Thursday, September 26, 2019

"ပထမျမန္မာႏိုင္ငံေတာ္စစ္တမ္း"
(ရာဇဝင္ သုေတသန)
………………………………………………………။

လက္ရွိျမန္မာႏိုင္ငံ၏ေဒသ ျဖစ္တဲ႔ တေကာင္း
အရပ္ဆီသို့ မစ်ၨိမေဒသက(ကုလားျပည္မဟုတ္) ကပိလဝတ္မင္း အဘိရာဇာဟာ ပဥၥာလရာဇ္မင္းကို စစ္ရံႈးလို့ေရာက္လာျပီးမွ ကပိလဝတ္က (ျမတ္စြာ
ဘုရား ေမြးရပ္ေျမက) သာကီယေတြနဲ႔ ေဒသခံ
ပ်ဴ ေတြ ေသြးေႏွာျပီး ျမန္မာျဖစ္လာတယ္။
ဒါက ျမန္မာရာဇဝင္ရဲ႕ အစ။ ပ်ဴ -သာကီယ။
BC ၆ ရာစု ေရွ႕ပိုင္းကာလ။

တေကာင္းမွာ သာကီယေတြ တိုင္းျပည္လာ
ထူေထာင္ျခင္းကေန ေနာင္မွာ ျမန္မာဆိုတဲ႔
အမည္နဲ႔ လူမ်ိဳးတစ္မ်ိဳး ျဖစ္ေပၚလာဖို့ရာ
အစျပဳျခင္းျဖစ္တယ္ေပါ့။
ဒါေၾကာင့္ ျမန္မာအစ တေကာင္းက လို့ ဆိုစမွတ္
ထားရစ္ခဲ႔ျခင္းျဖစ္ပါတယ္။
ဘယ္ သာကီယ ဘယ္ ေဒသခံပ်ဴေတြကမွ
ေနာင္မွာ ငါတို့မ်ိဳးဆက္ဟာ ျမန္မာဆိုတဲ႔ အမည္
ျဖစ္လာပါေစဆိုျပီး သံဝါသျပဳခဲ႔မယ္ မဟုတ္ပါ။
ဒီလိုပဲ နီးစပ္ရာ ယူၾက၊ မ်ိဳးဆက္ေတြ ပ်ံ႕ပြားၾက။
ေရာက္ခါစေတာ့ သာကီယေတြနဲ႔ ေဒသခံပ်ဴ
ေတြနဲ႔ အကုန္လံုး ခ်က္ခ်င္းႀကီး ေသြးခ်င္းျဖစ္ကုန္
ျပီး အမ်ိဳးအေဆြေတြ ခ်က္ခ်င္းျဖစ္ကုန္ၾကတယ္လို့ ယူလို့ေတာ့ဘယ္ရမလဲ။
ႏွစ္ပရိေစၧဒ ၾကာေညာင္းလာေတာ့ ေသြးေႏွာ
တာေတြ မ်ားလာမယ္။ ရုပ္အဆင္း တူမ်ွသူေတြ
(ေနဝါရီေတြ ၾကည့္ၾကည့္) ျဖစ္တာေၾကာင့္
သာကီယနဲ႔ပ်ဴ  ေသြးေႏွာတယ္လို့ေတာင္
ဆိုႏိုင္ဖြယ္ မျမင္ေလာက္ဘူး။
အဘိရာဇာကေန မင္းဆက္ ၃၃ ဆက္ရွိတယ္
ဆိုေတာ့ တစ္မင္းကို ပ်မ္းမ်ွ ၁၀ ႏွစ္ႏႈန္းတြက္ရင္
သက်သာကီယ အဘိရာဇာမင္းဆက္ဟာ
တေကာင္းမွာ ႏွစ္ေပါင္း ၃၃၀ ေလာက္ ၾကာေအာင္
ျမဲခိုင္ခဲ႔တယ္ေပါ့။ အဲဒီကာလကို တေကာင္းေခတ္
လို့ သတ္မွတ္ရမွာပဲ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္ဟာ
အခုေလာက္ အက်ယ္ႀကီး မဟုတ္ေလာက္ပါဘူး။
ေရွ႕မွာလည္း ကံရာဇာႀကီးဟာ ကစၧပနဒီျမစ္ညွာ၊
(ျမစ္ညွာအစစ္ဆိုရင္ေတာ့ မီဇိုရမ္ျပည္နယ္ထဲက
ကသည္းေတြေနတဲ႔ အရပ္ ေရာက္ေနပါျပီ)
ျပီးမွတဖန္ ဓညဝတီမွာ မင္းလုပ္ျပီး ေနျပန္တယ္
ဆိုေတာ့။ ကုလားတန္ျမစ္ေခၚ ကစၧပနဒီျမစ္ရဲ႕ တကယ့္အညွာဆိုရင္ လက္ရွိအေခၚ မီဇိုရမ္၊
လက္ရွိျမန္မာႏိုင္ငံအတြင္းေလာက္ကို ျမစ္ညွာ
ေခၚတယ္ဆိုရင္ ရခိုင္နဲ႔ခ်င္းျပည္နယ္ အစပ္ေဒသ
တစ္ဝိုက္နဲ႔ ရခိုင္ေျမာင္ပိုင္းဘက္မွာလည္း သီးျခား တေကာင္း မင္းဆက္ရွိေနျပီး ေဒသခံေတြနဲ႔ အဲဒီ
သာကီယေတြနဲ႔ ေသြးေႏွာကုန္ၾကမွာ အေသအခ်ာ
ပါပဲ။ ကံရာဇာႀကီး ကစၧပနဒီျမစ္ညွာ ဆန္ေတာ့
သုနာပရႏၲ အရပ္က ပ်ဴ  ကမ္းယံ သက္တို့က
မင္းလ်ာေတာင္းေသာေၾကာင့္ ဆိုေတာ့ တေကာင္း
ဟာ အေတာ္နာမည္ႀကီးလို့ ျဖစ္မွာပါပဲ။
အဲဒီမွာ သားေတာ္ မုဒုစိတၱကို မင္းလ်ာေပးခဲ႔ေတာ့
ဧရာဝတီ အေနာက္ျခမ္းက ေဒသခံ ပ်ဴ  ကမ္းယံ
သက္ ေတြနဲ႔လည္း သာကီယ ေတြဟာ အမ်ိဳးေတြ
ျဖစ္ကုန္ေပတာေပါ့။ စစ္ကိုင္းတို့ မေကြးတို့က။
အဲ႔ေတာ့ ကမ္းယံတို့ သက္တို့ ဟာလည္း ပ်ဴ  ေတြနဲ႔
အတူတူ သုနာပရႏၲတိုင္း ဆိုတဲ႔ ယခုအေခၚ
စစ္ကိုင္း မေကြးေဒသႀကီးရဲ႕ နယ္ပယ္ရပ္ဝန္းမွာ
လည္း ေနထိုင္ၾကတယ္ ဆိုရမွာပါ။

ကံရာဇာႀကီး ကစၧပနဒီေခၚ ကုလားတန္ျမစ္ညွာကို
သြားတဲ႔ လမ္းေၾကာင္းက တေကာင္းကေန ဧရာဝတီကို စုန္ဆင္းျပီး သလႅာဝတီေခၚ
ခ်င္းတြင္းျမစ္ကို ဆန္တက္တာပါ။
ခ်င္းတြင္းကို ဆန္တက္သြားေတာ့ ကေလးေက်း
ေတာင္ညိဳမွာ ဗိုလ္ဝင္ခံ၊ ျပီးမွ ခ်င္းတြင္းျမစ္ကို
ဆက္ ဆန္တက္ျပီး ကစၧပနဒီျမစ္ညွာကို သြားတာ
ဆိုေတာ့ ေဖာင္းျပင္နဲ႔ ဟုမၼလင္းၾကားတစ္ေနရာရာ
ကေန ယခုအေခၚ (အိႏၵိယပိုင္ ယခင္ ျမန္မာပိုင္)
မဏိပူရျပည္နယ္ မီဇိုရမ္ေဒသထဲက ကစၧပနဒီေခၚ
ကုလားတန္ျမစ္ညွာ ေဒသကို ထြက္ခြါသြားပံုပါ။
အဲဒါမွ ကစၧပနဒီျမစ္ညွာအရပ္နဲ႔လည္း ကိုက္သလို
သလႅာဝတီေခၚ ခ်င္းတြင္းျမစ္ကို ဆန္တက္တာနဲ႔
လည္း ညီညြတ္မွာျဖစ္ပါတယ္။
ေနာက္မွ ကံရာဇာႀကီးဟာ ကစၧပနဒီျမစ္အတိုင္း
စုန္ဆင္းလာျပီး ဓညဝတီမွာ မာရယုမင္းတည္ခဲ႔တဲ႔
ျမိဳ႕ေဟာင္းကို ျမိဳ႕သစ္တည္ျပီး မင္းျပဳတာျဖစ္
ပါတယ္။
တကယ္လို့ ကစၧပနဒီျမစ္ညွာကို ယခုေျမပံုအရ
ကုလားတန္ျမစ္ျဖတ္သန္းရာ ရခိုင္ျပည္နယ္နဲ႔
ခ်င္းျပည္နယ္ အစပ္ကိုသာ အခ်ိဳ႕က ရည္ညႊန္း
သလို ယူမယ္ဆိုရင္ ကံရာဇာႀကီးဟာ ခ်င္းတြင္းျမစ္
ကို ဆန္တက္စရာမလိုပါဘူး။ အမ္းလမ္း၊ ေတာင္
ကုတ္လမ္း ေတြက သြားလို့ရေနတာပါ။
ရာဇဝင္မွတ္တမ္းအရ ကစၧပနဒီျမစ္ညွာလည္း
ျဖစ္တယ္၊ ခ်င္းတြင္းျမစ္ကို ဆန္တက္တာလည္း
့ျဖစ္တယ္ဆိုရင္ ကစၧပနဒီျမစ္ညွာ အစစ္ျဖစ္တဲ႔
မီဇိုရမ္နယ္ထဲ ေရာက္သြားတာသာ ျဖစ္ဖို့ရာပါ။
အဲဒီ အေထာက္အထားအရ ကသည္းေတြနဲ႔
သာကီယေတြ ေသြးေႏွာခ်င္လည္း ေႏွာလိမ့္
ဦးမွာ ျဖစ္ပါတယ္။
အဲဒီကမွ အေၾကာင္းေၾကာင္းေၾကာင့္ ျမိဳ႕ပ်က္
သြားတဲ႔ ဓညဝတီျမိဳ႕ေဟာင္းဆီလာျပီး အသစ္
တည္လုပ္မင္းျပဳတာ ေနာင္အစဥ္ျဖစ္ပါတယ္။
ဒီေတာ့ လက္ရွိအေခၚ ရခိုင္ျပည္နယ္သားေတြ
လည္း သက်သာကီ ေသြးေတြ စီးဆင္းေနတဲ႔
တေကာင္းမင္းဆက္ အဘိရာဇာရဲ႕သား
ကံရာဇာႀကီး မ်ိဳးဆက္ေတြပဲေပါ့။
အဲဒီေဒသသားေတြကို ပ်ဴ  မေခၚဘဲ၊ ကမ္းယံ လို့
ေခၚတာေၾကာင့္ ကမ္းယံ - သာကီယေတြလို့ပဲ
ဆိုရမွာ ျဖစ္ပါတယ္။ အဲဒီ ကမ္းယံေတြဟာ
ပ်ဴ ေတြနဲ႔ လူမ်ိဳးတူေတြပဲျဖစ္ျပီး ေဒသိယ
အမည္ေၾကာင့္ ကမ္းယံ အေခၚခံေနရတာ
လည္း ျဖစ္ႏိုင္ပါတယ္။
ေသြးမေရာဘဲေနတဲ႔ သူေတြလည္း ရွိေကာင္း
ရွိခဲ႔မွာ ျဖစ္ေပမယ့္ ေနာင္ႏွစ္ေပါင္း ၾကာလာတဲ႔
အခါ ငါးမူး တစ္မတ္ ေရာရင္းက သာကီယေတြနဲ႔
အမ်ိဳးေတြ ျဖစ္ကုန္မွာ အေသအခ်ာပဲေပါ့။

တေကာင္းဘက္ကို ျပန္ၾကည့္မယ္ဆိုရင္
အဘိရာဇာကေန ၃၃ ဆက္ေျမာက္မင္း
ဘိႏၷကရာဇာ လက္ထက္မွာ ဂႏၶာလရာဇ္တိုင္း စိန့္ျပည္က တရုတ္တရက္ ေႏွာက္ယွက္လို့ တေကာင္းျပည္ႀကီး ပ်က္စီးသြားတယ္ဆိုတယ္။
အဲဒီလိုပ်က္ေတာ့ ဘိႏၷကရာဇာဟာ ဧရာဝတီျမစ္
အေနာက္ဘက္ကိုကူးျပီး တေကာင္းေအာက္ဘက္
မလည္ မွာဝင္ခိုေနပါတယ္။
အဲဒီမွာ ဘိႏၷကရာဇာ ကံေတာ္ကုန္ေတာ့
အုပ္စုသံုးစု ကြဲသြားပါတယ္။
တစ္စုက ရွမ္းျပည္ဘက္တက္သြားျပီးေတာ့
ရွမ္းေတြကို တစ္ဆယ့္ကိုးခရိုင္ ခြဲအုပ္ခ်ုပ္ျပီးေန
တယ္။ မလည္ကေန အေရွ့ဘက္ ရွမ္းျပည္ဆိုေတာ့
အခု လက္ရွိ ရွမ္းျပည္နယ္ေပါ့။
အဲဒီေတာ့ သက်သာကီဝင္ တေကာင္းမင္းမ်ိဳး
ေတြနဲ႔ ရွမ္းေတြ ေသြးေႏွာၾကဦးမွာေပါ့။
အဲဒီေတာ့ ယခု လက္ရွိရွမ္းျပည္နယ္က ရွမ္းေတြ
ဟာလည္း သက်သာကီေသြး ဘယ္ႏွျပားဖိုးပဲ
ပါပါ သာကီမ်ိဳးလို့ ေျပာလို့ရတဲ႔ အမ်ိဳးေတြပါပဲ။
အဲဒီ ရွမ္းျပည္ဘက္တက္ျပီး ရွမ္းေတြကို မင္းလုပ္
အုပ္ခ်ဳပ္တဲ႔ အဆက္ကို ဘိႏၷကမင္းမ်ိဳး
အဆက္လို့ေခၚပါတယ္။
တစ္စုကေတာ့ ကံရာဇာႀကီးသား မုဒုစိတၱရဲဲ႕
မ်ိဳးဆက္ရွိရာ ထဲဝင္တယ္ဆိုပါတယ္။
စစ္ကိုင္း မေကြး ေဒသႀကီးနယ္ပယ္ တဝိုက္က
ပ်ဴ  ကမ္းယံ သက္ ေတြနဲ႔ အတူတူ။
တစ္စုကေတာ့ ဘိႏၷကမင္းႀကီး မိဖုရားနာဂဆိန္နဲ႔
အတူတူ မလည္မွာပဲ အေျခစိုက္လိုက္ေတာ့တယ္။
အဲဒီအခ်ိန္ေရာက္ေတာ့ မစၨ်ိမေဒသမွာ(ကုလားျပည္
မဟုတ္) ေဆြေတာ္မ်ိဳးေတာ္ျဖစ္တဲ႔ ျမတ္စြာဘုရား
ပြင့္ျပီးျပီ ျဖစ္လို့ ဝိဋဋဴပ လက္ထက္ျဖစ္ပါတယ္။
ဝိဋဋဴပဟာ သာကီဝင္မင္းေတြကို ျမတ္စြာဘုရား
၃ ႀကိမ္တားေသာ္လည္း ၄ ႀကိမ္ေျမာက္မွာ ျမတ္စြာ
ဘုရား မတားေတာ့တာေၾကာင့္ စစ္ျပဳတာမွာ
သာကီဝင္ေတြစစ္ရံႈးျပီး သာကီဝင္မင္း ဓဇရာဇာ
ဟာ မလည္ေရာက္လာျပီးေတာ့ မလည္မွာ
ဘိႏၷကရာဇာရဲ႕ မိဖုရား နာဂဆိန္နဲ႔ေတြ႔ျပီး စံုဖက္
ၾကပါတယ္။ ပ်ဴ -သာကီယနဲ႔ သာကီယ တို့
ထပ္မံ ေသြးသားရင္းခ်ာ ျဖစ္ၾကျပန္တာပါ။
အဲဒီကမွ တေကာင္းျပည္ကို ပဥၥာတေကာင္းအျဖစ္
ျပန္လည္ ထူေထာင္ျပီး ဒုတိယတေကာင္း
သတိုးမင္းဆက္ကို စတင္ ထူေထာင္ေတာ့တာ
ျဖစ္ပါတယ္။
အဲဒီကမွ ဒုတိယ တေကာင္းကို ဓဇရာဇာက စတဲ႔
သတိုးမင္းဆက္ ၁၇ ဆက္ အုပ္စိုးပါတယ္။
၁၇ ဆက္ေျမာက္ သတိုးမဟာရာဇာမင္း
လက္ထက္မွာ သားမရွိလို့ ေယာက္ဖကို အိမ္ေရွ႕
အပ္ႏွင္းပါတယ္။
အဲဒီအခ်ိန္မွာ သုနာပရႏၲမွာ နန္းစံေနတဲ႔
ကံရာဇာႀကီးသား မုဒုစိတၱမင္းဆက္ကို ဓညဝတီက
ကံရာဇာႀကီး မင္းဆက္ကပဲ လာေရာက္
တိုက္ခိုက္ျပီး ဓညဝတီကို ေဆာင္ယူသြားပါတယ္။
အမ်ိဳးရင္း အခ်င္းခ်င္းျဖစ္တာနဲ႔ မဆိုင္ဘူး။
မတည့္ရင္ေတာ့ စစ္ပြဲနဲ႔ ဆံုးျဖတ္ၾကတဲ႔ ေခတ္ကိုး။
အဲဒီကာလ သုနာပရႏၲဘယ္အရပ္မွာ ကံရာဇာႀကီး
သား မုဒုစိတၱမင္းဆက္ေတြ ထီးနန္းစိုက္တယ္လို့
ရာဇဝင္ေတြမွာ မပါပါဘူး။
အဲဒီလို ဓညဝတီက လာတိုက္ေတာ့ သုနာပရႏၲ
မင္းဆက္ရဲ႕ ေနာက္ဆံုးမင္းရဲ႕ မိဖုရားဟာ
သက်အင္း အရပ္ကိုထြက္ေျပးျပီး ေနရတယ္။
အနည္က နန္းခမ္းတဲ႔။ နန္းဆိုတာ ပ်ဴ -သာကီယ
ေတြ ေရွးကေပးတဲ႔ အမည္။
စစ္ကိုင္း မေကြး ေဒသႀကီးဘက္ကေန ျပည္ဘက္ကို ေျပးလာရတာပါ။
အဲဒီ အခ်ိန္ဟာ သာသနာႏွစ္ ၄၀ ျဖစ္သြားပါျပီ။
BC 504 ခုပါ။

ဆိုေတာ့ တေကာင္းဟာ BC ေခတ္ကတည္းက
ဆိုတာ အေသအခ်ာပဲေပါ့။  BC 504 မွာက
ဒုတိယတေကာင္း ေခတ္ ကုန္ခါနီးျဖစ္ေနပါျပီ။
ဒုတိယ တေကာင္းဟာ အနည္းဆံုး
ႏွစ္ေပါင္း ၈၀ ေလာက္ ခိုင္ခံ႔ခဲ႔မယ္ေပါ့။
အဲဒီႏွစ္မွာ ဒုတိယတေကာင္း သတိုးမင္းဆက္ရဲ႕
ေနာက္ဆံုးမင္း သတိုးမဟာရာဇာမင္းရဲ႕ ေယာက္ဖ အိမ္ေရွ႕မင္းဟာ ေသာင္းက်န္းေနတဲ႔ ေတာဝက္ႀကီး
ကို လိုက္ရင္းက တေကာင္းကေန ျပည္အထိ
ေရာက္လာခဲ႔ပါတယ္။ အဲဒီမွာ ေတာဝက္ႀကီးကို
သတ္ျပီး ရေသ့ဝတ္ေနလိုက္ေတာ့တယ္။
အဲဒီမွာ ေဘဒါရီ ေမြးတယ္။
တေကာင္းမင္းေယာက္ဖ ဝက္လိုက္တဲ႔ ႏွစ္မွာပဲ
စူဠသမ႓ဝနဲ႔ မဟာသမ႓ဝကို ေမြးတယ္။
သာသနာသကၠရာဇ္ ၅၉ (BC 485) မွာ အဲဒီ စူဠသမ႓ဝနဲ႔ မဟာသမ႓ဝ မ်က္မျမင္ ၂ေယာက္ကို ေရေမ်ွာတယ္။ အသက္ ၁၉ ႏွစ္။
မ်က္စိျမင္ျပီး မဟာသမ႓ဝနဲ႔ ေဘဒါရီကို လက္ထပ္
ေပးတာက သာသနာႏွစ္ ၆၀(BC 484)မွာ။
လက္ထပ္ခ်ိန္မွာ မဟာသမ႓ဝက မင္းမျဖစ္ေသးဘူး။
ေရွ႕က ဓညဝတီကို ေခၚေဆာင္ခံရတဲ႔ မင္းရဲ႕
မိဖုရားက သက်အင္း(သက်မိဖုရား နန္းခမ္းလာေန
သည္မွ တြင္သည့္အမည္)အရပ္မွာ မိဖုရားမင္းျပဳ
ေနတာပါ။ တိုင္းျပည္တည္ေထာင္ျပီး ဘုရင္မလုပ္
ေနတယ္ ဆိုပါေတာ့။ သူနဲ႔ အဲဒီအရပ္က လူေတြ
ဟာ တေကာင္းမင္း ေယာက္ဖ ရေသ့ကို ရိုေသ
ကိုးကြယ္ၾကျပီး အဲဒီျပည္ကို ရေသ့ျပည္ ေခၚတယ္ ဆိုပါတယ္။ အဲဒီ ရေသ့ျပည္ကေန ေရွ႕က ရေသ့
ေပ်ာက္ျပီး "ျပည္" လို့ ျဖစ္လာတယ္လို့ ဆိုၾက
တာလည္း ရွိပါတယ္။ အဲဒါက ျပည္ အမည္တြင္
ေၾကာင္း ရာဇဝင္လာ အေထာက္အထားပါ။

အဲဒီအခ်ိန္အထိ သေရေခတၱရာ ေနရာမွာ ျမိဳ႕မတည္ရေသးပါဘူး။
မဟာသမ႓ဝလက္ထပ္ျပီးေတာ့ မိဖုရား(ဘုရင္မ)
နန္းခမ္းဟာ ရေသ့ျပည္ကို မဟာသမ႓ဝကို
လႊဲအပ္ျပီး မင္းျပဳေစလိုက္ပါတယ္။
မဟာသမ႓ဝ ကံေတာ္ကုန္ေတာ့ ညီျဖစ္တဲ႔ စူဠသမ႓ဝ
က ရေသ့ျပည္ကို ဆက္လက္ အုပ္ခ်ဳပ္မင္းျပဳ
ျပီးတဲ႔ေနာက္မွာ သာသနာႏွစ္ဟာ ၁၀၁ ႏွစ္။
BC 443 ကို ေရာက္လာခဲ႔ပါျပီ။
အဲဒီႏွစ္မွာ ဒြတၱေဘာင္ ဟာ ရေသ့ျမိဳ႕ကို
စြန့္လႊတ္ျပီး ျမိဳ႕သစ္တည္ပါတယ္။
သာသနာ ၁၀၁ ႏွစ္၊ BC 443 မွာ ဒြတၱေဘာင္ဟာ
သေရေခတၱရာျမိဳ႕ကို စတင္တည္ေထာင္ျပီး
တေကာင္းမ်ဳိး သေရေခတၱရာ မင္းဆက္ကို စတင္
ပါတယ္။ ဒါက သေရေခတၱရာေခတ္ ရဲ႕ အစ။

ျမတ္စြာဘုရားလက္ထက္ေတာ္က
ဝိဋဋဴပေဘးေၾကာင့္ ထြက္ေျပးလာရတဲ႔ သာကီဝင္
မင္း ဓဇရာဇာ မလည္ကိုေရာက္လာခ်ိန္ကစျပီး
ဗုဒၶသာသနာ့ႏြယ္ဝင္ေတြ ျဖစ္ေနခဲ႔ျပီျဖစ္တဲ႔
ပ်ဴ  -သာကီယ ေတြဟာ သေရေခတၱရာမွာ ျမိဳ႕သစ္
တည္ျပီး မင္းဆက္ထူေထာင္ေတာ့ ဒြတၱေဘာင္မင္း
ဟာ ဘုရား ၁၁ ဆူ တည္ခဲ႔ပါတယ္။ ရဟႏၲာေတြလည္းရွိခဲ႔ပါတယ္။
ဒြတၱေဘာင္ နန္းတက္ေတာ့ သက္ေတာ္ ၃၅ ႏွစ္။ စည္းစိမ္ ၇၅ ႏွစ္။
ဒြတၱေဘာင္နန္းတက္ႏွစ္ဟာ ေဝသာလီမွာ
(ဝဇၨီတိုင္း= ယခု အိႏၵိယအပိုင္ အာသံျပည္နယ္)
ကာလာေသာကမင္း အေထာက္အပံ႔နဲ႔ ရွင္မဟာ
ယႆကို အမွဴးျပဳျပီး ရဟႏၲာ ၇၀၀ နဲ႔ ဒုတိယ
သဂၤါယနာတင္ျပီး ေနာက္တစ္ႏွစ္ ျဖစ္ပါတယ္။
ဒြတၱေဘာင္ကေန ၂၂ ဆက္ေျမာက္မင္းျဖစ္တဲ႔
သုမုႏၵရီမင္းလက္ထက္မွာ သကၠရာဇ္ ၆၂၄ ခုကို
အၾကြင္း ၂ ခု ထားျပီး သကၠရာဇ္ျဖိဳပါတယ္။
သကၠရာဇ္ျဖိဳကိန္းေရာက္ပါလ်က္ မျဖိဳရင္
တိုင္းျပည္ဒုကၡေရာက္တတ္တာေၾကာင့္ သုမုႏၵရီ
မင္းဟာ အသက္နဲ႔ရင္းျပီး သကၠရာဇ္ ျဖိဳရတာပါ။
ျဖိဳကိန္းႀကံဳပါလ်က္ သကၠရာဇ္မျဖိဳရင္ တိုင္းျပည္
ဒုကၡေရာက္မယ္၊ ဘုရင္ မေသဘူး။
ျဖိဳရင္ ဘုရင္ေသမယ္၊ တိုင္းျပည္ဒုကၡမေရာက္ဘူး။
ဘုရင္ဟာ မိမိအသက္နဲ႔ တိုင္းျပည္ တစ္ခုခု
ေရြးရမွာျဖစ္ပါတယ္။
သုမုႏၵရီမင္းဟာ တိုင္းျပည္ကို ေရြးခ်ယ္လိုက္တာ
ေၾကာင့္ သကၠရာဇ္ျဖိဳတဲ႔ႏွစ္မွာပဲ ကံကုန္ပါတယ္။
အမူအက်င့္ မေကာင္းဘူးလို့ ရာဇဝင္မွတ္တမ္း
ထားရစ္ခဲ႔ေပမယ့္ တိုင္းျပည္မ်က္ႏွာ ေထာက္ထား
ခဲ႔တဲ႔ မင္းလို့ ဆိုရမွာပါ။
အဲဒီ သကၠရာဇ္ျဖိဳတဲ႔ကာလဟာ သာသနာႏွစ္
၆၂၄ ခု၊ AD 80 ျဖစ္ပါတယ္။
အဲဒီ AD 80 ဟာ ဖုနန္လို့ ေခၚတဲ႔ ကမ္ဘူးဂ်ားမွာ
နဂါးဘုရင္ရဲ႕သမီး ေသာမနဲ႔ညားတဲ႔ အိႏၵိယက
ထြက္ေျပးလာရတဲ႔ စစ္ေျပးအုပ္စုထဲက ေကာဒညၤ
ဘုရင္စလုပ္ခ်ိန္ပါ။ ကေမ႓ာဒီးယား ရာဇဝင္ဟာ
အဲဒီ ကာလမွ စတင္တာ ျဖစ္ပါတယ္။
ကေမ႓ာဒီးယား ရာဇဝင္စတင္ေတာ့ ျမန္မာႏိုင္ငံ
မွာက သေရေခတၱရာ ပ်က္ခါနီးေနပါျပီ။
သာသနာႏွစ္ ၆၂၄ ခု၊ AD 80 မွာ သုမုႏၵရီမင္း
ျဖိဳၾကြင္းခဲ႔တာကေနစျပီး အတို ၂ ခု ထားခဲ႔တဲ႔
သကၠရာဇ္ ၂ ခုကေနစျပီး ျမန္မာသကၠရာဇ္ စတင္
တယ္လို့ ေျပာရမွာ ျဖစ္ပါတယ္။
ဒါမွ မဟုတ္လည္း အဲဒီ သကၠရာဇ္ကို သေရေခတၱရာ သကၠရာဇ္လို့ ဆိုခ်င္ဆိုေပါ့။

ဒီေတာ့ သုမုႏၵရီလက္ထက္က စတဲ႔
ျမန္မာသကၠရာဇ္ ၂ခု သည္ AD 80 ျဖစ္ပါတယ္။
သုမုႏၵရီမင္း ျပီးတဲ႔ေနာက္ တက္လာတာက
အတိတ်ာမင္း ျဖစ္ပါတယ္။
အတိတ်ာမင္းျပီးေတာ့ ညီေတာ္ သုပညာ
လက္ထက္မွာ သေရေခတၱရာ ပ်က္စီးပါတယ္။
ျမန္မာသကၠရာဇ္ ၁၆ ႏွစ္၊ AD 94 မွာ ပ်က္စီးခဲ့တဲ႔ သေရေခတၱရာျပည္ႀကီးဟာ မင္းေနျပည္ေတာ္
အျဖစ္ BC 443 ကေန စတင္ေရတြက္ရင္ ႏွစ္ေပါင္း
၅၃၇ ႏွစ္ တည္တံ႔ခဲ႔ပါတယ္။
သေရေခတၱရာပ်က္တဲ႔အခါ မင္းညီမင္းသား
ဘုရင့္ေဆြေတာ္မ်ိဳးေတာ္ေတြဟာ အုပ္စု ၃ စု ကြဲျပားစြာနဲ႔ထြက္ေျပးၾကရပါတယ္။
အဲဒီ ထြက္ေျပးတဲ႔ အစုကို ပ်ဴအုပ္စု၊ ကမ္းယံအုပ္စု၊
ျမန္မာအုပ္စု ဆိုျပီး ေနာင္မွာ ေခၚေဝၚၾကပါတယ္။
ထြက္ေျပးၾကတုန္းကေတာ့ ငါတို့ဟာ ပ်ဴေဟ့။
ငါတို့ဟာ ကမ္းယံေဟ့။ ငါတို့ဟာ ျမန္မာေဟ့
လို့ေတာ့ အမည္သတ္မွတ္ျပီး ထြက္ေျပးၾကမွာ
မဟုတ္ပါဘူး။
အဲဒီလို ထြက္ေျပးၾကတဲ႔ အစုေတြဟာ တစ္စုက
သံတြဲကေန ေတာင္စဥ္၇ခရိုင္ကို ေခၚတဲ႔ ကမ္းယံ
ေတြဆီ ေျပးဝင္ခိုလံႈလို့ ၎တို့ကို ကမ္းယံအစုလို့
ေနာင္မွာ ေခၚၾကျပီး၊ စစ္ကိုင္း မေကြး သုနာပရႏၲ
တိုင္းဘက္ ထြက္ေျပးခိုလံႈသူေတြကို ေရွ႕ကပင္
ကံရာဇာႀကီးသား မုဒုစိတၱမင္းျပဳရာအရပ္ျဖစ္တဲ႔
ေဒသက ပ်ဴ လို့ ေခၚေဝၚဆဲ ေဒသခံေတြက
လက္ခံလိုက္တာေၾကာင့္ ပ်ဴ  အုပ္စုလို့ ေခၚေဝၚ
လိုက္ၾကပံုပါ။ ဒါက လူမ်ိဳးကြဲသြားတာ မဟုတ္ဘဲ
လုမ်ိဳးတစ္မ်ိဳးထဲကပဲ ထြက္ေျပးခိုလံႈရာ ေဒသရဲ႕
ေဒသိယ အမည္ေတြ ျဖစ္ကုန္တာပါ။

ေျပးၾကတဲ႔ ၂စုျဖစ္တဲ႔ ကမ္းယံအမည္ ပ်ဴအမည္
ျဖစ္ကုန္သူေတြဟာ စစ္ျဖစ္ၾကပါတယ္။
ကမ္းယံေတြ ေျပးျပန္ေတာ့ ပ်ဴအခ်င္းခ်င္း စစ္ျဖစ္
ၾကျပန္ရာက ပ်ဴေတြ ၃ စု ထပ္ကြဲတာမွာ
အဲဒီ သုနာပရႏၲ တိုင္းထဲမွာတင္ ျဖစ္ပါတယ္။
အဲဒီလို ျပည္တြင္းစစ္ႀကီးျဖစ္ျပီး တိုင္းျပည္ျပိဳကြဲ
အခ်င္းခ်င္း စစ္တိုက္ၾကခ်ိန္မွာ မြန္ေတြကလည္း
တိုက္တယ္ ဆိုပါတယ္။ အဲဒီတုန္းကေတာ့
မြန္လို့မေခၚေသးဘူးထင္ပါတယ္။ ေညာင္ရမ္း
ေခတ္ေႏွာင္းေလာက္မွ မြန္လို့ စ ေခၚပံုပါ။
အဲဒီ မြန္ေတြ ဘယ္ကလာလဲဆိုရင္ ကေမ႓ာဒီးယား
ရာဇဝင္ အစကလို အိႏၵိယကေန အာရိယန္ေတြကို
စစ္ရံႈးျပီး ထြက္ေျပးလာတဲ႔ တလိုင္း စစ္ေျပးဒုကၡ
သည္ေတြပဲ ျဖစ္ပါတယ္။ သေရေခတၱရာ ပ်ဴ - သာကီယ မင္းေတြဆီ ထြက္ေျပး ခိုလံႈလာျပီးမွ
တိုင္းျပည္ျပိဳကြဲခ်ိန္မွာ ပ်ဴ -သာကီယေတြရဲ႕ ျမိဳ႕
ေတြကို အခြင့္ေကာင္းယူျပီး အပို္င္စီးၾကတာပါ။
ဒါဟာ အျပစ္ေတာ့ မဟုတ္ပါဘူး။ အဲဒီကာလ
ေတြဆိုတာက ညံ႔တဲ႔သူ ခံစတမ္းေခတ္ပါ။
ကေမ႓ာဒီးယားေရာက္သြားတဲ႔ တလိုင္းေတြကေတာ့
ဘုရင္ေသာမကို မ်က္လွည့္အတတ္နဲ႔ သိမ္းသြင္း
ျပီး သိမ္းပုိက္လိုက္လို့ သာသာယာယာ ဘုရင္
ျဖစ္လာတာပါ။ ဒီဘက္ ျမန္မာႏိုင္ငံထဲမွာေတာ့
အဲဒီေလာက္မလြယ္ပါဘူး။ တလိုင္းေတြ အဲဒီလို
လုပ္တာ ပုဂံျပိဳကြဲစဥ္က တစ္ႀကိမ္၊ ေတာင္ငူ
ျပိဳကြဲစဥ္က တစ္ႀကိမ္ရွိေသးတယ္ဆိုတာ ရာဇဝင္
မွာ အထင္အရွားပါ။
ဒီေတာ့ ျမန္မာႏိုင္ငံေဒသထဲကို တလိုင္းေတြဟာ
အေသာက လက္ထက္ BC 3 ရာစု ေလာက္
ကတည္းက ထြက္ေျပးလာျပီး ခိုလံူေနၾကတာ
အေသအခ်ာပါပဲ။ ႏိုင္ငံ ထူေထာင္ႏိုင္တဲ႔ အဆင့္
မေရာက္ေသးသလို ပ်ဴ -သာကီယေတြ အားေကာင္း
ေနခ်ိန္မွာ ကေမ႓ာဒီးယားက ၎တို့လို စစ္ေျပး
ဒုကၡသည္ ေကာဒညၤကို အားက်ေနမွာ အေသ
အခ်ာပါပဲ။ သေရေခတၱရာျပိဳကြဲေတာ့
ပ်ဴ - သာကီယေတြ တည္တဲ႔ ျမိဳ႕ျပေတြအေပၚ
အဆင္သင့္ တက္ထိုင္ျပီး ေတာမီးေလာင္
ေတာေၾကာင္ လက္ခေမာင္း ခတ္ၾကမွာပါပဲ။
အဲဒီကာလ တလိုင္းေတြကို ဘယ္လိုေခၚမယ္
ေတာ့ မသိႏိုင္ဘူးေပါ့။ အဲဒီလို ႏိုင္ငံေတာ္ ျပိဳကြဲ
ခ်ိန္ကို အခြင့္ေကာင္းယူျပီး တိုက္ခိုက္ၾကေပမယ့္
တလိုင္းေတြ ရာဇဝင္တြင္ရစ္ေအာင္ ႏိုင္ငံေတာ္
ထူေထာင္ႏုိင္တဲ႔ အဆင့္မေရာက္ခဲ႔တာေၾကာင့္
ရာဇဝင္မွာ အဲဒီကာလ တလိုင္းေတြရဲ႕ အခန္း
က႑ ထင္ရွားစြာ မပါဝင္တာျဖစ္တာပါ။

အဲဒီဧရာဝတီျမစ္ အေနာက္ဘက္ကို ထြက္ေျပး
ၾကသူ ပ်ဴ - သာကီယ မင္းမ်ိဳး ၂ စုဟာ ကမ္းယံေတြ ပ်ဴေတြ ျဖစ္ကုန္ၾကေပမယ့္ ဧရာဝတီျမစ္ အေရွ႕
ဘက္အတိုင္း ထြက္ေျပးၾကသူ တစ္စုကေတာ့
သုပညာမင္းရဲ႕တူ သမုဒၵရာဇ္ ျဖစ္ျပီး ၎တို့ဟာ ပ်ဴေတြ ကမ္းယံေတြ အခ်င္းခ်င္း စစ္ျဖစ္ေနၾကခ်ိန္
ယုန္လႊတ္က်ြန္းအရပ္မွာ သိုသိပ္စြာေရာက္ရွိေနျပီး
သေရေခတၱရာ ပ်က္အျပီး ၁၃ ႏွစ္အၾကာ ျမန္မာ
သကၠရာဇ္ ၂၉ ခု၊ AD 107 မွာ စုစည္းထားတဲ႔
ပ်ဴ  ၁၉ ရြာကို စုေပါင္းျပီး ျမန္မာဆိုတဲ႔ အမည္သစ္နဲ႔
လူမ်ိဳးအသစ္ တိုင္းျပည္အသစ္ စတင္ ထူေထာင္
ပါေတာ့တယ္။ ဒါဟာ သေရေခတၱရာ အပ်က္မွာ
တကြဲတျပား ထြက္ေျပးၾကတဲ႔ အုပ္စု ၃ စု ထဲက
ျမန္မာ ျဖစ္လာတဲ႔ သမုဒၵရာဇ္ အုပ္စုပဲျဖစ္ပါတယ္။
ရာဇဝင္မွာ မွတ္တမ္းတင္ထားတဲ႔ ပန္းေတာင္း
သက္သာ ၆ ႏွစ္တို့၊ မင္းတုန္း ၃ ႏွစ္တို့က
ဧရာဝတီျမစ္ အေနာက္ဘက္ျခမ္းကို ထြက္ေျပးျပီး
သုနာပရႏၲထဲ ခိုလံႈသြားတဲ႔ ပ်ဴ  အမည္ျဖစ္သြားတဲ႔
အုပ္စုနဲ႔သာ ဆိုင္တာပါ။
ဧရာဝတီျမစ္ အေရွ႕ျခမ္းအတိုင္း ထြက္ေျပးၾကတဲ႔
သုပညာတူ သမုဒၵရာဇ္တို့နဲ႔ မဆိုင္ပါဘူး။
အဲဒီ သနာပရႏၲဧရာဝတီျမစ္အေနာက္ဘက္က
ပ်ဴ  ျဖစ္သြားသူ အုပ္စု ပန္းေတာင္း သက္သာ
ကေန ကမ္းယံအစုေတြ လာတိုက္ျပန္တာေၾကာင့္
မင္းတုန္းကို ေျပာင္းျပီးေနတာ ၃ ႏွစ္ၾကာခ်ိန္က်မွ
ယုတ္လႊတ္က်ြန္း ေရာက္ေနတဲ႔ သမုဒၵရာဇ္ဟာ
ပ်ဴ  ၁၉ရြာကို စုစည္းျပီးလို့ ႏိုင္ငံတည္ေထာင္တာ
ျဖစ္ပါတယ္။ အဲဒီ သုနာပရႏၲဘက္ ခိုလံႈသူ ပ်ဴ
အမည္ျဖစ္သြားသူအစုဟာ အခ်င္းခ်င္း စစ္ျဖစ္ၾက
ျပန္တာမွာ ေနာက္ထပ္ ၃ စုကြဲသြားေတာ့
ထပ္မံခိုလံႈရာအေပၚ မူတည္ျပီး က်ပင္း၊ သက္၊
ေတာင္ညိဳ ဆိုျပီး အုပ္စု ၃ စု ထပ္မံကြဲသြားျပန္ျပီး
ေတာင္ညိဳအုပ္စုဟာ သမုဒၵရာဇ္ထီးနန္းမတည္
ေထာင္မီ ၃ ႏွစ္မွာ မင္းတုန္းကို တည္ေထာင္ျပီး
ေနၾကတာျဖစ္ပါတယ္။

သေရေခတၱရာက သက်သာကီမ်ိဳး ပ်ဴ -သာကီ
ေတြဟာ ယခင္က အမည္ တစ္မ်ိဳးထဲျဖစ္ေသာ္
ျငားလည္း သေရေခတၱရာ ပ်က္ခ်ိန္ ၃အုပ္စုကြဲ
ထြက္ေျပးခ်ိန္မွာ ဧရာဝတီျမစ္ အေနာက္ဘက္ ေျပးၾကတဲ႔ အုပ္စု ၂စုဟာ ၎တို့ ထြက္ေျပး
ခိုလံႈရာ အရပ္ေဒသ အလိုက္ ကမ္းယံ ပ်ဴ  သက္
က်ပင္း ေတာင္ညိဳ စသည္တို့ ျဖစ္ကုန္ၾကေပမယ့္
ဧရာဝတီျမစ္ အေရွ႕ဘက္ကေန ထြက္ေျပးၾကသူ
သမုဒၵရာဇ္ ဦးေဆာင္တဲ႔ အုပ္စုကေတာ့ မည္သူ့
ထံမွ မခိုလံႈဘဲ အျခားအုပ္စုေတြ အခ်င္းခ်င္း
စစ္ျဖစ္ေနၾကခ်ိန္မွာ ယုန္လႊတ္က်ြန္းမွာ အေျခ
စိုက္ျပီး ပ်ဴ  ၁၉ ရြာကို စုစည္း အုပ္ခ်ဳပ္ရင္း
အင္အား ျဖည့္တင္းေနခဲ႔ၾကပါတယ္။
ဒီလိုနဲ႔ ေနာက္ ၁၃ ႏွစ္ၾကာခ်ိန္မွာေတာ့
သေရေခတၱရာကေန ၃စုကြဲျပီး ထြက္ေျပးလာတဲ႔
အထဲကမွ ျမန္မာ ျဖစ္လာမယ့္ အုပ္စုဟာ
ယုန္လႊတ္က်ြန္းမွာ ထီးနန္းစိုက္ တိုင္းျပည္တည္ျပီး
ျမန္မာအမည္သစ္နဲ႔ ပ်ဴ  -သာကီ သမုဒၵရာဇ္မင္းက
စတင္ျပီး ေနာင္မွာ အင္ပါယာႀကီးျဖစ္လာမယ့္
ပုဂံကို စတင္ထူေထာင္ပါေတာ့တယ္။
ကမ္းယံေတြဆီကို ထြက္ေျပးခိုလံႈျပီး ကမ္းယံျဖစ္
လာသူေတြကို ကမ္းယံတစ္စု၊ ပ်ဴေတြဆီကို ထြက္ေျပးခိုလံႈျပီး မူလအမည္မေျပာင္းမလဲ ေန
သူေတြကို ပ်ဴ  တစ္စု(ေနာင္တြင္ ပ်ဴ  သက္ က်ပင္း
ေတာင္ညို ဟု ထပ္ကြဲ)၊ ျမန္မာအျဖစ္ အမည္သစ္
ျဖင့္ ေပၚထြန္းလာမယ့္ သူေတြကို ျမန္မာတစ္စု
အျဖစ္ ေႏွာင္းမွသာ မွတ္တမ္းတင္ခဲ႔ၾက
တာျဖစ္ပါတယ္။
ျမန္မာအျဖစ္၊ ျမန္မာႏိုင္ငံအျဖစ္၊ ျမန္မာသည္ လူမ်ိဳးတစ္မ်ိဳးအျဖစ္၊ အင္ပါယာႀကီးေတြ ထူေထာင္
ေတာ့မယ့္ ပ်ဴ -သာကီ သမုဒၵရာဇ္မင္း ဦးေဆာင္တဲ့
အစုဟာ မည္သည့္ ရွိႏွင့္ျပီးသူမ်ားထံသို့မွ ခိုလံႈ
ဝင္ေရာက္၍ ၎တို့၏ ေဒသိယ အမည္မ်ားကို မခံယူဘဲ၊  မိမိတို့ဘာသာ အမည္သစ္တစ္ခုျဖင့္ ျမန္မာ ဟူေသာအမည္ကို ကိုယ္တိုင္ခံယူ
လိုက္ၾကတာ ျဖစ္ပါတယ္။

ဒီေတာ့ ျမန္မာဘုရင္ေတြရဲ႕ ရာဇဝင္အစ ကနဦး
အျမဳေတဟာ တေကာင္းကို ေရာက္လာျပီး
တိုင္းျပည္ထူေထာင္တဲ႔ သာကီဝင္အဘိရာဇာ
ကစျပီး ေဒသခံပ်ဳေတြနဲ႔ ေပါင္းဖက္ မ်ိဳးဆက္ပြား
ခဲ႔ၾကတာေၾကာင့္ ျမန္မာအစတေကာင္းက ဟူသည္
မွန္ကန္သည့္ ဆိုစမွတ္ ျဖစ္ပင္ျငားေသာ္လည္း၊
ျမန္မာဟူေသာ အမည္မွာကား သေရေခတၱရာ
ပ်က္အျပီးမွ ယုန္လႊတ္က်ြန္းတြင္ သမုဒၵရာဇ္မင္း
ပ်ဴ  ၁၉ ရြာအား စုစည္း၍ တည္ေထာင္သည္မွသာ
စတင္ ေပၚေပါက္လာခဲ႔သည္ ျဖစ္ပါတယ္။
သေရေခတၱရာမွ ထြက္ေျပးလာသူမ်ား ပ်ဴ  ကမ္းယံ
သက္ က်ပင္း ေတာင္ညို စသျဖင့္ ေဒသိယ
အလိုက္ အမည္မ်ား ေျပာင္းလဲ(ေနာင္အခါ ေဒသိယအမည္မွ  လူမ်ိဳးအမည္ျဖစ္လာ)
သြားေသာ္လည္း ျမန္မာျဖစ္လာမည့္သူမ်ားမွာ
မည္သည့္လႊမ္းမိုးမႈမ်ွ မခံဘဲ ကိုယ္ပိုင္ အမည္
သစ္ျဖင့္ ျမန္မာ ဟူ၍ ယုန္လႊတ္က်ြန္းမွ
စတင္ခဲ႔သည္ျဖစ္တာပါ။
သေရေခတၱရာ မပ်က္မီ အထိ ျမန္မာ ဟူေသာ
အမည္ မေပၚေပါက္ေသးပါဘူး။
သေရေခတၱရာ ပ်က္၍ ႏုိင္ငံေတာ္ျပိဳကြဲသည္
တြင္မွ မူလ ပ်ဴ  - သာကီ လူမ်ိဳးတို့သည္ ၁၃ ႏွစ္ၾကာ
အင္အားစုစည္းျပီးေနာက္ ျမန္မာ ဟူေသာ အမည္သစ္ျဖင့္ ယုန္လႊတ္က်ြန္းမွာ သမုဒၵရာဇ္
မင္းက ဦးေဆာင္၍ စတင္ေပၚေပါက္လာျခင္း
ျဖစ္ပါတယ္။
သို့ျဖစ္ရာ ပထမတေကာင္း၊ ဒုတိယတေကာင္း
သေရေခတၱရာ စတဲ႔ ပ်ဴ-သာကီ ေရွ႕ မ်ိဳးဆက္တို့
သည္ ျမန္မာသကၠရာဇ္ ၂၉ ခု၊ AD 107 ၌ ျမန္မာအမည္သစ္ျဖင့္ ေပၚထြန္းလာသည့္ ျမန္မာ
ႏိုင္ငံေတာ္သား ေနာင္အခါ လူမ်ိဳးအမည္ တြင္လာ
မည့္ ဘိုးေဘး အစဥ္ အဆက္အႏြယ္(ဝါ)
ပ်ဴ  - သာကီ မ်ား(အက်ိဳးဆက္၏အေၾကာင္းမ်ား) ျဖစ္ၾကေသာ္လည္း၊
ပထမ ျမန္မာႏိုင္ငံေတာ္သည္
(ပ်ဴ -သာကီ မ်ားပင္ျဖစ္သည့္) သမုဒၵရာဇ္ မင္း
လက္ထက္မွာ စတင္သည္ဟု သတ္မွတ္ရမွာ
ျဖစ္ပါတယ္။
အဲဒီ ျမန္မာေတြဟာ ပထမတေကာင္း ဒုတိယ
တေကာင္းနဲ႔ သေရေခတၱရာက ပ်ဴ  -သာကီ မ်ား
လည္းပဲ ျဖစ္ျပန္ပါတယ္။
ဒါေၾကာင့္
ျမန္မာသကၠရာဇ္ ၂၉ ခု၊ AD 107 ေရွ႕ပိုင္းကို
ပ်ဴ  ေခတ္လို့ သတ္မွတ္ျပီး၊ ေနာက္ပိုင္းကို
ျမန္မာေခတ္အျဖစ္ သတ္မွတ္ရမွာ ျဖစ္ပါတယ္။
ဒီေတာ့
ပထမ ျမန္မာႏိုင္ငံေတာ္၏ ပထမဆံုးမင္းသည္
ပထမတေကာင္း၊ ဒုတိယတေကာင္း၊ သေရ
ေခတၱရာ စသည့္ မင္းစဥ္မင္းဆက္ အဆက္အႏြယ္
ပ်ဴ  - သာကီယ မ်ိဳး သေရေခတၱရာ၏ ေနာက္ဆံုး
မင္းဆက္ သုပညာ၏ တူ သမုဒၵရာဇ္မင္း
သာလ်ွင္ျဖစ္ပါတယ္။
ပထမ ျမန္မာႏိုင္ငံေတာ္ကို ျမန္မာဟူေသာ အမည္
သစ္ျဖင့္ စတင္ထူေထာင္ခဲ႔တဲ႔ သမုဒၵရာဇ္မင္း
ေနာက္မွာေတာ့ ျမန္မာဆိုတာ ပီျပင္စြာျဖစ္ေပၚ
လာျပီး ပ်ဴ  - သာကီ မ်ိဳးသည္ ျမန္မာအျဖစ္နဲ႔
ႏိုင္ငံေတာ္တည္ေထာင္ခမ္းနားထည္ဝါခဲ႕တာဟာ၊
AD 107 ကေန တရားဝင္ စတင္ခဲ႔တဲ႔ ပထမ ျမန္မာ
ႏိုင္ငံေတာ္သည္ AD 1288 အထိ ႏွစ္ေပါင္း
1181 ႏွစ္ၾကာေအာင္ မင္းေပါင္း ၅၅ ဆက္ျဖင့္ တည္တံ႔ခဲ႔ပါတယ္။
သို့ျဖစ္တာေၾကာင့္  အတိအက်ဆိုရရင္-

"ျမန္မာရာဇဝင္အစ တေကာင္းက"
"ျမန္မာႏိုင္ငံေတာ္အစ ယုန္လႊတ္က်ြန္းက"

လို့ ဆိုရမည္သာ ျဖစ္ေၾကာင္းပါ။

ဒါေၾကာင့္ အေနာ္ရထာဟာ ပထမျမန္မာႏိုင္ငံေတာ္ကို တည္ေထာင္သူ
ျဖစ္တယ္ဆိုတာကို လက္မခံပါဘူူး။
အေနာ္ရထာဟာ ျပန္လည္ က်ဥ္းေျမာင္းသြားတဲ႔
ပထမျမန္မာႏိုင္ငံေတာ္ကို အင္ပါယာႀကီးျဖစ္ေအာင္
ျပန္လည္စြမ္းေဆာင္ျပီး သာသနာေတာ္
တဖန္ျပန္လည္ ထြန္းပေအာင္ စြမ္းေဆာင္ခဲ့တဲ႔
သာသနာျပဳ မင္းေကာင္းမင္းျမတ္တစ္ပါး
ျဖစ္ပါတယ္။

ဒါက-
ရာဇဝင္ကို သုေတသနျပဳလုပ္ျပီး
ထြက္ေပၚလာတဲ႔ ရလဒ္
"ပထမ ျမန္မာႏိုင္ငံေတာ္စစ္တမ္း"
ျဖစ္ပါတယ္။
…………………………………………………။
ကိုး-
မဟာရာဇဝင္ႀကီး၊ တြင္းသင္း၊ မွန္နန္း။
history of cambodia.
……………………………………။
ပံုစာ - ရာဇဝင္၌ ျမန္မာဟူေသာ အမည္သစ္ကို
ပထမဆံုးေဖာ္ျပပါရွိသည့္ ျမန္မာအစုဟု သတ္မွတ္
ေသာ သေရေခတၱရာမင္းဆက္ သုပညာ၏တူ
ပ်ဴ -သာကီယ သမုဒၵရာဇ္(သမုတိရစ္)မင္း စတင္
ထူေထာင္ေသာ ပထမျမန္မာႏိုင္ငံေတာ္၏
နန္းေတာ္ရာေနရာ။

…………………………………………………………

"ပထမမြန်မာနိုင်ငံတော်စစ်တမ်း"
(ရာဇဝင် သုတေသန)
………………………………………………………။
လက်ရှိမြန်မာနိုင်ငံ၏ဒေသ ဖြစ်တဲ့ တကောင်း
အရပ်ဆီသို့ မဈ္ဇိမဒေသက(ကုလားပြည်မဟုတ်) ကပိလဝတ်မင်း အဘိရာဇာဟာ ပဉ္စာလရာဇ်မင်းကို စစ်ရှုံးလို့ရောက်လာပြီးမှ ကပိလဝတ်က (မြတ်စွာ
ဘုရား မွေးရပ်မြေက) သာကီယတွေနဲ့ ဒေသခံ
ပျူ တွေ သွေးနှောပြီး မြန်မာဖြစ်လာတယ်။
ဒါက မြန်မာရာဇဝင်ရဲ့ အစ။ ပျူ -သာကီယ။
BC ၆ ရာစု ရှေ့ပိုင်းကာလ။

တကောင်းမှာ သာကီယတွေ တိုင်းပြည်လာ
ထူထောင်ခြင်းကနေ နောင်မှာ မြန်မာဆိုတဲ့
အမည်နဲ့ လူမျိုးတစ်မျိုး ဖြစ်ပေါ်လာဖို့ရာ
အစပြုခြင်းဖြစ်တယ်ပေါ့။
ဒါကြောင့် မြန်မာအစ တကောင်းက လို့ ဆိုစမှတ်
ထားရစ်ခဲ့ခြင်းဖြစ်ပါတယ်။
ဘယ် သာကီယ ဘယ် ဒေသခံပျူတွေကမှ
နောင်မှာ ငါတို့မျိုးဆက်ဟာ မြန်မာဆိုတဲ့ အမည်
ဖြစ်လာပါစေဆိုပြီး သံဝါသပြုခဲ့မယ် မဟုတ်ပါ။
ဒီလိုပဲ နီးစပ်ရာ ယူကြ၊ မျိုးဆက်တွေ ပျံ့ပွားကြ။
ရောက်ခါစတော့ သာကီယတွေနဲ့ ဒေသခံပျူ
တွေနဲ့ အကုန်လုံး ချက်ချင်းကြီး သွေးချင်းဖြစ်ကုန်
ပြီး အမျိုးအဆွေတွေ ချက်ချင်းဖြစ်ကုန်ကြတယ်လို့ ယူလို့တော့ဘယ်ရမလဲ။
နှစ်ပရိစ္ဆေဒ ကြာညောင်းလာတော့ သွေးနှော
တာတွေ များလာမယ်။ ရုပ်အဆင်း တူမျှသူတွေ
(နေဝါရီတွေ ကြည့်ကြည့်) ဖြစ်တာကြောင့်
သာကီယနဲ့ပျူ  သွေးနှောတယ်လို့တောင်
ဆိုနိုင်ဖွယ် မမြင်လောက်ဘူး။
အဘိရာဇာကနေ မင်းဆက် ၃၃ ဆက်ရှိတယ်
ဆိုတော့ တစ်မင်းကို ပျမ်းမျှ ၁၀ နှစ်နှုန်းတွက်ရင်
သကျသာကီယ အဘိရာဇာမင်းဆက်ဟာ
တကောင်းမှာ နှစ်ပေါင်း ၃၃၀ လောက် ကြာအောင်
မြဲခိုင်ခဲ့တယ်ပေါ့။ အဲဒီကာလကို တကောင်းခေတ်
လို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ဟာ
အခုလောက် အကျယ်ကြီး မဟုတ်လောက်ပါဘူး။
ရှေ့မှာလည်း ကံရာဇာကြီးဟာ ကစ္ဆပနဒီမြစ်ညှာ၊
(မြစ်ညှာအစစ်ဆိုရင်တော့ မီဇိုရမ်ပြည်နယ်ထဲက
ကသည်းတွေနေတဲ့ အရပ် ရောက်နေပါပြီ)
ပြီးမှတဖန် ဓညဝတီမှာ မင်းလုပ်ပြီး နေပြန်တယ်
ဆိုတော့။ ကုလားတန်မြစ်ခေါ် ကစ္ဆပနဒီမြစ်ရဲ့ တကယ့်အညှာဆိုရင် လက်ရှိအခေါ် မီဇိုရမ်၊
လက်ရှိမြန်မာနိုင်ငံအတွင်းလောက်ကို မြစ်ညှာ
ခေါ်တယ်ဆိုရင် ရခိုင်နဲ့ချင်းပြည်နယ် အစပ်ဒေသ
တစ်ဝိုက်နဲ့ ရခိုင်မြောင်ပိုင်းဘက်မှာလည်း သီးခြား တကောင်း မင်းဆက်ရှိနေပြီး ဒေသခံတွေနဲ့ အဲဒီ
သာကီယတွေနဲ့ သွေးနှောကုန်ကြမှာ အသေအချာ
ပါပဲ။ ကံရာဇာကြီး ကစ္ဆပနဒီမြစ်ညှာ ဆန်တော့
သုနာပရန္တ အရပ်က ပျူ  ကမ်းယံ သက်တို့က
မင်းလျာတောင်းသောကြောင့် ဆိုတော့ တကောင်း
ဟာ အတော်နာမည်ကြီးလို့ ဖြစ်မှာပါပဲ။
အဲဒီမှာ သားတော် မုဒုစိတ္တကို မင်းလျာပေးခဲ့တော့
ဧရာဝတီ အနောက်ခြမ်းက ဒေသခံ ပျူ  ကမ်းယံ
သက် တွေနဲ့လည်း သာကီယ တွေဟာ အမျိုးတွေ
ဖြစ်ကုန်ပေတာပေါ့။ စစ်ကိုင်းတို့ မကွေးတို့က။
အဲ့တော့ ကမ်းယံတို့ သက်တို့ ဟာလည်း ပျူ  တွေနဲ့
အတူတူ သုနာပရန္တတိုင်း ဆိုတဲ့ ယခုအခေါ်
စစ်ကိုင်း မကွေးဒေသကြီးရဲ့ နယ်ပယ်ရပ်ဝန်းမှာ
လည်း နေထိုင်ကြတယ် ဆိုရမှာပါ။

ကံရာဇာကြီး ကစ္ဆပနဒီခေါ် ကုလားတန်မြစ်ညှာကို
သွားတဲ့ လမ်းကြောင်းက တကောင်းကနေ ဧရာဝတီကို စုန်ဆင်းပြီး သလ္လာဝတီခေါ်
ချင်းတွင်းမြစ်ကို ဆန်တက်တာပါ။
ချင်းတွင်းကို ဆန်တက်သွားတော့ ကလေးကျေး
တောင်ညိုမှာ ဗိုလ်ဝင်ခံ၊ ပြီးမှ ချင်းတွင်းမြစ်ကို
ဆက် ဆန်တက်ပြီး ကစ္ဆပနဒီမြစ်ညှာကို သွားတာ
ဆိုတော့ ဖောင်းပြင်နဲ့ ဟုမ္မလင်းကြားတစ်နေရာရာ
ကနေ ယခုအခေါ် (အိန္ဒိယပိုင် ယခင် မြန်မာပိုင်)
မဏိပူရပြည်နယ် မီဇိုရမ်ဒေသထဲက ကစ္ဆပနဒီခေါ်
ကုလားတန်မြစ်ညှာ ဒေသကို ထွက်ခွါသွားပုံပါ။
အဲဒါမှ ကစ္ဆပနဒီမြစ်ညှာအရပ်နဲ့လည်း ကိုက်သလို
သလ္လာဝတီခေါ် ချင်းတွင်းမြစ်ကို ဆန်တက်တာနဲ့
လည်း ညီညွတ်မှာဖြစ်ပါတယ်။
နောက်မှ ကံရာဇာကြီးဟာ ကစ္ဆပနဒီမြစ်အတိုင်း
စုန်ဆင်းလာပြီး ဓညဝတီမှာ မာရယုမင်းတည်ခဲ့တဲ့
မြို့ဟောင်းကို မြို့သစ်တည်ပြီး မင်းပြုတာဖြစ်
ပါတယ်။
တကယ်လို့ ကစ္ဆပနဒီမြစ်ညှာကို ယခုမြေပုံအရ
ကုလားတန်မြစ်ဖြတ်သန်းရာ ရခိုင်ပြည်နယ်နဲ့
ချင်းပြည်နယ် အစပ်ကိုသာ အချို့က ရည်ညွှန်း
သလို ယူမယ်ဆိုရင် ကံရာဇာကြီးဟာ ချင်းတွင်းမြစ်
ကို ဆန်တက်စရာမလိုပါဘူး။ အမ်းလမ်း၊ တောင်
ကုတ်လမ်း တွေက သွားလို့ရနေတာပါ။
ရာဇဝင်မှတ်တမ်းအရ ကစ္ဆပနဒီမြစ်ညှာလည်း
ဖြစ်တယ်၊ ချင်းတွင်းမြစ်ကို ဆန်တက်တာလည်း
့ဖြစ်တယ်ဆိုရင် ကစ္ဆပနဒီမြစ်ညှာ အစစ်ဖြစ်တဲ့
မီဇိုရမ်နယ်ထဲ ရောက်သွားတာသာ ဖြစ်ဖို့ရာပါ။
အဲဒီ အထောက်အထားအရ ကသည်းတွေနဲ့
သာကီယတွေ သွေးနှောချင်လည်း နှောလိမ့်
ဦးမှာ ဖြစ်ပါတယ်။
အဲဒီကမှ အကြောင်းကြောင်းကြောင့် မြို့ပျက်
သွားတဲ့ ဓညဝတီမြို့ဟောင်းဆီလာပြီး အသစ်
တည်လုပ်မင်းပြုတာ နောင်အစဉ်ဖြစ်ပါတယ်။
ဒီတော့ လက်ရှိအခေါ် ရခိုင်ပြည်နယ်သားတွေ
လည်း သကျသာကီ သွေးတွေ စီးဆင်းနေတဲ့
တကောင်းမင်းဆက် အဘိရာဇာရဲ့သား
ကံရာဇာကြီး မျိုးဆက်တွေပဲပေါ့။
အဲဒီဒေသသားတွေကို ပျူ  မခေါ်ဘဲ၊ ကမ်းယံ လို့
ခေါ်တာကြောင့် ကမ်းယံ - သာကီယတွေလို့ပဲ
ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီ ကမ်းယံတွေဟာ
ပျူ တွေနဲ့ လူမျိုးတူတွေပဲဖြစ်ပြီး ဒေသိယ
အမည်ကြောင့် ကမ်းယံ အခေါ်ခံနေရတာ
လည်း ဖြစ်နိုင်ပါတယ်။
သွေးမရောဘဲနေတဲ့ သူတွေလည်း ရှိကောင်း
ရှိခဲ့မှာ ဖြစ်ပေမယ့် နောင်နှစ်ပေါင်း ကြာလာတဲ့
အခါ ငါးမူး တစ်မတ် ရောရင်းက သာကီယတွေနဲ့
အမျိုးတွေ ဖြစ်ကုန်မှာ အသေအချာပဲပေါ့။

တကောင်းဘက်ကို ပြန်ကြည့်မယ်ဆိုရင်
အဘိရာဇာကနေ ၃၃ ဆက်မြောက်မင်း
ဘိန္နကရာဇာ လက်ထက်မှာ ဂန္ဓာလရာဇ်တိုင်း စိန့်ပြည်က တရုတ်တရက် နှောက်ယှက်လို့ တကောင်းပြည်ကြီး ပျက်စီးသွားတယ်ဆိုတယ်။
အဲဒီလိုပျက်တော့ ဘိန္နကရာဇာဟာ ဧရာဝတီမြစ်
အနောက်ဘက်ကိုကူးပြီး တကောင်းအောက်ဘက်
မလည် မှာဝင်ခိုနေပါတယ်။
အဲဒီမှာ ဘိန္နကရာဇာ ကံတော်ကုန်တော့
အုပ်စုသုံးစု ကွဲသွားပါတယ်။
တစ်စုက ရှမ်းပြည်ဘက်တက်သွားပြီးတော့
ရှမ်းတွေကို တစ်ဆယ့်ကိုးခရိုင် ခွဲအုပ်ချုပ်ပြီးနေ
တယ်။ မလည်ကနေ အရှေ့ဘက် ရှမ်းပြည်ဆိုတော့
အခု လက်ရှိ ရှမ်းပြည်နယ်ပေါ့။
အဲဒီတော့ သကျသာကီဝင် တကောင်းမင်းမျိုး
တွေနဲ့ ရှမ်းတွေ သွေးနှောကြဦးမှာပေါ့။
အဲဒီတော့ ယခု လက်ရှိရှမ်းပြည်နယ်က ရှမ်းတွေ
ဟာလည်း သကျသာကီသွေး ဘယ်နှပြားဖိုးပဲ
ပါပါ သာကီမျိုးလို့ ပြောလို့ရတဲ့ အမျိုးတွေပါပဲ။
အဲဒီ ရှမ်းပြည်ဘက်တက်ပြီး ရှမ်းတွေကို မင်းလုပ်
အုပ်ချုပ်တဲ့ အဆက်ကို ဘိန္နကမင်းမျိုး
အဆက်လို့ခေါ်ပါတယ်။
တစ်စုကတော့ ကံရာဇာကြီးသား မုဒုစိတ္တရဲဲ့
မျိုးဆက်ရှိရာ ထဲဝင်တယ်ဆိုပါတယ်။
စစ်ကိုင်း မကွေး ဒေသကြီးနယ်ပယ် တဝိုက်က
ပျူ  ကမ်းယံ သက် တွေနဲ့ အတူတူ။
တစ်စုကတော့ ဘိန္နကမင်းကြီး မိဖုရားနာဂဆိန်နဲ့
အတူတူ မလည်မှာပဲ အခြေစိုက်လိုက်တော့တယ်။
အဲဒီအချိန်ရောက်တော့ မစ္ဇျိမဒေသမှာ(ကုလားပြည်
မဟုတ်) ဆွေတော်မျိုးတော်ဖြစ်တဲ့ မြတ်စွာဘုရား
ပွင့်ပြီးပြီ ဖြစ်လို့ ဝိဋဋူပ လက်ထက်ဖြစ်ပါတယ်။
ဝိဋဋူပဟာ သာကီဝင်မင်းတွေကို မြတ်စွာဘုရား
၃ ကြိမ်တားသော်လည်း ၄ ကြိမ်မြောက်မှာ မြတ်စွာ
ဘုရား မတားတော့တာကြောင့် စစ်ပြုတာမှာ
သာကီဝင်တွေစစ်ရှုံးပြီး သာကီဝင်မင်း ဓဇရာဇာ
ဟာ မလည်ရောက်လာပြီးတော့ မလည်မှာ
ဘိန္နကရာဇာရဲ့ မိဖုရား နာဂဆိန်နဲ့တွေ့ပြီး စုံဖက်
ကြပါတယ်။ ပျူ -သာကီယနဲ့ သာကီယ တို့
ထပ်မံ သွေးသားရင်းချာ ဖြစ်ကြပြန်တာပါ။
အဲဒီကမှ တကောင်းပြည်ကို ပဉ္စာတကောင်းအဖြစ်
ပြန်လည် ထူထောင်ပြီး ဒုတိယတကောင်း
သတိုးမင်းဆက်ကို စတင် ထူထောင်တော့တာ
ဖြစ်ပါတယ်။
အဲဒီကမှ ဒုတိယ တကောင်းကို ဓဇရာဇာက စတဲ့
သတိုးမင်းဆက် ၁၇ ဆက် အုပ်စိုးပါတယ်။
၁၇ ဆက်မြောက် သတိုးမဟာရာဇာမင်း
လက်ထက်မှာ သားမရှိလို့ ယောက်ဖကို အိမ်ရှေ့
အပ်နှင်းပါတယ်။
အဲဒီအချိန်မှာ သုနာပရန္တမှာ နန်းစံနေတဲ့
ကံရာဇာကြီးသား မုဒုစိတ္တမင်းဆက်ကို ဓညဝတီက
ကံရာဇာကြီး မင်းဆက်ကပဲ လာရောက်
တိုက်ခိုက်ပြီး ဓညဝတီကို ဆောင်ယူသွားပါတယ်။
အမျိုးရင်း အချင်းချင်းဖြစ်တာနဲ့ မဆိုင်ဘူး။
မတည့်ရင်တော့ စစ်ပွဲနဲ့ ဆုံးဖြတ်ကြတဲ့ ခေတ်ကိုး။
အဲဒီကာလ သုနာပရန္တဘယ်အရပ်မှာ ကံရာဇာကြီး
သား မုဒုစိတ္တမင်းဆက်တွေ ထီးနန်းစိုက်တယ်လို့
ရာဇဝင်တွေမှာ မပါပါဘူး။
အဲဒီလို ဓညဝတီက လာတိုက်တော့ သုနာပရန္တ
မင်းဆက်ရဲ့ နောက်ဆုံးမင်းရဲ့ မိဖုရားဟာ
သကျအင်း အရပ်ကိုထွက်ပြေးပြီး နေရတယ်။
အနည်က နန်းခမ်းတဲ့။ နန်းဆိုတာ ပျူ -သာကီယ
တွေ ရှေးကပေးတဲ့ အမည်။
စစ်ကိုင်း မကွေး ဒေသကြီးဘက်ကနေ ပြည်ဘက်ကို ပြေးလာရတာပါ။
အဲဒီ အချိန်ဟာ သာသနာနှစ် ၄၀ ဖြစ်သွားပါပြီ။
BC 504 ခုပါ။

ဆိုတော့ တကောင်းဟာ BC ခေတ်ကတည်းက
ဆိုတာ အသေအချာပဲပေါ့။  BC 504 မှာက
ဒုတိယတကောင်း ခေတ် ကုန်ခါနီးဖြစ်နေပါပြီ။
ဒုတိယ တကောင်းဟာ အနည်းဆုံး
နှစ်ပေါင်း ၈၀ လောက် ခိုင်ခံ့ခဲ့မယ်ပေါ့။
အဲဒီနှစ်မှာ ဒုတိယတကောင်း သတိုးမင်းဆက်ရဲ့
နောက်ဆုံးမင်း သတိုးမဟာရာဇာမင်းရဲ့ ယောက်ဖ အိမ်ရှေ့မင်းဟာ သောင်းကျန်းနေတဲ့ တောဝက်ကြီး
ကို လိုက်ရင်းက တကောင်းကနေ ပြည်အထိ
ရောက်လာခဲ့ပါတယ်။ အဲဒီမှာ တောဝက်ကြီးကို
သတ်ပြီး ရသေ့ဝတ်နေလိုက်တော့တယ်။
အဲဒီမှာ ဘေဒါရီ မွေးတယ်။
တကောင်းမင်းယောက်ဖ ဝက်လိုက်တဲ့ နှစ်မှာပဲ
စူဠသမ္ဘဝနဲ့ မဟာသမ္ဘဝကို မွေးတယ်။
သာသနာသက္ကရာဇ် ၅၉ (BC 485) မှာ အဲဒီ စူဠသမ္ဘဝနဲ့ မဟာသမ္ဘဝ မျက်မမြင် ၂ယောက်ကို ရေမျှောတယ်။ အသက် ၁၉ နှစ်။
မျက်စိမြင်ပြီး မဟာသမ္ဘဝနဲ့ ဘေဒါရီကို လက်ထပ်
ပေးတာက သာသနာနှစ် ၆၀(BC 484)မှာ။
လက်ထပ်ချိန်မှာ မဟာသမ္ဘဝက မင်းမဖြစ်သေးဘူး။
ရှေ့က ဓညဝတီကို ခေါ်ဆောင်ခံရတဲ့ မင်းရဲ့
မိဖုရားက သကျအင်း(သကျမိဖုရား နန်းခမ်းလာနေ
သည်မှ တွင်သည့်အမည်)အရပ်မှာ မိဖုရားမင်းပြု
နေတာပါ။ တိုင်းပြည်တည်ထောင်ပြီး ဘုရင်မလုပ်
နေတယ် ဆိုပါတော့။ သူနဲ့ အဲဒီအရပ်က လူတွေ
ဟာ တကောင်းမင်း ယောက်ဖ ရသေ့ကို ရိုသေ
ကိုးကွယ်ကြပြီး အဲဒီပြည်ကို ရသေ့ပြည် ခေါ်တယ် ဆိုပါတယ်။ အဲဒီ ရသေ့ပြည်ကနေ ရှေ့က ရသေ့
ပျောက်ပြီး "ပြည်" လို့ ဖြစ်လာတယ်လို့ ဆိုကြ
တာလည်း ရှိပါတယ်။ အဲဒါက ပြည် အမည်တွင်
ကြောင်း ရာဇဝင်လာ အထောက်အထားပါ။

အဲဒီအချိန်အထိ သရေခေတ္တရာ နေရာမှာ မြို့မတည်ရသေးပါဘူး။
မဟာသမ္ဘဝလက်ထပ်ပြီးတော့ မိဖုရား(ဘုရင်မ)
နန်းခမ်းဟာ ရသေ့ပြည်ကို မဟာသမ္ဘဝကို
လွှဲအပ်ပြီး မင်းပြုစေလိုက်ပါတယ်။
မဟာသမ္ဘဝ ကံတော်ကုန်တော့ ညီဖြစ်တဲ့ စူဠသမ္ဘဝ
က ရသေ့ပြည်ကို ဆက်လက် အုပ်ချုပ်မင်းပြု
ပြီးတဲ့နောက်မှာ သာသနာနှစ်ဟာ ၁၀၁ နှစ်။
BC 443 ကို ရောက်လာခဲ့ပါပြီ။
အဲဒီနှစ်မှာ ဒွတ္တဘောင် ဟာ ရသေ့မြို့ကို
စွန့်လွှတ်ပြီး မြို့သစ်တည်ပါတယ်။
သာသနာ ၁၀၁ နှစ်၊ BC 443 မှာ ဒွတ္တဘောင်ဟာ
သရေခေတ္တရာမြို့ကို စတင်တည်ထောင်ပြီး
တကောင်းမျိုး သရေခေတ္တရာ မင်းဆက်ကို စတင်
ပါတယ်။ ဒါက သရေခေတ္တရာခေတ် ရဲ့ အစ။

မြတ်စွာဘုရားလက်ထက်တော်က
ဝိဋဋူပဘေးကြောင့် ထွက်ပြေးလာရတဲ့ သာကီဝင်
မင်း ဓဇရာဇာ မလည်ကိုရောက်လာချိန်ကစပြီး
ဗုဒ္ဓသာသနာ့နွယ်ဝင်တွေ ဖြစ်နေခဲ့ပြီဖြစ်တဲ့
ပျူ  -သာကီယ တွေဟာ သရေခေတ္တရာမှာ မြို့သစ်
တည်ပြီး မင်းဆက်ထူထောင်တော့ ဒွတ္တဘောင်မင်း
ဟာ ဘုရား ၁၁ ဆူ တည်ခဲ့ပါတယ်။ ရဟန္တာတွေလည်းရှိခဲ့ပါတယ်။
ဒွတ္တဘောင် နန်းတက်တော့ သက်တော် ၃၅ နှစ်။ စည်းစိမ် ၇၅ နှစ်။
ဒွတ္တဘောင်နန်းတက်နှစ်ဟာ ဝေသာလီမှာ
(ဝဇ္ဇီတိုင်း= ယခု အိန္ဒိယအပိုင် အာသံပြည်နယ်)
ကာလာသောကမင်း အထောက်အပံ့နဲ့ ရှင်မဟာ
ယဿကို အမှူးပြုပြီး ရဟန္တာ ၇၀၀ နဲ့ ဒုတိယ
သင်္ဂါယနာတင်ပြီး နောက်တစ်နှစ် ဖြစ်ပါတယ်။
ဒွတ္တဘောင်ကနေ ၂၂ ဆက်မြောက်မင်းဖြစ်တဲ့
သုမုန္ဒရီမင်းလက်ထက်မှာ သက္ကရာဇ် ၆၂၄ ခုကို
အကြွင်း ၂ ခု ထားပြီး သက္ကရာဇ်ဖြိုပါတယ်။
သက္ကရာဇ်ဖြိုကိန်းရောက်ပါလျက် မဖြိုရင်
တိုင်းပြည်ဒုက္ခရောက်တတ်တာကြောင့် သုမုန္ဒရီ
မင်းဟာ အသက်နဲ့ရင်းပြီး သက္ကရာဇ် ဖြိုရတာပါ။
ဖြိုကိန်းကြုံပါလျက် သက္ကရာဇ်မဖြိုရင် တိုင်းပြည်
ဒုက္ခရောက်မယ်၊ ဘုရင် မသေဘူး။
ဖြိုရင် ဘုရင်သေမယ်၊ တိုင်းပြည်ဒုက္ခမရောက်ဘူး။
ဘုရင်ဟာ မိမိအသက်နဲ့ တိုင်းပြည် တစ်ခုခု
ရွေးရမှာဖြစ်ပါတယ်။
သုမုန္ဒရီမင်းဟာ တိုင်းပြည်ကို ရွေးချယ်လိုက်တာ
ကြောင့် သက္ကရာဇ်ဖြိုတဲ့နှစ်မှာပဲ ကံကုန်ပါတယ်။
အမူအကျင့် မကောင်းဘူးလို့ ရာဇဝင်မှတ်တမ်း
ထားရစ်ခဲ့ပေမယ့် တိုင်းပြည်မျက်နှာ ထောက်ထား
ခဲ့တဲ့ မင်းလို့ ဆိုရမှာပါ။
အဲဒီ သက္ကရာဇ်ဖြိုတဲ့ကာလဟာ သာသနာနှစ်
၆၂၄ ခု၊ AD 80 ဖြစ်ပါတယ်။
အဲဒီ AD 80 ဟာ ဖုနန်လို့ ခေါ်တဲ့ ကမ်ဘူးဂျားမှာ
နဂါးဘုရင်ရဲ့သမီး သောမနဲ့ညားတဲ့ အိန္ဒိယက
ထွက်ပြေးလာရတဲ့ စစ်ပြေးအုပ်စုထဲက ကောဒင်္ည
ဘုရင်စလုပ်ချိန်ပါ။ ကမ္ဘောဒီးယား ရာဇဝင်ဟာ
အဲဒီ ကာလမှ စတင်တာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား ရာဇဝင်စတင်တော့ မြန်မာနိုင်ငံ
မှာက သရေခေတ္တရာ ပျက်ခါနီးနေပါပြီ။
သာသနာနှစ် ၆၂၄ ခု၊ AD 80 မှာ သုမုန္ဒရီမင်း
ဖြိုကြွင်းခဲ့တာကနေစပြီး အတို ၂ ခု ထားခဲ့တဲ့
သက္ကရာဇ် ၂ ခုကနေစပြီး မြန်မာသက္ကရာဇ် စတင်
တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဒါမှ မဟုတ်လည်း အဲဒီ သက္ကရာဇ်ကို သရေခေတ္တရာ သက္ကရာဇ်လို့ ဆိုချင်ဆိုပေါ့။

ဒီတော့ သုမုန္ဒရီလက်ထက်က စတဲ့
မြန်မာသက္ကရာဇ် ၂ခု သည် AD 80 ဖြစ်ပါတယ်။
သုမုန္ဒရီမင်း ပြီးတဲ့နောက် တက်လာတာက
အတိတျာမင်း ဖြစ်ပါတယ်။
အတိတျာမင်းပြီးတော့ ညီတော် သုပညာ
လက်ထက်မှာ သရေခေတ္တရာ ပျက်စီးပါတယ်။
မြန်မာသက္ကရာဇ် ၁၆ နှစ်၊ AD 94 မှာ ပျက်စီးခဲ့တဲ့ သရေခေတ္တရာပြည်ကြီးဟာ မင်းနေပြည်တော်
အဖြစ် BC 443 ကနေ စတင်ရေတွက်ရင် နှစ်ပေါင်း
၅၃၇ နှစ် တည်တံ့ခဲ့ပါတယ်။
သရေခေတ္တရာပျက်တဲ့အခါ မင်းညီမင်းသား
ဘုရင့်ဆွေတော်မျိုးတော်တွေဟာ အုပ်စု ၃ စု ကွဲပြားစွာနဲ့ထွက်ပြေးကြရပါတယ်။
အဲဒီ ထွက်ပြေးတဲ့ အစုကို ပျူအုပ်စု၊ ကမ်းယံအုပ်စု၊
မြန်မာအုပ်စု ဆိုပြီး နောင်မှာ ခေါ်ဝေါ်ကြပါတယ်။
ထွက်ပြေးကြတုန်းကတော့ ငါတို့ဟာ ပျူဟေ့။
ငါတို့ဟာ ကမ်းယံဟေ့။ ငါတို့ဟာ မြန်မာဟေ့
လို့တော့ အမည်သတ်မှတ်ပြီး ထွက်ပြေးကြမှာ
မဟုတ်ပါဘူး။
အဲဒီလို ထွက်ပြေးကြတဲ့ အစုတွေဟာ တစ်စုက
သံတွဲကနေ တောင်စဉ်၇ခရိုင်ကို ခေါ်တဲ့ ကမ်းယံ
တွေဆီ ပြေးဝင်ခိုလှုံလို့ ၎င်းတို့ကို ကမ်းယံအစုလို့
နောင်မှာ ခေါ်ကြပြီး၊ စစ်ကိုင်း မကွေး သုနာပရန္တ
တိုင်းဘက် ထွက်ပြေးခိုလှုံသူတွေကို ရှေ့ကပင်
ကံရာဇာကြီးသား မုဒုစိတ္တမင်းပြုရာအရပ်ဖြစ်တဲ့
ဒေသက ပျူ လို့ ခေါ်ဝေါ်ဆဲ ဒေသခံတွေက
လက်ခံလိုက်တာကြောင့် ပျူ  အုပ်စုလို့ ခေါ်ဝေါ်
လိုက်ကြပုံပါ။ ဒါက လူမျိုးကွဲသွားတာ မဟုတ်ဘဲ
လုမျိုးတစ်မျိုးထဲကပဲ ထွက်ပြေးခိုလှုံရာ ဒေသရဲ့
ဒေသိယ အမည်တွေ ဖြစ်ကုန်တာပါ။

ပြေးကြတဲ့ ၂စုဖြစ်တဲ့ ကမ်းယံအမည် ပျူအမည်
ဖြစ်ကုန်သူတွေဟာ စစ်ဖြစ်ကြပါတယ်။
ကမ်းယံတွေ ပြေးပြန်တော့ ပျူအချင်းချင်း စစ်ဖြစ်
ကြပြန်ရာက ပျူတွေ ၃ စု ထပ်ကွဲတာမှာ
အဲဒီ သုနာပရန္တ တိုင်းထဲမှာတင် ဖြစ်ပါတယ်။
အဲဒီလို ပြည်တွင်းစစ်ကြီးဖြစ်ပြီး တိုင်းပြည်ပြိုကွဲ
အချင်းချင်း စစ်တိုက်ကြချိန်မှာ မွန်တွေကလည်း
တိုက်တယ် ဆိုပါတယ်။ အဲဒီတုန်းကတော့
မွန်လို့မခေါ်သေးဘူးထင်ပါတယ်။ ညောင်ရမ်း
ခေတ်နှောင်းလောက်မှ မွန်လို့ စ ခေါ်ပုံပါ။
အဲဒီ မွန်တွေ ဘယ်ကလာလဲဆိုရင် ကမ္ဘောဒီးယား
ရာဇဝင် အစကလို အိန္ဒိယကနေ အာရိယန်တွေကို
စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ တလိုင်း စစ်ပြေးဒုက္ခ
သည်တွေပဲ ဖြစ်ပါတယ်။ သရေခေတ္တရာ ပျူ - သာကီယ မင်းတွေဆီ ထွက်ပြေး ခိုလှုံလာပြီးမှ
တိုင်းပြည်ပြိုကွဲချိန်မှာ ပျူ -သာကီယတွေရဲ့ မြို့
တွေကို အခွင့်ကောင်းယူပြီး အပို်င်စီးကြတာပါ။
ဒါဟာ အပြစ်တော့ မဟုတ်ပါဘူး။ အဲဒီကာလ
တွေဆိုတာက ညံ့တဲ့သူ ခံစတမ်းခေတ်ပါ။
ကမ္ဘောဒီးယားရောက်သွားတဲ့ တလိုင်းတွေကတော့
ဘုရင်သောမကို မျက်လှည့်အတတ်နဲ့ သိမ်းသွင်း
ပြီး သိမ်းပိုက်လိုက်လို့ သာသာယာယာ ဘုရင်
ဖြစ်လာတာပါ။ ဒီဘက် မြန်မာနိုင်ငံထဲမှာတော့
အဲဒီလောက်မလွယ်ပါဘူး။ တလိုင်းတွေ အဲဒီလို
လုပ်တာ ပုဂံပြိုကွဲစဉ်က တစ်ကြိမ်၊ တောင်ငူ
ပြိုကွဲစဉ်က တစ်ကြိမ်ရှိသေးတယ်ဆိုတာ ရာဇဝင်
မှာ အထင်အရှားပါ။
ဒီတော့ မြန်မာနိုင်ငံဒေသထဲကို တလိုင်းတွေဟာ
အသောက လက်ထက် BC 3 ရာစု လောက်
ကတည်းက ထွက်ပြေးလာပြီး ခိုလူံနေကြတာ
အသေအချာပါပဲ။ နိုင်ငံ ထူထောင်နိုင်တဲ့ အဆင့်
မရောက်သေးသလို ပျူ -သာကီယတွေ အားကောင်း
နေချိန်မှာ ကမ္ဘောဒီးယားက ၎င်းတို့လို စစ်ပြေး
ဒုက္ခသည် ကောဒင်္ညကို အားကျနေမှာ အသေ
အချာပါပဲ။ သရေခေတ္တရာပြိုကွဲတော့
ပျူ - သာကီယတွေ တည်တဲ့ မြို့ပြတွေအပေါ်
အဆင်သင့် တက်ထိုင်ပြီး တောမီးလောင်
တောကြောင် လက်ခမောင်း ခတ်ကြမှာပါပဲ။
အဲဒီကာလ တလိုင်းတွေကို ဘယ်လိုခေါ်မယ်
တော့ မသိနိုင်ဘူးပေါ့။ အဲဒီလို နိုင်ငံတော် ပြိုကွဲ
ချိန်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ကြပေမယ့်
တလိုင်းတွေ ရာဇဝင်တွင်ရစ်အောင် နိုင်ငံတော်
ထူထောင်နိုင်တဲ့ အဆင့်မရောက်ခဲ့တာကြောင့်
ရာဇဝင်မှာ အဲဒီကာလ တလိုင်းတွေရဲ့ အခန်း
ကဏ္ဍ ထင်ရှားစွာ မပါဝင်တာဖြစ်တာပါ။

အဲဒီဧရာဝတီမြစ် အနောက်ဘက်ကို ထွက်ပြေး
ကြသူ ပျူ - သာကီယ မင်းမျိုး ၂ စုဟာ ကမ်းယံတွေ ပျူတွေ ဖြစ်ကုန်ကြပေမယ့် ဧရာဝတီမြစ် အရှေ့
ဘက်အတိုင်း ထွက်ပြေးကြသူ တစ်စုကတော့
သုပညာမင်းရဲ့တူ သမုဒ္ဒရာဇ် ဖြစ်ပြီး ၎င်းတို့ဟာ ပျူတွေ ကမ်းယံတွေ အချင်းချင်း စစ်ဖြစ်နေကြချိန်
ယုန်လွှတ်ကျွန်းအရပ်မှာ သိုသိပ်စွာရောက်ရှိနေပြီး
သရေခေတ္တရာ ပျက်အပြီး ၁၃ နှစ်အကြာ မြန်မာ
သက္ကရာဇ် ၂၉ ခု၊ AD 107 မှာ စုစည်းထားတဲ့
ပျူ  ၁၉ ရွာကို စုပေါင်းပြီး မြန်မာဆိုတဲ့ အမည်သစ်နဲ့
လူမျိုးအသစ် တိုင်းပြည်အသစ် စတင် ထူထောင်
ပါတော့တယ်။ ဒါဟာ သရေခေတ္တရာ အပျက်မှာ
တကွဲတပြား ထွက်ပြေးကြတဲ့ အုပ်စု ၃ စု ထဲက
မြန်မာ ဖြစ်လာတဲ့ သမုဒ္ဒရာဇ် အုပ်စုပဲဖြစ်ပါတယ်။
ရာဇဝင်မှာ မှတ်တမ်းတင်ထားတဲ့ ပန်းတောင်း
သက်သာ ၆ နှစ်တို့၊ မင်းတုန်း ၃ နှစ်တို့က
ဧရာဝတီမြစ် အနောက်ဘက်ခြမ်းကို ထွက်ပြေးပြီး
သုနာပရန္တထဲ ခိုလှုံသွားတဲ့ ပျူ  အမည်ဖြစ်သွားတဲ့
အုပ်စုနဲ့သာ ဆိုင်တာပါ။
ဧရာဝတီမြစ် အရှေ့ခြမ်းအတိုင်း ထွက်ပြေးကြတဲ့
သုပညာတူ သမုဒ္ဒရာဇ်တို့နဲ့ မဆိုင်ပါဘူး။
အဲဒီ သနာပရန္တဧရာဝတီမြစ်အနောက်ဘက်က
ပျူ  ဖြစ်သွားသူ အုပ်စု ပန်းတောင်း သက်သာ
ကနေ ကမ်းယံအစုတွေ လာတိုက်ပြန်တာကြောင့်
မင်းတုန်းကို ပြောင်းပြီးနေတာ ၃ နှစ်ကြာချိန်ကျမှ
ယုတ်လွှတ်ကျွန်း ရောက်နေတဲ့ သမုဒ္ဒရာဇ်ဟာ
ပျူ  ၁၉ရွာကို စုစည်းပြီးလို့ နိုင်ငံတည်ထောင်တာ
ဖြစ်ပါတယ်။ အဲဒီ သုနာပရန္တဘက် ခိုလှုံသူ ပျူ
အမည်ဖြစ်သွားသူအစုဟာ အချင်းချင်း စစ်ဖြစ်ကြ
ပြန်တာမှာ နောက်ထပ် ၃ စုကွဲသွားတော့
ထပ်မံခိုလှုံရာအပေါ် မူတည်ပြီး ကျပင်း၊ သက်၊
တောင်ညို ဆိုပြီး အုပ်စု ၃ စု ထပ်မံကွဲသွားပြန်ပြီး
တောင်ညိုအုပ်စုဟာ သမုဒ္ဒရာဇ်ထီးနန်းမတည်
ထောင်မီ ၃ နှစ်မှာ မင်းတုန်းကို တည်ထောင်ပြီး
နေကြတာဖြစ်ပါတယ်။

သရေခေတ္တရာက သကျသာကီမျိုး ပျူ -သာကီ
တွေဟာ ယခင်က အမည် တစ်မျိုးထဲဖြစ်သော်
ငြားလည်း သရေခေတ္တရာ ပျက်ချိန် ၃အုပ်စုကွဲ
ထွက်ပြေးချိန်မှာ ဧရာဝတီမြစ် အနောက်ဘက် ပြေးကြတဲ့ အုပ်စု ၂စုဟာ ၎င်းတို့ ထွက်ပြေး
ခိုလှုံရာ အရပ်ဒေသ အလိုက် ကမ်းယံ ပျူ  သက်
ကျပင်း တောင်ညို စသည်တို့ ဖြစ်ကုန်ကြပေမယ့်
ဧရာဝတီမြစ် အရှေ့ဘက်ကနေ ထွက်ပြေးကြသူ
သမုဒ္ဒရာဇ် ဦးဆောင်တဲ့ အုပ်စုကတော့ မည်သူ့
ထံမှ မခိုလှုံဘဲ အခြားအုပ်စုတွေ အချင်းချင်း
စစ်ဖြစ်နေကြချိန်မှာ ယုန်လွှတ်ကျွန်းမှာ အခြေ
စိုက်ပြီး ပျူ  ၁၉ ရွာကို စုစည်း အုပ်ချုပ်ရင်း
အင်အား ဖြည့်တင်းနေခဲ့ကြပါတယ်။
ဒီလိုနဲ့ နောက် ၁၃ နှစ်ကြာချိန်မှာတော့
သရေခေတ္တရာကနေ ၃စုကွဲပြီး ထွက်ပြေးလာတဲ့
အထဲကမှ မြန်မာ ဖြစ်လာမယ့် အုပ်စုဟာ
ယုန်လွှတ်ကျွန်းမှာ ထီးနန်းစိုက် တိုင်းပြည်တည်ပြီး
မြန်မာအမည်သစ်နဲ့ ပျူ  -သာကီ သမုဒ္ဒရာဇ်မင်းက
စတင်ပြီး နောင်မှာ အင်ပါယာကြီးဖြစ်လာမယ့်
ပုဂံကို စတင်ထူထောင်ပါတော့တယ်။
ကမ်းယံတွေဆီကို ထွက်ပြေးခိုလှုံပြီး ကမ်းယံဖြစ်
လာသူတွေကို ကမ်းယံတစ်စု၊ ပျူတွေဆီကို ထွက်ပြေးခိုလှုံပြီး မူလအမည်မပြောင်းမလဲ နေ
သူတွေကို ပျူ  တစ်စု(နောင်တွင် ပျူ  သက် ကျပင်း
တောင်ညို ဟု ထပ်ကွဲ)၊ မြန်မာအဖြစ် အမည်သစ်
ဖြင့် ပေါ်ထွန်းလာမယ့် သူတွေကို မြန်မာတစ်စု
အဖြစ် နှောင်းမှသာ မှတ်တမ်းတင်ခဲ့ကြ
တာဖြစ်ပါတယ်။
မြန်မာအဖြစ်၊ မြန်မာနိုင်ငံအဖြစ်၊ မြန်မာသည် လူမျိုးတစ်မျိုးအဖြစ်၊ အင်ပါယာကြီးတွေ ထူထောင်
တော့မယ့် ပျူ -သာကီ သမုဒ္ဒရာဇ်မင်း ဦးဆောင်တဲ့
အစုဟာ မည်သည့် ရှိနှင့်ပြီးသူများထံသို့မှ ခိုလှုံ
ဝင်ရောက်၍ ၎င်းတို့၏ ဒေသိယ အမည်များကို မခံယူဘဲ၊  မိမိတို့ဘာသာ အမည်သစ်တစ်ခုဖြင့် မြန်မာ ဟူသောအမည်ကို ကိုယ်တိုင်ခံယူ
လိုက်ကြတာ ဖြစ်ပါတယ်။

ဒီတော့ မြန်မာဘုရင်တွေရဲ့ ရာဇဝင်အစ ကနဦး
အမြုတေဟာ တကောင်းကို ရောက်လာပြီး
တိုင်းပြည်ထူထောင်တဲ့ သာကီဝင်အဘိရာဇာ
ကစပြီး ဒေသခံပျုတွေနဲ့ ပေါင်းဖက် မျိုးဆက်ပွား
ခဲ့ကြတာကြောင့် မြန်မာအစတကောင်းက ဟူသည်
မှန်ကန်သည့် ဆိုစမှတ် ဖြစ်ပင်ငြားသော်လည်း၊
မြန်မာဟူသော အမည်မှာကား သရေခေတ္တရာ
ပျက်အပြီးမှ ယုန်လွှတ်ကျွန်းတွင် သမုဒ္ဒရာဇ်မင်း
ပျူ  ၁၉ ရွာအား စုစည်း၍ တည်ထောင်သည်မှသာ
စတင် ပေါ်ပေါက်လာခဲ့သည် ဖြစ်ပါတယ်။
သရေခေတ္တရာမှ ထွက်ပြေးလာသူများ ပျူ  ကမ်းယံ
သက် ကျပင်း တောင်ညို စသဖြင့် ဒေသိယ
အလိုက် အမည်များ ပြောင်းလဲ(နောင်အခါ ဒေသိယအမည်မှ  လူမျိုးအမည်ဖြစ်လာ)
သွားသော်လည်း မြန်မာဖြစ်လာမည့်သူများမှာ
မည်သည့်လွှမ်းမိုးမှုမျှ မခံဘဲ ကိုယ်ပိုင် အမည်
သစ်ဖြင့် မြန်မာ ဟူ၍ ယုန်လွှတ်ကျွန်းမှ
စတင်ခဲ့သည်ဖြစ်တာပါ။
သရေခေတ္တရာ မပျက်မီ အထိ မြန်မာ ဟူသော
အမည် မပေါ်ပေါက်သေးပါဘူး။
သရေခေတ္တရာ ပျက်၍ နိုင်ငံတော်ပြိုကွဲသည်
တွင်မှ မူလ ပျူ  - သာကီ လူမျိုးတို့သည် ၁၃ နှစ်ကြာ
အင်အားစုစည်းပြီးနောက် မြန်မာ ဟူသော အမည်သစ်ဖြင့် ယုန်လွှတ်ကျွန်းမှာ သမုဒ္ဒရာဇ်
မင်းက ဦးဆောင်၍ စတင်ပေါ်ပေါက်လာခြင်း
ဖြစ်ပါတယ်။
သို့ဖြစ်ရာ ပထမတကောင်း၊ ဒုတိယတကောင်း
သရေခေတ္တရာ စတဲ့ ပျူ-သာကီ ရှေ့ မျိုးဆက်တို့
သည် မြန်မာသက္ကရာဇ် ၂၉ ခု၊ AD 107 ၌ မြန်မာအမည်သစ်ဖြင့် ပေါ်ထွန်းလာသည့် မြန်မာ
နိုင်ငံတော်သား နောင်အခါ လူမျိုးအမည် တွင်လာ
မည့် ဘိုးဘေး အစဉ် အဆက်အနွယ်(ဝါ)
ပျူ  - သာကီ များ(အကျိုးဆက်၏အကြောင်းများ) ဖြစ်ကြသော်လည်း၊
ပထမ မြန်မာနိုင်ငံတော်သည်
(ပျူ -သာကီ များပင်ဖြစ်သည့်) သမုဒ္ဒရာဇ် မင်း
လက်ထက်မှာ စတင်သည်ဟု သတ်မှတ်ရမှာ
ဖြစ်ပါတယ်။
အဲဒီ မြန်မာတွေဟာ ပထမတကောင်း ဒုတိယ
တကောင်းနဲ့ သရေခေတ္တရာက ပျူ  -သာကီ များ
လည်းပဲ ဖြစ်ပြန်ပါတယ်။
ဒါကြောင့်
မြန်မာသက္ကရာဇ် ၂၉ ခု၊ AD 107 ရှေ့ပိုင်းကို
ပျူ  ခေတ်လို့ သတ်မှတ်ပြီး၊ နောက်ပိုင်းကို
မြန်မာခေတ်အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ဒီတော့
ပထမ မြန်မာနိုင်ငံတော်၏ ပထမဆုံးမင်းသည်
ပထမတကောင်း၊ ဒုတိယတကောင်း၊ သရေ
ခေတ္တရာ စသည့် မင်းစဉ်မင်းဆက် အဆက်အနွယ်
ပျူ  - သာကီယ မျိုး သရေခေတ္တရာ၏ နောက်ဆုံး
မင်းဆက် သုပညာ၏ တူ သမုဒ္ဒရာဇ်မင်း
သာလျှင်ဖြစ်ပါတယ်။
ပထမ မြန်မာနိုင်ငံတော်ကို မြန်မာဟူသော အမည်
သစ်ဖြင့် စတင်ထူထောင်ခဲ့တဲ့ သမုဒ္ဒရာဇ်မင်း
နောက်မှာတော့ မြန်မာဆိုတာ ပီပြင်စွာဖြစ်ပေါ်
လာပြီး ပျူ  - သာကီ မျိုးသည် မြန်မာအဖြစ်နဲ့
နိုင်ငံတော်တည်ထောင်ခမ်းနားထည်ဝါခဲ့တာဟာ၊
AD 107 ကနေ တရားဝင် စတင်ခဲ့တဲ့ ပထမ မြန်မာ
နိုင်ငံတော်သည် AD 1288 အထိ နှစ်ပေါင်း
1181 နှစ်ကြာအောင် မင်းပေါင်း ၅၅ ဆက်ဖြင့် တည်တံ့ခဲ့ပါတယ်။
သို့ဖြစ်တာကြောင့်  အတိအကျဆိုရရင်-

"မြန်မာရာဇဝင်အစ တကောင်းက"
"မြန်မာနိုင်ငံတော်အစ ယုန်လွှတ်ကျွန်းက"

လို့ ဆိုရမည်သာ ဖြစ်ကြောင်းပါ။

ဒါကြောင့် အနော်ရထာဟာ ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်သူ
ဖြစ်တယ်ဆိုတာကို လက်မခံပါဘူူး။
အနော်ရထာဟာ ပြန်လည် ကျဉ်းမြောင်းသွားတဲ့
ပထမမြန်မာနိုင်ငံတော်ကို အင်ပါယာကြီးဖြစ်အောင်
ပြန်လည်စွမ်းဆောင်ပြီး သာသနာတော်
တဖန်ပြန်လည် ထွန်းပအောင် စွမ်းဆောင်ခဲ့တဲ့
သာသနာပြု မင်းကောင်းမင်းမြတ်တစ်ပါး
ဖြစ်ပါတယ်။

ဒါက-
ရာဇဝင်ကို သုတေသနပြုလုပ်ပြီး
ထွက်ပေါ်လာတဲ့ ရလဒ်
"ပထမ မြန်မာနိုင်ငံတော်စစ်တမ်း"
ဖြစ်ပါတယ်။
…………………………………………………။
ကိုး-
မဟာရာဇဝင်ကြီး၊ တွင်းသင်း၊ မှန်နန်း။
history of cambodia.
……………………………………။
ပုံစာ - ရာဇဝင်၌ မြန်မာဟူသော အမည်သစ်ကို
ပထမဆုံးဖော်ပြပါရှိသည့် မြန်မာအစုဟု သတ်မှတ်
သော သရေခေတ္တရာမင်းဆက် သုပညာ၏တူ
ပျူ -သာကီယ သမုဒ္ဒရာဇ်(သမုတိရစ်)မင်း စတင်
ထူထောင်သော ပထမမြန်မာနိုင်ငံတော်၏
နန်းတော်ရာနေရာ။

No comments:

Post a Comment