Wednesday, September 25, 2019

"ဆိုးရြားလြန္းတဲ႔ သက္ေသျပခ်က္"
………………………………………………………။

ပ်ဴ မင္းထီးနန္းတက္ေတာ့ AD 167 ပါ။
နတ္ရြာစံေတာ့ AD 242။ စည္းစိမ္ ၇၅ ႏွစ္။
ပ်ဴ မင္းထီးျပီးေတာ့ ထီးမင္းယဥ္၊ ယဥ္မင္းပိုက္၊
ပိုက္ေသဥ္လည္၊ ေသဥ္လည္ေၾကာင္၊
ေၾကာင္တူရစ္ ဆိုျပီး အဖေနာက္ သားက အစဥ္
အဆက္ နန္းတက္ ေၾကာင္း ရာဇဝင္ မွတ္တမ္း
ရွိထားတာပါ။
ပ်ဴမင္းထီးကေန ေၾကာင္တူရစ္အထိ (AD 167-
AD 387) ျဖစ္တာေၾကာင့္ အဲဒီကာလကို AD 2 ရာစု
ကေန AD 4 ရာစု အတြင္းလို့ သတ္မွတ္ရမွာ
ျဖစ္ပါတယ္။
ဒါက ပ်ဴ  မင္းထီးကေန ေၾကာင္တူရစ္အထိ
ေခတ္ကာလ ႏွစ္အပိုင္းအျခား ျဖစ္ပါတယ္။
ဖယ္ရာတို့ ဟာေဗးတို့ လုစ္တို့ ဘရွင္တို့
ဒီ.အာရ္သန္းထြန္းတို့ သန့္ျမင့္ဦးတို့ သက္ေသ
ျပထားတဲ႔ နန္ေခ်ာင္ မင္းဆက္ကာလနဲ႔
ႏိႈင္းယွဥ္ၾကည့္ရေအာင္ပါ။
နန္ေခ်ာင္ အင္ပါယာကို AD 7 ရာစု ေလာက္မွ
စတင္ထူေထာင္တာျဖစ္ျပီး AD 902 ေလာက္မွာ
ျပိဳကြဲ သြားခဲ႔တာျဖစ္ပါတယ္။ အဲဒီ နန္ေခ်ာင္ အင္ပါ
ယာကို Tai Kingdom လို့လည္း ေခၚပါတယ္။
ဆိုလိုတာက တိုင္ရွမ္းေတြပါ။ ေနာင္မွာ ထိုင္း
လူမ်ိဳးဆိုျပီး ျဖစ္လာမယ့္ သူေတြ။ အဲဒီ နန္ေခ်ာင္
တိုင္ရွမ္း ဘုရင့္ႏိုင္ငံျပိဳကြဲျပီးမွ တိုင္ရွမ္းေတြဟာ
ေတာင္ဘက္ကို ထြက္ေျပးလာပံုရပါတယ္။
အဲဒီကာလ ၾကြမ္းအင္ပါယာ ထူေထာင္ေနျပီ
ျဖစ္တာေၾကာင့္ ထြက္ေျပးလာတဲ႔ တိုင္ရွမ္း
(ယိုးဒယား)ေတြဟာ ခမာနယ္ေျမထဲ စစ္ေျပး
လာျပီး ခမာလက္ေအာက္မွာ ေနေနရတာလည္း
ပဲျဖစ္ပါတယ္။ ဒီအခ်က္က အေရွ႕ေတာင္အာရွ
ေဒသထဲ ဆူခိုထိုင္း ေရွ႕မွာ ယခုအေခၚ ထိုင္း
(တိုင္ရွမ္း) ႏိုင္ငံအျဖစ္ ဘာမွ ေလာက္ေလာက္
လားလား ျပစရာ မရွိတာနဲ႔ ကိုက္ညီေနတာပါ။အေသာက ေမာင္းထုတ္လိုက္လို့ ပင္လယ္ျဖတ္
ေျပးလာရတဲ႔ ေမာရိယအင္ပါယာက လက္မခံ
ျပည္ႏွင္ဒဏ္အေပးခံရသူ စစ္ေျပးဒုကၡသည္
တလိဂၤဏတိုင္းသား (တလိုင္း) ေတြကေတာ့
အေရွ႕ေတာင္အာရွထဲ ေရာက္တာ တိုင္ရွမ္း(ထိုင္း)
ေတြထက္ အေတာ့္ကိုေစာတာပါ။
သူတို့ ေလွစီးဒုကၡသည္ေတြအျဖစ္နဲ႔ ထြက္ေျပးလာ
ခဲ႔ၾကတဲ႔ ကာလဟာ BC 3 ရာစု ျဖစ္တာေၾကာင့္ တလိုင္းေတြဟာ ခမာနဲ႔ျမန္မာေတြလက္ေအာက္မွာ တိုင္ရွမ္း(ထိုင္း)ေတြထက္ က်ြန္သက္ ႏွစ္ေပါင္း ၁၂၀၀ ေလာက္ေစာစြာ ေနထိုင္ရတာလည္း
ျဖစ္ပါတယ္။ တိုင္ရွမ္း(ထိုင္း) ေတြကေတာ့
ခမာ့က်ြန္အျဖစ္ ႏွစ္ေပါင္း ၃ရာေက်ာ္ေလာက္
ေနထိုင္ခဲ႔ၾကရတာပါ။ ဒါက တိုင္ရွမ္း(ထိုင္း)'ေတြရဲ႕ ပထမဆံုး ဆူခိုထိုင္း တိုင္းျပည္စတင္ေပၚေပါက္
တဲ႔ ကာလ တနည္းအားျဖင့္ အုပ္ခ်ဳပ္သူ ျမန္မာ
ေတြရဲ႕ ပုဂံအင္ပါယာ ျပိဳကြဲတဲ႔ ကာလ AD 13
ရာစု အထိ အခင္းအက်င္းျဖစ္ပါတယ္။
အဲဒီ နန္ေခ်ာင္အင္ပါယာ ေခၚ ထန္ အင္ပါယာဟာ
တေကာင္း သို့မဟုတ္ ဟန္လင္း သို့မဟုတ္ မိုင္းေမာ ကို ဝင္တိုက္တယ္လို့ ဆိုပါတယ္။
ဒါက မန္ရႈမွတ္တမ္း အလိုအရပါ။ အဲဒီလို ဝင္တိုက္
ျပီး လူ ၃၀၀၀ ကို ဖမ္းဆီးေခၚေဆာင္သြားတယ္
ဆိုပါတယ္။ အဲဒီလူေတြဟာ နန္ေခ်ာင္က(ဝါ)
ထန္ႏိုင္ငံက ယခုအေခၚ ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းကို
ဝန္းရံလုပ္ႀကံစဥ္မွာ ပါဝင္တိုက္ခိုက္ေပးရတယ္လို့
မန္ရႈက်မ္းမွာ ေဖာ္ျပထားပါတယ္။
အဲဒီလူေတြဟာ ပ်ဴ ေတြျဖစ္တယ္လို့ ဆိုပါတယ္။
အဲဒီလို နန္ေခ်ာင္(ဝါ) ထန္ႏိုင္ငံ (ဝါ) တိုင္ရွမ္းဘုရင့္
ႏိုင္ငံက ျမိဳ႕တစ္ျမိဳ႕မ်ွကို ဝင္တိုက္ျပီး လူ ၃၀၀၀
သံု့ပန္း ဖမ္းဆီး ေခၚေဆာင္ျခင္း ခံရရံုကာမ်ွနဲ႔ပဲ အဲဒီကာလ ျမန္မာျပည္မွာ လူသူမရွိ ပ်ဴ  မ်ိဳးတုံးျပီး ေဟာင္းေလာင္းေျမ ျဖစ္သြားတယ္လို့ အထက္
ေဖာ္ျပပါ အမည္ရွိတဲ႔ ျမန္မာ့သမိုင္းကို ဖ်က္ဆီးခ်င္
သူမ်ားက ယုတၱိနဲ႔ ကင္းကြာစြာေရးၾကပါတယ္။
အဲဒီေနာက္ AD 9 ရာစု အကုန္ခန့္မွာ ၎တို့ အဆို
အရ အဲဒီ နန္ေခ်ာင္ အင္ပါယာကပဲ တိုက္ထုတ္
ခံလိုက္ရတဲ႔ ၎ နန္ေခ်ာင္တရုတ္မ်ိဳး သို့မဟုတ္
တိုင္ရွမ္းမ်ိဳးႏြယ္စု လူမ်ိဳးစုတစ္စုဟာ နတ္ထိပ္
ေတာင္ၾကားကေန ေက်ာက္ဆည္လြင္ျပင္ကို ဆင္း
ခ်လာျပီး အလ်င္အျမန္ အင္အားႀကီးထြားလာျပီး
ယပ္ေတာင္သဖြယ္ျဖန့္က်က္ ေဒသအမ်ားအျပားကို
သိမ္းပိုက္လိုက္ၾကျပီး ပုဂံမွာ တမဟုတ္ခ်င္း ရုတ္ခ်ည္းဆိုသလို ယဥ္ေက်းမႈအဆင့္အတန္းေတြ
ျဖင့္မားျပီး ႏွစ္ေပါင္း ၁၀၀ မ်ွ ကာလအတြင္း
အင္ပါယာထူေထာင္ႏိုင္သူေတြအျဖစ္ ေရာက္ရွိ
သြားၾကတယ္ ဆိုပါတယ္။
သူတိူ့ကို ဗုဒၶသာသနာေပးတာဟာ ပ်ဴေတြလို့
ဆိုပါတယ္။ နန္ေခ်ာင္ သို့မဟုတ္ တိုင္ရွမ္းေတြ
ေတြသတ္လို့ မ်ိဳးတံုးသြားခဲ႔ပါျပီဆိုတဲ႔ ပ်ဴေတြဟာ
သူတို့အဆိုအရ ျမန္မာျဖစ္လာမယ့္ တရုပ္စစ္ေျပး
ဒုကၡသည္ လူမ်ိဳးစုေလးကို သာသနာ့အေမြေပးဖို့
ဘယ္ေကာင္းကင္ကေန ဘြားကနဲဲျပန္က် လာ
တယ္ဆိုတာကိုေတာ့ ပ်ဴမ်ိဳးတံုးပါျပီလို့ေျပာေနသူ
အထက္ပါ အမည္ပါသူေတြအေနနဲ႔ သက္ေသ
အေထာက္အထား ျပသႏိုင္ျခင္းလည္း မရွိပါဘူး။
ဒါ့အျပင္ ၎တို့ဟာ ဇာတ္ညႊန္းအရ အရင္ေပး
ေရာက္ထားတဲ႔ တလိုင္းေတြက ျမန္မာျဖစ္လာမယ့္
တရုတ္က လူမ်ိဳးစုကေလးကို အကၡရာနဲ႔ စာေပ
သင္ၾကားေပးတယ္ဆိုျပန္ပါတယ္။
ဒီ.အာရ္ သန္းထြန္းက ျမန္မာေတြထက္ မြန္ေတြဟာ
လက္ရွိ ျမန္မာႏိုင္ငံ အရပ္ေဒသ အထူးသျဖင့္
ေဒသေအာာက္ပိုင္းကို ႏွစ္ ၁၀၀၀ ေစာျပီး ဝင္
ေရာက္ႏွင့္ျပီး ျဖစ္တယ္လို့ ဆိုတာပါ။
သူဆိုလိုခ်င္တာက မြန္ျဖစ္လာမယ့္ မြန္ဂိုေတြဟာ
မြန္ဂိုကေန တရုပ္ျပည္ႀကီး ျဖတ္ျပီး ေတာင္ဘက္
ေရႊ့ေျပာင္း ေနထိုင္လာခဲ႔တယ္ဆိုတဲ႔ ယုတၱိမရွိတဲ႔
အယူအဆ(မ်ွ) ကို အေျခခံျပီး သမိုင္း အပင္း
ထပ္ဆင့္ ဆို့ေပးလိုက္တာပါ။
တကယ္တမ္းမွာေတာ့ တလိုင္း သမိုင္းေၾကာင္းကို
ေျခရာေကာက္ရင္ မြန္သားေခ်ာ့ေတး ၃ ပုဒ္နဲ႔
အခ်ိန္ကာလ အဆက္အစပ္အရ အျဖစ္ႏိုင္ဆံုး
ဟာ BC 260 ေက်ာ္မွ အေသာက ေမာင္းထုတ္
လိုက္လို့ ထြက္ေျပးလာရသူမ်ားသာ ျဖစ္တယ္
ဆိုတာကသာ ခိုင္မာရွင္းလင္းတဲ႔ တလိုင္းတို့လာရာ
လမ္းေၾကာင္း ထင္းထင္းႀကီးသာ ျဖစ္ေနတာပါ။
ဒီအေၾကာင္းကို ေရွ႕မွာ post အခ်ိဳ႕ေရးသားျပီး
ရွင္းလင္းခဲ႔ ျပဆိုခဲ႔ ကြင္းဆက္ေတြ ခ်ိတ္ဆက္
ျပခဲ႔ျပီးလည္း ျဖစ္ပါတယ္။
ဒီေနရာမွာ အေရွ႕ေတာင္အာရွ ေဒသဘက္ကို
လူေတြဟာ ျမစ္ေတြကဲ႔သို့ ေျမာက္မွေတာင္သို့
လူစီးေၾကာင္းႀကီး စီးဆင္းခဲ႔သေယာင္ေယာင္ေတြ
ေျပာဆိုေရးသားေနတဲ႔ ယုတၱိမရွိတဲ႔ အယူအဆကို
အနည္းငယ္ ေျပာခ်င္ပါေသးတယ္။
လူေတြဟာ တိဗက္ သို့မဟုတ္ မြန္ဂိုကေန
ေရႊ႕ေျပာင္းလာတာမွာ ျမန္မာေတြက ေနာက္
အက်ဆံုးျဖစ္တယ္ဆိုတဲ႔ သံုးစားမရတဲ႔ migration
သီအိုရီကို အေျခခံၿပီးမွ ခပ္တည္တည္ ေလ်ွာက္
ရႊီးေနတာေတြဟာ သဘာမက်တဲ႔ အရာေတြပါပဲ။အဲဒီ migration လူစီးေၾကာင္းႀကီး အစျပဳလာတဲ႔
တိဗက္ သို့မဟုတ္ မြန္ဂိုမွာ မဟာမိခင္ႀကီးေတြဟာ
လူေတြ တျပြတ္ျပြတ္ေမြးထုတ္ျပီး ေျမာက္ဘက္က
ေန ေတာင္ဘက္ကို သူ အဆက္မျပတ္ ေမြးထုတ္
လိုက္တဲ႔ လူေတြကို သြားေစခဲ႔တာပါလား။
အခု အဲဒီ migration ျဖစ္စဥ္ႀကီး မရွိေတာ့တာဟာ
အဲဒီ လူေတြ တျပြတ္ျပြတ္ေမြးထုတ္ေပးေနတဲ႔
မဟာမိခင္ႀကီးေတြ အသက္အရြယ္ အိုမင္းျပီး
ေသကုန္ၾကလို့ပါလား။ ဒါမွမဟုတ္ အဲဒီ ကာလ
တုန္းက migration လုပ္မယ့္ လူေတြျဖစ္လာဖို့
လူလုပ္တဲ႔ စက္ရံုေတြရွိခဲ႔လို့ပါလား။
အခု အဲဒီ စက္ရံုေတြ ပ်က္ကုန္လို့ migration
ျဖစ္စဥ္ႀကီး ရပ္တန့္သြားတာပါလား။
တိဗက္က လာလိုက္ မြန္ဂိုက လာလိုက္ အဲဒီ
ေၾကာင္ေတာင္ေတာင္ migration သီအိုရီအစုတ္
ႀကီးကို လက္ကိုင္ျပဳၿပီး သမိုင္းျဖစ္စဥ္ေတြကို
အေျခခံဆံုးျဖတ္သမ်ွဟာ ေပါေတာေတာ
ေၾကာင္ေတာင္ေတာင္ အယူအဆေတြပဲ
ထြက္လာမွာ အေသအခ်ာပါပဲ။
အဲဒီ တိဘက္နဲ႔ မြန္ဂိုကေန အေရွ႕ေတာင္အာရွကို
လာခဲ႔တဲ႔ ခရီးလမ္းတေလ်ာက္မွာ လာခဲ႔တဲ႔လူေတြ
က်န္မေနႏိုင္ခဲ႔ဘူးလား။ မြန္ဂိုကေန တရုတ္ျပည္
ႀကီး ျဖတ္လာတဲ႔ လမ္းတေလ်ာက္ တရုတ္ျပည္
ထဲမွာ အခု အေရွ႕ေတာင္အာရွ ေဒသက လူေတြနဲ႔
တူတဲ႔လူမ်ိဳးစုေတြ ျပၾကည့္ပါ။
အဲဒီ မြန္ဂိုနဲ႔ တိဘက္မွာေရာ အၾကြင္းအက်န္
ေတာင္ မရွိေတာ့ဘူးလား။ ဒီလိုျဖစ္မလား။
အဲဒီ လူေတြ တျပြတ္ျပြတ္ေမြးေပးေနတဲ႔ မဟာမိခင္
ႀကီးေတြဟာ migration လုပ္မယ့္ လူမ်ိဳးေတြေမြးျပီး
တဲ႔ေနာက္ အဲဒီလူမ်ိဳးေတြ ထပ္မေမြးေတာ့ဘဲ
အကုန္အစင္ migration လုပ္ခိုင္းျပီး ေဒသခံလူမ်ိဳး
ေတြပဲ ဆက္ေမြးေပးလိုက္တာပါလား။ ဒါမွမဟုတ္ လူထုတ္တဲ႔ စက္ရံုေတြက လူေမာ္ဒယ္ အသစ္ ေျပာင္းျပီး ထုတ္လိုက္ၾကလို့ပါလား။
အဲဒီ တိဘက္ နဲ႔ မြန္ဂိုက လူေတြနဲ႔ ဒီကလူေတြ
တူရဲ႕လားလဲ ေသခ်ာေစ့ငုၾကည့္ၾကည့္ပါ။
အဲဒီ ေပါေတာေတာ ေၾကာက္ေတာင္ေတာင္
migration သီအိုရီ အစုတ္ႀကီးကို လႊင့္ပစ္လိုက္
လိုက္မွ သမိုင္းကို အရွိအတိုင္း ျမင္လာမွာပဲ
ျဖစ္ပါတယ္။
migration ေတြ ရွိခဲ႔ႏိုင္ပါတယ္။ တလိုင္းေတြ
တလိဂၤဏကေန စစ္ေျပးလာသလိုမ်ိဳး။ ခမာေတြ
ကို စစ္ရံႈးျပီး ျမန္မာျပည္ထဲ ေျပးလာသလိုမ်ိဳး
ရွိႏိုင္ေပမယ့္ အထက္ကေျပာခ်က္ေတြလို
တိဗက္နဲ႔ မြန္ဂိုကေန ေျမာက္ကေန ေတာင္ကို
လူစီးေၾကာင္းႀကီး စီးဆင္းလာတာ ပင္လယ္စပ္
ေရာက္မွ တန့္သြားျပီး အေျခခ်သလိုလို လူသား
မ်ိဳးႏြယ္အစအဦးမွာ migration ျဖစ္စဥ္ႀကီး
ျဖစ္ခဲ႔ပါတယ္ ဆိုတာဟာ လံုးဝ အေျခအျမစ္
မရွိတဲ႔ အယူအဆ(သက္သက္မ်ွ)သာ ျဖစ္ပါတယ္။
လူေတြ ယံုမွားေနတဲ႔ အဲဒီသံုစားမရတဲ႔ သီအိုရီက
လက္ရွိ ျမန္မာႏိုင္ငံေဒသအတြင္း ေရွးဦး လူသား
ဆိုင္ရာေတြ႔ရွိမႈ အေထာက္အထားေတြကို မ်က္
ကြယ္ျပဳထားတာပဲ ျဖစ္ျပီး၊ အဲဒါကို ယေန့ အခ်ိန္
အထိ လက္ခံေနျခင္းဟာ သုေတသန အေသအခ်ာ
မလုပ္ဘဲ မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ ျပဌာန္း
ထားတဲ႔ ျပဌာန္းသင္ရိုးကိုေက်ညက္တဲ႔ စေကာလား အဆင့္မွာပဲ ရွိေနေသးတာပါ။ စေကာလားဆိုတာ
ေတြဟာ သင္ရိုးမွားရင္ သူတို့လည္း မွားယြင္းမွာ
ျဖစ္တာပါပဲ။ ေခါင္းထဲမွာ သုေတသနအျမင္မရွိပဲ
မွားမွား မွန္မွန္ သင္ၾကားခဲ႔ရသမ်ွသာ သူ့ေခါင္း
ထဲမွာ ရွိေနသူမ်ားသာ ျဖစ္ပါတယ္။
ျမန္မာ့သမိုင္းနဲ႔ ပတ္သက္လို့ ၎တို့ ေရးသား ေျပာ
ဆို ေနသမ်ွေတြဟာ သံုးစားမရတဲ႔ migration
သီအိုကို သမိုင္းအုတ္ျမစ္အျဖစ္ အေျခခံျပီးမွ
ဆက္လက္ဆင့္ပြား ေတြးေခၚၾကတာသာ ျဖစ္တာ
ေၾကာင့္ အေျခခံထားတဲ႔ အုတ္ျမစ္မွားေပၚက ၎
တို့ရဲ႕ သမိုင္း   အယူအဆေတြဟာလည္း မည္သည့္
နည္းႏွင့္မ်ွ မမွန္ႏိုင္ေတာ့ဘဲ အရွိသမိုင္းနဲ႔ လြဲေခ်ာ္
ျပီး မိမိစိတ္ကူးတည့္ရာ စိတ္ကူးယဥ္ လုပ္ဇာတ္
မ်ားသာ ျဖစ္ေနမွာ ျဖစ္တာေၾကာင့္ ၎ migration
သီအိုရီ အလြဲႀကီးကို ဆုပ္ကိုင္ေတြးေခၚေရးသား
ေနသမ်ွအားလံုးဟာ ျမန္မာ့သမိုင္းအတြက္
မည္သည့္တန္ဖိုးမ်ွ မရွိရံုမ်ွမက ျမန္မာ့သမိုင္း အစဥ္
အဆက္ကို အမ်ားသူငွာ အသိမွားယြင္းေအာင္
ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္ေနၾကတာသာ
ျဖစ္တယ္လို့ ဆိုရမွာပဲ ျဖစ္ပါတယ္။
အဲဒီ ၎တို့ရဲ႕ migeation သီအိုရီကို ခိုင္မာေစ
ခ်င္ရံုမ်ွနဲ႔(ျမန္မာ့သမိုင္းကို အမည္ေပါက္မႈကို
အခြင့္ေကာင္ယူျပီး ဖ်က္ဆီးေနသူ ေရွ႕အထက္က
ေဖာ္ျပပါ အမည္ရွိသူေတြဟာ) နန္ေခ်ာင္က အမည္
ေပးပံုနဲ႔ ျပဴမင္းထီးမွ ေၾကာင္တူရစ္ မင္းအထိ
အဖျဖစ္ေသာ ေရွ႕မင္း၏ ေနာက္စာလံုးနဲ႔ သား
ျဖစ္ေသာ ေနာက္မင္း၏ ေရွ႕စားလံုး အခ်ိတ္
အဆက္ဟာ AD 9 ရာစု နန္ေခ်ာင္ေတြ အမည္
ေပးပံုနဲ႔ အတူတူျဖစ္တယ္။ ဒါေၾကာင့္ ျမန္မာေတြ
ရဲ႕ အစဟာ နန္ေခ်ာင္ေခၚတိုင္ရွမ္း ဘုရင့္ႏိုင္ငံ
နယ္ေျမထဲက စစ္ရံႈး တရုပ္လူမ်ိဳးစုတစ္စု ျဖစ္တာ
ခိုင္မာတယ္လို့ ၎ တို့ရဲ႕ သံုးစားမရတဲ႔
migration သီအိုရီႀကီးကို ျမန္မာအစ ေက်ာက္
ဆည္က အျဖစ္ အခိုင္အမာ ပံုေဖာ္ဖို့ ၎ အမည္
ဆက္ႏြယ္မႈကို အေထာက္အထား အခိုင္အမာ
အျဖစ္ ျငင္းကြက္ မရွိႏိုင္ေတာ့ဘူးအထင္နဲ႔
သက္ေသ တင္သြင္းၾကပါေတာ့တယ္။
ဒီသက္ေသဟာ ဖယ္ရာ၊ ဟာေဗး၊ လုစ္၊ လုစ္ ၾသဇာခံမ်ားျဖစ္ၾကတဲ႔ ဘရွင္၊ဒီ.အာရ္သန္းထြန္း
နဲ႔ ယခုေနာက္ဆံုး ဦးသန့္အရွိန္နဲ႔ အမည္ေပါက္လာ
တဲ႔ သန့္ျမင့္ဦးအထိ အစဥ္အလာမပ်က္ တင္သြင္း
လာေနၾကတဲ႔ ၎တို့ျပတဲ႔ အေထာက္အထား
ျဖစ္ပါတယ္။
သို့ေသာ္ ၎တို့ အေနနဲ႔ ၎တို့ရဲ႕ migration
သီအိုရီခိုင္မာဖို့ကိုသာ အထူးအာရံုစိုက္တာ
ေၾကာင့္ ၎တို့ျပတဲ႔ သက္ေသျအခ်က္ဟာ
ျမင္မေကာင္းရႈမေကာင္းေလာက္ေအာင္ ၎တို့
ျပခ်င္တဲ႔ ဆိုလိုရင္းဆီမေရာက္ဘဲ ဆိုးရြားစြာ
ႏွစ္ေပါင္း ၅၀၀ ခန့္ လြဲေခ်ာ္ေနတယ္ ဆိုတာပါပဲ။
တကယ္ေတာ့ ၎ တို့အေနနဲ႔ ရွက္ဖို့ အလြန္ပဲ
ေကာင္းလွတာပါ။ သာမန္ စာဖတ္သူမ်ားအေနနဲ႔
သမိုင္းသုေတသနျပဳလုပ္ေနသူမ်ားကဲ႕သို့
ေခတ္ျပိဳင္ အခ်ိန္ကာလမ်ားကို မသိၾကတဲ႔အခါ
ဟုတ္မွာပဲလို့ ဟုတ္ေယာင္ထင္မွားသြားၾက
ေတာ့တာပါပဲ။
ဒီစာတမ္းရဲ႕ အစကနဦးအဖြင့္မွာ ေရးသားေဖာ္ျပ
ထားခဲ႔တဲ႔ အတိုင္း ပ်ဴမင္းထီး နန္းတက္ကေန
ေၾကာင္တူရစ္အထိဟာ AD 2 ရာစုကေန AD 4
ရာစု ျဖစ္တာပါ။ ၎တို့ သက္ေသျပတဲ႔ နန္ေခ်ာင္
ေခၚ တိုင္ရွမ္းဘုရင့္ႏိုင္ငံက AD 7-8 ရာစုမွသာ
အစ ပ်ိဳးတာျဖစ္ျပီး AD 9 စုမွသာ နာမည္ထြက္
လာတာပါ။
အဲဒီ အခ်ိန္ကာလအားျဖင့္ ပ်ဴမင္းထီးကေန
ႏွစ္ေပါင္း ၇၀၀ ေလာက္ကြာျခားေနတဲ႔ ေခတ္ျပိဳင္
ေတာင္ မဟုတ္တဲ႔ ကာလ ၂ ခုကို သာမန္ စာဖတ္
သူေတြ မသိေလာက္တာေၾကာင့္ ေခတ္ျပိဳင္
ေသာ္လည္းေကာင္း မေရွးမေႏွာင္း ေရွ႕ဆင့္
ေနာက္ဆင့္ေသာ္လည္းေကာင္း ထင္ေယာင္
ထင္မွားျဖစ္ေစျပီး သက္ေသအလြဲႀကီးကို
အေထာက္အထားအျဖစ္ ျပေနၾကတာသာပါ။
ဒါ့အျပင္ နန္ေခ်ာင္ေခၚ တိုင္ရွမ္းဘုရင့္ႏိုင္ငံဟာ
ပ်ဴမင္းထီးထက္ ေစာခဲ႔ပါက ျဖစ္ႏိုင္ဖြယ္အျဖစ္
သံသယနဲ႔ ထည့္သြင္းစဥ္းစားရမယ့္ အခ်က္
တစ္ခ်က္အျဖစ္ သတ္မွတ္ရမည္ျဖစ္ေသာ္လည္း
ပဲ ၎တို့ မလိမ့္တစ္ပတ္နဲ႔ သက္ေသျပတဲ႔
အမည္ဆက္ႏြယ္မႈ အေထာက္အထား
နန္ေခ်ာင္ဟာ ပ်ဴမင္းထီးေနာက္ ႏွစ္ေပါင္း ၇၀၀
ေလာက္ ေနာက္က်ေနျပန္တာဟာ ေရွ႕က အစဥ္
အလာကို ယူေဆာင္ျခင္း ျဖစ္ပါတယ္လို့ ဘယ္
လိုမွ သတ္မွတ္လို့ မရတာပါပဲ။ ၎တို့ရဲ႕ သက္ေသ
ျပခ်က္အရဆိုရင္ မေရာက္ေသးတဲ႔ကာလက(ဝါ)
အနာဂါတ္က အမည္ကို ပ်ဴမင္းထီးမင္းဆက္က
ပုဂံမွာ အစူအစဥ္ဓေလ့ထံုးတမ္းအျဖစ္ ယူငင္
သံုးစြဲရာေရာက္ေနတာက ပ်ဴမင္းထီးဟာ AD 2
ရာစုကေန AD 9 ရာစုကို အခ်ိန္ကာလယႏၲယား
စီးျပီးသြားေရာက္ခဲ့လို့ပါလားလို့ ေမးရေလာက္
ေအာင္ ရယ္စရာေကာင္းလြန္းေနျပန္တာပါပဲ။
အဓိပၸါယ္မရွိတာကို သက္ေသအထာက္အထား
အျဖစ္ ဇြတ္ယူသြင္းေနတာျဖစ္ျပီး ဒါဟာ သမိုင္းကို
သုေတသနမလုပ္ဘဲ မွားယြင္းေနတဲ႔ သင္ရိုးကိုသာ
ေက်ညက္စြာသိထားသူ သို့မဟုတ္ သိသိနဲ႔
တမင္ ၎တို႔ရဲ႕ ယုတၱိမရွိတဲ႔ migration သီအိုရီ
ကို အဓမၼခိုင္မာေၾကာင္းျပျပီး ျမန္မာ့သမိုင္းကို
ပ်က္စီးေစေအာင္ ဖ်က္ဆီးပစ္ေနတဲ႔ လုပ္ေဆာင္
ခ်က္ေတြသာ ျဖပါတယ္။ ၎ အထက္က အမည္
ေဖာ္ျပသူမ်ားဟာ ပ်ဴ ေစာထီးေခၚ ပ်ဴမင္းထီးကို
အမွန္တကယ္မရွိ၊ ဒ႑ာရီ လုပ္ဇာတ္အျဖစ္
အစဥ္တစိုက္(ဒီ.အာရ္ သန္းထြန္း) ေရးသားခဲ႔
ၾကသူမ်ားျဖစ္ေပမယ့္ ျမန္မာေတြဟာ နန္ေခ်ာင္
စစ္ေျပး တရုတ္ေတြျဖစ္ေၾကာင္း ရႈတ္ခ်ခ်င္တဲ႔
အခါမွာေတာ့ ၎တို့က ဒ႑ာရီ လုပ္ဇာတ္ပါလို့
အတိအက်လအခိုင္အမာဆိုဆိုေနတဲ႔ ပ်ဴမင္ထီး
ကေန ေၾကာင္တူရစ္မင္းဆက္အထိကို အမည္
ဆက္ႏြယ္မႈရွိေၾကာင္း ေခတ္ကာလ ေျပာင္းျပန္
ကြာေဝးေနတာေတာင္မွ ဇြတ္အတင္း အဓမၼ
အေထာက္အထားထူ သက္ေသယူေနျပန္ပါ
ေသးတယ္။ စိတ္ပ်က္ဖြယ္ရာပါပဲ။
ပ်ဴမင္းထီးက နန္ေခ်ာင္ထက္ ေရွ႕ ႏွစ္ေပါင္း ၇၀၀
ေလာက္ေစာေနတာေတာင္မွပဲ ေရွ႕လူက သူ့ေနာက္ မျဖစ္ေသးတဲ႔ ကာလက လူေတြရဲ႕
အမည္မွည့္ပံုကို ရိုးရာ ဓေလ့အျဖစ္ယူေဆာင္
မွည့္ေခၚတယ္လို့ သက္ေသေထာက္ထား အတည္
ျပဳခ်က္ဟာ အလြန့္ကို စက္ဆုပ္ဖြယ္ အျခင္း
အရာပါ။ ဒါ့အျပင္ ေသလည္ေၾကာင္ႏွင့္ ေဖာင္ေဖာင္ရယ္ေမာ စကားေျပာရွင့္ ဆိုျပီး မဟာ
ဂီရိနတ္နဲ႔ ေသည္လည္ေၾကာင္မင္း ရယ္ကာ
ေမာကာ စကားေတြေဖာင္ေအာင္ ေျပာၾကတဲ႔ အေၾကာင္းထဲက ေသလည္ေၾကာင္မင္းဆိုတာက ေသလည္ေၾကာင္ရြာကို အပိုင္စားရလို့ ေသေလည္
ေၾကာင္မင္း ေခၚေၾကာင္း စာေဟာင္းေတြမွာ ပါရွိပါတယ္။ မဟာဂီရိနတ္နဲ႔ စကားေျပာတာ
ကေတာ့ နတ္နဲ႔ မ်က္ျမင္ထင္ရွား တိုက္ရိုက္
စကားေျပာတာဟုတ္ဟန္မတူပါဘူး။ နတ္ေခါင္း
ဆြဲ သို့မဟုတ္ ဝင္ေရာက္ပူးကပ္ခံရသူကေနတဆင့္
စကားေျပာတာသာ ျဖစ္ဖြယ္ရာပါ။ ေၾကာင္တူရစ္
ဟာလည္းပဲ ေၾကာင္တူရစ္ရြာကို အပိုင္စားရလို့
ေၾကာင္တူရစ္မင္း ေခၚတယ္ဆိုပါတယ္။
မင္းတုန္းကို အပိုင္စားရလို့ မင္းတုန္းမင္း၊ ကေနာင္
ကို အပိုင္စားရလို့ ကေနာင္မင္း၊ သီေပါကို အပိုင္
စားရလို့ သီေပါမင္း စသျဖင့္ ေခၚဆိုၾကတာခ်င္းနဲ႔
အတူတူပါပဲ။ ၎ကမွ ေရွးကတည္းက ျမန္မာ့
ဓေလ့ ျဖစ္ေၾကာင္း ခိုင္မာတဲ႔ က်ိဳးေၾကာင္းဆီေလ်ာ္
ယုတၱိရွိတဲ႔ သက္ေသ အေထာက္အထား ျဖစ္ပါ
တယ္။ ၎ အထက္ ေဖာ္ျပ အမည္ပါ ပုဂၢိဳလ္မ်ား
ဆြဲယူထုတ္ျပတဲ႔ AD 2 ရာစုက ပ်ဴမင္းထီးကေန ေၾကာင္တူရစ္မင္းအထိ အမည္ဆက္ႏြယ္မႈဟာ
AD 9 ရာစုက နန္ေခ်ာက္ေတြရဲ႕ အမည္ေပးမႈကို
အစဥ္အဆက္ မိမိတို့ဓေလ့အျဖစ္ရယူ ေဆာင္ျပီး
မွည့္ေခၚတယ္ဆိုတာကေတာ့ မေရာက္ေသးတဲ႔
ကာလက မရွိေသးတဲ႔ လူမ်ိဳးေတြရဲ႕ အမည္ကို
ရယူသလို ျဖစ္ေနတာပဲ မဟုတ္ပါလား။
စိတ္ပ်က္ စက္ဆုပ္ဖြယ္ရာ လြဲေခ်ာ္မႈႀကီးျဖစ္ျပီး
အေသအခ်ာ ေလ့လာသုေတသနျပဳလုပ္ႏိုင္ျခင္း
မရွိတဲ႔ သာမန္စာဖတ္သူေတြကို ေဝဝါးေထြျပား
သြားေစာေအာင္လုပ္ေဆာက္ျပီး ယုတၱိကင္းမဲ႔တဲ႔
၎တို့ရဲ႕ migration သီအိုရီကို ျမန္မာ့သမိုင္းကို
ဖ်က္ဆီးျပီး ယေန့အထိ ခိုင္မာေအာင္ ေအာက္
တန္းက်စြာ လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။
AD 2-3 ရာစုဟာ ပ်ဴမင္းထီးနဲ႔အျပိဳင္ တရုပ္မွာက
သံုးျပည္ေထာင္ကြဲထြက္ေနတဲ႔ ကာလ ျဖစ္ပါတယ္။
ဒီေတာ့ ၎တို့ဟာ AD 9 ရာစုက နန္ေခ်ာင္အမည္
ကို ျမန္မာေတြ ဆက္ယူေဆာင္ေၾကာင္း သက္ေသ
အေထာက္အထားျပခ်င္ရင္ ဥပမာအားျဖင့္
အေနာ္ရထာ၊ ထာလူး၊ လူးစစ္မင္း၊ မင္းေလာင္း
စည္သူ စသျဖင့္ ျဖစ္ေအာင္ အားထုတ္သင့္တာပါ။
သမိုင္းဆိုတာ မိမိသီအိုရီကို ခိုင္မာေအာင္ လိုရာ
ဆြဲၿပီး သက္ေသျပတာမ်ိဳး မဟုတ္ဘဲ ရွိခဲ႔တဲ႔
အရွိတရားကိုပဲ လက္ခံရမွာပဲ ျဖစ္ပါတယ္။
ဒီလိုမွ မဟုတ္ဘဲ မိမိအယူအဆကို ကာကြယ္ဖို့
အတြက္ ယုတၱိမရွိတာေတြကို ယုတၱာလုပ္ျပီး
သက္ေသျပေနရင္ေတာ့ ဒါဟာ သမိုင္းေရး
ေနတာ မဟုတ္ဘဲ မိမိအယူအဆကိုသာလ်ွင္
ကာကြယ္ေနတာသက္သက္မ်ွသာ ျဖစ္ပါတယ္။
ေနာင္မွာ AD 2ရာစုက အစျပဳတဲ႔ ပ်ဴမင္းထီး ကေန
ေၾကာင္တူရစ္ မင္းအထိကို မေရာက္ရွိေသးတဲ႔
AD 9 ရာစုက နန္ေခ်ာင္ေတြရဲ႕ အမဘ္ဆက္ႏြယ္
မႈ ျဖစ္ပါတယ္လို့ ေျပာလာခဲ႔ရင္ အဲဒီ ေျပာလာတဲ႔
ေကာင္ဟာ သမိုင္းဖ်က္ေနတဲ႔ အကုသိုလ္မ်ိဳး
အယုတ္တမာေကာင္သာ ျဖစ္တယ္လို့
မွတ္ယူၾကေပေရာ့လို့ ဆိုရင္း ဒီစာတမ္းကို
အဆံုးသတ္လိုက္ပါတယ္။
…………………………………………။
ပံုစာ - ပ်ဴ မင္းထီး

…………………………………………………………

"ဆိုးရွားလွန်းတဲ့ သက်သေပြချက်"
………………………………………………………။
ပျူ မင်းထီးနန်းတက်တော့ AD 167 ပါ။
နတ်ရွာစံတော့ AD 242။ စည်းစိမ် ၇၅ နှစ်။
ပျူ မင်းထီးပြီးတော့ ထီးမင်းယဉ်၊ ယဉ်မင်းပိုက်၊
ပိုက်သေဉ်လည်၊ သေဉ်လည်ကြောင်၊
ကြောင်တူရစ် ဆိုပြီး အဖနောက် သားက အစဉ်
အဆက် နန်းတက် ကြောင်း ရာဇဝင် မှတ်တမ်း
ရှိထားတာပါ။
ပျူမင်းထီးကနေ ကြောင်တူရစ်အထိ (AD 167-
AD 387) ဖြစ်တာကြောင့် အဲဒီကာလကို AD 2 ရာစု
ကနေ AD 4 ရာစု အတွင်းလို့ သတ်မှတ်ရမှာ
ဖြစ်ပါတယ်။
ဒါက ပျူ  မင်းထီးကနေ ကြောင်တူရစ်အထိ
ခေတ်ကာလ နှစ်အပိုင်းအခြား ဖြစ်ပါတယ်။
ဖယ်ရာတို့ ဟာဗေးတို့ လုစ်တို့ ဘရှင်တို့
ဒီ.အာရ်သန်းထွန်းတို့ သန့်မြင့်ဦးတို့ သက်သေ
ပြထားတဲ့ နန်ချောင် မင်းဆက်ကာလနဲ့
နှိုင်းယှဉ်ကြည့်ရအောင်ပါ။
နန်ချောင် အင်ပါယာကို AD 7 ရာစု လောက်မှ
စတင်ထူထောင်တာဖြစ်ပြီး AD 902 လောက်မှာ
ပြိုကွဲ သွားခဲ့တာဖြစ်ပါတယ်။ အဲဒီ နန်ချောင် အင်ပါ
ယာကို Tai Kingdom လို့လည်း ခေါ်ပါတယ်။
ဆိုလိုတာက တိုင်ရှမ်းတွေပါ။ နောင်မှာ ထိုင်း
လူမျိုးဆိုပြီး ဖြစ်လာမယ့် သူတွေ။ အဲဒီ နန်ချောင်
တိုင်ရှမ်း ဘုရင့်နိုင်ငံပြိုကွဲပြီးမှ တိုင်ရှမ်းတွေဟာ
တောင်ဘက်ကို ထွက်ပြေးလာပုံရပါတယ်။
အဲဒီကာလ ကြွမ်းအင်ပါယာ ထူထောင်နေပြီ
ဖြစ်တာကြောင့် ထွက်ပြေးလာတဲ့ တိုင်ရှမ်း
(ယိုးဒယား)တွေဟာ ခမာနယ်မြေထဲ စစ်ပြေး
လာပြီး ခမာလက်အောက်မှာ နေနေရတာလည်း
ပဲဖြစ်ပါတယ်။ ဒီအချက်က အရှေ့တောင်အာရှ
ဒေသထဲ ဆူခိုထိုင်း ရှေ့မှာ ယခုအခေါ် ထိုင်း
(တိုင်ရှမ်း) နိုင်ငံအဖြစ် ဘာမှ လောက်လောက်
လားလား ပြစရာ မရှိတာနဲ့ ကိုက်ညီနေတာပါ။အသောက မောင်းထုတ်လိုက်လို့ ပင်လယ်ဖြတ်
ပြေးလာရတဲ့ မောရိယအင်ပါယာက လက်မခံ
ပြည်နှင်ဒဏ်အပေးခံရသူ စစ်ပြေးဒုက္ခသည်
တလိင်္ဂဏတိုင်းသား (တလိုင်း) တွေကတော့
အရှေ့တောင်အာရှထဲ ရောက်တာ တိုင်ရှမ်း(ထိုင်း)
တွေထက် အတော့်ကိုစောတာပါ။
သူတို့ လှေစီးဒုက္ခသည်တွေအဖြစ်နဲ့ ထွက်ပြေးလာ
ခဲ့ကြတဲ့ ကာလဟာ BC 3 ရာစု ဖြစ်တာကြောင့် တလိုင်းတွေဟာ ခမာနဲ့မြန်မာတွေလက်အောက်မှာ တိုင်ရှမ်း(ထိုင်း)တွေထက် ကျွန်သက် နှစ်ပေါင်း ၁၂၀၀ လောက်စောစွာ နေထိုင်ရတာလည်း
ဖြစ်ပါတယ်။ တိုင်ရှမ်း(ထိုင်း) တွေကတော့
ခမာ့ကျွန်အဖြစ် နှစ်ပေါင်း ၃ရာကျော်လောက်
နေထိုင်ခဲ့ကြရတာပါ။ ဒါက တိုင်ရှမ်း(ထိုင်း)'တွေရဲ့ ပထမဆုံး ဆူခိုထိုင်း တိုင်းပြည်စတင်ပေါ်ပေါက်
တဲ့ ကာလ တနည်းအားဖြင့် အုပ်ချုပ်သူ မြန်မာ
တွေရဲ့ ပုဂံအင်ပါယာ ပြိုကွဲတဲ့ ကာလ AD 13
ရာစု အထိ အခင်းအကျင်းဖြစ်ပါတယ်။
အဲဒီ နန်ချောင်အင်ပါယာ ခေါ် ထန် အင်ပါယာဟာ
တကောင်း သို့မဟုတ် ဟန်လင်း သို့မဟုတ် မိုင်းမော ကို ဝင်တိုက်တယ်လို့ ဆိုပါတယ်။
ဒါက မန်ရှုမှတ်တမ်း အလိုအရပါ။ အဲဒီလို ဝင်တိုက်
ပြီး လူ ၃၀၀၀ ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်
ဆိုပါတယ်။ အဲဒီလူတွေဟာ နန်ချောင်က(ဝါ)
ထန်နိုင်ငံက ယခုအခေါ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းကို
ဝန်းရံလုပ်ကြံစဉ်မှာ ပါဝင်တိုက်ခိုက်ပေးရတယ်လို့
မန်ရှုကျမ်းမှာ ဖော်ပြထားပါတယ်။
အဲဒီလူတွေဟာ ပျူ တွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို နန်ချောင်(ဝါ) ထန်နိုင်ငံ (ဝါ) တိုင်ရှမ်းဘုရင့်
နိုင်ငံက မြို့တစ်မြို့မျှကို ဝင်တိုက်ပြီး လူ ၃၀၀၀
သုံ့ပန်း ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရရုံကာမျှနဲ့ပဲ အဲဒီကာလ မြန်မာပြည်မှာ လူသူမရှိ ပျူ  မျိုးတုံးပြီး ဟောင်းလောင်းမြေ ဖြစ်သွားတယ်လို့ အထက်
ဖော်ပြပါ အမည်ရှိတဲ့ မြန်မာ့သမိုင်းကို ဖျက်ဆီးချင်
သူများက ယုတ္တိနဲ့ ကင်းကွာစွာရေးကြပါတယ်။
အဲဒီနောက် AD 9 ရာစု အကုန်ခန့်မှာ ၎င်းတို့ အဆို
အရ အဲဒီ နန်ချောင် အင်ပါယာကပဲ တိုက်ထုတ်
ခံလိုက်ရတဲ့ ၎င်း နန်ချောင်တရုတ်မျိုး သို့မဟုတ်
တိုင်ရှမ်းမျိုးနွယ်စု လူမျိုးစုတစ်စုဟာ နတ်ထိပ်
တောင်ကြားကနေ ကျောက်ဆည်လွင်ပြင်ကို ဆင်း
ချလာပြီး အလျင်အမြန် အင်အားကြီးထွားလာပြီး
ယပ်တောင်သဖွယ်ဖြန့်ကျက် ဒေသအများအပြားကို
သိမ်းပိုက်လိုက်ကြပြီး ပုဂံမှာ တမဟုတ်ချင်း ရုတ်ချည်းဆိုသလို ယဉ်ကျေးမှုအဆင့်အတန်းတွေ
ဖြင့်မားပြီး နှစ်ပေါင်း ၁၀၀ မျှ ကာလအတွင်း
အင်ပါယာထူထောင်နိုင်သူတွေအဖြစ် ရောက်ရှိ
သွားကြတယ် ဆိုပါတယ်။
သူတိူ့ကို ဗုဒ္ဓသာသနာပေးတာဟာ ပျူတွေလို့
ဆိုပါတယ်။ နန်ချောင် သို့မဟုတ် တိုင်ရှမ်းတွေ
တွေသတ်လို့ မျိုးတုံးသွားခဲ့ပါပြီဆိုတဲ့ ပျူတွေဟာ
သူတို့အဆိုအရ မြန်မာဖြစ်လာမယ့် တရုပ်စစ်ပြေး
ဒုက္ခသည် လူမျိုးစုလေးကို သာသနာ့အမွေပေးဖို့
ဘယ်ကောင်းကင်ကနေ ဘွားကနဲဲပြန်ကျ လာ
တယ်ဆိုတာကိုတော့ ပျူမျိုးတုံးပါပြီလို့ပြောနေသူ
အထက်ပါ အမည်ပါသူတွေအနေနဲ့ သက်သေ
အထောက်အထား ပြသနိုင်ခြင်းလည်း မရှိပါဘူး။
ဒါ့အပြင် ၎င်းတို့ဟာ ဇာတ်ညွှန်းအရ အရင်ပေး
ရောက်ထားတဲ့ တလိုင်းတွေက မြန်မာဖြစ်လာမယ့်
တရုတ်က လူမျိုးစုကလေးကို အက္ခရာနဲ့ စာပေ
သင်ကြားပေးတယ်ဆိုပြန်ပါတယ်။
ဒီ.အာရ် သန်းထွန်းက မြန်မာတွေထက် မွန်တွေဟာ
လက်ရှိ မြန်မာနိုင်ငံ အရပ်ဒေသ အထူးသဖြင့်
ဒေသအောာက်ပိုင်းကို နှစ် ၁၀၀၀ စောပြီး ဝင်
ရောက်နှင့်ပြီး ဖြစ်တယ်လို့ ဆိုတာပါ။
သူဆိုလိုချင်တာက မွန်ဖြစ်လာမယ့် မွန်ဂိုတွေဟာ
မွန်ဂိုကနေ တရုပ်ပြည်ကြီး ဖြတ်ပြီး တောင်ဘက်
ရွှေ့ပြောင်း နေထိုင်လာခဲ့တယ်ဆိုတဲ့ ယုတ္တိမရှိတဲ့
အယူအဆ(မျှ) ကို အခြေခံပြီး သမိုင်း အပင်း
ထပ်ဆင့် ဆို့ပေးလိုက်တာပါ။
တကယ်တမ်းမှာတော့ တလိုင်း သမိုင်းကြောင်းကို
ခြေရာကောက်ရင် မွန်သားချော့တေး ၃ ပုဒ်နဲ့
အချိန်ကာလ အဆက်အစပ်အရ အဖြစ်နိုင်ဆုံး
ဟာ BC 260 ကျော်မှ အသောက မောင်းထုတ်
လိုက်လို့ ထွက်ပြေးလာရသူများသာ ဖြစ်တယ်
ဆိုတာကသာ ခိုင်မာရှင်းလင်းတဲ့ တလိုင်းတို့လာရာ
လမ်းကြောင်း ထင်းထင်းကြီးသာ ဖြစ်နေတာပါ။
ဒီအကြောင်းကို ရှေ့မှာ post အချို့ရေးသားပြီး
ရှင်းလင်းခဲ့ ပြဆိုခဲ့ ကွင်းဆက်တွေ ချိတ်ဆက်
ပြခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ အရှေ့တောင်အာရှ ဒေသဘက်ကို
လူတွေဟာ မြစ်တွေကဲ့သို့ မြောက်မှတောင်သို့
လူစီးကြောင်းကြီး စီးဆင်းခဲ့သယောင်ယောင်တွေ
ပြောဆိုရေးသားနေတဲ့ ယုတ္တိမရှိတဲ့ အယူအဆကို
အနည်းငယ် ပြောချင်ပါသေးတယ်။
လူတွေဟာ တိဗက် သို့မဟုတ် မွန်ဂိုကနေ
ရွှေ့ပြောင်းလာတာမှာ မြန်မာတွေက နောက်
အကျဆုံးဖြစ်တယ်ဆိုတဲ့ သုံးစားမရတဲ့ migration
သီအိုရီကို အခြေခံပြီးမှ ခပ်တည်တည် လျှောက်
ရွှီးနေတာတွေဟာ သဘာမကျတဲ့ အရာတွေပါပဲ။အဲဒီ migration လူစီးကြောင်းကြီး အစပြုလာတဲ့
တိဗက် သို့မဟုတ် မွန်ဂိုမှာ မဟာမိခင်ကြီးတွေဟာ
လူတွေ တပြွတ်ပြွတ်မွေးထုတ်ပြီး မြောက်ဘက်က
နေ တောင်ဘက်ကို သူ အဆက်မပြတ် မွေးထုတ်
လိုက်တဲ့ လူတွေကို သွားစေခဲ့တာပါလား။
အခု အဲဒီ migration ဖြစ်စဉ်ကြီး မရှိတော့တာဟာ
အဲဒီ လူတွေ တပြွတ်ပြွတ်မွေးထုတ်ပေးနေတဲ့
မဟာမိခင်ကြီးတွေ အသက်အရွယ် အိုမင်းပြီး
သေကုန်ကြလို့ပါလား။ ဒါမှမဟုတ် အဲဒီ ကာလ
တုန်းက migration လုပ်မယ့် လူတွေဖြစ်လာဖို့
လူလုပ်တဲ့ စက်ရုံတွေရှိခဲ့လို့ပါလား။
အခု အဲဒီ စက်ရုံတွေ ပျက်ကုန်လို့ migration
ဖြစ်စဉ်ကြီး ရပ်တန့်သွားတာပါလား။
တိဗက်က လာလိုက် မွန်ဂိုက လာလိုက် အဲဒီ
ကြောင်တောင်တောင် migration သီအိုရီအစုတ်
ကြီးကို လက်ကိုင်ပြုပြီး သမိုင်းဖြစ်စဉ်တွေကို
အခြေခံဆုံးဖြတ်သမျှဟာ ပေါတောတော
ကြောင်တောင်တောင် အယူအဆတွေပဲ
ထွက်လာမှာ အသေအချာပါပဲ။
အဲဒီ တိဘက်နဲ့ မွန်ဂိုကနေ အရှေ့တောင်အာရှကို
လာခဲ့တဲ့ ခရီးလမ်းတလျောက်မှာ လာခဲ့တဲ့လူတွေ
ကျန်မနေနိုင်ခဲ့ဘူးလား။ မွန်ဂိုကနေ တရုတ်ပြည်
ကြီး ဖြတ်လာတဲ့ လမ်းတလျောက် တရုတ်ပြည်
ထဲမှာ အခု အရှေ့တောင်အာရှ ဒေသက လူတွေနဲ့
တူတဲ့လူမျိုးစုတွေ ပြကြည့်ပါ။
အဲဒီ မွန်ဂိုနဲ့ တိဘက်မှာရော အကြွင်းအကျန်
တောင် မရှိတော့ဘူးလား။ ဒီလိုဖြစ်မလား။
အဲဒီ လူတွေ တပြွတ်ပြွတ်မွေးပေးနေတဲ့ မဟာမိခင်
ကြီးတွေဟာ migration လုပ်မယ့် လူမျိုးတွေမွေးပြီး
တဲ့နောက် အဲဒီလူမျိုးတွေ ထပ်မမွေးတော့ဘဲ
အကုန်အစင် migration လုပ်ခိုင်းပြီး ဒေသခံလူမျိုး
တွေပဲ ဆက်မွေးပေးလိုက်တာပါလား။ ဒါမှမဟုတ် လူထုတ်တဲ့ စက်ရုံတွေက လူမော်ဒယ် အသစ် ပြောင်းပြီး ထုတ်လိုက်ကြလို့ပါလား။
အဲဒီ တိဘက် နဲ့ မွန်ဂိုက လူတွေနဲ့ ဒီကလူတွေ
တူရဲ့လားလဲ သေချာစေ့ငုကြည့်ကြည့်ပါ။
အဲဒီ ပေါတောတော ကြောက်တောင်တောင်
migration သီအိုရီ အစုတ်ကြီးကို လွှင့်ပစ်လိုက်
လိုက်မှ သမိုင်းကို အရှိအတိုင်း မြင်လာမှာပဲ
ဖြစ်ပါတယ်။
migration တွေ ရှိခဲ့နိုင်ပါတယ်။ တလိုင်းတွေ
တလိင်္ဂဏကနေ စစ်ပြေးလာသလိုမျိုး။ ခမာတွေ
ကို စစ်ရှုံးပြီး မြန်မာပြည်ထဲ ပြေးလာသလိုမျိုး
ရှိနိုင်ပေမယ့် အထက်ကပြောချက်တွေလို
တိဗက်နဲ့ မွန်ဂိုကနေ မြောက်ကနေ တောင်ကို
လူစီးကြောင်းကြီး စီးဆင်းလာတာ ပင်လယ်စပ်
ရောက်မှ တန့်သွားပြီး အခြေချသလိုလို လူသား
မျိုးနွယ်အစအဦးမှာ migration ဖြစ်စဉ်ကြီး
ဖြစ်ခဲ့ပါတယ် ဆိုတာဟာ လုံးဝ အခြေအမြစ်
မရှိတဲ့ အယူအဆ(သက်သက်မျှ)သာ ဖြစ်ပါတယ်။
လူတွေ ယုံမှားနေတဲ့ အဲဒီသုံစားမရတဲ့ သီအိုရီက
လက်ရှိ မြန်မာနိုင်ငံဒေသအတွင်း ရှေးဦး လူသား
ဆိုင်ရာတွေ့ရှိမှု အထောက်အထားတွေကို မျက်
ကွယ်ပြုထားတာပဲ ဖြစ်ပြီး၊ အဲဒါကို ယနေ့ အချိန်
အထိ လက်ခံနေခြင်းဟာ သုတေသန အသေအချာ
မလုပ်ဘဲ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ပြဌာန်း
ထားတဲ့ ပြဌာန်းသင်ရိုးကိုကျေညက်တဲ့ စကောလား အဆင့်မှာပဲ ရှိနေသေးတာပါ။ စကောလားဆိုတာ
တွေဟာ သင်ရိုးမှားရင် သူတို့လည်း မှားယွင်းမှာ
ဖြစ်တာပါပဲ။ ခေါင်းထဲမှာ သုတေသနအမြင်မရှိပဲ
မှားမှား မှန်မှန် သင်ကြားခဲ့ရသမျှသာ သူ့ခေါင်း
ထဲမှာ ရှိနေသူများသာ ဖြစ်ပါတယ်။
မြန်မာ့သမိုင်းနဲ့ ပတ်သက်လို့ ၎င်းတို့ ရေးသား ပြော
ဆို နေသမျှတွေဟာ သုံးစားမရတဲ့ migration
သီအိုကို သမိုင်းအုတ်မြစ်အဖြစ် အခြေခံပြီးမှ
ဆက်လက်ဆင့်ပွား တွေးခေါ်ကြတာသာ ဖြစ်တာ
ကြောင့် အခြေခံထားတဲ့ အုတ်မြစ်မှားပေါ်က ၎င်း
တို့ရဲ့ သမိုင်း   အယူအဆတွေဟာလည်း မည်သည့်
နည်းနှင့်မျှ မမှန်နိုင်တော့ဘဲ အရှိသမိုင်းနဲ့ လွဲချော်
ပြီး မိမိစိတ်ကူးတည့်ရာ စိတ်ကူးယဉ် လုပ်ဇာတ်
များသာ ဖြစ်နေမှာ ဖြစ်တာကြောင့် ၎င်း migration
သီအိုရီ အလွဲကြီးကို ဆုပ်ကိုင်တွေးခေါ်ရေးသား
နေသမျှအားလုံးဟာ မြန်မာ့သမိုင်းအတွက်
မည်သည့်တန်ဖိုးမျှ မရှိရုံမျှမက မြန်မာ့သမိုင်း အစဉ်
အဆက်ကို အများသူငှာ အသိမှားယွင်းအောင်
ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြတာသာ
ဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
အဲဒီ ၎င်းတို့ရဲ့ migeation သီအိုရီကို ခိုင်မာစေ
ချင်ရုံမျှနဲ့(မြန်မာ့သမိုင်းကို အမည်ပေါက်မှုကို
အခွင့်ကောင်ယူပြီး ဖျက်ဆီးနေသူ ရှေ့အထက်က
ဖော်ပြပါ အမည်ရှိသူတွေဟာ) နန်ချောင်က အမည်
ပေးပုံနဲ့ ပြူမင်းထီးမှ ကြောင်တူရစ် မင်းအထိ
အဖဖြစ်သော ရှေ့မင်း၏ နောက်စာလုံးနဲ့ သား
ဖြစ်သော နောက်မင်း၏ ရှေ့စားလုံး အချိတ်
အဆက်ဟာ AD 9 ရာစု နန်ချောင်တွေ အမည်
ပေးပုံနဲ့ အတူတူဖြစ်တယ်။ ဒါကြောင့် မြန်မာတွေ
ရဲ့ အစဟာ နန်ချောင်ခေါ်တိုင်ရှမ်း ဘုရင့်နိုင်ငံ
နယ်မြေထဲက စစ်ရှုံး တရုပ်လူမျိုးစုတစ်စု ဖြစ်တာ
ခိုင်မာတယ်လို့ ၎င်း တို့ရဲ့ သုံးစားမရတဲ့
migration သီအိုရီကြီးကို မြန်မာအစ ကျောက်
ဆည်က အဖြစ် အခိုင်အမာ ပုံဖော်ဖို့ ၎င်း အမည်
ဆက်နွယ်မှုကို အထောက်အထား အခိုင်အမာ
အဖြစ် ငြင်းကွက် မရှိနိုင်တော့ဘူးအထင်နဲ့
သက်သေ တင်သွင်းကြပါတော့တယ်။
ဒီသက်သေဟာ ဖယ်ရာ၊ ဟာဗေး၊ လုစ်၊ လုစ် သြဇာခံများဖြစ်ကြတဲ့ ဘရှင်၊ဒီ.အာရ်သန်းထွန်း
နဲ့ ယခုနောက်ဆုံး ဦးသန့်အရှိန်နဲ့ အမည်ပေါက်လာ
တဲ့ သန့်မြင့်ဦးအထိ အစဉ်အလာမပျက် တင်သွင်း
လာနေကြတဲ့ ၎င်းတို့ပြတဲ့ အထောက်အထား
ဖြစ်ပါတယ်။
သို့သော် ၎င်းတို့ အနေနဲ့ ၎င်းတို့ရဲ့ migration
သီအိုရီခိုင်မာဖို့ကိုသာ အထူးအာရုံစိုက်တာ
ကြောင့် ၎င်းတို့ပြတဲ့ သက်သေအြချက်ဟာ
မြင်မကောင်းရှုမကောင်းလောက်အောင် ၎င်းတို့
ပြချင်တဲ့ ဆိုလိုရင်းဆီမရောက်ဘဲ ဆိုးရွားစွာ
နှစ်ပေါင်း ၅၀၀ ခန့် လွဲချော်နေတယ် ဆိုတာပါပဲ။
တကယ်တော့ ၎င်း တို့အနေနဲ့ ရှက်ဖို့ အလွန်ပဲ
ကောင်းလှတာပါ။ သာမန် စာဖတ်သူများအနေနဲ့
သမိုင်းသုတေသနပြုလုပ်နေသူများကဲ့သို့
ခေတ်ပြိုင် အချိန်ကာလများကို မသိကြတဲ့အခါ
ဟုတ်မှာပဲလို့ ဟုတ်ယောင်ထင်မှားသွားကြ
တော့တာပါပဲ။
ဒီစာတမ်းရဲ့ အစကနဦးအဖွင့်မှာ ရေးသားဖော်ပြ
ထားခဲ့တဲ့ အတိုင်း ပျူမင်းထီး နန်းတက်ကနေ
ကြောင်တူရစ်အထိဟာ AD 2 ရာစုကနေ AD 4
ရာစု ဖြစ်တာပါ။ ၎င်းတို့ သက်သေပြတဲ့ နန်ချောင်
ခေါ် တိုင်ရှမ်းဘုရင့်နိုင်ငံက AD 7-8 ရာစုမှသာ
အစ ပျိုးတာဖြစ်ပြီး AD 9 စုမှသာ နာမည်ထွက်
လာတာပါ။
အဲဒီ အချိန်ကာလအားဖြင့် ပျူမင်းထီးကနေ
နှစ်ပေါင်း ၇၀၀ လောက်ကွာခြားနေတဲ့ ခေတ်ပြိုင်
တောင် မဟုတ်တဲ့ ကာလ ၂ ခုကို သာမန် စာဖတ်
သူတွေ မသိလောက်တာကြောင့် ခေတ်ပြိုင်
သော်လည်းကောင်း မရှေးမနှောင်း ရှေ့ဆင့်
နောက်ဆင့်သော်လည်းကောင်း ထင်ယောင်
ထင်မှားဖြစ်စေပြီး သက်သေအလွဲကြီးကို
အထောက်အထားအဖြစ် ပြနေကြတာသာပါ။
ဒါ့အပြင် နန်ချောင်ခေါ် တိုင်ရှမ်းဘုရင့်နိုင်ငံဟာ
ပျူမင်းထီးထက် စောခဲ့ပါက ဖြစ်နိုင်ဖွယ်အဖြစ်
သံသယနဲ့ ထည့်သွင်းစဉ်းစားရမယ့် အချက်
တစ်ချက်အဖြစ် သတ်မှတ်ရမည်ဖြစ်သော်လည်း
ပဲ ၎င်းတို့ မလိမ့်တစ်ပတ်နဲ့ သက်သေပြတဲ့
အမည်ဆက်နွယ်မှု အထောက်အထား
နန်ချောင်ဟာ ပျူမင်းထီးနောက် နှစ်ပေါင်း ၇၀၀
လောက် နောက်ကျနေပြန်တာဟာ ရှေ့က အစဉ်
အလာကို ယူဆောင်ခြင်း ဖြစ်ပါတယ်လို့ ဘယ်
လိုမှ သတ်မှတ်လို့ မရတာပါပဲ။ ၎င်းတို့ရဲ့ သက်သေ
ပြချက်အရဆိုရင် မရောက်သေးတဲ့ကာလက(ဝါ)
အနာဂါတ်က အမည်ကို ပျူမင်းထီးမင်းဆက်က
ပုဂံမှာ အစူအစဉ်ဓလေ့ထုံးတမ်းအဖြစ် ယူငင်
သုံးစွဲရာရောက်နေတာက ပျူမင်းထီးဟာ AD 2
ရာစုကနေ AD 9 ရာစုကို အချိန်ကာလယန္တယား
စီးပြီးသွားရောက်ခဲ့လို့ပါလားလို့ မေးရလောက်
အောင် ရယ်စရာကောင်းလွန်းနေပြန်တာပါပဲ။
အဓိပ္ပါယ်မရှိတာကို သက်သေအထာက်အထား
အဖြစ် ဇွတ်ယူသွင်းနေတာဖြစ်ပြီး ဒါဟာ သမိုင်းကို
သုတေသနမလုပ်ဘဲ မှားယွင်းနေတဲ့ သင်ရိုးကိုသာ
ကျေညက်စွာသိထားသူ သို့မဟုတ် သိသိနဲ့
တမင် ၎င်းတို့ရဲ့ ယုတ္တိမရှိတဲ့ migration သီအိုရီ
ကို အဓမ္မခိုင်မာကြောင်းပြပြီး မြန်မာ့သမိုင်းကို
ပျက်စီးစေအောင် ဖျက်ဆီးပစ်နေတဲ့ လုပ်ဆောင်
ချက်တွေသာ ဖြပါတယ်။ ၎င်း အထက်က အမည်
ဖော်ပြသူများဟာ ပျူ စောထီးခေါ် ပျူမင်းထီးကို
အမှန်တကယ်မရှိ၊ ဒဏ္ဍာရီ လုပ်ဇာတ်အဖြစ်
အစဉ်တစိုက်(ဒီ.အာရ် သန်းထွန်း) ရေးသားခဲ့
ကြသူများဖြစ်ပေမယ့် မြန်မာတွေဟာ နန်ချောင်
စစ်ပြေး တရုတ်တွေဖြစ်ကြောင်း ရှုတ်ချချင်တဲ့
အခါမှာတော့ ၎င်းတို့က ဒဏ္ဍာရီ လုပ်ဇာတ်ပါလို့
အတိအကျလအခိုင်အမာဆိုဆိုနေတဲ့ ပျူမင်ထီး
ကနေ ကြောင်တူရစ်မင်းဆက်အထိကို အမည်
ဆက်နွယ်မှုရှိကြောင်း ခေတ်ကာလ ပြောင်းပြန်
ကွာဝေးနေတာတောင်မှ ဇွတ်အတင်း အဓမ္မ
အထောက်အထားထူ သက်သေယူနေပြန်ပါ
သေးတယ်။ စိတ်ပျက်ဖွယ်ရာပါပဲ။
ပျူမင်းထီးက နန်ချောင်ထက် ရှေ့ နှစ်ပေါင်း ၇၀၀
လောက်စောနေတာတောင်မှပဲ ရှေ့လူက သူ့နောက် မဖြစ်သေးတဲ့ ကာလက လူတွေရဲ့
အမည်မှည့်ပုံကို ရိုးရာ ဓလေ့အဖြစ်ယူဆောင်
မှည့်ခေါ်တယ်လို့ သက်သေထောက်ထား အတည်
ပြုချက်ဟာ အလွန့်ကို စက်ဆုပ်ဖွယ် အခြင်း
အရာပါ။ ဒါ့အပြင် သေလည်ကြောင်နှင့် ဖောင်ဖောင်ရယ်မော စကားပြောရှင့် ဆိုပြီး မဟာ
ဂီရိနတ်နဲ့ သေည်လည်ကြောင်မင်း ရယ်ကာ
မောကာ စကားတွေဖောင်အောင် ပြောကြတဲ့ အကြောင်းထဲက သေလည်ကြောင်မင်းဆိုတာက သေလည်ကြောင်ရွာကို အပိုင်စားရလို့ သေလေည်
ကြောင်မင်း ခေါ်ကြောင်း စာဟောင်းတွေမှာ ပါရှိပါတယ်။ မဟာဂီရိနတ်နဲ့ စကားပြောတာ
ကတော့ နတ်နဲ့ မျက်မြင်ထင်ရှား တိုက်ရိုက်
စကားပြောတာဟုတ်ဟန်မတူပါဘူး။ နတ်ခေါင်း
ဆွဲ သို့မဟုတ် ဝင်ရောက်ပူးကပ်ခံရသူကနေတဆင့်
စကားပြောတာသာ ဖြစ်ဖွယ်ရာပါ။ ကြောင်တူရစ်
ဟာလည်းပဲ ကြောင်တူရစ်ရွာကို အပိုင်စားရလို့
ကြောင်တူရစ်မင်း ခေါ်တယ်ဆိုပါတယ်။
မင်းတုန်းကို အပိုင်စားရလို့ မင်းတုန်းမင်း၊ ကနောင်
ကို အပိုင်စားရလို့ ကနောင်မင်း၊ သီပေါကို အပိုင်
စားရလို့ သီပေါမင်း စသဖြင့် ခေါ်ဆိုကြတာချင်းနဲ့
အတူတူပါပဲ။ ၎င်းကမှ ရှေးကတည်းက မြန်မာ့
ဓလေ့ ဖြစ်ကြောင်း ခိုင်မာတဲ့ ကျိုးကြောင်းဆီလျော်
ယုတ္တိရှိတဲ့ သက်သေ အထောက်အထား ဖြစ်ပါ
တယ်။ ၎င်း အထက် ဖော်ပြ အမည်ပါ ပုဂ္ဂိုလ်များ
ဆွဲယူထုတ်ပြတဲ့ AD 2 ရာစုက ပျူမင်းထီးကနေ ကြောင်တူရစ်မင်းအထိ အမည်ဆက်နွယ်မှုဟာ
AD 9 ရာစုက နန်ချောက်တွေရဲ့ အမည်ပေးမှုကို
အစဉ်အဆက် မိမိတို့ဓလေ့အဖြစ်ရယူ ဆောင်ပြီး
မှည့်ခေါ်တယ်ဆိုတာကတော့ မရောက်သေးတဲ့
ကာလက မရှိသေးတဲ့ လူမျိုးတွေရဲ့ အမည်ကို
ရယူသလို ဖြစ်နေတာပဲ မဟုတ်ပါလား။
စိတ်ပျက် စက်ဆုပ်ဖွယ်ရာ လွဲချော်မှုကြီးဖြစ်ပြီး
အသေအချာ လေ့လာသုတေသနပြုလုပ်နိုင်ခြင်း
မရှိတဲ့ သာမန်စာဖတ်သူတွေကို ဝေဝါးထွေပြား
သွားစောအောင်လုပ်ဆောက်ပြီး ယုတ္တိကင်းမဲ့တဲ့
၎င်းတို့ရဲ့ migration သီအိုရီကို မြန်မာ့သမိုင်းကို
ဖျက်ဆီးပြီး ယနေ့အထိ ခိုင်မာအောင် အောက်
တန်းကျစွာ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
AD 2-3 ရာစုဟာ ပျူမင်းထီးနဲ့အပြိုင် တရုပ်မှာက
သုံးပြည်ထောင်ကွဲထွက်နေတဲ့ ကာလ ဖြစ်ပါတယ်။
ဒီတော့ ၎င်းတို့ဟာ AD 9 ရာစုက နန်ချောင်အမည်
ကို မြန်မာတွေ ဆက်ယူဆောင်ကြောင်း သက်သေ
အထောက်အထားပြချင်ရင် ဥပမာအားဖြင့်
အနော်ရထာ၊ ထာလူး၊ လူးစစ်မင်း၊ မင်းလောင်း
စည်သူ စသဖြင့် ဖြစ်အောင် အားထုတ်သင့်တာပါ။
သမိုင်းဆိုတာ မိမိသီအိုရီကို ခိုင်မာအောင် လိုရာ
ဆွဲပြီး သက်သေပြတာမျိုး မဟုတ်ဘဲ ရှိခဲ့တဲ့
အရှိတရားကိုပဲ လက်ခံရမှာပဲ ဖြစ်ပါတယ်။
ဒီလိုမှ မဟုတ်ဘဲ မိမိအယူအဆကို ကာကွယ်ဖို့
အတွက် ယုတ္တိမရှိတာတွေကို ယုတ္တာလုပ်ပြီး
သက်သေပြနေရင်တော့ ဒါဟာ သမိုင်းရေး
နေတာ မဟုတ်ဘဲ မိမိအယူအဆကိုသာလျှင်
ကာကွယ်နေတာသက်သက်မျှသာ ဖြစ်ပါတယ်။
နောင်မှာ AD 2ရာစုက အစပြုတဲ့ ပျူမင်းထီး ကနေ
ကြောင်တူရစ် မင်းအထိကို မရောက်ရှိသေးတဲ့
AD 9 ရာစုက နန်ချောင်တွေရဲ့ အမဘ်ဆက်နွယ်
မှု ဖြစ်ပါတယ်လို့ ပြောလာခဲ့ရင် အဲဒီ ပြောလာတဲ့
ကောင်ဟာ သမိုင်းဖျက်နေတဲ့ အကုသိုလ်မျိုး
အယုတ်တမာကောင်သာ ဖြစ်တယ်လို့
မှတ်ယူကြပေရော့လို့ ဆိုရင်း ဒီစာတမ်းကို
အဆုံးသတ်လိုက်ပါတယ်။
…………………………………………။
ပုံစာ - ပျူ မင်းထီး

No comments:

Post a Comment