏ လုပ္ရပ္မ်ားမွာ
ဆင္ျဖဴရွင္၏ အက်ိဳးပ်က္စီးရာ ပ်က္စီးေၾကာင္း
မ်ားႏွင့္ ႏိုင္ငံေတာ္၏ အေနအထားအား ယိုယြင္း
လာေစရန္ လုပ္ေဆာင္ခ်က္မ်ား အျဖစ္ ေရာက္
ရွိလာသည္မွာ ၎၏ လုပ္ရပ္မ်ားက ဆက္လက္
သက္ေသခံေနေပေတာ့သည္။
…………………………………………………………။
ပံုစာ -
၁/ ဆင္ျဖဴရွင္လက္ထက္ ကုန္းေဘာင္ေခတ္
ျမန္မာႏိုင္ငံေတာ္။
မွတ္ခ်က္ - ယခု ေျမပံုတြင္ မပါဝင္သည့္
ကေမ႓ာဒီးယားနယ္ေျမကိုပါ ထည့္သြင္း
ရမည္ ျဖစ္သည္။
၂/ တရုတ္တို့ တရုတ္ျပည္အထိ ထမ္းပိုးရြက္ငင္
ယူေဆာင္သြားၾကရေသာ ဝမ္းျပားေလွမ်ားႏွင့္
ျမန္မာ့ တိုက္ေလွ။
…………………………………………………………
"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၁၁)
……………………………………………။
နောင် ၉ရက် ၁၀ရက်သော် အလိုလို ငတ်၍
သေကြမည့် တရုတ်တို့က စစ်ပြေငြိမ်းရန် ကမ်းလှမ်း
သည်ကြောင့် တရုတ်နှင့်မြန်မာတို့ စစ်ပြေငြိမ်းကြ
ရာ၌ ကတိစကားပြောဆိုကြရာတွင် နောင်
ထုံးတမ်းဥပဒေအဖြစ် တွင်ရစ်စေရန် တရုတ်နှင့်
မြန်မာ နယ်နိမိတ်အပိုင်းအခြားကို သတ်မှတ်
ပြောဆိုကြမည်ဟုမြန်မာတို့က ဆိုလေရာ တရုတ်
တို့က သဘောတူသဖြင့် မြန်မာတို့က တရုတ်တို့
သည် ဘုရားစေတီ မတည်ထား မြန်မာတို့သာ
တည်ထားသည်ဖြစ်သည်။
ဘုရင့်နောင်မင်းတရားကြီးလက်ထက်က မြန်မာ
တို့တည်ထားခဲ့သော စေတီဘုရားများ တည်ရှိရာ
နေရာများသည် မြန်မာနိုင်ငံတော်ဖြစ်သည်ကြောင့်
တရုတ်နှင့် မြန်မာ နယ်စပ်ကို ကျဉ်သီမြို့(Jianshui)
မြို့ကို သတ်မှတ်မည်ဆို၏။ တရုတ်တို့က ရာဇဝင်
အရဆိုကြသည်ဖြစ်သော် ပုဂံခေတ်က တရုတ်တို့
နရသီဟပတေ့ကို လိုက်လံတိုက်ခိုက်ရာ ပြန်၍
လှည့်လာသော တရုတ်မော်အထိ တရုတ်တို့
ပိုင်ခဲ့သည်ဟု ဆိုနိုင်သဖြင့် မြန်မာတို့ကလည်း
ပြည်အထိ ဆုတ်ရမည်ဟု ပြန်ကပ်လေသည်။
သို့ဖြင့် ၂ ဘက် ညှိုနှိုင်းကြရာ စန္ဒားမှသည် ကျိုင်း
ဟုန်းအထိ နယ်မြေများကို မြန်မာနိုင်ငံတော်
အဖြစ်သတ်မှတ်သဘောတူကြလေသည်။
(စန္ဒားအနီးတွင် မြန်မာရွာများရှိခဲ့ပြီး ယခုအခါ
တရုတ်တို့ ဝင်ရောက်နေထိုင်ကြပြီဟု ဆိုသည်။
မဆလ ခေတ်က နယ်နိမိတ်တိုင်းတာသတ်မှတ်
သည့်အဖွဲ့(ဗိုလ်မှူးကြီးစောမြင့်ဦးဆောင်)သော
အဖွဲ့တို့သွားရောက်စဉ်က ထိုဒေသခံများက
တရုတ်တို့ လက်အောက်၌ မနေလို မြန်မာနိုင်ငံ
အဖြစ်သာ သတ်မှတ်ပေးရန်တောင်းဆိုခဲ့ကြ၏။
အချို့ဒေသများ မဲခွဲဆုံးဖြတ်ရသည်များပင် ရှိခဲ့
ပေသည်။ သို့သော် ဒေသခံများက မည်သို့ပင်
ဆန္ဒရှိစေကာမူ ထိုဒေသများသည် တရုတ်ပိုင်နက်
အဖြစ် ရောက်ရှိသွားကြလေတော့၏)
တရုတ်နှင့်မြန်မာတို့ စစ်ပြေငြိမ်းရေး ဆောင်ရွက်
နေသော ကာလသည် ရက်အတန်ကြာညောင်း
သည် ဖြစ်သော်လည်း မဟာသီဟသူရမှာ ဆင်ဖြူ
ရှင်ထံသို့ မည်သည့် သံတော်ဦးတင်လွှာမျှ မပို့
မလွှတ်ဘဲနေသည်မှာ လွန်ကျူးသော လုပ်ရပ်
တစ်ခုအဖြစ်သတ်မှတ်ရမည်ဖြစ်၏။
ဘုရင့်အမိန့်မရဘဲ မိမိလုပ်ချင်သလို လုပ်နေသည်
မှာ သေဒဏ်ထိုက်သည့် အပြစ်သို့ ရောက်ရှိနေ
သည် ဖြစ်ပေသည်။ ဝန်ကြီးမဟာသီဟသူရ
ထိုကဲ့သို့ အခြားဗိုလ်ချုပ်များက သဘောမတူ
သော်လည်း ၎င်းက တာဝန်ခံ၍ လုပ်ရဲကိုင်ရဲ
ဖြစ်နေခြင်းမှာ မဟာသီဟသူရ၏ ကတော်သည်
ဆင်ဖြူရှင်ဘုရင့် မိဖုရားခေါင်ကြီး၏ အစ်မတော်
အရင်း ဖြစ်နေသောကြောင့် မယားညီအစ်ကိုချင်း
ဟူသည့် အခွင့်အရေးကို ရယူပြီး ဘုရင့်အား
၎င်းပြီးက ပြီးသည်ဟုမှတ်ခါ ပြုလုပ်ခြင်းဖြစ်သည်ဟု
ယူမှတ်နိုင်ပေသည်။ အခြားသော စစ်ဗိုလ်ချုပ်များ
မှာ ဆင်ဖြူရှင်က ငါ့တိုင်းနိုင်ငံအတွင်း ချဉ်းနင်း
ဝင်ရောက်လာသမျှ အကုန်သတ်ဟူသော အမိန့်
ကို ဦးထိပ်ရွက်ထားသူများ ဖြစ်သည့်အလျောက်
ဝန်ကြီးမဟာသီဟသူရ၏ လုပ်ရပ်ကို မကျေနပ်
ပါသော်လည်း ဘုရင့်ဆွေတော်မျိုးတော် စစ်ဗိုလ်
ချုပ်အား မည်သို့လျှင် လွန်ဆန်ဝံ့ပါအံ့နည်း။
ဤသို့ဖြင့် ကိုယ့်သဘောနှင့်ကိုယ် စစ်ပြေငြိမ်း
သည်ကို ဒေါသထွက်နေသည့် ဆင်ဖြူရှင်သည်
တရုတ်တို့က ပေးကမ်းခဲ့သည့် လက်ဆောင်များကို
မယူတော့ဘဲ မိဖုရားခေါင်ကြီး၏ အစ်မရင်းဖြစ်
သော မဟာသီဟသူရ၏ ကတော်နှင့် အခြား
ဗိုလ်မှူးတပ်မှူးတို့၏ သားမယားများကို လက်
ဆောင်များအား ခေါင်းပေါ်ရွက်စေလျက်
အနောက်တံခါးတွင် ၃ရက်နေလှန်းလေသည်။
မဟာသီဟသူရနှင့် ဗိုလ်မှူးတပ်မှူးတို့သည်
တရုတ်တို့ပေးကမ်းသော တန်စိုးလက်ဆောင်ကို
ယူ၍ တရုတ်တို့အား တရုတ်ပြည်ပြန်ခွင့် ပေး
လိုက်သည်ဟု လွန်စွာ မကျေမချမ်း ဖြစ်၏။
ထိုအကြောင်းကို မဟာသီဟသူရကြားလေလျှင်
မိမိသဘောဖြင့် လုပ်ချင်သလို လုပ်ခဲ့ပြီးသည်မှ
ယခုအတိုင်း အင်းဝသို့ပြန်သည်ရှိသော် အသတ်
ခံရမည် မုချဟု အထူးကြောက်ရွံ့ပြန်လေ၏။
ထိုသည်တွင် ဘုရင့်အမျက်တော်ပြေစေရန် ကြိုး
ပမ်းမှု တစ်ရပ်အဖြစ် မြို့စီးပြစီးတင်နေသော
မဏိပူရအား သွားရောက်တိုက်ခိုက်လေသည်။
မကြာမတင်ကာလကပင် ဆင်ဖြူရှင်ကိုယ်တိုင်
အင်္ဂလိပ်တို့အား မဏိပူရသည် မြန်မာနိုင်ငံတော်
ဖြစ်ကြောင်းပြသရန် သွားရောက် စီမံပြီးသည်ကို
မဏိပူရစော်ဘွား မြို့ပြပြင်သည်မှာ ပုန်ကန်ရန်
ဖြစ်သည်ဟု အကြောင်းပြလျက် ကောင်းတုံမှ
မဏိပူရသို့ သွားရောက်တိုက်ခိုက်ပြီး လူသူ
လက်နက် သိမ်းယူသည်မှာ ကသည်းတို့ မြန်မာ
ဘုရင့်အပေါ် အမြင်မကြည်မလင်ဖြစ်သွားစေ
သည့် လုပ်ရပ်တစ်ခုလည်း ဖြစ်ခဲ့ပေသည်။
မဟာသီဟသူရသည် တရုတ်တို့ တတိယအကြိမ်
ကျူးကျော်လာစဉ်က မဟာစည်သူကဲ့သို့ ရင်ဆိုင်
တပ်ကို အုပ်ချုပ်ရသည်မဟုတ်ဘဲ တရုတ်တို့၏
ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ရန်သာ
တာဝန်ပေးခံရသူဖြစ်ပြီး ၎င်း၏တပ်မှ တိမ်ကြား
မင်းခေါင်၏ ရဲစွမ်းသတ္တိကြောင့် စစ်ရေးအလှည့်
အပြောင်းဖြစ်ပြီး ထိုစစ်ပွဲ၌ နာမည်ပေါက်လာသူ
ဖြစ်သည်တွင် ရင်ဆိုင်တပ်ပျက်ခဲ့သော မဟာ
စည်သူအစား ဘုရင်က မယားညီအစ်ကိုချင်း
ယုံကြည်ကိုစား အထင်ကြီးခဲ့သူဖြစ်၏။
တတိယစစ်ပွဲ၌ စိတ်ဓာတ်ကျနေသော မြန်မာတို့
အား ငါတို့ဘုရင်သည် မည်ကာမတ္တမင်းဖြစ်ဆန်း
မဟုတ်ဟု အားပေးစကားပြောကြားပြီး စိတ်ဓာတ်
တက်ကြွစေရန် ပြောဆိုခဲ့သလို စွမ်းစွမ်းတမံ
တိုက်ခိုက်ခဲ့သည်မှာလည်း မှန်ပေသည်။
သို့သော် ဗလမင်းထင် ထက် ပိုလွန်သည်ဟု
ထင်ရန်မှာ မရှိပေ။ ဗလမင်းထင်ကား တောင်ငူ
ပုန်ကန်စဉ်က အသတ်ခံရမည် ဖြစ်ပါလျက် အချုပ်
မှ လွှတ်ခဲ့သည့် အရှင်တို့ကျေးဇူး ကြီးမားလှသည်၊
ဆယ်ပြန်ဆပ်၍မကုန်၊ ခံတပ်အတွင်း၌သာ အသေ
ခံ၍ အရှင့်ကျေးဇူးဆပ်တော့မည်၊ တရုတ်တို့
အင်းအား သိန်း ၂၀ ဖြင့် ဝန်းရံလည်း ခံနိုင်အောင်
ခံမည်ဟု ပြောသည့်အတိုင်း လုပ်ခဲ့သူ ဖြစ်ရာ
၄ကြိမ်မြောက် စစ်ပွဲ၌ ကောင်းတုံခံတပ်ကို တရုတ်တို့ မကျော်နိုင်ဘဲ စစ်ပြေငြိမ်းလိုက်ရသည်
က အထင်အရှားပင်ဖြစ်ပေသည်။
တရုတ်တို့နှင့် စစ်ပြေငြိမ်းစဉ်ကလည်း တရုတ်တို့
အထူး အထင်ကြီးလေးစားကြောက်ရွံ့ကြသည့်
ကောင်းတုံခံတပ် အရှင်သခင် ဗလမင်းထင်အား
ထိုက်တန်သော နေရာမပေးဘဲ ကြမ်းပြင်တွင်
အခြား တပ်သားများနှင့် မထင်မရှား ရောနှော
နေခိုင်းသော မဟာသီဟသူရ၏ လုပ်ရပ်မှာ အလွန်ပင်သံသယ ဖြစ်ဖွယ်ကောင်းပေသည်။
တရုတ်တို့က ကောင်းတုံဗိုလ်ချုပ်အား ပြပါဟု
ဆိုသည်မှ ထ၍ ပြခိုင်းသည်တွင် အဘယ်ကြောင့်
အဆင့်မြင့် အရာရှိအဆင့်တွင် မနေရပါသနည်းဟု
တရုတ်တို့က မေးမြန်းမှုကို ဤသို့သော လူအများ
မြန်မာတပ်၌ အများအပြားရှိသည်ကြောင့် ထား
ရသည်ဟု မဟာသီဟသူရက တရုတ်တို့အား
ပြောကြားမှုမှာ အကြောင်းပြချက်ကောင်း တစ်ခု
မဟုတ်ပါပေ။ ပထမစစ်ပွဲကာလကပင် တရုတ်
တပ်တို့အား ဆင်ဖြင့် နင်းသတ်ခဲ့ပြီး ဒုတိယ
စစ်ပွဲ၌လည်း တရုတ်တို့ ၎င်း၏ ခံတပ်အားမကျော်
နိုင်၊ တတိယစစ်ပွဲ မြန်မာတို့ စစ်ဦးကျိုးနေစဉ်
ကာလ ဗန်းမော်ကြောင်းချီလာသော တရုတ်တို့အား
သိန္နီကြောင်းချီလာသည့် တရုတ်တို့နှင့် မပေါင်း
မိစေရန် ခံထားခဲ့သည်။ ယခု ၄ကြိမ်မြောက် စစ်ပွဲ
၌လည်း ဗလမင်းထင်အား တရုတ်တို့ မကျော်
လွှားနိုင်သဖြင့် ဗန်းမော်အောက်ဘက်အရပ်က
လေကိုမျှပင် တရုတ်တို့ ရှူရှိုက်ဖူး မသွားရစေ
ခဲ့သော တရုတ်တို့က အထူးအထင်ကြီးလေးစား
ကြောက်ရွံ့ခန့်ငြား၍ မြင်ဖူးလှချင်သည့် အဓိက
အရေးအပါဆုံး ကောင်းတုံခံတပ်၏ အရှင်သခင်
ဗိုလ်ချုပ်ဗလမင်းထင်သည် ထိုက်တန်သော
အဆောင်အယောင်ဖြင့် ထိုက်တန်သည့် နေရာ
ထိုင်ခင်းရရှိသင့်ပါလျက် အောက်လက်ငယ်သား
များနှင့် မထင်မရှား ကြမ်းပြင်တွင် ရောနှောနေ
ထိုင်စေသည့် မဟာသီဟသူရ၏ လုပ်ရပ်မှာ
အလွန်အမင်း သံသယဖြစ်ဖွယ်ကောင်း၏။
ဗလမင်းထင်ကား စစ်ပြေငြိမ်းရေးကို အလိုမရှိသူ
ဖြစ်နေခြင်းကြောင့်ပင် ဖြစ်နိုင်၏။ စစ်ပြေငြိမ်း
ကြစဉ်အခါက တရုတ်တို့က တပ်သိမ်းတပ်နုပ်
ပြုလုပ်နေစဉ်အတွင်း မြန်မာတို့က မတိုက်ခိုက်
ပါရန် မဟာသီဟသူရအား လာရောက် အကြောင်း
ကြားပြန်ရခြင်းမှာ သေနာပတိအရာယူထားသော
မဟာသီဟသူရ နှင့် ဗလမင်းထင်ကြား သဘော
ထား ကွဲလွဲကြခြင်း၏ ပြယုဂ်လည်း ဖြစ်နိုင်ပေ
သည်။ ထိုသို့ ကိုယ့်သဘောနှင့် ကိုယ် စီမံပြီးမှ
အသတ်ခံရမည် ကြောက်ပြန်သည့် ၎င်း မဟာသီဟ
သူရမှာ မိမိလုပ်ရပ်ကို မိမိ အသက်နှင့်ရင်းရမည်မှန်း
သိပါလျက် တာဝန်မခံရဲသူဟု မှတ်ယူရမည့်
အနေအထားပင်ဖြစ်ပေသည်။
မဟာသီဟသူရ၌ မည်သို့သော အကြံအစည်
များသည် ကြိတ်ပုန်းခုတ်၍ ရှိသည် ဖြစ်ပါသနည်း။
ထို့ပြင် ဝန်ကြီးမဟာသီဟသူရသည် နှစ်ဘက်
စစ်ဗိုလ်ချုပ်များတွေ့ဆုံစဉ် ၎င်းတစ်ဦးတည်းက
ရှင်ဘုရင် ထွက်တော်မူသည်ကဲ့သို့ စစ်အင်္ဂါ၄ပါး
နှင့်တကွ ကြီးကျယ်စွာ ထွက်လာသည်ကို တရုတ်
တို့က အဘယ့်ကြောင့် ထိုသို့ထွက်ရပါသနည်းဟု မေးမြန်းယူရသည်ပင် ဖြစ်လေသည်။
အမှန်တကယ်တွင်မူ စစ်ပြေငြိမ်းသည့် ကိစ္စမှာ
ချင်းလုံနှင့် ဆင်ဖြူရှင်တို့၏ အရေးကိစ္စသာဖြစ်၏။
တရုတ်တို့နှင့် မြန်မာတို့ လှေသမ္ဗာန်ကိစ္စ
အခြေအတင်ဖြစ်ကြပြန်သေး၏။
တရုတ်တို့ ဆောက်လုပ်ထားသော လှေ သမ္ဗာန်
များကို တရုတ်တို့က မြစ်ညှာသို့ ဆန်နှင့်ဝန်တင်
ရန် စီစဉ်လုပ်ဆောင်သည်ကို မြန်မာတို့က တား
မြစ်၏။ ထိုသို့ တားမြစ်သဖြင့် တရုတ်တို့က
မယူရလျှင် မီးရှို့ခဲ့မည်ဟု ဆို၏။ မြန်မာတို့က
မြန်မာပိုင်နက်အတွင်း ရှိနေသော ပစ္စည်းသည်
မြန်မာမင်း ပစ္စည်းဖြစ်ရာ တရုတ်တို့
လှေသမ္ဗာန်များကို မီးရှို့လျှင် သတ်မည်ဆို၏။
သို့ဆိုလျှင် ထားခဲ့မည်ဟု တရုတ်တို့က ဆိုပြန်ရာ
တရုတ်တို့၏ လှေသမ္ဗာန်များမှာ မြန်မာတို့အတွက်
အသုံးမဝင် အမှိုက်သာဖြစ်ဟု မြန်မာတို့က ဆို၏။
သို့ဆိုပါလျှင် မိမိတို့က မီးမတိုက် မြန်မာတို့က
မီးတိုက်လိုပါက တိုက်ပါဟု တရုတ်တို့က ဆိုလေ
သည်တွင် သင်တို့ တရုတ်ပစ္စည်း ငါတို့ မီးမတိုက်
နိုင်၊ ၎င်း သမ္ဗာန်များအား ကုန်းကြောင်း ထမ်းရွက်
၍ သယ်သွားပြီး တရုပ်ပြည်ရောက်မှ ကိုယ့်
ဟာကိုယ် မီးတိုက်ရမည်ဟု မြန်မာတို့က ဆိုရာ
တရုတ်တို့ ထို လှေ သမ္ဗာန်များကို တရုတ်ပြည်
ရောက်အောင် ကုန်းကြောင်း ထမ်းရွက်၍ သယ်
သွားရသည် ဟူလေ၏။
ဝန်ကြီးမဟာသီဟသူရသည် မဏိပူရမှ သိမ်းယူ
လာသော လူသူလက်နက်များအား စုရုံး၍ ဘုရင့်
အား အပ်မည်ဟု နန်းတော်ရှေ့၌ စုရုံးနေစဉ်
ဆင်ဖြူရှင်ဘုရင်မင်းမြတ်သည် အလွန်မကျေမချမ်း
ဖြစ်လျက် တရုတ်တို့ မြင်းငါးသောင်း လူငါးသိန်း
ငါ့လက်သို့ရောက်လေပြီးမှ တရုတ်တို့၏ တန်စိုး
လက်ဆောင်ယူပြီး တရုတ်တို့အား တရုတ်ပြည်
ပြန်လွှတ်လိုက်သည့် သင်းတို့အား ငါ့တိုင်း
ငါ့နိုင်ငံ ငါ့ရေ ငါ့မြေ၌ မထားနိုင် ငါနှင့်ရေခြား
မြေခြားသို့ ပို့ပစ်စေဟု ဒေါသထွက်လေတော့
သည်။ ဆင်ဖြူရှင်၏ ဆိုလိုရင်းမှာ မဟာသီဟ
သူရအား ပြည်နှင်ဒဏ်ပေးခိုင်းဖြစ်လေသည်။
အသတ်မသတ်ခဲ့သော်လည်း မဏိပူရအား တိုက်ခိုက်အောင်မြင်လာခြင်းကိုလည်း စိတ်ဝင်
စားမှု ပြတော်မူသည် မဟုတ်ချေ။
ဘုရင်စိတ်ပြေစေရန် မဏိပူရအား တိုက်ရပါသည်
ဟူသည့် မဟာသီဟသူရ၏ အကြောင်းပြချက်မှာ
အသက်နှင့်ရင်း၍တာဝန်ခံပါလျက် သေမှာကြောက်
၍ သွေးရူးသွေးတမ်း လုပ်မိလုပ်ရာ လုပ်ဆောင်ချက်
ထက် မပိုလွန်ပေ။
မင်းတိုင်ပင် အမတ်တို့က ရှေ့ရေးနောက်ရေး
မြှော်ထောက်ပြီးလျှင် ပြည်နှင်ဒဏ်မပေးဘဲ
ဘုရင်နှင့်ရေခြားမြေခြား မြစ်ငယ်အရှေ့ဘက်
ကြက်ယက်လယ်ပြင်သို့ ဘုရင့်စကားကို လက်
တစ်လုံးခြားလုပ်၍ ပို့ထားလေသည်။
ထိုသို့ပို့ပြီးမှ မဟာသီဟသူရသည် တိုက်ရည်
ခိုက်ရည် ရှိပါသော်လည်း နှလုံးရည်အားနည်း
သူဖြစ်သည့်အလျောက် အရှင့် အမှုတော်အား
မဆင်မခြင်ပြုမိသည်ကို သည်တစ်ကြိမ်
ခွင့်လွှတ်ပါရန် ဆင်ဖြူရှင်အားလျှောက်ထား တောင်းပန်ကြ၏။
ထိုလျှောက်ထားချက်ကို ကြားရသည့် ဆင်ဖြူရှင်
သည် လျှောက်ထားလာသူ မင်းတိုင်ပင်အမတ်
ကြီးတို့ကိုပါ မြစ်ငယ်သို့ ပို့ပစ်လိုက်လေသည်။
ဤသို့်ဖြင့် ဆင်ဖြူရှင်၏ ပီကင်းသို့ ချီတက်သိမ်း
ပိုက်မည့် စစ်ရေးစီမံချက်ကြီးမှာ နှလုံးရည်အား
နည်းပြီး သေမှာကြောက်၍ အသက်နှင့်ရင်း၍
ယူပြီးပါလျက် တာဝန်မခံရဲသည့် ဝန်ကြီးမဟာ
သီဟသူရ၏ အဆင်အခြင်မဲ့ လုပ်ရပ်ကြောင့်
ပျက်ပြားသွားခဲ့ရလေတော့သည်။
ဘုရင့်ဆန္ဒမပါဘဲ စစ်ပြေငြိမ်းခဲ့သည်ဟု တရုတ်
တို့အား စစ်ပြုမည်ဆိုက ပြုနိုင်ပါသော်လည်း
မြန်မာတို့ ကတိမတည် စစ်ပြေငြိမ်းပြီးကာမှ
တဖန် ဖောက်ပြန်ပြန်သည်ဟု နောင်အစဉ်
ပြောရစ်မတွင်စေရန် ဆင်ဖြူရှင်သည် အလိုမတူ
ပါဘဲလျက် တရုတ်နှင့်စစ်ပြေငြိမ်းမှုကို မကျေ
မချမ်း လက်ခံလိုက်ရလေတော့သည်။
စစ်ပြေငြိမ်းချက်ပါ ကတိကဝတ်များအတိုင်း
မြန်မာတို့က သုံ့ပမ်းအချို့ကိုပြန်လွှတ်ပေးခဲ့
သော်လည်း တရုတ်တို့ဘက်က ပြန်လည်
လွှတ်ပေးခဲ့ခြင်းမရှိခဲ့ပေ။ ထိုသည်ကြောင့်
မြန်မာတို့ကလည်း တရုတ်စစ်သုံ့ပမ်းများအား
ပြန်လည်လွှတ်မပေးတော့ဘဲ မြန်မာနိုင်ငံ၌သာ
နေရာထိုင်ခင်း ချထားစီစဉ်ပေးလိုက်တော့၏။
မဟာသီဟသူရတို့အား နောင်တစ်လခန့်ကြာသည်
တွင်မှ စိတ်ပြေ၍ ပြန်လည် ခေါ်ယူပြီး အမှုတော်ကို
ထမ်းရွက်စေပြန်လေသည်။
သို့သော် မဟာသီဟသူရ၏ ဆင်ဖြူရှင်အပေါ်
လုပ်ရပ်သည် ဤတစ်ကြိမ်နှင့်မပြီး နောက်တစ်ကြိမ်
ထပ်မံ၍ သမိုင်းအလှည့်အပြောင်းတစ်ခုကို
မြန်မာတို့၏ နစ်နာချက်အဖြစ် ထပ်မံဖန်တီး
လိုက်ပြန်လေသည်။ တရုတ်မြန်မာ ၄ ကြိမ်မြောက်
စစ်ပွဲမှ အစပြု၍ မဟာသီဟသူရ၏ လုပ်ရပ်များမှာ
ဆင်ဖြူရှင်၏ အကျိုးပျက်စီးရာ ပျက်စီးကြောင်း
များနှင့် နိုင်ငံတော်၏ အနေအထားအား ယိုယွင်း
လာစေရန် လုပ်ဆောင်ချက်များ အဖြစ် ရောက်
ရှိလာသည်မှာ ၎င်း၏ လုပ်ရပ်များက ဆက်လက်
သက်သေခံနေပေတော့သည်။
…………………………………………………………။
ပုံစာ -
၁/ ဆင်ဖြူရှင်လက်ထက် ကုန်းဘောင်ခေတ်
မြန်မာနိုင်ငံတော်။
မှတ်ချက် - ယခု မြေပုံတွင် မပါဝင်သည့်
ကမ္ဘောဒီးယားနယ်မြေကိုပါ ထည့်သွင်း
ရမည် ဖြစ်သည်။
၂/ တရုတ်တို့ တရုတ်ပြည်အထိ ထမ်းပိုးရွက်ငင်
ယူဆောင်သွားကြရသော ဝမ်းပြားလှေများနှင့်
မြန်မာ့ တိုက်လှေ။

No comments:
Post a Comment