Tuesday, September 24, 2019

"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၈)
……………………………………………။

အင္းဝေနျပည္ေတာ္မွ ေရာက္ရွိလာသည့္
ဆင္ျဖဴရွင္ဘုရင္မင္းျမတ္၏ အမိန့္ေတာ္ေၾကာင့္
အယုဒၶယကို ဝန္းရံေနသည့္ ျမန္မာတပ္ေပါင္းစု
စစ္သနာပတိ ဗိုလ္ခ်ဳပ္ေနမ်ိဳးသီဟပေတ့သည္
တပ္မွဴးမ်ားတပ္ဗိုလ္မ်ားႏွင့္ အယုဒၶယျမိဳ႕သိမ္း
စီမံခ်က္ကို ေရးဆြဲေလေတာ့သည္။
ဝန္းရံထားသည့္ ျမန္မာတပ္အုတ္ျမိဳ႕မ်ားအတြင္းမွ
ေန၍ အယုဒၶယျမိဳ႕ရိုးအေျခအထိ ဥမင္ငါးသြယ္
တူး၍ ျမိဳ႕ရိုးကို ဖ်က္ဆီးပစ္ျပီးမွ အလံုးအရင္းျဖင့္
ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ရန္ ျဖစ္ေလသည္။
ဥမင္ ၂ ေၾကာင္းကို ျမိဳ႕ရိုးအေျခအထိ တူးျပီး ျမိဳ႕ရိုး
ေရာက္ေသာ္ ထပ္မံ၍ အေရွ႕အေနာက္ ျမိဳ႕ရိုး
တေလ်ာက္ ေပ ၇၀၀ေက်ာ္ ျမိဳ႕ရိုးေအာက္ေျခကို
တူးခါ သစ္လံုးမ်ားျဖင့္ေထာက္ျပီး မီးရိႈ႕ရန္အတြက္
ေလာင္စာအျပည့္သြင္း၏။ အျခားဥမင္ ၃ေၾကာင္း
မွာ အယုဒၶယျမိဳ႕ရိုး အတြင္းဘက္အေရာက္၌အေပၚ
သို့ တက္၍ ေျမသားတစ္ေတာင္ခန့္ခ်န္ထား၏။
အကုန္အစင္ က်နစြာ စီစဥ္၍ ျပီးသည္၌ တပ္ေပါင္း
အလံုးကို အသင့္ျပင္ျပီးလ်ွင္ ျမိဳ႕ေျခသို့ ေလာင္စာ
သြင္းထားေသာ ဥမင္၂ေၾကာင္းကို မီးတိုက္သည္
ျဖစ္ရာ အပူရွိန္ လြန္ကဲလွသျဖင့္ ေျမအျပင္မွ
အေငြ႕ေထာင္းေထာင္းထ ေျမႀကီးကြဲအက္၍ ျမိဳ႕ရိုး
ျပိဳလဲသည္တြင္ အသင့္ျပင္ထားေသာ တပ္ေပါင္း
၁၂၈ တပ္သည္ အယုဒၶယျမိဳ႕တြင္းသို့ အသားစား
မည့္အလား ဆင္ျမင္းဗိုလ္ပါ အေျမာက္ေျပာင္း
လက္နက္ကိရိယာ အစံုအလင္ျဖင့္ ကမ႓ာျပိဳသည္
ကဲ့သို့ မိုးလံုးဟိန္းမ်ွ ပစ္ခတ္ထိုးခုတ္ ဝင္ေရာက္
စီနင္းတိုက္ခိုက္ၾကေလေတာ့သည္။
ျမိဳ႕ရိုးအတြင္းဘက္သို့ေရာက္ေအာင္ ေဖာက္ထား
သည့္ ေျမေအာက္ဥမင္ ၃ သြယ္အတြင္းမွ အေပၚယံ
ခ်န္ထားေသာ ၁ေတာင္ခန့္ေျမသားကို ေဖာက္ထြင္း
၍ ေျမႀကီးအတြင္းမွ ခုန္ထြက္လာျပီး အျပင္းအထန္
တိုက္ခိုက္ထိုးခုတ္ သတ္ျဖတ္ၾကသည့္ ျမန္မာ
တပ္သားမ်ားအား ျမင္ေတြ႔ရလိုက္ရေသာ ယိုးဒယားသားမ်ားမွာ ျမန္မာတို့ ေျမလ်ွိဳးလာသည္
အမွတ္ျဖင့္ ဘီလူးသဘက္မ်ားပမာ အသားစား
မည္ကဲ႔သို့ ေၾကာက္ရြ႕ံၾကေလသည့္အျပင္ ငတ္မြတ္
လ်က္ရွိသည္ေၾကာင့္ အားအင္ျပတ္လတ္ ေကာင္း
မြန္စြာလည္း မခုခံႏိုင္သည္ျဖစ္၍ အယုဒၶယျမိဳ႕သည္
ေသာေသာအုတ္အုတ္ အရုတ္တသဲ ဖရိုဖရဲျဖင့္
ပ်က္စီးသြားေလေတာ့သည္။ တစ္ျမိဳ႕လံုးမွာ
ေလာင္မီးက်လ်က္ မီးခိုးလံုးႀကီးမ်ား ေနရာအႏွံ႕
ဖံုးလႊမ္းလ်က္ရွိျပီး ျမိဳ႕၏ေနရာအႏွံ႔အျပား၌ ျမန္မာ
တပ္တို့ ေရာက္ရွိေနခါ ခုခံသူမွန္သမ်ွအား ဆင္လံုး
ျမင္းပါ ေျခသည္မက်န္ ထိုးခုတ္သတ္ျဖတ္ပစ္ၾက
ျပီး၊ ေတြ႕သမ်ွေရႊေငြရတနာမ်ားအားလည္း
စစ္ပြဲ၏ အက်ိဳးအျမတ္အျဖစ္ အလံုးတရင္း ယူငင္
ၾကေလသည္။ ပုဂံအင္ပါယာ ပ်က္သုဥ္းျပီးေနာက္
မင္းအဆက္ဆက္တို့ျဖင့္ ႏွစ္ေပါင္းမ်ားစြာ တည္တံ႔
ခဲ႔ေသာ အယုဒၶယျမိဳ႕မွာ ဧကာဒသ္၏ မေျခငံမႈ
ေၾကာင့္ တမဟုတ္ခ်င္း ျမိဳ႕အလံုးပ်က္၍ ေဆာက္
တည္ရာမရ ျမန္မာတို့လက္ေအာက္ က်ေရာက္
ခဲ႔ရေလေတာ့၏။
ထို ျမိဳ႕သိမ္းတိုက္ပြဲ မဆင္ႏႊဲမီ တစ္ခုေသာည၌
အယုဒၶယျမိဳ႕တြင္းမွ ယိုးဒယားစစ္သူႀကီး သက္ဆင္
သည္ ေနာက္ပါ လူ ၅၀၀ခန့္ႏွင့္ ထြက္လာသည္။
ျမန္မာတို့က ယိုးဒယားတို့ ျမိဳ႕တြင္းမွ ထြက္၍တိုက္
သည္အထင္ႏွင့္ တပ္တို့အသင့္ျပင္ျပီး ေစာင့္ဆိုင္း
ေနသည္တြင္ သက္ဆင္ႏွင့္ လူ၅၀၀ေက်ာ္သည္ တိုက္ခိုက္မည့္ဟန္မျပ၊ တိတ္ဆိတ္ျငိမ္သက္စြာျဖင့္ အယုဒၶယျမိဳ႕ကို စြန့္ပစ္ ထြက္ခြါသည္ကို ျမင္ေတြ႔ရ
သျဖင့္ ျမန္မာတို့ကလည္း မည္သည့္တိုက္ခိုက္မႈမ်ွ မျပဳလုပ္ဘဲေစာင့္ၾကည့္ေနခဲ႔ၾက၏။ ယိုးဒယား
စစ္သူႀကီး သက္ဆင္ႏွင့္ လူ၅၀၀ ခန့္မွာ အေမွာင္ထု
အတြင္း တေရြ႕ေရြ႕ တိုးဝင္ေပ်ာက္ကြယ္သြားေတာ့
၏။ သက္ဆင္သည္ ဘုရင္ ဧကာဒသ္အား ထားရစ္
ခဲ႔ျပီး ေနာက္ပါ လူ၅၀၀ ႏွင့္ အယုဒၶယျမိဳ႕ကို စြန့္ခြာ
သြားေၾကာင္း နံနက္မိုးေသာက္သည္မွ ယိုးဒယား
တို့သိၾကေလ၏။ သက္ဆင္သည္ ရႊ႕ံညြန္ထူထပ္
လွေသာ ဘန္ေကာက္ျမစ္(ေက်ာက္ဖရား)အတိုင္း
ထြက္ခြါသြားသည္ကို ျမန္မာတို့က ၎တို့ဘက္မွ တိုက္ခိုက္မလာျခင္း၊ တိုက္ခိုက္မည့္ အရိပ္အေျခ
မျမင္မေတြ႔ရျခင္း စသည္တို႔ေၾကာင့္ ေစာင့္ၾကည့္
ရံုသာၾကည့္ေနခဲ႔ျခင္းက ေနာင္တြင္ ဘန္ေကာက္
မင္းဆက္ဟု ေခၚတြင္ၾကမည့္ ေသာင္ပူရီ ေခၚေသာ
အရပ္၌ ယိုးဒယားမင္းဆက္ ေပၚေပါက္လာျခင္းကို
ခြင့္ျပဳေပးလိုက္ျခင္းပင္ ျဖစ္ေပသည္။
အကယ္၍သာ ျမန္မာတို့က သက္ဆင္ႏွင့္
ေနာက္ပါလူ ၅၀၀ အား တိုက္ခိုက္ဖမ္းဆီးပစ္မည္
ဆိုပါမူ ေသာင္ပူရီ သို့မဟုတ္ ဘန္ေကာက္မင္း
ဆက္သည္ ေပၚေပါက္ေကာင္းမွ ေပၚေပါက္လာ
ေတာ့မည္ ျဖစ္သလို တလိုင္း/မြန္တို့ကဲ႔သို့
ယိုးဒယား/ထိုင္းမင္းဆက္ ပ်က္သုဥ္းသြားဖြယ္ရာ
ပင္ ရွိျပီး၊ သမိုင္း အျဖစ္အပ်က္တို့သည္လည္း တစ္မ်ိဳးတစ္ဖံုေျပာင္းလဲ၍ သြားမည္သာျဖစ္ေပ
သည္။ သက္ဆင္သည္ မြန္လူမ်ိဳးျဖစ္သည္ဟု
ဆိုၾကျပီး ယိုးဒယားတို့က မြန္-တရုတ္ ကျပားဟု
ဆို၏။ ထို့ျပင္ အဝိုင္းခံေနရသည့္ အယုဒၶယမင္း
ဧကာဒသ္မွာလည္း မြန္လူမ်ိဳးျဖစ္သည္ဟု ဆို၏။
ယိုးဒယား သမိုင္းဆရာတို့သည္ ထိုအခ်က္ကို
မဖံုးကြယ္ေသာ္ျငား ထုတ္ေဖာ္ျခင္းမျပဳၾကဘဲ
ေမွးမွိန္ထား၍ ထိုင္းလူမ်ိဳးမ်ားအျဖစ္သာလ်ွင္
ေရးသားၾကေလသည္။
သက္ဆင္သည္ ေသာင္ပူရီ ေခၚ ဘန္ေကာက္
အရပ္၌ ျမန္မာတို့ျပန္သြားျပီးသည္ေနာက္ ျမိဳ႕ျပ
တည္ေထာင္ျပီး ပ်က္သုဥ္းသြားေသာ အယုဒၶယ
မင္းဆက္ေနာက္ ဘန္ေကာက္မင္းဆက္ကို
ထူေထာင္၍ ၁၇ ႏွစ္ခန့္ နန္းစံေလေတာ့သည္။
ထိုကာလကို ရတနာကုန္စင္ေခတ္ဟု သမိုင္း
ဆရာတို့က ဆို၏။
အယုဒၶယကို ျမိဳ႕လံုးက်ြတ္သိမ္းပိုက္၍ ျပီးပါေသာ္
လည္း ယိုးဒယားဘုရင္ ဧကာဒသ္အား မေတြ႔ရွိရ
သျဖင့္ ရွာေဖြၾကရာ ျမို႕အေနာက္တံခါးအနီး၌ ရုပ္
ဖ်က္၍ ထြက္ေျပးေသာ္လည္း က်ည္သင့္၍ ေသဆံုးေနသည့္ ၎ကို ၎၏ ညီျဖစ္သူ
(ဧကာဒသ္က လည္ပင္းတြင္ သံကြင္းစြပ္၍ အက်ဥ္း
ခ်ခံထားရသျဖင့္ ျမန္မာတို့အခ်ဳပ္အေႏွာင္ေျဖေပး၍ ေကာင္းမြန္စြာထားသည္)ကို ေခၚယူရွာေဖြေစရာမွ
ေတြ႔ရွိျပီး ေကာင္းမြန္စြာသျဂၤ ိဳဟ္ေပးလိုက္ ၾကရ
ေပသည္။
ဤသို့ျဖင့္ AD 1763 မွ စ၍ ယိုးဒယားသိမ္းပိုက္ေရး
မဟာဗ်ဴဟာသည္ ၄ ႏွစ္အၾကာ AD1767 ၌ ဆင္ျဖဴ
ရွင္ ဘုရင္မင္းျမတ္၏ အမိန့္ေတာ္ေရာက္ခ်ိန္က စ
၃လ အတြင္း ျပီးစီးအဆံုးသတ္ခါ ယိုးဒယားႏိုင္ငံ
တိုင္း ခရိုင္ နယ္ေျမအလံုးသည္ ျမန္မာႏိုင္ငံေတာ္
အျဖစ္သို့ ေရာက္ရွိသြားေလေတာ့သည္။
သို့ျဖစ္ေပရာ ယိုးဒယားတို့ သိမ္းပိုက္ထားေသာ
ကေမ႓ာဒီးယားအပါအဝင္ ယခုကာလသတ္မွတ္
ခ်က္အရ ဗီယက္နမ္ကို ခ်န္လွပ္၍ က်န္နယ္ေျမ
ေဒသအလံုးမွာ သံလြင္ျမစ္ အေရွ႕ဘက္အတိုင္း
ဆီက ကုန္းေဘာင္အင္ပါယာ ျမန္မာႏိုင္ငံေတာ္
ႀကီးပင္ ျဖစ္ေတာ့သည္ ျဖစ္၏။
ဗီယက္နမ္သည္ ျမန္မာႏိုင္ငံေတာ္ ပိုင္နက္အတြင္း
ေရာက္ရွိျခင္း မျဖစ္ေသာ္ျငား ေဝွ႕ျမိဳ႕၌ ထီးနန္းစံ
ေနေသာ ဗီယက္နမ္ဘုရင္သည္ ဆင္ျဖဴရွင္၏
ဘုန္းေတာ္ကို ခိုလံႈပါမည့္အေၾကာင္း သံတမန္
လႊတ္သျဖင့္ ဆင္ျဖဴရွင္က ပုဆိုးေကာင္း ၂ထည္
လက္ေဆာင္ေတာ္ ျပန္လည္ ေပးအပ္လိုက္
ေၾကာင္းႏွင့္ ျမန္မာဘုရင္၏ ေက်းဇူးရွိခဲ႔ေၾကာင္း
ျမန္မာဘုရင္ ဘုန္းတန္ခိုးႀကီးေၾကာင္းမ်ားကို
ဘိုုးေတာ္ဘုရားႏွင့္ ဘႀကီးေတာ္တို့လက္ထက္
ေရာက္ရွိလာသည့္ ယြန္းႀကီး(ဗီယက္နမ္)သံမ်ား
က ေျပာဆိုေလ်ွာက္ထားခ်က္မ်ားကို ကုန္းေဘာင္
ေခတ္ သံတမန္ေရးႏွင့္ စစ္ေရးဆိုင္ရာမွတ္တမ္း
မ်ား၌ ေတြ႔ျမင္ႏိုင္ေလသည္။
သို့ျဖစ္ရာ ဆင္ျဖဴရွင္သည္ ဗီယက္နမ္ေခၚ ယြန္းႀကီး
ျပည္အား ႏိုင္ငံေတာ္ပိုင္နက္အတြင္း ထည့္သြင္း
မထားေသာ္လည္း အယုဒၶကို သိမ္းပိုက္ျပီး
ဗီယက္နမ္နယ္စပ္အထိ သိမ္းပိုက္ထားသည့္
ျမန္မာဘုရင္ကို ယြန္းႀကီးတို့က ေရႊဘုန္းေတာ္
ခိုလံႈ၍ ေက်းဇူးေတာ္ခံစားခဲ႔သည္ျဖစ္သည္ေၾကာင့္
ဗီယက္နမ္သည္ ဆင္ျဖဴရွင္ဘုရင္မင္းျမတ္လက္
ထက္ လက္ေဆာင္ပဏၰာဆက္သရသည့္ ျမန္မာ့
လက္ေအာက္ခံႏိုင္ငံတစ္ခု ျဖစ္ေၾကာင္း ျငင္းကြယ္
မရသည္မွာ အထင္အရွားပင္ျဖစ္ေပသည္။
အင္အားေတာင့္တင္းေသာ အယုဒၶယ ျမိဳ႕ႀကီး ပ်က္စီးသြားျပီး ဧကာဒသ္ေသဆံုး၍ မင္းဆက္ပါ
ျပတ္သြားသည္ကို ျမင္ေတြ႔လိုက္ရေသာ ယြန္းႀကီး
(ဗီယက္နမ္)ဘုရင္သည္ ျမန္မာဘုရင္၏ ဘုန္းေတာ္
ရိပ္ကို မခိုလံႈဘဲ မည္သို့လ်ွင္ အာခံဝံ႔ပါမည္နည္း။
အကယ္၍ အာခံခဲ့ပါမူ ဧကာဒသ္ႏွင့္ အယုဒၶယ
ျမိဳ႕၏ အျဖစ္ဆိုးမ်ိဳး ယြန္းႀကီး(ဗီယက္နမ္) ေနျပည္
ေတာ္ ေဝွ႔ျမိဳ႕၌ ျဖစ္ေပၚလာမည္မွာ မလြဲဧကန္ပင္
ျဖစ္သည္ပင္ ျဖစ္၏။ ထိုအတြင္း ဗီယက္နမ္
ေျမာက္ပိုင္းသား ဒိုင္ဗိယက္တို့ႏွင့္ မသင့္မတင့္
ျဖစ္ေနသည့္ ခ်င္းလံု၏ ပထမ က်ဴးေက်ာ္မႈကို
ျမန္မာတို့က စီးစီးပိုးပိုး ေအာင္ျမင္လိုက္ျပန္ရာ
ပိုင္ဆိုင္မႈ နယ္ေျမဧရိယာႀကီးမား က်ယ္ျပန့္သည့္
အျပင္ အေအာင္ျမင္ဆံုးစစ္နည္းဗ်ဴဟာ၊ စစ္အင္
အား၊ ၎ေခတ္၎အခါ စစ္လက္နက္ပစၥည္း
ေခတ္မီ ျပည့္စံုမႈ၊ ေရႊတိဂံုေစတီေတာ္ကို လက္ရွိ
ဉာဏ္ေတာ္အထိ ျမွင့္တင္ႏိုင္သည့္ ဥပမာအားျဖင့္
ခ်မ္းသာၾကြယ္ဝမႈ စသည့္ အဘက္ဘက္က
သာလြန္ေတာင့္တင္းေနေသာ ဆင္ျဖဴရွင္၏ ျမန္မာ
ႏိုင္ငံေတာ္ကို အေရွ႕ဘက္ ပင္လယ္ ကမ္းရိုးတန္း
ေဘးက ေဝွ႕ျမိဳ႕နန္းေတာ္မွ ယြန္းႀကီးဘုရင္သည္
အဘယ္မည္ေသာ စြမ္းပကားရွိသည္ေၾကာင့္
ေရႊဖဝါးေတာ္ေအာက္ မေရာက္ မလာ အာခံ၍
ေနဝ့ံမည္ ျဖစ္ပါသနည္း။
အယုဒၶယျမိဳ႕ကို ျမန္မာတပ္တို့သည္ ဆင္ျဖဴရွင္၏
အမိန့္အတိုင္း ေနာက္ေနာင္ ေျခလက္မထူႏိုင္
ေစရန္အတြက္ က်ံုးေျမာင္းကစ၍ အလံုးစံု ဖ်က္
ဆီးပစ္ရေလသည္။ တရုတ္စစ္ သည္လည္း
ေရာက္လ်က္ရွိသည့္အျပင္ ပီကင္းကို ကိုယ္တိုင္
တက္သိမ္း၍ ခ်င္မင္းဆက္ျဖတ္ပစ္ရန္ စီမံေနသည့္
ဆင္ျဖဴရွင္အတြက္ တရုတ္တို့အား တိုက္ခိုက္
သိမ္းပိုက္ေနသည့္အတြင္း အယုဒၶယက တဖန္
ပူျပင္းေသာင္းက်န္းသျဖင့္ ေနာက္ေၾကာင္းမေအး
စိတ္စေနာင့္စနင္းျဖစ္ရမည္ကို လိုလားသည္
မဟုတ္သည္မွာ အေသအခ်ာပင္ ျဖစ္သည္။
ထို့ေၾကာင့္သာလ်ွင္ အယုဒၶယကို ေနာင္ မည္သူမ်ွ
တက္၍ မင္းမျပဳႏိုင္ေစရန္ အလံုးစံု ဖ်က္ဆီး၍
ေျမလွန္ပစ္ရန္ အမိန့္ေပးခဲ႔ျခင္းပင္ျဖစ္၏။
ဘုရင့္မိသားစုႏွင့္တကြ ေခၚသင့္ေခၚထိုက္သည့္
ယိုးဒယားသားမ်ားအား ျမန္မာတို့သည္ သိမ္းႀကံဳး
ယူငင္၍ အင္းဝေနျပည္ေတာ္သို့ တရုတ္တို့အား
ဆက္လက္တိုက္ခိုက္ရန္ ျပန္လာခဲ႔ၾကေလသည္။
ဤ၌ ယိုးဒယားမင္း၏ ေျမးေတာ္မ်ား၏ အမည္မ်ား
မွာ ေရွ႕၌ မြန္ဟူသည့္ အမည္စကားရပ္မ်ား ပါဝင္
ေနသည္မွာ ထူးျခားမႈတစ္ခု ျဖစ္သည္။
မသယ္ႏိုင္ေတာ့သည့္ အေျမာက္မ်ားအား ယမ္း
ထည့္၍ ေဖာက္ခြဲပစ္ၾကရျပီး၊ အခ်ိဳ႕အား ေရခ်၍
ျမွဳပ္ပစ္ၾကရေပသည္။ ဤသို့ျဖင့္ ျမန္မာတပ္တို့
သည္ အယုဒၶယကို ျမိဳ႕လံုးက်ြတ္ သိမ္းယူဖ်က္ဆီး
ပစ္ခဲ႔ၿပီး ခ်င္းလံု၏ တရုတ္မ်ားအားဆက္လက္
တိုက္ခိုက္ရန္အတြက္ အင္းဝေနျပည္ေတာ္သို့
ေအာင္ပြဲခံ ျပန္လာခဲ႔ၾက၏။ အလြန္က်ယ္ေျပာလွ
သည့္ ေဒသတြင္းတစ္ခုလံုးကို စိုးမိုး လႊမ္းျခံုေန
ေသာ ကုန္းေဘာင္အင္ပါယာ ျမန္မာႏိုင္ငံေတာ္၏
အရွင္သခင္ ဆင္ျဖဴရွင္ ဘုရင္မင္းျမတ္သည္
သိမ္းႀကံဳးယူငင္လာခဲ႔သည့္ ယိုးဒယားသားတို့အား
အစုအကြက္ခ်၍ ေကာင္းမြန္စြာထားျပီး လုပ္မိုး
လုပ္ေျမမ်ားေပးေတာ္မူခဲ႔ျပီးမွ ရာဇဘိေသကခံ၍
မဟာဥကၤသဖြင့္ ဘြဲ႕တံဆိပ္နာမေတာ္ခံယူခဲ႔၏။
ျမန္မာႏိုင္ေတာ္သည္လည္း ေရွ႕က ပုဂံေခတ္၊ ေတာင္ငူေခတ္ကာလမ်ားကကဲ႔သို့ပင္ ပိုင္နက္ နယ္ပယ္ ႀကီးမားက်ယ္ျပန့္လာသည့္အျပင္ ျမန္မာ
တို့၏ ဘုန္းတန္ခိုးသည္လည္း အထြတ္အထိပ္သို့ ေရာက္ရွိ ထြန္းေတာက္လာခဲ႔ေလေတာ့သည္။
………………………………………………………။
ပံုစာ-
အယုဒၶယ ပ်က္သုဥ္းျခင္း။
Fall of Ayutthya.

…………………………………………………………

"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၈)
……………………………………………။
အင်းဝနေပြည်တော်မှ ရောက်ရှိလာသည့်
ဆင်ဖြူရှင်ဘုရင်မင်းမြတ်၏ အမိန့်တော်ကြောင့်
အယုဒ္ဓယကို ဝန်းရံနေသည့် မြန်မာတပ်ပေါင်းစု
စစ်သနာပတိ ဗိုလ်ချုပ်နေမျိုးသီဟပတေ့သည်
တပ်မှူးများတပ်ဗိုလ်များနှင့် အယုဒ္ဓယမြို့သိမ်း
စီမံချက်ကို ရေးဆွဲလေတော့သည်။
ဝန်းရံထားသည့် မြန်မာတပ်အုတ်မြို့များအတွင်းမှ
နေ၍ အယုဒ္ဓယမြို့ရိုးအခြေအထိ ဥမင်ငါးသွယ်
တူး၍ မြို့ရိုးကို ဖျက်ဆီးပစ်ပြီးမှ အလုံးအရင်းဖြင့်
ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရန် ဖြစ်လေသည်။
ဥမင် ၂ ကြောင်းကို မြို့ရိုးအခြေအထိ တူးပြီး မြို့ရိုး
ရောက်သော် ထပ်မံ၍ အရှေ့အနောက် မြို့ရိုး
တလျောက် ပေ ၇၀၀ကျော် မြို့ရိုးအောက်ခြေကို
တူးခါ သစ်လုံးများဖြင့်ထောက်ပြီး မီးရှို့ရန်အတွက်
လောင်စာအပြည့်သွင်း၏။ အခြားဥမင် ၃ကြောင်း
မှာ အယုဒ္ဓယမြို့ရိုး အတွင်းဘက်အရောက်၌အပေါ်
သို့ တက်၍ မြေသားတစ်တောင်ခန့်ချန်ထား၏။
အကုန်အစင် ကျနစွာ စီစဉ်၍ ပြီးသည်၌ တပ်ပေါင်း
အလုံးကို အသင့်ပြင်ပြီးလျှင် မြို့ခြေသို့ လောင်စာ
သွင်းထားသော ဥမင်၂ကြောင်းကို မီးတိုက်သည်
ဖြစ်ရာ အပူရှိန် လွန်ကဲလှသဖြင့် မြေအပြင်မှ
အငွေ့ထောင်းထောင်းထ မြေကြီးကွဲအက်၍ မြို့ရိုး
ပြိုလဲသည်တွင် အသင့်ပြင်ထားသော တပ်ပေါင်း
၁၂၈ တပ်သည် အယုဒ္ဓယမြို့တွင်းသို့ အသားစား
မည့်အလား ဆင်မြင်းဗိုလ်ပါ အမြောက်ပြောင်း
လက်နက်ကိရိယာ အစုံအလင်ဖြင့် ကမ္ဘာပြိုသည်
ကဲ့သို့ မိုးလုံးဟိန်းမျှ ပစ်ခတ်ထိုးခုတ် ဝင်ရောက်
စီနင်းတိုက်ခိုက်ကြလေတော့သည်။
မြို့ရိုးအတွင်းဘက်သို့ရောက်အောင် ဖောက်ထား
သည့် မြေအောက်ဥမင် ၃ သွယ်အတွင်းမှ အပေါ်ယံ
ချန်ထားသော ၁တောင်ခန့်မြေသားကို ဖောက်ထွင်း
၍ မြေကြီးအတွင်းမှ ခုန်ထွက်လာပြီး အပြင်းအထန်
တိုက်ခိုက်ထိုးခုတ် သတ်ဖြတ်ကြသည့် မြန်မာ
တပ်သားများအား မြင်တွေ့ရလိုက်ရသော ယိုးဒယားသားများမှာ မြန်မာတို့ မြေလျှိုးလာသည်
အမှတ်ဖြင့် ဘီလူးသဘက်များပမာ အသားစား
မည်ကဲ့သို့ ကြောက်ရွ့ံကြလေသည့်အပြင် ငတ်မွတ်
လျက်ရှိသည်ကြောင့် အားအင်ပြတ်လတ် ကောင်း
မွန်စွာလည်း မခုခံနိုင်သည်ဖြစ်၍ အယုဒ္ဓယမြို့သည်
သောသောအုတ်အုတ် အရုတ်တသဲ ဖရိုဖရဲဖြင့်
ပျက်စီးသွားလေတော့သည်။ တစ်မြို့လုံးမှာ
လောင်မီးကျလျက် မီးခိုးလုံးကြီးများ နေရာအနှံ့
ဖုံးလွှမ်းလျက်ရှိပြီး မြို့၏နေရာအနှံ့အပြား၌ မြန်မာ
တပ်တို့ ရောက်ရှိနေခါ ခုခံသူမှန်သမျှအား ဆင်လုံး
မြင်းပါ ခြေသည်မကျန် ထိုးခုတ်သတ်ဖြတ်ပစ်ကြ
ပြီး၊ တွေ့သမျှရွှေငွေရတနာများအားလည်း
စစ်ပွဲ၏ အကျိုးအမြတ်အဖြစ် အလုံးတရင်း ယူငင်
ကြလေသည်။ ပုဂံအင်ပါယာ ပျက်သုဉ်းပြီးနောက်
မင်းအဆက်ဆက်တို့ဖြင့် နှစ်ပေါင်းများစွာ တည်တံ့
ခဲ့သော အယုဒ္ဓယမြို့မှာ ဧကာဒသ်၏ မခြေငံမှု
ကြောင့် တမဟုတ်ချင်း မြို့အလုံးပျက်၍ ဆောက်
တည်ရာမရ မြန်မာတို့လက်အောက် ကျရောက်
ခဲ့ရလေတော့၏။
ထို မြို့သိမ်းတိုက်ပွဲ မဆင်နွှဲမီ တစ်ခုသောည၌
အယုဒ္ဓယမြို့တွင်းမှ ယိုးဒယားစစ်သူကြီး သက်ဆင်
သည် နောက်ပါ လူ ၅၀၀ခန့်နှင့် ထွက်လာသည်။
မြန်မာတို့က ယိုးဒယားတို့ မြို့တွင်းမှ ထွက်၍တိုက်
သည်အထင်နှင့် တပ်တို့အသင့်ပြင်ပြီး စောင့်ဆိုင်း
နေသည်တွင် သက်ဆင်နှင့် လူ၅၀၀ကျော်သည် တိုက်ခိုက်မည့်ဟန်မပြ၊ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အယုဒ္ဓယမြို့ကို စွန့်ပစ် ထွက်ခွါသည်ကို မြင်တွေ့ရ
သဖြင့် မြန်မာတို့ကလည်း မည်သည့်တိုက်ခိုက်မှုမျှ မပြုလုပ်ဘဲစောင့်ကြည့်နေခဲ့ကြ၏။ ယိုးဒယား
စစ်သူကြီး သက်ဆင်နှင့် လူ၅၀၀ ခန့်မှာ အမှောင်ထု
အတွင်း တရွေ့ရွေ့ တိုးဝင်ပျောက်ကွယ်သွားတော့
၏။ သက်ဆင်သည် ဘုရင် ဧကာဒသ်အား ထားရစ်
ခဲ့ပြီး နောက်ပါ လူ၅၀၀ နှင့် အယုဒ္ဓယမြို့ကို စွန့်ခွာ
သွားကြောင်း နံနက်မိုးသောက်သည်မှ ယိုးဒယား
တို့သိကြလေ၏။ သက်ဆင်သည် ရွ့ှံညွန်ထူထပ်
လှသော ဘန်ကောက်မြစ်(ကျောက်ဖရား)အတိုင်း
ထွက်ခွါသွားသည်ကို မြန်မာတို့က ၎င်းတို့ဘက်မှ တိုက်ခိုက်မလာခြင်း၊ တိုက်ခိုက်မည့် အရိပ်အခြေ
မမြင်မတွေ့ရခြင်း စသည်တို့ကြောင့် စောင့်ကြည့်
ရုံသာကြည့်နေခဲ့ခြင်းက နောင်တွင် ဘန်ကောက်
မင်းဆက်ဟု ခေါ်တွင်ကြမည့် သောင်ပူရီ ခေါ်သော
အရပ်၌ ယိုးဒယားမင်းဆက် ပေါ်ပေါက်လာခြင်းကို
ခွင့်ပြုပေးလိုက်ခြင်းပင် ဖြစ်ပေသည်။
အကယ်၍သာ မြန်မာတို့က သက်ဆင်နှင့်
နောက်ပါလူ ၅၀၀ အား တိုက်ခိုက်ဖမ်းဆီးပစ်မည်
ဆိုပါမူ သောင်ပူရီ သို့မဟုတ် ဘန်ကောက်မင်း
ဆက်သည် ပေါ်ပေါက်ကောင်းမှ ပေါ်ပေါက်လာ
တော့မည် ဖြစ်သလို တလိုင်း/မွန်တို့ကဲ့သို့
ယိုးဒယား/ထိုင်းမင်းဆက် ပျက်သုဉ်းသွားဖွယ်ရာ
ပင် ရှိပြီး၊ သမိုင်း အဖြစ်အပျက်တို့သည်လည်း တစ်မျိုးတစ်ဖုံပြောင်းလဲ၍ သွားမည်သာဖြစ်ပေ
သည်။ သက်ဆင်သည် မွန်လူမျိုးဖြစ်သည်ဟု
ဆိုကြပြီး ယိုးဒယားတို့က မွန်-တရုတ် ကပြားဟု
ဆို၏။ ထို့ပြင် အဝိုင်းခံနေရသည့် အယုဒ္ဓယမင်း
ဧကာဒသ်မှာလည်း မွန်လူမျိုးဖြစ်သည်ဟု ဆို၏။
ယိုးဒယား သမိုင်းဆရာတို့သည် ထိုအချက်ကို
မဖုံးကွယ်သော်ငြား ထုတ်ဖော်ခြင်းမပြုကြဘဲ
မှေးမှိန်ထား၍ ထိုင်းလူမျိုးများအဖြစ်သာလျှင်
ရေးသားကြလေသည်။
သက်ဆင်သည် သောင်ပူရီ ခေါ် ဘန်ကောက်
အရပ်၌ မြန်မာတို့ပြန်သွားပြီးသည်နောက် မြို့ပြ
တည်ထောင်ပြီး ပျက်သုဉ်းသွားသော အယုဒ္ဓယ
မင်းဆက်နောက် ဘန်ကောက်မင်းဆက်ကို
ထူထောင်၍ ၁၇ နှစ်ခန့် နန်းစံလေတော့သည်။
ထိုကာလကို ရတနာကုန်စင်ခေတ်ဟု သမိုင်း
ဆရာတို့က ဆို၏။
အယုဒ္ဓယကို မြို့လုံးကျွတ်သိမ်းပိုက်၍ ပြီးပါသော်
လည်း ယိုးဒယားဘုရင် ဧကာဒသ်အား မတွေ့ရှိရ
သဖြင့် ရှာဖွေကြရာ မြို့အနောက်တံခါးအနီး၌ ရုပ်
ဖျက်၍ ထွက်ပြေးသော်လည်း ကျည်သင့်၍ သေဆုံးနေသည့် ၎င်းကို ၎င်း၏ ညီဖြစ်သူ
(ဧကာဒသ်က လည်ပင်းတွင် သံကွင်းစွပ်၍ အကျဉ်း
ချခံထားရသဖြင့် မြန်မာတို့အချုပ်အနှောင်ဖြေပေး၍ ကောင်းမွန်စွာထားသည်)ကို ခေါ်ယူရှာဖွေစေရာမှ
တွေ့ရှိပြီး ကောင်းမွန်စွာသင်္ဂြ ိုဟ်ပေးလိုက် ကြရ
ပေသည်။
ဤသို့ဖြင့် AD 1763 မှ စ၍ ယိုးဒယားသိမ်းပိုက်ရေး
မဟာဗျူဟာသည် ၄ နှစ်အကြာ AD1767 ၌ ဆင်ဖြူ
ရှင် ဘုရင်မင်းမြတ်၏ အမိန့်တော်ရောက်ချိန်က စ
၃လ အတွင်း ပြီးစီးအဆုံးသတ်ခါ ယိုးဒယားနိုင်ငံ
တိုင်း ခရိုင် နယ်မြေအလုံးသည် မြန်မာနိုင်ငံတော်
အဖြစ်သို့ ရောက်ရှိသွားလေတော့သည်။
သို့ဖြစ်ပေရာ ယိုးဒယားတို့ သိမ်းပိုက်ထားသော
ကမ္ဘောဒီးယားအပါအဝင် ယခုကာလသတ်မှတ်
ချက်အရ ဗီယက်နမ်ကို ချန်လှပ်၍ ကျန်နယ်မြေ
ဒေသအလုံးမှာ သံလွင်မြစ် အရှေ့ဘက်အတိုင်း
ဆီက ကုန်းဘောင်အင်ပါယာ မြန်မာနိုင်ငံတော်
ကြီးပင် ဖြစ်တော့သည် ဖြစ်၏။
ဗီယက်နမ်သည် မြန်မာနိုင်ငံတော် ပိုင်နက်အတွင်း
ရောက်ရှိခြင်း မဖြစ်သော်ငြား ဝှေ့မြို့၌ ထီးနန်းစံ
နေသော ဗီယက်နမ်ဘုရင်သည် ဆင်ဖြူရှင်၏
ဘုန်းတော်ကို ခိုလှုံပါမည့်အကြောင်း သံတမန်
လွှတ်သဖြင့် ဆင်ဖြူရှင်က ပုဆိုးကောင်း ၂ထည်
လက်ဆောင်တော် ပြန်လည် ပေးအပ်လိုက်
ကြောင်းနှင့် မြန်မာဘုရင်၏ ကျေးဇူးရှိခဲ့ကြောင်း
မြန်မာဘုရင် ဘုန်းတန်ခိုးကြီးကြောင်းများကို
ဘိုးတော်ဘုရားနှင့် ဘကြီးတော်တို့လက်ထက်
ရောက်ရှိလာသည့် ယွန်းကြီး(ဗီယက်နမ်)သံများ
က ပြောဆိုလျှောက်ထားချက်များကို ကုန်းဘောင်
ခေတ် သံတမန်ရေးနှင့် စစ်ရေးဆိုင်ရာမှတ်တမ်း
များ၌ တွေ့မြင်နိုင်လေသည်။
သို့ဖြစ်ရာ ဆင်ဖြူရှင်သည် ဗီယက်နမ်ခေါ် ယွန်းကြီး
ပြည်အား နိုင်ငံတော်ပိုင်နက်အတွင်း ထည့်သွင်း
မထားသော်လည်း အယုဒ္ဓကို သိမ်းပိုက်ပြီး
ဗီယက်နမ်နယ်စပ်အထိ သိမ်းပိုက်ထားသည့်
မြန်မာဘုရင်ကို ယွန်းကြီးတို့က ရွှေဘုန်းတော်
ခိုလှုံ၍ ကျေးဇူးတော်ခံစားခဲ့သည်ဖြစ်သည်ကြောင့်
ဗီယက်နမ်သည် ဆင်ဖြူရှင်ဘုရင်မင်းမြတ်လက်
ထက် လက်ဆောင်ပဏ္ဏာဆက်သရသည့် မြန်မာ့
လက်အောက်ခံနိုင်ငံတစ်ခု ဖြစ်ကြောင်း ငြင်းကွယ်
မရသည်မှာ အထင်အရှားပင်ဖြစ်ပေသည်။
အင်အားတောင့်တင်းသော အယုဒ္ဓယ မြို့ကြီး ပျက်စီးသွားပြီး ဧကာဒသ်သေဆုံး၍ မင်းဆက်ပါ
ပြတ်သွားသည်ကို မြင်တွေ့လိုက်ရသော ယွန်းကြီး
(ဗီယက်နမ်)ဘုရင်သည် မြန်မာဘုရင်၏ ဘုန်းတော်
ရိပ်ကို မခိုလှုံဘဲ မည်သို့လျှင် အာခံဝံ့ပါမည်နည်း။
အကယ်၍ အာခံခဲ့ပါမူ ဧကာဒသ်နှင့် အယုဒ္ဓယ
မြို့၏ အဖြစ်ဆိုးမျိုး ယွန်းကြီး(ဗီယက်နမ်) နေပြည်
တော် ဝှေ့မြို့၌ ဖြစ်ပေါ်လာမည်မှာ မလွဲဧကန်ပင်
ဖြစ်သည်ပင် ဖြစ်၏။ ထိုအတွင်း ဗီယက်နမ်
မြောက်ပိုင်းသား ဒိုင်ဗိယက်တို့နှင့် မသင့်မတင့်
ဖြစ်နေသည့် ချင်းလုံ၏ ပထမ ကျူးကျော်မှုကို
မြန်မာတို့က စီးစီးပိုးပိုး အောင်မြင်လိုက်ပြန်ရာ
ပိုင်ဆိုင်မှု နယ်မြေဧရိယာကြီးမား ကျယ်ပြန့်သည့်
အပြင် အအောင်မြင်ဆုံးစစ်နည်းဗျူဟာ၊ စစ်အင်
အား၊ ၎င်းခေတ်၎င်းအခါ စစ်လက်နက်ပစ္စည်း
ခေတ်မီ ပြည့်စုံမှု၊ ရွှေတိဂုံစေတီတော်ကို လက်ရှိ
ဉာဏ်တော်အထိ မြှင့်တင်နိုင်သည့် ဥပမာအားဖြင့်
ချမ်းသာကြွယ်ဝမှု စသည့် အဘက်ဘက်က
သာလွန်တောင့်တင်းနေသော ဆင်ဖြူရှင်၏ မြန်မာ
နိုင်ငံတော်ကို အရှေ့ဘက် ပင်လယ် ကမ်းရိုးတန်း
ဘေးက ဝှေ့မြို့နန်းတော်မှ ယွန်းကြီးဘုရင်သည်
အဘယ်မည်သော စွမ်းပကားရှိသည်ကြောင့်
ရွှေဖဝါးတော်အောက် မရောက် မလာ အာခံ၍
နေဝ့ံမည် ဖြစ်ပါသနည်း။
အယုဒ္ဓယမြို့ကို မြန်မာတပ်တို့သည် ဆင်ဖြူရှင်၏
အမိန့်အတိုင်း နောက်နောင် ခြေလက်မထူနိုင်
စေရန်အတွက် ကျုံးမြောင်းကစ၍ အလုံးစုံ ဖျက်
ဆီးပစ်ရလေသည်။ တရုတ်စစ် သည်လည်း
ရောက်လျက်ရှိသည့်အပြင် ပီကင်းကို ကိုယ်တိုင်
တက်သိမ်း၍ ချင်မင်းဆက်ဖြတ်ပစ်ရန် စီမံနေသည့်
ဆင်ဖြူရှင်အတွက် တရုတ်တို့အား တိုက်ခိုက်
သိမ်းပိုက်နေသည့်အတွင်း အယုဒ္ဓယက တဖန်
ပူပြင်းသောင်းကျန်းသဖြင့် နောက်ကြောင်းမအေး
စိတ်စနောင့်စနင်းဖြစ်ရမည်ကို လိုလားသည်
မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
ထို့ကြောင့်သာလျှင် အယုဒ္ဓယကို နောင် မည်သူမျှ
တက်၍ မင်းမပြုနိုင်စေရန် အလုံးစုံ ဖျက်ဆီး၍
မြေလှန်ပစ်ရန် အမိန့်ပေးခဲ့ခြင်းပင်ဖြစ်၏။
ဘုရင့်မိသားစုနှင့်တကွ ခေါ်သင့်ခေါ်ထိုက်သည့်
ယိုးဒယားသားများအား မြန်မာတို့သည် သိမ်းကြုံး
ယူငင်၍ အင်းဝနေပြည်တော်သို့ တရုတ်တို့အား
ဆက်လက်တိုက်ခိုက်ရန် ပြန်လာခဲ့ကြလေသည်။
ဤ၌ ယိုးဒယားမင်း၏ မြေးတော်များ၏ အမည်များ
မှာ ရှေ့၌ မွန်ဟူသည့် အမည်စကားရပ်များ ပါဝင်
နေသည်မှာ ထူးခြားမှုတစ်ခု ဖြစ်သည်။
မသယ်နိုင်တော့သည့် အမြောက်များအား ယမ်း
ထည့်၍ ဖောက်ခွဲပစ်ကြရပြီး၊ အချို့အား ရေချ၍
မြှုပ်ပစ်ကြရပေသည်။ ဤသို့ဖြင့် မြန်မာတပ်တို့
သည် အယုဒ္ဓယကို မြို့လုံးကျွတ် သိမ်းယူဖျက်ဆီး
ပစ်ခဲ့ပြီး ချင်းလုံ၏ တရုတ်များအားဆက်လက်
တိုက်ခိုက်ရန်အတွက် အင်းဝနေပြည်တော်သို့
အောင်ပွဲခံ ပြန်လာခဲ့ကြ၏။ အလွန်ကျယ်ပြောလှ
သည့် ဒေသတွင်းတစ်ခုလုံးကို စိုးမိုး လွှမ်းခြုံနေ
သော ကုန်းဘောင်အင်ပါယာ မြန်မာနိုင်ငံတော်၏
အရှင်သခင် ဆင်ဖြူရှင် ဘုရင်မင်းမြတ်သည်
သိမ်းကြုံးယူငင်လာခဲ့သည့် ယိုးဒယားသားတို့အား
အစုအကွက်ချ၍ ကောင်းမွန်စွာထားပြီး လုပ်မိုး
လုပ်မြေများပေးတော်မူခဲ့ပြီးမှ ရာဇဘိသေကခံ၍
မဟာဥင်္ကသဖွင့် ဘွဲ့တံဆိပ်နာမတော်ခံယူခဲ့၏။
မြန်မာနိုင်တော်သည်လည်း ရှေ့က ပုဂံခေတ်၊ တောင်ငူခေတ်ကာလများကကဲ့သို့ပင် ပိုင်နက် နယ်ပယ် ကြီးမားကျယ်ပြန့်လာသည့်အပြင် မြန်မာ
တို့၏ ဘုန်းတန်ခိုးသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိ ထွန်းတောက်လာခဲ့လေတော့သည်။
………………………………………………………။
ပုံစာ-
အယုဒ္ဓယ ပျက်သုဉ်းခြင်း။
Fall of Ayutthya.

No comments:

Post a Comment