"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၅)
……………………………………………။
အေလာင္းမင္းတရားလက္ထက္ႏွင့္ ေနာက္ေတာ္
ႀကီးမင္းလက္ထက္ စုစုေပါင္း ႏွစ္ေပါင္း ၁၁ ႏွစ္
၇ လခန့္မွာ အဂၤလိပ္တို့၏ အေရးကို စိတ္ပူပင္
ေသာကေရာက္စရာ အေျခအေနအျဖစ္ မရွိေသး
ပါေခ်။ ေညာင္းရမ္းေခတ္ေႏွာင္း ေခတ္ပ်က္ကာလ
၌ မြန္တို့ အင္းဝထီးနန္းကို သိမ္းယူ၍ ျမန္မာႏိုင္ငံ
အလံုး သိမ္ပိုက္ရန္ႀကိဳးစားစဥ္အခါ သိမ္းပင္သိမ္းမိ
ေသာ္ျငားလည္း ႏွစ္ေပါက္ေအာင္မ်ွပင္မခံ အင္အား
အဆမတန္ နည္ပါးလွသည့္ အေလာင္းဘုရား၏
တြန္းလွန္မႈႏွင့္အတူ မြန္မင္းဆက္ျပတ္သည္အထိ
ေျခလက္မထူႏိုင္ ေခ်မႈန္းခံလုိက္ရေပသည္။
အကယ္၍မူ မြန္တို့က အေလာင္းမင္းတရားအား
ႏွိမ္နင္းႏိုင္၍ေသာ္လည္းေကာင္း အေလာင္းမင္း
တရားက အျခားသူမ်ားနည္းတူ မြန္တို့အထံ သစၥာ
ခံခဲ႔မိသည္ျဖစ္ေသာ္လည္းေကာင္း ထိုစဥ္ကာလ
ႏိုင္ငံ၏အမည္မွာ ျမန္မာႏိုင္ငံအစား မြန္ႏိုင္ငံဟု
ေျပာင္းလဲေကာင္း ေျပာင္းလဲသြားႏိုင္ေပသည္။
သို့ေသာ္ ဦးေအာင္ေဇယ်၏ ႀကိဳးပမ္းမႈက တလိုင္း/
မြန္တို့ကို အင္းဝ၌ ေခတၱခဏမ်ွသာေနခြင့္ေပးခဲ႔ၿပီး
ျမန္မာႏိုင္ငံအျဖစ္သာ တည္ရွိေနေစရန္ ျဖစ္ေပၚ
လာေပသည္။ တစ္တိုင္းျပည္လံုး နယ္ေျမေဒသ
အသီးသီးက တလိုင္း(ယခုအမည္)မြန္တို့ကို
သစၥာခံထားသည့္ အင္အား အဆမတန္ သာလြန္
ေသာ ထို တလိုင္း/မြန္တို့ကို လူ ေထာင္ဂဏန္း
အနည္းငယ္မ်ွျဖင့္ မင္းဆက္ျပတ္သည္အထိ
ႏွိမ္နင္းႏိုင္သည္မွာကား သာမန္အရည္အခ်င္းမ်ွ
မဟုတ္ပါေပ။ ထိုသို့ေသာ အရည္အေသြးကို
ဒုတိယသားေတာ္ ဆင္ျဖဴရွင္(ေျမဒူးမင္း) က
ဆက္လက္ ဆက္ခံခဲ့သည္မွာ အထင္အရွားပင္
ျဖစ္၏။ အသက္ ၁၆/၁၇ အရြယ္က လူ ၂၀၀၀ ေက်ာ္ မ်ွျဖင့္ အင္အားသိန္းခ်ီေနသည့္ တလိုင္း/
မြန္ ၾကည္း/ေရ တပ္အား အင္းဝမွခုခံတိုက္ခိုက္
ေအာင္ပြဲဆင္ခဲ့သည့္ ဆင္ျဖဴရွင္မင္း နန္းတက္ခ်ိန္
တြင္ ၎သည္ သက္ေတာ္အားျဖင့္ ၂၇/၂၈ႏွစ္
မ်ွသာရွိေသးသည္ျဖစ္ေပသည္။
သို့ေသာ္ အသက္အရြယ္ႏွင့္မမ်ွေသာ စစ္ေရးစစ္ရာ
တိုင္းေရးျပည္မႈ၊ နယ္ေျမပိုင္ႏိုင္က်ြမ္းက်င္မႈ၊
ရဲရင့္ျပတ္သားမႈ၊ ေခါင္းေဆာင္ေကာင္းျပီသမႈ
မ်ားက ယိုးဒယားတစ္ျပည္လံုးကို သိမ္းပိုက္ႏိုင္
ခဲ႔ျခင္းႏွင့္ ပီကင္းအထိပါ တက္တိုက္ရန္ ရည္ရြယ္
ထားသည့္ ခ်င္မင္းဆက္၏ တရုတ္ က်ဴးေက်ာ္စစ္
ႀကီး ၄ ႀကိမ္ကို ျပတ္ျပတ္သားသား ေအာင္ပြဲ
ခံႏိုင္ခဲ႔ျခင္းက သက္ေသျပခဲ႔ေပသည္။
ေနာင္ေတာ္ႀကီးမင္း ကံေတာ္မကုန္မီ လႊတ္ခဲ႔သည့္
ဇင္းမယ္အေရးကိစၥသည္ ဆင္ျဖဴရွင္လက္ထက္၌
ေအာင္ျမင္စြာျပီးစီးေဆာင္ရြက္ခဲ႔သျဖင့္ တပ္ေတာ္
မ်ား ျပန္လည္ေရာက္ရွိလာခဲ႔ရာ ခ်က္ခ်င္းပင္
ယိုးဒယားသို့ တပ္ေတာ္ေစလႊတ္ခဲ႔၏။
ဖခမည္းေတာ္၏ လုပ္ငန္းကို လက္စသတ္ရန္
အတြက္ အေဆာတလ်င္ပင္ စီစဥ္ခဲ႔၏။
ထိုေခတ္ ထိုကာလမ်ားမွာ စစ္တိုက္ျခင္းသည္သာ
ဘုန္းတန္းခိုးအင္အားေတာက္ပ၍ စစ္ဘုရင္မ်ား
ကိုသာလ်ွင္ ဦးညႊတ္ခစားၾကသည့္ အေလ်ာက္
အင္အားႀကီးသူက နယ္ေျမခ်ဲ႕ထြင္ သိမ္းပိုက္
သည္မွာ အဆန္းတက်ယ္မဟုတ္ေပ။
ကိုယ္က မသြားလ်ွင္ သူက လာမည္သာ ျဖစ္၏။
တစ္ကမ႓ာလံုး လူ့ယဥ္ေက်းမႈကား ထို အတိုင္းပင္
ျဖစ္ေပသည္။ ထိုကာလ ျမန္မာႏိုင္ငံကို ယခု
ကာလ နယ္နိမိတ္အျဖစ္ ျမင္ၾကည့္၍ ဆံုးျဖတ္
ျခင္း မျပဳလုပ္ရန္ အေရးႀကီးသည္။
ယူနန္နယ္အတြင္း ေဒသ မ်ားႏွင့္ လာအိုအပါအဝင္
ယခုကာလ ထိုင္းႏိုင္ငံ ေျမာက္ပိုင္းဟု ေခၚသည့္
အရပ္ေဒသ အလံုးသည္ ျမန္မာႏိုင္ငံ ျဖစ္၏။
အယုဒၵယသည္ ယခုအေခၚ ထိုင္းႏိုင္ငံ ေတာင္ပိုင္း
ႏွင့္ ယခုအေခၚ ကေမ႓ာဒီးယားေဒသကိုသာလ်ွင္
ယိုးဒယားသားတို့ ပိုင္ဆိုင္ထား၏။
ပိုင္ဆိုင္သည္ ဆိုေသာ္ျငားလည္း အယုဒၶကို
ပိသေလာက္၊ ဆူခိုထိုင္း၊ သုဝန္ခေလာက္၊
ရပ္ဘီး စသည့္ လက္ေအာက္ခံျမိဳ႕ႀကီးမ်ားက
ရံဖန္ရံခါ ေတာ္လွန္ပုန္ကန္၍ အသီးအသီး အခြင့္
သာလ်ွင္ ဘုရင္ျဖစ္ရန္ ႀကိဳးပမ္းၾကသည္ျဖစ္၏။
ဤသည္တို့မွာလည္း ထိုေခတ္ ထိုကာလ ကမ႓ာ့
လူ့ ယဥ္ေက်းမႈပင္ ျဖစ္ေပသည္။
ထိုုကာလ အျပန္အလွန္ စစ္တိုက္သိမ္းပိုက္ၾကျခင္း
အတြက္ မည္သူကမွားသည္ မည္သူကမွန္သည္ဟု
ဆံုးျဖတ္စရာ လိုေကာင္းသည့္ ကိစၥတစ္ရပ္မဟုတ္
သလို ထိုထို စစ္ပြဲမ်ားကသာလ်ွင္ ထိုကာလ၏
ကမ႓ာ့ လူ့ယဥ္ေက်းမႈ ထိုကာလ ကမ႓ာ့လူသား
တို့၏ စိတ္ခံစားမႈ ေနထိုင္မႈ ပံုစံတစ္ရပ္ပင္ျဖစ္၏။
ႏိုင္သူက ရသမ်ွသိမ္းယူ၍ လက္ေအာက္ခံအျဖစ္
သိမ္းသြင္းျပီး ရံႈးသူက အခိုက္အတန့္အားျဖင့္
သစၥာခံ၍ ပုန္ကန္ရန္ အခါအခြင့္ကို ေစာင့္ဆိုင္း
ေနတတ္ၾကသည္မွာ သဘာဝပင္ ျဖစ္သည္။ဆင္ျဖဴရွင္မင္းျမတ္သည္ အေလာင္းမင္းတရား
ႀကီး၏ လက္စကို အဆံုးသတ္ရန္အတြက္
ေနမ်ိဳးသီဟပေတ့အား စစ္ဗိုလ္ခ်ဳပ္ခန့္၍ ဇင္းမယ္
အား၊ လင္းဇင္းအားျဖင့္ ပိတ္ဆို့ရန္ စစ္သည္သူရဲ ၂၀၀၀၀ ေပး၍ ဇင္းမယ္ေၾကာင္းခ်ီကာ အယုဒၶယ ေျမာက္ ဘက္မွ ယိုးဒယားသားတို့ထံအေရာက္ လႊတ္ခဲ႔ေပသည္။ ထိုတပ္ထဲ၌ အေလာင္းမင္းတရား
လက္ထက္ကပင္ ကြပ္မ်က္ျခင္းမျပဳဘဲ ဆက္လက္
အမႈထမ္းေစခဲ႔ေသာ မြန္တပ္မွဴးႏွစ္ဦးလည္း
တပ္ႏွစ္တပ္ကို ဦးစီး၍ ပါဝင္ခဲ႔ေပသည္။
အခ်ိန္ကား ျမန္မာသကၠရာဇ္ ၁၁၂၅၊ ခရစ္ႏွစ္ AD
1763 ခုႏွစ္ျဖစ္၏။
ထိုကာလ၌ ပီကင္းတြင္ ခ်င္းလံု နန္းတက္ေနျပီး
အယုဒၶယ၌ ဧကာဒသ္ နန္းတက္ေနသည္ျဖစ္၏။
အိႏၵိယသည္ကား အဂၤလိပ္လက္ေအာက္သို့
အလံုးစံုေရာက္ရွိသြားျပီ ျဖစ္ေလသည္။
ထိုအတြင္း ဆင္ျဖဴရွင္သည္ အင္းဝကို ျမိဳ႕ခ်ဲ႕ရန္
မင္းလွေနာ္ရထာအား တာဝန္ေပး၍ ကံေၾကြး
လက္ခေပးေတာ္မူ၏။ ၎ အေထာက္အထားအရ
ျမန္မာမင္းတို့ ျပည္သူလုထုအား အခမဲ႔ အတင္း
အၾကပ္ အဓမၼ ခိုင္းေစၾကဟန္ ေရးသားၾကမႈမ်ား
မွာ အပုပ္ခ်ရံုကာမ်ွထက္ မပိုေသာ အေၾကာင္းမဲ႔
စြပ္စြဲခ်က္မ်ားသာျဖစ္သည္ကို သိရွိရမည္ျဖစ္၏။
ညီေတာ္ အျမင့္မင္းကို သီရီသုဓမၼရာဇာဘြဲ႕ျဖင့္
အိမ္ေရွ႕ေပး၍ ဗဒံုမင္း၊ ပခန္းမင္း၊ ပင္းတလဲမင္း
တို့ကိုလည္း ဘြဲ႕ေပးျပီး ညီအစ္ကိုခ်င္း
ေသြးေသာက္ ဖြဲ့ခဲ႔ေပသည္။
ထပ္မံ၍ ယိုးဒယားသို့ ဇင္းမယ္ေၾကာင္းခ်ီ တစ္တပ္
တည္းျဖင့္ လံုေလာက္မည္မဟုတ္ဟု ထားဝယ္
ေၾကာင္းခ်ီ တစ္တပ္ကို ထပ္မံေစလြႊတ္ျပီး
အယုဒၶယကို စစ္မ်က္ႏွာႏွစ္ဘက္မွ စစ္ေၾကာင္း
၂ ေၾကာင္းျဖင့္ တိုက္ခိုက္သိမ္းပိုက္ရန္ ေစလႊတ္
ခဲ႔သည္။ ထိုအတြင္း မဏိပူရေစာ္ဘြားက ပုန္ကန္
ျပန္သျဖင့္ စစ္အင္အား ၄ေသာင္းျဖင့္ ခ်ီတက္ရာ
ညီေတာ္ အျမင့္မင္းႏွင့္ဗဒံုမင္းကို စစ္ပြဲအတြင္းသို့
ေခၚေဆာင္သြားခဲ႔သည္။ ထိုပုန္ကန္မႈကို ဆင္ျဖဴ
ရွင္သည္ သာေတာင့္သာယာ ႏွိမ္နင္းႏိုင္ခဲ႔သည္ဟု
ဆိုရမည္ျဖစ္၏။ ဤသည္မွာလည္း အေလာင္း
မင္းတရားသိမ္းပိုက္ခဲ႔ေသာ ျမန္မာႏိုင္ငံေတာ္
ပိုက္နက္အတြင္းက မဏိပူရေဒသသည္ ေနာင္
ေတာ္ႀကီးမင္း ကံကုန္ျပီးေနာက္ ေနာက္တက္လာ
သည့္ ဆင္ျဖဴရွင္အား ေသြးတိုးစမ္းသည့္ အျဖစ္
အပ်က္တစ္ခုမ်ွသာ ျဖစ္ျပီး အင္အား အလြန္အက်ြံ
သံုးစြဲ၍ အထိအခိုက္အရွအနာ မ်ားျပားစြာ
တိုက္ခိုက္ရသည့္ ပြဲႀကီးလမ္းႀကီး စာရင္းဝင္သည္
မဟုတ္ပါေပ။ သို့ေသာ္ အယုဒၶယကိုပင္ တပ္ေစ
လႊတ္၍ သိမ္းပိုက္ေစသည့္ ဆင္ျဖဴရွင္သည္
မဏိပူရသို့ ကိုယ္ေတာ္တိုင္ ၾကြခ်ီ၍
ႏွိမ္နင္းျခင္းက အိႏၵိယကို သိမ္းပိုက္ထားေသာ
အဂၤလိပ္တို့အား ဤသည္ကား ငါ၏ ပိုင္နက္
ျဖစ္သည္ဟု ျပသလိုသည္ေၾကာင့္သာလ်ွင္ ျဖစ္
ေပသည္။ ထိုအခ်ိန္က မဏိပူရ၏ ပုန္ကန္မႈကို
သြားေရာက္ ႏွိမ္နင္းသည့္ ဆင္ျဖဴရွင္ႏွင့္ ပတ္
သက္၍ အဂၤလိပ္တို့ဘက္က တစ္စြန္းတစမ်ွ
ေလသံဟျခင္း မရွိဘဲ အာသံမဏိပူရ ေဒသသည္
ျမန္မာမင္းတို့၏ ပိုင္နက္ျဖစ္ေၾကာင္း အသိအမွတ္
ျပဳထားေပသည္။ ထိုအေၾကာင္းေၾကာင့္သာလ်ွင္
ေနာင္ကာလ အဂၤလိပ္တို့ႏွင့္ ျမန္မာတို့စစ္ျဖစ္ရန္
တာစူအစပ်ိဳးေနသည့္ကာလ အာသံႏွင့္ မဏိပူရ
နယ္ေျမမ်ားကို အဂၤလိပ္တို့ ဝင္ေရာက္သိမ္းပိုက္
ျခင္း မျပဳၾကဘဲ ေစာ္ဘြားမ်ားကိုသာ အားေပး
အားေျမွာက္ေသြးထိုး လံႈ႕ေဆာ္ အကူအညီေပး
ျဖင္းမ်ားသာလ်ွင္ ျပဳလုပ္ၾကသည္ျဖစ္၏။
ဇင္းမယ္ေၾကာင္းခ်ီသြားေသာ ေနမ်ိဳးသီဟပေတ့
သည္ ဇင္းမယ္(ယခု ခ်င္းမိုင္)၊ လာအို၊ လန္ဖုန္း
စသျဖင့္ ယခုကာလ နယ္နိမိတ္အရ ထိုင္းႏိုင္ငံ
ေျမာက္ပိုင္းတခြင္ ျပဲျပဲစင္ေအာင္ မျငိမ္မသက္သူ
မွန္သမ်ွ ေမႊေႏွာက္ေျခာက္ျခားပစ္သည္မွာ
လင္းဇင္းကို တိုက္သည္၌ ျမိဳ႕မသိမ္းရေသးမီ
ေသေလေသာ လင္းဇင္းသားတို့၏ ေခါင္း ၁ေသာင္း
ေက်ာ္ကို စုပံုထားသည္ပင္ ျဖစ္၏။
ထိုသည္ကို ဆက္လက္ခုခံေနသည္ျဖစ္ရာ ယိုးဒယားအေရာက္ ေနာက္က်မည္ဟု အလံုး
အရင္းျဖင့္ တိုက္ခိုက္သည္တြင္ လင္ဇင္းသားတို့
မ်ားစြာေသေက်ပ်က္စီးၾကျပန္ရာ လင္းဇင္းမင္း
လည္း အညံ႔ခံသျဖင့္ အင္းဝသို့ သားမယားမွဴးမတ္
တို့အား အေျခြအရံႏွင့္တကြ ပို့သည္ကို ဆင္ျဖဴရွင္ သည္ ထိုသူ လင္းဇင္းသားတို့အား လင္းဇင္းကုန္း
ဟု ေနာင္တြင္ေခၚတြင္ၾကသည့္ အရပ္၌ ေကာင္းမြန္
စြာ ထား၏။ ထိုမွ ေနျပည္ေတာ္က ပါရင္းအင္အား
အျပင္ ဇင္းမယ္၊ လင္းဇင္း စသည္တို့က အရပ္ရပ္
ျမိဳ႕ရြာမ်ားမွ တပ္သားမ်ားစည္းၾကပ္စုရံုး၍ ယိုးဒယား
သို့ ျမန္မာတပ္မ်ား ခ်ီတက္လာၾကေလသည္။
ျမန္မာ့တပ္မေတာ္က ဦးေဆာင္သျဖင့္ ျမန္မာတပ္
ဟု ေခၚဆိုေသာ္လည္း တပ္ေတာ္အတြင္း၌
ဇင္းမယ္သားမ်ား၊ လာအိုသားမ်ား အမ်ားအျပား
ပါဝင္သည္ျဖစ္၏။ ထိုျမန္မာႏိုင္ငံေတာ္၏ အေပါင္း
အစုကို ျမန္မာတပ္ဟု ေခၚေပသည္။ ျမန္မာလူ
မ်ိဳးခ်ည္းသာလ်င္ သီးသန့္မဟုတ္ေပ။
ျမန္မာႏိုင္ငံအတြင္းက လူမ်ိဳးေပါင္းစံု ပါဝင္သည္
ျဖစ္သကဲ႔သို့ ေပၚတူဂီ ျပင္သစ္ အာေမးနီးယန္း
ကသည္း ပသီကုလား စသျဖင့္ အရပ္ရပ္အမႈ
ထမ္းမ်ားစြာလည္း ျမန္မာ့တပ္မေတာ္အတြင္း
လိုက္ပါအမႈထမ္းရသည္ ျဖစ္၏။
မဟာေနာ္ရထာဦးေဆာင္သည့္ ထားဝယ္ေၾကာင္း
ခ်ီတပ္မွာလည္း ယိုးဒယား ေတာက္ဘက္
တေလ်ာက္ျမိဳ႕မွန္သမ်ွ သိမ္းႀကံဳးတိုက္ခိုက္
သိမ္းပိုက္၍ ျမန္မာႏိုင္ငံျဖစ္ေစျပီးမွ ယိုးဒယား
ျမိဳ႕သို့ခ်ဥ္းကပ္ခါ ဘုရင့္ေနာင္မင္းတရားႀကီး
တည္ထားခဲ႔ေသာ ေစတီအနီး တပ္ခ်ရင္း
ေနမ်ိဳးသီဟပေတ့၏ ဇင္းမယ္ေၾကာင္းခ်ီတပ္ႀကီး
အား ေစာင့္ဆိုင္းရင္း အင္အားျဖည့္တင္းေလသည္။
ေနမ်ိဳးသီဟပေတ့လည္း အင္အား သိန္းခ်ီေနသည့္
တပ္ႀကီးကို ၾကည္းေရ ၂ခုခြဲ၍ မဲပိန္ျမစ္အတိုင္း
ခ်ီတက္လာေရာက္၍ အယုဒၶယအနီးတြင္ မဲပိန္
ျမစ္ကို အလယ္တြင္ထားလ်က္ တပ္ႀကီး ၂တပ္ ခြ
ေဆာက္ခါ အယုဒၶယျမိဳ႕၏ အေရွ႕ဘက္ႏွင့္ ေျမာက္
ဘက္တလႊား ျမိဳ႕ရြာဟူသမ်ွကို တိုပ္ခိုက္ သိမ္း
ပိုက္ပစ္လိုက္သည္ျဖစ္ရာ ယိုးဒယားသားတို့
အပိုင္မွာကား အယုဒၶယျမိဳ႕ ကြက္ကြက္သာလ်ွင္
က်န္သည္သာ ျဖစ္ေပေတာ့သည္။
ထိုသို့ အယုဒၶယျမိဳ႕မွလြဲ၍ က်န္နယ္ေျမေဒသအလံုး
ျမန္မာႏိုင္ငံေတာ္ျဖစ္ေစျပီးသည္ေနာက္ ယိုးဒယား
သားတို့ ဘုရင္ႏွင့္တကြ မက်ိဳးမႏြံ ျမိဳ႕စီးျပစီး
ထူထပ္ေကာင္းမြန္စြာျဖင့္ သံျမိဳ႕အလား ျမိဳ႕တံခါး
ပိတ္ခုခံရန္ ျပင္ဆင္ထားသည္ကို ႏြားျခံေလွာင္
သကဲ႔သို့ ဆင္ျဖဴရွင္ဘုရင္မင္းျမတ္၏ ျမန္မာ
တပ္မ်ား စတင္ ပိတ္ေလွာင္သည္မွာ ျမန္မာ
သကၠရာဇ္ ၁၁၂၇ ခုႏွစ္၊ တပို့တြဲလဆန္း ၅ရက္၊
ခရစ္ႏွစ္ AD 1766 January 14 ရက္
ျဖစ္ေပသည္။
အယုဒၶယကို သိမ္းပိုက္ရန္ ဆင္ျဖဴရွင္သည္
ေနမ်ိဳးသီဟပေတ့အား အယုဒၶယသို့ တိုက္ရိုက္
မလႊတ္ဘဲ ဇင္းမယ္ႏွင့္ လင္းဇင္းကို ေကာင္းမြန္
စြာေနထားတက်ျဖစ္ေအာင္ ၃ႏွစ္ခန့္ စီမံ၍ အင္အား
တိုးပြားေအာင္လုပ္ေဆာင္ျခင္းသည္ ဆင္ျဖဴရွင္၏
စစ္ေရး ႏိုင္ငံေရး ေျမွာ္ျမင္ခ်က္ ျပည့္ဝမႈျဖစ္၏။
ထို့ေနာက္မွ တဖန္ ေနမ်ိဳးသီဟပေတ့တို့ျပီးေနာက္
တစ္ႏွစ္အၾကာတြင္ မဟာေနာ္ရထာအား ထားဝယ္
ေၾကာင္းခ်ီေစျပန္ျပီး ယိုးဒယား ေတာင္ဘက္ႏွင့္
အေနာက္ဘက္တလႊားကို သိမ္းယူေစျပန္ျပီး
စစ္ေၾကာင္း၂ေၾကာင္းျဖင့္ အင္အားစုေဆာင္း
သိမ္းပိုက္ခ်ီတက္ေစသည္မွာ ေကာင္းမြန္ျပည့္
စံုသည့္ မဟာဗ်ဴဟာ တစ္ရပ္လည္း ျဖစ္ေပသည္။
ဆင္ျဖဴရွင္သည္ အယုဒၶယကို သိမ္းပိုက္ရန္အတြက္
၎၏ မဟာဗ်ဴဟာအရ အယုဒၶျမိဳ႕ေျခရင္းသို့
ျမန္မာတို့ ဆိုက္ေရာက္ခ်ိန္အထိ အခ်ိန္ကာလ
၃ႏွစ္ယူခဲ့သည္မွာ ယိုးဒယားတို့ျမိဳ႕ကို ရလ်ွင္လည္း
ယူမည္၊ မရလ်ွင္လည္းျပန္မည္၊ ေနာင္ႏွစ္တဖန္
ျပန္လာတိုက္မည္ဟူသည့္ ရည္ရြယ္ခ်က္မရွိဘဲ
တခါတည္း အျပီးသတ္သိမ္းပိုက္ရန္ ရည္ရြယ္
ေၾကာင္း ထင္ရွား၏။ သို့ျဖစ္သည္ေၾကာင့္သာလ်ွင္
မ်ိဳးရိကၡာအေထာက္အလွမ္း ေပးပို့ႏိုင္သည့္
ျမိဳ႕ရြာဟူသမ်ွကို ပိုက္စိပ္တိုက္ သိမ္းပိုက္ေစျခင္း
ျဖစ္ျပီး ျမိဳ႕ရြာဟူသမ်ွ ျမန္မာႏိုင္ငံေတာ္အလံုး
ျဖစ္ေစျပီးမွ အယုဒၶျမိဳ႕ကြက္ကြက္သာလ်ွင္ က်န္
သည့္အခါ၌ ႏြားျခံေလွာင္သကဲ႔သို့ ပိတ္ေလွာင္၍
ထင္းေခြ ဟင္းရြက္ခူးမ်ွ ျမိဳ႕ျပင္ မထြက္ႏိုင္ေအာင္
ဝန္းရံပိတ္ဆို့ ထားႏိုင္ျခင္း ျဖစ္ေပသည္။
သိမ္းပိုက္ထားသမ်ွ ယိုးဒယားတို့ ျမိဳ႕ရြာဟူသမ်ွ
လည္း အလံုးစံုသည္ ျမန္မာႏိုင္ငံေတာ္ျဖစ္ျပီး၍
ျမန္မာဘုရင္လက္ေအာက္ေရာက္ ျမန္မာဘုရင့္
သစၥာအား ခံယူျပီးျဖစ္ၾကျပန္ရာ ဝိုင္းဝန္းပိတ္ဆို့
ထားသည့္ ျမန္မာတပ္အား ေဖာက္ထြက္၍
အယုဒၶယ ျမိဳ့တြင္းသို့ မည္သူက လူသူလက္နက္
မ်ိဳးရိကၡာေဆးဝါး အေထာက္အပံ႔ ငွက္မူ၍
ပ်ံႏိုင္ေသာ္မွ ေပးဝံ႔ပါအံ႔နည္း။
……………………………………………………………။
ပံုစာ-
ယိုးဒယားသားတို့က ျမန္မာတို့ တို္က္ခိုက္
သိမ္းပိုက္ရန္ မျဖစ္ႏိုင္ဟု ယူဆထားေသာ
ျမိဳ႕စီးျပစီးျပည့္စံုစြာျဖင့္ ျမိဳ႕တံခါးပိတ္ ခုခံေနခဲ့သည့္
အယုဒၶယေနာက္ဆံုးမင္းဆက္ ဧကာဒသ္ႏွင့္
အေပါင္းအပါ ယိုးဒယားသားမ်ား မက်ိဳးမႏြံ
အေျချပဳခဲ႔ေသာ အယုဒၶယျမိဳ႕ကို
ျမိဳ႕သက္ကုန္၍ မင္းဆက္မျပတ္မီ
ေတြ႔ျမင္ရစဥ္။
…………………………………………………………
"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၅)
……………………………………………။
အလောင်းမင်းတရားလက်ထက်နှင့် နောက်တော်
ကြီးမင်းလက်ထက် စုစုပေါင်း နှစ်ပေါင်း ၁၁ နှစ်
၇ လခန့်မှာ အင်္ဂလိပ်တို့၏ အရေးကို စိတ်ပူပင်
သောကရောက်စရာ အခြေအနေအဖြစ် မရှိသေး
ပါချေ။ ညောင်းရမ်းခေတ်နှောင်း ခေတ်ပျက်ကာလ
၌ မွန်တို့ အင်းဝထီးနန်းကို သိမ်းယူ၍ မြန်မာနိုင်ငံ
အလုံး သိမ်ပိုက်ရန်ကြိုးစားစဉ်အခါ သိမ်းပင်သိမ်းမိ
သော်ငြားလည်း နှစ်ပေါက်အောင်မျှပင်မခံ အင်အား
အဆမတန် နည်ပါးလှသည့် အလောင်းဘုရား၏
တွန်းလှန်မှုနှင့်အတူ မွန်မင်းဆက်ပြတ်သည်အထိ
ခြေလက်မထူနိုင် ချေမှုန်းခံလိုက်ရပေသည်။
အကယ်၍မူ မွန်တို့က အလောင်းမင်းတရားအား
နှိမ်နင်းနိုင်၍သော်လည်းကောင်း အလောင်းမင်း
တရားက အခြားသူများနည်းတူ မွန်တို့အထံ သစ္စာ
ခံခဲ့မိသည်ဖြစ်သော်လည်းကောင်း ထိုစဉ်ကာလ
နိုင်ငံ၏အမည်မှာ မြန်မာနိုင်ငံအစား မွန်နိုင်ငံဟု
ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပေသည်။
သို့သော် ဦးအောင်ဇေယျ၏ ကြိုးပမ်းမှုက တလိုင်း/
မွန်တို့ကို အင်းဝ၌ ခေတ္တခဏမျှသာနေခွင့်ပေးခဲ့ပြီး
မြန်မာနိုင်ငံအဖြစ်သာ တည်ရှိနေစေရန် ဖြစ်ပေါ်
လာပေသည်။ တစ်တိုင်းပြည်လုံး နယ်မြေဒေသ
အသီးသီးက တလိုင်း(ယခုအမည်)မွန်တို့ကို
သစ္စာခံထားသည့် အင်အား အဆမတန် သာလွန်
သော ထို တလိုင်း/မွန်တို့ကို လူ ထောင်ဂဏန်း
အနည်းငယ်မျှဖြင့် မင်းဆက်ပြတ်သည်အထိ
နှိမ်နင်းနိုင်သည်မှာကား သာမန်အရည်အချင်းမျှ
မဟုတ်ပါပေ။ ထိုသို့သော အရည်အသွေးကို
ဒုတိယသားတော် ဆင်ဖြူရှင်(မြေဒူးမင်း) က
ဆက်လက် ဆက်ခံခဲ့သည်မှာ အထင်အရှားပင်
ဖြစ်၏။ အသက် ၁၆/၁၇ အရွယ်က လူ ၂၀၀၀ ကျော် မျှဖြင့် အင်အားသိန်းချီနေသည့် တလိုင်း/
မွန် ကြည်း/ရေ တပ်အား အင်းဝမှခုခံတိုက်ခိုက်
အောင်ပွဲဆင်ခဲ့သည့် ဆင်ဖြူရှင်မင်း နန်းတက်ချိန်
တွင် ၎င်းသည် သက်တော်အားဖြင့် ၂၇/၂၈နှစ်
မျှသာရှိသေးသည်ဖြစ်ပေသည်။
သို့သော် အသက်အရွယ်နှင့်မမျှသော စစ်ရေးစစ်ရာ
တိုင်းရေးပြည်မှု၊ နယ်မြေပိုင်နိုင်ကျွမ်းကျင်မှု၊
ရဲရင့်ပြတ်သားမှု၊ ခေါင်းဆောင်ကောင်းပြီသမှု
များက ယိုးဒယားတစ်ပြည်လုံးကို သိမ်းပိုက်နိုင်
ခဲ့ခြင်းနှင့် ပီကင်းအထိပါ တက်တိုက်ရန် ရည်ရွယ်
ထားသည့် ချင်မင်းဆက်၏ တရုတ် ကျူးကျော်စစ်
ကြီး ၄ ကြိမ်ကို ပြတ်ပြတ်သားသား အောင်ပွဲ
ခံနိုင်ခဲ့ခြင်းက သက်သေပြခဲ့ပေသည်။
နောင်တော်ကြီးမင်း ကံတော်မကုန်မီ လွှတ်ခဲ့သည့်
ဇင်းမယ်အရေးကိစ္စသည် ဆင်ဖြူရှင်လက်ထက်၌
အောင်မြင်စွာပြီးစီးဆောင်ရွက်ခဲ့သဖြင့် တပ်တော်
များ ပြန်လည်ရောက်ရှိလာခဲ့ရာ ချက်ချင်းပင်
ယိုးဒယားသို့ တပ်တော်စေလွှတ်ခဲ့၏။
ဖခမည်းတော်၏ လုပ်ငန်းကို လက်စသတ်ရန်
အတွက် အဆောတလျင်ပင် စီစဉ်ခဲ့၏။
ထိုခေတ် ထိုကာလများမှာ စစ်တိုက်ခြင်းသည်သာ
ဘုန်းတန်းခိုးအင်အားတောက်ပ၍ စစ်ဘုရင်များ
ကိုသာလျှင် ဦးညွှတ်ခစားကြသည့် အလျောက်
အင်အားကြီးသူက နယ်မြေချဲ့ထွင် သိမ်းပိုက်
သည်မှာ အဆန်းတကျယ်မဟုတ်ပေ။
ကိုယ်က မသွားလျှင် သူက လာမည်သာ ဖြစ်၏။
တစ်ကမ္ဘာလုံး လူ့ယဉ်ကျေးမှုကား ထို အတိုင်းပင်
ဖြစ်ပေသည်။ ထိုကာလ မြန်မာနိုင်ငံကို ယခု
ကာလ နယ်နိမိတ်အဖြစ် မြင်ကြည့်၍ ဆုံးဖြတ်
ခြင်း မပြုလုပ်ရန် အရေးကြီးသည်။
ယူနန်နယ်အတွင်း ဒေသ များနှင့် လာအိုအပါအဝင်
ယခုကာလ ထိုင်းနိုင်ငံ မြောက်ပိုင်းဟု ခေါ်သည့်
အရပ်ဒေသ အလုံးသည် မြန်မာနိုင်ငံ ဖြစ်၏။
အယုဒ္ဒယသည် ယခုအခေါ် ထိုင်းနိုင်ငံ တောင်ပိုင်း
နှင့် ယခုအခေါ် ကမ္ဘောဒီးယားဒေသကိုသာလျှင်
ယိုးဒယားသားတို့ ပိုင်ဆိုင်ထား၏။
ပိုင်ဆိုင်သည် ဆိုသော်ငြားလည်း အယုဒ္ဓကို
ပိသလောက်၊ ဆူခိုထိုင်း၊ သုဝန်ခလောက်၊
ရပ်ဘီး စသည့် လက်အောက်ခံမြို့ကြီးများက
ရံဖန်ရံခါ တော်လှန်ပုန်ကန်၍ အသီးအသီး အခွင့်
သာလျှင် ဘုရင်ဖြစ်ရန် ကြိုးပမ်းကြသည်ဖြစ်၏။
ဤသည်တို့မှာလည်း ထိုခေတ် ထိုကာလ ကမ္ဘာ့
လူ့ ယဉ်ကျေးမှုပင် ဖြစ်ပေသည်။
ထိုကာလ အပြန်အလှန် စစ်တိုက်သိမ်းပိုက်ကြခြင်း
အတွက် မည်သူကမှားသည် မည်သူကမှန်သည်ဟု
ဆုံးဖြတ်စရာ လိုကောင်းသည့် ကိစ္စတစ်ရပ်မဟုတ်
သလို ထိုထို စစ်ပွဲများကသာလျှင် ထိုကာလ၏
ကမ္ဘာ့ လူ့ယဉ်ကျေးမှု ထိုကာလ ကမ္ဘာ့လူသား
တို့၏ စိတ်ခံစားမှု နေထိုင်မှု ပုံစံတစ်ရပ်ပင်ဖြစ်၏။
နိုင်သူက ရသမျှသိမ်းယူ၍ လက်အောက်ခံအဖြစ်
သိမ်းသွင်းပြီး ရှုံးသူက အခိုက်အတန့်အားဖြင့်
သစ္စာခံ၍ ပုန်ကန်ရန် အခါအခွင့်ကို စောင့်ဆိုင်း
နေတတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။ဆင်ဖြူရှင်မင်းမြတ်သည် အလောင်းမင်းတရား
ကြီး၏ လက်စကို အဆုံးသတ်ရန်အတွက်
နေမျိုးသီဟပတေ့အား စစ်ဗိုလ်ချုပ်ခန့်၍ ဇင်းမယ်
အား၊ လင်းဇင်းအားဖြင့် ပိတ်ဆို့ရန် စစ်သည်သူရဲ ၂၀၀၀၀ ပေး၍ ဇင်းမယ်ကြောင်းချီကာ အယုဒ္ဓယ မြောက် ဘက်မှ ယိုးဒယားသားတို့ထံအရောက် လွှတ်ခဲ့ပေသည်။ ထိုတပ်ထဲ၌ အလောင်းမင်းတရား
လက်ထက်ကပင် ကွပ်မျက်ခြင်းမပြုဘဲ ဆက်လက်
အမှုထမ်းစေခဲ့သော မွန်တပ်မှူးနှစ်ဦးလည်း
တပ်နှစ်တပ်ကို ဦးစီး၍ ပါဝင်ခဲ့ပေသည်။
အချိန်ကား မြန်မာသက္ကရာဇ် ၁၁၂၅၊ ခရစ်နှစ် AD
1763 ခုနှစ်ဖြစ်၏။
ထိုကာလ၌ ပီကင်းတွင် ချင်းလုံ နန်းတက်နေပြီး
အယုဒ္ဓယ၌ ဧကာဒသ် နန်းတက်နေသည်ဖြစ်၏။
အိန္ဒိယသည်ကား အင်္ဂလိပ်လက်အောက်သို့
အလုံးစုံရောက်ရှိသွားပြီ ဖြစ်လေသည်။
ထိုအတွင်း ဆင်ဖြူရှင်သည် အင်းဝကို မြို့ချဲ့ရန်
မင်းလှနော်ရထာအား တာဝန်ပေး၍ ကံကြွေး
လက်ခပေးတော်မူ၏။ ၎င်း အထောက်အထားအရ
မြန်မာမင်းတို့ ပြည်သူလုထုအား အခမဲ့ အတင်း
အကြပ် အဓမ္မ ခိုင်းစေကြဟန် ရေးသားကြမှုများ
မှာ အပုပ်ချရုံကာမျှထက် မပိုသော အကြောင်းမဲ့
စွပ်စွဲချက်များသာဖြစ်သည်ကို သိရှိရမည်ဖြစ်၏။
ညီတော် အမြင့်မင်းကို သီရီသုဓမ္မရာဇာဘွဲ့ဖြင့်
အိမ်ရှေ့ပေး၍ ဗဒုံမင်း၊ ပခန်းမင်း၊ ပင်းတလဲမင်း
တို့ကိုလည်း ဘွဲ့ပေးပြီး ညီအစ်ကိုချင်း
သွေးသောက် ဖွဲ့ခဲ့ပေသည်။
ထပ်မံ၍ ယိုးဒယားသို့ ဇင်းမယ်ကြောင်းချီ တစ်တပ်
တည်းဖြင့် လုံလောက်မည်မဟုတ်ဟု ထားဝယ်
ကြောင်းချီ တစ်တပ်ကို ထပ်မံစေလွွှတ်ပြီး
အယုဒ္ဓယကို စစ်မျက်နှာနှစ်ဘက်မှ စစ်ကြောင်း
၂ ကြောင်းဖြင့် တိုက်ခိုက်သိမ်းပိုက်ရန် စေလွှတ်
ခဲ့သည်။ ထိုအတွင်း မဏိပူရစော်ဘွားက ပုန်ကန်
ပြန်သဖြင့် စစ်အင်အား ၄သောင်းဖြင့် ချီတက်ရာ
ညီတော် အမြင့်မင်းနှင့်ဗဒုံမင်းကို စစ်ပွဲအတွင်းသို့
ခေါ်ဆောင်သွားခဲ့သည်။ ထိုပုန်ကန်မှုကို ဆင်ဖြူ
ရှင်သည် သာတောင့်သာယာ နှိမ်နင်းနိုင်ခဲ့သည်ဟု
ဆိုရမည်ဖြစ်၏။ ဤသည်မှာလည်း အလောင်း
မင်းတရားသိမ်းပိုက်ခဲ့သော မြန်မာနိုင်ငံတော်
ပိုက်နက်အတွင်းက မဏိပူရဒေသသည် နောင်
တော်ကြီးမင်း ကံကုန်ပြီးနောက် နောက်တက်လာ
သည့် ဆင်ဖြူရှင်အား သွေးတိုးစမ်းသည့် အဖြစ်
အပျက်တစ်ခုမျှသာ ဖြစ်ပြီး အင်အား အလွန်အကျွံ
သုံးစွဲ၍ အထိအခိုက်အရှအနာ များပြားစွာ
တိုက်ခိုက်ရသည့် ပွဲကြီးလမ်းကြီး စာရင်းဝင်သည်
မဟုတ်ပါပေ။ သို့သော် အယုဒ္ဓယကိုပင် တပ်စေ
လွှတ်၍ သိမ်းပိုက်စေသည့် ဆင်ဖြူရှင်သည်
မဏိပူရသို့ ကိုယ်တော်တိုင် ကြွချီ၍
နှိမ်နင်းခြင်းက အိန္ဒိယကို သိမ်းပိုက်ထားသော
အင်္ဂလိပ်တို့အား ဤသည်ကား ငါ၏ ပိုင်နက်
ဖြစ်သည်ဟု ပြသလိုသည်ကြောင့်သာလျှင် ဖြစ်
ပေသည်။ ထိုအချိန်က မဏိပူရ၏ ပုန်ကန်မှုကို
သွားရောက် နှိမ်နင်းသည့် ဆင်ဖြူရှင်နှင့် ပတ်
သက်၍ အင်္ဂလိပ်တို့ဘက်က တစ်စွန်းတစမျှ
လေသံဟခြင်း မရှိဘဲ အာသံမဏိပူရ ဒေသသည်
မြန်မာမင်းတို့၏ ပိုင်နက်ဖြစ်ကြောင်း အသိအမှတ်
ပြုထားပေသည်။ ထိုအကြောင်းကြောင့်သာလျှင်
နောင်ကာလ အင်္ဂလိပ်တို့နှင့် မြန်မာတို့စစ်ဖြစ်ရန်
တာစူအစပျိုးနေသည့်ကာလ အာသံနှင့် မဏိပူရ
နယ်မြေများကို အင်္ဂလိပ်တို့ ဝင်ရောက်သိမ်းပိုက်
ခြင်း မပြုကြဘဲ စော်ဘွားများကိုသာ အားပေး
အားမြှောက်သွေးထိုး လှုံ့ဆော် အကူအညီပေး
ဖြင်းများသာလျှင် ပြုလုပ်ကြသည်ဖြစ်၏။
ဇင်းမယ်ကြောင်းချီသွားသော နေမျိုးသီဟပတေ့
သည် ဇင်းမယ်(ယခု ချင်းမိုင်)၊ လာအို၊ လန်ဖုန်း
စသဖြင့် ယခုကာလ နယ်နိမိတ်အရ ထိုင်းနိုင်ငံ
မြောက်ပိုင်းတခွင် ပြဲပြဲစင်အောင် မငြိမ်မသက်သူ
မှန်သမျှ မွှေနှောက်ခြောက်ခြားပစ်သည်မှာ
လင်းဇင်းကို တိုက်သည်၌ မြို့မသိမ်းရသေးမီ
သေလေသော လင်းဇင်းသားတို့၏ ခေါင်း ၁သောင်း
ကျော်ကို စုပုံထားသည်ပင် ဖြစ်၏။
ထိုသည်ကို ဆက်လက်ခုခံနေသည်ဖြစ်ရာ ယိုးဒယားအရောက် နောက်ကျမည်ဟု အလုံး
အရင်းဖြင့် တိုက်ခိုက်သည်တွင် လင်ဇင်းသားတို့
များစွာသေကျေပျက်စီးကြပြန်ရာ လင်းဇင်းမင်း
လည်း အညံ့ခံသဖြင့် အင်းဝသို့ သားမယားမှူးမတ်
တို့အား အခြွေအရံနှင့်တကွ ပို့သည်ကို ဆင်ဖြူရှင် သည် ထိုသူ လင်းဇင်းသားတို့အား လင်းဇင်းကုန်း
ဟု နောင်တွင်ခေါ်တွင်ကြသည့် အရပ်၌ ကောင်းမွန်
စွာ ထား၏။ ထိုမှ နေပြည်တော်က ပါရင်းအင်အား
အပြင် ဇင်းမယ်၊ လင်းဇင်း စသည်တို့က အရပ်ရပ်
မြို့ရွာများမှ တပ်သားများစည်းကြပ်စုရုံး၍ ယိုးဒယား
သို့ မြန်မာတပ်များ ချီတက်လာကြလေသည်။
မြန်မာ့တပ်မတော်က ဦးဆောင်သဖြင့် မြန်မာတပ်
ဟု ခေါ်ဆိုသော်လည်း တပ်တော်အတွင်း၌
ဇင်းမယ်သားများ၊ လာအိုသားများ အများအပြား
ပါဝင်သည်ဖြစ်၏။ ထိုမြန်မာနိုင်ငံတော်၏ အပေါင်း
အစုကို မြန်မာတပ်ဟု ခေါ်ပေသည်။ မြန်မာလူ
မျိုးချည်းသာလျင် သီးသန့်မဟုတ်ပေ။
မြန်မာနိုင်ငံအတွင်းက လူမျိုးပေါင်းစုံ ပါဝင်သည်
ဖြစ်သကဲ့သို့ ပေါ်တူဂီ ပြင်သစ် အာမေးနီးယန်း
ကသည်း ပသီကုလား စသဖြင့် အရပ်ရပ်အမှု
ထမ်းများစွာလည်း မြန်မာ့တပ်မတော်အတွင်း
လိုက်ပါအမှုထမ်းရသည် ဖြစ်၏။
မဟာနော်ရထာဦးဆောင်သည့် ထားဝယ်ကြောင်း
ချီတပ်မှာလည်း ယိုးဒယား တောက်ဘက်
တလျောက်မြို့မှန်သမျှ သိမ်းကြုံးတိုက်ခိုက်
သိမ်းပိုက်၍ မြန်မာနိုင်ငံဖြစ်စေပြီးမှ ယိုးဒယား
မြို့သို့ချဉ်းကပ်ခါ ဘုရင့်နောင်မင်းတရားကြီး
တည်ထားခဲ့သော စေတီအနီး တပ်ချရင်း
နေမျိုးသီဟပတေ့၏ ဇင်းမယ်ကြောင်းချီတပ်ကြီး
အား စောင့်ဆိုင်းရင်း အင်အားဖြည့်တင်းလေသည်။
နေမျိုးသီဟပတေ့လည်း အင်အား သိန်းချီနေသည့်
တပ်ကြီးကို ကြည်းရေ ၂ခုခွဲ၍ မဲပိန်မြစ်အတိုင်း
ချီတက်လာရောက်၍ အယုဒ္ဓယအနီးတွင် မဲပိန်
မြစ်ကို အလယ်တွင်ထားလျက် တပ်ကြီး ၂တပ် ခွ
ဆောက်ခါ အယုဒ္ဓယမြို့၏ အရှေ့ဘက်နှင့် မြောက်
ဘက်တလွှား မြို့ရွာဟူသမျှကို တိုပ်ခိုက် သိမ်း
ပိုက်ပစ်လိုက်သည်ဖြစ်ရာ ယိုးဒယားသားတို့
အပိုင်မှာကား အယုဒ္ဓယမြို့ ကွက်ကွက်သာလျှင်
ကျန်သည်သာ ဖြစ်ပေတော့သည်။
ထိုသို့ အယုဒ္ဓယမြို့မှလွဲ၍ ကျန်နယ်မြေဒေသအလုံး
မြန်မာနိုင်ငံတော်ဖြစ်စေပြီးသည်နောက် ယိုးဒယား
သားတို့ ဘုရင်နှင့်တကွ မကျိုးမနွံ မြို့စီးပြစီး
ထူထပ်ကောင်းမွန်စွာဖြင့် သံမြို့အလား မြို့တံခါး
ပိတ်ခုခံရန် ပြင်ဆင်ထားသည်ကို နွားခြံလှောင်
သကဲ့သို့ ဆင်ဖြူရှင်ဘုရင်မင်းမြတ်၏ မြန်မာ
တပ်များ စတင် ပိတ်လှောင်သည်မှာ မြန်မာ
သက္ကရာဇ် ၁၁၂၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ရက်၊
ခရစ်နှစ် AD 1766 January 14 ရက်
ဖြစ်ပေသည်။
အယုဒ္ဓယကို သိမ်းပိုက်ရန် ဆင်ဖြူရှင်သည်
နေမျိုးသီဟပတေ့အား အယုဒ္ဓယသို့ တိုက်ရိုက်
မလွှတ်ဘဲ ဇင်းမယ်နှင့် လင်းဇင်းကို ကောင်းမွန်
စွာနေထားတကျဖြစ်အောင် ၃နှစ်ခန့် စီမံ၍ အင်အား
တိုးပွားအောင်လုပ်ဆောင်ခြင်းသည် ဆင်ဖြူရှင်၏
စစ်ရေး နိုင်ငံရေး မြှော်မြင်ချက် ပြည့်ဝမှုဖြစ်၏။
ထို့နောက်မှ တဖန် နေမျိုးသီဟပတေ့တို့ပြီးနောက်
တစ်နှစ်အကြာတွင် မဟာနော်ရထာအား ထားဝယ်
ကြောင်းချီစေပြန်ပြီး ယိုးဒယား တောင်ဘက်နှင့်
အနောက်ဘက်တလွှားကို သိမ်းယူစေပြန်ပြီး
စစ်ကြောင်း၂ကြောင်းဖြင့် အင်အားစုဆောင်း
သိမ်းပိုက်ချီတက်စေသည်မှာ ကောင်းမွန်ပြည့်
စုံသည့် မဟာဗျူဟာ တစ်ရပ်လည်း ဖြစ်ပေသည်။
ဆင်ဖြူရှင်သည် အယုဒ္ဓယကို သိမ်းပိုက်ရန်အတွက်
၎င်း၏ မဟာဗျူဟာအရ အယုဒ္ဓမြို့ခြေရင်းသို့
မြန်မာတို့ ဆိုက်ရောက်ချိန်အထိ အချိန်ကာလ
၃နှစ်ယူခဲ့သည်မှာ ယိုးဒယားတို့မြို့ကို ရလျှင်လည်း
ယူမည်၊ မရလျှင်လည်းပြန်မည်၊ နောင်နှစ်တဖန်
ပြန်လာတိုက်မည်ဟူသည့် ရည်ရွယ်ချက်မရှိဘဲ
တခါတည်း အပြီးသတ်သိမ်းပိုက်ရန် ရည်ရွယ်
ကြောင်း ထင်ရှား၏။ သို့ဖြစ်သည်ကြောင့်သာလျှင်
မျိုးရိက္ခာအထောက်အလှမ်း ပေးပို့နိုင်သည့်
မြို့ရွာဟူသမျှကို ပိုက်စိပ်တိုက် သိမ်းပိုက်စေခြင်း
ဖြစ်ပြီး မြို့ရွာဟူသမျှ မြန်မာနိုင်ငံတော်အလုံး
ဖြစ်စေပြီးမှ အယုဒ္ဓမြို့ကွက်ကွက်သာလျှင် ကျန်
သည့်အခါ၌ နွားခြံလှောင်သကဲ့သို့ ပိတ်လှောင်၍
ထင်းခွေ ဟင်းရွက်ခူးမျှ မြို့ပြင် မထွက်နိုင်အောင်
ဝန်းရံပိတ်ဆို့ ထားနိုင်ခြင်း ဖြစ်ပေသည်။
သိမ်းပိုက်ထားသမျှ ယိုးဒယားတို့ မြို့ရွာဟူသမျှ
လည်း အလုံးစုံသည် မြန်မာနိုင်ငံတော်ဖြစ်ပြီး၍
မြန်မာဘုရင်လက်အောက်ရောက် မြန်မာဘုရင့်
သစ္စာအား ခံယူပြီးဖြစ်ကြပြန်ရာ ဝိုင်းဝန်းပိတ်ဆို့
ထားသည့် မြန်မာတပ်အား ဖောက်ထွက်၍
အယုဒ္ဓယ မြို့တွင်းသို့ မည်သူက လူသူလက်နက်
မျိုးရိက္ခာဆေးဝါး အထောက်အပံ့ ငှက်မူ၍
ပျံနိုင်သော်မှ ပေးဝံ့ပါအံ့နည်း။
……………………………………………………………။
ပုံစာ-
ယိုးဒယားသားတို့က မြန်မာတို့ တို်က်ခိုက်
သိမ်းပိုက်ရန် မဖြစ်နိုင်ဟု ယူဆထားသော
မြို့စီးပြစီးပြည့်စုံစွာဖြင့် မြို့တံခါးပိတ် ခုခံနေခဲ့သည့်
အယုဒ္ဓယနောက်ဆုံးမင်းဆက် ဧကာဒသ်နှင့်
အပေါင်းအပါ ယိုးဒယားသားများ မကျိုးမနွံ
အခြေပြုခဲ့သော အယုဒ္ဓယမြို့ကို
မြို့သက်ကုန်၍ မင်းဆက်မပြတ်မီ
တွေ့မြင်ရစဉ်။

No comments:
Post a Comment