Tuesday, September 24, 2019

"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၄)
……………………………………………။

ထိုစဥ္ကာလ စစ္တိုက္သည့္ဓေလ့မွာကား
မလိုအပ္ဘဲလ်က္ ျမိဳ႕သိမ္းတိုက္ပြဲမ်ား ဆင္ႏႊဲေလ့
မရွိဘဲ အားႀကီးသူက ျမိဳ႕(ဘုရင့္ေနျပည္ေတာ္)ကို လခ်ီေအာင္ ဝန္းရံ၍ လူသူလက္နက္ရိကၡာ အစာ
ေရစာ ျဖတ္ေတာက္ပိတ္ဆို့ထားျပီး အလိုလို အညံ႔ခံလာေစသည့္ နည္းလမ္းပင္ျဖစ္သည္။
ျမိဳ႕သိမ္းတိုက္ပြဲမ်ား တိုက္ရိုက္ဆင္ႏႊဲျခင္းမွာ
အင္အားနည္းသည့္ ခံျမိဳ႕မ်ား၊ ရည္မွန္းခ်က္၏ လမ္းခရီးတေလ်ာက္ခုခံသည့္ စခန္းမ်ားကိုသာ
အခ်ိန္တိုအတြင္း အျပတ္အသပ္ႏွိပ္နင္းေလ့ရွိျပီး
ေနာက္ဆံုး(အဓိက အေရးရွင္ ေနထိုင္ရာ) ျမိဳ႕သိမ္း
တိုက္ပြဲမ်ားကိုမူ လူသူလက္နက္ရိကၡာ ပြန္းတီး
ပ်က္သုဥ္းျခင္းမွ ေရွာင္လႊဲႏိုင္ရန္ ဝိုင္းဝန္း ပိတ္ဆို့
အငတ္ထားျခင္း နည္းလမ္းကို က်င့္သံုးၾက၏။
ငတ္ေနသူမွာ မည္သို့ စစ္တိုက္ႏိုင္မည္နည္း။
ထိုသို့ ပိတ္ဆို့သည္တြင္ ျမန္မာတို့မွာ ထိုျမိဳ႕ကို
ဝန္းပတ္ရံ၍ အုတ္ျမိဳ႕တည္ေဆာက္ ပိတ္ဆို့ျခင္းပင္
ျပဳလုပ္ၾကေလသည္။ (ထိုသို့ ခံတပ္တည္ေဆာက္၍
ဝန္းရံပိတ္ဆို့သည့္ အဆင့္မ်ွမက အေရးရွင္၏ ျမိဳ႕ကို အုတ္ျမိဳ႕တည္ေဆာက္ျပီး အက်အန ပိတ္ဆို့
ျဖတ္ေတာက္သည္မွာ ေဒသတြင္း၌ ျမန္မာတို့သာ
က်င့္သံုးသည့္ ဓေလ့ျဖစ္သည္။ အျခား တိုင္းႏိုင္ငံ
မွတ္တမ္းမ်ား၌ ထိုသို့ တည္ေဆာက္ဝန္းရံသည္
ယခုအထိ မေတြ႕ရွိရေသးေပ။ အေလာင္းမင္း
တရားႀကီးသည္ အဓိက အေရးရွင္၏ ျမိဳ႕ျဖစ္ေသာ
ဟံသာဝတီကို ဝန္းရံစဥ္ကလည္း ဟံသာဝတီကို
ပတ္ရံ၍ ေဇတုဝတီဟု သမုတ္သည့္ ျမိဳ႕ေတာ္ကို
တည္ေဆာက္စံျမန္းေတာ္မူသည္မွာ ဘုရင္နန္းစိုက္
ရာ အဓိကနန္းေတာ္ကဲ႔သို့ အေဆာင္အေဆာင္
အခန္းခန္းျဖင့္ အက်အနတည္ေဆာက္ ဝန္းရံျခင္း
ျဖစ္ေပသည္)
သို့ဝန္းရံပိတ္ဆို့ အညံ႔ခံလာေစေသာ နည္းလမ္းကို
အသံုးျပဳျခင္းျဖင့္ အေဆာက္အအံုမ်ား၊ ဥစၥာပစၥည္း
မ်ား ပ်က္စီးဆံုးရံႈးမႈနည္းပါးျပီး၊ အကယ္၍ ျမိဳ႕သက္
ကုန္ေစလိုသည့္ဆႏၵမရွိပါက ျမိဳ႕ကို အႀကီးစား ျပန္
လည္ထူေထာင္ရန္ မလိုအပ္ေတာ့သည္ ျဖစ္သလို၊
လူအေသအေပ်ာက္လည္း နည္းပါးမည္ျဖစ္သည္။
အေလာင္းမင္းတရားႀကီးသည္ ယိုးဒယားတို့၏
အယုဒၶယျမိဳ႕ကို ထိုနည္းလမ္းအတိုင္း တိုက္ခိုက္
သိမ္းပိုက္ရန္ ျပင္ဆင္ ျပဳလုပ္ခဲ႔သည္။
တနသၤာရီေၾကာင္းမွ ခ်ီတက္၍ ရွိသမ်ွ ယိုးဒယား
နယ္တြင္း ျမိဳ႕ရြာမ်ား အလံုးကို သိမ္းႀကံဳး ယူငင္
ခဲ႔၍ သိမ္းယူခဲ႔သည့္ ယိုးဒယားျမိဳ႕မ်ားမွ စစ္သည္
မ်ား၊ လက္နက္ကိရိယာမ်ား၊ ဝန္တင္လွည္းမ်ား၊
ဆင္ျမင္းမ်ား၊ အခိုင္းအေစမ်ား စသျဖင့္ မူလ
လာရင္းအင္အားထက္ သာလြန္မ်ားျပားလာသည့္
အင္အားျဖင့္ သိမ္းပိုက္ခ်ီတက္ ဝန္းရံလာသည္
ျဖစ္သည္ေၾကာင့္ ထိုကာလ (အယုဒၶယ)ယိုးဒယား
ဘုရင္ ပိုင္ဆိုင္သည္မွာ အယုဒၶယျမိဳ့သာလ်ွင္ ယိုးဒယားသားတို့အပိုင္အျဖစ္ က်န္ရစ္ေတာ့သည္
ျဖစ္ေလသည္။
အယုဒၶယကို ၂ လခန့္ ဝန္းရံပိတ္ဆို့ထားစဥ္အတြင္း
ယိုးဒယားတို့က လက္ေအာက္ခံပါေတာ့မည္ဟု ေစ
လႊတ္ေလ်ွာက္ထားျပီးေနာက္ ၁၀ ရက္ခန့္ ေစာင့္
ဆိုင္းေတာ္မူေနစဥ္ နာမက်န္းျဖစ္ရာက မိုးမက်မီ
ေရႊဘိုသို့ ျပန္ရန္ အေၾကာင္းျဖစ္ေပၚလာေပသည္။
ယိုးဒယားတို့မွာလည္း စိတ္ရင္းျဖင့္ အညံ႔ခံရန္
လာေရာက္ေလ်ွာက္ထားျခင္း မဟုတ္ဘဲ ျမန္မာတို့
အလ်င္အျမန္ျပန္သြားေစရန္ႏွင့္ မျပန္ေသးပါက
လည္း မိုးက်သည္အထိ အခ်ိန္ဆြဲထားရန္ျဖစ္၏။
ယိုးဒယားတို့ အယုဒၶယျမိဳ႕အလံုး လက္ေတာ္တြင္း
ေရာက္ ပိုင္ဆိုင္ခါနီးတြင္မွ က်န္းမာေရးဆိုးရြား
ျပင္းထန္လာသည့္အတြက္ တပ္ျပန္ဆုတ္ခဲ႔ရသည္
ကို အေလာင္းမင္းတရားႀကီး၏ တပ္စဥ္ တိတ္
တဆိတ္ စနစ္တက် ဆုတ္ခြါသြားသည္ကိုပင္
ခ်က္ခ်င္းမသိလိုက္သည့္ ယိုးဒယားတို့က ၎တို့
လက္ခ်က္ျဖင့္ ဒဏ္ရာရ၍ အေလာင္းမင္းတရား
ျပန္လည္ဆုတ္ခြါသြားရသည္ဟု ၎တို့၏ ရာဇဝင္
မ်ားထဲ၌ ဝါၾကြား ေရးသားၾက၏။
အေလာင္းမင္းတရားႀကီးသည္ ဆုတ္ခြါခါနီး၌ ဖမ္းဆီးရမိထားေသာ ယိုဒယားအမတ္ စစ္သူႀကီး
မ်ားကိုပင္ ၎တို့အားသတ္ပစ္၍လည္း ယိုဒယား
တို့ ျမိဳ႕ကို ယခုရမည္မဟုတ္ ဟု ဆို၍ ျပန္လည္ လႊတ္ေပးခဲ႔ျပီး လာမည့္ႏွစ္ မိုးကုန္ကာလ ပြင့္လင္း
ခ်ိန္ စစ္ပြဲရာသီ က်မွသာလ်ွင္ အယုဒၶယကို အျပီး
တိုင္သိမ္းပိုက္ေတာ့မည္ဟု ဆိုခဲ႔ေပသည္။
ထိုမွ မုတၱမေက်း ကင္းရြာ၌ အေလာင္းမင္းတရား
ကံေတာ္ကုန္ခဲ႔၏။ အေလာင္းမင္းတရားအား
ေရႊဘိုအထိ ေဆာင္ယူ၍ သၿဂိဳလ္ခဲ႔ေပသည္။
(ယခု ကင္းရြာက အေလာင္းမင္းတရား၏အုတ္ဂူ
ဟု ဆိုသည့္ အေဆာက္အအံုမွာ အေလာင္းမင္း
တရား နတ္ရြာစံရာေနရာျဖစ္ျပီး ဝမ္းဗိုက္ကိုခြဲ၍
ျပဒါးသြပ္စဥ္ ကလီစာမ်ားအား ျမႈပ္ႏွံထားသည့္
အထိမ္းအမွတ္ေနရာျဖစ္သည္ဟု လူႀကီးသူမမ်ား
တဆင့္စကား ေျပာၾကားခဲ႔သည္ ျဖစ္ေပသည္)
အေလာင္းမင္းတရား သိမ္းပိုက္ခဲ႔သည့္ အေန
အထားအရ သံလြင္ျမင္အေရွ႕ဘက္ေဒသမ်ား
ျဖစ္ေသာ ဇင္းမယ္(၅၇ျမိဳ႕)(ယခု ထိုင္းအပိုင္ ခ်င္းမိုင္)၊ လင္ဇင္း(ယခုလာအို)၊ ဇင္းမယ္ႏွင့္
အယုဒၶယၾကား(အယုဒၶယျမိဳ႕ ေျမာက္ဘက္ မ်က္ႏွာ၌ တည္ရွိသည္ဟု ဆိုသည္)ဟု ယူဆရ
ေသာ ေက်ာ္ပုဂံႏွင့္ ထားဝယ္တနသၤာရီ ႏွင့္ထိစပ္
လ်က္ရွိသည့္ ယိုးဒယားေက်း တို့မွာ ျမန္မာႏိုင္ငံ
ေတာ္ပိုင္နက္အျဖစ္တည္ရွိေနျပီး၊ က်ိဳင္းဟုန္းမွ
အစျပဳ၍(ယခု တရုတ္ပိုင္ ယူနန္နယ္အတြင္း
ေဒသမ်ားျဖစ္သည္) ဟိုသာ၊ လာသာ၊ စႏၵား အထိ ျမန္မာပိုင္၊ ရခိုင္ေျမာက္ပိုင္းေဒသမွလြဲ၍ အာသံ မဏိပူရ ေဒသမ်ားအထိ ျမန္မာႏိုင္ငံေတာ္ ပိုင္နက္
နယ္နိမိတ္ ျဖစ္ေပသည္။
ခရီးမတ္တပ္ လမ္းခုလတ္၌ ကံေတာ္ကုန္ခဲ႔သည့္
အေလာင္းဘုရားႀကီးေနာက္ ခမည္းေတာ္ မိန့္မွာ
ခ်က္အတိုင္း သားေတာ္အႀကီးဆံုး ေနာင္ေတာ္ႀကီး
မင္း(စစ္ကိုင္းျမိဳ႕တည္မင္း)နန္းတက္လာသည္။
ယိုးဒယားကို ခ်ီစဥ္က ေျမဒူူးမင္းကိုသာ ေခၚေဆာင္
သြားခဲ႔ျပီး ေနာင္ေတာ္ႀကီးမင္းအား ေရႊဘိုနန္းေတာ္
၌ အေစာင့္ထားခဲ႔သည္ျဖစ္ရာ ေနာင္ေတာ္ႀကီးမင္း
၏ ယိုးဒယားႏွင့္ ပတ္သက္သည့္ ခံစားခ်က္မွာ
လက္ေတြ႔တုိက္ခိုက္ခဲ့ျပီး ယိုးဒယားျပည္အလံုးကို
သိမ္းပိုက္၍ ျမန္မာႏိုင္ငံေတာ္ပိုင္နက္အျဖစ္
ေရာက္ရွိလုခင္နီးနီး၌ ခံတြင္းသို့ဝင္အံ႔ဆဲဆဲ
ထမင္းလုတ္ ျပဳတ္က်၏သည္သို့ ခံစားရေသာ
ညီေတာ္ေျမဒူးမင္း၏ ခံစားခ်က္ကို သိျမင္ခံစား
ႏိုင္မည္ မဟုတ္ေပ။ ျမန္မာ့ပိုင္နက္ ထားဝယ္ႏွင့္
တနသၤာရီကို ထိပါးေႏွာင့္ယွက္ က်ဴးေက်ာ္၍
အေလာင္းမင္းတရားႀကီးအား ေသြးတိုးစမ္း
လာသည့္ ယိုးဒယားဘုရင္ အုဒုမၺရႏွင့္ ယိုးဒယား
သား အေပါင္းတို့၏ ကံၾကမၼာေန့ရက္တို့သည္ ေနာင္ေတာ္ႀကီးမင္းလက္ထက္ ၃ ႏွစ္ႏွင့္၆လခန့္ သာေတာင့္သာယာရွိခဲ႔ၿပီး ဇာတာစန္းလဂ္ ရႊင္ပ်
ခဲ႔သလို ေဒသအတြင္း၌လည္း ကုန္းေဘာင္
အင္ပါယာ၏ အင္အားေတာင့္တင္းေသာ ေခတ္မီ
စစ္တပ္ႀကီး အယုဒၶယျမိဳ႕ေျခရင္းက လွည့္ျပန္
သြားရသည္ဟူသည္ကို ဂုဏ္သတင္းအျဖစ္
ေက်ာ္ေစာထင္ရွား ျဖန့္ခ်ိေနမည္ျဖစ္ေပသည္။
အေလာင္းမင္းတရားႀကီး၏ သားေတာ္မ်ားထဲတြင္
ေနာင္ေတာ္ႀကီးႏွင့္ ဆင္ျဖဴရွင္သာလ်ွင္ စစ္ေရး
စစ္ရာ တိုင္းေရးျပည္မႈ နားလည္က်ြမ္းက်င္သူမ်ား
ျဖစ္ၾကျပီး၊ ၎တို့ စစ္တိုက္ေနစဥ္ကာလတြင္
က်န္သားေတာ္မ်ားျဖစ္ေသာ အျမင့္မင္း၊ ဗဒံုမင္း၊
ပခန္းမင္း၊ ပင္းတလဲမင္းတို့မွာ ေရႊဘိုနန္းေတာ္
အတြင္း၌ ကေလးသူငယ္အရြယ္ ေဆာ့ကစား
ေနၾကသည္သာျဖစ္ေပသည္။
ထိုအခ်ိန္အထိ ျမန္မာႏိုင္ငံ၏ အေနအထားမွာ
ဗိုလ္တြန္ႏွင့္ ဘေထြးေတာ္ ေတာင္ငူစားတို့
ပုန္ကန္မႈ၊ ေတာင္ငူမွ ကူမည္ဟုလာသူ မုတၱမ၌
ေနာင္ေတာ္ႀကီးမင္းက အေနအစားမပ်က္ တာဝန္
ထမ္းေဆာင္ထားေစသူ တလိုင္း/မြန္ စစ္သူႀကီး
ဒလပန္းႏွင့္ေဒါစြယ္ယစက္ တို့၏ ထၾကြမႈမ်ားကို
ႏွိမ္နင္းရ႐ံုသာ ရွိေပသည္။
ေနာင္ေတာ္ႀကီးမင္းသည္ကား မည္သူ့ကိုမ်ွ
မသတ္ခဲ႔ဘဲ မရႈတ္မခ်ထားခဲ႔သည့္ စိတ္ရင္းမွာ
အလြန္ပင္ခ်ီးက်ဴးဖြယ္ေကာင္း၏။
ေနာင္ေတာ္ႀကီးမင္းက မသတ္ဘဲထားခဲ႔သူမ်ား
ထဲက တလိုင္း/မြန္စစ္သူႀကီးမ်ားသည္ ဆင္ျဖဴရွင္ လက္ထက္ ထပ္မံပုန္ကန္ရန္ ႀကံစည္သျဖင့္ ေသဒဏ္ေပး၍ သတ္ခဲ႔ရေလသည္။
ေနာင္ေတာ္ႀကီးမင္းကား နန္းစံ ၃ ႏွစ္ ၆လသာ
ရွိရာ တိုင္းေရးျပည္မႈ၌ အလံုးစံု စြမ္းေဆာင္ခြင့္
မရခဲ႔ပါေခ်။ အေလာင္းမင္းတရား လက္ထက္ကပင္
သိမ္းပိုက္ထားသည့္ ဇင္းမယ္ ၅၇ ခရိုင္၌ မျငိမ္
မသက္ျဖစ္ေနသည္ေၾကာင့္ ျပန္လည္ သိမ္းသြင္း၍
တည္ျငိမ္ေစရန္ တပ္ေတာ္မ်ားလႊတ္၍ လုပ္ေဆာင္
ေနဆဲကာလ၌ပင္ နတ္ရြာစံခဲ႔ေပသည္။
ေနာင္ေတာ္ႀကီးမင္း နတ္ရြာစံသည့္ကိစၥႏွင့္ပတ္
သက္၍ ညီေတာ္ဆင္ျဖဴရွင္(ေျမဒူးမင္း) က လုပ္ႀကံ
သည္ဟု အခ်ိဳ႕ ေရးသားခ်က္မ်ားမွာ အေထာက္
အထား မခိုင္လံုေပ။
ေနာင္ေတာ္ႀကီးအား ဆင္ျဖဴရွင္က နန္းေတာ္
အတြင္း ၎၏ လူမ်ားကို ကိုယ္ရံေတာ္အျဖစ္
သြင္း၍ အခြင့္သာသည့္ လသာည၌ ေသနတ္ျဖင့္
ဆင္ျဖဴရွင္ကိုယ္တိုင္ ပစ္ခတ္လုပ္ႀကံသည္ဟု
ဆိုၾက၏။ ထိုသည္ေၾကာင့္ နန္းေတာ္အတြင္း
အုတ္အုတ္က်က္က်က္ျဖစ္သံမ်ား အရပ္အထဲ
အထိ ၾကားရသည္ဆို၏။ နန္းေတာ္ကလည္း
ဆင္ျဖဴရွင္၏ လူမ်ားကို အေျမာက္ျဖင့္ ျပန္လည္
ပစ္ခတ္ရာ အေျမာက္သံမ်ား နန္းေတာ္ဘက္က
ၾကားရသည္ဆို၏။ မည္သူက စတင္ တီထြင္
လိုက္သည္မသိေသာ္လည္း အခ်ိဳ႕က ထိုအတိုင္း
ပင္ေရးသားေနၾကေပသည္။
နန္းေတာ္၌ အုတ္အုတ္က်က္က်က္ ရုတ္ရုတ္
သဲသဲ အသံၾကားျခင္း၊ အေျမာက္သံမ်ား ပဲ့တင္ထပ္
ၾကားရျခင္း စသည့္ အျဖစ္အပ်က္မ်ားမွာ ေနာင္
ေတာ္ႀကီး ကံမကုန္မီလပိုင္းအလိုက ျဖစ္ပ်က္ခဲ႔
ေသာ အျဖစ္အပ်က္ျဖစ္ျပီး၊ ထိုစဥ္ကာလ ေနာင္ေတာ္ႀကီးမင္း ကိုယ္တိုင္ ေနာက္ပါ လူ ၁၀၀ ေက်ာ္ျဖင့္ျမင္းစီး၍ အသံထြက္ေပၚျခင္း အေၾကာင္း
အရင္းကို လွည့္လည္ ၾကည့္ရႈခဲ႔ေပေသးသည္။
မည္သည္ေၾကာင့္ ထိုအသံမ်ား ထြက္ေပၚသည္
မွန္း မည္သူမ်ွ မသိၾကေပ။
ထိုသည္ကို ေနာင္ေတာ္ႀကီးမင္း နတ္ရြာစံမည့္
နိမိတ္အျဖစ္ ရာဇဝင္၌ ေဖာ္ျပထားေပသည္။
ထိုကိစၥသည္ နယုန္လ၌ ျဖစ္ပြားခဲ႔ျခင္းျဖစ္ျပီး
ေနာင္ေတာ္ႀကီးမင္းသည္ နတ္ေတာ္လ၌ ကံကုန္
ေတာ္မူခဲ႔ျခင္းျဖစ္၏။ (ေရွးစာတို့၌ ေနာင္ေတာ္ႀကီး
မင္းသည္ အသည္းေရာဂါေၾကာင့္ ကံကုန္ရသည္ဟု
ေရးသားခဲ႔ခ်က္မ်ားလည္း ရွိေပသည္)
သို့ျဖစ္ရာ ေနာင္ေတာ္ႀကီးမင္းအား ညီေတာ္
ဆင္ျဖဳရွင္က အာဏာလိုခ်င္သည္ေၾကာင့္ ေသနတ္
ျဖင့္ ကိုယ္တိုင္ ပစ္ခတ္လုပ္ႀကံ၍ ထီးနန္းကို အဓမၼ
သိမ္းပိုက္သည္ ဟူသည္မွာ လုပ္ႀကံတီထြင္
ေရးသားခ်က္သာ ျဖစ္ျပီး အေထာက္အထား
မခိုင္လံု ယုတၱိမရွိျဖစ္သည္သာ ျဖစ္၏။
ျမန္မာမင္းေကာင္းမင္းျမတ္ အစြမ္းအစထြန္းေျပာင္
သည့္ ဘုရင္မ်ားမွာ မလိုသူတို့၏ ပုတ္ခတ္ျခင္းကို
အစဥ္အျမဲခံရသည္သာျဖစ္ျပီး ျမန္မာရာဇဝင္တြင္
မွတ္တမ္းတင္ထားသမ်ွ မည္သည့္မင္းေကာင္း
မင္းျမတ္မ်ားမဆို ၎တို့၏ ပုတ္ခတ္မႈမွ
လြတ္ကင္းရရွာသည္ဟူ၍ မရွိေပ။
အေလာင္းမင္းတရားအား မြန္သံအဖြဲ႕ကို
သတ္သူ၊ စည္းကမ္းေဖာက္ဖ်က္သူ၊ အထင္ႀကီး
စရာမရွိသူဟု လည္းေကာင္း။
ဆင္ျဖဴရွင္အား ေနာင္ေတာ္ကို လုပ္ၾကံ၍
အာဏာငမ္းဖမ္းသူဟု လည္းေကာင္း။
ဘိုးေတာ္ဘုရားအား ဘုရားသူခိုး၊အဓမၼအလုပ္ၾကမ္းခိုင္းေစသူဟု လည္းေကာင္း။
သာယာဝတီမင္းအား (အေၾကာင္းအရင္းကို ေသခ်ာ
ဂနစြာမသိဘဲ) ရူး၍ ေသရသူ ရူးႏွမ္းေနသူဟု
လည္းေကာင္း အမ်ိဳးမ်ိဳး ပုတ္ခတ္ၾက၏။
ေနာင္ေတာ္ႀကီးမင္းလက္ထက္ စာခ်ဳပ္အခ်ိဳ႕
ခ်ဳပ္ဆိုရန္ ထိုအခ်ိန္၌ အိႏၵိယ တစ္ခုလံုးကို
သိမ္းပိုက္ျပီးျဖစ္ေသာ အဂၤလိပ္တို့၏ အေရွ႕အိႏၵိယ
ကုမၸဏီမွ ကပၸတိန္ အဲလ္ဗက္စ္ ေရာက္ရွိလာ
ခဲ႔ေသးသည္။ ေနာင္ေတာ္ႀကီးမင္းသည္လည္း
အေလာင္းဘုရားကဲ႔သို့ အဂၤလိပ္တို့အား မယံု
ၾကည္သူျဖစ္ရာ အဆင္ေျပလွသည္ မဟုတ္ေပ။
အေလာင္းဘုရားလက္ထက္က အဂၤလိပ္တို့က
တလိုင္း(ယခုအမည္ မြန္) တို့အား အကူအညီ
ေပးခဲ႔သည့္ကိစၥ ေနာင္ေတာ္ႀကီးမင္းက ေမးျမန္း
ခဲ႔သလို အဲလ္ဗက္စ္ကလည္း ဒတ္ခ်္၊ ျပင္သစ္
တို့ႏွင့္ မဆက္ဆံဘဲ အဂၤလိပ္ႏွင့္သာ ဆက္ဆံရန္
တိုက္တြန္းခဲ႔ျပီး အေကာက္ခြန္မဲ႔ ကုန္သြယ္လိုမႈ
အေၾကာင္း တင္ျပ၍ စာခ်ဳပ္ခ်ဳပ္ဆိုရန္ ျပဳလုပ္
ခဲ႔သည္ဟု ဆို၏။ ထိုကုန္သြယ္မႈကို ေနာင္ေတာ္
ႀကီးမင္းက လက္ခံခဲ႔ေသာ္လည္း ကုန္သြယ္မႈမွာ
ခဏတာသာျဖစ္ခဲ႔သည္ ဆိုေပသည္။
အဂၤလိပ္တို့သည္ ထိုစဥ္ကတည္းက ဒတ္ခ်္ႏွင့္
ျပင္သစ္တို့ ထံမွ ပင္လယ္ေရေၾကာင္းျဖင့္ ျမန္မာ
တို့အား ကုန္သြယ္၍ လက္နက္ပစၥည္းမ်ား
ေထာက္ပံ႔ေရာင္းခ်မည္ကို အလြန္အမင္း စိုးရိမ္
ပူပန္လ်က္ရွိ၏။ ထိုအခ်ိန္ကာလ ျမန္မာႏိုင္ငံအား
စစ္ျပဳရန္မွာ အခြင့္မသာေသးသလို ျမန္မာတို့က
လည္း အဂၤလိပ္တို့ႏွင့္အျပိဳင္ ေဒသတြင္း၌ အင္အား
ႀကီးေနသည္ျဖစ္ရာ ကုန္းေဘာင္အင္ပါယာ
ထူေထာင္ျပီးခါစ ျမန္မာႏိုင္ငံကို ေလာဘႀကီးသည့္
မဟာရာဂ်ာမ်ားအား နည္းလမ္းမ်ိဳးစံု ဖ်ားေယာင္း
သိမ္းသြင္း၍ အျပင္းအထန္ မတိုက္ခိုက္ရပါဘဲ
အိႏၵိယ တခုလံုးကို က်ြန္ျပဳသကဲ႔သို့အေျခအေန
လည္း မေပးပါေသးေခ်။
အထူးသျဖင့္ ျမန္မာတို့သည္ အဂၤလိပ္တို့အား
အယံုအၾကည္ကင္းမဲ႔လ်က္ ရွိသည္ကို အဂၤလိပ္
တို့ သေဘာေပါက္ေနသည္သာ ျဖစ္ေပသည္။
…………………………………………………………။
ပံုစာ -
ကုန္းေဘာင္အင္ပါယာ
ျမန္မာႏိုင္ငံေတာ္၏ ပထမဦးဆံုးပိုင္ရွင္
အရွင္သခင္ အေလာင္းဘုရား
ထာဝရလဲေလ်ာင္းရာ။
(ေရႊဘိုျမိဳ႕)
…………………………………………………

"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၄)
……………………………………………။
ထိုစဉ်ကာလ စစ်တိုက်သည့်ဓလေ့မှာကား
မလိုအပ်ဘဲလျက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလေ့
မရှိဘဲ အားကြီးသူက မြို့(ဘုရင့်နေပြည်တော်)ကို လချီအောင် ဝန်းရံ၍ လူသူလက်နက်ရိက္ခာ အစာ
ရေစာ ဖြတ်တောက်ပိတ်ဆို့ထားပြီး အလိုလို အညံ့ခံလာစေသည့် နည်းလမ်းပင်ဖြစ်သည်။
မြို့သိမ်းတိုက်ပွဲများ တိုက်ရိုက်ဆင်နွှဲခြင်းမှာ
အင်အားနည်းသည့် ခံမြို့များ၊ ရည်မှန်းချက်၏ လမ်းခရီးတလျောက်ခုခံသည့် စခန်းများကိုသာ
အချိန်တိုအတွင်း အပြတ်အသပ်နှိပ်နင်းလေ့ရှိပြီး
နောက်ဆုံး(အဓိက အရေးရှင် နေထိုင်ရာ) မြို့သိမ်း
တိုက်ပွဲများကိုမူ လူသူလက်နက်ရိက္ခာ ပွန်းတီး
ပျက်သုဉ်းခြင်းမှ ရှောင်လွှဲနိုင်ရန် ဝိုင်းဝန်း ပိတ်ဆို့
အငတ်ထားခြင်း နည်းလမ်းကို ကျင့်သုံးကြ၏။
ငတ်နေသူမှာ မည်သို့ စစ်တိုက်နိုင်မည်နည်း။
ထိုသို့ ပိတ်ဆို့သည်တွင် မြန်မာတို့မှာ ထိုမြို့ကို
ဝန်းပတ်ရံ၍ အုတ်မြို့တည်ဆောက် ပိတ်ဆို့ခြင်းပင်
ပြုလုပ်ကြလေသည်။ (ထိုသို့ ခံတပ်တည်ဆောက်၍
ဝန်းရံပိတ်ဆို့သည့် အဆင့်မျှမက အရေးရှင်၏ မြို့ကို အုတ်မြို့တည်ဆောက်ပြီး အကျအန ပိတ်ဆို့
ဖြတ်တောက်သည်မှာ ဒေသတွင်း၌ မြန်မာတို့သာ
ကျင့်သုံးသည့် ဓလေ့ဖြစ်သည်။ အခြား တိုင်းနိုင်ငံ
မှတ်တမ်းများ၌ ထိုသို့ တည်ဆောက်ဝန်းရံသည်
ယခုအထိ မတွေ့ရှိရသေးပေ။ အလောင်းမင်း
တရားကြီးသည် အဓိက အရေးရှင်၏ မြို့ဖြစ်သော
ဟံသာဝတီကို ဝန်းရံစဉ်ကလည်း ဟံသာဝတီကို
ပတ်ရံ၍ ဇေတုဝတီဟု သမုတ်သည့် မြို့တော်ကို
တည်ဆောက်စံမြန်းတော်မူသည်မှာ ဘုရင်နန်းစိုက်
ရာ အဓိကနန်းတော်ကဲ့သို့ အဆောင်အဆောင်
အခန်းခန်းဖြင့် အကျအနတည်ဆောက် ဝန်းရံခြင်း
ဖြစ်ပေသည်)
သို့ဝန်းရံပိတ်ဆို့ အညံ့ခံလာစေသော နည်းလမ်းကို
အသုံးပြုခြင်းဖြင့် အဆောက်အအုံများ၊ ဥစ္စာပစ္စည်း
များ ပျက်စီးဆုံးရှုံးမှုနည်းပါးပြီး၊ အကယ်၍ မြို့သက်
ကုန်စေလိုသည့်ဆန္ဒမရှိပါက မြို့ကို အကြီးစား ပြန်
လည်ထူထောင်ရန် မလိုအပ်တော့သည် ဖြစ်သလို၊
လူအသေအပျောက်လည်း နည်းပါးမည်ဖြစ်သည်။
အလောင်းမင်းတရားကြီးသည် ယိုးဒယားတို့၏
အယုဒ္ဓယမြို့ကို ထိုနည်းလမ်းအတိုင်း တိုက်ခိုက်
သိမ်းပိုက်ရန် ပြင်ဆင် ပြုလုပ်ခဲ့သည်။
တနင်္သာရီကြောင်းမှ ချီတက်၍ ရှိသမျှ ယိုးဒယား
နယ်တွင်း မြို့ရွာများ အလုံးကို သိမ်းကြုံး ယူငင်
ခဲ့၍ သိမ်းယူခဲ့သည့် ယိုးဒယားမြို့များမှ စစ်သည်
များ၊ လက်နက်ကိရိယာများ၊ ဝန်တင်လှည်းများ၊
ဆင်မြင်းများ၊ အခိုင်းအစေများ စသဖြင့် မူလ
လာရင်းအင်အားထက် သာလွန်များပြားလာသည့်
အင်အားဖြင့် သိမ်းပိုက်ချီတက် ဝန်းရံလာသည်
ဖြစ်သည်ကြောင့် ထိုကာလ (အယုဒ္ဓယ)ယိုးဒယား
ဘုရင် ပိုင်ဆိုင်သည်မှာ အယုဒ္ဓယမြို့သာလျှင် ယိုးဒယားသားတို့အပိုင်အဖြစ် ကျန်ရစ်တော့သည်
ဖြစ်လေသည်။
အယုဒ္ဓယကို ၂ လခန့် ဝန်းရံပိတ်ဆို့ထားစဉ်အတွင်း
ယိုးဒယားတို့က လက်အောက်ခံပါတော့မည်ဟု စေ
လွှတ်လျှောက်ထားပြီးနောက် ၁၀ ရက်ခန့် စောင့်
ဆိုင်းတော်မူနေစဉ် နာမကျန်းဖြစ်ရာက မိုးမကျမီ
ရွှေဘိုသို့ ပြန်ရန် အကြောင်းဖြစ်ပေါ်လာပေသည်။
ယိုးဒယားတို့မှာလည်း စိတ်ရင်းဖြင့် အညံ့ခံရန်
လာရောက်လျှောက်ထားခြင်း မဟုတ်ဘဲ မြန်မာတို့
အလျင်အမြန်ပြန်သွားစေရန်နှင့် မပြန်သေးပါက
လည်း မိုးကျသည်အထိ အချိန်ဆွဲထားရန်ဖြစ်၏။
ယိုးဒယားတို့ အယုဒ္ဓယမြို့အလုံး လက်တော်တွင်း
ရောက် ပိုင်ဆိုင်ခါနီးတွင်မှ ကျန်းမာရေးဆိုးရွား
ပြင်းထန်လာသည့်အတွက် တပ်ပြန်ဆုတ်ခဲ့ရသည်
ကို အလောင်းမင်းတရားကြီး၏ တပ်စဉ် တိတ်
တဆိတ် စနစ်တကျ ဆုတ်ခွါသွားသည်ကိုပင်
ချက်ချင်းမသိလိုက်သည့် ယိုးဒယားတို့က ၎င်းတို့
လက်ချက်ဖြင့် ဒဏ်ရာရ၍ အလောင်းမင်းတရား
ပြန်လည်ဆုတ်ခွါသွားရသည်ဟု ၎င်းတို့၏ ရာဇဝင်
များထဲ၌ ဝါကြွား ရေးသားကြ၏။
အလောင်းမင်းတရားကြီးသည် ဆုတ်ခွါခါနီး၌ ဖမ်းဆီးရမိထားသော ယိုဒယားအမတ် စစ်သူကြီး
များကိုပင် ၎င်းတို့အားသတ်ပစ်၍လည်း ယိုဒယား
တို့ မြို့ကို ယခုရမည်မဟုတ် ဟု ဆို၍ ပြန်လည် လွှတ်ပေးခဲ့ပြီး လာမည့်နှစ် မိုးကုန်ကာလ ပွင့်လင်း
ချိန် စစ်ပွဲရာသီ ကျမှသာလျှင် အယုဒ္ဓယကို အပြီး
တိုင်သိမ်းပိုက်တော့မည်ဟု ဆိုခဲ့ပေသည်။
ထိုမှ မုတ္တမကျေး ကင်းရွာ၌ အလောင်းမင်းတရား
ကံတော်ကုန်ခဲ့၏။ အလောင်းမင်းတရားအား
ရွှေဘိုအထိ ဆောင်ယူ၍ သဂြိုလ်ခဲ့ပေသည်။
(ယခု ကင်းရွာက အလောင်းမင်းတရား၏အုတ်ဂူ
ဟု ဆိုသည့် အဆောက်အအုံမှာ အလောင်းမင်း
တရား နတ်ရွာစံရာနေရာဖြစ်ပြီး ဝမ်းဗိုက်ကိုခွဲ၍
ပြဒါးသွပ်စဉ် ကလီစာများအား မြှုပ်နှံထားသည့်
အထိမ်းအမှတ်နေရာဖြစ်သည်ဟု လူကြီးသူမများ
တဆင့်စကား ပြောကြားခဲ့သည် ဖြစ်ပေသည်)
အလောင်းမင်းတရား သိမ်းပိုက်ခဲ့သည့် အနေ
အထားအရ သံလွင်မြင်အရှေ့ဘက်ဒေသများ
ဖြစ်သော ဇင်းမယ်(၅၇မြို့)(ယခု ထိုင်းအပိုင် ချင်းမိုင်)၊ လင်ဇင်း(ယခုလာအို)၊ ဇင်းမယ်နှင့်
အယုဒ္ဓယကြား(အယုဒ္ဓယမြို့ မြောက်ဘက် မျက်နှာ၌ တည်ရှိသည်ဟု ဆိုသည်)ဟု ယူဆရ
သော ကျော်ပုဂံနှင့် ထားဝယ်တနင်္သာရီ နှင့်ထိစပ်
လျက်ရှိသည့် ယိုးဒယားကျေး တို့မှာ မြန်မာနိုင်ငံ
တော်ပိုင်နက်အဖြစ်တည်ရှိနေပြီး၊ ကျိုင်းဟုန်းမှ
အစပြု၍(ယခု တရုတ်ပိုင် ယူနန်နယ်အတွင်း
ဒေသများဖြစ်သည်) ဟိုသာ၊ လာသာ၊ စန္ဒား အထိ မြန်မာပိုင်၊ ရခိုင်မြောက်ပိုင်းဒေသမှလွဲ၍ အာသံ မဏိပူရ ဒေသများအထိ မြန်မာနိုင်ငံတော် ပိုင်နက်
နယ်နိမိတ် ဖြစ်ပေသည်။
ခရီးမတ်တပ် လမ်းခုလတ်၌ ကံတော်ကုန်ခဲ့သည့်
အလောင်းဘုရားကြီးနောက် ခမည်းတော် မိန့်မှာ
ချက်အတိုင်း သားတော်အကြီးဆုံး နောင်တော်ကြီး
မင်း(စစ်ကိုင်းမြို့တည်မင်း)နန်းတက်လာသည်။
ယိုးဒယားကို ချီစဉ်က မြေဒူူးမင်းကိုသာ ခေါ်ဆောင်
သွားခဲ့ပြီး နောင်တော်ကြီးမင်းအား ရွှေဘိုနန်းတော်
၌ အစောင့်ထားခဲ့သည်ဖြစ်ရာ နောင်တော်ကြီးမင်း
၏ ယိုးဒယားနှင့် ပတ်သက်သည့် ခံစားချက်မှာ
လက်တွေ့တိုက်ခိုက်ခဲ့ပြီး ယိုးဒယားပြည်အလုံးကို
သိမ်းပိုက်၍ မြန်မာနိုင်ငံတော်ပိုင်နက်အဖြစ်
ရောက်ရှိလုခင်နီးနီး၌ ခံတွင်းသို့ဝင်အံ့ဆဲဆဲ
ထမင်းလုတ် ပြုတ်ကျ၏သည်သို့ ခံစားရသော
ညီတော်မြေဒူးမင်း၏ ခံစားချက်ကို သိမြင်ခံစား
နိုင်မည် မဟုတ်ပေ။ မြန်မာ့ပိုင်နက် ထားဝယ်နှင့်
တနင်္သာရီကို ထိပါးနှောင့်ယှက် ကျူးကျော်၍
အလောင်းမင်းတရားကြီးအား သွေးတိုးစမ်း
လာသည့် ယိုးဒယားဘုရင် အုဒုမ္ဗရနှင့် ယိုးဒယား
သား အပေါင်းတို့၏ ကံကြမ္မာနေ့ရက်တို့သည် နောင်တော်ကြီးမင်းလက်ထက် ၃ နှစ်နှင့်၆လခန့် သာတောင့်သာယာရှိခဲ့ပြီး ဇာတာစန်းလဂ် ရွှင်ပျ
ခဲ့သလို ဒေသအတွင်း၌လည်း ကုန်းဘောင်
အင်ပါယာ၏ အင်အားတောင့်တင်းသော ခေတ်မီ
စစ်တပ်ကြီး အယုဒ္ဓယမြို့ခြေရင်းက လှည့်ပြန်
သွားရသည်ဟူသည်ကို ဂုဏ်သတင်းအဖြစ်
ကျော်စောထင်ရှား ဖြန့်ချိနေမည်ဖြစ်ပေသည်။
အလောင်းမင်းတရားကြီး၏ သားတော်များထဲတွင်
နောင်တော်ကြီးနှင့် ဆင်ဖြူရှင်သာလျှင် စစ်ရေး
စစ်ရာ တိုင်းရေးပြည်မှု နားလည်ကျွမ်းကျင်သူများ
ဖြစ်ကြပြီး၊ ၎င်းတို့ စစ်တိုက်နေစဉ်ကာလတွင်
ကျန်သားတော်များဖြစ်သော အမြင့်မင်း၊ ဗဒုံမင်း၊
ပခန်းမင်း၊ ပင်းတလဲမင်းတို့မှာ ရွှေဘိုနန်းတော်
အတွင်း၌ ကလေးသူငယ်အရွယ် ဆော့ကစား
နေကြသည်သာဖြစ်ပေသည်။
ထိုအချိန်အထိ မြန်မာနိုင်ငံ၏ အနေအထားမှာ
ဗိုလ်တွန်နှင့် ဘထွေးတော် တောင်ငူစားတို့
ပုန်ကန်မှု၊ တောင်ငူမှ ကူမည်ဟုလာသူ မုတ္တမ၌
နောင်တော်ကြီးမင်းက အနေအစားမပျက် တာဝန်
ထမ်းဆောင်ထားစေသူ တလိုင်း/မွန် စစ်သူကြီး
ဒလပန်းနှင့်ဒေါစွယ်ယစက် တို့၏ ထကြွမှုများကို
နှိမ်နင်းရရုံသာ ရှိပေသည်။
နောင်တော်ကြီးမင်းသည်ကား မည်သူ့ကိုမျှ
မသတ်ခဲ့ဘဲ မရှုတ်မချထားခဲ့သည့် စိတ်ရင်းမှာ
အလွန်ပင်ချီးကျူးဖွယ်ကောင်း၏။
နောင်တော်ကြီးမင်းက မသတ်ဘဲထားခဲ့သူများ
ထဲက တလိုင်း/မွန်စစ်သူကြီးများသည် ဆင်ဖြူရှင် လက်ထက် ထပ်မံပုန်ကန်ရန် ကြံစည်သဖြင့် သေဒဏ်ပေး၍ သတ်ခဲ့ရလေသည်။
နောင်တော်ကြီးမင်းကား နန်းစံ ၃ နှစ် ၆လသာ
ရှိရာ တိုင်းရေးပြည်မှု၌ အလုံးစုံ စွမ်းဆောင်ခွင့်
မရခဲ့ပါချေ။ အလောင်းမင်းတရား လက်ထက်ကပင်
သိမ်းပိုက်ထားသည့် ဇင်းမယ် ၅၇ ခရိုင်၌ မငြိမ်
မသက်ဖြစ်နေသည်ကြောင့် ပြန်လည် သိမ်းသွင်း၍
တည်ငြိမ်စေရန် တပ်တော်များလွှတ်၍ လုပ်ဆောင်
နေဆဲကာလ၌ပင် နတ်ရွာစံခဲ့ပေသည်။
နောင်တော်ကြီးမင်း နတ်ရွာစံသည့်ကိစ္စနှင့်ပတ်
သက်၍ ညီတော်ဆင်ဖြူရှင်(မြေဒူးမင်း) က လုပ်ကြံ
သည်ဟု အချို့ ရေးသားချက်များမှာ အထောက်
အထား မခိုင်လုံပေ။
နောင်တော်ကြီးအား ဆင်ဖြူရှင်က နန်းတော်
အတွင်း ၎င်း၏ လူများကို ကိုယ်ရံတော်အဖြစ်
သွင်း၍ အခွင့်သာသည့် လသာည၌ သေနတ်ဖြင့်
ဆင်ဖြူရှင်ကိုယ်တိုင် ပစ်ခတ်လုပ်ကြံသည်ဟု
ဆိုကြ၏။ ထိုသည်ကြောင့် နန်းတော်အတွင်း
အုတ်အုတ်ကျက်ကျက်ဖြစ်သံများ အရပ်အထဲ
အထိ ကြားရသည်ဆို၏။ နန်းတော်ကလည်း
ဆင်ဖြူရှင်၏ လူများကို အမြောက်ဖြင့် ပြန်လည်
ပစ်ခတ်ရာ အမြောက်သံများ နန်းတော်ဘက်က
ကြားရသည်ဆို၏။ မည်သူက စတင် တီထွင်
လိုက်သည်မသိသော်လည်း အချို့က ထိုအတိုင်း
ပင်ရေးသားနေကြပေသည်။
နန်းတော်၌ အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်
သဲသဲ အသံကြားခြင်း၊ အမြောက်သံများ ပဲ့တင်ထပ်
ကြားရခြင်း စသည့် အဖြစ်အပျက်များမှာ နောင်
တော်ကြီး ကံမကုန်မီလပိုင်းအလိုက ဖြစ်ပျက်ခဲ့
သော အဖြစ်အပျက်ဖြစ်ပြီး၊ ထိုစဉ်ကာလ နောင်တော်ကြီးမင်း ကိုယ်တိုင် နောက်ပါ လူ ၁၀၀ ကျော်ဖြင့်မြင်းစီး၍ အသံထွက်ပေါ်ခြင်း အကြောင်း
အရင်းကို လှည့်လည် ကြည့်ရှုခဲ့ပေသေးသည်။
မည်သည်ကြောင့် ထိုအသံများ ထွက်ပေါ်သည်
မှန်း မည်သူမျှ မသိကြပေ။
ထိုသည်ကို နောင်တော်ကြီးမင်း နတ်ရွာစံမည့်
နိမိတ်အဖြစ် ရာဇဝင်၌ ဖော်ပြထားပေသည်။
ထိုကိစ္စသည် နယုန်လ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
နောင်တော်ကြီးမင်းသည် နတ်တော်လ၌ ကံကုန်
တော်မူခဲ့ခြင်းဖြစ်၏။ (ရှေးစာတို့၌ နောင်တော်ကြီး
မင်းသည် အသည်းရောဂါကြောင့် ကံကုန်ရသည်ဟု
ရေးသားခဲ့ချက်များလည်း ရှိပေသည်)
သို့ဖြစ်ရာ နောင်တော်ကြီးမင်းအား ညီတော်
ဆင်ဖြုရှင်က အာဏာလိုချင်သည်ကြောင့် သေနတ်
ဖြင့် ကိုယ်တိုင် ပစ်ခတ်လုပ်ကြံ၍ ထီးနန်းကို အဓမ္မ
သိမ်းပိုက်သည် ဟူသည်မှာ လုပ်ကြံတီထွင်
ရေးသားချက်သာ ဖြစ်ပြီး အထောက်အထား
မခိုင်လုံ ယုတ္တိမရှိဖြစ်သည်သာ ဖြစ်၏။
မြန်မာမင်းကောင်းမင်းမြတ် အစွမ်းအစထွန်းပြောင်
သည့် ဘုရင်များမှာ မလိုသူတို့၏ ပုတ်ခတ်ခြင်းကို
အစဉ်အမြဲခံရသည်သာဖြစ်ပြီး မြန်မာရာဇဝင်တွင်
မှတ်တမ်းတင်ထားသမျှ မည်သည့်မင်းကောင်း
မင်းမြတ်များမဆို ၎င်းတို့၏ ပုတ်ခတ်မှုမှ
လွတ်ကင်းရရှာသည်ဟူ၍ မရှိပေ။
အလောင်းမင်းတရားအား မွန်သံအဖွဲ့ကို
သတ်သူ၊ စည်းကမ်းဖောက်ဖျက်သူ၊ အထင်ကြီး
စရာမရှိသူဟု လည်းကောင်း။
ဆင်ဖြူရှင်အား နောင်တော်ကို လုပ်ကြံ၍
အာဏာငမ်းဖမ်းသူဟု လည်းကောင်း။
ဘိုးတော်ဘုရားအား ဘုရားသူခိုး၊အဓမ္မအလုပ်ကြမ်းခိုင်းစေသူဟု လည်းကောင်း။
သာယာဝတီမင်းအား (အကြောင်းအရင်းကို သေချာ
ဂနစွာမသိဘဲ) ရူး၍ သေရသူ ရူးနှမ်းနေသူဟု
လည်းကောင်း အမျိုးမျိုး ပုတ်ခတ်ကြ၏။
နောင်တော်ကြီးမင်းလက်ထက် စာချုပ်အချို့
ချုပ်ဆိုရန် ထိုအချိန်၌ အိန္ဒိယ တစ်ခုလုံးကို
သိမ်းပိုက်ပြီးဖြစ်သော အင်္ဂလိပ်တို့၏ အရှေ့အိန္ဒိယ
ကုမ္ပဏီမှ ကပ္ပတိန် အဲလ်ဗက်စ် ရောက်ရှိလာ
ခဲ့သေးသည်။ နောင်တော်ကြီးမင်းသည်လည်း
အလောင်းဘုရားကဲ့သို့ အင်္ဂလိပ်တို့အား မယုံ
ကြည်သူဖြစ်ရာ အဆင်ပြေလှသည် မဟုတ်ပေ။
အလောင်းဘုရားလက်ထက်က အင်္ဂလိပ်တို့က
တလိုင်း(ယခုအမည် မွန်) တို့အား အကူအညီ
ပေးခဲ့သည့်ကိစ္စ နောင်တော်ကြီးမင်းက မေးမြန်း
ခဲ့သလို အဲလ်ဗက်စ်ကလည်း ဒတ်ချ်၊ ပြင်သစ်
တို့နှင့် မဆက်ဆံဘဲ အင်္ဂလိပ်နှင့်သာ ဆက်ဆံရန်
တိုက်တွန်းခဲ့ပြီး အကောက်ခွန်မဲ့ ကုန်သွယ်လိုမှု
အကြောင်း တင်ပြ၍ စာချုပ်ချုပ်ဆိုရန် ပြုလုပ်
ခဲ့သည်ဟု ဆို၏။ ထိုကုန်သွယ်မှုကို နောင်တော်
ကြီးမင်းက လက်ခံခဲ့သော်လည်း ကုန်သွယ်မှုမှာ
ခဏတာသာဖြစ်ခဲ့သည် ဆိုပေသည်။
အင်္ဂလိပ်တို့သည် ထိုစဉ်ကတည်းက ဒတ်ချ်နှင့်
ပြင်သစ်တို့ ထံမှ ပင်လယ်ရေကြောင်းဖြင့် မြန်မာ
တို့အား ကုန်သွယ်၍ လက်နက်ပစ္စည်းများ
ထောက်ပံ့ရောင်းချမည်ကို အလွန်အမင်း စိုးရိမ်
ပူပန်လျက်ရှိ၏။ ထိုအချိန်ကာလ မြန်မာနိုင်ငံအား
စစ်ပြုရန်မှာ အခွင့်မသာသေးသလို မြန်မာတို့က
လည်း အင်္ဂလိပ်တို့နှင့်အပြိုင် ဒေသတွင်း၌ အင်အား
ကြီးနေသည်ဖြစ်ရာ ကုန်းဘောင်အင်ပါယာ
ထူထောင်ပြီးခါစ မြန်မာနိုင်ငံကို လောဘကြီးသည့်
မဟာရာဂျာများအား နည်းလမ်းမျိုးစုံ ဖျားယောင်း
သိမ်းသွင်း၍ အပြင်းအထန် မတိုက်ခိုက်ရပါဘဲ
အိန္ဒိယ တခုလုံးကို ကျွန်ပြုသကဲ့သို့အခြေအနေ
လည်း မပေးပါသေးချေ။
အထူးသဖြင့် မြန်မာတို့သည် အင်္ဂလိပ်တို့အား
အယုံအကြည်ကင်းမဲ့လျက် ရှိသည်ကို အင်္ဂလိပ်
တို့ သဘောပေါက်နေသည်သာ ဖြစ်ပေသည်။
…………………………………………………………။
ပုံစာ -
ကုန်းဘောင်အင်ပါယာ
မြန်မာနိုင်ငံတော်၏ ပထမဦးဆုံးပိုင်ရှင်
အရှင်သခင် အလောင်းဘုရား
ထာဝရလဲလျောင်းရာ။
(ရွှေဘိုမြို့)

No comments:

Post a Comment