Wednesday, September 25, 2019

အပိုင္း (၃)

"ေက်ာက္စာကို ပစ္ပယ္၍
တိုင္းျခားသူတို့အလိုမူ လိုက္ရမည္ေလာ"
(ဓမၼရာဇက ဘုရား ေက်ာက္စာ ေလ့လာခ်က္)
[ပတိကၠရား]
…………………………………………………………။

မဟာပုဂံအင္ပါယာ၏ဤ ၄၉ ဆက္ေျမာက္မင္း
ျဖစ္သည့္ နရပတိစည္သူမင္းႀကီး၏
(ဒီ.အာရ္သန္းထြန္း အလိုအရမူ နရသူ ေခၚ
ကုလားက်မင္း၏ သား ေနာင္ေတာ္ မင္းယဥ္
နရသိခၤ အေၾကာင္းသည္ လုပ္ဇာတ္ဟုဆို၏။
သ္ို့ျဖစ္ရာ ပုဂံမင္းဆက္ကို ၄၈ ဆက္ေျမာက္မင္း မင္းယဥ္နရသိခၤကိုႏႈတ္၍ တစ္ပါးေလ်ွာ့ ၅၄ ပါးဟု သတ္မွတ္ရမည္ကဲ႔သို့ ျဖစ္ေသာ္လည္း ၎သည္ ပုဂံမင္းဆက္ကို ၅၅ ပါးဟုသာ မိမိစကားျဖင့္ ဆန့္က်င္စြာ သံုးစြဲခဲ႔ျပန္သည္)
နန္းတက္သကၠရာဇ္ႏွင့္ပတ္သက္၍
တြင္းသင္းက ေဇယ်ပြတ္ေက်ာက္စာက
"သကၠရာဇ္ ၅၇၃ ဥစၥနာမင္း ငါ ေရႊေတာင္တက္၏"
ဟူသည္ကို ဥစၥနာမင္းသည္ နားေတာင္းမ်ားမင္း
ကိုပင္ ဆိုသည္ဟုယူ၍ နရပတိစည္သူမင္း
ႀကီး၏ ကံေတာ္ကုန္ႏွစ္ကို ၅၇၃ ဟု သတ္မွတ္
သည္ျဖစ္ရာ အျခားရာဇဝင္မ်ားႏွင့္ ကြဲလဲြေလေတာ့
သည္။ အမွန္တကယ္တြင္မူ ဥစၥနာမင္းမွာ နရပတိ
စည္သူမင္းႀကီး၏ျမစ္၊ နားေတာင္မ်ားမင္း၏ေျမး၊က်စြာမင္း၏သား ျဖစ္ရာ တြင္းသင္း ခ်ြတ္ေခ်ာ္
ေၾကာင္း ထင္ရွားေလသည္။ (သကၠရာဇ္မ်ားႏွင့္
ပတ္သက္၍ အက်ယ္မေရးေသးျပီ)
နရပတိစည္သူမင္းႀကီးသည္ ၎၏ ေကာင္းမႈေတာ္
ဓမၼရာဇိကဘုရား ေက်ာက္စာ၌ ၎လက္ထက္
မဟာပုဂံအင္ပါယာ ျမန္မာႏိုင္ငံေတာ္နယ္နိမိတ္ကို
မွတ္တမ္းေရးထိုးခဲ႔သည္ျဖစ္ရာ ေတာင္ဘက္ နယ္
နိမိတ္သည္ အင္ဒိုနီးရွား၊ ေျမာက္ဘက္နယ္နိမိတ္
သည္ ယူနန္ျပည္နယ္ အတြင္း နယ္ေျမမ်ားအထိ
ျဖစ္ေၾကာင္း သိရွိခဲ႔ရျပီျဖစ္သည္။
နရပတိစည္သူမင္းႀကီးကား အေနာ္ရထာမွစ၍
ေရွးမင္းေကာင္းမင္းျမတ္မ်ားကဲ႔သို့ ပုိင္နက္ နယ္
နိမိတ္မ်ားတေလ်ာက္ တိုင္းခန္းလွည့္လည္ခဲ႔၏။
ထိုသို့လွည့္လည္ျပီးသည္မွ မိမိ၏ ပိုင္နက္ျဖစ္ေသာ
မဟာပုဂံအင္ပါယာ ျမန္မာႏိုင္ငံေတာ္ပိုင္နက္ကို
ေကာင္းမႈေတာ္ဓမၼရာဇိက ဘုရား၌ ေက်ာက္စာ
အထင္အရွား ေရးထိုးခဲ႔ေလသည္။
ေက်ာက္စာ၌ အေနာက္ဘက္ နယ္နိမိတ္ႏွင့္ ပတ္သက္၍ -
"အေနာက္ကား သစၥဂီရိ၊ ……ေတာင္၊ ……ေတာင္
(ထင္ရွားသည္ဟုဆိုရမည့္ ေတာင္၂လံုးအမည္)(ျပီးေနာက္)
ပတိကၠရား၊ တိကၠစရ" ဟု ေဖာ္ျပထားသည္။
ပတိကၠရားကို အခ်ိဳ႕က ႀတိပူရဟု သတ္မွတ္ၾက၏။
အခ်ိဳ႕က ဘဂၤလားေဒ့ရွ္ ဒကၠား၏ အေရွ႕ေတာင္
ဘက္က မတူးေဖာ္ရေသးေသာ ကုန္းေနရာသည္
ပတိကၠရားတိုင္းျပည္ေနရာျဖစ္သည္ဟု ဆို၏။
ဤေနရာ၌ ပတိကၠရားသည္ ႀတိပူရျဖစ္ေၾကာင္း
ယူဆႏိုင္သည့္ အေထာက္အထားမ်ားလည္း
ရွိ၏။ ရွည္အံ႔ဟု ခ်န္လွပ္၍ ေနာင္တြင္ ေရးသား
ပါမည္။ (ေရွ႕က mog ႏွင့္ပတ္သက္သည့္
အေၾကာင္းအရာတြင္လည္း အနည္းငယ္ပါျပီး)
ႀတိပူရေဒသသည္ ဘဂၤလားႏွင့္ကပ္ရက္ အိႏၵိယ
အပိုင္ျဖစ္သည္။ ထိုႀတိပူရေဒသေန လူမ်ားကို
mog ဟု ဘဂၤလီတို့က ေခၚၾကသည္။
ထို mog ဆိုသည္မွာ ျမန္မာမ်ားျဖစ္သည္ဟု
ဘဂၤလီသမိုင္းဆရာမ်ားက ဆိုၾကျပီး ေရႊေရာင္
လႊမ္းသည့္ ဗုဒၶသာသနာထြန္းကားရာ တိုင္းျပည္
တစ္ခုျဖစ္ခဲ႔သည္ဟုဆိုသည္။
ပုဂံကို တာရက္တို့ဝင္တိုက္ျပီးေနာက္ ႀတိပူရကို
ဆက္လက္အတိုက္ခံရေၾကာင္းႏွင့္ ဘုရားပုထိုး
နန္းေတာ္မ်ား အဖ်က္အဆီးခံရေၾကာင္း၊
mog တို့ ႀတိပူရေနျပည္ေတာ္မွ ထြက္ေျပးခဲ႔ရာ
ယခုအခါ ေတာင္တန္းေဒသေန လူမ်ိဳးမ်ားျဖစ္
သြားျပီျဖစ္ေၾကာင္း ဘဂၤလီသမိုင္းဆရာတို့၏
mog ႏွင့္ပတ္သက္သည့္ ေရးသားမႈမ်ားကို
ရွာေဖြဖတ္ရႈႏိုင္ေပသည္။
ထိုကာလ ႀတိပူရ/ပတိကၠရားမွာ ထိုေဒသ၏
ပုဂံလက္ေအာက္ခံ မင္းတိုင္းျပည္ ေဒသျဖစ္ရာ ေျမာက္ဘက္ ဝဇၨီတိုင္းအတြင္းနယ္ေျမမ်ား
ျဖစ္သည့္ အာသံ မဏိပူရတို့မွာ ပတိကၠရား
တိုင္းျပည္၏ ပိုင္နက္မ်ား ျဖစ္ဖြယ္ရွိႏိုင္သလို
ျမန္မာတို့က တိုက္ရိုက္ပိုင္ဆိုင္သည္ဟုလည္း
ယူမွတ္ႏိုင္ေပသည္။
တိကၠစရကို ယခု ဘဂၤလားေဒ့ရွ္ ဂဂၤါျမစ္ဝ၌
တည္ရွိသည္ဟု ဆိုၾက၏။
အေလာင္းစည္သူမင္းႀကီးသည္ ပိုင္နက္နယ္ပယ္
မ်ားတေလ်ာက္ တိုင္းခန္းလွည့္လည္ရာတြင္
ဗဂၤလားအေရာက္ အေနာ္ရထာထားခဲ႔သည့္
ေက်ာက္သူရုပ္တို့က တီးမႈတ္ကခုန္သည္ဟု
ဆိုသည္။
(တြင္းသင္းက နရပတိစည္သူ လက္ထက္သို့
ေျပာင္းေရးထားရာ မွန္နန္းက အေထာက္
အထားျပ၍ ပယ္သည္)
ပံ႔သကူမေထရ္ႏွင့္ ဆပဒ မေထရ္တို့၏ ျဖစ္စဥ္
အရ သီဟိုဠ္အထိ ဘုန္းတန္ခိုးပ်ံ႕ႏွ့ံေၾကာင္း
ထင္ရွားသကဲ႔သို့ ကေခ်သည္ကိုတပ္မက္သည့္ ရာဟုလာေထရ္ကို သုဝဏၰဒီပ(မေလးရွား)သို့ သြားေရာက္လူထြက္ေစေသာ ျဖစ္စဥ္မ်ားက
ေတာင္ဘက္နယ္နိမိတ္ကို ေထာက္ခံေပးေနသည္။
ထို့ျပင္ ဘႀကီးေတာ္လက္ထက္ အဂၤလိပ္ပိုင္နက္
အိႏၵိယသို့သြားသည့္ ဘုရင္ကေစလႊတ္ေသာ
အဖြဲ႕၏ အစီအရင္ခံမႈ ပုရပိုက္ မွတ္တမ္းမ်ား
အရ ဘဂၤလား၏ ေျမာက္ဘက္အရပ္၌
ဗုဒၶဘာသာ ဘဂၤလီတို့က ဗုဒၶဂယာဟု ဆို၍
ရွိခိုးၾကသည့္ ေရေပၚတြင္မီးေတာက္ေနေသာ
အရပ္သို့ ေရာက္ခဲ႔ေၾကာင္း၊ ထိုသို့ မီးေတာက္သည့္
ေနရာ သံုးေလးေနရာခန့္ရွိေၾကာင္း၊ လာေရာက္
ဝတ္ျပဳသူမ်ားရွိေၾကာင္း၊ ထိုအရပ္မွာ ဗုဒၶဂယာ
မဟုတ္ေၾကာင္း၊ လမ္းခရီး၌ ၁ေတာင္ခန့္
ရွိသည့္ ငွက္ေပ်ာသီးမ်ား ျမင္ခဲ႔ရေၾကာင္း
ျပန္လည္ အစီအရင္ခံေပရာ ထိုေဒသမွာ
"ေရေပၚမီးလ်ွင္အျခားတည္းဟု ဆိုသည့္"
အေနာ္ရထာလက္ထက္ကတည္းက
ပုဂံပိုင္နက္ျဖစ္ေပသည္။
သစၥဂီရိသည္ မစၧဂီရိ ဟုယူရန္မွာ မျဖစ္ႏိုင္ဟု
ထင္ေပသည္။ မစၥဂီရိ/မစၧဂီရိဟု ယူပါက-
မစၧဂီရိမွာ ကစၧပနဒီျမစ္ညာအရပ္
သက္ ျမံဳ ခ်င္းတို့ေနရာအရပ္ဟု ဆို၏။
သစၥဂီရိသည္ ထို့ထက္ အေနာက္ဘက္ ပိုက်သည့္
အရပ္ေဒသ တစ္ခု ျဖစ္သည္ဟု ယူဆႏိုင္ေပသည္။
အထက္ပါ အေထာက္အထားမ်ားအရ
မည္သို့ပင္ဆိုေစကာမူ ထိုအရပ္ေဒသမ်ားသည္
ရကိုင္/ရခိုင္ ေဒသကို ေက်ာ္လြန္၍ ယခုေခတ္
အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္ နယ္ေျမေဒသမ်ား
အတြင္း၌ တည္ရွိသည္ျဖစ္ရာ
နရပတိစည္သူမင္းလက္ထက္ မဟာပုဂံအင္ပါယာ
ျမန္မာႏိုင္ငံေတာ္၏ အေနာက္ဘက္ နယ္နိမိတ္မွာ
ဘဂၤလားေဒ့ရွ္ႏွင့္ အိႏၵိယ ဂဂၤါျမစ္ဝွမ္း အေရွ႕
ျခမ္းေဒသမ်ား အထိ ပိုက္နက္နယ္ပယ္
က်ယ္ေျပာခဲ့သည္မွာ အမွန္ပင္ျဖစ္ေပသည္။
ႏိုင္ငံေတာ္က်ယ္ျခင္း အထုကား ႀကီးမားေပစြ။
…………………………………………………………။
ပံုစာ -
၁/ ဓမၼရာဇိကဘုရားေက်ာက္စာ ဖတ္ခ်က္။
(ဦးျငိမ္းေမာင္)
၂/ ေစတီပုထိုး ဘုရားေက်ာင္းကန္မ်ားျဖင့္
ေရႊေရာင္လႊမ္းေနခဲ႔သည့္ mog တို့၏
ဘုရင့္တိုင္းျပည္ျဖစ္ခဲ႔ျပီး ပတိကၠရားတိုင္းျပည္ဟု
ယူဆထားသည့္ ႀတိပူရေဒသ။
…………………………………………………………

အပိုင်း (၃)

"ကျောက်စာကို ပစ်ပယ်၍
တိုင်းခြားသူတို့အလိုမူ လိုက်ရမည်လော"
(ဓမ္မရာဇက ဘုရား ကျောက်စာ လေ့လာချက်)
[ပတိက္ကရား]
……………………………………………………………။
မဟာပုဂံအင်ပါယာ၏ဤ ၄၉ ဆက်မြောက်မင်း
ဖြစ်သည့် နရပတိစည်သူမင်းကြီး၏
(ဒီ.အာရ်သန်းထွန်း အလိုအရမူ နရသူ ခေါ်
ကုလားကျမင်း၏ သား နောင်တော် မင်းယဉ်
နရသိင်္ခ အကြောင်းသည် လုပ်ဇာတ်ဟုဆို၏။
သ်ို့ဖြစ်ရာ ပုဂံမင်းဆက်ကို ၄၈ ဆက်မြောက်မင်း မင်းယဉ်နရသိင်္ခကိုနှုတ်၍ တစ်ပါးလျှော့ ၅၄ ပါးဟု သတ်မှတ်ရမည်ကဲ့သို့ ဖြစ်သော်လည်း ၎င်းသည် ပုဂံမင်းဆက်ကို ၅၅ ပါးဟုသာ မိမိစကားဖြင့် ဆန့်ကျင်စွာ သုံးစွဲခဲ့ပြန်သည်)
နန်းတက်သက္ကရာဇ်နှင့်ပတ်သက်၍
တွင်းသင်းက ဇေယျပွတ်ကျောက်စာက
"သက္ကရာဇ် ၅၇၃ ဥစ္စနာမင်း ငါ ရွှေတောင်တက်၏"
ဟူသည်ကို ဥစ္စနာမင်းသည် နားတောင်းများမင်း
ကိုပင် ဆိုသည်ဟုယူ၍ နရပတိစည်သူမင်း
ကြီး၏ ကံတော်ကုန်နှစ်ကို ၅၇၃ ဟု သတ်မှတ်
သည်ဖြစ်ရာ အခြားရာဇဝင်များနှင့် ကွဲလွဲလေတော့
သည်။ အမှန်တကယ်တွင်မူ ဥစ္စနာမင်းမှာ နရပတိ
စည်သူမင်းကြီး၏မြစ်၊ နားတောင်များမင်း၏မြေး၊ကျစွာမင်း၏သား ဖြစ်ရာ တွင်းသင်း ချွတ်ချော်
ကြောင်း ထင်ရှားလေသည်။ (သက္ကရာဇ်များနှင့်
ပတ်သက်၍ အကျယ်မရေးသေးပြီ)
နရပတိစည်သူမင်းကြီးသည် ၎င်း၏ ကောင်းမှုတော်
ဓမ္မရာဇိကဘုရား ကျောက်စာ၌ ၎င်းလက်ထက်
မဟာပုဂံအင်ပါယာ မြန်မာနိုင်ငံတော်နယ်နိမိတ်ကို
မှတ်တမ်းရေးထိုးခဲ့သည်ဖြစ်ရာ တောင်ဘက် နယ်
နိမိတ်သည် အင်ဒိုနီးရှား၊ မြောက်ဘက်နယ်နိမိတ်
သည် ယူနန်ပြည်နယ် အတွင်း နယ်မြေများအထိ
ဖြစ်ကြောင်း သိရှိခဲ့ရပြီဖြစ်သည်။
နရပတိစည်သူမင်းကြီးကား အနော်ရထာမှစ၍
ရှေးမင်းကောင်းမင်းမြတ်များကဲ့သို့ ပိုင်နက် နယ်
နိမိတ်များတလျောက် တိုင်းခန်းလှည့်လည်ခဲ့၏။
ထိုသို့လှည့်လည်ပြီးသည်မှ မိမိ၏ ပိုင်နက်ဖြစ်သော
မဟာပုဂံအင်ပါယာ မြန်မာနိုင်ငံတော်ပိုင်နက်ကို
ကောင်းမှုတော်ဓမ္မရာဇိက ဘုရား၌ ကျောက်စာ
အထင်အရှား ရေးထိုးခဲ့လေသည်။
ကျောက်စာ၌ အနောက်ဘက် နယ်နိမိတ်နှင့် ပတ်သက်၍ -
"အနောက်ကား သစ္စဂီရိ၊ ……တောင်၊ ……တောင်
(ထင်ရှားသည်ဟုဆိုရမည့် တောင်၂လုံးအမည်)(ပြီးနောက်)
ပတိက္ကရား၊ တိက္ကစရ" ဟု ဖော်ပြထားသည်။
ပတိက္ကရားကို အချို့က တြိပူရဟု သတ်မှတ်ကြ၏။
အချို့က ဘင်္ဂလားဒေ့ရှ် ဒက္ကား၏ အရှေ့တောင်
ဘက်က မတူးဖော်ရသေးသော ကုန်းနေရာသည်
ပတိက္ကရားတိုင်းပြည်နေရာဖြစ်သည်ဟု ဆို၏။
ဤနေရာ၌ ပတိက္ကရားသည် တြိပူရဖြစ်ကြောင်း
ယူဆနိုင်သည့် အထောက်အထားများလည်း
ရှိ၏။ ရှည်အံ့ဟု ချန်လှပ်၍ နောင်တွင် ရေးသား
ပါမည်။ (ရှေ့က mog နှင့်ပတ်သက်သည့်
အကြောင်းအရာတွင်လည်း အနည်းငယ်ပါပြီး)
တြိပူရဒေသသည် ဘင်္ဂလားနှင့်ကပ်ရက် အိန္ဒိယ
အပိုင်ဖြစ်သည်။ ထိုတြိပူရဒေသနေ လူများကို
mog ဟု ဘင်္ဂလီတို့က ခေါ်ကြသည်။
ထို mog ဆိုသည်မှာ မြန်မာများဖြစ်သည်ဟု
ဘင်္ဂလီသမိုင်းဆရာများက ဆိုကြပြီး ရွှေရောင်
လွှမ်းသည့် ဗုဒ္ဓသာသနာထွန်းကားရာ တိုင်းပြည်
တစ်ခုဖြစ်ခဲ့သည်ဟုဆိုသည်။
ပုဂံကို တာရက်တို့ဝင်တိုက်ပြီးနောက် တြိပူရကို
ဆက်လက်အတိုက်ခံရကြောင်းနှင့် ဘုရားပုထိုး
နန်းတော်များ အဖျက်အဆီးခံရကြောင်း၊
mog တို့ တြိပူရနေပြည်တော်မှ ထွက်ပြေးခဲ့ရာ
ယခုအခါ တောင်တန်းဒေသနေ လူမျိုးများဖြစ်
သွားပြီဖြစ်ကြောင်း ဘင်္ဂလီသမိုင်းဆရာတို့၏
mog နှင့်ပတ်သက်သည့် ရေးသားမှုများကို
ရှာဖွေဖတ်ရှုနိုင်ပေသည်။
ထိုကာလ တြိပူရ/ပတိက္ကရားမှာ ထိုဒေသ၏
ပုဂံလက်အောက်ခံ မင်းတိုင်းပြည် ဒေသဖြစ်ရာ မြောက်ဘက် ဝဇ္ဇီတိုင်းအတွင်းနယ်မြေများ
ဖြစ်သည့် အာသံ မဏိပူရတို့မှာ ပတိက္ကရား
တိုင်းပြည်၏ ပိုင်နက်များ ဖြစ်ဖွယ်ရှိနိုင်သလို
မြန်မာတို့က တိုက်ရိုက်ပိုင်ဆိုင်သည်ဟုလည်း
ယူမှတ်နိုင်ပေသည်။
တိက္ကစရကို ယခု ဘင်္ဂလားဒေ့ရှ် ဂင်္ဂါမြစ်ဝ၌
တည်ရှိသည်ဟု ဆိုကြ၏။
အလောင်းစည်သူမင်းကြီးသည် ပိုင်နက်နယ်ပယ်
များတလျောက် တိုင်းခန်းလှည့်လည်ရာတွင်
ဗင်္ဂလားအရောက် အနော်ရထာထားခဲ့သည့်
ကျောက်သူရုပ်တို့က တီးမှုတ်ကခုန်သည်ဟု
ဆိုသည်။
(တွင်းသင်းက နရပတိစည်သူ လက်ထက်သို့
ပြောင်းရေးထားရာ မှန်နန်းက အထောက်
အထားပြ၍ ပယ်သည်)
ပံ့သကူမထေရ်နှင့် ဆပဒ မထေရ်တို့၏ ဖြစ်စဉ်
အရ သီဟိုဠ်အထိ ဘုန်းတန်ခိုးပျံ့န့ှံကြောင်း
ထင်ရှားသကဲ့သို့ ကချေသည်ကိုတပ်မက်သည့် ရာဟုလာထေရ်ကို သုဝဏ္ဏဒီပ(မလေးရှား)သို့ သွားရောက်လူထွက်စေသော ဖြစ်စဉ်များက
တောင်ဘက်နယ်နိမိတ်ကို ထောက်ခံပေးနေသည်။
ထို့ပြင် ဘကြီးတော်လက်ထက် အင်္ဂလိပ်ပိုင်နက်
အိန္ဒိယသို့သွားသည့် ဘုရင်ကစေလွှတ်သော
အဖွဲ့၏ အစီအရင်ခံမှု ပုရပိုက် မှတ်တမ်းများ
အရ ဘင်္ဂလား၏ မြောက်ဘက်အရပ်၌
ဗုဒ္ဓဘာသာ ဘင်္ဂလီတို့က ဗုဒ္ဓဂယာဟု ဆို၍
ရှိခိုးကြသည့် ရေပေါ်တွင်မီးတောက်နေသော
အရပ်သို့ ရောက်ခဲ့ကြောင်း၊ ထိုသို့ မီးတောက်သည့်
နေရာ သုံးလေးနေရာခန့်ရှိကြောင်း၊ လာရောက်
ဝတ်ပြုသူများရှိကြောင်း၊ ထိုအရပ်မှာ ဗုဒ္ဓဂယာ
မဟုတ်ကြောင်း၊ လမ်းခရီး၌ ၁တောင်ခန့်
ရှိသည့် ငှက်ပျောသီးများ မြင်ခဲ့ရကြောင်း
ပြန်လည် အစီအရင်ခံပေရာ ထိုဒေသမှာ
"ရေပေါ်မီးလျှင်အခြားတည်းဟု ဆိုသည့်"
အနော်ရထာလက်ထက်ကတည်းက
ပုဂံပိုင်နက်ဖြစ်ပေသည်။
သစ္စဂီရိသည် မစ္ဆဂီရိ ဟုယူရန်မှာ မဖြစ်နိုင်ဟု
ထင်ပေသည်။ မစ္စဂီရိ/မစ္ဆဂီရိဟု ယူပါက-
မစ္ဆဂီရိမှာ ကစ္ဆပနဒီမြစ်ညာအရပ်
သက် မြုံ ချင်းတို့နေရာအရပ်ဟု ဆို၏။
သစ္စဂီရိသည် ထို့ထက် အနောက်ဘက် ပိုကျသည့်
အရပ်ဒေသ တစ်ခု ဖြစ်သည်ဟု ယူဆနိုင်ပေသည်။
အထက်ပါ အထောက်အထားများအရ
မည်သို့ပင်ဆိုစေကာမူ ထိုအရပ်ဒေသများသည်
ရကိုင်/ရခိုင် ဒေသကို ကျော်လွန်၍ ယခုခေတ်
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်မြေဒေသများ
အတွင်း၌ တည်ရှိသည်ဖြစ်ရာ
နရပတိစည်သူမင်းလက်ထက် မဟာပုဂံအင်ပါယာ
မြန်မာနိုင်ငံတော်၏ အနောက်ဘက် နယ်နိမိတ်မှာ
ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ ဂင်္ဂါမြစ်ဝှမ်း အရှေ့
ခြမ်းဒေသများ အထိ ပိုက်နက်နယ်ပယ်
ကျယ်ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်ပေသည်။
နိုင်ငံတော်ကျယ်ခြင်း အထုကား ကြီးမားပေစွ။
…………………………………………………………။
ပုံစာ -
၁/ ဓမ္မရာဇိကဘုရားကျောက်စာ ဖတ်ချက်။
(ဦးငြိမ်းမောင်)
၂/ စေတီပုထိုး ဘုရားကျောင်းကန်များဖြင့်
ရွှေရောင်လွှမ်းနေခဲ့သည့် mog တို့၏
ဘုရင့်တိုင်းပြည်ဖြစ်ခဲ့ပြီး ပတိက္ကရားတိုင်းပြည်ဟု
ယူဆထားသည့် တြိပူရဒေသ။

No comments:

Post a Comment