Wednesday, September 25, 2019

အပိုင္း (၆)

"ေက်ာက္စာကို ပစ္ပယ္၍
တိုင္းျခားသူတို့အလိုမူ လိုက္ရမည္ေလာ"
(ဓမၼရာဇက ဘုရား ေက်ာက္စာ ေလ့လာခ်က္)
[စစ္အင္အား]
…………………………………………………………။
 

ပုဂံေခတ္၏ စစ္အင္အားစုေဆာင္းပံုမွာ
အေနာ္ရထာမင္းႀကီးလက္ထက္မွ စ၍
သိန္းျပဳျမိဳ႕၊ ေသာင္းျပဳျမိဳ႕၊ ေထာင္ျပဳျမိဳ႕၊ ရာျပဳျမိဳ႕
ဟု စစ္အင္အားကို သတ္မွတ္ျမိဳ႕မ်ားက
သတ္မွတ္အေရအတြက္အတိုင္း စုေဆာင္း
ေပးပို့ရ၏။
နရပတိစည္သူမင္းႀကီးႏွင့္ သားေတာ္ေဇယ်သူရ
ေကာင္းမႈ ဓမၼရာဇက > ဓမၼရာဇိက ဘုရား၏
ေက်ာက္စာကို ကိုးကား၍ ေရွ႕က သမိုင္းေရးသား
သူ ဆရာမ်ားသည္ မဟာပုဂံအင္ပါယာ၏ ပိုင္နက္
ကို လႏၵက တိုင္ေအာင္ မရွာေဖြဘဲ ၎ေရွ႕က
"သလင္ေၾက" မွာ မလႅာယုက်ြန္းဆြယ္က
cape salang ျဖစ္ေၾကာင္း အခိုင္အမာ
ဆိုခဲ႔ၾကေသာ္လည္း၊ ေက်ာက္စာပါ နရပတိစည္သူ
လက္ထက္ မဟာပုဂံစစ္အင္အားကိုမူ ခ်န္လွပ္၍
ထားခဲ႔ၾကေပသည္။
၎ေက်ာက္စာ၌ ေရးထိုးထားသည္မွာ
ေၾကာင္းေရ ၁၀-၁၁ -
"ရန္အတားထားေသာ သူရဲကား _၀၀၀၀၀။
စစ္သြားေသာ သူရဲကား ေအာင္ျခင္းဝင္လ်က္
၁၅၀၀၀၀၀ " ဟု ေရးထိုးထားေပရာ၊
ရန္အတားထားေသာ (သို့မဟုတ္) ျမိဳ႕ေစာင့္တပ္
(သို့မဟုတ္) ႏိုင္ငံေတာ္ကာကြယ္ေရး အေစာင့္တပ္
အင္အားမွာ (ေရွ႕က အကၡရာပ်က္ေနသည္ေၾကာင့္)
ဂဏန္း ၆ လံုးျဖစ္သည္ျဖစ္ရာ အနည္းဆံုး
၁ သိန္းရွိသည္ျဖစ္၏။ ထို့ထက္လည္း ပိုႏိုင္၏။
စစ္သြားေသာ သူရဲမွာ ဂဏန္း ၇ လံုး အေရအတြက္
ရွိျပီး စစ္အင္အား ၁သန္းခြဲ ျဖစ္ေၾကာင္း ေတြ႔ရမည္
ျဖစ္ေပသည္။ သို့ျဖစ္ရာ နရပတိစည္သူလက္ထက္
မဟာပုဂံ၏ စစ္အင္အားမွာ အနည္းဆံုး ၂ သန္းခြဲ
ရွိသည္မွာ ေက်ာက္စာအရ အျငင္းပြားဖြယ္ရာ
မျမင္ပါေခ်။ သိန္းျပဳျမိဳ႕၊ ေသာင္းျပဳျမိဳ႕၊ ေထာင္
ျပဳျမိဳ႕၊ ရာျပဳျမိဳ႕ စသည္ျဖင့္ ဖြဲ႕စည္းထားသည္
ျဖစ္ရာ ေရွ႕က တင္ျပခဲ႔သည့္အတိုင္း အေရွ႕ေတာင္
အာရွ ေဒသႀကီးတစ္ခုလံုး လႊမ္းျခံဳထားသည့္
မဟာပုဂံအင္ပါယာအတြင္း ၎ ေက်ာက္စာပါ
မဟာပုဂံအင္ပါဟာ ျမန္မာႏိုင္ငံေတာ္၏ စစ္အင္
အားကို ခ်ဲ႕ကားေျပာသည္ဟု ဆိုဖြယ္မျမင္ေပ။
အတိအက် မွတ္တမ္းတင္ခဲ႔သည္ျဖစ္ေၾကာင္း
မွတ္ယူရမည္သာ ျဖစ္ေပသည္။
သို့ေသာ္ ေရွ႕က သမိုင္းေရးသူ ဆရာမ်ားသည္
မဟာပုဂံအင္ပါယာ၏ ပိုင္နက္နယ္ပယ္ အက်ယ္
အဝန္းကို ေသခ်ာစြာ စစ္ေဆးတိုင္းထြာရန္
ပ်က္ကြက္ခဲ႔ျပီး၊ လိုခ်င္သည့္ သလင္ေၾကကိုသာ
ယူ၍ စစ္အင္အားအေရအတြက္ကိုမူ ထိမ္ခ်န္
ခဲ႔ၾကေပသည္။
စစ္သြားေသာ သူရဲကား ေအာင္ျခင္းဝင္လ်က္
၁၅၀၀၀၀၀(၁သန္းခြဲ) ဟု ေဖာ္ျပထားေပရာ
ထိုကာလ၌ စစ္အင္အား ၁ သန္းခြဲျဖင့္ ခ်ီတက္
တိုက္ခိုက္ရသည့္ စစ္ပြဲတစ္ပြဲ ျဖစ္ပြားခဲ႔ေၾကာင္း
သိရွိရမည္ျဖစ္သကဲ႔သို့ ထိုစစ္ပြဲအား ေအာင္ႏိုင္
ခဲ႔ေၾကာင္းကို "ေအာင္ျခင္းဝင္လ်က္" ဟူသည့္
စကားရပ္က သက္ေသခံေနေပသည္။
စစ္ပြဲျဖစ္ပြားရာ အရပ္ေဒသအမည္မွာမူ မပါရွိေပ။
က်ယ္ေျပာလွသည့္ အင္ပါယာအတြင္း တစ္ေနရာ
မဟုတ္တစ္ေနရာ၊ အသိမ္းပိုက္ခံ တစ္ႏိုင္ငံမဟုတ္
တစ္ႏိုင္ငံသည္ ဆူပူေသာင္းက်န္း ေထာင္ထ
ျခားနား၍ ေက်းဇူးေတာ္ကို ေဖာက္ဖ်က္ သစၥာ
ပ်က္ယြင္းၾကမည္မွာ အေသအခ်ာပင္ ျဖစ္သည္။
ထို ေသာင္းက်န္းပုန္ကန္မႈကို နရပတိစည္သူမင္း
ႀကီးသည္ ေကာင္းမြန္ႏိုင္နင္းစြာ ႏွိမ္နင္း ကိုင္တြယ္
ႏိုင္ခဲ႔သည္မွာ ေက်ာက္စာအရ အေသအခ်ာပင္
ျဖစ္ေပသည္။
"ရန္အတားထားေသာ သူရဲကား _၀၀၀၀၀။
စစ္သြားေသာ သူရဲကား ေအာင္ျခင္းဝင္လ်က္
၁၅၀၀၀၀၀ "
နရပတိစည္သူမင္းႀကီးလက္ထက္ မဟာပုဂံ၏
စစ္အင္အားမွာ အနည္းဆံုး ၂သန္းခြဲရွိေၾကာင္း
ေက်ာက္စာအေထာက္အထားအရ
ယံုမွားဖြယ္မရွိ သိရွိရသည္ ျဖစ္ေပသည္။
…………………………………………………………။
ပံုစာ -
၁/ ဓမၼရာဇာ > ဓမၼရာဇိက ဘုရား
ေက်ာက္စာဖတ္ခ်က္(ဦးျငိမ္းေမာင္)
၂၊ ၃၊ ၄/ မင္းနန္သူဘုရားက ပုဂံေခတ္
စစ္သည္ေတာ္မ်ား။(photo credit to original)

…………………………………………………………

အပိုင်း (၆)

"ကျောက်စာကို ပစ်ပယ်၍
တိုင်းခြားသူတို့အလိုမူ လိုက်ရမည်လော"
(ဓမ္မရာဇက ဘုရား ကျောက်စာ လေ့လာချက်)
[စစ်အင်အား]
……………………………………………………………။
ပုဂံခေတ်၏ စစ်အင်အားစုဆောင်းပုံမှာ
အနော်ရထာမင်းကြီးလက်ထက်မှ စ၍
သိန်းပြုမြို့၊ သောင်းပြုမြို့၊ ထောင်ပြုမြို့၊ ရာပြုမြို့
ဟု စစ်အင်အားကို သတ်မှတ်မြို့များက
သတ်မှတ်အရေအတွက်အတိုင်း စုဆောင်း
ပေးပို့ရ၏။
နရပတိစည်သူမင်းကြီးနှင့် သားတော်ဇေယျသူရ
ကောင်းမှု ဓမ္မရာဇက > ဓမ္မရာဇိက ဘုရား၏
ကျောက်စာကို ကိုးကား၍ ရှေ့က သမိုင်းရေးသား
သူ ဆရာများသည် မဟာပုဂံအင်ပါယာ၏ ပိုင်နက်
ကို လန္ဒက တိုင်အောင် မရှာဖွေဘဲ ၎င်းရှေ့က
"သလင်ကြေ" မှာ မလ္လာယုကျွန်းဆွယ်က
cape salang ဖြစ်ကြောင်း အခိုင်အမာ
ဆိုခဲ့ကြသော်လည်း၊ ကျောက်စာပါ နရပတိစည်သူ
လက်ထက် မဟာပုဂံစစ်အင်အားကိုမူ ချန်လှပ်၍
ထားခဲ့ကြပေသည်။
၎င်းကျောက်စာ၌ ရေးထိုးထားသည်မှာ
ကြောင်းရေ ၁၀-၁၁ -
"ရန်အတားထားသော သူရဲကား _၀၀၀၀၀။
စစ်သွားသော သူရဲကား အောင်ခြင်းဝင်လျက်
၁၅၀၀၀၀၀ " ဟု ရေးထိုးထားပေရာ၊
ရန်အတားထားသော (သို့မဟုတ်) မြို့စောင့်တပ်
(သို့မဟုတ်) နိုင်ငံတော်ကာကွယ်ရေး အစောင့်တပ်
အင်အားမှာ (ရှေ့က အက္ခရာပျက်နေသည်ကြောင့်)
ဂဏန်း ၆ လုံးဖြစ်သည်ဖြစ်ရာ အနည်းဆုံး
၁ သိန်းရှိသည်ဖြစ်၏။ ထို့ထက်လည်း ပိုနိုင်၏။
စစ်သွားသော သူရဲမှာ ဂဏန်း ၇ လုံး အရေအတွက်
ရှိပြီး စစ်အင်အား ၁သန်းခွဲ ဖြစ်ကြောင်း တွေ့ရမည်
ဖြစ်ပေသည်။ သို့ဖြစ်ရာ နရပတိစည်သူလက်ထက်
မဟာပုဂံ၏ စစ်အင်အားမှာ အနည်းဆုံး ၂ သန်းခွဲ
ရှိသည်မှာ ကျောက်စာအရ အငြင်းပွားဖွယ်ရာ
မမြင်ပါချေ။ သိန်းပြုမြို့၊ သောင်းပြုမြို့၊ ထောင်
ပြုမြို့၊ ရာပြုမြို့ စသည်ဖြင့် ဖွဲ့စည်းထားသည်
ဖြစ်ရာ ရှေ့က တင်ပြခဲ့သည့်အတိုင်း အရှေ့တောင်
အာရှ ဒေသကြီးတစ်ခုလုံး လွှမ်းခြုံထားသည့်
မဟာပုဂံအင်ပါယာအတွင်း ၎င်း ကျောက်စာပါ
မဟာပုဂံအင်ပါဟာ မြန်မာနိုင်ငံတော်၏ စစ်အင်
အားကို ချဲ့ကားပြောသည်ဟု ဆိုဖွယ်မမြင်ပေ။
အတိအကျ မှတ်တမ်းတင်ခဲ့သည်ဖြစ်ကြောင်း
မှတ်ယူရမည်သာ ဖြစ်ပေသည်။
သို့သော် ရှေ့က သမိုင်းရေးသူ ဆရာများသည်
မဟာပုဂံအင်ပါယာ၏ ပိုင်နက်နယ်ပယ် အကျယ်
အဝန်းကို သေချာစွာ စစ်ဆေးတိုင်းထွာရန်
ပျက်ကွက်ခဲ့ပြီး၊ လိုချင်သည့် သလင်ကြေကိုသာ
ယူ၍ စစ်အင်အားအရေအတွက်ကိုမူ ထိမ်ချန်
ခဲ့ကြပေသည်။
စစ်သွားသော သူရဲကား အောင်ခြင်းဝင်လျက်
၁၅၀၀၀၀၀(၁သန်းခွဲ) ဟု ဖော်ပြထားပေရာ
ထိုကာလ၌ စစ်အင်အား ၁ သန်းခွဲဖြင့် ချီတက်
တိုက်ခိုက်ရသည့် စစ်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ကြောင်း
သိရှိရမည်ဖြစ်သကဲ့သို့ ထိုစစ်ပွဲအား အောင်နိုင်
ခဲ့ကြောင်းကို "အောင်ခြင်းဝင်လျက်" ဟူသည့်
စကားရပ်က သက်သေခံနေပေသည်။
စစ်ပွဲဖြစ်ပွားရာ အရပ်ဒေသအမည်မှာမူ မပါရှိပေ။
ကျယ်ပြောလှသည့် အင်ပါယာအတွင်း တစ်နေရာ
မဟုတ်တစ်နေရာ၊ အသိမ်းပိုက်ခံ တစ်နိုင်ငံမဟုတ်
တစ်နိုင်ငံသည် ဆူပူသောင်းကျန်း ထောင်ထ
ခြားနား၍ ကျေးဇူးတော်ကို ဖောက်ဖျက် သစ္စာ
ပျက်ယွင်းကြမည်မှာ အသေအချာပင် ဖြစ်သည်။
ထို သောင်းကျန်းပုန်ကန်မှုကို နရပတိစည်သူမင်း
ကြီးသည် ကောင်းမွန်နိုင်နင်းစွာ နှိမ်နင်း ကိုင်တွယ်
နိုင်ခဲ့သည်မှာ ကျောက်စာအရ အသေအချာပင်
ဖြစ်ပေသည်။
"ရန်အတားထားသော သူရဲကား _၀၀၀၀၀။
စစ်သွားသော သူရဲကား အောင်ခြင်းဝင်လျက်
၁၅၀၀၀၀၀ "
နရပတိစည်သူမင်းကြီးလက်ထက် မဟာပုဂံ၏
စစ်အင်အားမှာ အနည်းဆုံး ၂သန်းခွဲရှိကြောင်း
ကျောက်စာအထောက်အထားအရ
ယုံမှားဖွယ်မရှိ သိရှိရသည် ဖြစ်ပေသည်။
…………………………………………………………။
ပုံစာ -
၁/ ဓမ္မရာဇာ > ဓမ္မရာဇိက ဘုရား
ကျောက်စာဖတ်ချက်(ဦးငြိမ်းမောင်)
၂၊ ၃၊ ၄/ မင်းနန်သူဘုရားက ပုဂံခေတ်
စစ်သည်တော်များ။(photo credit to original)

No comments:

Post a Comment