"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၂)
……………………………………။
မုဆိုးပို ရြာက အစျပဳခဲ႔သည့္ ျမန္မာႏိုင္ငံေတာ္
ကုန္းေဘာင္အင္ပါယာကို ကုန္းေဘာင္မင္းဆက္
ဟူ၍ အဘယ့္ေၾကာင့္ ေခၚဆိုခဲ႔ေပသနည္း။
မုဆိုးပိုရြာဆိုသည္မွာလည္း ရာဇဝင္သမိုင္းေၾကာင္း
အစဥ္အလာေကာင္းခဲ႔သည့္ ေျမရပ္ေျမမွန္၊
ဦးေအာင္ေဇယ်အတြက္ ေအာင္ေျမအထြတ္အခ်ာ
မွန္ကန္ခဲ႔၏။ မုဆိုးပိုဟူသည္ က်န္စစ္မင္း၏
လက္ရံုးတစ္ဦးျဖစ္သည့္ မုဆိုးငပို အပိုင္စားရသည့္
မုဆိုးငပို၏ ရြာ ျဖစ္ခဲ႔သည္ဟု ဆို၏။ ထို့ျပင္တဝ
နရပတိစည္သူလက္ထက္ မုဆိုးငပို အပိုင္စား
ျဖစ္သည္ဆို၏။ ထိုအနီးအနား၌
ပုဂံအင္ပါယာ ျမန္မာႏိုင္ငံေတာ္ အရွင္သခင္
နရပတိစည္သူမင္းႀကီးလက္ထက္က ျပဳလုပ္
ခဲ႔သည့္ "ကုန္းေဘာင္" ရိုးမ်ားရွိသည္ ေၾကာင့္ ထိုကို
အစြဲျပဳ၍ ကုန္းေဘာင္မင္းဆက္ဟု ေခၚဆိုသည္
ဟုဆို၏။
ေနာက္တစ္ေၾကာင္းမွာ -
ထိုစဥ္ကာလ တလိုင္း/မြန္တို့ အင္းဝနန္းေတာ္ကို
သိမ္း၍ ျမန္မာျပည္အလံုး ေခတၱေသာင္က်န္း အုပ္စိုးစဥ္ အခ်ိန္ျဖစ္ရာ ေညာင္ရမ္းေခတ္
ပ်က္စီးေသာ ေခတ္ပ်က္ကာလ၊ ျမန္မာ့မင္းရိုး
ျပန္လည္ တန္ခိုး ထြန္းေတာက္ရန္ႏွင့္ ျမန္မာ့ဦးစြန္း
ျပန္လည္ ဝင္းပ၍ ျမန္မာတို့ လူလူသူသူျဖစ္ဖို့ရာမွာ
အင္းဝကိုသိမ္းပိုက္၍ အနယ္နယ္အရပ္ရပ္
လွည့္ပတ္သစၥာခံေနေစသည့္၊ ႏိုင္ငံေတာ္ကို
တည္ျငိမ္ေအာင္ မစြမ္းေဆာင္ႏိုင္ေသးေသာ
မြန္တို့ကို တိုက္ခိုက္ပစ္ရန္သာ ျဖစ္ေပသည္။
မြန္တို့သည္ ေရ၌ က်င္လည္၏၊ ထို့ေၾကာင့္ မြန္ကို
ေရဟု ယူ၏၊ ထို ေရကို "ကုန္းေဘာင္" ျဖင့္သာ
ေက်ာ္လႊားႏိုင္ရာ၏ ဟု ပညာရွိတို့ ႏွစ္နည္းႏွစ္ဝ
ေလ်ွာက္ၾကသည္ကို ႀကိဳက္ညီသျဖင့္
အေလာင္းမင္းတရားႀကီးသည္ မိမိစတင္ထူေထာင္
သည့္ မင္းဆက္ကို ကုန္းေဘာင္မင္းဆက္ဟု
ေခၚေဝၚသမုတ္ခဲ႔ၿပီး၊ အင္ပါယာအျဖစ္ခ်ဲ႕ထြင္
ႏိုင္ခဲ႔သည္ေၾကာင့္ ထို မုဆိုးပို မင္းဆက္ တည္
ေထာင္ခဲ႔သည့္နယ္ပယ္ကို ကုန္းေဘာင္အင္ပါယာ
ဟု သတ္မွတ္ၾကသည္ ျဖစ္ေပသည္။
ေညာင္ရမ္းမင္းဆက္၏ ၁၀ ဆက္ေျမာက္ ေနာက္
ဆံုးမင္း(ဟံသာဝတီပါမင္း၊ ေနာင္၌ တလိုင္း/မြန္တို့ သတ္ပစ္သည္) မဟာဓမၼရာဇာဓိပတိသည္
ႏိုင္ငံေတာ္ကို ေကာင္းမြန္စြာ စီမံခန့္ခြဲႏိုင္သည့္
အရည္အခ်င္းမရွိေပ။ ႏိုင္ငံေတာ္၏ စီးပြားေရးကို
ဖြံ႔ၿဖိဳးတိုးတက္ေအာင္ မလုပ္ႏိုင္ရံုမ်ွမက အခြန္
အတုပ္ အေကာက္အစားလည္း အလြန္ပင္ ပူျပင္း
လွေခ်ရာ ျပည္သူအမ်ား မႏွစ္ျမိဳ႕ႏိုင္ေအာင္ ရွိၾက၏။ ဂုဏၰအိမ္ဦးေဆာင္ေသာ ေကြ႕ရွမ္းႏွင့္
ေကြ႕လဝမ်ား ပုန္ကန္ျခားနားၾကသည္မွာ အလြန္
မ်ားျပားသည့္ အခြန္ေကာက္ခံမႈမ်ားကို မခံႏိုင္၍ ျဖစ္ေပသည္။ အမ်ားျပည္သူ ျမန္မာမ်ားမွာလည္း
၎မင္း ျပဳတ္က်ေအးေရာ ဟူ၍ တလိုင္း/မြန္တပ္
တို့ ခ်ီလာရာ မႏွစ္ျမိဳ႕ေသာ္လည္း မေကာင္းသည့္
လက္ရွိမင္းအား မလိုခ်င္ေတာ့သျဖင့္ အခြန္အလြန္
အက်ြံ မခံမရပ္ႏိုင္ေအာင္ ေကာက္ခံသည့္ အင္းဝ
မင္း ျပဳတ္က်ေရးအတြက္ မြန္တို့ထံခိုဝင္အမႈထမ္း
ကာ လိုက္ပါတိုက္ခိုက္ၾကသည္ ျဖစ္ေပသည္။
အခ်ိဳ႕လည္း အင္းဝမင္းအ အာဏာစက္လြတ္ရာ
ေရႊ႕ေျပာင္းေနထိုင္ၾကသည္ဟူ၏။
ထိုမင္းလက္ထက္ ေခတ္ပ်က္ႀကီးျဖစ္ေနေပရာ
ျပည္သူအမ်ားမွာ အခြန္ပူျပင္းသည့္ၾကားက
စစ္ႀကီးေရာက္လိမ့္မည္ဟူ၍ ေကာလာဟလ
အုတ္အုတ္က်က္က်က္ျဖစ္ေနၾကျပီး ေန့ေန့ညည
အထိတ္တလန့္ႏွင့္ ေနထိုင္ေနၾကရေသာ ကာလ
ပ်က္ ေခတ္ဆိုး ေခတ္သြမ္းႀကီးပင္ ျဖစ္ေပ၏။
(ႏိုင္ငံေတာ္၏ အေျခအေနသည္ ေရွ႕က တနဂၤေႏြ
မင္းလက္ထက္ကာလကပင္ တိမ္းယိမ္းေတာ့မည့္
ဟန္ျပလာသည္ျဖစ္ရာ ထိုေခတ္ပ်က္ ကာလႀကီး၌
ဦးကုလားသည္ စုေဆာင္းထားသမ်ွ ေပ ပုရပိုက္
မွတ္တမ္းမွတ္ရာ က်မ္းေပါင္း ၇၀ ေက်ာ္ႏွင့္
တိုက္ဆိုင္ညႈိႏိႈင္းစစ္ေဆး၍ ျမန္မာႏိုင္ငံေတာ္၏
ရာဇဝင္ကို ေရးသားစီရင္ခဲ႔၏။ စုေဆာင္းထားသည့္
အစီအစဥ္တက်မဟုတ္ေသာ မွတ္တမ္းမွတ္ရာမ်ား
ေခတ္ဆိုးေခတ္ပ်က္ကာလအတြင္း ပ်က္စီးေပ်ာက္
ဆံုးေသာ္ ေနာင္ မွတ္တမ္းက်န္ရန္ ခက္ေခ်မည္ဟု
ႏွလံုးမူ၍ ထိုကာလပ်က္ႀကီးအတြင္း ရုံးမိသမ်ွ
မွတ္တမ္းမ်ားကို အရင္းမူ၍ မဟာရာဇဝင္ေတာ္
ႀကီးကို စီရင္ေရးသားကာ ေနာင္လာေနာက္သား
မ်ားအတြက္ ႏိုင္သမ်ွဝန္ကိုထမ္း၍ တဆက္တစပ္
တည္း ရာဇဝင္မွတ္တမ္းကို ခ်န္ထားရစ္ခဲ႔ေပသည္)
ထိုသို့ျဖင့္ ေညာင္ရမ္းဆက္ေနာက္ဆံုးမင္း မဟာ
ဓမၼရာဇာဓိပတိ လက္ထက္၌ စစ္ေတာင္းသို့
(ေနာင္တြင္ ဇင္းမယ္)ထြက္ခြါသြားသည့္ ပုဂံမင္းရိုး
ဆိုသူ ဆင္က်ားရွင္ သမိန္ေထာအစား တလိုင္း/မြန္ အမတ္တို့က ညီညြတ္ မင္းေျမွာက္သည့္ ဇင္းမယ္
ဆင္အစုသား ဗညားဒလဘြဲ႔ခံ မြန္ရွမ္း ကျပား
ဦးေအာင္လွသည္ ဟံသာဝတီမွသည္ အင္းဝဆီသို့ အခြန္ပူျပင္းသည့္ ျပည္သူက မႏွစ္ျမိဳ႕ေတာ့ေသာ ျမန္မာမင္းညံ႔ထံ စစ္အင္အား အလံုးအရင္းျဖင့္ ခ်ီတက္လာေလေတာ့၏။ ထိုသည္မွ ဟံသာဝတီသို့ ေဆာင္ယူသြားခံရျပီးေနာက္ မြန္တို့ အရပ္ရပ္
ေခါင္းအႀကီးတို့ကို သစၥာခံေစရာ မုဆိုးပိုသို့လည္း
ေရာက္ရွိလာေပသည္။ ထို တလိုင္း/မြန္ တို့ကို
သံ အဖြဲ႕ဟု ယူရန္ မျဖစ္ႏိုင္ေပ။ တလိုင္း/မြန္မင္း၏
သစၥာကို လာေရာက္ခံေစသူမ်ားသာ ျဖစ္ေပသည္။
ထိုသည္ႏွင့္ တျပိဳင္နက္ေကြ႕ဂုဏၰအိမ္က လႊတ္
ေသာ အဖြဲ႕လည္း ေရာက္လာ၍ သစၥာခံေစျပန္
သည္။ ထိုသူတို့သည္လည္း သံ တမန္မ်ား
မဟုတ္ၾကေပ။ ႏိုင့္ထက္စီးနင္း လာၾကသူမ်ားသာ
ျဖစ္ေပသည္။ ထိုသို့ ႏိုင္ထက္စီးနင္း လာေရာက္
သစၥာခံေစေသာ ၂ ဖြဲ႕မွ တလိုင္း/မြန္တို့ကို
ဦးေအာင္ေဇယ် လုပ္ႀကံပစ္သည္အား ဦးေအာင္
ေဇယ်သည္ သံအဖြဲ႕ကို သတ္ပစ္သူဟု ယခုကာလ
က်မွ စြပ္စြဲေျပာဆို ေခါင္းစဥ္တပ္သည္မွာ သံမဟုတ္
သည္ကို သတ္သည္ျဖစ္ပါလ်က္ သံကိုသတ္သည္
ဟု ယိုးစြပ္ပုတ္ ခတ္ျခင္းသာျဖစ္ျပီး၊ ထို ၂ ဖြဲ႕လံုး
သံတမန္မ်ား မဟုတ္ၾကေၾကာင္း ထင္ရွားသည္သာ
ျဖစ္ေပသည္။
ထိုသည္မွ စသည့္ မရပ္မနား တလိုင္း/မြန္ႏွင့္
ျမန္မာတို့ အျပန္အလွန္ သတ္ပြဲမ်ားမွာ ေသြးေခ်ာင္း
စီးေအာင္ပင္ ျဖစ္ေလသည္။
ဦးေအာင္ေဇယ်၏ စြမ္းေဆာင္ရည္ကို မ်က္ဝါး
ထင္ထင္ျမင္ၾကရသည့္ ျမန္မာမ်ားမွာလည္း ထို
အခါက်မွသာလ်ွင္ အခြန္အေကာက္ ပူျပင္းသည့္
မင္းညံ႔ကို ျဖဳတ္ခ်လို၍၊ မႏွစ္ျမိဳ႕ေသာ္လည္း ေပါင္း
ေဖာ္ရသည့္ တလိုင္း/မြန္ တို့ဘက္မွ ဦးေအာင္ေဇ
ယ်ထံ စိတ္ဒံုးဒံုးခ်၍ ခိုလံႈဝင္ေရာက္လာျပီး ႏိုင္ငံ
ေတာ္ ထူေထာင္ေရးအတြက္ ပူးေပါင္းပါဝင္လာ
ၾကသည္ျဖစ္သည္။ ထိုအျဖစ္အပ်က္ကို ေထာက္
ရႈဆင္ျခင္ေသာ္ ျမန္မာမင္းျဖစ္ပါလ်က္ အခြန္
အေကာက္ပူျပင္းသည့္ မင္းညံ႔ကို ျမန္မာတို့
ကိုယ္တိုင္လက္မခံ ျပည္သူက ပူးေပါင္းပါဝင္ျခင္း
မရွိသည္ေၾကာင့္ ထိုမင္းညံ႔စစ္ရံႈးရသည္ျဖစ္သလို၊
ျပည္သူက ပူးေပါင္းပါဝင္လာသည့္အခါ မုဆိုးပို
ရြာကေလးမွ အစျပဳ၍ ကုန္းေဘာင္အင္ပါယာ
ႀကီး ကိုပင္ ထူေထာင္ႏိုင္ခဲ႔သည္မွာ သင္ခန္းစာ
ယူဖို့ရာ အခ်က္ပင္ျဖစ္ေပသည္။
ထိုကာလ အဂၤလိပ္တို့သည္ ဂိုအာ၌ ၁၅/၁၆ ရာစုကပင္အေျခစိုက္၍ နယ္ေျမသိမ္းပိုက္ထား
ေသာ ေပၚတူဂီတို့အား အိႏၵိယမွ ေမာင္းထုတ္ပစ္၍
အိႏၵိယ နယ္ေျမ အေတာ္မ်ားမ်ားကို သိမ္းပိုက္
ထားခဲ႔ၿပီးျပီျဖစ္ရာ ေဒသတြင္းအေျခအေနမ်ားကို
အစဥ္ အကဲခတ္ေနသည္ျဖစ္၏။
အဂၤလိပ္တို့သည္ တလိုင္း/မြန္တို့အား လက္နက္
အကူအညီမ်ားေပးသည္၍ ျမန္မာတို့ႏွင့္ ဆန့္က်င္
ဘက္မွ ပါဝင္ခဲ႔၏။ ထို့ေၾကာင့္ပင္လ်ွင္ အေလာင္း
မင္းတရားႀကီးသည္ ဟိုင္းႀကီးက်ြန္းရွိ အဂၤလိပ္တို့၏
ကုန္တိုက္ကို ဝါးရင္းတုတ္(တင္က်ည္း)တပ္ လႊတ္
၍ တိုက္ခိုက္ မီးရိႈ႕ဖ်က္ဆီးျပီး အဂၤလိပ္တို့အား
က်ြန္းေပၚမွ ေမာင္းခ်ခဲ႔ျခင္း ျဖစ္ေပသည္။
ကပၸတိန္ ဘရူႏိုႏွင့္ အေလာင္းမင္းတရားႀကီး
ေတြ႔ဆံုစဥ္ ပုသိမ္၌ ကုန္တိုက္ဖြင့္ရန္အတြက္
ဘရူႏိုက ေျမေနရာေတာင္းခံရာ အျခားေနရာ
မေတာင္းဘဲ စစ္ေရးအေျခအေနအရ အသာစီး
ရယူႏိုင္ေသာ ဘုရားကုန္းေတာ္ေနရာကို စိုးမိုးကုန္း
အျဖစ္ရယူရန္ေတာင္းဆိုခဲ႔ရာ အေလာင္းမင္းတရား
ႀကီးက ခြင့္ျပဳေတာ္မမူခဲ႔ေပ။ အိႏၵိယ၌ လူလည္က်၍
ရခဲ႔ေသာ အေရွ႕အိႏၵိယကုမၸဏီ စစ္တပ္အရာရွိမွာ
၎တို့ ႀကံဳေတြ႔ခဲ႔ရသည့္ မဟာရာဇာမ်ားကဲ႔သို့
အေျမာ္အျမင္မရွိ ငထူငအမ်ားကဲ႔သို့ အလာင္း
မင္းတရားႀကီးအား ထင္မွတ္၍ ဘုရားကုန္းေတာ္
ျဖစ္သည့္ စိုးမိုးကုန္းအား စစ္ေရးရည္ရြယ္ခ်က္ျဖင့္
ကုန္တိုက္ဖြင့္ရန္ ေတာင္းခဲ႔ေသာ္လည္း
စစ္ေရးစစ္ရာ ေျမာ္ျမင္စြမ္းအျပည့္ရွိျပီး ပထဝီ
ႏိုင္ငံေရးက်ြမ္းက်င္သည့္ အေလာင္းမင္းတရားက
သာသနာေရးအေၾကာင္းျပခ်က္ျဖင့္ ယဥ္ေက်းစြာ
ျငင္းပယ္ခဲ႔ေပသည္။
အဂၤလိပ္တို့သည္ အိႏၵိယရွိ ေပၚတူဂီ ဒတ္ခ်္ႏွင့္
ျပင္သစ္တို့ကို ေမာင္းမထုတ္မီကာလ အိႏၵိယ
နယ္ေျမမ်ားကို အပိုင္စီးရန္အတြက္ ထိုနည္းလမ္း
ကို က်င့္သံုးခဲ႔ၾကသည္ျဖစ္၏။
သို့ေသာ္ ထိုနည္းလမ္းမွာ အဂၤလိပ္တို့၏ မူပိုင္
မဟုတ္ေပ။ ေပၚတူဂီတို့၏ နည္းလမ္းျဖစ္၏။
၁၆ ရာစုအစအဦးက ေပၚတူဂီတို့ အိႏၵိယ ဂိုအာကို
စတင္အေျခခ်စဥ္က ထိုကဲ႔သို့ ကုန္တိုက္ဖြင့္ရန္
ေျမေနရာေတာင္းျခင္းမွ အစျပဳခဲ႔ျပီး ကုန္တိုက္
လံုျခံဳေရးကို အေၾကာင္းျပ၍ စစ္တပ္မ်ား အိႏၵိယ
ေျမေပၚသို့ ေရာက္ရွိလာခဲ႔ေပသည္။
ထိုမွတဆင့္ ေလာဘႀကီးသည့္မဟာရာဂ်ာ မ်ားကို
စည္းရံုးသိမ္းသြင္း၍ နယ္ခံေပၚတူဂီလက္ေအာက္ခံ
တပ္မ်ားဖြဲ႕ျပီး အင္အားႀကီးထြားလာသည့္အခါ
နယ္ေျမမ်ားကို တစ္စတစ္စ သိမ္းပိုက္ေတာ့သည္။
အဂၤလိပ္တို့သည္ ထိုနည္းလမ္းအတိုင္း ေပၚတူဂီ
ဒတ္ခ်္ ျပင္သစ္ တို့ႏွင့္အျပိဳင္ က်င့္သံုး၍ အိႏၵိယကို
အပိုင္စီးရန္ ႀကိဳးစားေနေသာ္လည္း AD 1756 မွ
AD 1763 အထိ ပရပ္ရွားတို့ႏွင့္ ၇ ႏွစ္ၾကာ စစ္ပြဲ
ျပီးဆံုးသြားေတာ့မွသာလ်ွင္ အိႏၵိယ အေပၚ
အျပည့္အဝ အာရံုစိုက္ အားထုတ္ႏိုင္ခဲ႔ျပီး
ေပၚတူဂီ၊ ဒတ္ခ်္ႏွင့္ ျပင္သစ္တို့ကို အိႏၵိယေျမေပၚမွ
ေမာင္းထုတ္ႏိုင္ခဲ႔၏။
ထိုသို့ အဂၤလိပ္တို့ အိႏၵိယမွ ေမာင္းထုတ္လိုက္
သည့္ ေပၚတူဂီ၊ ဒတ္ခ်္ႏွင့္ ျပင္သစ္တို့မွာ အင္ဒို၊
မေလး၊ ဂ်ာဗား၊ ဗီယက္နမ္၊ ကေမ႓ာဒီယား၊ ထိုင္း
နယ္ေျမဘက္သို့ ေရာက္ရွိသြားေတာ့၏။
ထို ၇ ႏွစ္ စစ္ပြဲမတိုင္မီကပင္ အိႏၵိယ၌ ျဖစ္ပ်က္
ေနသည့္ အျဖစ္အပ်က္တို့ကို သိရွိေနသည့္ အေလာင္း မင္းတရားႀကီးသည္ ဘရူႏို လာေရာက္
ေတာင္းခံ သည့္ ပုသိမ္ ဘုရားကုန္းေတာ္ စိုးမိုးကုန္း
အား ကုန္တိုက္ဖြင့္ရန္ ေျမေနရာေတာင္းမႈကို ယဥ္ေက်း စြာ ျငင္းပယ္ခဲ႔ျပီး အျခားေနရာကို
ကုန္တိုက္ဖြင့္ရန္ေပးခဲ႔ျခင္းျဖစ္၏။
အဂၤလိပ္ႏွင့္ မဟာမိတ္ဖြဲ႔ရန္ႀကိဳးပမ္းေနသည့္
အေလာင္းမင္းတရားႀကီးသည္ ဘရူႏိုအား
ေနာင္တြင္ ဒီ့ထက္မကေပးမည္ဟု ႏွစ္သိမ့္၍
ျငင္းပယ္ခဲ႔ျခင္းမွာ စစ္ေရး၊ ႏိုင္ငံေရး ႏွင့္ ေဒသတြင္း
ျဖစ္ပ်က္ေနသည့္ အေျခအေနမ်ားကို သိရွိထား၍
ျဖစ္ေပသည္။
ျပင္သစ္ ဗိုလ္ခ်ဳပ္ ဂ်ိဳးဇက္ ဖရန္ဇစ္ ဒူးပေလး သည္
AD 1727 ဝန္းက်င္ကာလကပင္ က်ြန္းသစ္ႏွင့္
ေရနံစိမ္း အလ်ွံပယ္ထြက္သည့္ ျမန္မာ့ေျမအား
သြားရည္က်ေနခဲ႔ျပီး၊ သန္လ်င္တြင္ သေဘၤာက်င္း
တည္ေဆာက္၍ ပြန္ဒီရွယ္ရီအတြက္ ျမန္မာ့က်ြန္း
သစ္မ်ားျဖင့္ သေဘၤာမ်ား တည္ေဆာက္ေပးခဲ႔သည္
မွာ AD 1729 မွ AD 1742 အထိ ျဖစ္ေပသည္။
ကပၸတိန္ ဘရူႏိုမွာ ထိုကာလ လက္က်န္ ျပင္သစ္
လူမ်ိဳးျဖစ္ျပီး အဂၤလိပ္တို့၏ အေရွ႕အိႏၵိယ ကုမၸဏီ
အတြက္ အလုပ္လုပ္ကိုင္ေပးေနသူ ျပင္သစ္
လူမ်ိဳး ေၾကးစား စြန့္စားသူ တစ္ဦးျဖစ္သည္ ဆို၏။
AD 1756 တြင္ အေရွ႕အိႏၵိယ ကုမၸဏီမွ ကပၸတိန္
ဂ်ြန္ဒိုင္းယား လက္ေဆာင္လက္နက္မ်ားျဖင့္
အေလာင္းမင္းတရားႀကီးရွိရာ ရန္ကုန္သို့ ေရာက္
ရွိလာရာ အဂၤလိပ္ေဂ်ာ့ရွ္ဘုရင္ထံ မဟာမိတ္
ေရႊေပလႊာ ရာဇသံ ေပးအပ္ခဲ႔ေသာ္လည္း
ဂ်ြန္ဒိုင္းယာသည္ အေလာင္းမင္းတရားႀကီး၏
ေရႊေပလႊာကို ေဂ်ာ့ရွ္ဘုရင္ထံ မေပးအပ္ခဲ႔ပါေခ်။
ေဂ်ာ့ရွ္ဘုရင္ ထံမွ ရာဇသံ ျပန္စာ မလာ မေရာက္
သည့္အခါ အေလာင္းမင္းတရားႀကီးက
ငါတို့ျမန္မာမ်ားအား အရိုင္းအစိုင္းဟု မွတ္ယူ၍
အေရးမလုပ္ျခင္း ျဖစ္ေလသည္ဟု စိတ္မေကာင္း
့ျဖစ္ျပီးေနာက္ အဂၤလိပ္တို့ႏွင့္ ဆက္ဆံေရး
ေအးစက္သြားခဲ႔သည္ဟု ဆိုေပသည္။
သို့ေသာ္ ထိုကာလ၌ အဂၤလိပ္တို့အေနျဖင့္ ၇ ႏွစ္
စစ္ပြဲအတြက္ လံုးပမ္းေနခ်ိန္ျဖစ္သလို အေလာင္း
မင္းတရား၏ စစ္ေရးဆိုင္ရာႏွင့္ ႏိုင္ငံေတာ္တည္
ေဆာက္ေရး အေျခအေနတို့ေၾကာင့္ ျမန္မာႏိုင္ငံ
ကို သြားရည္က်ေနေသာ္လည္း စစ္ပြဲျဖစ္ရန္
အစမျပဳႏိုင္ေသးသျဖင့္ အဂၤလိပ္တို့၏ အေရးမွာ
အေလာင္းမင္းတရားႀကီးအတြက္ အထူးတလည္
ပူပင္စရာ အေျခအေန မဟုတ္ခဲ႔ပါေခ်။
တိုက္ခိုက္သိမ္းပိုက္စရာမလိုဘဲ သစၥာခံ သိမ္းသြင္း
ေအာင္ျမင္ထားသည့္ ေျမာက္ဘက္တလႊားႏွင့္
အေရွ႕ဘက္ ရွမ္းျပည္မ်ားအပါအဝင္ မဏိပူရ၊ အာသံ၊ မီဇိုရမ္၊ ရခိုင္ေဒသေတာင္ပိုင္း၊ ခ်င္းမိုင္၊ လာအို စသည့္ နယ္ပယ္ပိုက္နက္ အေျခအေနအရ
အေလာင္းမင္းတရားႀကီး၏ ကုန္းေဘာင္အင္ပါယာ
ျမန္မာႏိုင္ငံေတာ္သည္ အင္အားႀကီးမားစြာျဖင့္
ရပ္တည္ေနႏိုင္ျပီျဖစ္ေပသည္။
အဂၤလိပ္တို့ႏွင့္ဆက္ဆံေရး ေအးစက္သြားေသာ္
ျငားလည္း ေပၚတူဂီ ျပင္သစ္တို့ႏွင့္ အဆက္အသြယ္
မျပတ္လွသည္ျဖစ္သည့္အျပင္ ပင္လယ္ဆိပ္ကမ္း
ပြင့္လင္းသြားျပီျဖစ္သည့္အတြက္ စစ္လက္နက္
ဝယ္ယူျဖည့္တင္းေရးမွာ အဂၤလိပ္တို့အေပၚ၌သာ
မွီခိုအားထားေနရန္ မေၾကာင္းမျမင္ေတာ့ပါေခ်။
အေလာင္းမင္းတရားႀကီးသည္ ေရွ႕က ျမန္မာ
ႏိုင္ငံေတာ္မ်ားျဖစ္ေသာ ပုဂံအင္ပါယာ၊ ေတာင္ငူ
အင္ပါယာတို့ကဲ႔သို့ ႀကီးမားသည့္ ပိုက္နက္နယ္
ပယ္ခ်ဲ႕ထြင္၍ ကုန္းေဘာင္အင္ပါယာႀကီး ထူေထာင္ရန္ ေမ်ွာ္မွန္းခဲ႔မည္မွာ အေသအခ်ာပင္
ျဖစ္ေပေတာ့သည္။
………………………………………………………။
ပံုစာ -
အေလာင္းမင္းတရားႀကီးက ေဂ်ာ့ရွ္ဘုရင္ထံသို့
ႏွစ္ျပည္ေထာင္ ခ်စ္ၾကည္ေရး မဟာမိတ္အျဖစ္
ရာဇသံ ၾကားေရာက္ရန္ အေရွ႕အိႏၵိယကုမၸဏီသို့
ေပးအပ္ခဲ႔ေသာ္လည္း အဂၤလန္သို့ မေရာက္ခဲ႔သည့္
အေလာင္းဘုရား၏ ေရႊခ်ိန္ ၅ က်ပ္၊ အလ်ား သန္
တစ္ေတာင့္ လက္ေလးသစ္၊ အနံ သန္ ငါးသစ္၊
စာေၾကာင္းေရ ၁၀၊ ရင္းဖ်ား ပတၱျမား ၂ ရစ္ျဖင့္
တင့္တယ္ေကာင္းမြန္စြာ စီရင္ထားသည့္
ျမန္မာ့ေတာ္ဝင္အႏုပညာ လက္ရာ
ေရႊေပလႊာ။
…………………………………………………………
"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၂)
……………………………………။
မုဆိုးပို ရွာက အစပြုခဲ့သည့် မြန်မာနိုင်ငံတော်
ကုန်းဘောင်အင်ပါယာကို ကုန်းဘောင်မင်းဆက်
ဟူ၍ အဘယ့်ကြောင့် ခေါ်ဆိုခဲ့ပေသနည်း။
မုဆိုးပိုရွာဆိုသည်မှာလည်း ရာဇဝင်သမိုင်းကြောင်း
အစဉ်အလာကောင်းခဲ့သည့် မြေရပ်မြေမှန်၊
ဦးအောင်ဇေယျအတွက် အောင်မြေအထွတ်အချာ
မှန်ကန်ခဲ့၏။ မုဆိုးပိုဟူသည် ကျန်စစ်မင်း၏
လက်ရုံးတစ်ဦးဖြစ်သည့် မုဆိုးငပို အပိုင်စားရသည့်
မုဆိုးငပို၏ ရွာ ဖြစ်ခဲ့သည်ဟု ဆို၏။ ထို့ပြင်တဝ
နရပတိစည်သူလက်ထက် မုဆိုးငပို အပိုင်စား
ဖြစ်သည်ဆို၏။ ထိုအနီးအနား၌
ပုဂံအင်ပါယာ မြန်မာနိုင်ငံတော် အရှင်သခင်
နရပတိစည်သူမင်းကြီးလက်ထက်က ပြုလုပ်
ခဲ့သည့် "ကုန်းဘောင်" ရိုးများရှိသည် ကြောင့် ထိုကို
အစွဲပြု၍ ကုန်းဘောင်မင်းဆက်ဟု ခေါ်ဆိုသည်
ဟုဆို၏။
နောက်တစ်ကြောင်းမှာ -
ထိုစဉ်ကာလ တလိုင်း/မွန်တို့ အင်းဝနန်းတော်ကို
သိမ်း၍ မြန်မာပြည်အလုံး ခေတ္တသောင်ကျန်း အုပ်စိုးစဉ် အချိန်ဖြစ်ရာ ညောင်ရမ်းခေတ်
ပျက်စီးသော ခေတ်ပျက်ကာလ၊ မြန်မာ့မင်းရိုး
ပြန်လည် တန်ခိုး ထွန်းတောက်ရန်နှင့် မြန်မာ့ဦးစွန်း
ပြန်လည် ဝင်းပ၍ မြန်မာတို့ လူလူသူသူဖြစ်ဖို့ရာမှာ
အင်းဝကိုသိမ်းပိုက်၍ အနယ်နယ်အရပ်ရပ်
လှည့်ပတ်သစ္စာခံနေစေသည့်၊ နိုင်ငံတော်ကို
တည်ငြိမ်အောင် မစွမ်းဆောင်နိုင်သေးသော
မွန်တို့ကို တိုက်ခိုက်ပစ်ရန်သာ ဖြစ်ပေသည်။
မွန်တို့သည် ရေ၌ ကျင်လည်၏၊ ထို့ကြောင့် မွန်ကို
ရေဟု ယူ၏၊ ထို ရေကို "ကုန်းဘောင်" ဖြင့်သာ
ကျော်လွှားနိုင်ရာ၏ ဟု ပညာရှိတို့ နှစ်နည်းနှစ်ဝ
လျှောက်ကြသည်ကို ကြိုက်ညီသဖြင့်
အလောင်းမင်းတရားကြီးသည် မိမိစတင်ထူထောင်
သည့် မင်းဆက်ကို ကုန်းဘောင်မင်းဆက်ဟု
ခေါ်ဝေါ်သမုတ်ခဲ့ပြီး၊ အင်ပါယာအဖြစ်ချဲ့ထွင်
နိုင်ခဲ့သည်ကြောင့် ထို မုဆိုးပို မင်းဆက် တည်
ထောင်ခဲ့သည့်နယ်ပယ်ကို ကုန်းဘောင်အင်ပါယာ
ဟု သတ်မှတ်ကြသည် ဖြစ်ပေသည်။
ညောင်ရမ်းမင်းဆက်၏ ၁၀ ဆက်မြောက် နောက်
ဆုံးမင်း(ဟံသာဝတီပါမင်း၊ နောင်၌ တလိုင်း/မွန်တို့ သတ်ပစ်သည်) မဟာဓမ္မရာဇာဓိပတိသည်
နိုင်ငံတော်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သည့်
အရည်အချင်းမရှိပေ။ နိုင်ငံတော်၏ စီးပွားရေးကို
ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ရုံမျှမက အခွန်
အတုပ် အကောက်အစားလည်း အလွန်ပင် ပူပြင်း
လှချေရာ ပြည်သူအများ မနှစ်မြို့နိုင်အောင် ရှိကြ၏။ ဂုဏ္ဏအိမ်ဦးဆောင်သော ကွေ့ရှမ်းနှင့်
ကွေ့လဝများ ပုန်ကန်ခြားနားကြသည်မှာ အလွန်
များပြားသည့် အခွန်ကောက်ခံမှုများကို မခံနိုင်၍ ဖြစ်ပေသည်။ အများပြည်သူ မြန်မာများမှာလည်း
၎င်းမင်း ပြုတ်ကျအေးရော ဟူ၍ တလိုင်း/မွန်တပ်
တို့ ချီလာရာ မနှစ်မြို့သော်လည်း မကောင်းသည့်
လက်ရှိမင်းအား မလိုချင်တော့သဖြင့် အခွန်အလွန်
အကျွံ မခံမရပ်နိုင်အောင် ကောက်ခံသည့် အင်းဝ
မင်း ပြုတ်ကျရေးအတွက် မွန်တို့ထံခိုဝင်အမှုထမ်း
ကာ လိုက်ပါတိုက်ခိုက်ကြသည် ဖြစ်ပေသည်။
အချို့လည်း အင်းဝမင်းအ အာဏာစက်လွတ်ရာ
ရွှေ့ပြောင်းနေထိုင်ကြသည်ဟူ၏။
ထိုမင်းလက်ထက် ခေတ်ပျက်ကြီးဖြစ်နေပေရာ
ပြည်သူအများမှာ အခွန်ပူပြင်းသည့်ကြားက
စစ်ကြီးရောက်လိမ့်မည်ဟူ၍ ကောလာဟလ
အုတ်အုတ်ကျက်ကျက်ဖြစ်နေကြပြီး နေ့နေ့ညည
အထိတ်တလန့်နှင့် နေထိုင်နေကြရသော ကာလ
ပျက် ခေတ်ဆိုး ခေတ်သွမ်းကြီးပင် ဖြစ်ပေ၏။
(နိုင်ငံတော်၏ အခြေအနေသည် ရှေ့က တနင်္ဂနွေ
မင်းလက်ထက်ကာလကပင် တိမ်းယိမ်းတော့မည့်
ဟန်ပြလာသည်ဖြစ်ရာ ထိုခေတ်ပျက် ကာလကြီး၌
ဦးကုလားသည် စုဆောင်းထားသမျှ ပေ ပုရပိုက်
မှတ်တမ်းမှတ်ရာ ကျမ်းပေါင်း ၇၀ ကျော်နှင့်
တိုက်ဆိုင်ညှိုနှိုင်းစစ်ဆေး၍ မြန်မာနိုင်ငံတော်၏
ရာဇဝင်ကို ရေးသားစီရင်ခဲ့၏။ စုဆောင်းထားသည့်
အစီအစဉ်တကျမဟုတ်သော မှတ်တမ်းမှတ်ရာများ
ခေတ်ဆိုးခေတ်ပျက်ကာလအတွင်း ပျက်စီးပျောက်
ဆုံးသော် နောင် မှတ်တမ်းကျန်ရန် ခက်ချေမည်ဟု
နှလုံးမူ၍ ထိုကာလပျက်ကြီးအတွင်း ရုံးမိသမျှ
မှတ်တမ်းများကို အရင်းမူ၍ မဟာရာဇဝင်တော်
ကြီးကို စီရင်ရေးသားကာ နောင်လာနောက်သား
များအတွက် နိုင်သမျှဝန်ကိုထမ်း၍ တဆက်တစပ်
တည်း ရာဇဝင်မှတ်တမ်းကို ချန်ထားရစ်ခဲ့ပေသည်)
ထိုသို့ဖြင့် ညောင်ရမ်းဆက်နောက်ဆုံးမင်း မဟာ
ဓမ္မရာဇာဓိပတိ လက်ထက်၌ စစ်တောင်းသို့
(နောင်တွင် ဇင်းမယ်)ထွက်ခွါသွားသည့် ပုဂံမင်းရိုး
ဆိုသူ ဆင်ကျားရှင် သမိန်ထောအစား တလိုင်း/မွန် အမတ်တို့က ညီညွတ် မင်းမြှောက်သည့် ဇင်းမယ်
ဆင်အစုသား ဗညားဒလဘွဲ့ခံ မွန်ရှမ်း ကပြား
ဦးအောင်လှသည် ဟံသာဝတီမှသည် အင်းဝဆီသို့ အခွန်ပူပြင်းသည့် ပြည်သူက မနှစ်မြို့တော့သော မြန်မာမင်းညံ့ထံ စစ်အင်အား အလုံးအရင်းဖြင့် ချီတက်လာလေတော့၏။ ထိုသည်မှ ဟံသာဝတီသို့ ဆောင်ယူသွားခံရပြီးနောက် မွန်တို့ အရပ်ရပ်
ခေါင်းအကြီးတို့ကို သစ္စာခံစေရာ မုဆိုးပိုသို့လည်း
ရောက်ရှိလာပေသည်။ ထို တလိုင်း/မွန် တို့ကို
သံ အဖွဲ့ဟု ယူရန် မဖြစ်နိုင်ပေ။ တလိုင်း/မွန်မင်း၏
သစ္စာကို လာရောက်ခံစေသူများသာ ဖြစ်ပေသည်။
ထိုသည်နှင့် တပြိုင်နက်ကွေ့ဂုဏ္ဏအိမ်က လွှတ်
သော အဖွဲ့လည်း ရောက်လာ၍ သစ္စာခံစေပြန်
သည်။ ထိုသူတို့သည်လည်း သံ တမန်များ
မဟုတ်ကြပေ။ နိုင့်ထက်စီးနင်း လာကြသူများသာ
ဖြစ်ပေသည်။ ထိုသို့ နိုင်ထက်စီးနင်း လာရောက်
သစ္စာခံစေသော ၂ ဖွဲ့မှ တလိုင်း/မွန်တို့ကို
ဦးအောင်ဇေယျ လုပ်ကြံပစ်သည်အား ဦးအောင်
ဇေယျသည် သံအဖွဲ့ကို သတ်ပစ်သူဟု ယခုကာလ
ကျမှ စွပ်စွဲပြောဆို ခေါင်းစဉ်တပ်သည်မှာ သံမဟုတ်
သည်ကို သတ်သည်ဖြစ်ပါလျက် သံကိုသတ်သည်
ဟု ယိုးစွပ်ပုတ် ခတ်ခြင်းသာဖြစ်ပြီး၊ ထို ၂ ဖွဲ့လုံး
သံတမန်များ မဟုတ်ကြကြောင်း ထင်ရှားသည်သာ
ဖြစ်ပေသည်။
ထိုသည်မှ စသည့် မရပ်မနား တလိုင်း/မွန်နှင့်
မြန်မာတို့ အပြန်အလှန် သတ်ပွဲများမှာ သွေးချောင်း
စီးအောင်ပင် ဖြစ်လေသည်။
ဦးအောင်ဇေယျ၏ စွမ်းဆောင်ရည်ကို မျက်ဝါး
ထင်ထင်မြင်ကြရသည့် မြန်မာများမှာလည်း ထို
အခါကျမှသာလျှင် အခွန်အကောက် ပူပြင်းသည့်
မင်းညံ့ကို ဖြုတ်ချလို၍၊ မနှစ်မြို့သော်လည်း ပေါင်း
ဖော်ရသည့် တလိုင်း/မွန် တို့ဘက်မှ ဦးအောင်ဇေ
ယျထံ စိတ်ဒုံးဒုံးချ၍ ခိုလှုံဝင်ရောက်လာပြီး နိုင်ငံ
တော် ထူထောင်ရေးအတွက် ပူးပေါင်းပါဝင်လာ
ကြသည်ဖြစ်သည်။ ထိုအဖြစ်အပျက်ကို ထောက်
ရှုဆင်ခြင်သော် မြန်မာမင်းဖြစ်ပါလျက် အခွန်
အကောက်ပူပြင်းသည့် မင်းညံ့ကို မြန်မာတို့
ကိုယ်တိုင်လက်မခံ ပြည်သူက ပူးပေါင်းပါဝင်ခြင်း
မရှိသည်ကြောင့် ထိုမင်းညံ့စစ်ရှုံးရသည်ဖြစ်သလို၊
ပြည်သူက ပူးပေါင်းပါဝင်လာသည့်အခါ မုဆိုးပို
ရွာကလေးမှ အစပြု၍ ကုန်းဘောင်အင်ပါယာ
ကြီး ကိုပင် ထူထောင်နိုင်ခဲ့သည်မှာ သင်ခန်းစာ
ယူဖို့ရာ အချက်ပင်ဖြစ်ပေသည်။
ထိုကာလ အင်္ဂလိပ်တို့သည် ဂိုအာ၌ ၁၅/၁၆ ရာစုကပင်အခြေစိုက်၍ နယ်မြေသိမ်းပိုက်ထား
သော ပေါ်တူဂီတို့အား အိန္ဒိယမှ မောင်းထုတ်ပစ်၍
အိန္ဒိယ နယ်မြေ အတော်များများကို သိမ်းပိုက်
ထားခဲ့ပြီးပြီဖြစ်ရာ ဒေသတွင်းအခြေအနေများကို
အစဉ် အကဲခတ်နေသည်ဖြစ်၏။
အင်္ဂလိပ်တို့သည် တလိုင်း/မွန်တို့အား လက်နက်
အကူအညီများပေးသည်၍ မြန်မာတို့နှင့် ဆန့်ကျင်
ဘက်မှ ပါဝင်ခဲ့၏။ ထို့ကြောင့်ပင်လျှင် အလောင်း
မင်းတရားကြီးသည် ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်တို့၏
ကုန်တိုက်ကို ဝါးရင်းတုတ်(တင်ကျည်း)တပ် လွှတ်
၍ တိုက်ခိုက် မီးရှို့ဖျက်ဆီးပြီး အင်္ဂလိပ်တို့အား
ကျွန်းပေါ်မှ မောင်းချခဲ့ခြင်း ဖြစ်ပေသည်။
ကပ္ပတိန် ဘရူနိုနှင့် အလောင်းမင်းတရားကြီး
တွေ့ဆုံစဉ် ပုသိမ်၌ ကုန်တိုက်ဖွင့်ရန်အတွက်
ဘရူနိုက မြေနေရာတောင်းခံရာ အခြားနေရာ
မတောင်းဘဲ စစ်ရေးအခြေအနေအရ အသာစီး
ရယူနိုင်သော ဘုရားကုန်းတော်နေရာကို စိုးမိုးကုန်း
အဖြစ်ရယူရန်တောင်းဆိုခဲ့ရာ အလောင်းမင်းတရား
ကြီးက ခွင့်ပြုတော်မမူခဲ့ပေ။ အိန္ဒိယ၌ လူလည်ကျ၍
ရခဲ့သော အရှေ့အိန္ဒိယကုမ္ပဏီ စစ်တပ်အရာရှိမှာ
၎င်းတို့ ကြုံတွေ့ခဲ့ရသည့် မဟာရာဇာများကဲ့သို့
အမြော်အမြင်မရှိ ငထူငအများကဲ့သို့ အလာင်း
မင်းတရားကြီးအား ထင်မှတ်၍ ဘုရားကုန်းတော်
ဖြစ်သည့် စိုးမိုးကုန်းအား စစ်ရေးရည်ရွယ်ချက်ဖြင့်
ကုန်တိုက်ဖွင့်ရန် တောင်းခဲ့သော်လည်း
စစ်ရေးစစ်ရာ မြော်မြင်စွမ်းအပြည့်ရှိပြီး ပထဝီ
နိုင်ငံရေးကျွမ်းကျင်သည့် အလောင်းမင်းတရားက
သာသနာရေးအကြောင်းပြချက်ဖြင့် ယဉ်ကျေးစွာ
ငြင်းပယ်ခဲ့ပေသည်။
အင်္ဂလိပ်တို့သည် အိန္ဒိယရှိ ပေါ်တူဂီ ဒတ်ချ်နှင့်
ပြင်သစ်တို့ကို မောင်းမထုတ်မီကာလ အိန္ဒိယ
နယ်မြေများကို အပိုင်စီးရန်အတွက် ထိုနည်းလမ်း
ကို ကျင့်သုံးခဲ့ကြသည်ဖြစ်၏။
သို့သော် ထိုနည်းလမ်းမှာ အင်္ဂလိပ်တို့၏ မူပိုင်
မဟုတ်ပေ။ ပေါ်တူဂီတို့၏ နည်းလမ်းဖြစ်၏။
၁၆ ရာစုအစအဦးက ပေါ်တူဂီတို့ အိန္ဒိယ ဂိုအာကို
စတင်အခြေချစဉ်က ထိုကဲ့သို့ ကုန်တိုက်ဖွင့်ရန်
မြေနေရာတောင်းခြင်းမှ အစပြုခဲ့ပြီး ကုန်တိုက်
လုံခြုံရေးကို အကြောင်းပြ၍ စစ်တပ်များ အိန္ဒိယ
မြေပေါ်သို့ ရောက်ရှိလာခဲ့ပေသည်။
ထိုမှတဆင့် လောဘကြီးသည့်မဟာရာဂျာ များကို
စည်းရုံးသိမ်းသွင်း၍ နယ်ခံပေါ်တူဂီလက်အောက်ခံ
တပ်များဖွဲ့ပြီး အင်အားကြီးထွားလာသည့်အခါ
နယ်မြေများကို တစ်စတစ်စ သိမ်းပိုက်တော့သည်။
အင်္ဂလိပ်တို့သည် ထိုနည်းလမ်းအတိုင်း ပေါ်တူဂီ
ဒတ်ချ် ပြင်သစ် တို့နှင့်အပြိုင် ကျင့်သုံး၍ အိန္ဒိယကို
အပိုင်စီးရန် ကြိုးစားနေသော်လည်း AD 1756 မှ
AD 1763 အထိ ပရပ်ရှားတို့နှင့် ၇ နှစ်ကြာ စစ်ပွဲ
ပြီးဆုံးသွားတော့မှသာလျှင် အိန္ဒိယ အပေါ်
အပြည့်အဝ အာရုံစိုက် အားထုတ်နိုင်ခဲ့ပြီး
ပေါ်တူဂီ၊ ဒတ်ချ်နှင့် ပြင်သစ်တို့ကို အိန္ဒိယမြေပေါ်မှ
မောင်းထုတ်နိုင်ခဲ့၏။
ထိုသို့ အင်္ဂလိပ်တို့ အိန္ဒိယမှ မောင်းထုတ်လိုက်
သည့် ပေါ်တူဂီ၊ ဒတ်ချ်နှင့် ပြင်သစ်တို့မှာ အင်ဒို၊
မလေး၊ ဂျာဗား၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ ထိုင်း
နယ်မြေဘက်သို့ ရောက်ရှိသွားတော့၏။
ထို ၇ နှစ် စစ်ပွဲမတိုင်မီကပင် အိန္ဒိယ၌ ဖြစ်ပျက်
နေသည့် အဖြစ်အပျက်တို့ကို သိရှိနေသည့် အလောင်း မင်းတရားကြီးသည် ဘရူနို လာရောက်
တောင်းခံ သည့် ပုသိမ် ဘုရားကုန်းတော် စိုးမိုးကုန်း
အား ကုန်တိုက်ဖွင့်ရန် မြေနေရာတောင်းမှုကို ယဉ်ကျေး စွာ ငြင်းပယ်ခဲ့ပြီး အခြားနေရာကို
ကုန်တိုက်ဖွင့်ရန်ပေးခဲ့ခြင်းဖြစ်၏။
အင်္ဂလိပ်နှင့် မဟာမိတ်ဖွဲ့ရန်ကြိုးပမ်းနေသည့်
အလောင်းမင်းတရားကြီးသည် ဘရူနိုအား
နောင်တွင် ဒီ့ထက်မကပေးမည်ဟု နှစ်သိမ့်၍
ငြင်းပယ်ခဲ့ခြင်းမှာ စစ်ရေး၊ နိုင်ငံရေး နှင့် ဒေသတွင်း
ဖြစ်ပျက်နေသည့် အခြေအနေများကို သိရှိထား၍
ဖြစ်ပေသည်။
ပြင်သစ် ဗိုလ်ချုပ် ဂျိုးဇက် ဖရန်ဇစ် ဒူးပလေး သည်
AD 1727 ဝန်းကျင်ကာလကပင် ကျွန်းသစ်နှင့်
ရေနံစိမ်း အလျှံပယ်ထွက်သည့် မြန်မာ့မြေအား
သွားရည်ကျနေခဲ့ပြီး၊ သန်လျင်တွင် သငေ်္ဘာကျင်း
တည်ဆောက်၍ ပွန်ဒီရှယ်ရီအတွက် မြန်မာ့ကျွန်း
သစ်များဖြင့် သငေ်္ဘာများ တည်ဆောက်ပေးခဲ့သည်
မှာ AD 1729 မှ AD 1742 အထိ ဖြစ်ပေသည်။
ကပ္ပတိန် ဘရူနိုမှာ ထိုကာလ လက်ကျန် ပြင်သစ်
လူမျိုးဖြစ်ပြီး အင်္ဂလိပ်တို့၏ အရှေ့အိန္ဒိယ ကုမ္ပဏီ
အတွက် အလုပ်လုပ်ကိုင်ပေးနေသူ ပြင်သစ်
လူမျိုး ကြေးစား စွန့်စားသူ တစ်ဦးဖြစ်သည် ဆို၏။
AD 1756 တွင် အရှေ့အိန္ဒိယ ကုမ္ပဏီမှ ကပ္ပတိန်
ဂျွန်ဒိုင်းယား လက်ဆောင်လက်နက်များဖြင့်
အလောင်းမင်းတရားကြီးရှိရာ ရန်ကုန်သို့ ရောက်
ရှိလာရာ အင်္ဂလိပ်ဂျော့ရှ်ဘုရင်ထံ မဟာမိတ်
ရွှေပေလွှာ ရာဇသံ ပေးအပ်ခဲ့သော်လည်း
ဂျွန်ဒိုင်းယာသည် အလောင်းမင်းတရားကြီး၏
ရွှေပေလွှာကို ဂျော့ရှ်ဘုရင်ထံ မပေးအပ်ခဲ့ပါချေ။
ဂျော့ရှ်ဘုရင် ထံမှ ရာဇသံ ပြန်စာ မလာ မရောက်
သည့်အခါ အလောင်းမင်းတရားကြီးက
ငါတို့မြန်မာများအား အရိုင်းအစိုင်းဟု မှတ်ယူ၍
အရေးမလုပ်ခြင်း ဖြစ်လေသည်ဟု စိတ်မကောင်း
့ဖြစ်ပြီးနောက် အင်္ဂလိပ်တို့နှင့် ဆက်ဆံရေး
အေးစက်သွားခဲ့သည်ဟု ဆိုပေသည်။
သို့သော် ထိုကာလ၌ အင်္ဂလိပ်တို့အနေဖြင့် ၇ နှစ်
စစ်ပွဲအတွက် လုံးပမ်းနေချိန်ဖြစ်သလို အလောင်း
မင်းတရား၏ စစ်ရေးဆိုင်ရာနှင့် နိုင်ငံတော်တည်
ဆောက်ရေး အခြေအနေတို့ကြောင့် မြန်မာနိုင်ငံ
ကို သွားရည်ကျနေသော်လည်း စစ်ပွဲဖြစ်ရန်
အစမပြုနိုင်သေးသဖြင့် အင်္ဂလိပ်တို့၏ အရေးမှာ
အလောင်းမင်းတရားကြီးအတွက် အထူးတလည်
ပူပင်စရာ အခြေအနေ မဟုတ်ခဲ့ပါချေ။
တိုက်ခိုက်သိမ်းပိုက်စရာမလိုဘဲ သစ္စာခံ သိမ်းသွင်း
အောင်မြင်ထားသည့် မြောက်ဘက်တလွှားနှင့်
အရှေ့ဘက် ရှမ်းပြည်များအပါအဝင် မဏိပူရ၊ အာသံ၊ မီဇိုရမ်၊ ရခိုင်ဒေသတောင်ပိုင်း၊ ချင်းမိုင်၊ လာအို စသည့် နယ်ပယ်ပိုက်နက် အခြေအနေအရ
အလောင်းမင်းတရားကြီး၏ ကုန်းဘောင်အင်ပါယာ
မြန်မာနိုင်ငံတော်သည် အင်အားကြီးမားစွာဖြင့်
ရပ်တည်နေနိုင်ပြီဖြစ်ပေသည်။
အင်္ဂလိပ်တို့နှင့်ဆက်ဆံရေး အေးစက်သွားသော်
ငြားလည်း ပေါ်တူဂီ ပြင်သစ်တို့နှင့် အဆက်အသွယ်
မပြတ်လှသည်ဖြစ်သည့်အပြင် ပင်လယ်ဆိပ်ကမ်း
ပွင့်လင်းသွားပြီဖြစ်သည့်အတွက် စစ်လက်နက်
ဝယ်ယူဖြည့်တင်းရေးမှာ အင်္ဂလိပ်တို့အပေါ်၌သာ
မှီခိုအားထားနေရန် မကြောင်းမမြင်တော့ပါချေ။
အလောင်းမင်းတရားကြီးသည် ရှေ့က မြန်မာ
နိုင်ငံတော်များဖြစ်သော ပုဂံအင်ပါယာ၊ တောင်ငူ
အင်ပါယာတို့ကဲ့သို့ ကြီးမားသည့် ပိုက်နက်နယ်
ပယ်ချဲ့ထွင်၍ ကုန်းဘောင်အင်ပါယာကြီး ထူထောင်ရန် မျှော်မှန်းခဲ့မည်မှာ အသေအချာပင်
ဖြစ်ပေတော့သည်။
………………………………………………………။
ပုံစာ -
အလောင်းမင်းတရားကြီးက ဂျော့ရှ်ဘုရင်ထံသို့
နှစ်ပြည်ထောင် ချစ်ကြည်ရေး မဟာမိတ်အဖြစ်
ရာဇသံ ကြားရောက်ရန် အရှေ့အိန္ဒိယကုမ္ပဏီသို့
ပေးအပ်ခဲ့သော်လည်း အင်္ဂလန်သို့ မရောက်ခဲ့သည့်
အလောင်းဘုရား၏ ရွှေချိန် ၅ ကျပ်၊ အလျား သန်
တစ်တောင့် လက်လေးသစ်၊ အနံ သန် ငါးသစ်၊
စာကြောင်းရေ ၁၀၊ ရင်းဖျား ပတ္တမြား ၂ ရစ်ဖြင့်
တင့်တယ်ကောင်းမွန်စွာ စီရင်ထားသည့်
မြန်မာ့တော်ဝင်အနုပညာ လက်ရာ
ရွှေပေလွှာ။

No comments:
Post a Comment