Tuesday, September 24, 2019

ငေထြရူး၊ ငလံုးလက္ဖယ္၊ ေညာင္ဦးဖီး။ ကကၤသူ၊ ကကၤဗိုလ္၊ ကကၤပတိ။

"ငေထြရူး၊ ငလံုးလက္ဖယ္၊ ေညာင္ဦးဖီး။
ကကၤသူ၊ ကကၤဗိုလ္၊ ကကၤပတိ။ "
***************************************
(ပရိမၼ ထီးလိႈင္ရွင္ဘုရားေက်ာက္စာ
ေလ့လာ ဆန္းစစ္ ဆင္ျခင္ သံုးသပ္ခ်က္)
…………………………………………………………။
ရာဇဝင္မွာေတာ့ ဥႆာပဲကူ(း)က အျပန္
ဥႆာ မင္း သမီး ခင္ဦးနဲ႔ က်န္စစ္သား ခ်စ္သူေတြ
ျဖစ္ၾကျပီးတဲ႔ေနာက္ က်န္စစ္သားရဲ႕ "ရဲေဖာ္ရဲဖက္"*
ေတြျဖစ္တဲ႔ က်န္ သူရဲေကာင္း ၃ေယာက္ဟာ
အစအန ရွာ မေတြ႕ေတာ့ပါဘူး။
ငေထြရူး၊ ငလံုးလက္ဖယ္နဲ႔၊ ေညာင္ဦးဖီးတို့
ဘယ္မ်ား ေရာက္သြားၾကပါလိမ့္လို့ သိခ်င္ၾကတာ
လူတိုင္းလိုလိုပါပဲ။ ရဲေဖာ္ရဲဖက္ေတြျဖစ္တဲ႔
သူရဲေကာင္း ၄ေယာက္ထဲကမွ က်န္စစ္သားကိုပဲ
ခင္ဦးက ေမတၱာရွိမယ္ဆိုလည္း ရွိခ်င္စရာပါ။
၄ ေယာက္ထဲမွာ လူေခ်ာ၊ ဘုရင့္သား(လွည္း
ေထာင္ ဘုရား ေက်ာက္စာ ဖတ္ျပီးမွ ျငင္း)၊
ဥႆာကို လာဝိုင္းတဲ႔ ဗီယက္နမ္ေတာင္ပိုင္းသား
ၾကြမ္း(cham)ေတြကို စစ္သူႀကီးေတြပါ လက္ရ
ဖမ္းမိေအာင္ စြမ္းေဆာင္ထားတဲ႔ ကယ္တင္ရွင္။
ၾကြမ္းစစ္သူႀကီးေတြကို လက္ရဖမ္းျပီး ဥႆာျမိဳ႕ထဲ
ေအာင္ပြဲခံဝင္လာတဲ႔အခါ ခင္ဦးပန္ကုံးစြပ္မွာက
ပုဂံျပည့္ရွင္ ဘုရင့္သား လူေခ်ာ က်န္စစ္သားပဲ
ျဖစ္မွာ အေသအခ်ာေပါ့။ ထားပါေတာ့ လပ္ဖ္ဆင္း။
က်န္စစ္သားမင္းျဖစ္ေတာ့-
သူ့ေမြးရပ္ေျမ ပရိမၼအရပ္မွာ ဘုရားတည္ျပီး၊
ပရိမၼကိုလည္း ျမိဳ႕အဆင့္ျမွင့္တင္ ေဆာင္ရြက္
လိုက္တယ္။(ပရိမၼထီးလိႈင္ရွင္ဘုရား ေက်ာက္စာ
ေက်ာဘက္ အေလာင္းစည္သူမင္း(သကၠရာဇ္ ၅၄၅)
ထိုး)
ပရိမၼထီးလိႈင္ရွင္ဘုရား ေက်ာက္စာ မ်က္ႏွာဘက္
ဟာ က်န္စစ္မင္းလက္ထက္ထိုး ျဖစ္ျပီးေတာ့
ေနာက္ေက်ာဘက္ကိုေတာ့ ပရိမၼထီးလိႈင္ရွင္ဘုရား
ပ်က္လို့ ျပန္ျပင္တဲ႔ အေလာင္းစည္သူက သူျပင္ဆင္
ခဲ႔ေၾကာင္း မူလ က်န္စစ္မင္းထိုးေက်ာက္စာခ်ပ္ရဲ႕
ေက်ာဘက္မွာပဲ ဆက္လက္ ေရးထိုးခဲ႔တာ
ျဖစ္ပါတယ္။ (၂ ဘက္လံုး ျမန္မာအကၡရာ ျမန္မာ ဘာသာ)
ဒီ ေက်ာက္စာရဲ႕ မ်က္ႏွာဘက္ က်န္စစ္မင္းထိုး
ေဖာ္ျပ အေၾကာင္းအရာေတြက-
၁/ သကၠရာဇ္ ၄၆၉ ခု မာဃသံဝစၧိဳဏ္(မာဃႏွစ္)
၂/ သီရိဘဝနာဒိတ်ဝံသ ရာဇဓိရာဇာ။ မဟဗၺေလာ=ႀကီးမားေသာအစြမ္းႏွင့္ အလြန္မ်ား
ျပားသည့္ စစ္သည္ဗိုလ္ပါရွိေသာ၊ ဇိနိ
၃/ တြာန = ေအာင္ျမင္ျခင္း၊ မဟိ ံ= ႀကီးပြားသည္၊
သဗၺံ = အလံုးစံုေသာ၊ သမၸတာရယႏၲိ = ဖုံးလႊမ္းအပ္
ကုန္သည္ ျဖစ္၏။ (ပါဠိကို ဆီေလ်ာ္ေအာင္ ဆိုရ
ရင္- " ႀကီးမားေသာအစြမ္းႏွင့္ အလြန္မ်ားျပားသည့္
စစ္သည္ဗိုလ္ပါရွိေသာ သီရိဘဝနာဒိတ်ဝံသ ရာဇဓိရာဇာအား ေအာင္ျမင္ျခင္း ႀကီးပြားျခင္းမ်ား
အလံုးစံု ဖံုးလႊမ္း၍ ျပည့္စံုေစသတည္း"
လို့ ဆိုပါတယ္)
ကဆုန္လဆန္း ၁၀ ရက္၊ ၅
၄/ ေန့(ၾကာသပေတးေန့)၊ မိမိဖြားရာ ပရိမ္ျပည္၌
ထီးလိႈင္ရွင္မင္းႀကီး ေစ
၅/ တီ တည္၏။ တည္ျပီးရကား ဥႆာလမည္
တန္လိုင္း(တလိုင္း) ျပ
၆/ ည္ကို နည္နည္ညက္ညက္ ဖ်က္ေခ်ျပီး၍
ေခ်ထေသာ ပ
၇/ ညာႀကီးေသာ တလိုင္း သုခမိန္ကိုလည္း ထား၏။ "ေရႊ"ထမ္းစ
( ေက်ာက္စာရဲ႕ "ေရႊ" ေရးပံုကို ၾကည့္ပါ။ အဲဒါ သကၠတ ေရးဟန္ပါ။ ဒီေက်ာက္စာမွာ သကၠတ
ေရးဟန္ေတြ အေတာ္မ်ားမ်ား ပါရွိပါတယ္။
၈/ င္ ေရႊသန္လ်င္းလည္း ထား၏။ မိမိ "ရဲခ်င္း"***
ျဖစ္ထက်င္ေသာ ေစာင္း
၉/ ဆင္တင္းကုပ္တြင္ ရြယ္၍ လွဴေသာ "ကကၤသူ၊
ကကၤဗိုလ္၊ ကကၤပတိ"*** အမ
၁၀/ တ္ ၃ေယာက္စေသာ က်ြန္ေတာ္ ၁၀၀ လွဴ၏။
ရြာသာ၊ ေျပာင္းျပာ၌ ျဖစ္ေသာ
၁၁/ စပါးလည္း ၁၅၀၀ လွဴေတာ္မူ၏။ ၾကက္သြန္
ျမိတ္ႏွင့္ ငရုတ္၊ ခ်င္း၊ ဆား၊ ငပိ
(ကသြန္မိန္ ကို ေရွ႕က အယူအတိုင္း ၾကက္သြန္
ျမိတ္ လို့ ယူလိုက္ပါတယ္။ ၾကက္သြန္ျမိတ္ဆိုတာ
ၾကက္သြန္ဥကေန ထြက္လာတဲ႔ အျမိတ္သ႑ာန္
အပင္ေပါက္ညြန့္ေလးေတြကို ေခၚမွန္း လူတိုင္း
သိပါတယ္။ တို့ပဲစားစား၊ ဟင္းပဲခပ္ခပ္ ပါ။
ကသြန္မိန္ဟာ ေပါရာဏျဖစ္ျပီးေတာ့ အျခားအရာ
ကို ေခၚတာဆိုရင္ေတာ့ လြဲမွာ ျဖစ္ပါတယ္)
၁၂/ မုဥင္၊ ႀကိမ္ႏြယ္ မၾကြင္း ဝင္မနားက်ီ တြင္
ထုတ္၍ လွဴ၏။ ဤငါ့
(မုဥင္ ဆိုတာ ဘာပစၥည္းမွန္း မသိပါဘူး)
ဝင္မနား ဆိုတာက တိုင္းျပည္သံုးမဟုတ္တဲ႔
ဘုရင္သံုးက်ီေတာ္ရဲ႕ အမည္။ ဝင္မနား ဆိုေတာ့
မနားတမ္းဝင္ ေစတဲ႔ သေဘာေဆာင္တာေပါ့)
၁၃/ လွဴဝတ္ကို မျပတ္ခ်ီပင့္တေသာ ေနာင္လာ
ေသာ မင္းတို့ကား ငါႏွ
၁၄/ င့္ ထပ္တူ ရၾကပါေစ။ ဤသို့ဟူ၍ ထီးလိႈင္ရွင္
မင္းႀကီး မွတ္ေတာ္မူ၏။
(ေရွးအဘိုးႀကီး အဘြားႀကီးေတြဟာ "ရၾက" ကို
"ရစ" လို့ အသံထြက္ၾကပါေသးတယ္။ ဒါေပမယ့္
စ သံ ပီပီသသ မဟုတ္ပါဘူး။ စ လိုလို ခ် လိုလို
က် လိုလို။  ဒါဟာလည္း သကၠတသံ ျဖစ္ဖို့ရာပါ)
ဒီ ေက်ာက္စာရဲ႕ လိုရင္းက -
"က်န္စစ္သားဟာ သူေမြးဖြားရာ ပရိမၼျပည္မွာ
(ဒါဟာ ေက်ာက္စာနဲ႔ ရာဇဝင္ ကိုက္ညီမႈပါ။ ရာဇဝင္
မွာ အေနာ္ရထာဟာ က်န္စစ္သားမယ္ေတာ္ကို
ပရိမၼ အရပ္ကို ပို့ထားတယ္လို့ ဆိုပါတယ္)
ေစတီတည္တယ္။ တလိုင္းျပည္ ဥႆာကို
စိစိညက္ညက္ေက်ေအာင္ ဖ်က္တယ္။ ျပီးေတာ့
ဥႆာက ပါလာတဲ႔ ေခ်ေခ်ငံငံရွိျပီး(ေခ်ထေသာ)
ပညာႀကီးတဲ႔ တလိုင္းအမတ္ကို ဘုရားမွာ ထားတယ္။ ေရႊထမ္းစင္၊ ေရႊသန္လ်င္း လည္း
ထားတယ္။ ဒါ့အျပင္ သူ့ရဲ႕ ရဲခ်င္း(ရဲေဖာ္
ရဲဖက္ခ်င္း) ျဖစ္တဲ႔ "ကကၤသူ၊ ကကၤဗိုလ္၊ ကကၤ
ပတိ တို့ အမတ္ ၃ ေယာက္နဲ႔ က်ြန္ ၁၀၀ ကို
ေစာင္း ဆင္တင္းကုပ္ အတြက္ လွဴတယ္"
က်န္တဲ႔ အလွဴပစၥည္းက ထားေတာ့။
ေစာင္း ဆင္တင္းကုပ္ဆိုတာက ဆင္ေစာင္း၊
ဆင္တင္းကုပ္ ကို ေျပာတာျဖစ္တယ္။
ျမင္းေစာင္း(ေဇာင္း) လို့ ေခၚသလိုပဲ။
ဆင္ေစာင္း(ေဇာင္း) ျမင္းေစာင္း(ေဇာင္း)၊
ဆင္တင္းကုပ္ ျမင္းတင္းကုပ္။
ေစာင္း(ေဇာင္း) ဆိုတာ အစာေက်ြးတဲ႔ေနရာ၊
အစာထည့္တဲ႔ အိမ္ကိုေခၚတာျဖစ္တယ္။
ႏြာေစာင္း ဆိုရင္ ႏြားစာထည့္တဲ႔ ႏြားလည္ပင္း
ေပါက္ ဝင္ဖို့ လုပ္ထားတဲ႔ တိုင္ေလးတိုင္နဲ႔ ေဘးက
သစ္သားျပားေတြ ကာရံထားတဲ႔ အရာကိုေခၚ
တယ္။ တတ္ႏိုင္တဲ႔သူေတြက ပြတ္လံုးေတြ
ကႏုတ္ေတြနဲ႔ေတာင္ လုပ္ၾကေသးတယ္။
အဲဒီေစာင္းထဲကို ႏြားက ေျခနင္းခံု ေရွ႕ေနာက္
ေပၚ တက္စားရတယ္။ ႏြားေစာင္းက ႏြားတင္း
ကုပ္ထဲမွာ ထားသလို အျပင္မွာလည္း ထားတာ
ရွိတယ္။ ဒီေလာက္ဆို မ်က္စိထဲ ေပၚမယ္ ထင္
ပါတယ္။ အဲဒါကို ေရႊတြင္းေအာင္းဘုရား
ေက်ာက္စာမွာ ထပ္ေတြ႔ရမယ္။ ေၾကာင္းေရ
၁၀-၁၁ မွာ - " ကိုင္းနိမ့္၌ ေစာင္းေတာ္ပ်က္၍
ေနေတာ္မူေသာအခါ ဆင္မ်ား ထူးပြတ္သြား
ေစျပီးေသာ" လို့ ေရးထိုးထားတယ္။
ကိုင္းနိမ့္က ဆင္ေစာင္းေတာ္ပ်က္လို့ ေနတဲ႔အခါ
ဆင္ေတြကို ထူးပြတ္ျပီး သြားေစတယ္" ဆိုတာပါ။
အဲဒီ ပရိမၼက ဆင္ေစာင္း(ေဇာင္း) ဆင္တင္းကုပ္
မွာ က်န္စစ္မင္းဟာ သူ့ရဲ႕ "ရဲေဖာ္ရဲဖက္ခ်င္း"
[ မိမိ ရယ္ခ်င္(း)= ရဲခ်င္း ] ျဖစ္တဲ႔ အမတ္ ၃ေယာက္
ကကၤသူ၊ ကကၤဗိုလ္၊ ကကၤပတိ တို့ကို ဆင္ေတြကို
ၾကည့္ရႈေစာင့္ေရွာက္ဖို့ က်ြန္ေတာ္ ၁၀၀ နဲ႔တကြ
လွူတယ္။ ဘုရားကို ဆင္ေတြ အေတာ္မ်ားမ်ား
လွဴပံုရပါတယ္။ ၎ အမတ္ ၃ ေယာက္ကေတာ့
ႀကီးၾကပ္ရမယ့္ သူေတြ ျဖစ္မွာေပမယ့္ အဲဒီမွာ
ထာဝရ ေနေနရမွာေတာ့ မဟုတ္ေလာက္ပါဘူး။
အဲဒီ မိမိရဲ႕ "ရဲခ်င္း" "ရဲေဖာ္ရဲဖက္ခ်င္း" =
"တိုက္ေဖာ္တိုက္ဖက္ခ်င္း" ဆိုတာဟာ စိတ္ဝင္
စားစရာပါ။
က်န္စစ္သားရဲ႕ ရဲခ်င္း = ရဲေဖာ္ရဲဖက္ခ်င္း ၃ေယာက္
ဟာ ဘယ္သူေတြပါလဲ။
ငေထြရူး၊ ငလံုးလက္ဖယ္၊ ေညာင္ဦးဖီး ၃ ေယာက္
ပဲ ျဖစ္ပါတယ္။ သထံု တိုက္ေတာ့လည္း အတူတူ။
ဒီ ၃ေယာက္။ ဥႆာတိုက္ေတာ့လည္း အတူတူ။
ဒီ ၃ေယာက္။ တရုတ္ျပည္စြယ္ေတာ္သြား ေတာင္း
ေတာ့လည္း အတူတူ။ ဒီ ၃ ေယာက္။
အခု ပရိမၼဘုရားမွာ ဆင္ေတြကို ႀကီးၾကပ္ဖို့ရာ
အႀကီး အမွဴးခန့္ေတာ့လည္း မိမိရဲခ်င္း ၃ ေယာက္။
ကကၤသူ၊ ကကၤဗိုလ္၊ ကကၤပတိ။
ဒါဆိုရင္ -
ငေထြရူး၊ ငလံုးလက္ဖယ္၊ ေညာင္ဦးဖီး တို့
၃ ေယာက္ဟာ က်န္စစ္မင္းလက္ထက္မွာ
စစ္သူႀကီး အမတ္မ်ား အျဖစ္ က်န္စစ္မင္းက
"မိမိ ရဲခ်င္း"="မိမိ ရဲေဖာ္ရဲဖက္ခ်င္း" ေတြကို
ခ်ီးေျမွာက္ေသာအားျဖင့္ ကကၤသူ၊ ကကၤဗိုလ္၊ ကကၤပတိ ရယ္လို့ ဘြဲ႕အမည္ေပးျပီး ေျမွာက္စား
ထားသည္သာ ျဖစ္ဖို့ရာပါ။
ပရိမၼထီးလိႈင္ရွင္ဘုရား ေက်ာက္စာအရ -
ငေထြရူး၊ ငလံုးလက္ဖယ္၊ ေညာင္ဦးဖီးတို့ဟာ
ကကၤသူ၊ ကကၤဗိုလ္၊ ကကၤပတိ ဆိုတဲ႔
ဘြဲ႕အမည္ေတြနဲ႔ က်န္စစ္မင္းရဲ႕ လက္ရံုးအမတ္
ႀကီးမ်ားအျဖစ္ ပုဂံနန္းေတာ္မွာ ခစားထမ္းရြက္
ေနၾကတယ္လို့ ယူဆရမွာပဲ ျဖစ္ပါတယ္။
က်န္စစ္မင္းဟာ
"မိမိ ရဲခ်င္း" = မိမိ ရဲေဖာ္ရဲဖက္ခ်င္း" ၃ ေယာက္ကို
မိမိ မင္းျဖစ္တဲ႔အခါ မေမ့မေလ်ာ့ ခ်ီးေျမွာက္ခဲ႔
တယ္လို့ ယံုၾကည္မိပါတယ္။
ငေထြရူး၊ ငလံုးလက္ဖယ္၊ ေညာင္ဦးဖီးတို့
ဘယ္မွ ေရာက္မသြားပါဘူး။
ပရိမၼထီးလိႈင္ရွင္ဘုရား ေက်ာက္စာအရ
ကကၤသူ၊ ကကၤဗိုလ္၊ ကကၤပတိ ဘြဲ႕အမည္ေတြနဲ႔
ပုဂံနန္းေတာ္မွာ တာဝန္မ်ားကို ဆက္လက္
ထမ္းေဆာင္ေနေၾကာင္းပါ
ဟူလို။
……………………………………………………………။
ပံုစာ -
ပရိမၼ ထီးလိႈင္ဘုရား ေက်ာက္စာ။
(ဖတ္ခ်က္ - ဦးျငိမ္းေမာင္)
……………………………………………………။
စာၾကြင္း -
ပရိမၼထီးလိႈင္ရွင္ဘုရား
ေက်ာက္စာ ေက်ာဘက္
ေရးထိုး ဘုရားျပဳျပင္သူ
စည္သူမင္းႀကီးဆိုသည္မွာ
ရာဇဝင္မ်ား၌ သကၠရာဇ္
ကြဲလြဲမႈမ်ား ရွိေနသျဖင့္
နန္းသက္ရွည္သည့္
အေလာင္းစည္သူကို ခန့္မွန္း
တြက္ခ်က္ရယူထားျခင္း ျဖစ္သည္။
အက်ယ္သိလိုပါက
ရာဇဝင္ ၃ ေစာင္လံုးကို
တိုက္ဆိုင္ စစ္ေဆးပါရန္။

…………………………………………………

"ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး။
ကင်္ကသူ၊ ကင်္ကဗိုလ်၊ ကင်္ကပတိ။ "
****************************************
(ပရိမ္မ ထီးလှိုင်ရှင်ဘုရားကျောက်စာ
လေ့လာ ဆန်းစစ် ဆင်ခြင် သုံးသပ်ချက်)
…………………………………………………………။
ရာဇဝင်မှာတော့ ဥဿာပဲကူ(း)က အပြန်
ဥဿာ မင်း သမီး ခင်ဦးနဲ့ ကျန်စစ်သား ချစ်သူတွေ
ဖြစ်ကြပြီးတဲ့နောက် ကျန်စစ်သားရဲ့ "ရဲဖော်ရဲဖက်"*
တွေဖြစ်တဲ့ ကျန် သူရဲကောင်း ၃ယောက်ဟာ
အစအန ရှာ မတွေ့တော့ပါဘူး။
ငထွေရူး၊ ငလုံးလက်ဖယ်နဲ့၊ ညောင်ဦးဖီးတို့
ဘယ်များ ရောက်သွားကြပါလိမ့်လို့ သိချင်ကြတာ
လူတိုင်းလိုလိုပါပဲ။ ရဲဖော်ရဲဖက်တွေဖြစ်တဲ့
သူရဲကောင်း ၄ယောက်ထဲကမှ ကျန်စစ်သားကိုပဲ
ခင်ဦးက မေတ္တာရှိမယ်ဆိုလည်း ရှိချင်စရာပါ။
၄ ယောက်ထဲမှာ လူချော၊ ဘုရင့်သား(လှည်း
ထောင် ဘုရား ကျောက်စာ ဖတ်ပြီးမှ ငြင်း)၊
ဥဿာကို လာဝိုင်းတဲ့ ဗီယက်နမ်တောင်ပိုင်းသား
ကြွမ်း(cham)တွေကို စစ်သူကြီးတွေပါ လက်ရ
ဖမ်းမိအောင် စွမ်းဆောင်ထားတဲ့ ကယ်တင်ရှင်။
ကြွမ်းစစ်သူကြီးတွေကို လက်ရဖမ်းပြီး ဥဿာမြို့ထဲ
အောင်ပွဲခံဝင်လာတဲ့အခါ ခင်ဦးပန်ကုံးစွပ်မှာက
ပုဂံပြည့်ရှင် ဘုရင့်သား လူချော ကျန်စစ်သားပဲ
ဖြစ်မှာ အသေအချာပေါ့။ ထားပါတော့ လပ်ဖ်ဆင်း။
ကျန်စစ်သားမင်းဖြစ်တော့-
သူ့မွေးရပ်မြေ ပရိမ္မအရပ်မှာ ဘုရားတည်ပြီး၊
ပရိမ္မကိုလည်း မြို့အဆင့်မြှင့်တင် ဆောင်ရွက်
လိုက်တယ်။(ပရိမ္မထီးလှိုင်ရှင်ဘုရား ကျောက်စာ
ကျောဘက် အလောင်းစည်သူမင်း(သက္ကရာဇ် ၅၄၅)
ထိုး)
ပရိမ္မထီးလှိုင်ရှင်ဘုရား ကျောက်စာ မျက်နှာဘက်
ဟာ ကျန်စစ်မင်းလက်ထက်ထိုး ဖြစ်ပြီးတော့
နောက်ကျောဘက်ကိုတော့ ပရိမ္မထီးလှိုင်ရှင်ဘုရား
ပျက်လို့ ပြန်ပြင်တဲ့ အလောင်းစည်သူက သူပြင်ဆင်
ခဲ့ကြောင်း မူလ ကျန်စစ်မင်းထိုးကျောက်စာချပ်ရဲ့
ကျောဘက်မှာပဲ ဆက်လက် ရေးထိုးခဲ့တာ
ဖြစ်ပါတယ်။ (၂ ဘက်လုံး မြန်မာအက္ခရာ မြန်မာ ဘာသာ)
ဒီ ကျောက်စာရဲ့ မျက်နှာဘက် ကျန်စစ်မင်းထိုး
ဖော်ပြ အကြောင်းအရာတွေက-
၁/ သက္ကရာဇ် ၄၆၉ ခု မာဃသံဝစ္ဆိုဏ်(မာဃနှစ်)
၂/ သီရိဘဝနာဒိတျဝံသ ရာဇဓိရာဇာ။ မဟဗ္ဗလော=ကြီးမားသောအစွမ်းနှင့် အလွန်များ
ပြားသည့် စစ်သည်ဗိုလ်ပါရှိသော၊ ဇိနိ
၃/ တွာန = အောင်မြင်ခြင်း၊ မဟိ ံ= ကြီးပွားသည်၊
သဗ္ဗံ = အလုံးစုံသော၊ သမ္ပတာရယန္တိ = ဖုံးလွှမ်းအပ်
ကုန်သည် ဖြစ်၏။ (ပါဠိကို ဆီလျော်အောင် ဆိုရ
ရင်- " ကြီးမားသောအစွမ်းနှင့် အလွန်များပြားသည့်
စစ်သည်ဗိုလ်ပါရှိသော သီရိဘဝနာဒိတျဝံသ ရာဇဓိရာဇာအား အောင်မြင်ခြင်း ကြီးပွားခြင်းများ
အလုံးစုံ ဖုံးလွှမ်း၍ ပြည့်စုံစေသတည်း"
လို့ ဆိုပါတယ်)
ကဆုန်လဆန်း ၁၀ ရက်၊ ၅
၄/ နေ့(ကြာသပတေးနေ့)၊ မိမိဖွားရာ ပရိမ်ပြည်၌
ထီးလှိုင်ရှင်မင်းကြီး စေ
၅/ တီ တည်၏။ တည်ပြီးရကား ဥဿာလမည်
တန်လိုင်း(တလိုင်း) ပြ
၆/ ည်ကို နည်နည်ညက်ညက် ဖျက်ချေပြီး၍
ချေထသော ပ
၇/ ညာကြီးသော တလိုင်း သုခမိန်ကိုလည်း ထား၏။ "ရွှေ"ထမ်းစ
( ကျောက်စာရဲ့ "ရွှေ" ရေးပုံကို ကြည့်ပါ။ အဲဒါ သက္ကတ ရေးဟန်ပါ။ ဒီကျောက်စာမှာ သက္ကတ
ရေးဟန်တွေ အတော်များများ ပါရှိပါတယ်။
၈/ င် ရွှေသန်လျင်းလည်း ထား၏။ မိမိ "ရဲချင်း"***
ဖြစ်ထကျင်သော စောင်း
၉/ ဆင်တင်းကုပ်တွင် ရွယ်၍ လှူသော "ကင်္ကသူ၊
ကင်္ကဗိုလ်၊ ကင်္ကပတိ"*** အမ
၁၀/ တ် ၃ယောက်စသော ကျွန်တော် ၁၀၀ လှူ၏။
ရွာသာ၊ ပြောင်းပြာ၌ ဖြစ်သော
၁၁/ စပါးလည်း ၁၅၀၀ လှူတော်မူ၏။ ကြက်သွန်
မြိတ်နှင့် ငရုတ်၊ ချင်း၊ ဆား၊ ငပိ
(ကသွန်မိန် ကို ရှေ့က အယူအတိုင်း ကြက်သွန်
မြိတ် လို့ ယူလိုက်ပါတယ်။ ကြက်သွန်မြိတ်ဆိုတာ
ကြက်သွန်ဥကနေ ထွက်လာတဲ့ အမြိတ်သဏ္ဍာန်
အပင်ပေါက်ညွန့်လေးတွေကို ခေါ်မှန်း လူတိုင်း
သိပါတယ်။ တို့ပဲစားစား၊ ဟင်းပဲခပ်ခပ် ပါ။
ကသွန်မိန်ဟာ ပေါရာဏဖြစ်ပြီးတော့ အခြားအရာ
ကို ခေါ်တာဆိုရင်တော့ လွဲမှာ ဖြစ်ပါတယ်)
၁၂/ မုဥင်၊ ကြိမ်နွယ် မကြွင်း ဝင်မနားကျီ တွင်
ထုတ်၍ လှူ၏။ ဤငါ့
(မုဥင် ဆိုတာ ဘာပစ္စည်းမှန်း မသိပါဘူး)
ဝင်မနား ဆိုတာက တိုင်းပြည်သုံးမဟုတ်တဲ့
ဘုရင်သုံးကျီတော်ရဲ့ အမည်။ ဝင်မနား ဆိုတော့
မနားတမ်းဝင် စေတဲ့ သဘောဆောင်တာပေါ့)
၁၃/ လှူဝတ်ကို မပြတ်ချီပင့်တသော နောင်လာ
သော မင်းတို့ကား ငါနှ
၁၄/ င့် ထပ်တူ ရကြပါစေ။ ဤသို့ဟူ၍ ထီးလှိုင်ရှင်
မင်းကြီး မှတ်တော်မူ၏။
(ရှေးအဘိုးကြီး အဘွားကြီးတွေဟာ "ရကြ" ကို
"ရစ" လို့ အသံထွက်ကြပါသေးတယ်။ ဒါပေမယ့်
စ သံ ပီပီသသ မဟုတ်ပါဘူး။ စ လိုလို ချ လိုလို
ကျ လိုလို။  ဒါဟာလည်း သက္ကတသံ ဖြစ်ဖို့ရာပါ)
ဒီ ကျောက်စာရဲ့ လိုရင်းက -
"ကျန်စစ်သားဟာ သူမွေးဖွားရာ ပရိမ္မပြည်မှာ
(ဒါဟာ ကျောက်စာနဲ့ ရာဇဝင် ကိုက်ညီမှုပါ။ ရာဇဝင်
မှာ အနော်ရထာဟာ ကျန်စစ်သားမယ်တော်ကို
ပရိမ္မ အရပ်ကို ပို့ထားတယ်လို့ ဆိုပါတယ်)
စေတီတည်တယ်။ တလိုင်းပြည် ဥဿာကို
စိစိညက်ညက်ကျေအောင် ဖျက်တယ်။ ပြီးတော့
ဥဿာက ပါလာတဲ့ ချေချေငံငံရှိပြီး(ချေထသော)
ပညာကြီးတဲ့ တလိုင်းအမတ်ကို ဘုရားမှာ ထားတယ်။ ရွှေထမ်းစင်၊ ရွှေသန်လျင်း လည်း
ထားတယ်။ ဒါ့အပြင် သူ့ရဲ့ ရဲချင်း(ရဲဖော်
ရဲဖက်ချင်း) ဖြစ်တဲ့ "ကင်္ကသူ၊ ကင်္ကဗိုလ်၊ ကင်္က
ပတိ တို့ အမတ် ၃ ယောက်နဲ့ ကျွန် ၁၀၀ ကို
စောင်း ဆင်တင်းကုပ် အတွက် လှူတယ်"
ကျန်တဲ့ အလှူပစ္စည်းက ထားတော့။
စောင်း ဆင်တင်းကုပ်ဆိုတာက ဆင်စောင်း၊
ဆင်တင်းကုပ် ကို ပြောတာဖြစ်တယ်။
မြင်းစောင်း(ဇောင်း) လို့ ခေါ်သလိုပဲ။
ဆင်စောင်း(ဇောင်း) မြင်းစောင်း(ဇောင်း)၊
ဆင်တင်းကုပ် မြင်းတင်းကုပ်။
စောင်း(ဇောင်း) ဆိုတာ အစာကျေွးတဲ့နေရာ၊
အစာထည့်တဲ့ အိမ်ကိုခေါ်တာဖြစ်တယ်။
နွာစောင်း ဆိုရင် နွားစာထည့်တဲ့ နွားလည်ပင်း
ပေါက် ဝင်ဖို့ လုပ်ထားတဲ့ တိုင်လေးတိုင်နဲ့ ဘေးက
သစ်သားပြားတွေ ကာရံထားတဲ့ အရာကိုခေါ်
တယ်။ တတ်နိုင်တဲ့သူတွေက ပွတ်လုံးတွေ
ကနုတ်တွေနဲ့တောင် လုပ်ကြသေးတယ်။
အဲဒီစောင်းထဲကို နွားက ခြေနင်းခုံ ရှေ့နောက်
ပေါ် တက်စားရတယ်။ နွားစောင်းက နွားတင်း
ကုပ်ထဲမှာ ထားသလို အပြင်မှာလည်း ထားတာ
ရှိတယ်။ ဒီလောက်ဆို မျက်စိထဲ ပေါ်မယ် ထင်
ပါတယ်။ အဲဒါကို ရွှေတွင်းအောင်းဘုရား
ကျောက်စာမှာ ထပ်တွေ့ရမယ်။ ကြောင်းရေ
၁၀-၁၁ မှာ - " ကိုင်းနိမ့်၌ စောင်းတော်ပျက်၍
နေတော်မူသောအခါ ဆင်များ ထူးပွတ်သွား
စေပြီးသော" လို့ ရေးထိုးထားတယ်။
ကိုင်းနိမ့်က ဆင်စောင်းတော်ပျက်လို့ နေတဲ့အခါ
ဆင်တွေကို ထူးပွတ်ပြီး သွားစေတယ်" ဆိုတာပါ။
အဲဒီ ပရိမ္မက ဆင်စောင်း(ဇောင်း) ဆင်တင်းကုပ်
မှာ ကျန်စစ်မင်းဟာ သူ့ရဲ့ "ရဲဖော်ရဲဖက်ချင်း"
[ မိမိ ရယ်ချင်(း)= ရဲချင်း ] ဖြစ်တဲ့ အမတ် ၃ယောက်
ကင်္ကသူ၊ ကင်္ကဗိုလ်၊ ကင်္ကပတိ တို့ကို ဆင်တွေကို
ကြည့်ရှုစောင့်ရှောက်ဖို့ ကျွန်တော် ၁၀၀ နဲ့တကွ
လှူတယ်။ ဘုရားကို ဆင်တွေ အတော်များများ
လှူပုံရပါတယ်။ ၎င်း အမတ် ၃ ယောက်ကတော့
ကြီးကြပ်ရမယ့် သူတွေ ဖြစ်မှာပေမယ့် အဲဒီမှာ
ထာဝရ နေနေရမှာတော့ မဟုတ်လောက်ပါဘူး။
အဲဒီ မိမိရဲ့ "ရဲချင်း" "ရဲဖော်ရဲဖက်ချင်း" =
"တိုက်ဖော်တိုက်ဖက်ချင်း" ဆိုတာဟာ စိတ်ဝင်
စားစရာပါ။
ကျန်စစ်သားရဲ့ ရဲချင်း = ရဲဖော်ရဲဖက်ချင်း ၃ယောက်
ဟာ ဘယ်သူတွေပါလဲ။
ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ၃ ယောက်
ပဲ ဖြစ်ပါတယ်။ သထုံ တိုက်တော့လည်း အတူတူ။
ဒီ ၃ယောက်။ ဥဿာတိုက်တော့လည်း အတူတူ။
ဒီ ၃ယောက်။ တရုတ်ပြည်စွယ်တော်သွား တောင်း
တော့လည်း အတူတူ။ ဒီ ၃ ယောက်။
အခု ပရိမ္မဘုရားမှာ ဆင်တွေကို ကြီးကြပ်ဖို့ရာ
အကြီး အမှူးခန့်တော့လည်း မိမိရဲချင်း ၃ ယောက်။
ကင်္ကသူ၊ ကင်္ကဗိုလ်၊ ကင်္ကပတိ။
ဒါဆိုရင် -
ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့
၃ ယောက်ဟာ ကျန်စစ်မင်းလက်ထက်မှာ
စစ်သူကြီး အမတ်များ အဖြစ် ကျန်စစ်မင်းက
"မိမိ ရဲချင်း"="မိမိ ရဲဖော်ရဲဖက်ချင်း" တွေကို
ချီးမြှောက်သောအားဖြင့် ကင်္ကသူ၊ ကင်္ကဗိုလ်၊ ကင်္ကပတိ ရယ်လို့ ဘွဲ့အမည်ပေးပြီး မြှောက်စား
ထားသည်သာ ဖြစ်ဖို့ရာပါ။
ပရိမ္မထီးလှိုင်ရှင်ဘုရား ကျောက်စာအရ -
ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့ဟာ
ကင်္ကသူ၊ ကင်္ကဗိုလ်၊ ကင်္ကပတိ ဆိုတဲ့
ဘွဲ့အမည်တွေနဲ့ ကျန်စစ်မင်းရဲ့ လက်ရုံးအမတ်
ကြီးများအဖြစ် ပုဂံနန်းတော်မှာ ခစားထမ်းရွက်
နေကြတယ်လို့ ယူဆရမှာပဲ ဖြစ်ပါတယ်။
ကျန်စစ်မင်းဟာ
"မိမိ ရဲချင်း" = မိမိ ရဲဖော်ရဲဖက်ချင်း" ၃ ယောက်ကို
မိမိ မင်းဖြစ်တဲ့အခါ မမေ့မလျော့ ချီးမြှောက်ခဲ့
တယ်လို့ ယုံကြည်မိပါတယ်။
ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့
ဘယ်မှ ရောက်မသွားပါဘူး။
ပရိမ္မထီးလှိုင်ရှင်ဘုရား ကျောက်စာအရ
ကင်္ကသူ၊ ကင်္ကဗိုလ်၊ ကင်္ကပတိ ဘွဲ့အမည်တွေနဲ့
ပုဂံနန်းတော်မှာ တာဝန်များကို ဆက်လက်
ထမ်းဆောင်နေကြောင်းပါ
ဟူလို။
……………………………………………………………။
ပုံစာ -
ပရိမ္မ ထီးလှိုင်ဘုရား ကျောက်စာ။
(ဖတ်ချက် - ဦးငြိမ်းမောင်)
……………………………………………………။
စာကြွင်း -
ပရိမ္မထီးလှိုင်ရှင်ဘုရား
ကျောက်စာ ကျောဘက်
ရေးထိုး ဘုရားပြုပြင်သူ
စည်သူမင်းကြီးဆိုသည်မှာ
ရာဇဝင်များ၌ သက္ကရာဇ်
ကွဲလွဲမှုများ ရှိနေသဖြင့်
နန်းသက်ရှည်သည့်
အလောင်းစည်သူကို ခန့်မှန်း
တွက်ချက်ရယူထားခြင်း ဖြစ်သည်။
အကျယ်သိလိုပါက
ရာဇဝင် ၃ စောင်လုံးကို
တိုက်ဆိုင် စစ်ဆေးပါရန်။

No comments:

Post a Comment