Tuesday, September 24, 2019

"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၁၀)
……………………………………………။
ပီကင္း၌ ခ်င္းလံုသည္ ေဒါသူပုန္ထလ်က္ရွိသလို
စိတ္ဓာတ္လည္း က်ဆင္းလ်က္ရွိေပသည္။
ခ်င္မင္းဆက္ကို ပုန္ကန္ေသာ တိဘက္မ်ား၊မြန္ဂိုမ်ားႏွင့္ အျခားေသာ ေဒသတြင္းပုန္ကန္သူ
မ်ား၊ တရုတ္ျပည္အေနာက္ဘက္ နယ္စပ္က
တာ့ရ္က္(တာတာ=တူရကီ)မ်ား၊ နီေပါမ်ား ႏွင့္
တိုက္ပြဲမ်ားျဖစ္ပြားခဲ႔ရာတြင္ အသာစီးရယူႏိုင္
ခဲ႔ေသာ ခ်င္းလံုအတြက္ အႀကီးအက်ယ္ အရွက္
ရစရာ ျဖစ္ရပ္အျဖစ္ ျမန္မာအား ၃ ႀကိမ္စလံုး
အႀကီးအက်ယ္ စစ္ရံႈးခ်က္နာခဲ႔ေပသည္။
သို့ေသာ္ ခ်င္းလံုအေနျဖင့္ သတိမူရမည္မွာ ယခု
ျဖစ္ပြားေသာ စစ္ပြဲသည္ အထက္က ၎အသာစီး
ရခဲ႔ေသာ သူပုန္သူကန္ႏွိမ္နင္းရသည့္ တိုက္ပြဲႀကီး
သာသာ တိုက္ခိုက္ရသည့္ တိုက္ပြဲမဟုတ္ဘဲ၊
ထိုထိုေသာ တိုက္ပြဲမ်ားစြာျဖင့္ စုစည္းထားသည့္
ႏိုင္ငံေတာ္အဆင့္ စစ္ပြဲႀကီး ျဖစ္သည္ပင္ ျဖစ္သည္။
ေတာင္ဘက္မွ အရိုင္းအစိုင္းမ်ားဟု တရုတ္တို့က
ႏွိမ့္ခ် ေခၚေဝၚေလ့ရွိေသာ ျမန္မာတို့၏ ကုန္းေဘာင္
အင္ပါယာမွာ အယုဒၶယကို အလံုးစံုဖ်က္ဆီး သိမ္း
ပိုက္၍ လူ ၁ သိန္းေက်ာ္ကို အင္းဝသို့ ေဆာင္ယူ
လာျပီးသည္ေနာက္ သံလြင္ျမစ္ အေရွ႕ဘက္ နယ္
ေျမအလံုးမွာ ဗီယက္နမ္မွလြဲ၍ ျမန္မာႏိုင္ငံေတာ္
အျဖစ္ေရာက္ရွိေနျပီျဖစ္ျပီး၊ အေနာက္ဘက္၌လည္း
အာသံ မဏိပူရ အထိ၊ ေျမာက္ဘက္တြင္လည္း
စႏၵား၊ ဟိုသာ၊ လာသာ၊ ကိုင္းမား၊ သီမား၊ မိုးဝန္း မိုင္းသဥ္၊ က်ိဳင္းသဥ္၊ စပ္ေဆာင္ပနား၊ က်ိဳင္းဟုန္း စေသာ ယခုကာလ ယူနန္နယ္ေျမအတြင္း ၃ပံု ၁ပံု
ခန့္ ျမန္မာႏိုင္ငံေတာ္ပိုင္နက္ ျဖစ္ေပရာ၊ ယခင္က အျခားအရပ္ေဒသမ်ား၌ ၎ႀကံဳေတြ႔ရေသာ နယ္ေျမ ေဒသတစ္ခု၏ ဆူပူေသာင္းက်န္းမႈသာသာ တိုက္ပြဲမ်ားႏွင့္မတူသည့္ ႏိုင္ငံခ်င္းျဖစ္ေသာ၊
တိုက္ပြဲေပါင္းမ်ားစြာျဖင့္ ဖြဲ႕စည္းထားသည့္ ရံႈးသူက
အာဏာလက္လြတ္ က်ြန္ေတာ္ခံရမည့္ ႏိုင္ငံေတာ္
အဆင့္ စစ္ပြဲႀကီးကို အဆံုးအျဖတ္ျပဳ အႏိုင္အရံႈး
ေပၚေအာင္ ႏိုင္ငံေတာ္အက်ိဳးကိုရင္း၍ တိုက္ခိုက္
ရမည္ျဖစ္ေသာ စစ္ပြဲႀကီးျဖစ္သည့္အေလ်ာက္
ျမန္မာတို့က စားေကာင္းရံုကာမ်ွတိုက္ခိုက္မည္
မဟုတ္ အသက္ကို ဖက္ရြက္မွတ္၍ ရင္ႏွင့္အမ်ွ
ရင္းႏွီးတိုက္ခိုက္မည့္ စစ္ပြဲႀကီးျဖစ္ေပသည္။
သို့စဥ္ေၾကာင့္ပင္လ်ွင္ ၎ကိုအာခံသည့္ ဗီယက္နမ္
ေျမာက္ပိုင္းမ်ွကိုပင္ စစ္အင္အား ၂သိန္းခန့္ျဖင့္ တိုက္ခိုက္ခဲ႔သည့္ ခ်င္းလံုသည္ တတိယစစ္ပြဲ၌
အင္အား ၁သန္းေက်ာ္ သံုးစြဲ၍ ႏိုင္ငံေတာ္အဆင့္
မီ စစ္ပြဲႀကီးအျဖစ္ တိုက္ခိုက္ခဲ႔ျပီး၊ ျမန္မာတို့က
လည္း ႏိုင္ငံေတာ္အဆင့္မီစြာ အင္အား သိန္းဂဏန္း
့့ျဖင့္ ျပန္လည္ ခုခံခဲ႔ေပသည္။
တရုတ္မွတ္တမ္းတို့၌ ျမန္မာတို့အား ရံႈးခ်က္နာရ
သည့္ ၎ ၄ ႀကိမ္ေသာ စစ္ပြဲ၌ အင္အား ေသာင္း
ဂဏန္းမ်ွျဖင့္သာ အေရးမႀကီးေလဟန္ ေရးသား
ေဖာ္ျပၾက၏။ ထိုသို့ အင္အား ေသာင္းဂဏန္းမ်ွ
သာျဖင့္ တရုတ္တို့ လာေရာက္ခဲ႔ပါမူ က်ိဳင္းတံုကို
လာေရာက္စဥ္ ပထမအႀကိမ္ကကဲ႔သို့ ျမန္မာတို့က
တိုက္ဆင္ ၂၀၀ ေက်ာ္ျဖင့္ တရုတ္တပ္ေပၚ
တက္နင္းရံုကာမ်ွျဖင့္ ေစာစီးစြာ ပြဲၿပီးသြားမည္
သာျဖစ္ေပသည္။
ဥေရာပ သမိုင္းဆရာတို့၏ မွတ္ခ်က္အခ်ိဳ႕အရ
တရုတ္တို့သည္ သမိုင္းေရးရာ၌ ၎တို့ကသာ
အသာစီးအျဖစ္ေရးသားေလ့ရွိျပီး၊ အသာစီးမရ
သည္မ်ား၌ ထိန္ခ်န္ေလ့ရွိသည့္အျပင္ တရုတ္
သမိုင္းမ်ား၌ ၾကြားဝါထားသည္မ်ားမွာ ျဖစ္ႏိုင္ပါက
အဂၤလန္ က်ြန္းကိုပင္ တရုတ္တို့က ပိုင္စိုးမတတ္
ေလာက္ပင္ျဖစ္သည္ဟု ဆိုေလသည္။
ႏိုင္ငံေတာ္ခ်င္း မင္းဧကရာဇ္ခ်င္း ထိပ္ဆံုးအဆင့္
ခ်င္း ျပိဳင္ဆိုင္၍ တစ္စံုတစ္ဦးအား တစ္စံုတစ္ဦးက
ဦးညႊတ္ခစားေစရန္ ႀကိဳးပမ္းၾကသည့္ ကမ႓ာအရပ္
ရပ္က မည္သည့္စစ္ပြဲႀကီးမ်ား(တိုက္ပြဲမ်ားမဟုတ္)
၌မဆို အင္အားသာင္းဂဏန္းမ်ွျဖင့္ တိုက္ပြဲမ်ား
တိုက္၍ ႏိုင္ငံေတာ္အဆင့္ စစ္ပြဲႀကီးမ်ား ဆင္ႏႊဲ
ၾကသည္ ဆိုျခင္းမွာ မ်ားစြာရယ္ဖြယ္ေကာင္း၏။
တရုတ္တျပည္လံုး နာမည္ေက်ာ္သည့္ ခ်င္းလံု၏
"သား" တိုက္ရည္ခိုက္ရည္ျမင့္မား၍ သာမန္တိုက္ပြဲ
မ်ားကို ကိုယ္တိုင္တိုက္ေလ့မရွိေသာ ျမန္မာတို့
အေခၚ ရည္တာေလာရဲႏွင့္ ၎ကဲ႔သို့ပင္ နာမည္
ႀကီး ဗိုလ္ခ်ဳပ္ အေနာက္မ်က္ႏွာ၌ တာတာတို့အား
ေအာင္ႏိုင္သူ ခ်င္းလံု၏ သားမက္ ျမန္မာတို့အေခၚ
ျမင္းခုန္ရဲ တို့မွာ အထက္ကတင္ျပခဲ႔သည့္အတိုင္း
ႏိုင္ငံေတာ္က်ယ္ဝန္းသည့္ ကုန္းေဘာင္အင္ပါယာ
၏ အင္းဝထီးနန္းကို ဖ်က္သိမ္းရန္ ျမန္မာႏိုင္ငံ
ေတာ္အတြင္းသို့ တစ္ဦးလ်ွင္ စစ္သား ေသာင္း
ဂဏန္းမ်ွျဖင့္ ဝင္ေရာက္လာျပီး၊ ျမန္မာတို့အား
တီေကာင္အမွတ္ဟူ၍ ေျချဖင့္သာသာယာယာ
နင္းေခ်ခါ ဆင္ျဖဴရွင္ဘုရင္မင္းျမတ္ကို ၾကက္က
ေလး ငွက္ကေလးသဖြယ္ ေခ်ြးမထြက္ ေနမခ
ဖမ္းယူႏိုင္လိမ့္မည္ဟု ယံုၾကည္ယူဆေနသူမ်ား
မွာ ႏိုင္ငံေတာ္အဆင့္ အဆံုးအျဖတ္စစ္ပြဲႀကီးဟူ
သည့္ ဂုဏ္ျဒပ္ကိုပင္ ထားဘိဦး၍ တရုတ္တိုင္း
အလံုးက ဖိန့္ဖိန့္တုန္ရသည့္ စစ္သူႀကီးမ်ား ဟူသည့္
ဂုဏ္ျဒပ္တို႔ႏွင့္ပင္ ပါဝင္အင္အားကား သိမ္ငယ္
လြန္းလွစြာ အပ္စပ္လိုက္ဖက္ျခင္းမ်ွ မရွိပါေခ်။
တရုတ္တို့သည္ ျမန္မာတို့အား စစ္ ၄ ႀကိမ္
ရံႈးခဲ႔ျခင္းေၾကာင့္ ခ်င္မင္းဆက္ အင္အားခ်ိနဲ႔သြား
ခဲ႔ေၾကာင္းကို ျမန္မာတို့ႏွင့္ စစ္ပြဲႀကီးျပီးေနာက္
ခ်င္မင္းဆက္သမိုင္းကို ေလ့လာၾကည့္ပါက သိရွိ
ႏိုင္မည္ ျဖစ္ေပသည္။ အင္အားခ်ိနဲ႔ သြားသည္ဟု
ဆိုျခင္းမွာ လူအင္အားနည္းပါးသြားသည္ကို
ဆိုလိုျခင္းမဟုတ္ဘဲ တိုက္ရည္ခိုက္ရည္ေကာင္း
သူမ်ား မရွိေတာ့ျခင္းကို ဆိုလိုေပသည္။
ခ်င္းလံုက အထူးအားထားရသည့္ ထိုသူတို့ကား
ျမန္မာ့ေျမ၌ ျမန္မာတို့၏လက္ခ်က္ျဖင့္ အရိုးေဆြး၍
ေျမၾသဇာျဖစ္ကုန္ခဲ႔ၾကျပီျဖစ္၏။
ခ်င္းလံုသည္ နာမည္ေက်ာ္စစ္သူႀကီးမ်ား ျမန္မာတို့
လက္ခ်က္ျဖင့္ ကုန္လုခမန္းျဖစ္ျပီးေနာက္ က်န္ရွိ
ေသာ လူစြမ္းေကာင္းမ်ားကို စုေဝး၍ ေရွ႕က စစ္ပြဲ
၃ ႀကိမ္အား ေလ့လာသံုးသပ္ၾကျပီး ပီကင္း၌
စစ္ေရးစီမံခ်က္ ေရးဆြဲျပန္ေလသည္။
ထိုစီမံခ်က္အတြင္း၌ ေရွ႕က စစ္ပြဲမ်ားတြင္ တိုက္ေလွမ်ားမရွိသျဖင့္ ျမစ္ေၾကာင္းကို အသံုး
မျပဳႏိုင္သည္ျဖစ္ရာ ျမန္မာတို့၏ ေရတပ္ကို
ဟန့္တားႏိုင္စြမ္းမရွိသည့္အျပင္၊ ေရတပ္တည္
ေဆာက္ျခင္းျဖင့္ တရုတ္တပ္မ်ား ဧရာဝတီျမစ္
အတိုင္း ဗန္းေမာ္မွ စုန္ဆင္းျပီး အင္းဝသို့ အလ်င္
အျမန္ခ်ီတက္ေပါက္ေရာက္ႏိုင္မည္ဟု သံုးသပ္
ၾကသည့္အေလ်ာက္ ျမန္မာတို့အား ယခုတစ္ႀကိမ္
တိုက္ခိုက္မည့္ တိုက္ပြဲတြင္ တိုက္ေလွႏွင့္ ဝန္တင္
ေလွမ်ား အမ်ားအျပားတည္ေဆာက္ရန္ စီမံခ်က္
ပါ ပါဝင္ခဲ႔ေပသည္။ ထို ေလွမ်ားကို တရုတ္ျပည္မွ
အဆင္တသင့္ျပဳလုပ္လာမည္မဟုတ္ဘဲ
ဗန္းေမာ္တြင္ တပ္ႀကီးတပ္ခိုင္တည္ျပီးမွ ျမန္မာ့
ေျမထဲတြင္ ျမန္မာတို့၏ က်ြန္းသစ္မ်ားျဖင့္ပင္
တည္ေဆာက္၍ ထိုတိုက္ေလွ ဝန္တင္ေလွမ်ား
ျဖင့္ စစ္အင္အားမ်ား တင္ေဆာင္ျပီး အင္းဝကို
ေရေၾကာင္းျဖင့္ အလ်င္အျမန္ခ်ီတက္ ဝန္းရံ
လုပ္ၾကံရန္ပင္ျဖစ္၏။
တရုတ္တို့၏ ထို အၾကံအစည္ အထေျမာက္
ေအာင္ျမင္ေစရန္အလို့ငွာ ျမန္မာတို့က တရုတ္
တို့အား မည္သို့မ်ွ အေႏွာက္အယွက္မျပဳ
ၾကည္ျဖဴစြာပင္ ထိုင္၍ ၾကည့္ေနၾကပါမည္လား။
၄ ႀကိမ္ေျမာက္ စစ္ခ်ီလာေသာ တရုတ္တို့တြင္
စစ္အင္အားမွာ ၅သိန္းသာလ်ွင္ပါ၍ လာခဲ႔ေတာ့
သည္။ ခ်င္းလံုသည္ ျမင္းခံုရဲ(မင္ဂ်ဴအိ) ေသဆံုး
ေၾကာင္း ေၾကျငာျပီးေနာက္ တိဘက္ပုန္ကန္မႈကို
ႏွိမ္နင္းႏိုင္ခဲ႔ေသာ ၎၏ အထူးယံုၾကည္ရေသာ အၾကံေပး ဘုရင့္အတိုင္ပင္ခံ ဖူဟင္းအား
အႀကီးအခ်ဳပ္ခန့္အပ္၍ ၎၏ ေအာက္၌ တရုတ္
ဗိုလ္ခ်ဳပ္ ၃ ေယာက္ကို ဦးေဆာင္ေစျပီး ျမန္မာ့
ေျမကို သိမ္းပိုက္၍ အင္းဝသို့ ဆင္ျဖဴရွင္အား
ဖမ္းဆီးနန္းခ်ရန္ စႏၵားေၾကာင္းမွ စစ္ေၾကာင္း
၃ ေၾကာင္းခြဲ၍ လႊတ္လိုက္ေလသည္။
ယခုတစ္ႀကိမ္ ၄ ႀကိမ္ေျမာက္ လႊတ္လိုက္သည့္
စစ္အင္အားမွာ တတိယအႀကိမ္က လာေရာက္
တိုက္ခိုက္သည့္ စစ္အင္အား၏ ထက္ဝက္ပင္
မရွိေတာ့သလို တိုက္ရည္ခိုက္ရည္မွာလည္း
တတိယအႀကိမ္ကကဲ႔သို့ အထူးေကာင္းမြန္သူမ်ား
မပါရွိေတာ့ေပ။ ထို့ျပင္ ခ်င္းလံုသည္ ဖူဟင္းႏွင့္
စစ္ဗိုလ္ခ်ဳပ္မ်ားအား ျမန္မာတို့က စစ္ေျပျငိမ္း
လိုပါက ေျပျငိမ္းခဲ့ရန္လည္း မွာၾကားလိုက္သည္
ျဖစ္ရာ ခ်င္းလံုအတြက္ တတိယစစ္ပြဲသည္ လြန္စြာ
အထိနာခဲ႔ေၾကာင္း ထင္ရွားေလသည္။
အကယ္၍ ပဥၥမအႀကိမ္ဟု ရွိခဲ႔ပါမူ လႊတ္စရာ
စစ္သားေကာင္းပင္ ရွိေတာ့မည္ မဟုတ္ဟု
ခန့္မွန္းရေပသည္။
တတိယအႀကိမ္ အင္အား ၁သန္းေက်ာ္ အလံုး
အရင္းျဖင့္ ဝင္ေရာက္စီးနင္းစဥ္က နာမည္ေက်ာ္
စစ္သူႀကီး ၂ဦးႏွင့္ သူရဲေကာင္းမ်ားပါဝင္ခဲ႔သည္
ျဖစ္ရာ တိမ္ၾကားမင္းေခါင္၏ ဝါးပိုးဝါးခံတပ္သာ
မကယ္ခဲ့ပါမူ ျမန္မာတို့ တရုတ္တို့အား စစ္ရံႈး
ႏိုင္ေခ်ရွိခဲ႔ျပီး၊ မရံႈးနိမ့္ခဲ႔ပါကလည္း ပြဲဦးထြက္၌ပင္
က်ိဳးသြားသည့္ စစ္ဦးကို မနည္း ထူမတ္ယူရမည့္
အေနအထားပင္ျဖစ္ေပသည္။ သို့မဟုတ္ပါမူ
စစ္ေျပျငိမ္းရန္ကမ္းလွမ္း၍ ယခုေျမပံုအရ ကခ်င္ႏွင့္ ရွမ္းေျမာက္/အေရွ႕ေျမာက္ ေဒသမ်ားအား
တရုတ္တို့လက္သို့ ေပးအပ္လိုက္ရဖြယ္ ရွိ၏။
ယခုေနာက္ဆံုးျဖစ္လာမည့္ ၄ႀကိမ္ေျမာက္၌
စစ္အင္အားသည္ ၅သိန္းသာလ်ွင္ ပါရွိေတာ့သလို
စစ္သားေကာင္းလည္း ရွားပါးသြားျပီျဖစ္သည္အား
ျမန္မာတို့ တတိယအႀကိမ္ကကဲ႔သို့ အျပင္းအထန္
ဆံုး မတိုက္ခိုက္ရေတာ့သည္က သက္ေသခံေန
ေပသည္။ ယခုလာေသာ တရုတ္တပ္မွာ မတိုက္မီ
ကပင္ ျမန္မာတို့က စစ္ေျပျငိမ္းရန္ ကမ္းလွမ္း
လာေစရန္ ေမ်ွာ္လင့္ခဲ႔ၾကသည္ျဖစ္၏။
သို့ေသာ္ ခ်င္းလံုက တရုတ္တို့ဘက္စတင္၍
ကမ္းလွမ္းရန္ မဆိုလိုက္ဘဲ ျမန္မာတို့ဘက္က
စစ္ေျပျငိမ္းရန္မကမ္းလွမ္းဘဲ တိုက္ပါက တိုက္ရန္
သာညႊန္ၾကားခဲ႔သည္။ သို့ေသာ္ ခ်င္းလံုသည္
ျမန္မာတို့က စတင္၍ စစ္ေျပျငိမ္းရန္ကမ္းလွမ္း
လိမ့္မည္ဟု ေမ်ွာ္လင့္ခဲ႔သလို ထိုအတိုင္း ျဖစ္ပါေစ
ဟု မိုးနတ္မင္းထံ ဆုေတာင္းေနမည္မွာ အေသ
အခ်ာပင္ျဖစ္၏။
ယခု ၄ ႀကိမ္ေျမာက္စစ္ခ်ီလာသည့္ တရုတ္တို့မွာ
ေလွေဆာက္မည္ရည္ရြယ္ရင္းရွိသျဖင့္ စႏၵား
ေၾကာင္းမွပင္ စုျပံဳခ်ီတက္လာခဲ႔ၾက၏။
ဗန္းေမာ္သို့ မေရာက္မီကပင္ ျမစ္ညွာ၌
လူ ၁ေသာင္းကို ထားရစ္ခဲ႔ၿပီး ထိုသူမ်ားက
သစ္ခုတ္၍ ေလွလုပ္ျပီး ေကာင္းတံုကို ဝန္းရံမည့္
တပ္သို့ ျမစ္ညွာမွ ေလွအမ်ား ပို့ေပးရမည္
ျဖစ္ေပသည္။
ျမန္မာတို့ဘက္က ျပင္ဆင္မႈသည္ တရုတ္တို့
အတြက္ ဆုေတာင္းမျပည့္ခဲ႔ေသာ လုပ္ရပ္မ်ား
ျဖစ္လာခဲ႔၏။ တရုတ္တို့ စႏၵားေၾကာင္း ခ်ီလာသည္
ဟု ဆိုသည္ႏွင့္ ျမန္မာတို့က ဧရာဝတီျမစ္ကို
အေရွ႕ႏွင့္ အေနာက္ျခမ္းတို့မွ တပ္၂တပ္ ခ်ီတက္
ေစလိုက္ျပီး၊ ဝန္ႀကီးမဟာသီဟသူရ အားေရတပ္
ကို ဦးေဆာင္ေစ၍ ၾကည္းေရ အင္အား ၁ သိန္း
နည္းပါးျဖင့္ တရုတ္စစ္ကို အလံုးအရင္း ၾကိဳ
လိုက္ေတာ့၏။
တရုတ္တို့လည္း ေကာင္းတံုအနီး ေရႊေညာင္ပင္၌
တပ္စြဲ၍ ေကာင္းတံုကို ၾကည္းေၾကာင္း ေရေၾကာင္း
ဝန္းရံလုပ္ႀကံၾကေသာ္လည္း ဗလမင္းထင္၏ အစီ
အမံေအာက္၌ အေထြးေထြး ေသၾကျခင္းျဖင့္
အဆံုးသတ္ရသည္ျဖစ္၏။ ဗလမင္းထင္သည္
ခံတပ္အတြင္း ေလာက္လႊဲႀကီးမ်ား ဆင္၍ သံလံုး
ႀကီးမ်ားျဖင့္ပစ္ခတ္ရာ လူအားသံုး၍ လူလိႈင္းလံုး
ျဖင့္တက္လာသမ်ွ တရုတ္တို့ ထိုသံလံုးႀကီးမ်ား
အထိမွန္ခံရသည္၌ တစ္ႀကိမ္လ်ွင္ ၅၀မ်ိဳး ၁၀၀မ်ိဳး
ေသၾကေလသည္ ဟူ၏။ ထို့ျပင္ ယိုဒယားကို
သိမ္းပိုက္ျပီးေနာက္ ရရွိလာခဲ႔သည့္ အေျမာက္မ်ား
ကလည္း ျမန္မာတို့အတြက္ က်နစြာ အသံုးေတာ္
ခံၾကသလို တတိယအႀကိမ္တရုတ္တို့ စစ္ရံႈးစဥ္က
ရရွိသည့္ လက္နက္မ်ားကလည္း ၎တို့သခင္
ေဟာင္းမ်ား၏ အသက္ဇီဝိန္ကို ျပန္လည္ခ်ဳပ္
ျငိမ္းေပးလ်က္ရွိေပသည္။ ဟာေဗးကိုးကားျပသည့္
တရုတ္မွတ္တမ္းအတြင္း၌ ျမန္မာတို့ကပစ္သည့္
အေျမာက္မ်ားမွာ တစ္ခ်က္ပစ္လ်ွင္ ၁၀ ခ်က္ခန့္
မွန္သည္ဟု ဆို၏။ က်ည္ျမႊာအမ်ားထည့္၍ ပစ္
သည့္ အေျမာက္မ်ားျဖစ္ျပီး ယိုးဒယားကို ဝန္းရံ
စဥ္ကလည္း ျမန္မာတို့ အသံုးျပဳခဲ႔ၾကသည္။
ေကာင္းတံုကိုဝန္းရံထားသည့္ တရုတ္ေရတပ္အား
ျမန္မာေရတပ္တို့က တိုက္ခိုက္ျပန္ရာ တရုတ္တို့
အထိနာလ်က္ရွိရာက တရုတ္တို့၏ ရိကၡာပို့
လမ္းေၾကာင္းအား ျမန္မာတို့က ပိတ္ဆို့ျဖတ္
ေတာက္ထားျပန္သည္တြင္ တရုတ္တို့ ရိကၡာ
ေဆးဝါးျပတ္လ်က္ရိွ၏။
တရုတ္ျမင္းတပ္တို့မွာ ျမန္မာဆင္တပ္ကို မခံႏိုင္
ျပိဳကြဲပ်က္စီးရသည္ျဖစ္ျပီး တရုတ္ျမန္မာ စစ္ပြဲ
၄ႀကိမ္စလံုး၌ ျမန္မာဆင္တပ္သည္ အလြန္အေရး
ပါသည့္ တပ္ျဖစ္ခဲ႔ေပသည္။ တရုတ္ေရတပ္ႏွင့္
ျမန္မာေရတပ္တို့ တိုက္ၾကျပန္သည္၌လည္း
တရုတ္တို့၏ ဝမ္းျပားေလွမ်ားမွာ ျမန္မာတို့၏
ဝမ္းလံုးတိုက္ေလွမ်ားအား မယွဥ္ႏိုင္ ေရတပ္
မွန္သမ်ွ ကမ္းေပၚတက္ေျပး၍ ခံတပ္အတြင္း
ဝင္ေနၾကရသည္ ျဖစ္ျပန္ေလသည္။
ျမန္မာတို့လည္း တရုတ္တို့ အခိုင္အမာ စြဲထားေသာ
ေရႊေညာင္ပင္တပ္ကို ဝန္းရံလုပ္ႀကံသည္တြင္
ေရႊေညာင္ပင္တပ္ကို ျမန္မာတို့သိမ္းမိ၍ တရုတ္
တို့လည္း အျခားစစ္သူႀကီး ၂ ဦး၏ တပ္သို့ အကုန္
ပူးေပါင္း၍ ေနသည္၌ ျမန္မာတို့က တရုတ္တို့အား
အဘက္ဘက္မွ ဝန္းရံပိတ္ဆို့ထားလိုက္ေလသည္။
၄ ႀကိမ္ေျမာက္စစ္ပြဲ၌ တရုတ္တို့သည္ ျမန္မာ
တို့အား တိုက္ပြဲစသည္ႏွင့္ပင္ နာလန္မထူႏိုင္
ေအာင္ ဆက္တိုက္ပင္ ရံႈးနိမ့္ေနခဲ႔၏။
တရုတ္မွတ္တမ္း၏ ေဖာ္ျပခ်က္အရ ငတ္မြတ္
လ်က္ရွိသည့္ တရုတ္တို့မွာ အားအင္ခ်ိနဲ့ေနၾကျပီး
ဒဏ္ရာရသူတို့အား ကုသရန္လည္း ေဆးဝါးမရိွ၊
ျမန္မာတို့က ေရပင္ခပ္ခြင့္မသာေအာင္ ပိတ္ဆို့
ထားျပီး ဖ်ားနာသူမ်ားမွာလည္း ေသလုဆဲဆဲ
ညည္းတြားသံမ်ားျဖင့္ ျပည့္လ်မ္းေနသည္ဆို၏။
ဤသို့ျဖင့္ တရုတ္တို့သည္ ျမန္မာတို့ႏွင့္ စစ္ေျပ
ျငိမ္းရန္အတြက္ စတင္ကမ္းလွမ္းလာေလ
ေတာ့သည္။ သို့ေသာ္ တရုတ္မွတ္တမ္းအတြင္း
၌မူ ထိုသို့ တရုတ္တို့အဝိုင္းခံထားရခ်ိန္၌ ျမန္မာ
တို့က ဖူဟင္းအား စစ္ေျပျငိမ္းရန္ ကမ္းလွမ္း
လာသည္ဟု လီဆယ္၍ ေျပာင္းျပန္ေရးသား
ထား၏။ ထိုသို့ တရုတ္တို့က စစ္ေျပျငိမ္းရန္
ကမ္းလွမ္းမႈကို ဝန္ႀကီး မဟာသီဟသူရသည္
မိမိသေဘာႏွင့္မိမိ တရုတ္တို့၏ ကမ္းလွမ္း
ခ်က္ကို လက္ခံလိုက္၏။ က်န္ စစ္ဗိုလ္ခ်ဳပ္တို့က
ေနာက္ ၉ ရက္ ၁၀ ရက္ ရွိလ်ွင္ တရုတ္တို့
သူ့ အလိုလို ေသေလမည္ကို အဘယ္ေၾကာင့္
စစ္ေျပျငိမ္းရပါမည္နည္းဟု သေဘာမတူသည့္
ၾကားက ဝန္ႀကီးမဟာသီဟသူရသည္ ဇြတ္ပင္
လက္ခံ၍ စစ္ေျပျငိမ္းခဲ႔ေလသည္။
ထိုသို့ လက္ခံလိုက္မႈက လက္ဦးမဆြ ပထမစစ္
ကပင္လ်ွင္ ပီကင္းသို့ ကိုယ္ေတာ္တိုင္ တက္
သိမ္းမည္ဟူေသာ ဆင္ျဖဴရွင္၏ ရည္ရြယ္ခ်က္ကို
ဖ်က္ဆီးလိုက္ျခင္းျဖစ္သလို သမိုင္း အျဖစ္
အပ်က္တို့ တစ္မ်ိဳးတစ္ဖံု ေျပာင္းလဲသြားမည့္
အခြင့္အေရးအား ထပ္ဆင့္ဖ်က္ဆီးပစ္လိုက္ျခင္းပင္
ျဖစ္ေလသည္။ အျခားဗိုလ္ခ်ဳပ္မ်ားက ဆိုသကဲ႔သို့
ေနာင္ ၉ရက္ ၁၀ရက္ေနလ်ွင္ တရုတ္တို့ သူ့
အလိုလို ေသၾကေတာ့မည္ျဖစ္ရာ ယခု ၄ၾကိမ္
ေျမာက္စစ္ပြဲအတြက္ တရုတ္တို့က လႊတ္လိုက္
ေသာ လူ ၅သိန္း မွာလည္း ထက္ဝက္မ်ွပင္ မက်န္
ေတာ့သည္ျဖစ္ျပီး ထိုသူမ်ား သူ့အလိုလို ငတ္၍
ေသာ္လည္းေကာင္း၊ ဒဏ္ရာေၾကာင့္ေသာ္
လည္းေကာင္း၊ ေရာဂါေၾကာင့္ေသာ္လည္းေကာင္း
ေသကုန္ပါက ခ်င္းလံု၌ စစ္ပြဲႀကီးမ်ားဆင္ႏႊဲရန္အ
အတြက္ အရည္အခ်င္းရွိသည့္စစ္သားမ်ား မက်န္
ေတာ့သေလာက္ ျဖစ္သြားမည္မွာ အမွန္ပင္ျဖစ္၏။
ထိုသည္က ဆင္ျဖဴရွင္ဘုရင္မင္းျမတ္၏ ပီကင္းသို့
ခ်ီတက္သိမ္းပိုက္မည့္ စီမံခ်က္ကို မ်ားစြာ အေထာက္အကူျဖစ္မည္မွာ မခ်ဧကန္ပင္
ျဖစ္ေပသည္။ ထို့ျပင္ ခ်င္းလံုအား အစဥ္ဆန့္က်င္
ေနေသာ ဗီယက္နမ္ေျမာက္ပိုင္းသားမ်ား၊
တိဘက္မ်ား၊ မြန္ဂိုမ်ား၊ တာတာမ်ားကလည္း
ျမန္မာတို့ ပီကင္းသို့ ခ်ီတက္လာသည္ႏွင့္ ၎တို့က
လည္း ခ်င္းလံုအား တိုက္ခိုက္လာၾကမည္မွာ
အေသအခ်ာပင္ျဖစ္ရာ ခ်င္းလံုအေနျဖင့္ စစ္မ်က္
ႏွာမ်ားစြာ ဖြင့္ႏိုင္မည့္ အေျခအေနတြင္မရွိေတာ့
သည္ေၾကာင့္ ပီကင္းသည္ ဆင္ျဖဴရွင္လက္ေအာက္
သို့ ေရာက္ရွိမည္မွာ ေျမႀကီးလက္ခတ္ မလြဲပင္
ျဖစ္ေပသည္။ ကုန္းေဘာင္အင္ပါယာ ျမန္မာႏိုင္ငံ
ေတာ္၏ ပိုင္နက္မွာ ဆင္ျဖဴရွင္လက္ထက္
ပီကင္းအထိ က်ယ္ျပန့္မည္မွာ စိတ္ကူးယဥ္
ခ်က္ မဟုတ္ေတာ့ေပ။ အမွတ္တကယ္ျဖစ္လာ
မည့္ ဆင္ျဖဴရွင္၏ ရည္ရြယ္ခ်က္ျဖစ္ေပသည္။
ပီကင္းအား တိုက္ခိုက္သိမ္းပိုက္ရန္အတြက္
အယုဒၶယအား ၃ ႏွစ္ၾကာေအာင္ အခ်ိန္ယူ
လုပ္ႀကံသည္ကဲ႔သို့ ခ်ီတက္ရာ လမ္းတေလ်ာက္က
နယ္ပယ္ေဒသမ်ားသည္ ထပ္တိုးအင္အားမ်ား
အျဖစ္ အင္အား အဆမတန္ႀကီးထြား လာမည္
ျဖစ္ေပသည္။ ဆင္ျဖဴရွင္သည္ ထို အခ်က္မ်ားကို
ျခံဳငံုသိျမင္ သံုးသပ္ျပီးမွသာလ်ွင္ ပီကင္းသို့
ကိုယ္ေတာ္တိုင္ခ်ီတက္ လုပ္ႀကံမည္ဟု
မိန့္ၾကားခဲ့ျခင္းျဖစ္ေပသည္။
သို့ေသာ္ ဝန္ႀကီးမဟာသီဟသူရသည္ ဆင္ျဖဴရွင္
၏ အစီအမံကို မိမိသေဘာျဖင့္မိမိ စစ္ေျပျငိမ္း
လိုက္ျခင္းျဖင့္ ဖ်က္ဆီးပစ္လိုက္ျပီး အလြန့္အလြန္
ခမ္းနားထည္ဝါေတာ့မည့္ ျမန္မာ့သမိုင္းႏွင့္
ရာဇဝင္တြင္ရစ္မည့္ ဆင္ျဖဴရွင္ဘုရင္မင္းျမတ္၏
အခြင့္အေရးကို လက္လြတ္စပယ္ လႊင့္ပစ္လိုက္
ေလေတာ့သည္။ ဆင္ျဖဴရွင္ပင္လ်ွင္ မဆိုထား
ဘိဦး။ ေနာက္ ၉ရက္ ၁၀ရက္ ေနလ်ွင္ တရုတ္တို့
အလိုလို ေသၾကေတာ့မည္ကို သိေနသည့္ အျခား
ဗိုလ္ခ်ဳပ္မ်ားမွာလည္း မေက်နပ္ၾကပါေခ်။
………………………………………………………။
ပံုစာ -
ယခုအခါ တရုတ္တို့အပိုင္ျဖစ္ေနေသာ
ယူနန္နယ္အတြင္းက ျမန္မာ့ႏိုင္ငံေတာ္
ပိုင္နက္ ေဒသမ်ား။

…………………………………………………………

"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၁၀)
……………………………………………။
ပီကင်း၌ ချင်းလုံသည် ဒေါသူပုန်ထလျက်ရှိသလို
စိတ်ဓာတ်လည်း ကျဆင်းလျက်ရှိပေသည်။
ချင်မင်းဆက်ကို ပုန်ကန်သော တိဘက်များ၊မွန်ဂိုများနှင့် အခြားသော ဒေသတွင်းပုန်ကန်သူ
များ၊ တရုတ်ပြည်အနောက်ဘက် နယ်စပ်က
တာ့ရ်က်(တာတာ=တူရကီ)များ၊ နီပေါများ နှင့်
တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် အသာစီးရယူနိုင်
ခဲ့သော ချင်းလုံအတွက် အကြီးအကျယ် အရှက်
ရစရာ ဖြစ်ရပ်အဖြစ် မြန်မာအား ၃ ကြိမ်စလုံး
အကြီးအကျယ် စစ်ရှုံးချက်နာခဲ့ပေသည်။
သို့သော် ချင်းလုံအနေဖြင့် သတိမူရမည်မှာ ယခု
ဖြစ်ပွားသော စစ်ပွဲသည် အထက်က ၎င်းအသာစီး
ရခဲ့သော သူပုန်သူကန်နှိမ်နင်းရသည့် တိုက်ပွဲကြီး
သာသာ တိုက်ခိုက်ရသည့် တိုက်ပွဲမဟုတ်ဘဲ၊
ထိုထိုသော တိုက်ပွဲများစွာဖြင့် စုစည်းထားသည့်
နိုင်ငံတော်အဆင့် စစ်ပွဲကြီး ဖြစ်သည်ပင် ဖြစ်သည်။
တောင်ဘက်မှ အရိုင်းအစိုင်းများဟု တရုတ်တို့က
နှိမ့်ချ ခေါ်ဝေါ်လေ့ရှိသော မြန်မာတို့၏ ကုန်းဘောင်
အင်ပါယာမှာ အယုဒ္ဓယကို အလုံးစုံဖျက်ဆီး သိမ်း
ပိုက်၍ လူ ၁ သိန်းကျော်ကို အင်းဝသို့ ဆောင်ယူ
လာပြီးသည်နောက် သံလွင်မြစ် အရှေ့ဘက် နယ်
မြေအလုံးမှာ ဗီယက်နမ်မှလွဲ၍ မြန်မာနိုင်ငံတော်
အဖြစ်ရောက်ရှိနေပြီဖြစ်ပြီး၊ အနောက်ဘက်၌လည်း
အာသံ မဏိပူရ အထိ၊ မြောက်ဘက်တွင်လည်း
စန္ဒား၊ ဟိုသာ၊ လာသာ၊ ကိုင်းမား၊ သီမား၊ မိုးဝန်း မိုင်းသဉ်၊ ကျိုင်းသဉ်၊ စပ်ဆောင်ပနား၊ ကျိုင်းဟုန်း စသော ယခုကာလ ယူနန်နယ်မြေအတွင်း ၃ပုံ ၁ပုံ
ခန့် မြန်မာနိုင်ငံတော်ပိုင်နက် ဖြစ်ပေရာ၊ ယခင်က အခြားအရပ်ဒေသများ၌ ၎င်းကြုံတွေ့ရသော နယ်မြေ ဒေသတစ်ခု၏ ဆူပူသောင်းကျန်းမှုသာသာ တိုက်ပွဲများနှင့်မတူသည့် နိုင်ငံချင်းဖြစ်သော၊
တိုက်ပွဲပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် ရှုံးသူက
အာဏာလက်လွတ် ကျွန်တော်ခံရမည့် နိုင်ငံတော်
အဆင့် စစ်ပွဲကြီးကို အဆုံးအဖြတ်ပြု အနိုင်အရှုံး
ပေါ်အောင် နိုင်ငံတော်အကျိုးကိုရင်း၍ တိုက်ခိုက်
ရမည်ဖြစ်သော စစ်ပွဲကြီးဖြစ်သည့်အလျောက်
မြန်မာတို့က စားကောင်းရုံကာမျှတိုက်ခိုက်မည်
မဟုတ် အသက်ကို ဖက်ရွက်မှတ်၍ ရင်နှင့်အမျှ
ရင်းနှီးတိုက်ခိုက်မည့် စစ်ပွဲကြီးဖြစ်ပေသည်။
သို့စဉ်ကြောင့်ပင်လျှင် ၎င်းကိုအာခံသည့် ဗီယက်နမ်
မြောက်ပိုင်းမျှကိုပင် စစ်အင်အား ၂သိန်းခန့်ဖြင့် တိုက်ခိုက်ခဲ့သည့် ချင်းလုံသည် တတိယစစ်ပွဲ၌
အင်အား ၁သန်းကျော် သုံးစွဲ၍ နိုင်ငံတော်အဆင့်
မီ စစ်ပွဲကြီးအဖြစ် တိုက်ခိုက်ခဲ့ပြီး၊ မြန်မာတို့က
လည်း နိုင်ငံတော်အဆင့်မီစွာ အင်အား သိန်းဂဏန်း
့့ဖြင့် ပြန်လည် ခုခံခဲ့ပေသည်။
တရုတ်မှတ်တမ်းတို့၌ မြန်မာတို့အား ရှုံးချက်နာရ
သည့် ၎င်း ၄ ကြိမ်သော စစ်ပွဲ၌ အင်အား သောင်း
ဂဏန်းမျှဖြင့်သာ အရေးမကြီးလေဟန် ရေးသား
ဖော်ပြကြ၏။ ထိုသို့ အင်အား သောင်းဂဏန်းမျှ
သာဖြင့် တရုတ်တို့ လာရောက်ခဲ့ပါမူ ကျိုင်းတုံကို
လာရောက်စဉ် ပထမအကြိမ်ကကဲ့သို့ မြန်မာတို့က
တိုက်ဆင် ၂၀၀ ကျော်ဖြင့် တရုတ်တပ်ပေါ်
တက်နင်းရုံကာမျှဖြင့် စောစီးစွာ ပွဲပြီးသွားမည်
သာဖြစ်ပေသည်။
ဥရောပ သမိုင်းဆရာတို့၏ မှတ်ချက်အချို့အရ
တရုတ်တို့သည် သမိုင်းရေးရာ၌ ၎င်းတို့ကသာ
အသာစီးအဖြစ်ရေးသားလေ့ရှိပြီး၊ အသာစီးမရ
သည်များ၌ ထိန်ချန်လေ့ရှိသည့်အပြင် တရုတ်
သမိုင်းများ၌ ကြွားဝါထားသည်များမှာ ဖြစ်နိုင်ပါက
အင်္ဂလန် ကျွန်းကိုပင် တရုတ်တို့က ပိုင်စိုးမတတ်
လောက်ပင်ဖြစ်သည်ဟု ဆိုလေသည်။
နိုင်ငံတော်ချင်း မင်းဧကရာဇ်ချင်း ထိပ်ဆုံးအဆင့်
ချင်း ပြိုင်ဆိုင်၍ တစ်စုံတစ်ဦးအား တစ်စုံတစ်ဦးက
ဦးညွှတ်ခစားစေရန် ကြိုးပမ်းကြသည့် ကမ္ဘာအရပ်
ရပ်က မည်သည့်စစ်ပွဲကြီးများ(တိုက်ပွဲများမဟုတ်)
၌မဆို အင်အားသာင်းဂဏန်းမျှဖြင့် တိုက်ပွဲများ
တိုက်၍ နိုင်ငံတော်အဆင့် စစ်ပွဲကြီးများ ဆင်နွှဲ
ကြသည် ဆိုခြင်းမှာ များစွာရယ်ဖွယ်ကောင်း၏။
တရုတ်တပြည်လုံး နာမည်ကျော်သည့် ချင်းလုံ၏
"သား" တိုက်ရည်ခိုက်ရည်မြင့်မား၍ သာမန်တိုက်ပွဲ
များကို ကိုယ်တိုင်တိုက်လေ့မရှိသော မြန်မာတို့
အခေါ် ရည်တာလောရဲနှင့် ၎င်းကဲ့သို့ပင် နာမည်
ကြီး ဗိုလ်ချုပ် အနောက်မျက်နှာ၌ တာတာတို့အား
အောင်နိုင်သူ ချင်းလုံ၏ သားမက် မြန်မာတို့အခေါ်
မြင်းခုန်ရဲ တို့မှာ အထက်ကတင်ပြခဲ့သည့်အတိုင်း
နိုင်ငံတော်ကျယ်ဝန်းသည့် ကုန်းဘောင်အင်ပါယာ
၏ အင်းဝထီးနန်းကို ဖျက်သိမ်းရန် မြန်မာနိုင်ငံ
တော်အတွင်းသို့ တစ်ဦးလျှင် စစ်သား သောင်း
ဂဏန်းမျှဖြင့် ဝင်ရောက်လာပြီး၊ မြန်မာတို့အား
တီကောင်အမှတ်ဟူ၍ ခြေဖြင့်သာသာယာယာ
နင်းချေခါ ဆင်ဖြူရှင်ဘုရင်မင်းမြတ်ကို ကြက်က
လေး ငှက်ကလေးသဖွယ် ချေွးမထွက် နေမခ
ဖမ်းယူနိုင်လိမ့်မည်ဟု ယုံကြည်ယူဆနေသူများ
မှာ နိုင်ငံတော်အဆင့် အဆုံးအဖြတ်စစ်ပွဲကြီးဟူ
သည့် ဂုဏ်ဒြပ်ကိုပင် ထားဘိဦး၍ တရုတ်တိုင်း
အလုံးက ဖိန့်ဖိန့်တုန်ရသည့် စစ်သူကြီးများ ဟူသည့်
ဂုဏ်ဒြပ်တို့နှင့်ပင် ပါဝင်အင်အားကား သိမ်ငယ်
လွန်းလှစွာ အပ်စပ်လိုက်ဖက်ခြင်းမျှ မရှိပါချေ။
တရုတ်တို့သည် မြန်မာတို့အား စစ် ၄ ကြိမ်
ရှုံးခဲ့ခြင်းကြောင့် ချင်မင်းဆက် အင်အားချိနဲ့သွား
ခဲ့ကြောင်းကို မြန်မာတို့နှင့် စစ်ပွဲကြီးပြီးနောက်
ချင်မင်းဆက်သမိုင်းကို လေ့လာကြည့်ပါက သိရှိ
နိုင်မည် ဖြစ်ပေသည်။ အင်အားချိနဲ့ သွားသည်ဟု
ဆိုခြင်းမှာ လူအင်အားနည်းပါးသွားသည်ကို
ဆိုလိုခြင်းမဟုတ်ဘဲ တိုက်ရည်ခိုက်ရည်ကောင်း
သူများ မရှိတော့ခြင်းကို ဆိုလိုပေသည်။
ချင်းလုံက အထူးအားထားရသည့် ထိုသူတို့ကား
မြန်မာ့မြေ၌ မြန်မာတို့၏လက်ချက်ဖြင့် အရိုးဆွေး၍
မြေသြဇာဖြစ်ကုန်ခဲ့ကြပြီဖြစ်၏။
ချင်းလုံသည် နာမည်ကျော်စစ်သူကြီးများ မြန်မာတို့
လက်ချက်ဖြင့် ကုန်လုခမန်းဖြစ်ပြီးနောက် ကျန်ရှိ
သော လူစွမ်းကောင်းများကို စုဝေး၍ ရှေ့က စစ်ပွဲ
၃ ကြိမ်အား လေ့လာသုံးသပ်ကြပြီး ပီကင်း၌
စစ်ရေးစီမံချက် ရေးဆွဲပြန်လေသည်။
ထိုစီမံချက်အတွင်း၌ ရှေ့က စစ်ပွဲများတွင် တိုက်လှေများမရှိသဖြင့် မြစ်ကြောင်းကို အသုံး
မပြုနိုင်သည်ဖြစ်ရာ မြန်မာတို့၏ ရေတပ်ကို
ဟန့်တားနိုင်စွမ်းမရှိသည့်အပြင်၊ ရေတပ်တည်
ဆောက်ခြင်းဖြင့် တရုတ်တပ်များ ဧရာဝတီမြစ်
အတိုင်း ဗန်းမော်မှ စုန်ဆင်းပြီး အင်းဝသို့ အလျင်
အမြန်ချီတက်ပေါက်ရောက်နိုင်မည်ဟု သုံးသပ်
ကြသည့်အလျောက် မြန်မာတို့အား ယခုတစ်ကြိမ်
တိုက်ခိုက်မည့် တိုက်ပွဲတွင် တိုက်လှေနှင့် ဝန်တင်
လှေများ အများအပြားတည်ဆောက်ရန် စီမံချက်
ပါ ပါဝင်ခဲ့ပေသည်။ ထို လှေများကို တရုတ်ပြည်မှ
အဆင်တသင့်ပြုလုပ်လာမည်မဟုတ်ဘဲ
ဗန်းမော်တွင် တပ်ကြီးတပ်ခိုင်တည်ပြီးမှ မြန်မာ့
မြေထဲတွင် မြန်မာတို့၏ ကျွန်းသစ်များဖြင့်ပင်
တည်ဆောက်၍ ထိုတိုက်လှေ ဝန်တင်လှေများ
ဖြင့် စစ်အင်အားများ တင်ဆောင်ပြီး အင်းဝကို
ရေကြောင်းဖြင့် အလျင်အမြန်ချီတက် ဝန်းရံ
လုပ်ကြံရန်ပင်ဖြစ်၏။
တရုတ်တို့၏ ထို အကြံအစည် အထမြောက်
အောင်မြင်စေရန်အလို့ငှာ မြန်မာတို့က တရုတ်
တို့အား မည်သို့မျှ အနှောက်အယှက်မပြု
ကြည်ဖြူစွာပင် ထိုင်၍ ကြည့်နေကြပါမည်လား။
၄ ကြိမ်မြောက် စစ်ချီလာသော တရုတ်တို့တွင်
စစ်အင်အားမှာ ၅သိန်းသာလျှင်ပါ၍ လာခဲ့တော့
သည်။ ချင်းလုံသည် မြင်းခုံရဲ(မင်ဂျူအိ) သေဆုံး
ကြောင်း ကြေငြာပြီးနောက် တိဘက်ပုန်ကန်မှုကို
နှိမ်နင်းနိုင်ခဲ့သော ၎င်း၏ အထူးယုံကြည်ရသော အကြံပေး ဘုရင့်အတိုင်ပင်ခံ ဖူဟင်းအား
အကြီးအချုပ်ခန့်အပ်၍ ၎င်း၏ အောက်၌ တရုတ်
ဗိုလ်ချုပ် ၃ ယောက်ကို ဦးဆောင်စေပြီး မြန်မာ့
မြေကို သိမ်းပိုက်၍ အင်းဝသို့ ဆင်ဖြူရှင်အား
ဖမ်းဆီးနန်းချရန် စန္ဒားကြောင်းမှ စစ်ကြောင်း
၃ ကြောင်းခွဲ၍ လွှတ်လိုက်လေသည်။
ယခုတစ်ကြိမ် ၄ ကြိမ်မြောက် လွှတ်လိုက်သည့်
စစ်အင်အားမှာ တတိယအကြိမ်က လာရောက်
တိုက်ခိုက်သည့် စစ်အင်အား၏ ထက်ဝက်ပင်
မရှိတော့သလို တိုက်ရည်ခိုက်ရည်မှာလည်း
တတိယအကြိမ်ကကဲ့သို့ အထူးကောင်းမွန်သူများ
မပါရှိတော့ပေ။ ထို့ပြင် ချင်းလုံသည် ဖူဟင်းနှင့်
စစ်ဗိုလ်ချုပ်များအား မြန်မာတို့က စစ်ပြေငြိမ်း
လိုပါက ပြေငြိမ်းခဲ့ရန်လည်း မှာကြားလိုက်သည်
ဖြစ်ရာ ချင်းလုံအတွက် တတိယစစ်ပွဲသည် လွန်စွာ
အထိနာခဲ့ကြောင်း ထင်ရှားလေသည်။
အကယ်၍ ပဉ္စမအကြိမ်ဟု ရှိခဲ့ပါမူ လွှတ်စရာ
စစ်သားကောင်းပင် ရှိတော့မည် မဟုတ်ဟု
ခန့်မှန်းရပေသည်။
တတိယအကြိမ် အင်အား ၁သန်းကျော် အလုံး
အရင်းဖြင့် ဝင်ရောက်စီးနင်းစဉ်က နာမည်ကျော်
စစ်သူကြီး ၂ဦးနှင့် သူရဲကောင်းများပါဝင်ခဲ့သည်
ဖြစ်ရာ တိမ်ကြားမင်းခေါင်၏ ဝါးပိုးဝါးခံတပ်သာ
မကယ်ခဲ့ပါမူ မြန်မာတို့ တရုတ်တို့အား စစ်ရှုံး
နိုင်ချေရှိခဲ့ပြီး၊ မရှုံးနိမ့်ခဲ့ပါကလည်း ပွဲဦးထွက်၌ပင်
ကျိုးသွားသည့် စစ်ဦးကို မနည်း ထူမတ်ယူရမည့်
အနေအထားပင်ဖြစ်ပေသည်။ သို့မဟုတ်ပါမူ
စစ်ပြေငြိမ်းရန်ကမ်းလှမ်း၍ ယခုမြေပုံအရ ကချင်နှင့် ရှမ်းမြောက်/အရှေ့မြောက် ဒေသများအား
တရုတ်တို့လက်သို့ ပေးအပ်လိုက်ရဖွယ် ရှိ၏။
ယခုနောက်ဆုံးဖြစ်လာမည့် ၄ကြိမ်မြောက်၌
စစ်အင်အားသည် ၅သိန်းသာလျှင် ပါရှိတော့သလို
စစ်သားကောင်းလည်း ရှားပါးသွားပြီဖြစ်သည်အား
မြန်မာတို့ တတိယအကြိမ်ကကဲ့သို့ အပြင်းအထန်
ဆုံး မတိုက်ခိုက်ရတော့သည်က သက်သေခံနေ
ပေသည်။ ယခုလာသော တရုတ်တပ်မှာ မတိုက်မီ
ကပင် မြန်မာတို့က စစ်ပြေငြိမ်းရန် ကမ်းလှမ်း
လာစေရန် မျှော်လင့်ခဲ့ကြသည်ဖြစ်၏။
သို့သော် ချင်းလုံက တရုတ်တို့ဘက်စတင်၍
ကမ်းလှမ်းရန် မဆိုလိုက်ဘဲ မြန်မာတို့ဘက်က
စစ်ပြေငြိမ်းရန်မကမ်းလှမ်းဘဲ တိုက်ပါက တိုက်ရန်
သာညွှန်ကြားခဲ့သည်။ သို့သော် ချင်းလုံသည်
မြန်မာတို့က စတင်၍ စစ်ပြေငြိမ်းရန်ကမ်းလှမ်း
လိမ့်မည်ဟု မျှော်လင့်ခဲ့သလို ထိုအတိုင်း ဖြစ်ပါစေ
ဟု မိုးနတ်မင်းထံ ဆုတောင်းနေမည်မှာ အသေ
အချာပင်ဖြစ်၏။
ယခု ၄ ကြိမ်မြောက်စစ်ချီလာသည့် တရုတ်တို့မှာ
လှေဆောက်မည်ရည်ရွယ်ရင်းရှိသဖြင့် စန္ဒား
ကြောင်းမှပင် စုပြုံချီတက်လာခဲ့ကြ၏။
ဗန်းမော်သို့ မရောက်မီကပင် မြစ်ညှာ၌
လူ ၁သောင်းကို ထားရစ်ခဲ့ပြီး ထိုသူများက
သစ်ခုတ်၍ လှေလုပ်ပြီး ကောင်းတုံကို ဝန်းရံမည့်
တပ်သို့ မြစ်ညှာမှ လှေအများ ပို့ပေးရမည်
ဖြစ်ပေသည်။
မြန်မာတို့ဘက်က ပြင်ဆင်မှုသည် တရုတ်တို့
အတွက် ဆုတောင်းမပြည့်ခဲ့သော လုပ်ရပ်များ
ဖြစ်လာခဲ့၏။ တရုတ်တို့ စန္ဒားကြောင်း ချီလာသည်
ဟု ဆိုသည်နှင့် မြန်မာတို့က ဧရာဝတီမြစ်ကို
အရှေ့နှင့် အနောက်ခြမ်းတို့မှ တပ်၂တပ် ချီတက်
စေလိုက်ပြီး၊ ဝန်ကြီးမဟာသီဟသူရ အားရေတပ်
ကို ဦးဆောင်စေ၍ ကြည်းရေ အင်အား ၁ သိန်း
နည်းပါးဖြင့် တရုတ်စစ်ကို အလုံးအရင်း ကြို
လိုက်တော့၏။
တရုတ်တို့လည်း ကောင်းတုံအနီး ရွှေညောင်ပင်၌
တပ်စွဲ၍ ကောင်းတုံကို ကြည်းကြောင်း ရေကြောင်း
ဝန်းရံလုပ်ကြံကြသော်လည်း ဗလမင်းထင်၏ အစီ
အမံအောက်၌ အထွေးထွေး သေကြခြင်းဖြင့်
အဆုံးသတ်ရသည်ဖြစ်၏။ ဗလမင်းထင်သည်
ခံတပ်အတွင်း လောက်လွှဲကြီးများ ဆင်၍ သံလုံး
ကြီးများဖြင့်ပစ်ခတ်ရာ လူအားသုံး၍ လူလှိုင်းလုံး
ဖြင့်တက်လာသမျှ တရုတ်တို့ ထိုသံလုံးကြီးများ
အထိမှန်ခံရသည်၌ တစ်ကြိမ်လျှင် ၅၀မျိုး ၁၀၀မျိုး
သေကြလေသည် ဟူ၏။ ထို့ပြင် ယိုဒယားကို
သိမ်းပိုက်ပြီးနောက် ရရှိလာခဲ့သည့် အမြောက်များ
ကလည်း မြန်မာတို့အတွက် ကျနစွာ အသုံးတော်
ခံကြသလို တတိယအကြိမ်တရုတ်တို့ စစ်ရှုံးစဉ်က
ရရှိသည့် လက်နက်များကလည်း ၎င်းတို့သခင်
ဟောင်းများ၏ အသက်ဇီဝိန်ကို ပြန်လည်ချုပ်
ငြိမ်းပေးလျက်ရှိပေသည်။ ဟာဗေးကိုးကားပြသည့်
တရုတ်မှတ်တမ်းအတွင်း၌ မြန်မာတို့ကပစ်သည့်
အမြောက်များမှာ တစ်ချက်ပစ်လျှင် ၁၀ ချက်ခန့်
မှန်သည်ဟု ဆို၏။ ကျည်မြွှာအများထည့်၍ ပစ်
သည့် အမြောက်များဖြစ်ပြီး ယိုးဒယားကို ဝန်းရံ
စဉ်ကလည်း မြန်မာတို့ အသုံးပြုခဲ့ကြသည်။
ကောင်းတုံကိုဝန်းရံထားသည့် တရုတ်ရေတပ်အား
မြန်မာရေတပ်တို့က တိုက်ခိုက်ပြန်ရာ တရုတ်တို့
အထိနာလျက်ရှိရာက တရုတ်တို့၏ ရိက္ခာပို့
လမ်းကြောင်းအား မြန်မာတို့က ပိတ်ဆို့ဖြတ်
တောက်ထားပြန်သည်တွင် တရုတ်တို့ ရိက္ခာ
ဆေးဝါးပြတ်လျက်ရှိ၏။
တရုတ်မြင်းတပ်တို့မှာ မြန်မာဆင်တပ်ကို မခံနိုင်
ပြိုကွဲပျက်စီးရသည်ဖြစ်ပြီး တရုတ်မြန်မာ စစ်ပွဲ
၄ကြိမ်စလုံး၌ မြန်မာဆင်တပ်သည် အလွန်အရေး
ပါသည့် တပ်ဖြစ်ခဲ့ပေသည်။ တရုတ်ရေတပ်နှင့်
မြန်မာရေတပ်တို့ တိုက်ကြပြန်သည်၌လည်း
တရုတ်တို့၏ ဝမ်းပြားလှေများမှာ မြန်မာတို့၏
ဝမ်းလုံးတိုက်လှေများအား မယှဉ်နိုင် ရေတပ်
မှန်သမျှ ကမ်းပေါ်တက်ပြေး၍ ခံတပ်အတွင်း
ဝင်နေကြရသည် ဖြစ်ပြန်လေသည်။
မြန်မာတို့လည်း တရုတ်တို့ အခိုင်အမာ စွဲထားသော
ရွှေညောင်ပင်တပ်ကို ဝန်းရံလုပ်ကြံသည်တွင်
ရွှေညောင်ပင်တပ်ကို မြန်မာတို့သိမ်းမိ၍ တရုတ်
တို့လည်း အခြားစစ်သူကြီး ၂ ဦး၏ တပ်သို့ အကုန်
ပူးပေါင်း၍ နေသည်၌ မြန်မာတို့က တရုတ်တို့အား
အဘက်ဘက်မှ ဝန်းရံပိတ်ဆို့ထားလိုက်လေသည်။
၄ ကြိမ်မြောက်စစ်ပွဲ၌ တရုတ်တို့သည် မြန်မာ
တို့အား တိုက်ပွဲစသည်နှင့်ပင် နာလန်မထူနိုင်
အောင် ဆက်တိုက်ပင် ရှုံးနိမ့်နေခဲ့၏။
တရုတ်မှတ်တမ်း၏ ဖော်ပြချက်အရ ငတ်မွတ်
လျက်ရှိသည့် တရုတ်တို့မှာ အားအင်ချိနဲ့နေကြပြီး
ဒဏ်ရာရသူတို့အား ကုသရန်လည်း ဆေးဝါးမရှိ၊
မြန်မာတို့က ရေပင်ခပ်ခွင့်မသာအောင် ပိတ်ဆို့
ထားပြီး ဖျားနာသူများမှာလည်း သေလုဆဲဆဲ
ညည်းတွားသံများဖြင့် ပြည့်လျမ်းနေသည်ဆို၏။
ဤသို့ဖြင့် တရုတ်တို့သည် မြန်မာတို့နှင့် စစ်ပြေ
ငြိမ်းရန်အတွက် စတင်ကမ်းလှမ်းလာလေ
တော့သည်။ သို့သော် တရုတ်မှတ်တမ်းအတွင်း
၌မူ ထိုသို့ တရုတ်တို့အဝိုင်းခံထားရချိန်၌ မြန်မာ
တို့က ဖူဟင်းအား စစ်ပြေငြိမ်းရန် ကမ်းလှမ်း
လာသည်ဟု လီဆယ်၍ ပြောင်းပြန်ရေးသား
ထား၏။ ထိုသို့ တရုတ်တို့က စစ်ပြေငြိမ်းရန်
ကမ်းလှမ်းမှုကို ဝန်ကြီး မဟာသီဟသူရသည်
မိမိသဘောနှင့်မိမိ တရုတ်တို့၏ ကမ်းလှမ်း
ချက်ကို လက်ခံလိုက်၏။ ကျန် စစ်ဗိုလ်ချုပ်တို့က
နောက် ၉ ရက် ၁၀ ရက် ရှိလျှင် တရုတ်တို့
သူ့ အလိုလို သေလေမည်ကို အဘယ်ကြောင့်
စစ်ပြေငြိမ်းရပါမည်နည်းဟု သဘောမတူသည့်
ကြားက ဝန်ကြီးမဟာသီဟသူရသည် ဇွတ်ပင်
လက်ခံ၍ စစ်ပြေငြိမ်းခဲ့လေသည်။
ထိုသို့ လက်ခံလိုက်မှုက လက်ဦးမဆွ ပထမစစ်
ကပင်လျှင် ပီကင်းသို့ ကိုယ်တော်တိုင် တက်
သိမ်းမည်ဟူသော ဆင်ဖြူရှင်၏ ရည်ရွယ်ချက်ကို
ဖျက်ဆီးလိုက်ခြင်းဖြစ်သလို သမိုင်း အဖြစ်
အပျက်တို့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည့်
အခွင့်အရေးအား ထပ်ဆင့်ဖျက်ဆီးပစ်လိုက်ခြင်းပင်
ဖြစ်လေသည်။ အခြားဗိုလ်ချုပ်များက ဆိုသကဲ့သို့
နောင် ၉ရက် ၁၀ရက်နေလျှင် တရုတ်တို့ သူ့
အလိုလို သေကြတော့မည်ဖြစ်ရာ ယခု ၄ကြိမ်
မြောက်စစ်ပွဲအတွက် တရုတ်တို့က လွှတ်လိုက်
သော လူ ၅သိန်း မှာလည်း ထက်ဝက်မျှပင် မကျန်
တော့သည်ဖြစ်ပြီး ထိုသူများ သူ့အလိုလို ငတ်၍
သော်လည်းကောင်း၊ ဒဏ်ရာကြောင့်သော်
လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း
သေကုန်ပါက ချင်းလုံ၌ စစ်ပွဲကြီးများဆင်နွှဲရန်အ
အတွက် အရည်အချင်းရှိသည့်စစ်သားများ မကျန်
တော့သလောက် ဖြစ်သွားမည်မှာ အမှန်ပင်ဖြစ်၏။
ထိုသည်က ဆင်ဖြူရှင်ဘုရင်မင်းမြတ်၏ ပီကင်းသို့
ချီတက်သိမ်းပိုက်မည့် စီမံချက်ကို များစွာ အထောက်အကူဖြစ်မည်မှာ မချဧကန်ပင်
ဖြစ်ပေသည်။ ထို့ပြင် ချင်းလုံအား အစဉ်ဆန့်ကျင်
နေသော ဗီယက်နမ်မြောက်ပိုင်းသားများ၊
တိဘက်များ၊ မွန်ဂိုများ၊ တာတာများကလည်း
မြန်မာတို့ ပီကင်းသို့ ချီတက်လာသည်နှင့် ၎င်းတို့က
လည်း ချင်းလုံအား တိုက်ခိုက်လာကြမည်မှာ
အသေအချာပင်ဖြစ်ရာ ချင်းလုံအနေဖြင့် စစ်မျက်
နှာများစွာ ဖွင့်နိုင်မည့် အခြေအနေတွင်မရှိတော့
သည်ကြောင့် ပီကင်းသည် ဆင်ဖြူရှင်လက်အောက်
သို့ ရောက်ရှိမည်မှာ မြေကြီးလက်ခတ် မလွဲပင်
ဖြစ်ပေသည်။ ကုန်းဘောင်အင်ပါယာ မြန်မာနိုင်ငံ
တော်၏ ပိုင်နက်မှာ ဆင်ဖြူရှင်လက်ထက်
ပီကင်းအထိ ကျယ်ပြန့်မည်မှာ စိတ်ကူးယဉ်
ချက် မဟုတ်တော့ပေ။ အမှတ်တကယ်ဖြစ်လာ
မည့် ဆင်ဖြူရှင်၏ ရည်ရွယ်ချက်ဖြစ်ပေသည်။
ပီကင်းအား တိုက်ခိုက်သိမ်းပိုက်ရန်အတွက်
အယုဒ္ဓယအား ၃ နှစ်ကြာအောင် အချိန်ယူ
လုပ်ကြံသည်ကဲ့သို့ ချီတက်ရာ လမ်းတလျောက်က
နယ်ပယ်ဒေသများသည် ထပ်တိုးအင်အားများ
အဖြစ် အင်အား အဆမတန်ကြီးထွား လာမည်
ဖြစ်ပေသည်။ ဆင်ဖြူရှင်သည် ထို အချက်များကို
ခြုံငုံသိမြင် သုံးသပ်ပြီးမှသာလျှင် ပီကင်းသို့
ကိုယ်တော်တိုင်ချီတက် လုပ်ကြံမည်ဟု
မိန့်ကြားခဲ့ခြင်းဖြစ်ပေသည်။
သို့သော် ဝန်ကြီးမဟာသီဟသူရသည် ဆင်ဖြူရှင်
၏ အစီအမံကို မိမိသဘောဖြင့်မိမိ စစ်ပြေငြိမ်း
လိုက်ခြင်းဖြင့် ဖျက်ဆီးပစ်လိုက်ပြီး အလွန့်အလွန်
ခမ်းနားထည်ဝါတော့မည့် မြန်မာ့သမိုင်းနှင့်
ရာဇဝင်တွင်ရစ်မည့် ဆင်ဖြူရှင်ဘုရင်မင်းမြတ်၏
အခွင့်အရေးကို လက်လွတ်စပယ် လွှင့်ပစ်လိုက်
လေတော့သည်။ ဆင်ဖြူရှင်ပင်လျှင် မဆိုထား
ဘိဦး။ နောက် ၉ရက် ၁၀ရက် နေလျှင် တရုတ်တို့
အလိုလို သေကြတော့မည်ကို သိနေသည့် အခြား
ဗိုလ်ချုပ်များမှာလည်း မကျေနပ်ကြပါချေ။
………………………………………………………။
ပုံစာ -
ယခုအခါ တရုတ်တို့အပိုင်ဖြစ်နေသော
ယူနန်နယ်အတွင်းက မြန်မာ့နိုင်ငံတော်
ပိုင်နက် ဒေသများ။

No comments:

Post a Comment