Tuesday, September 24, 2019

"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၁၂)
……………………………………………။
ဆင္ျဖဴရွင္ဘုရင္မင္းျမတ္သည္ တရုတ္ႏွင့္စစ္ပြဲႀကီး
ျပီးဆံုးျပီးသည္ေနာက္ ႏိုင္ငံေတာ္တည္ေဆာက္
ေရးလုပ္ငန္းမ်ား၊ သာသနာေရးလုပ္ငန္းမ်ား၊
စာေပယဥ္ေက်းမႈမွအစ အဘက္ဘက္က တိုးတက္
ေအာင္ စီမံေဆာင္ရြက္ျပီး ခ်ီးေျမွာက္သင့္သူမ်ားကို
ခ်ီးေျမွာက္၍ ေနေတာ္မူသည္၌ ျမန္မာႏိုင္ငံေတာ္
သည္ ၎၏လက္ထက္၌ သာေတာင့္သာယာ ရွိခဲ႔
သည္ဟု ဆိုရမည္ျဖစ္ေပသည္။
လြန္ခဲ႔ေသာ ၁၀ စုႏွစ္တစ္ခုေက်ာ္ သက္ေတာ္ ၁၅/၁၆ ကာလက မိုဆိုးပိုရြာကေလးမွ အအိပ္ပ်က္
အစားပ်က္ျဖင့္ တလိုင္း/မြန္တို့ေၾကာင့္ တိုင္းျပည္
စေနာင့္စနင္း ဗရုတ္ဗရက္ရွိသည္ကို ေသေျမႀကီး ရွင္ေရႊထီးဟု အသက္ႏွင့္ရင္းရေသာ အခ်ိန္ကာလ
မ်ားအား ခမည္းေတာ္ အေလာင္းမင္းတရားႀကီးႏွင့္
အတူ ခက္ခဲပင္ပန္းစြာ ျဖတ္သန္းခဲ႔ရသည္။
ယခုမူကား စစ္မက္မရွိ ႏိုင္ငံေတာ္ ဖြံ႔ျဖိဳးေရး လုပ္
ေဆာင္ေတာ့ရန္သာ ရွိသည္ျဖစ္ေလသည္။
သို့စင္ေၾကာင့္ပင္လ်ွင္ ကံေတာ္မကုန္မီ လက္က်န္
ကာလတေလ်ာက္ ႏိုင္ငံေတာ္တည္ေဆာက္ေရး
ကိုသာလ်ွင္ တစိုက္မတ္မတ္ေဆာင္ရြက္ခဲ႔၏။
သို့ေသာ္ -
အယုဒၶျမိဳ႕ မပ်က္သုဥ္းမီကာလက ေနာက္ပါ လူ
၅၀၀ ခန့္ျဖင့္ အယုဒၶယျမိဳ႕မွ တိတ္တဆိတ္ ထြက္ခြါ
သြားသည့္ မြန္-ရွမ္းတရုတ္ ကျပား သက္ဆင္သည္
ေသာင္ပူရီ(ဘန္ေကာက္) အရပ္၌ လူသူစုရံုး၍
ေနရာမွ အင္အားႀကီးထြားလာျပီးေနာက္ ျမိဳ႕တည္
၍ မင္းျပဳေလသည္တြင္ ထို ဘန္ေဘာက္သား
ယိုးဒယားတို့အား ႏွိမ္နင္းရန္ အေၾကာင္းဖန္လာ
ခဲ႔ေတာ့သည္။
ဆင္ျဖဴရွင္အတြက္မူ ထိုကိစၥသည္ သူပုန္သူကန္
ႏွိမ္နင္းရသည့္ အဆင့္ေလာက္ဟုသာ ထင္မွတ္
ရန္ရွိေလသည္။ ထို့ေၾကာင့္ပင္လ်ွင္ ဆင္ျဖူရွင္
သည္ လူ ၇၀၀၀ ကိုသာ အင္းဝမွ ေစလႊတ္ျပီး
ဇင္းမယ္က တပ္တို့ကိုယူ၍ ဘန္ေကာက္တြင္
မင္းျပဳသည္ဟု ဆိုေသာ ပုန္ကန္သူ မြန္-ရွမ္းတရုတ္
ကျပား သက္ဆင္အား ဆံုးမရန္ လႊတ္လိုက္သည္
ျဖစ္၏။ ထားရိုက္ေၾကာင္းကိုမူ မုတၱမျမိဳ႕စားက
သင့္ေတာ္ရာ လူစု၍ ဇင္းမယ္က ဆင္းလာမည့္
တပ္ႏွင့္ ေစာင့္ဆိုင္း၍ ပူးေပါင္းရန္ ညႊန္ၾကား၏။
ဤတြင္ မေမ်ွာ္လင့္သည့္ အျဖစ္အပ်က္တို့သည္
ျဖစ္ပြားလာခဲ႔ေတာ့၏။
ဇင္းမယ္၌ ျမန္မာျမိဳ႕ဝန္သတိုးမင္းထင္သည္
ေဒသခံ ဇင္းမယ္ျမိဳ႕ဝန္ ဖရာ့ဆာပန္းႏွင့္ လကြန္း
စားတို့ ေက်းဇူးေတာ္ေဖာက္ျပန္၍ ပုန္ကန္မည္ဟု
ယံုၾကည္လ်က္ရွိရာ ဖရာ့ဆာပန္းတို့ကလည္း
ျမန္မာျမိဳ႕ဝန္အား မ်က္မုန္းက်ိဳးလ်က္ရွိ၏။
ေနမ်ိဳးသီဟပေတ့တို့ေရာက္ရွိလာသည့္အခါ
ဖရာ့ဆာပန္းတို့အား အင္းဝသို့ပို့ျပီး ဆင္ျဖဴရွင္၏
အဆံုးအမကို နာခံေစျပီးေနာက္ ျပန္လည္ေရာက္
ရွိလာသည္၌ ဘန္ေကာက္သို့ စစ္ခ်ီရန္ ဖရာ့ဆာပန္း
ႏွင့္ လကြန္းစားတို့အား တပ္ႏွင့္တကြ ေရွးဦးခ်ီ
တက္ေစသည္ကို ျမန္မာျမိဳ႕ဝန္သတိုးမင္းထင္က
ေျမြေပြးခါးပိုက္ပိုက္မိျပီဟု ဆိုျမည္လ်က္ရွိခါ
စိုးရိမ္ပူပန္လ်က္ရွိ၏။ ထိုသည္ေၾကာင့္ပင္လ်ွင္
ျမန္မာျမိဳ႕ဝန္ သတိုးမင္းထင္သည္ ဖရာ့ဆာပန္း
တို့အား အင္းဝသို့ျပန္ပို့မည္ဟု တပ္ခ်ီသည့္ေနာက္
လိုက္၍ အေခၚလႊတ္သည္တြင္ လာေရာက္ေခၚ
သူတို့အား ဖရာ့ဆာပန္းတို့က သတ္ျဖတ္ပစ္လိုက္
ၾကေလသည္။ ဤတြင္ သတိုးမင္းထင္လည္း
ဖရာ့ဆာပန္းႏွင့္လကြန္းစားတို့၏ သားမယားတို့
အား ထိန္သိမ္း၍ အင္းဝသို့ပို့သည္တြင္ ဖရာ့ဆာ
ပန္းတို့ တပ္ျပန္လွည့္၍ သားမယားတို့အား လမ္းမွ
လုယူျပီး ဘန္ေကာက္သို့ တပ္ႏွင့္တကြ ထြက္ေျပး
ခိုလံႈၾကေလသည္။ ထိုသည္တြင္မွ သတိုးမင္းထင္
၏ ေျပာဆိုခ်က္မ်ား အမွန္ျဖစ္ေၾကာင္း သိရေလ၏။
ထိုစဥ္ကာလ ျမန္မာတို့အုပ္ခ်ဳပ္ပံုမွာ ထား၍မရ
ႏိုင္ေတာ့သည့္သူမ်ားကိုသာ ကြပ္မ်က္၍ မူလ
ေစာ္ဘြားေစာ္ခံမ်ားကိုသာ သစၥာခံေစျပီး ျပန္လည္
ခန့္ထားျခင္းျဖစ္သည္။ ထိုသို့ မူလ လူကိုသာ
ျပန္လည္ခန့္ထားေသာ္လည္း တစ္ဦးတည္းမဟုတ္
မူဘဲ ျမန္မာ စစ္ကဲတစ္ဦးကိုပါ တြဲလ်က္ခန့္ထား
ျခင္းျဖစ္ေပသည္။ မူလလူသည္ ျမိဳ႕ျပဆိုင္ရာကိုသာ
ကိုင္တြယ္ရ၍ ျမန္မာစစ္ကဲသည္ တပ္ပိုင္းဆိုင္ရာ၊
အုပ္ခ်ဳပ္ေရးဆိုင္ရာ၊ အေဝးျမိဳ႕ေက်းစီမံခန့္ခြဲျခင္း
ဆိုင္ရာမ်ားကို ကြပ္ကဲရေလသည္။
ေကာင္းမြန္ေသာ စီမံခန့္ခြဲမႈပင္ျဖစ္၏။
ဖရာ့ဆာပန္းႏွင့္ လကြန္းစားတို့ ေသာင္ပူရီ
(ဘန္ေကာက္)သို့ေရာက္လ်ွင္ သက္ဆင္အား
ဇင္းမယ္ကိုသိမ္းပိုက္ပါရန္ ေလ်ွာက္ထားသည္၌
သက္ဆင္လည္း ဘန္ေကာက္မွ အလ်င္အျမန္
လာခဲ႔၍ ဇင္းမယ္ကိုတိုက္ေတာ့ရာ ျမန္မာတို့
အစီးအနင္း ညံ႔ဖ်င္းသျဖင့္ ဇင္းမယ္ကို သက္ဆင္
သိမ္းမိေလသည္။ သို့ေသာ္ၾကာရွည္မေနႏိုင္သျဖင့္
သက္ဆင္ ဘန္ေကာက္ျပန္သည္၌ ျမန္မာတို့
ဇင္းမယ္ကို ျပန္လည္သိမ္းပိုက္၏။
ထိုအတြင္း မုတၱမျမိဳ႕ဝန္သည္လည္း မသင့္မတင့္
ျပဳက်င့္ျပန္သည္ကား ဗညားစိန္ႏွင့္ လူ ၂ေထာင္
အား ထားရိုက္ေၾကာင္းခ်ီေစျပီးေနာက္ က်န္ခဲ႔ေသာ
ဗညားစိန္ တပ္က သားမယားတို့ကိုဖမ္း၍ ေငြေၾကး
ေတာင္းၾကသည္ဟူ၏။ မည္သည့္အတြက္ေၾကာင့္
ဤမ်ွ မိုက္မဲေသာအလုပ္ကိုလုပ္သည္ဟု မဆိုႏိုင္
သည္တြင္ ဗညားစိန္တို့လည္း သည္းမခံႏိုင္ျဖစ္၍
ထားရိုက္သို့ခ်ီရာမွ မုတၱမသို့ ျပန္လာျပီး သား
မယားတို့ကို တိုက္ယူျပီးရာ မုတၱမျမိဳ႕ဝန္သည္
ရန္ကုန္အထိ ထြက္ေျပးသည္၌ ဗညားစိန္တို့
ရန္ကုန္အထိလာတိုက္သည္တြင္ ျမန္ေအာင္ဗိုလ္
ႏွင့္ တလည္းစီးဗိုလ္တို့ အလ်င္အျမန္လာ၍
ကူသည္မွ ဗညားစိန္တို့ ရန္ကုန္မွ ဆုတ္ခြါ၍
ယိုးဒယားတို့ဘက္သို့ အလံုးအရင္းျဖင့္ ခိုလံႈသြား
ေလသည္။ ဤအျဖစ္အပ်က္တို့ျဖစ္ပြားရသည္မွာ မဟာေသနာပတိ၏ ညံ့ဖ်င္းမႈေၾကာင့္ျဖစ္ေၾကာင္း အထူးရွင္းလင္းစရာလိုမည္မဟုတ္ေပ။
ထိုကိစၥမ်ားအား ေျဖရွင္းရန္ႏွင့္ ေရႊတိဂံုဘုရားအား
ထီးေတာ္တင္ရန္ ဆင္ျဖဴရွင္သည္ ရန္ကုန္သို့
စုန္လာခဲ႔ျပီးေနာက္ က်န္းမာေရးအေျခအေနမွာ
ညံ့ဖ်င္းလာခဲ႔ေတာ့၏။
ဘန္ေကာက္သားတို့ ေထာင္ထားျခားနားမႈအား
ႏွိမ္နင္းရန္အတြက္ ညီျဖစ္သူအျမင့္မင္း၏ ေယာက္ဖ မင္းရဲေဇယ်ေက်ာ္ကို တပ္ေပါင္း
၁၂ တပ္အား လူ ၁ေသာင္းေက်ာ္ျဖင့္ ထားရိုက္
ေၾကာင္း ေရွ႕ဦးခ်ီေစျပီး ဝန္ႀကီးမဟာသီဟသူရ
ကို လူ ၃ေသာင္းခြဲျဖင့္ တပ္မခ်ီေစလိုက္သည္။
ျမန္မာတို့ ထားရိုက္ေၾကာင္းခ်ီလာသည္ကို ကရင္
လဝ မ်ားက သက္ဆင္အား သြားေရာက္ေလ်ွာက္
ထားၾကရာ၌ သက္ဆင္လည္း ျမန္မာတို့အား
စစ္ဦးခ်ိဳးရန္ ဆာကတံ ဟူေသာအရပ္၌ အင္အား
၃ေသာင္းခန့္ျဖင့္ တပ္တည္၍ ေစာင့္ေနေလ၏။
ထိုသည္ကို တိုက္ရန္အတြက္ မဟာသီဟသူရ၏
လုပ္ရပ္မွာ တပ္ ၃ တပ္မွ လူ ၁ေထာင္စီထုတ္၍
အေလာင္းမင္းတရားလက္ထက္ကပင္ သစၥာ
ေတာ္ မေဖာက္မဖ်က္ ရဲစြမ္းသတၱိႏွင့္ျပည့္စံုသည့္
မြန္လူမ်ိဳး ဆပ္ျပာကုန္းဗိုလ္အား ေပးအပ္၍
တိုက္ေခ်ဟု ေစလႊတ္ေလသည္။
ထိုသည္ကို အျမင့္မင္းေယာက္ဖေတာ္ မင္းရဲေဇယ်
ေက်ာ္က သေဘာမတူေပ။ ဘန္ေကာက္ရွမ္းတို့
အင္အား ၃ေသာင္းျဖင့္ တပ္ႀကီးတည္၍ ေစာင့္ေန
သည္ကို အင္အား ၃ေထာင္မ်ွျဖင့္ မလႊတ္ဘဲ
အလံုးအရင္းျဖင့္ စစ္ဦးခ်ိဳးေသာ္ ယိုးဒယားတို့
ျမို့သို့ အလြယ္ပင္ေရာက္မည္ဟုဆိုေသာ္ျငား
မဟာသီဟသူရသည္ အျမင့္မင္း ေယာက္ဖေတာ္
မင္းရဲေဇယ်ေက်ာ္၏ စကားကို ျငင္းပယ္သည္တြင္
မင္းရဲေဇယ်ေက်ာ္မွာ တမင္သက္သက္ အခ်ီးအႏွီး
သြားေရာက္အေသခံေစသည္ ကဲ႔သို့ျဖစ္ေနသျဖင့္ ၎တပ္က တစ္ေယာက္မွ မေပးႏိုင္ဟု ဆို၏။
ထိုသည္ကို မဟာသီဟသူရက ဆင္ျဖဴရွင္အား
အျမင့္မင္းေယာက္ဖ ငမႈန္သည္ ၎အမိန့္အား
မနာခံ ယိုးဒယားတို့အား တိုက္ခိုက္ရန္ ျငင္းဆန္
သည္ဟု စာပို့တိုင္ၾကားေလသည္။
ထိုသည္တြင္ မင္းရဲေဇယ်ေက်ာ္လည္း မဟာသီဟ
သူရသည္ ၎အား တမင္သက္သက္ အမႈရွာ
သည္ဟုဆို၍ တပ္ႏႈတ္ခါ ၎၏ တပ္ေပါင္း ၁၂ တပ္
ကို မုတၱမ သို့ လွည့္ျပန္၍ ထိုတြင္ တပ္ခ်ေနေလ
သည္။ ထိုသည္ကို မဟာသီဟသူရက ထပ္မံ၍
ငမႈန္သည္ ဆင္ျဖဴရွင္ နာမက်န္းျဖင့္ နတ္ရြာစံ၍
ေယာက္ဖေတာ္အျမင့္မင္း ဘုရင္ျဖစ္ျပီဟုဆိုကာ
တပ္ႏႈပ္၍ ျပန္ေလသည္ဟု စာပို့၍ ထပ္မံ တိုင္ၾကား
ျပန္ေလသည္။
(ထို အခ်က္က ယခုေနာက္ပိုင္းေရးၾကသကဲ႔သို့
ဆင္ျဖဴရွင္သည္ ညီေတာ္ အျမင့္မင္းအား အိမ္ေရွ႕
အရာမထားဘဲ သားေတာ္ ငစဥ့္ကူးမင္းအား
အေလာင္းမင္းတရား မွာထားခ်က္ကို ေသြဖည္၍
အိမ္ေရွ႕အရာထားသည္ဟူေသာ ေရးသားမႈမ်ား
ကို ေခ်ဖ်က္ေပးျခင္းပင္ ျဖစ္သည္။ အကယ္၍
ဆင္ျဖဴရွင္ကသာ သားေတာ္စဥ့္ကူးမင္းအား
အိမ္ေရွ႕အရာ ေပးသည္မွန္ပါက အျမင့္မင္း
နန္းတက္သည္ဟု စကားထြက္လာမည္ မဟုတ္
ပါေပ) ထိုသည္ေၾကာင့္ နာမက်န္းျဖစ္ေနေသာ ဆင္ျဖဴရွင္က မုတၱမသို့ ျပန္ေရာက္ေနသည့္ မင္းရဲ
ေဇယ်ေက်ာ္အား အင္းဝသို့ေခၚယူ၍ နင့္ေယာက္ဖ
ဘုရင္ျဖစ္ျပီၾကား၍ ျပန္လာသည္ဟု ဆိုသည္
ဟုတ္သလားဟု ေမးရာတြင္ မဟာသီဟသူရ၏
အမႈရွာမႈသက္သက္သာ ျဖစ္ေၾကာင္း ျပန္လည္
ေလ်ာက္ထားေသာ္လည္း စစ္ေရးစစ္ရာကာလ
တပ္ႏႈတ္ျပန္လာရပါမည္ေလာဟု ဆိုျမည္၍
မင္းရဲေဇယ်ေက်ာ္(ငမႈန္)အား မဟာသီဟသူရက
စီရင္လိုရာစီရင္ေစဟု တပ္မသို့ ျပန္ပို့လိုက္၏။
ထိုအတြင္း မဟာသီဟသူရက လႊတ္လိုက္ေသာ
ဆပ္ျပာကုန္းဗိုလ္ႏွင့္ လူ ၃ေထာင္မွာ ယိုးဒယား
၃ ေသာင္းတို့ လက္ခ်က္ျဖင့္ ဆာကတံတပ္တြင္
တပ္လံုးနစ္ေလေတာ့၏။ တစ္ဦးတစ္ေယာက္မ်ွ
အသက္မရွင္ခဲ႔ၾကေပ။ ငမႈန့္စကားအတိုင္း
အခ်ည္းအႏွီး သြားေရာက္၍ အေသခံေစျပီး
အင္အားျပဳန္းတီးေစကာ စစ္ဦးအခ်ိဳးခံ၍ ျမန္မာ
တပ္သားတို့၏ စိတ္ဓာတ္ကို ရိုက္ခ်ိဳးလိုက္ျခင္း
ျဖစ္ေပသည္။
ထိုသို့ ျဖစ္သည္ကို မဟာသီဟသူရသည္ ၎၌
ပါရင္း အင္အား ၃ေသာင္းခြဲရွိပါလ်က္ ယိုးဒယား
တို့၏ ဆာကတံတပ္ကို တိုက္ရန္ မစီမံဘဲ အျမင့္မင္းေယာက္ဖ ငမႈန္ မည္သို့ျဖစ္မည့္
အၾကာင္းအား နားစြင့္လ်က္ ေရွ႕သို့မဆက္ဘဲ
တပ္ကို ရပ္ျမဲရပ္လ်က္ ေစာင့္စားငံ႔လင့္ေန၏။
ထိုသို့ ယိုးဒယားသို့ ဆက္လက္မခ်ီဘဲ ငံ႔လင့္
ေနသည္မွာ ဆင္ျဖဴရွင္၏ က်န္းမာေရးအေျခအေန
ဆိုးရြားေနသည္ႏွင့္ ထီးေရးနန္းေရး ကိစၥအေပၚ
စိတ္ေစာေနျခင္းေၾကာင့္ ျဖစ္ႏိုင္ေပသည္။
မဟာသီဟသူရသည္ ဆင္ျဖဳရွင္မ်က္ကြယ္၌
ဘုရင့္မယားညီအစ္ကို ဟူေသာ အခြင့္အာဏာကို
သံုး၍ မည္ကဲ႔သို့ အုပ္စုဖြဲ႕ စည္းရံုးထားပါသနည္း။
တပ္ပိုင္းဆိုင္ရာကိစၥမ်ား၌ တပ္ဗိုလ္တစ္ဦးႏွင့္
တစ္ဦးေသြးကြဲေနျခင္းႏွင့္ မင္းရဲေဇယ်ေက်ာ္ကဲ႔သို့
ေသာ ဗိုလ္ခ်ဳပ္တို့က မဟာသီဟသူရအား
အဘယ့္ေၾကာင့္ အာခံရပါသနည္း။
မဟာသီဟသူရသည္လည္း အက်ိဳးမဲ႔ လုပ္ရပ္
မ်ားကို အဘယ့္ေၾကာင့္ လုပ္ေဆာင္ေနရပါ
သနည္း။ ထို့ျပင္ ဆင္ျဖဴရွင္နတ္ရြာစံသည္၌
မွဴးမတ္တို့သည္ ညီေတာ္ျဖစ္သူ အျမင့္မင္းအား
သြားေရာက္ အေၾကာင္းမၾကားဘဲ သားေတာ္
ငစဥ့္ကူးမင္းထံ သြားေရာက္အေၾကာင္းၾကား၍
ထီးနန္းသိမ္းပိုက္ပါရန္ ေလ်ွာက္ထားၾကသည္မွာ
မည္သူ၏ အစီအမံျဖစ္ဖြယ္ ရွိပါသနည္း။
ဆင္ျဖဴရွင္က မဟာသီဟသူရထံ ျပန္လည္ပို့
လိုက္သည့္ မင္းရဲေဇယ်ေက်ာ္အား မဟာသီဟ
သူရက အျပစ္ကလႊတ္ေသာ္လည္း ဆာကတံ
တပ္ကို လူ ၃ေထာင္ျဖင့္ တိုက္ရမည္ဟု ဆိုေလ
သည္။ ေရွ႕က ဆင္ျဖဴရွင္အေပၚ သစၥာေတာ္ေစာင့္ ၍ ရြပ္ရြပ္ခ်ြံခ်ြံတိုက္ပြဲဝင္ခဲ႔ေသာ အရည္အခ်င္းျပည့္
ဝသည့္ ဆပ္ျပာကုန္းဗိုလ္ အား လူ ၃ေထာင္ျဖင့္
မျဖစ္ႏိုင္မွန္းသိပါလ်က္ ယိုးဒယားတို့၏ အသတ္ကို
သြားေရာက္ ခံေစသည္မွာ မၾကာေသးပါေခ်။
ထိုသည္ကို ယခုတဖန္ အျမင့္မင္း ေယာက္ဖအား
ထပ္မံ၍ လူ ၃ေထာင္ျဖင့္ ေနာက္ကူ အကမ္း
အလွမ္းမပါဘဲ သြားေရာက္တိုက္ခိုက္ေစျပန္
သည္မွာ ငမႈန္ႏွင့္ လူ၃ေထာင္အား ထပ္မံ နစ္ေခ်
ရန္ လႊတ္ေနသည္ျဖစ္ေၾကာင္း သံသယရွိစရာ
လိုမည္မဟုတ္ပါေခ်။ မဟာသီဟသူရသည္
ယိုးဒယား ၃ေသာင္း တပ္စြဲထားသည့္ တပ္ေရွ႕
သို့ ျမန္မာတပ္မ်ားကို တျဖည္းျဖည္းခ်င္း အမွည့္
ေၾကြေၾကြေစရန္ ျပဳလုပ္ေနသည္မွာ ထင္ရွား
ေနေပသည္။ မဟာသီဟသူရ၏ ဝမ္းတြင္း၌
မည္သည့္ အႀကံအစည္တို့သည္ ကိန္းေအာင္း၍
ေနႏွင့္ပါဘိသနည္း။
မင္းရဲေဇယ်ေက်ာ္လည္း ယေန့ညပင္ တိုက္မည္ဟု
ဆာကတံ ခံတပ္ဆီသို့ လူ ၃ေထာင္ျဖင့္ ေနာက္ပါ
အကမ္းအလွမ္း မပါဘဲ ညတြင္းခ်င္းထြက္ခြါ
ေလသည္။ မိုးမလင္းမီ ေရာက္ရွိသည္ႏွင့္ ယိုးဒယား
တို့တပ္တြင္းသို့ တိတ္တဆိတ္ဝင္ေရာက္ျပီး
တပ္အား မီးတိုက္ၾက၍ ဖ်ဖ်သည္းသည္း ေၾကြး
ေၾကာ္၍ တိုက္ၾကရာ ယိုးဒယားတို့လည္း ျမန္မာ
တပ္တို့ အလံုးအရင္းျဖင့္ ဝင္ေရာက္စီးနင္းသည္
အထင္ျဖင့္ ကစဥ့္ကလ်ား တပ္ပ်က္ထြက္ေျပး
ရေလေတာ့သည္။ မင္းရဲေဇယ်ေက်ာ္အေနျဖင့္
ညတြင္းခ်င္းသြားေရာက္ တိုက္ခိုက္မည္ဟု
ဆံုးျဖတ္ခ်က္မွာ မွန္ကန္ေသာ စစ္ေရး ဆံုးျဖတ္
ခ်က္ပင္ ျဖစ္သည္။ လူ ၃ေထာင္မ်ွျဖင့္ ေန့အခါ
ျမင္ျမင္ ထင္ထင္အား သြားေရာက္တိုက္ခိုက္
ပါက ေရွ႕က ဆပ္ျပာကုန္းဗိုလ္၏ လမ္းစဥ္သို့
လိုက္ရမည္ျဖစ္ေပသည္။ မည္သို့ပင္ ဆိုေစကာမူ
လူ ၃ေထာင္ျဖင့္ ယိုးဒယား ၃ေသာင္းအား
တပ္ပ်က္ေအာင္ တိုက္ႏိုင္ခဲ႔သည့္ အစြမ္းအစ
အရည္အခ်င္းမွာ ထူးကဲလွ၏။
ပါရင္းအင္အား ၃ေသာင္းခြဲျဖင့္ ေရွ႕မတိုးဘဲ
တပ္ရပ္ေနေသာ မဟာသီဟသူရသည္ ငမႈန္၏
စြမ္းေဆာင္ခ်က္ကို ေက်နပ္ပါမည္ေလာ။
၎ၾကားခ်င္သည့္ စကားမွာ အျမင့္မင္းေယာက္ဖ
ငမႈန္ႏွင့္ လူ ၃ေထာင္ ေရွ႕က ဆပ္ျပာကုန္းဗိုလ္ႏွင့္
လူ ၃ေထာင္ကဲ႔သို့ ယိုးဒယားတို့ လက္ခ်က္ျဖင့္
နစ္ခဲ႔ေခ်ျပီဟူေသာ သတင္းစကားကို ေစာင့္ေမ်ွာ္
ေနသည္ ျဖစ္ေကာင္းျဖစ္ေပမည္။
သို့မဟုတ္ ျဖစ္ကို ျဖစ္ေပမည္။
အဘယ့္ေၾကာင့္ဆိုေသာ္ အျမင့္မင္းေယာက္ဖ
မင္းရဲေဇယ်ေက်ာ္က ဆာကတံတပ္ပ်က္၍
ယိုးဒယားတို့ ထြက္ေျပးျပီဟု လာေရာက္ အေၾကာင္း ၾကားသည့္အခါ တပ္မအလံုး
ယိုးဒယားတို့ေျခအၾကြကို ဖိသိပ္၍လိုက္ျပီး
ဘန္ေကာက္ကို ဝန္းရံေနရမည့္အစား ယိုးဒယားတို့
ေျမကိုပိုင္ႏိုင္က်ြမ္းက်င္ေစ့စပ္သည့္ ဆင္ျဖဴရွင္က
ခ်ီတက္ရန္ ညႊန္ၾကားလိုက္သည့္ ထားရိုက္ေၾကာင္း
သည္ မေကာင္း၊ မိုးကုန္မွ ရြာဟိုင္းေၾကာင္းက
ခ်ီမည္ဟူ၍ မုတၱမသို့ တပ္ျပန္ဆုတ္ေလသည္။
မဟာသီဟသူရ၏ စိတ္ေနစိတ္ထားတို့သည္
အဘယ္သို့ပါနည္း။ ဆင္ျဖဴရွင္ နတ္ရြာစံခ်ိန္ကို
ေစာင့္၍ ထီးေရးနန္းေရးကို စိတ္ပါဝင္စားစြာ
ေမ်ွာ္တင္းေနသည္ ျဖစ္ပါသေလာ။
မဟာသီဟသူရသည္ ဆင္ျဖဴရွင္မ်က္ကြယ္၌
နန္းတြင္းအေရးတြင္ မည္ကဲ႔သို့ ဝင္ေရာက္ ရႈပ္
ေထြး၍ ထားပါသနည္း။ ဆင္ျဖဴရွင္ကိုယ္တိုင္
တပ္ဖြဲ႕ေပးလိုက္သည့္ တပ္ေပါင္း ၁၂ တပ္ကို
ဦစီးလာေသာ ဗို္လ္ခ်ဳပ္ မင္းရဲေဇယ်ေက်ာ္(ငမႈန္)
သည္ အျမင့္မင္း၏ ေယာက္ဖမွန္းသိသိႀကီး ျဖစ္
ပါလ်က္ အမႈရွာေနသည္မွာ မဟာသီဟသူရသည္
အျမင့္မင္းအား မေက်နပ္သူျဖစ္ပါသလား။အျမင့္မင္း ထီးနန္းရမည္ကို ပူပန္ေနသည္လား။
အျမင့္မင္းကို နန္းမတက္ေစဘဲ ၎၏ သားမက္
ငစဥ့္ကူးမင္းကို နန္းတက္ေစရန္ အလိုရွိသူ
ျဖစ္သည္လား။ နန္းတြင္းအေရးသည္ မဟာသီဟ
သူရေၾကာင့္ ရႈပ္ေထြးေနျပီလား။ ထို့ၾကာင့္ပင္လ်ွင္
မဟာသီဟသူရသည္ ဆင္ျဖဴရွင္က လႊတ္လိုက္၍
လာခဲ႔ရေသာ္လည္း ဘန္ေကာက္ကို စစ္ခ်ီမည့္
အစား အင္းဝကိုသာ ျပန္လိုသည္ ျဖစ္ေန
သည္လား။
မဟာသီဟသူရ ၏ သေဘာသြားႏွင့္ လုပ္ရပ္
တို့မွာ ႏိုင္ငံေတာ္၏ နစ္နာခ်က္မ်ား ျဖစ္လာျပီး
တပ္တြင္းေသြးကြဲမႈမ်ားပါ ျဖစ္ေပၚလာေစသည္မွာ
အမွန္ပင္ ျဖစ္ေပေတာ့သည္။
…………………………………………………………။
ပံုစာ -
၁/ အျမင့္မင္း၏ ေယာက္ဖ ငမံႈ
အႏိုင္တိုက္ခဲ႔ေသာ ဆာကတံတိုက္ပြဲျဖစ္ပြားရာ
ကခ်နပူရီ အရပ္။
၂/ ထားရိုက္ေၾကာင္းခ်ီျမန္မာတပ္တို့
ျဖတ္သန္းရာ ဘုရားသံုးဆူလမ္း။
၃/ တိုက္ပြဲျဖစ္ပြားရာႏွင့္ မေဝးေတာ့ေသာ
ဘန္ေကာက္သို့ ခရီး။
၄/ မဟာသီဟသူရ နန္းတြင္းေရးေစာင့္ဆိုင္းရန္
အတြက္ မုတၱမသို့ ျပန္လည္ ဆုတ္ခြါခဲ႔ေသာ
ခရီး။

…………………………………………………………

"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၁၂)
……………………………………………။
ဆင်ဖြူရှင်ဘုရင်မင်းမြတ်သည် တရုတ်နှင့်စစ်ပွဲကြီး
ပြီးဆုံးပြီးသည်နောက် နိုင်ငံတော်တည်ဆောက်
ရေးလုပ်ငန်းများ၊ သာသနာရေးလုပ်ငန်းများ၊
စာပေယဉ်ကျေးမှုမှအစ အဘက်ဘက်က တိုးတက်
အောင် စီမံဆောင်ရွက်ပြီး ချီးမြှောက်သင့်သူများကို
ချီးမြှောက်၍ နေတော်မူသည်၌ မြန်မာနိုင်ငံတော်
သည် ၎င်း၏လက်ထက်၌ သာတောင့်သာယာ ရှိခဲ့
သည်ဟု ဆိုရမည်ဖြစ်ပေသည်။
လွန်ခဲ့သော ၁၀ စုနှစ်တစ်ခုကျော် သက်တော် ၁၅/၁၆ ကာလက မိုဆိုးပိုရွာကလေးမှ အအိပ်ပျက်
အစားပျက်ဖြင့် တလိုင်း/မွန်တို့ကြောင့် တိုင်းပြည်
စနောင့်စနင်း ဗရုတ်ဗရက်ရှိသည်ကို သေမြေကြီး ရှင်ရွှေထီးဟု အသက်နှင့်ရင်းရသော အချိန်ကာလ
များအား ခမည်းတော် အလောင်းမင်းတရားကြီးနှင့်
အတူ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရသည်။
ယခုမူကား စစ်မက်မရှိ နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်
ဆောင်တော့ရန်သာ ရှိသည်ဖြစ်လေသည်။
သို့စင်ကြောင့်ပင်လျှင် ကံတော်မကုန်မီ လက်ကျန်
ကာလတလျောက် နိုင်ငံတော်တည်ဆောက်ရေး
ကိုသာလျှင် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့၏။
သို့သော် -
အယုဒ္ဓမြို့ မပျက်သုဉ်းမီကာလက နောက်ပါ လူ
၅၀၀ ခန့်ဖြင့် အယုဒ္ဓယမြို့မှ တိတ်တဆိတ် ထွက်ခွါ
သွားသည့် မွန်-ရှမ်းတရုတ် ကပြား သက်ဆင်သည်
သောင်ပူရီ(ဘန်ကောက်) အရပ်၌ လူသူစုရုံး၍
နေရာမှ အင်အားကြီးထွားလာပြီးနောက် မြို့တည်
၍ မင်းပြုလေသည်တွင် ထို ဘန်ဘောက်သား
ယိုးဒယားတို့အား နှိမ်နင်းရန် အကြောင်းဖန်လာ
ခဲ့တော့သည်။
ဆင်ဖြူရှင်အတွက်မူ ထိုကိစ္စသည် သူပုန်သူကန်
နှိမ်နင်းရသည့် အဆင့်လောက်ဟုသာ ထင်မှတ်
ရန်ရှိလေသည်။ ထို့ကြောင့်ပင်လျှင် ဆင်ဖြူရှင်
သည် လူ ၇၀၀၀ ကိုသာ အင်းဝမှ စေလွှတ်ပြီး
ဇင်းမယ်က တပ်တို့ကိုယူ၍ ဘန်ကောက်တွင်
မင်းပြုသည်ဟု ဆိုသော ပုန်ကန်သူ မွန်-ရှမ်းတရုတ်
ကပြား သက်ဆင်အား ဆုံးမရန် လွှတ်လိုက်သည်
ဖြစ်၏။ ထားရိုက်ကြောင်းကိုမူ မုတ္တမမြို့စားက
သင့်တော်ရာ လူစု၍ ဇင်းမယ်က ဆင်းလာမည့်
တပ်နှင့် စောင့်ဆိုင်း၍ ပူးပေါင်းရန် ညွှန်ကြား၏။
ဤတွင် မမျှော်လင့်သည့် အဖြစ်အပျက်တို့သည်
ဖြစ်ပွားလာခဲ့တော့၏။
ဇင်းမယ်၌ မြန်မာမြို့ဝန်သတိုးမင်းထင်သည်
ဒေသခံ ဇင်းမယ်မြို့ဝန် ဖရာ့ဆာပန်းနှင့် လကွန်း
စားတို့ ကျေးဇူးတော်ဖောက်ပြန်၍ ပုန်ကန်မည်ဟု
ယုံကြည်လျက်ရှိရာ ဖရာ့ဆာပန်းတို့ကလည်း
မြန်မာမြို့ဝန်အား မျက်မုန်းကျိုးလျက်ရှိ၏။
နေမျိုးသီဟပတေ့တို့ရောက်ရှိလာသည့်အခါ
ဖရာ့ဆာပန်းတို့အား အင်းဝသို့ပို့ပြီး ဆင်ဖြူရှင်၏
အဆုံးအမကို နာခံစေပြီးနောက် ပြန်လည်ရောက်
ရှိလာသည်၌ ဘန်ကောက်သို့ စစ်ချီရန် ဖရာ့ဆာပန်း
နှင့် လကွန်းစားတို့အား တပ်နှင့်တကွ ရှေးဦးချီ
တက်စေသည်ကို မြန်မာမြို့ဝန်သတိုးမင်းထင်က
မြွေပွေးခါးပိုက်ပိုက်မိပြီဟု ဆိုမြည်လျက်ရှိခါ
စိုးရိမ်ပူပန်လျက်ရှိ၏။ ထိုသည်ကြောင့်ပင်လျှင်
မြန်မာမြို့ဝန် သတိုးမင်းထင်သည် ဖရာ့ဆာပန်း
တို့အား အင်းဝသို့ပြန်ပို့မည်ဟု တပ်ချီသည့်နောက်
လိုက်၍ အခေါ်လွှတ်သည်တွင် လာရောက်ခေါ်
သူတို့အား ဖရာ့ဆာပန်းတို့က သတ်ဖြတ်ပစ်လိုက်
ကြလေသည်။ ဤတွင် သတိုးမင်းထင်လည်း
ဖရာ့ဆာပန်းနှင့်လကွန်းစားတို့၏ သားမယားတို့
အား ထိန်သိမ်း၍ အင်းဝသို့ပို့သည်တွင် ဖရာ့ဆာ
ပန်းတို့ တပ်ပြန်လှည့်၍ သားမယားတို့အား လမ်းမှ
လုယူပြီး ဘန်ကောက်သို့ တပ်နှင့်တကွ ထွက်ပြေး
ခိုလှုံကြလေသည်။ ထိုသည်တွင်မှ သတိုးမင်းထင်
၏ ပြောဆိုချက်များ အမှန်ဖြစ်ကြောင်း သိရလေ၏။
ထိုစဉ်ကာလ မြန်မာတို့အုပ်ချုပ်ပုံမှာ ထား၍မရ
နိုင်တော့သည့်သူများကိုသာ ကွပ်မျက်၍ မူလ
စော်ဘွားစော်ခံများကိုသာ သစ္စာခံစေပြီး ပြန်လည်
ခန့်ထားခြင်းဖြစ်သည်။ ထိုသို့ မူလ လူကိုသာ
ပြန်လည်ခန့်ထားသော်လည်း တစ်ဦးတည်းမဟုတ်
မူဘဲ မြန်မာ စစ်ကဲတစ်ဦးကိုပါ တွဲလျက်ခန့်ထား
ခြင်းဖြစ်ပေသည်။ မူလလူသည် မြို့ပြဆိုင်ရာကိုသာ
ကိုင်တွယ်ရ၍ မြန်မာစစ်ကဲသည် တပ်ပိုင်းဆိုင်ရာ၊
အုပ်ချုပ်ရေးဆိုင်ရာ၊ အဝေးမြို့ကျေးစီမံခန့်ခွဲခြင်း
ဆိုင်ရာများကို ကွပ်ကဲရလေသည်။
ကောင်းမွန်သော စီမံခန့်ခွဲမှုပင်ဖြစ်၏။
ဖရာ့ဆာပန်းနှင့် လကွန်းစားတို့ သောင်ပူရီ
(ဘန်ကောက်)သို့ရောက်လျှင် သက်ဆင်အား
ဇင်းမယ်ကိုသိမ်းပိုက်ပါရန် လျှောက်ထားသည်၌
သက်ဆင်လည်း ဘန်ကောက်မှ အလျင်အမြန်
လာခဲ့၍ ဇင်းမယ်ကိုတိုက်တော့ရာ မြန်မာတို့
အစီးအနင်း ညံ့ဖျင်းသဖြင့် ဇင်းမယ်ကို သက်ဆင်
သိမ်းမိလေသည်။ သို့သော်ကြာရှည်မနေနိုင်သဖြင့်
သက်ဆင် ဘန်ကောက်ပြန်သည်၌ မြန်မာတို့
ဇင်းမယ်ကို ပြန်လည်သိမ်းပိုက်၏။
ထိုအတွင်း မုတ္တမမြို့ဝန်သည်လည်း မသင့်မတင့်
ပြုကျင့်ပြန်သည်ကား ဗညားစိန်နှင့် လူ ၂ထောင်
အား ထားရိုက်ကြောင်းချီစေပြီးနောက် ကျန်ခဲ့သော
ဗညားစိန် တပ်က သားမယားတို့ကိုဖမ်း၍ ငွေကြေး
တောင်းကြသည်ဟူ၏။ မည်သည့်အတွက်ကြောင့်
ဤမျှ မိုက်မဲသောအလုပ်ကိုလုပ်သည်ဟု မဆိုနိုင်
သည်တွင် ဗညားစိန်တို့လည်း သည်းမခံနိုင်ဖြစ်၍
ထားရိုက်သို့ချီရာမှ မုတ္တမသို့ ပြန်လာပြီး သား
မယားတို့ကို တိုက်ယူပြီးရာ မုတ္တမမြို့ဝန်သည်
ရန်ကုန်အထိ ထွက်ပြေးသည်၌ ဗညားစိန်တို့
ရန်ကုန်အထိလာတိုက်သည်တွင် မြန်အောင်ဗိုလ်
နှင့် တလည်းစီးဗိုလ်တို့ အလျင်အမြန်လာ၍
ကူသည်မှ ဗညားစိန်တို့ ရန်ကုန်မှ ဆုတ်ခွါ၍
ယိုးဒယားတို့ဘက်သို့ အလုံးအရင်းဖြင့် ခိုလှုံသွား
လေသည်။ ဤအဖြစ်အပျက်တို့ဖြစ်ပွားရသည်မှာ မဟာသေနာပတိ၏ ညံ့ဖျင်းမှုကြောင့်ဖြစ်ကြောင်း အထူးရှင်းလင်းစရာလိုမည်မဟုတ်ပေ။
ထိုကိစ္စများအား ဖြေရှင်းရန်နှင့် ရွှေတိဂုံဘုရားအား
ထီးတော်တင်ရန် ဆင်ဖြူရှင်သည် ရန်ကုန်သို့
စုန်လာခဲ့ပြီးနောက် ကျန်းမာရေးအခြေအနေမှာ
ညံ့ဖျင်းလာခဲ့တော့၏။
ဘန်ကောက်သားတို့ ထောင်ထားခြားနားမှုအား
နှိမ်နင်းရန်အတွက် ညီဖြစ်သူအမြင့်မင်း၏ ယောက်ဖ မင်းရဲဇေယျကျော်ကို တပ်ပေါင်း
၁၂ တပ်အား လူ ၁သောင်းကျော်ဖြင့် ထားရိုက်
ကြောင်း ရှေ့ဦးချီစေပြီး ဝန်ကြီးမဟာသီဟသူရ
ကို လူ ၃သောင်းခွဲဖြင့် တပ်မချီစေလိုက်သည်။
မြန်မာတို့ ထားရိုက်ကြောင်းချီလာသည်ကို ကရင်
လဝ များက သက်ဆင်အား သွားရောက်လျှောက်
ထားကြရာ၌ သက်ဆင်လည်း မြန်မာတို့အား
စစ်ဦးချိုးရန် ဆာကတံ ဟူသောအရပ်၌ အင်အား
၃သောင်းခန့်ဖြင့် တပ်တည်၍ စောင့်နေလေ၏။
ထိုသည်ကို တိုက်ရန်အတွက် မဟာသီဟသူရ၏
လုပ်ရပ်မှာ တပ် ၃ တပ်မှ လူ ၁ထောင်စီထုတ်၍
အလောင်းမင်းတရားလက်ထက်ကပင် သစ္စာ
တော် မဖောက်မဖျက် ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့်
မွန်လူမျိုး ဆပ်ပြာကုန်းဗိုလ်အား ပေးအပ်၍
တိုက်ချေဟု စေလွှတ်လေသည်။
ထိုသည်ကို အမြင့်မင်းယောက်ဖတော် မင်းရဲဇေယျ
ကျော်က သဘောမတူပေ။ ဘန်ကောက်ရှမ်းတို့
အင်အား ၃သောင်းဖြင့် တပ်ကြီးတည်၍ စောင့်နေ
သည်ကို အင်အား ၃ထောင်မျှဖြင့် မလွှတ်ဘဲ
အလုံးအရင်းဖြင့် စစ်ဦးချိုးသော် ယိုးဒယားတို့
မြို့သို့ အလွယ်ပင်ရောက်မည်ဟုဆိုသော်ငြား
မဟာသီဟသူရသည် အမြင့်မင်း ယောက်ဖတော်
မင်းရဲဇေယျကျော်၏ စကားကို ငြင်းပယ်သည်တွင်
မင်းရဲဇေယျကျော်မှာ တမင်သက်သက် အချီးအနှီး
သွားရောက်အသေခံစေသည် ကဲ့သို့ဖြစ်နေသဖြင့် ၎င်းတပ်က တစ်ယောက်မှ မပေးနိုင်ဟု ဆို၏။
ထိုသည်ကို မဟာသီဟသူရက ဆင်ဖြူရှင်အား
အမြင့်မင်းယောက်ဖ ငမှုန်သည် ၎င်းအမိန့်အား
မနာခံ ယိုးဒယားတို့အား တိုက်ခိုက်ရန် ငြင်းဆန်
သည်ဟု စာပို့တိုင်ကြားလေသည်။
ထိုသည်တွင် မင်းရဲဇေယျကျော်လည်း မဟာသီဟ
သူရသည် ၎င်းအား တမင်သက်သက် အမှုရှာ
သည်ဟုဆို၍ တပ်နှုတ်ခါ ၎င်း၏ တပ်ပေါင်း ၁၂ တပ်
ကို မုတ္တမ သို့ လှည့်ပြန်၍ ထိုတွင် တပ်ချနေလေ
သည်။ ထိုသည်ကို မဟာသီဟသူရက ထပ်မံ၍
ငမှုန်သည် ဆင်ဖြူရှင် နာမကျန်းဖြင့် နတ်ရွာစံ၍
ယောက်ဖတော်အမြင့်မင်း ဘုရင်ဖြစ်ပြီဟုဆိုကာ
တပ်နှုပ်၍ ပြန်လေသည်ဟု စာပို့၍ ထပ်မံ တိုင်ကြား
ပြန်လေသည်။
(ထို အချက်က ယခုနောက်ပိုင်းရေးကြသကဲ့သို့
ဆင်ဖြူရှင်သည် ညီတော် အမြင့်မင်းအား အိမ်ရှေ့
အရာမထားဘဲ သားတော် ငစဥ့်ကူးမင်းအား
အလောင်းမင်းတရား မှာထားချက်ကို သွေဖည်၍
အိမ်ရှေ့အရာထားသည်ဟူသော ရေးသားမှုများ
ကို ချေဖျက်ပေးခြင်းပင် ဖြစ်သည်။ အကယ်၍
ဆင်ဖြူရှင်ကသာ သားတော်စဥ့်ကူးမင်းအား
အိမ်ရှေ့အရာ ပေးသည်မှန်ပါက အမြင့်မင်း
နန်းတက်သည်ဟု စကားထွက်လာမည် မဟုတ်
ပါပေ) ထိုသည်ကြောင့် နာမကျန်းဖြစ်နေသော ဆင်ဖြူရှင်က မုတ္တမသို့ ပြန်ရောက်နေသည့် မင်းရဲ
ဇေယျကျော်အား အင်းဝသို့ခေါ်ယူ၍ နင့်ယောက်ဖ
ဘုရင်ဖြစ်ပြီကြား၍ ပြန်လာသည်ဟု ဆိုသည်
ဟုတ်သလားဟု မေးရာတွင် မဟာသီဟသူရ၏
အမှုရှာမှုသက်သက်သာ ဖြစ်ကြောင်း ပြန်လည်
လျောက်ထားသော်လည်း စစ်ရေးစစ်ရာကာလ
တပ်နှုတ်ပြန်လာရပါမည်လောဟု ဆိုမြည်၍
မင်းရဲဇေယျကျော်(ငမှုန်)အား မဟာသီဟသူရက
စီရင်လိုရာစီရင်စေဟု တပ်မသို့ ပြန်ပို့လိုက်၏။
ထိုအတွင်း မဟာသီဟသူရက လွှတ်လိုက်သော
ဆပ်ပြာကုန်းဗိုလ်နှင့် လူ ၃ထောင်မှာ ယိုးဒယား
၃ သောင်းတို့ လက်ချက်ဖြင့် ဆာကတံတပ်တွင်
တပ်လုံးနစ်လေတော့၏။ တစ်ဦးတစ်ယောက်မျှ
အသက်မရှင်ခဲ့ကြပေ။ ငမှုန့်စကားအတိုင်း
အချည်းအနှီး သွားရောက်၍ အသေခံစေပြီး
အင်အားပြုန်းတီးစေကာ စစ်ဦးအချိုးခံ၍ မြန်မာ
တပ်သားတို့၏ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်ခြင်း
ဖြစ်ပေသည်။
ထိုသို့ ဖြစ်သည်ကို မဟာသီဟသူရသည် ၎င်း၌
ပါရင်း အင်အား ၃သောင်းခွဲရှိပါလျက် ယိုးဒယား
တို့၏ ဆာကတံတပ်ကို တိုက်ရန် မစီမံဘဲ အမြင့်မင်းယောက်ဖ ငမှုန် မည်သို့ဖြစ်မည့်
အကြာင်းအား နားစွင့်လျက် ရှေ့သို့မဆက်ဘဲ
တပ်ကို ရပ်မြဲရပ်လျက် စောင့်စားငံ့လင့်နေ၏။
ထိုသို့ ယိုးဒယားသို့ ဆက်လက်မချီဘဲ ငံ့လင့်
နေသည်မှာ ဆင်ဖြူရှင်၏ ကျန်းမာရေးအခြေအနေ
ဆိုးရွားနေသည်နှင့် ထီးရေးနန်းရေး ကိစ္စအပေါ်
စိတ်စောနေခြင်းကြောင့် ဖြစ်နိုင်ပေသည်။
မဟာသီဟသူရသည် ဆင်ဖြုရှင်မျက်ကွယ်၌
ဘုရင့်မယားညီအစ်ကို ဟူသော အခွင့်အာဏာကို
သုံး၍ မည်ကဲ့သို့ အုပ်စုဖွဲ့ စည်းရုံးထားပါသနည်း။
တပ်ပိုင်းဆိုင်ရာကိစ္စများ၌ တပ်ဗိုလ်တစ်ဦးနှင့်
တစ်ဦးသွေးကွဲနေခြင်းနှင့် မင်းရဲဇေယျကျော်ကဲ့သို့
သော ဗိုလ်ချုပ်တို့က မဟာသီဟသူရအား
အဘယ့်ကြောင့် အာခံရပါသနည်း။
မဟာသီဟသူရသည်လည်း အကျိုးမဲ့ လုပ်ရပ်
များကို အဘယ့်ကြောင့် လုပ်ဆောင်နေရပါ
သနည်း။ ထို့ပြင် ဆင်ဖြူရှင်နတ်ရွာစံသည်၌
မှူးမတ်တို့သည် ညီတော်ဖြစ်သူ အမြင့်မင်းအား
သွားရောက် အကြောင်းမကြားဘဲ သားတော်
ငစဥ့်ကူးမင်းထံ သွားရောက်အကြောင်းကြား၍
ထီးနန်းသိမ်းပိုက်ပါရန် လျှောက်ထားကြသည်မှာ
မည်သူ၏ အစီအမံဖြစ်ဖွယ် ရှိပါသနည်း။
ဆင်ဖြူရှင်က မဟာသီဟသူရထံ ပြန်လည်ပို့
လိုက်သည့် မင်းရဲဇေယျကျော်အား မဟာသီဟ
သူရက အပြစ်ကလွှတ်သော်လည်း ဆာကတံ
တပ်ကို လူ ၃ထောင်ဖြင့် တိုက်ရမည်ဟု ဆိုလေ
သည်။ ရှေ့က ဆင်ဖြူရှင်အပေါ် သစ္စာတော်စောင့် ၍ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အရည်အချင်းပြည့်
ဝသည့် ဆပ်ပြာကုန်းဗိုလ် အား လူ ၃ထောင်ဖြင့်
မဖြစ်နိုင်မှန်းသိပါလျက် ယိုးဒယားတို့၏ အသတ်ကို
သွားရောက် ခံစေသည်မှာ မကြာသေးပါချေ။
ထိုသည်ကို ယခုတဖန် အမြင့်မင်း ယောက်ဖအား
ထပ်မံ၍ လူ ၃ထောင်ဖြင့် နောက်ကူ အကမ်း
အလှမ်းမပါဘဲ သွားရောက်တိုက်ခိုက်စေပြန်
သည်မှာ ငမှုန်နှင့် လူ၃ထောင်အား ထပ်မံ နစ်ချေ
ရန် လွှတ်နေသည်ဖြစ်ကြောင်း သံသယရှိစရာ
လိုမည်မဟုတ်ပါချေ။ မဟာသီဟသူရသည်
ယိုးဒယား ၃သောင်း တပ်စွဲထားသည့် တပ်ရှေ့
သို့ မြန်မာတပ်များကို တဖြည်းဖြည်းချင်း အမှည့်
ကြွေကြွေစေရန် ပြုလုပ်နေသည်မှာ ထင်ရှား
နေပေသည်။ မဟာသီဟသူရ၏ ဝမ်းတွင်း၌
မည်သည့် အကြံအစည်တို့သည် ကိန်းအောင်း၍
နေနှင့်ပါဘိသနည်း။
မင်းရဲဇေယျကျော်လည်း ယနေ့ညပင် တိုက်မည်ဟု
ဆာကတံ ခံတပ်ဆီသို့ လူ ၃ထောင်ဖြင့် နောက်ပါ
အကမ်းအလှမ်း မပါဘဲ ညတွင်းချင်းထွက်ခွါ
လေသည်။ မိုးမလင်းမီ ရောက်ရှိသည်နှင့် ယိုးဒယား
တို့တပ်တွင်းသို့ တိတ်တဆိတ်ဝင်ရောက်ပြီး
တပ်အား မီးတိုက်ကြ၍ ဖျဖျသည်းသည်း ကြွေး
ကြော်၍ တိုက်ကြရာ ယိုးဒယားတို့လည်း မြန်မာ
တပ်တို့ အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းသည်
အထင်ဖြင့် ကစဥ့်ကလျား တပ်ပျက်ထွက်ပြေး
ရလေတော့သည်။ မင်းရဲဇေယျကျော်အနေဖြင့်
ညတွင်းချင်းသွားရောက် တိုက်ခိုက်မည်ဟု
ဆုံးဖြတ်ချက်မှာ မှန်ကန်သော စစ်ရေး ဆုံးဖြတ်
ချက်ပင် ဖြစ်သည်။ လူ ၃ထောင်မျှဖြင့် နေ့အခါ
မြင်မြင် ထင်ထင်အား သွားရောက်တိုက်ခိုက်
ပါက ရှေ့က ဆပ်ပြာကုန်းဗိုလ်၏ လမ်းစဉ်သို့
လိုက်ရမည်ဖြစ်ပေသည်။ မည်သို့ပင် ဆိုစေကာမူ
လူ ၃ထောင်ဖြင့် ယိုးဒယား ၃သောင်းအား
တပ်ပျက်အောင် တိုက်နိုင်ခဲ့သည့် အစွမ်းအစ
အရည်အချင်းမှာ ထူးကဲလှ၏။
ပါရင်းအင်အား ၃သောင်းခွဲဖြင့် ရှေ့မတိုးဘဲ
တပ်ရပ်နေသော မဟာသီဟသူရသည် ငမှုန်၏
စွမ်းဆောင်ချက်ကို ကျေနပ်ပါမည်လော။
၎င်းကြားချင်သည့် စကားမှာ အမြင့်မင်းယောက်ဖ
ငမှုန်နှင့် လူ ၃ထောင် ရှေ့က ဆပ်ပြာကုန်းဗိုလ်နှင့်
လူ ၃ထောင်ကဲ့သို့ ယိုးဒယားတို့ လက်ချက်ဖြင့်
နစ်ခဲ့ချေပြီဟူသော သတင်းစကားကို စောင့်မျှော်
နေသည် ဖြစ်ကောင်းဖြစ်ပေမည်။
သို့မဟုတ် ဖြစ်ကို ဖြစ်ပေမည်။
အဘယ့်ကြောင့်ဆိုသော် အမြင့်မင်းယောက်ဖ
မင်းရဲဇေယျကျော်က ဆာကတံတပ်ပျက်၍
ယိုးဒယားတို့ ထွက်ပြေးပြီဟု လာရောက် အကြောင်း ကြားသည့်အခါ တပ်မအလုံး
ယိုးဒယားတို့ခြေအကြွကို ဖိသိပ်၍လိုက်ပြီး
ဘန်ကောက်ကို ဝန်းရံနေရမည့်အစား ယိုးဒယားတို့
မြေကိုပိုင်နိုင်ကျွမ်းကျင်စေ့စပ်သည့် ဆင်ဖြူရှင်က
ချီတက်ရန် ညွှန်ကြားလိုက်သည့် ထားရိုက်ကြောင်း
သည် မကောင်း၊ မိုးကုန်မှ ရွာဟိုင်းကြောင်းက
ချီမည်ဟူ၍ မုတ္တမသို့ တပ်ပြန်ဆုတ်လေသည်။
မဟာသီဟသူရ၏ စိတ်နေစိတ်ထားတို့သည်
အဘယ်သို့ပါနည်း။ ဆင်ဖြူရှင် နတ်ရွာစံချိန်ကို
စောင့်၍ ထီးရေးနန်းရေးကို စိတ်ပါဝင်စားစွာ
မျှော်တင်းနေသည် ဖြစ်ပါသလော။
မဟာသီဟသူရသည် ဆင်ဖြူရှင်မျက်ကွယ်၌
နန်းတွင်းအရေးတွင် မည်ကဲ့သို့ ဝင်ရောက် ရှုပ်
ထွေး၍ ထားပါသနည်း။ ဆင်ဖြူရှင်ကိုယ်တိုင်
တပ်ဖွဲ့ပေးလိုက်သည့် တပ်ပေါင်း ၁၂ တပ်ကို
ဦစီးလာသော ဗို်လ်ချုပ် မင်းရဲဇေယျကျော်(ငမှုန်)
သည် အမြင့်မင်း၏ ယောက်ဖမှန်းသိသိကြီး ဖြစ်
ပါလျက် အမှုရှာနေသည်မှာ မဟာသီဟသူရသည်
အမြင့်မင်းအား မကျေနပ်သူဖြစ်ပါသလား။အမြင့်မင်း ထီးနန်းရမည်ကို ပူပန်နေသည်လား။
အမြင့်မင်းကို နန်းမတက်စေဘဲ ၎င်း၏ သားမက်
ငစဥ့်ကူးမင်းကို နန်းတက်စေရန် အလိုရှိသူ
ဖြစ်သည်လား။ နန်းတွင်းအရေးသည် မဟာသီဟ
သူရကြောင့် ရှုပ်ထွေးနေပြီလား။ ထို့ကြာင့်ပင်လျှင်
မဟာသီဟသူရသည် ဆင်ဖြူရှင်က လွှတ်လိုက်၍
လာခဲ့ရသော်လည်း ဘန်ကောက်ကို စစ်ချီမည့်
အစား အင်းဝကိုသာ ပြန်လိုသည် ဖြစ်နေ
သည်လား။
မဟာသီဟသူရ ၏ သဘောသွားနှင့် လုပ်ရပ်
တို့မှာ နိုင်ငံတော်၏ နစ်နာချက်များ ဖြစ်လာပြီး
တပ်တွင်းသွေးကွဲမှုများပါ ဖြစ်ပေါ်လာစေသည်မှာ
အမှန်ပင် ဖြစ်ပေတော့သည်။
…………………………………………………………။
ပုံစာ -
၁/ အမြင့်မင်း၏ ယောက်ဖ ငမှုံ
အနိုင်တိုက်ခဲ့သော ဆာကတံတိုက်ပွဲဖြစ်ပွားရာ
ကချနပူရီ အရပ်။
၂/ ထားရိုက်ကြောင်းချီမြန်မာတပ်တို့
ဖြတ်သန်းရာ ဘုရားသုံးဆူလမ်း။
၃/ တိုက်ပွဲဖြစ်ပွားရာနှင့် မဝေးတော့သော
ဘန်ကောက်သို့ ခရီး။
၄/ မဟာသီဟသူရ နန်းတွင်းရေးစောင့်ဆိုင်းရန်
အတွက် မုတ္တမသို့ ပြန်လည် ဆုတ်ခွါခဲ့သော
ခရီး။

No comments:

Post a Comment