Wednesday, September 25, 2019

အပိုင္း (၁)
"ေက်ာက္စာကို ပစ္ပယ္၍
တိုင္းျခားသူတို့အလိုမူ လိုက္ရမည္ေလာ"
(ဓမၼရာဇိက ဘုရား ေက်ာက္စာ ေလ့လာခ်က္)
[လႏၵက]
…………………………………………………………။

ယေန့ေခတ္ကာလ၌ ပုဂံအင္ပါယာ၏
အက်ယ္အဝန္းကို တိုင္းျခားသမိုင္းဆရာ
တို့၏ အလိုအတိုင္း ေဖာ္ျပၾကရာတြင္ ပုဂံအင္ပါယာ
၏ အက်ယ္အဝန္းသည္ ပုဂံႏွင့္အနီးအနား
ပတ္ခ်ာလည္ေလာက္သာ ေဖာ္ျပထားျပီး
မဟာပုဂံသည္ အင္ပါယာမဟုတ္ သာမန္မင္းဆက္
အုပ္စိုးရာ နယ္ေျမငယ္တစ္ခုသဖြယ္ ေရးသား ေျပာ
ဆိုေနၾကေပသည္။ မ်ားစြာ စိတ္ပ်က္ဖြယ္ရာပင္။
အေနာ္ရထာလက္ထက္မွသည္ နရသီဟပေတ့
အထိ ႏွစ္ေပါင္း ၂၆၇ ႏွစ္ၾကာ တည္တ့ံခဲ႔သည္
မဟာပုဂံအင္ပါယာႀကီးသည္ ဆက္ခံသူမင္းတို့၏
အရည္အခ်င္းအေပၚ မူတည္၍ ပိုင္နက္နယ္ပယ္
တိုးပြားသည္/ယုတ္ေလ်ာ့သည္ ျဖစ္ခဲ႔မည္မွာ
မလြဲဧကန္ျဖစ္ေသာ္ျငားလည္း တိုင္းျခားသား
သမိုင္းဆရာတို့ ေဖာ္ျပသည္ကဲ႔သို့ ပုဂံႏွင့္ပတ္လည္
နယ္ေျမအနည္းငယ္ေလာက္သာ မဟုတ္သည္
ကေတာ့ အမွန္ပင္ျဖစ္ေပသည္။ သို့ျဖစ္ရာ
မဟာပုဂံအင္ပါယာ ျမန္မာႏိုင္ငံေတာ္ႀကီး၏
အက်ယ္အဝန္းႏွင့္ပတ္သက္၍ ေက်ာက္စာ
သက္ေသရွိသည့္ နရပတိစည္သူမင္း၏ ေကာင္းမႈ
ေတာ္ ဓမၼရာဇိကဘုရား ေက်ာက္စာအရ
နရပတိစည္သူမင္း (ဘုရားတည္ျပီးကာလ)
ပိုင္ဆိုင္သည့္ ပုဂံအင္ပါယာ၏ အက်ယ္အဝန္းကို
ေလ့လာဆန္းစစ္သံုးသပ္ ေဖာ္ထုတ္သြားမည္
ျဖစ္ေပသည္။ မဟာပုဂံအင္ပါယာ၏ အက်ယ္
အဝန္းသည္ တိုင္းျခားသားတို့ ေျပာသေလာက္
သာလ်ွင္ ဟုတ္ပါသလား။ မဟုတ္ပါေပ။
မဟုတ္ေၾကာင္းကို ေက်ာက္စာအေထာက္အထား
ကို မူတည္၍ ရႏိုင္သမ်ွအခ်က္အလက္မ်ားျဖင့္
ေရးသားတင္ျပသြားမည္ျဖစ္ေပသည္။
…………………………………………………………။
ဓမၼရာဇိက ဘုရားကို နရပတိစည္သူမင္းႀကီးသည္
နန္းတက္ျပီး ၂၂ ႏွစ္အၾကာ၊ သကၠရာဇ္ ၅၅၈ ၌ တည္လုပ္ေတာ္မူသည္။
ခရစ္ႏွစ္အားျဖင့္ AD 1196 ၌ျဖစ္သည္။ ၅၆၀ ၌ ျပီးသည္ဟုဆိုရာ ၂ ႏွစ္ၾကာတည္လုပ္ရ၏။
ဘုရာျပီးသည္ေနာက္ ေက်ာက္စာေရးထိုး မွတ္တမ္း
တင္ခဲ့သည္ျဖစ္သည္။ ထိုေက်ာက္စာ၌ နရပတိ
စည္သူမင္းသည္ ၎လက္ထက္ ႏိုင္ငံေတာ္
အက်ယ္အဝန္းကို ေရးထိုးခဲ႔၏။
ထိုေရးထိုးခဲ႔သည့္ အထဲမွ မဟာပုဂံအင္ပါယာ၏
ေတာင္ဘက္နယ္နိမိတ္ကို အစဦးစြာေလ့လာ
တင္ျပသြားမည္ျဖစ္၏။
ေက်ာက္စာ၏ ေၾကာင္းေရ(၇) ၌ -
ႏိုင္ငံေတာ္၏ ေတာင္ဘက္ နယ္နိမိတ္ကို
ထားဝယ္၊ တနသၤာရီ၊ သလင္ေၾက မွ စသျဖင့္
အဆံုးတြင္ "လႏၵက"တိုင္ေအာင္ ဟု ေရးထိုး
မွတ္တမ္းတင္ေဖာ္ျပထား၏။
သို့ျဖစ္ရာ ေနာက္ဆံုး ေဖာ္ျပသည့္ "လႏၵက" အရပ္
ေဒသသည္ မည္သည့္ အရပ္ေဒသျဖစ္ပါသနည္း။
ျမန္မာရာဇဝင္တို့သည္ကား အမွန္ကိုပင္ ဆိုခဲ႔
ၾက၏။ နရပတိစည္သူမင္းသည္ သီရိဝိဇယ
(ယခုေခတ္ အင္ဒိုနီးရွား) မင္း၏သားေတာ္အား
ရဟန္းခံေပးခဲ႔သည္ဟု ရာဇဝင္မွတ္တမ္း ရွိေလ
သည္။
ယခုအေခၚ အင္ဒိုနီးရွား ႏိုင္ငံနယ္နိမိတ္အတြင္း၌
အင္ဒိုတို့က Wawo Landaka (ဝါဝို လႏၵက) ဟု ေခၚသည့္အရပ္ေဒသ တစ္ခုရွိသည္။
ထိုေဒသသည္ အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝစီ
ျပည္နယ္အတြင္း၌ တည္ရွိ၏။ ၎အရပ္၌
အျမင့္ ၃၆၈ မီတာရွိေသာ "လႏၵက" ေတာင္သည္
ထင္ရွားသည့္ ေတာင္ျဖစ္ေလသည္။
ေျမပံုအရအားျဖင့္ အင္ဒိုနီးရွားႏိုင္ငံ၏ အေရွ႕
ေတာင္ဘက္ အစြန္းဘက္တြင္ တည္ရွိသည့္
အရပ္ေဒသ တစ္ခုလည္း ျဖစ္ေပသည္။
နရပတိစည္သူမင္းႀကီးသည္ ပိုင္နက္ နယ္ပယ္
မ်ားႏွင့္ ၾသဇာသက္ေရာက္ရာ အရပ္ေဒသမ်ားသို့
တိုင္းခန္းလွည့္လည္ခဲ႔၏။ ျမန္မာရာဇဝင္တို့၌
နရပတိစည္သူမင္းႀကီး မလႅာယု သို့ ေရာက္သည္
ဟု ထြက္ဆိုသည္။ မလႅာယုသည္ ထိုစဥ္အခါက
သုဝဏၰဒီပ ျဖစ္သည္။
နရပတိစည္သူမင္းႀကီး၏ ေကာင္းမႈေတာ္
ဓမၼရာဇိကဘုရား ေက်ာက္စာအရမူ ၎လက္ထက္
ႏိုင္ငံေတာ္၏ အက်ယ္အဝန္းအား ျပဆိုရာ၌
ေတာင္ဘက္နယ္နိမိတ္ အဆံုးသည္ "လႏၵက"
ျဖစ္ေပသည္။ ထို လႏၵက(Landaka) မွာ
(ယခုအခါ) အင္ဒိုနီးရွားႏိုင္ငံ၏ အေရွ႕ေတာင္ဘက္ နယ္နိမိတ္အဆံုးက ဆူလာေဝစီျပည္နယ္၌
တည္ရွိသည္ျဖစ္ရာ ဓမၼရာဇိက ဘုရားေက်ာက္စာ၊
ရာဇဝင္အေထာက္အထား၊ လက္ရွိေျမျပင္
တည္ရွိေနမႈတို့အရ နရပတိစည္သူမင္းႀကီး
လက္ထက္ မဟာပုဂံအင္ပါယာ၏ ေတာင္ဘက္
ပိုင္နက္နယ္ေျမသည္ မလႅာယုႏွင့္ စူမားၾတား က်ြန္းဆြယ္ က်ြန္းစု အားလံုး(သုဝဏၰဒီပႏွင့္သီရိ
ဝိဇယႏိုင္ငံအားလံုး) ပါဝင္သည္ဟု မွတ္ယူရ
မည္သာျဖစ္ေပသည္။
သို့ျဖစ္ရာ ဓမၼရာဇိကဘုရား ေက်ာက္စာမွ ထားဝယ္
တနသၤာရီ တို့ကို ေက်ာ္လြန္၍ အစဥ္အတိုင္း
အဆံုး၌ "လႏၵက" တိုင္ေအာင္ဟု ေဖာ္ျပထားသည္
မွာ မဟာပုဂံ၏ ေတာင္ဘက္ပိုင္နက္ အျဖစ္
အင္ဒိုနီးရွားႏိုင္ငံအဆံုး ဆူလာေဝစီက်ြန္းအထိ
ျဖစ္သည္ဟု ဆိုသည္မွာ အမွန္ပင္ ျဖစ္ေတာ့
ေပသည္။
ႏိုင္ငံက်ယ္ျခင္း အထုကား ႀကီးမားေပစြ။
……………………………………………………………။
ပံုစာ -
၁/ ဓမၼရာဇိကဘုရား ေက်ာက္စာမွ "လႏၵက"
(ဦးျငိမ္းေမာင္ဖတ္ခ်က္)
၂/ အင္ဒိုနီးရွားႏိုင္ငံ ဆူလာေဝစီက်ြန္းက
Landaka(လႏၵက) ေဒသ။

…………………………………………………………

အပိုင်း (၁)
"ကျောက်စာကို ပစ်ပယ်၍
တိုင်းခြားသူတို့အလိုမူ လိုက်ရမည်လော"
(ဓမ္မရာဇိက ဘုရား ကျောက်စာ လေ့လာချက်)
[လန္ဒက]
…………………………………………………………။
ယနေ့ခေတ်ကာလ၌ ပုဂံအင်ပါယာ၏
အကျယ်အဝန်းကို တိုင်းခြားသမိုင်းဆရာ
တို့၏ အလိုအတိုင်း ဖော်ပြကြရာတွင် ပုဂံအင်ပါယာ
၏ အကျယ်အဝန်းသည် ပုဂံနှင့်အနီးအနား
ပတ်ချာလည်လောက်သာ ဖော်ပြထားပြီး
မဟာပုဂံသည် အင်ပါယာမဟုတ် သာမန်မင်းဆက်
အုပ်စိုးရာ နယ်မြေငယ်တစ်ခုသဖွယ် ရေးသား ပြော
ဆိုနေကြပေသည်။ များစွာ စိတ်ပျက်ဖွယ်ရာပင်။
အနော်ရထာလက်ထက်မှသည် နရသီဟပတေ့
အထိ နှစ်ပေါင်း ၂၆၇ နှစ်ကြာ တည်တ့ံခဲ့သည်
မဟာပုဂံအင်ပါယာကြီးသည် ဆက်ခံသူမင်းတို့၏
အရည်အချင်းအပေါ် မူတည်၍ ပိုင်နက်နယ်ပယ်
တိုးပွားသည်/ယုတ်လျော့သည် ဖြစ်ခဲ့မည်မှာ
မလွဲဧကန်ဖြစ်သော်ငြားလည်း တိုင်းခြားသား
သမိုင်းဆရာတို့ ဖော်ပြသည်ကဲ့သို့ ပုဂံနှင့်ပတ်လည်
နယ်မြေအနည်းငယ်လောက်သာ မဟုတ်သည်
ကတော့ အမှန်ပင်ဖြစ်ပေသည်။ သို့ဖြစ်ရာ
မဟာပုဂံအင်ပါယာ မြန်မာနိုင်ငံတော်ကြီး၏
အကျယ်အဝန်းနှင့်ပတ်သက်၍ ကျောက်စာ
သက်သေရှိသည့် နရပတိစည်သူမင်း၏ ကောင်းမှု
တော် ဓမ္မရာဇိကဘုရား ကျောက်စာအရ
နရပတိစည်သူမင်း (ဘုရားတည်ပြီးကာလ)
ပိုင်ဆိုင်သည့် ပုဂံအင်ပါယာ၏ အကျယ်အဝန်းကို
လေ့လာဆန်းစစ်သုံးသပ် ဖော်ထုတ်သွားမည်
ဖြစ်ပေသည်။ မဟာပုဂံအင်ပါယာ၏ အကျယ်
အဝန်းသည် တိုင်းခြားသားတို့ ပြောသလောက်
သာလျှင် ဟုတ်ပါသလား။ မဟုတ်ပါပေ။
မဟုတ်ကြောင်းကို ကျောက်စာအထောက်အထား
ကို မူတည်၍ ရနိုင်သမျှအချက်အလက်များဖြင့်
ရေးသားတင်ပြသွားမည်ဖြစ်ပေသည်။
…………………………………………………………။
ဓမ္မရာဇိက ဘုရားကို နရပတိစည်သူမင်းကြီးသည်
နန်းတက်ပြီး ၂၂ နှစ်အကြာ၊ သက္ကရာဇ် ၅၅၈ ၌ တည်လုပ်တော်မူသည်။
ခရစ်နှစ်အားဖြင့် AD 1196 ၌ဖြစ်သည်။ ၅၆၀ ၌ ပြီးသည်ဟုဆိုရာ ၂ နှစ်ကြာတည်လုပ်ရ၏။
ဘုရာပြီးသည်နောက် ကျောက်စာရေးထိုး မှတ်တမ်း
တင်ခဲ့သည်ဖြစ်သည်။ ထိုကျောက်စာ၌ နရပတိ
စည်သူမင်းသည် ၎င်းလက်ထက် နိုင်ငံတော်
အကျယ်အဝန်းကို ရေးထိုးခဲ့၏။
ထိုရေးထိုးခဲ့သည့် အထဲမှ မဟာပုဂံအင်ပါယာ၏
တောင်ဘက်နယ်နိမိတ်ကို အစဦးစွာလေ့လာ
တင်ပြသွားမည်ဖြစ်၏။
ကျောက်စာ၏ ကြောင်းရေ(၇) ၌ -
နိုင်ငံတော်၏ တောင်ဘက် နယ်နိမိတ်ကို
ထားဝယ်၊ တနင်္သာရီ၊ သလင်ကြေ မှ စသဖြင့်
အဆုံးတွင် "လန္ဒက"တိုင်အောင် ဟု ရေးထိုး
မှတ်တမ်းတင်ဖော်ပြထား၏။
သို့ဖြစ်ရာ နောက်ဆုံး ဖော်ပြသည့် "လန္ဒက" အရပ်
ဒေသသည် မည်သည့် အရပ်ဒေသဖြစ်ပါသနည်း။
မြန်မာရာဇဝင်တို့သည်ကား အမှန်ကိုပင် ဆိုခဲ့
ကြ၏။ နရပတိစည်သူမင်းသည် သီရိဝိဇယ
(ယခုခေတ် အင်ဒိုနီးရှား) မင်း၏သားတော်အား
ရဟန်းခံပေးခဲ့သည်ဟု ရာဇဝင်မှတ်တမ်း ရှိလေ
သည်။
ယခုအခေါ် အင်ဒိုနီးရှား နိုင်ငံနယ်နိမိတ်အတွင်း၌
အင်ဒိုတို့က Wawo Landaka (ဝါဝို လန္ဒက) ဟု ခေါ်သည့်အရပ်ဒေသ တစ်ခုရှိသည်။
ထိုဒေသသည် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီ
ပြည်နယ်အတွင်း၌ တည်ရှိ၏။ ၎င်းအရပ်၌
အမြင့် ၃၆၈ မီတာရှိသော "လန္ဒက" တောင်သည်
ထင်ရှားသည့် တောင်ဖြစ်လေသည်။
မြေပုံအရအားဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့
တောင်ဘက် အစွန်းဘက်တွင် တည်ရှိသည့်
အရပ်ဒေသ တစ်ခုလည်း ဖြစ်ပေသည်။
နရပတိစည်သူမင်းကြီးသည် ပိုင်နက် နယ်ပယ်
များနှင့် သြဇာသက်ရောက်ရာ အရပ်ဒေသများသို့
တိုင်းခန်းလှည့်လည်ခဲ့၏။ မြန်မာရာဇဝင်တို့၌
နရပတိစည်သူမင်းကြီး မလ္လာယု သို့ ရောက်သည်
ဟု ထွက်ဆိုသည်။ မလ္လာယုသည် ထိုစဉ်အခါက
သုဝဏ္ဏဒီပ ဖြစ်သည်။
နရပတိစည်သူမင်းကြီး၏ ကောင်းမှုတော်
ဓမ္မရာဇိကဘုရား ကျောက်စာအရမူ ၎င်းလက်ထက်
နိုင်ငံတော်၏ အကျယ်အဝန်းအား ပြဆိုရာ၌
တောင်ဘက်နယ်နိမိတ် အဆုံးသည် "လန္ဒက"
ဖြစ်ပေသည်။ ထို လန္ဒက(Landaka) မှာ
(ယခုအခါ) အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့တောင်ဘက် နယ်နိမိတ်အဆုံးက ဆူလာဝေစီပြည်နယ်၌
တည်ရှိသည်ဖြစ်ရာ ဓမ္မရာဇိက ဘုရားကျောက်စာ၊
ရာဇဝင်အထောက်အထား၊ လက်ရှိမြေပြင်
တည်ရှိနေမှုတို့အရ နရပတိစည်သူမင်းကြီး
လက်ထက် မဟာပုဂံအင်ပါယာ၏ တောင်ဘက်
ပိုင်နက်နယ်မြေသည် မလ္လာယုနှင့် စူမားတြား ကျွန်းဆွယ် ကျွန်းစု အားလုံး(သုဝဏ္ဏဒီပနှင့်သီရိ
ဝိဇယနိုင်ငံအားလုံး) ပါဝင်သည်ဟု မှတ်ယူရ
မည်သာဖြစ်ပေသည်။
သို့ဖြစ်ရာ ဓမ္မရာဇိကဘုရား ကျောက်စာမှ ထားဝယ်
တနင်္သာရီ တို့ကို ကျော်လွန်၍ အစဉ်အတိုင်း
အဆုံး၌ "လန္ဒက" တိုင်အောင်ဟု ဖော်ပြထားသည်
မှာ မဟာပုဂံ၏ တောင်ဘက်ပိုင်နက် အဖြစ်
အင်ဒိုနီးရှားနိုင်ငံအဆုံး ဆူလာဝေစီကျွန်းအထိ
ဖြစ်သည်ဟု ဆိုသည်မှာ အမှန်ပင် ဖြစ်တော့
ပေသည်။
နိုင်ငံကျယ်ခြင်း အထုကား ကြီးမားပေစွ။
……………………………………………………………။
ပုံစာ -
၁/ ဓမ္မရာဇိကဘုရား ကျောက်စာမှ "လန္ဒက"
(ဦးငြိမ်းမောင်ဖတ်ချက်)
၂/ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက
Landaka(လန္ဒက) ဒေသ။

No comments:

Post a Comment