"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၁)
……………………………………။
အေလာင္းမင္းတရား/အေလာင္းဘုရား
ဦးေအာင္ေဇယ်၏ ႏိုင္ငံေတာ္ တည္ေဆာက္ေရး
လုပ္ငန္းစဥ္မ်ားမွာ အားရတက္ၾကြဖြယ္ ေကာင္း
သည္။ နန္းစံသက္ ၈ႏွစ္ ၁ လအတြင္း
ႏိုင္ငံေတာ္ကို အင္ပါယာအဆင့္ေရာက္ေအာင္
ခ်ဲ႕ထြင္ႏိုင္ခဲ႔၏။ တခ်ိန္လံုး မနားမေန အလုပ္လုပ္
ခဲ႔၏။ စစ္နားခ်ိန္တြင္ သာသနာေရးကိစၥ၊ တိုင္းေရး
ျပည္ရာကိစၥမ်ား လုပ္ေဆာင္သလို စစ္အတြင္း၌ပင္
ထိုကိစၥမ်ား လစ္ဟင္းမႈမရွိေပ။ ထို့ျပင္ ႏိုင္ငံျခား
ေရးရာႏွင့္ပတ္သက္၍လည္း လစ္လ်ဴမရႈေပ။
ကမ႓ာႀကီးႏွင့္ အဆက္မျပတ္ခဲ႔။ ေဒသႀကီး တစ္ခု
လံုး၏ ေျမပံုကို အလြတ္ရေနခဲ႔သည္။
အေမရိကန္ အဂၤလန္တို့သို့ ရာဇသံ ေရႊေပလႊာမ်ား
ေပးပို့၍ မဟာမိတ္ျဖစ္ရန္ အေၾကာင္းစ ျပဳခဲ႔သည္။
အေလာင္းမင္းတရားလက္ထက္ အာသံ မဏိပူရ
မီဇိုရမ္၊ ခ်င္းမိုင္ လာအို (အယုဒၵယမွလြဲ၍) က်န္ေနေျမမ်ား အာလံုးကို ပိုင္စိုးခဲ႔၏။ ရခိုင္ေဒသ က်န္ရစ္ေသးသည္ဟု ဆိုေသာ္လည္း နာမက်န္း၍ နတ္ရြာမစံခဲ႔ပါမူ အယုဒၶယကိုသိမ္းပိုက္ျပီးသည္၏
ေနာက္ လာမည့္နယ္ေျမမွာ ရခိုင္ေဒသျဖစ္ဖို့ရာပင္
ျဖစ္သည္။ (သို့ေသာ္ အေလာင္းမင္းတရားႀကီး
ရန္ကုန္၌ စံေနေတာ္မူစဥ္ အေနာက္ဘက္ တလႊား
သစၥာခံလာေရာက္ၾကသည္ျဖစ္ရာ ရခိုင္ေဒသည္
ေျမာက္ပိုင္း တစ္ေနရာသာလ်ွင္ ကြက္၍ က်န္သည္
ဟု ယူမွတ္ရန္ရွိ၏) ထိုကာလ ရခိုင္ေဒသမွာ
လည္း ဝါးအစည္းေျပကာ သူတလူ ငါတစ္မင္း
ျဖစ္ခ်င္တိုင္း ျဖစ္ေနသည့္ အေျခအေနျဖစ္သည္။
အေလာင္းမင္းတရားသည္ ေရႊဘို အင္းဝ ဧရာဝတီ
ကခ်င္ က်ိဳင္းရံုးႀကီး(ယခု ယူနန္နယ္
ေဒသမ်ားပါဝင္ေသာနယ္) ရွမ္းျပည္ ဇင္းမယ္
လာအို တနသၤာရီ စသျဖင့္ ဆက္တိုက္ သိမ္းပိုက္
ေနသည္ျဖစ္ရာ ယိုးဒယားအေရးေပၚလာသည္
ေၾကာင့္ ရခိုင္ေဒသတစ္ခုလံုး ယိုယြင္းပ်က္စီး
ေနသည္ကို အာရံုမစိုက္ႏိုင္ေသးပါေခ်။
အေလာင္းမင္းတရားလက္ထက္ ၈ ႏွစ္ ၁ လတာ
ကာလအတြင္း တိုင္းျပည္အဖက္ဖက္က ဖြံ႕ျဖိဳး
တိုးတက္ခဲ႔၏။ သာသနာေတာ္ စာေပ ဂီတ အႏုပညာ ဗိသုကာ မွ စ၍ အလံုးစံု ဖြံ႔ၿဖိဳးတိုးတက္
ခဲ႔ျပီး တပ္မေတာ္သည္လည္း သူ့ေခတ္သူ့အခါတြင္ ေခတ္မီတပ္မေတာ္တစ္ရပ္ျဖစ္ခဲ႔သည့္အျပင္ တိုက္ရည္ခိုက္ရည္ အလြန္အမင္းျမင့္မားျပီး
၈ ႏွစ္တာကာလ စဥ္ဆက္မျပတ္ မတူျခားနားေသာ
စစ္ေျမျပင္ စစ္အင္ စစ္အခင္းအက်င္းမ်ားျဖင့္
ၾကည္းေရ မ်ိဳးစံု တိုက္ပြဲဝင္ေနသည္ျဖစ္ရာ
စစ္ရည္ဝေနေသာ ျမန္မာတို့ကို အဂၤလိပ္တို့ကပင္ မတို့မထိရဲ ေသြးတိုးမစမ္းရဲသည့္
တပ္မေတာ္ ျဖစ္ခဲ႔သည္။ တိုက္စြမ္းရည္မွာ အလြန္
အမင္းျမင့္မားလ်က္ရွိရံုမ်ွမက အေလာင္းဘုရားႏွင့္
ရိုးရင္းဘက္ စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ား၏ စစ္မႈေရးရာ
အစြမ္းကလည္း အံ႔မခန္းပင္ျဖစ္၏။
စစ္လက္နက္ပစၥည္းမ်ား ဝယ္ယူျခင္း စစ္လက္နက္
ပစ္ေခတ္ ကိုင္တြယ္ က်ြမ္းက်င္ေသာ တိုင္းတပါး
သားမ်ား ေခၚယူခန့္ထားျခင္း ရွိသည့္အေျခအေန
အေပၚမူတည္၍ စစ္လက္နက္ တီထြင္သံုးစြဲျခင္း
မ်ား ျပဳလုပ္ခဲ႔သည္။
သားေတာ္ ၂ ပါးျဖစ္သည့္ ေနာင္တြင္ ဘုရင္ျဖစ္
လာေသာ ေနာင္ေတာ္ႀကီးႏွင့္ ဆင္ျဖဴရွင္တို့မွာ
တိုက္ပြဲတိုင္းလိုလို ပါဝင္ခဲ႔ၾကျပီး ေအာင္ပြဲမ်ား
ရယူခဲ႔သူမ်ားျဖစ္၏။ ေနာင္ေတာ္ႀကီးမင္းမွာ
သံလ်င္တိုက္ပြဲ၌ အေသခံလူေရြးခ်ယ္သည့္ အထဲ
တြင္ပင္ ပါဝင္တိုက္ခိုက္ခဲ႔သူျဖစ္ေပသည္။
ဆင္ျဖဴရွင္မွာမူ အင္းဝ၌ လူ ၂၀၀၀/၃၀၀၀ ခန့္မ်ွျဖင့္
တလိုင္း/မြန္ ၾကည္းေရာေရပါ အင္အား ၂ သိန္း
ခန့္ကို ျမိဳ႕မက်ေအာင္ ခံထားႏိုင္သူျဖစ္ျပီး တလိုင္း/မြန္ေရ တပ္ႀကီးကို တိုက္ေလွအနည္းငယ္ျဖင့္ ထြက္၍ ထြက္၍ တိုက္ခါ တလိုင္း/မြန္ေရတပ္ ေသြးပ်က္ေအာင္ လုပ္ခဲ႔သူျဖစ္၏။
မင္းေခါင္ေနာ္ရထာ ေခၚ မုဆိုးျခံဳ ဗိုလ္တြန္မွာလည္း
အထူးအားထားရသည့္ စစ္သူႀကီးတစ္ဦးျဖစ္သည္။
အင္းဝပ်က္ေတာ့မည့္ကာလ ခင္ဦးစားကဲ႔သို့
ဘုရင္ျဖစ္ရန္ လံုးပမ္းေနၾကသူမ်ားထဲတြင္ မတၱရာ
ေကြ႕ဂုဏၰအိမ္၊ မုဆိုးပို ဦးေအာင္ေဇယ်၊ မုဆိုးျခံဳ
ဗိုလ္တြန္တို့ ၄ ဦးမွာ သူ့နယ္ႏွင့္သူ လူစြမ္းေကာင္း
မ်ား ေခါင္းေဆာင္မ်ားျဖစ္ၾက၏။
မုဆိုးျခံဳဗိုလ္တြန္မွာမူ ကိုယ္တိုင္က ဘုရင္ျဖစ္ရန္
ရည္မွန္းထားေသာ္လည္း ဦးေအာင္ေဇယ်ႏွင့္
စကားေျပာေဟာၾကစဥ္ ဦးေအာင္ေဇယ်၏ သြင္ျပင္
လကၡဏာမွာ ဘုရင္ျဖစ္ထိုက္ေသာ လကၡဏာ
ျဖစ္သည္ဟု ဆံုးျဖတ္၍ မိမိထက္သာေသာ
ဦးေအာင္ေဇယ်ထံ အရွင္သခင္အျဖစ္ သစၥာခံ
လိုက္သည္ ျဖစ္ေပသည္။
ယိုးဒယားျမိဳ႕ကို ဝိုင္းထားစဥ္ နာမက်န္းျဖစ္၍
ဆုတ္လာသည္၌ ယိုးဒယားတို့က အလံုးအရင္းျဖင့္
ထြက္တိုက္သည္ကိုပင္ ရိုးရင္းဘက္ အရွင္သခင္ ခရီးတာ မကြာမလွမ္းေသးသည္ေၾကာင့္ မဆုတ္
မနစ္ ခုခံတိုက္ခိုက္ျပီး ယိုးဒယားတို့ ျမိဳ႕တြင္း
ျပန္ေျပးေအာင္ အေလာင္းဘုရားအေပၚ သစၥာရွိ
အနစ္နာခံခဲ႔သူ ျဖစ္၏။
သို့ေသာ္ ေရွ႕တပ္ဗိုလ္ခ်ဳပ္ ဆင္ျဖဴရွင္ႏွင့္ မသင့္
မတင့္ျဖစ္ရာက တစ္ဦးအေပၚ တစ္ဦး မယံုမၾကည္
ျဖစ္လာျပီး ဆင္ျဖဴရွင္ကလည္း ဗိုလ္တြန္သည္
ပုန္ကန္ရန္ ႀကံစည္သည္ဟု ယူဆသလို ဗိုလ္တြန္
ကလည္း ဆင္ျဖဴရွင္သည္ ၎အား အျပစ္ရွာသည္
ဟု ထင္ျမင္လာသည္။ ဆင္ျဖဴရွင္ ေျမဒူးမင္းသားက
အလ်င္အျမန္လာရန္ ဆင့္သည္ကို ဗိုလ္တြန္သည္
အလ်င္အျမန္မလာဘဲ ရန္ကုန္ကို ေခၚသည္ကို
လည္း မလာေရာက္ စစ္ေတာင္းသို့ ၎ တပ္ႏွင့္
ထြက္ခြါသြားသည္။ အေလာင္းမင္းတရား ကံေတာ္
ကုန္ျပီးေနာက္ ဗိုလ္တြန္သည္ ၎တပ္အား သစၥာေရတိုက္၍ စည္းၾကပ္သည္ကို ဆင္ျဖဴရွင္
ေျမဒူးမင္းသား ျမင္ေတြ႔ခဲ႔ရသည္ဟု ဆို၏။
ဆင္ျဖဴရွင္သည္ ထိုအခ်က္ကို သံသယဝင္သြား
ျခင္းျဖစ္ေပသည္။
သံသယဝင္သည့္အေလ်ာက္ ရန္ကုန္နန္းေတာ္
သို့ပင္ မလာေရာက္ဘဲ စစ္ေတာင္းသို့ လူေရာ
တပ္ပါ ထြက္ခြါသြားသည့္ ဗိုလ္တြန္အား ထီးနန္း
တက္လာသည့္ ေနာင္ေတာ္ႀကီးမင္းက ၄ ႀကိမ္ခန့္
အေခၚလႊတ္ေသာ္လည္း ေရႊဘိုနန္းေတာ္သို့
လံုးဝ မလာခဲ႔ေတာ့ေပ။ ၎ႏွင့္ ရိုးရင္းဘက္ျဖစ္သူ
မင္းလွေနာ္ရထာ လာေရာက္ေခၚငင္စဥ္ ဗိုလ္တြန္
က "ၾကမၼာအေလ်ာက္ရွိေစေတာ့၊ သည္တစ္ႀကိမ္
ေယာက်္ားေကာင္းပီပီ စြန့္စားေတာ့မည္" ဟု
ေျပာဆိုခဲ႔၏။ ထိုစကားမွာ အင္းဝ ကို သိမ္းပိုက္
အေျချပဳ၍ ရွင္ဘုရင္ ျဖစ္ေအာင္ လုပ္ေတာ့မည္ဟု
ဆိုလိုက္ျခင္းပင္ျဖစ္၏။ အေလာင္းမင္းတရားႀကီး
ႏိုင္ငံေတာ္ထူေထာင္ထားသည္မွာ ၈ ႏွစ္ေက်ာ္
သာလ်ွင္ရွိေသးေသာ္လည္း အေလာင္းမင္းတရား
ႀကီး နတ္ရြာစံကံေတာ္ကုန္သည္၌ နန္းတက္သည့္
ဒီပဲယင္းမင္း ေနာင္ေတာ္ႀကီးမင္းႏွင့္ ေျမဒူးမင္း
ဆင္ျဖဴရွင္တို့မွာ ငယ္ရြယ္ႏုနယ္ေသာ မင္းသား
မ်ား၊ ၎ မ်က္ေစ့ေအာက္က အရြယ္ေရာက္လာ
သည့္ မင္းသားမ်ားျဖစ္၍ အထင္အျမင္ေသးဟန္တူ
သည္ေၾကာင့္ ထူေထာင္ခါစ ကုန္းေဘာင္အင္ပါယာ
ႀကီး လတ္လတ္ဆတ္ဆတ္ရွိေသးေသာ္လည္း
ေရႊဘိုသားခ်င္း အာဏာလုပြဲ စတင္ခဲ႔ျခင္းျဖစ္သည္။
ဗိုလ္တြန္မွာ တိုက္တိုင္းေအာင္ စစ္ဗိုလ္ခ်ဳပ္ႀကီး
ျဖစ္ျပီး မုဆိုးပို ရြာက အစျပဳသည့္ ၎ႏွင့္ ရိုးရင္း
ဘက္ႀကီးမ်ားမွာ ၎ဘက္က ပါမည္ဟု ထင္မွတ္
ေနပံုရျပီး နာမည္ႀကီး နာမည္ေက်ာ္စစ္ဗိုလ္ခ်ဳပ္ႀကီး
သိမ္းသြင္းသမ်ွ ျပည္သူလူထုကလည္း လက္ခံမည္
မုခ်ဟု ထင္မွတ္၍ ေရွ႕ ၈ ႏွစ္ေက်ာ္ခန့္ အင္းဝ မပ်က္မီက ႀကံစည္ဖူးသည့္ အထြတ္အထိပ္ ေရာက္
ရန္ ရည္မွန္းခ်က္ကို အေကာင္အထည္ ေဖာ္ျခင္း
ပင္ ျဖစ္ေပေတာ့သည္။ သို့ေသာ္ ထူေထာင္ခါစ
ကုန္းေဘာင္အင္ပါယာ ျမန္မာႏိုင္ငံေတာ္ ခ်က္ခ်င္း
ျပန္လည္ျပိဳကြဲသြားမည့္အေရးကို အျခားသူမ်ားက
မလိုလားခဲ႔ေပ။ သိမ္းပိုက္ထားသည့္ အင္းဝ မွ
လြဲ၍ အျခားနယ္ေျမမ်ားက ဗိုလ္တြန့္ ထံသို့
လက္ေအာက္ခံ ဝင္မလာခဲ႔ေပ။ အကယ္၍သာ
ခိုဝင္လာသူအမ်ားရွိပါက ေရႊဘိုႏွင့္ အင္းဝ
ျမန္မာအခ်င္းခ်င္း စစ္ႀကီးျဖစ္ၾကမည္ျဖစ္ျပီး
ႏိုင္ငံ ၂ ပိုင္းကြဲခါ သိမ္းပိုက္ခ်ဲ့ထြင္ထားသည့္
နယ္ေျမမ်ားသည္ ထိုစဥ္ကတည္းက လက္လြတ္
ဆံုးရံႈးသြားရမည္ျဖစ္သလို ေရႊဘိုႏွင့္ အင္းဝ
တျပန္တလွည့္ စစ္ျပုၾကရင္း ႏိုင္ငံေတာ္အျဖစ္
ပံုေပၚမလာဘဲ သားစဥ္ေျမးဆက္ စစ္ပြဲမ်ားျဖင့္သာ
အတိဒုကၡေရာက္ေနၾကေတာ့မည္ပင္ျဖစ္၏။
ထိုအေျခအေနကို စစ္ရည္ဝေနသည့္ ေနာင္ေတာ္
ႀကီးမင္းသည္ သေဘာေပါက္သည္ျဖစ္ရာ အေျခ
အေနကို အလ်င္အျမန္ အဆံုးသတ္ရန္ ႀကိဳးစား၏။
ဗိုလ္တြန္(မင္းေခါင္ေနာ္ရထာ)သည္ အင္းဝတြင္
အေျချပဳရန္ မျဖစ္ႏိုင္ေတာ့သည့္အေလ်ာက္
ဇင္းမယ္ကို သိမ္းသြင္း၍ ဇင္းမယ္ဘုရင္အျဖစ္
မင္းျပဳၿပီး ဇင္းမယ္အားျဖင့္ ျမန္မာႏိုင္ငံေတာ္
တဝွမ္းလံုးကို ဆက္လက္သိမ္းပိုက္ျပီး ေရွ႕ ၈ ႏွစ္
ေက်ာ္ကာလက အိပ္မက္ကို အေကာင္အထည္
ေဖာ္ရန္ အင္းဝမွ ဇင္းမယ္သို့ ထြက္ခြါေလသည္။
သို့သာ္ လမ္းခုလတ္၌ က်ဆံုးခဲ႔ေပသည္။
ကုန္းေဘာင္အင္ပါယာ ျမန္မာႏိုင္ငံေတာ္
ထူေထာင္ျပီးခါစ ေရွ႕ ၈ ႏွစ္လံုးလံုး ပင္ပန္း
ဆင္းရဲခဲ႔သမ်ွ အတိုးခ်စည္းစိမ္ခံစားရမည့္ကာလ
ေရာက္ခ်ိန္တိုင္တြင္မွ ထိုျဖစ္ရပ္ျဖစ္ေပၚခဲ႔ၿပီး
စစ္ဗိုလ္ခ်ဳပ္ သူရဲေကာင္းႀကီး ကုန္းေဘာင္အင္ပါ
ယာ ထူေထာင္ခဲ႔ၾကသူမ်ားထဲမွ တစ္ဦးျဖစ္သူ
ဗိုလ္တြန္ေခၚ မင္းေခါင္ေနာ္ရထာ လမ္းခုလတ္၌
ခြါလိပ္ခဲ႔ရျခင္းမွာ ႏွေျမာစရာ သင္ခန္းစာယူစရာ
အျဖစ္အပ်က္ တစ္ခုပင္ျဖစ္၏။
ဇာတ္ညႊန္းေရးဆရာတို့ပင္ မမီႏိုင္ေသာ ကံၾကမၼာ
ဇာတ္ဆရာ၏ လွည့္စားခ်က္ပင္ ျဖစ္ေတာ့သည္။
အေတာ္ဆံုး စစ္ဗိုလ္ခ်ဳပ္တစ္ဦး မရွိေတာ့ေသာ္
လည္း ႏိုင္ငံေတာ္သည္ ရပ္တန့္သြားသည္
မဟုတ္ပါေပ။ အေလာင္းမင္းတရားႀကီး၏
ႏိုင္ငံေတာ္ထူေထာင္ဘက္ လက္ရံုးမ်ား စစ္ရည္ဝ
ေနသူ စစ္ဗိုလ္ခ်ဳပ္မ်ား အမ်ားအျပား က်န္ရွိ
ေနေသးသလို ေနာင္ေတာ္ႀကီးမင္းႏွင့္ ဆင္ျဖဴရွင္
တို႔မွာလည္း ငယ္ပင္ငယ္ေသာ္လည္း အရြယ္ႏွင့္
မလိုက္သည့္ တိုက္တိုင္းေအာင္ စစ္ဗိုလ္ခ်ဳပ္မ်ား
ပင္ျဖစ္ေပသည္ မဟုတ္ပါလား။
ထိုသို့ ဗိုလ္တြန္ပုန္ကန္မႈ၏ ေနာက္ဆက္တြဲ အျဖစ္
အေလာင္းမင္းတရားႀကီး၏ ညီေတာ္ ေတာင္ငူစား
က တဖန္ပုန္ကန္ျပန္သည္။ ေနာင္ေတာ္ႀကီး
မင္းသည္ ထို ပုန္ကန္မႈကိုလည္း ႏွိမ္နင္းႏိုင္ခဲ႔၏။
ဘုရင္ျဖစ္ေနသည့္ အစ္ကိုျဖစ္သူမွာလည္း
သန္လ်င္ကို ဝန္းရံစဥ္က အေသခံပါဝင္ခဲ႔သည့္
စစ္ရည္ဝေနသူျဖစ္သလို ညီျဖစ္သည့္ ေျမဒူးမင္း
သည္လည္း တိုက္တိုင္းေအာင္ စစ္ရည္ဝ ဗိုလ္
ခ်ဳပ္တစ္ဦးျဖစ္ျပန္ရာ မည္သို့မ်ွ ယွဥ္ျပိဳင္ႏိုင္စြမ္း
မရွိပါေပ။ ထိုကာလ ညီအစ္ကို ၂ ဦးလံုးမွာ
အသက္ ၃၀ ပင္ မျပည့္ၾကေသးေပ။
ေျမဒူးမင္းသည္ အင္းဝ၌ မြန္တို့ကို လူ အနည္း
ငယ္ျဖင့္ ခံတိုက္စဥ္က ၁၇ ႏွစ္သာ ရွိေသးရာ
ေနာင္ေတာ္ႀကီးမင္းနန္းတက္ခ်ိန္၌ ၂၅ ႏွစ္ေက်ာ္
သာလ်ွင္ ရွိေပေသးသည္။
ထိုပုန္ကန္သူမ်ားကို လက္လြန္ခဲ့သူမ်ားမွ လြဲ၍
မည္သို့မ်ွ အေရးမယူခဲ႔ဘဲ စားျမဲစား ေနျမဲေနေစ
ခဲ႔၏။ ထို အက်ိဳးဆက္ကို ေျမဒူးမင္း လက္ထက္
၌ ဆက္လက္ခံစားရသည္ျဖစ္၏။
ဆင္ျဖဴရွင္ေျမဒူးမင္းလက္ထက္ တရုပ္တို့ စစ္ ၄ ႀကိမ္ျဖင့္ က်ဴးေက်ာ္လာခ်ိန္ ေကာင္းတံုတြင္ ခံတပ္တည္ေစ၍(ပထမ အႀကိမ္က်ဴးေက်ာ္မႈ ျပီးေနာက္ ဆင္ျဖဴရွင္(ေျမဒူးမင္း) သည္ စစ္၏ ေရွ႕အေရးကို တြက္ဆ၍ ေကာင္းတံုတြင္ ခံတပ္တည္ေစသည္)
ထိုခံတပ္ကို ဦးစီးရမည့္ ေခါင္းေဆာင္မွာ စစ္ဗိုလ္ခ်ဳပ္ ဗလမင္းထင္ ျဖစ္ေပသည္။
ထို ဗလမင္းထင္မွာ အျခားသူမဟုတ္ေပ။
ေနာင္ေတာ္ႀကီးမင္းလက္ထက္ ဘေထြးေတာ္
ေတာင္ငူမင္းပုန္ကန္စဥ္က ပါဝင္သည့္ ေတာင္ငူ
မင္း၏ စစ္ဗိုလ္ခ်ဳပ္ျဖစ္ပင္ ျဖစ္ေတာ့သည္။
မသတ္ဘဲ ထားရံုမ်ွမက မရႈတ္မခ် ေနျမဲ စားျမဲ
ေစခဲ႔သည့္ ေက်းဇူးကို ဗလမင္းထင္သည္ မေမ့ေပ။
တရုတ္တို့ တတိယအႀကိမ္က်ဴးေက်ာ္လာစဥ္
ေကာင္းတံုခံတပ္မွ ဆုတ္ရန္အျခား စစ္ဗိုလ္ခ်ဳပ္
မ်ားက အႀကံေပးစဥ္အခါ ဗလမင္းထင္က" ကိုယ္
တို့၏ အသက္သည္ အရွင္တို့ ေပးသည့္ အသက္
သာရွိသည္။ ထိုေက်းဇူးအား ဆယ္ခါျပန္ဆပ္၍
ကုန္ႏိုင္အံ႔မထင္။ ခံတပ္တြင္း၌သာ အေသခံ
ေတာ့မည္" ဟု ေတာင္ငူပုန္ကန္စဥ္က အတူ
ပါဝင္ခဲ႔သည့္ အျခားစစ္ဗိုလ္ခ်ဳပ္မ်ားအား ေျပာ
ၾကားခဲ့သလို ခံတပ္ငယ္တစ္ခုျဖင့္ တရုပ္စစ္ႀကီး
ကို ဟန့္တားႏိုင္ေလာက္ေအာင္ အစီမံေကာင္း
အရည္အခ်င္းေကာင္းျဖင့္ အရွင့္ ေက်းဇူးေတာ္ကို
ဆပ္ခဲ႔ေပသည္။ ထိုေက်းဇူးဆပ္ျခင္းသည္
ႏိုင္ငံေတာ္ကို ကာကြယ္ခဲ႔ျခင္းလည္း မည္ေပ၏။
ဆင္ျဖဴရွင္သည္လည္း ေကာင္းတံုခံတပ္ကို
စစ္အင္အား လူသူ လက္နက္ ရိကၡာ အႀကိမ္ႀကိမ္
ျဖည့္တင္းေပးခဲ႔ၿပီး ဗလမင္းထင္ကို စိတ္တိုင္းက်
စြမ္းေဆာင္ခြင့္ ေပးခဲ႔ေပသည္။
အျပန္အလွန္ ေက်းဇူးျပဳျခင္း၊ အျပန္အလွန္ ေက်းဇူးသိတတ္ျခင္း၏ အက်ိဳးကား
ႀကီးမားေပစြ။
………………………………………………………။
ပံုစာ -
မြန္ရွမ္းကျပား တလိုင္း/မြန္မင္း ပဲကူး ဟံသာဝတီ
ဘုရင္က သမီးေတာ္ဆက္သ သျဖင့္
သိမ္းပိုက္ျပီးေနာက္ စစ္ေျပျငိမ္းမည္ရွိစဥ္
တလိုင္း/မြန္အမတ္တို့က တလိုင္း/မြန္မင္းကို
နန္းခ်၍ ျမိဳ႕တံခါးပိတ္ ေသာင္းက်န္းၾကျပန္သျဖင့္
ပုဂံအပ်က္၌ ျမန္မာတို့တည္သည့္ မုတၱမျမိဳ႕စား
ျမန္မာအမတ္ အလိမၼာကို သတ္၍ မင္းျပဳေသာ
ဝါရီရူးက စသည့္ တလိုင္း/မြန္ မင္းဆက္ကို
အျပီးတိုက္ဖ်က္သိမ္းေပးျပီးေနာက္ ၈ ႏွစ္ ၁ လ အတြင္း အာသံ မဏိပူရ မီဇိုရမ္ က်ိဳင္းရံုးႀကီး
ခ်င္းမိုင္ လာအို အယုဒၵယ မွ လြဲ၍ က်န္နယ္ေျမ
အားလံုး သိမ္းပိုက္ျပီး ကုန္းေဘာင္အင္ပါယာ
ျမန္မာႏိုင္ငံေတာ္ႀကီးကို ထူေထာင္ခဲ႔ေသာ
ကုန္းေဘာင္မင္းဆက္၏ အစအဦး ျမန္မာ့ဦးစြန္း
ထြန္းေတာက္ေစခဲ႔သူ၊ ထြက္ေတာ္မူတိုင္း
ဘုရင့္တပ္မ၏ ေရွ႕ဆံုးတပ္တြင္ထား၍
တရုတ္စစ္ ၄ႀကိမ္ ယိုးဒယားအမႈန့္ေခ် ဖေအတူ
တိုက္တိုင္းေအာင္ ဗိုလ္ခ်ဳပ္ ေျမဒူးစား ေျမဒူးမင္း
ေနာင္ ဆင္ျဖဴရွင္မင္းအား ေမြးထုတ္ေပးခဲ႔၍
ထူေထာင္ခဲ႔သည့္ ကုန္းေဘာင္အင္ပါယာ
ျမန္မာႏိုင္ငံတာ္ႀကီးကို အရပ္ရပ္က ခန့္ညား
ေလးစားရေအာင္ စြမ္းေဆာင္ခဲ့သည့္ ျမန္မာ့ဖိုက္တာ
ေရႊဘိုသားႀကီး ဦးေအာင္ေဇယ် ေခၚ
အေလာင္းမင္းတရား ေခၚ
အေလာင္းဘုရား။
……………………………………………………
"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၁)
……………………………………။
အလောင်းမင်းတရား/အလောင်းဘုရား
ဦးအောင်ဇေယျ၏ နိုင်ငံတော် တည်ဆောက်ရေး
လုပ်ငန်းစဉ်များမှာ အားရတက်ကြွဖွယ် ကောင်း
သည်။ နန်းစံသက် ၈နှစ် ၁ လအတွင်း
နိုင်ငံတော်ကို အင်ပါယာအဆင့်ရောက်အောင်
ချဲ့ထွင်နိုင်ခဲ့၏။ တချိန်လုံး မနားမနေ အလုပ်လုပ်
ခဲ့၏။ စစ်နားချိန်တွင် သာသနာရေးကိစ္စ၊ တိုင်းရေး
ပြည်ရာကိစ္စများ လုပ်ဆောင်သလို စစ်အတွင်း၌ပင်
ထိုကိစ္စများ လစ်ဟင်းမှုမရှိပေ။ ထို့ပြင် နိုင်ငံခြား
ရေးရာနှင့်ပတ်သက်၍လည်း လစ်လျူမရှုပေ။
ကမ္ဘာကြီးနှင့် အဆက်မပြတ်ခဲ့။ ဒေသကြီး တစ်ခု
လုံး၏ မြေပုံကို အလွတ်ရနေခဲ့သည်။
အမေရိကန် အင်္ဂလန်တို့သို့ ရာဇသံ ရွှေပေလွှာများ
ပေးပို့၍ မဟာမိတ်ဖြစ်ရန် အကြောင်းစ ပြုခဲ့သည်။
အလောင်းမင်းတရားလက်ထက် အာသံ မဏိပူရ
မီဇိုရမ်၊ ချင်းမိုင် လာအို (အယုဒ္ဒယမှလွဲ၍) ကျန်နေမြေများ အာလုံးကို ပိုင်စိုးခဲ့၏။ ရခိုင်ဒေသ ကျန်ရစ်သေးသည်ဟု ဆိုသော်လည်း နာမကျန်း၍ နတ်ရွာမစံခဲ့ပါမူ အယုဒ္ဓယကိုသိမ်းပိုက်ပြီးသည်၏
နောက် လာမည့်နယ်မြေမှာ ရခိုင်ဒေသဖြစ်ဖို့ရာပင်
ဖြစ်သည်။ (သို့သော် အလောင်းမင်းတရားကြီး
ရန်ကုန်၌ စံနေတော်မူစဉ် အနောက်ဘက် တလွှား
သစ္စာခံလာရောက်ကြသည်ဖြစ်ရာ ရခိုင်ဒေသည်
မြောက်ပိုင်း တစ်နေရာသာလျှင် ကွက်၍ ကျန်သည်
ဟု ယူမှတ်ရန်ရှိ၏) ထိုကာလ ရခိုင်ဒေသမှာ
လည်း ဝါးအစည်းပြေကာ သူတလူ ငါတစ်မင်း
ဖြစ်ချင်တိုင်း ဖြစ်နေသည့် အခြေအနေဖြစ်သည်။
အလောင်းမင်းတရားသည် ရွှေဘို အင်းဝ ဧရာဝတီ
ကချင် ကျိုင်းရုံးကြီး(ယခု ယူနန်နယ်
ဒေသများပါဝင်သောနယ်) ရှမ်းပြည် ဇင်းမယ်
လာအို တနင်္သာရီ စသဖြင့် ဆက်တိုက် သိမ်းပိုက်
နေသည်ဖြစ်ရာ ယိုးဒယားအရေးပေါ်လာသည်
ကြောင့် ရခိုင်ဒေသတစ်ခုလုံး ယိုယွင်းပျက်စီး
နေသည်ကို အာရုံမစိုက်နိုင်သေးပါချေ။
အလောင်းမင်းတရားလက်ထက် ၈ နှစ် ၁ လတာ
ကာလအတွင်း တိုင်းပြည်အဖက်ဖက်က ဖွံ့ဖြိုး
တိုးတက်ခဲ့၏။ သာသနာတော် စာပေ ဂီတ အနုပညာ ဗိသုကာ မှ စ၍ အလုံးစုံ ဖွံ့ဖြိုးတိုးတက်
ခဲ့ပြီး တပ်မတော်သည်လည်း သူ့ခေတ်သူ့အခါတွင် ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်ခဲ့သည့်အပြင် တိုက်ရည်ခိုက်ရည် အလွန်အမင်းမြင့်မားပြီး
၈ နှစ်တာကာလ စဉ်ဆက်မပြတ် မတူခြားနားသော
စစ်မြေပြင် စစ်အင် စစ်အခင်းအကျင်းများဖြင့်
ကြည်းရေ မျိုးစုံ တိုက်ပွဲဝင်နေသည်ဖြစ်ရာ
စစ်ရည်ဝနေသော မြန်မာတို့ကို အင်္ဂလိပ်တို့ကပင် မတို့မထိရဲ သွေးတိုးမစမ်းရဲသည့်
တပ်မတော် ဖြစ်ခဲ့သည်။ တိုက်စွမ်းရည်မှာ အလွန်
အမင်းမြင့်မားလျက်ရှိရုံမျှမက အလောင်းဘုရားနှင့်
ရိုးရင်းဘက် စစ်ဗိုလ်ချုပ်ကြီးများ၏ စစ်မှုရေးရာ
အစွမ်းကလည်း အံ့မခန်းပင်ဖြစ်၏။
စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း စစ်လက်နက်
ပစ်ခေတ် ကိုင်တွယ် ကျွမ်းကျင်သော တိုင်းတပါး
သားများ ခေါ်ယူခန့်ထားခြင်း ရှိသည့်အခြေအနေ
အပေါ်မူတည်၍ စစ်လက်နက် တီထွင်သုံးစွဲခြင်း
များ ပြုလုပ်ခဲ့သည်။
သားတော် ၂ ပါးဖြစ်သည့် နောင်တွင် ဘုရင်ဖြစ်
လာသော နောင်တော်ကြီးနှင့် ဆင်ဖြူရှင်တို့မှာ
တိုက်ပွဲတိုင်းလိုလို ပါဝင်ခဲ့ကြပြီး အောင်ပွဲများ
ရယူခဲ့သူများဖြစ်၏။ နောင်တော်ကြီးမင်းမှာ
သံလျင်တိုက်ပွဲ၌ အသေခံလူရွေးချယ်သည့် အထဲ
တွင်ပင် ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ပေသည်။
ဆင်ဖြူရှင်မှာမူ အင်းဝ၌ လူ ၂၀၀၀/၃၀၀၀ ခန့်မျှဖြင့်
တလိုင်း/မွန် ကြည်းရောရေပါ အင်အား ၂ သိန်း
ခန့်ကို မြို့မကျအောင် ခံထားနိုင်သူဖြစ်ပြီး တလိုင်း/မွန်ရေ တပ်ကြီးကို တိုက်လှေအနည်းငယ်ဖြင့် ထွက်၍ ထွက်၍ တိုက်ခါ တလိုင်း/မွန်ရေတပ် သွေးပျက်အောင် လုပ်ခဲ့သူဖြစ်၏။
မင်းခေါင်နော်ရထာ ခေါ် မုဆိုးခြုံ ဗိုလ်တွန်မှာလည်း
အထူးအားထားရသည့် စစ်သူကြီးတစ်ဦးဖြစ်သည်။
အင်းဝပျက်တော့မည့်ကာလ ခင်ဦးစားကဲ့သို့
ဘုရင်ဖြစ်ရန် လုံးပမ်းနေကြသူများထဲတွင် မတ္တရာ
ကွေ့ဂုဏ္ဏအိမ်၊ မုဆိုးပို ဦးအောင်ဇေယျ၊ မုဆိုးခြုံ
ဗိုလ်တွန်တို့ ၄ ဦးမှာ သူ့နယ်နှင့်သူ လူစွမ်းကောင်း
များ ခေါင်းဆောင်များဖြစ်ကြ၏။
မုဆိုးခြုံဗိုလ်တွန်မှာမူ ကိုယ်တိုင်က ဘုရင်ဖြစ်ရန်
ရည်မှန်းထားသော်လည်း ဦးအောင်ဇေယျနှင့်
စကားပြောဟောကြစဉ် ဦးအောင်ဇေယျ၏ သွင်ပြင်
လက္ခဏာမှာ ဘုရင်ဖြစ်ထိုက်သော လက္ခဏာ
ဖြစ်သည်ဟု ဆုံးဖြတ်၍ မိမိထက်သာသော
ဦးအောင်ဇေယျထံ အရှင်သခင်အဖြစ် သစ္စာခံ
လိုက်သည် ဖြစ်ပေသည်။
ယိုးဒယားမြို့ကို ဝိုင်းထားစဉ် နာမကျန်းဖြစ်၍
ဆုတ်လာသည်၌ ယိုးဒယားတို့က အလုံးအရင်းဖြင့်
ထွက်တိုက်သည်ကိုပင် ရိုးရင်းဘက် အရှင်သခင် ခရီးတာ မကွာမလှမ်းသေးသည်ကြောင့် မဆုတ်
မနစ် ခုခံတိုက်ခိုက်ပြီး ယိုးဒယားတို့ မြို့တွင်း
ပြန်ပြေးအောင် အလောင်းဘုရားအပေါ် သစ္စာရှိ
အနစ်နာခံခဲ့သူ ဖြစ်၏။
သို့သော် ရှေ့တပ်ဗိုလ်ချုပ် ဆင်ဖြူရှင်နှင့် မသင့်
မတင့်ဖြစ်ရာက တစ်ဦးအပေါ် တစ်ဦး မယုံမကြည်
ဖြစ်လာပြီး ဆင်ဖြူရှင်ကလည်း ဗိုလ်တွန်သည်
ပုန်ကန်ရန် ကြံစည်သည်ဟု ယူဆသလို ဗိုလ်တွန်
ကလည်း ဆင်ဖြူရှင်သည် ၎င်းအား အပြစ်ရှာသည်
ဟု ထင်မြင်လာသည်။ ဆင်ဖြူရှင် မြေဒူးမင်းသားက
အလျင်အမြန်လာရန် ဆင့်သည်ကို ဗိုလ်တွန်သည်
အလျင်အမြန်မလာဘဲ ရန်ကုန်ကို ခေါ်သည်ကို
လည်း မလာရောက် စစ်တောင်းသို့ ၎င်း တပ်နှင့်
ထွက်ခွါသွားသည်။ အလောင်းမင်းတရား ကံတော်
ကုန်ပြီးနောက် ဗိုလ်တွန်သည် ၎င်းတပ်အား သစ္စာရေတိုက်၍ စည်းကြပ်သည်ကို ဆင်ဖြူရှင်
မြေဒူးမင်းသား မြင်တွေ့ခဲ့ရသည်ဟု ဆို၏။
ဆင်ဖြူရှင်သည် ထိုအချက်ကို သံသယဝင်သွား
ခြင်းဖြစ်ပေသည်။
သံသယဝင်သည့်အလျောက် ရန်ကုန်နန်းတော်
သို့ပင် မလာရောက်ဘဲ စစ်တောင်းသို့ လူရော
တပ်ပါ ထွက်ခွါသွားသည့် ဗိုလ်တွန်အား ထီးနန်း
တက်လာသည့် နောင်တော်ကြီးမင်းက ၄ ကြိမ်ခန့်
အခေါ်လွှတ်သော်လည်း ရွှေဘိုနန်းတော်သို့
လုံးဝ မလာခဲ့တော့ပေ။ ၎င်းနှင့် ရိုးရင်းဘက်ဖြစ်သူ
မင်းလှနော်ရထာ လာရောက်ခေါ်ငင်စဉ် ဗိုလ်တွန်
က "ကြမ္မာအလျောက်ရှိစေတော့၊ သည်တစ်ကြိမ်
ယောကျ်ားကောင်းပီပီ စွန့်စားတော့မည်" ဟု
ပြောဆိုခဲ့၏။ ထိုစကားမှာ အင်းဝ ကို သိမ်းပိုက်
အခြေပြု၍ ရှင်ဘုရင် ဖြစ်အောင် လုပ်တော့မည်ဟု
ဆိုလိုက်ခြင်းပင်ဖြစ်၏။ အလောင်းမင်းတရားကြီး
နိုင်ငံတော်ထူထောင်ထားသည်မှာ ၈ နှစ်ကျော်
သာလျှင်ရှိသေးသော်လည်း အလောင်းမင်းတရား
ကြီး နတ်ရွာစံကံတော်ကုန်သည်၌ နန်းတက်သည့်
ဒီပဲယင်းမင်း နောင်တော်ကြီးမင်းနှင့် မြေဒူးမင်း
ဆင်ဖြူရှင်တို့မှာ ငယ်ရွယ်နုနယ်သော မင်းသား
များ၊ ၎င်း မျက်စေ့အောက်က အရွယ်ရောက်လာ
သည့် မင်းသားများဖြစ်၍ အထင်အမြင်သေးဟန်တူ
သည်ကြောင့် ထူထောင်ခါစ ကုန်းဘောင်အင်ပါယာ
ကြီး လတ်လတ်ဆတ်ဆတ်ရှိသေးသော်လည်း
ရွှေဘိုသားချင်း အာဏာလုပွဲ စတင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်တွန်မှာ တိုက်တိုင်းအောင် စစ်ဗိုလ်ချုပ်ကြီး
ဖြစ်ပြီး မုဆိုးပို ရွာက အစပြုသည့် ၎င်းနှင့် ရိုးရင်း
ဘက်ကြီးများမှာ ၎င်းဘက်က ပါမည်ဟု ထင်မှတ်
နေပုံရပြီး နာမည်ကြီး နာမည်ကျော်စစ်ဗိုလ်ချုပ်ကြီး
သိမ်းသွင်းသမျှ ပြည်သူလူထုကလည်း လက်ခံမည်
မုချဟု ထင်မှတ်၍ ရှေ့ ၈ နှစ်ကျော်ခန့် အင်းဝ မပျက်မီက ကြံစည်ဖူးသည့် အထွတ်အထိပ် ရောက်
ရန် ရည်မှန်းချက်ကို အကောင်အထည် ဖော်ခြင်း
ပင် ဖြစ်ပေတော့သည်။ သို့သော် ထူထောင်ခါစ
ကုန်းဘောင်အင်ပါယာ မြန်မာနိုင်ငံတော် ချက်ချင်း
ပြန်လည်ပြိုကွဲသွားမည့်အရေးကို အခြားသူများက
မလိုလားခဲ့ပေ။ သိမ်းပိုက်ထားသည့် အင်းဝ မှ
လွဲ၍ အခြားနယ်မြေများက ဗိုလ်တွန့် ထံသို့
လက်အောက်ခံ ဝင်မလာခဲ့ပေ။ အကယ်၍သာ
ခိုဝင်လာသူအများရှိပါက ရွှေဘိုနှင့် အင်းဝ
မြန်မာအချင်းချင်း စစ်ကြီးဖြစ်ကြမည်ဖြစ်ပြီး
နိုင်ငံ ၂ ပိုင်းကွဲခါ သိမ်းပိုက်ချဲ့ထွင်ထားသည့်
နယ်မြေများသည် ထိုစဉ်ကတည်းက လက်လွတ်
ဆုံးရှုံးသွားရမည်ဖြစ်သလို ရွှေဘိုနှင့် အင်းဝ
တပြန်တလှည့် စစ်ပြုကြရင်း နိုင်ငံတော်အဖြစ်
ပုံပေါ်မလာဘဲ သားစဉ်မြေးဆက် စစ်ပွဲများဖြင့်သာ
အတိဒုက္ခရောက်နေကြတော့မည်ပင်ဖြစ်၏။
ထိုအခြေအနေကို စစ်ရည်ဝနေသည့် နောင်တော်
ကြီးမင်းသည် သဘောပေါက်သည်ဖြစ်ရာ အခြေ
အနေကို အလျင်အမြန် အဆုံးသတ်ရန် ကြိုးစား၏။
ဗိုလ်တွန်(မင်းခေါင်နော်ရထာ)သည် အင်းဝတွင်
အခြေပြုရန် မဖြစ်နိုင်တော့သည့်အလျောက်
ဇင်းမယ်ကို သိမ်းသွင်း၍ ဇင်းမယ်ဘုရင်အဖြစ်
မင်းပြုပြီး ဇင်းမယ်အားဖြင့် မြန်မာနိုင်ငံတော်
တဝှမ်းလုံးကို ဆက်လက်သိမ်းပိုက်ပြီး ရှေ့ ၈ နှစ်
ကျော်ကာလက အိပ်မက်ကို အကောင်အထည်
ဖော်ရန် အင်းဝမှ ဇင်းမယ်သို့ ထွက်ခွါလေသည်။
သို့သာ် လမ်းခုလတ်၌ ကျဆုံးခဲ့ပေသည်။
ကုန်းဘောင်အင်ပါယာ မြန်မာနိုင်ငံတော်
ထူထောင်ပြီးခါစ ရှေ့ ၈ နှစ်လုံးလုံး ပင်ပန်း
ဆင်းရဲခဲ့သမျှ အတိုးချစည်းစိမ်ခံစားရမည့်ကာလ
ရောက်ချိန်တိုင်တွင်မှ ထိုဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး
စစ်ဗိုလ်ချုပ် သူရဲကောင်းကြီး ကုန်းဘောင်အင်ပါ
ယာ ထူထောင်ခဲ့ကြသူများထဲမှ တစ်ဦးဖြစ်သူ
ဗိုလ်တွန်ခေါ် မင်းခေါင်နော်ရထာ လမ်းခုလတ်၌
ခွါလိပ်ခဲ့ရခြင်းမှာ နှမြောစရာ သင်ခန်းစာယူစရာ
အဖြစ်အပျက် တစ်ခုပင်ဖြစ်၏။
ဇာတ်ညွှန်းရေးဆရာတို့ပင် မမီနိုင်သော ကံကြမ္မာ
ဇာတ်ဆရာ၏ လှည့်စားချက်ပင် ဖြစ်တော့သည်။
အတော်ဆုံး စစ်ဗိုလ်ချုပ်တစ်ဦး မရှိတော့သော်
လည်း နိုင်ငံတော်သည် ရပ်တန့်သွားသည်
မဟုတ်ပါပေ။ အလောင်းမင်းတရားကြီး၏
နိုင်ငံတော်ထူထောင်ဘက် လက်ရုံးများ စစ်ရည်ဝ
နေသူ စစ်ဗိုလ်ချုပ်များ အများအပြား ကျန်ရှိ
နေသေးသလို နောင်တော်ကြီးမင်းနှင့် ဆင်ဖြူရှင်
တို့မှာလည်း ငယ်ပင်ငယ်သော်လည်း အရွယ်နှင့်
မလိုက်သည့် တိုက်တိုင်းအောင် စစ်ဗိုလ်ချုပ်များ
ပင်ဖြစ်ပေသည် မဟုတ်ပါလား။
ထိုသို့ ဗိုလ်တွန်ပုန်ကန်မှု၏ နောက်ဆက်တွဲ အဖြစ်
အလောင်းမင်းတရားကြီး၏ ညီတော် တောင်ငူစား
က တဖန်ပုန်ကန်ပြန်သည်။ နောင်တော်ကြီး
မင်းသည် ထို ပုန်ကန်မှုကိုလည်း နှိမ်နင်းနိုင်ခဲ့၏။
ဘုရင်ဖြစ်နေသည့် အစ်ကိုဖြစ်သူမှာလည်း
သန်လျင်ကို ဝန်းရံစဉ်က အသေခံပါဝင်ခဲ့သည့်
စစ်ရည်ဝနေသူဖြစ်သလို ညီဖြစ်သည့် မြေဒူးမင်း
သည်လည်း တိုက်တိုင်းအောင် စစ်ရည်ဝ ဗိုလ်
ချုပ်တစ်ဦးဖြစ်ပြန်ရာ မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း
မရှိပါပေ။ ထိုကာလ ညီအစ်ကို ၂ ဦးလုံးမှာ
အသက် ၃၀ ပင် မပြည့်ကြသေးပေ။
မြေဒူးမင်းသည် အင်းဝ၌ မွန်တို့ကို လူ အနည်း
ငယ်ဖြင့် ခံတိုက်စဉ်က ၁၇ နှစ်သာ ရှိသေးရာ
နောင်တော်ကြီးမင်းနန်းတက်ချိန်၌ ၂၅ နှစ်ကျော်
သာလျှင် ရှိပေသေးသည်။
ထိုပုန်ကန်သူများကို လက်လွန်ခဲ့သူများမှ လွဲ၍
မည်သို့မျှ အရေးမယူခဲ့ဘဲ စားမြဲစား နေမြဲနေစေ
ခဲ့၏။ ထို အကျိုးဆက်ကို မြေဒူးမင်း လက်ထက်
၌ ဆက်လက်ခံစားရသည်ဖြစ်၏။
ဆင်ဖြူရှင်မြေဒူးမင်းလက်ထက် တရုပ်တို့ စစ် ၄ ကြိမ်ဖြင့် ကျူးကျော်လာချိန် ကောင်းတုံတွင် ခံတပ်တည်စေ၍(ပထမ အကြိမ်ကျူးကျော်မှု ပြီးနောက် ဆင်ဖြူရှင်(မြေဒူးမင်း) သည် စစ်၏ ရှေ့အရေးကို တွက်ဆ၍ ကောင်းတုံတွင် ခံတပ်တည်စေသည်)
ထိုခံတပ်ကို ဦးစီးရမည့် ခေါင်းဆောင်မှာ စစ်ဗိုလ်ချုပ် ဗလမင်းထင် ဖြစ်ပေသည်။
ထို ဗလမင်းထင်မှာ အခြားသူမဟုတ်ပေ။
နောင်တော်ကြီးမင်းလက်ထက် ဘထွေးတော်
တောင်ငူမင်းပုန်ကန်စဉ်က ပါဝင်သည့် တောင်ငူ
မင်း၏ စစ်ဗိုလ်ချုပ်ဖြစ်ပင် ဖြစ်တော့သည်။
မသတ်ဘဲ ထားရုံမျှမက မရှုတ်မချ နေမြဲ စားမြဲ
စေခဲ့သည့် ကျေးဇူးကို ဗလမင်းထင်သည် မမေ့ပေ။
တရုတ်တို့ တတိယအကြိမ်ကျူးကျော်လာစဉ်
ကောင်းတုံခံတပ်မှ ဆုတ်ရန်အခြား စစ်ဗိုလ်ချုပ်
များက အကြံပေးစဉ်အခါ ဗလမင်းထင်က" ကိုယ်
တို့၏ အသက်သည် အရှင်တို့ ပေးသည့် အသက်
သာရှိသည်။ ထိုကျေးဇူးအား ဆယ်ခါပြန်ဆပ်၍
ကုန်နိုင်အံ့မထင်။ ခံတပ်တွင်း၌သာ အသေခံ
တော့မည်" ဟု တောင်ငူပုန်ကန်စဉ်က အတူ
ပါဝင်ခဲ့သည့် အခြားစစ်ဗိုလ်ချုပ်များအား ပြော
ကြားခဲ့သလို ခံတပ်ငယ်တစ်ခုဖြင့် တရုပ်စစ်ကြီး
ကို ဟန့်တားနိုင်လောက်အောင် အစီမံကောင်း
အရည်အချင်းကောင်းဖြင့် အရှင့် ကျေးဇူးတော်ကို
ဆပ်ခဲ့ပေသည်။ ထိုကျေးဇူးဆပ်ခြင်းသည်
နိုင်ငံတော်ကို ကာကွယ်ခဲ့ခြင်းလည်း မည်ပေ၏။
ဆင်ဖြူရှင်သည်လည်း ကောင်းတုံခံတပ်ကို
စစ်အင်အား လူသူ လက်နက် ရိက္ခာ အကြိမ်ကြိမ်
ဖြည့်တင်းပေးခဲ့ပြီး ဗလမင်းထင်ကို စိတ်တိုင်းကျ
စွမ်းဆောင်ခွင့် ပေးခဲ့ပေသည်။
အပြန်အလှန် ကျေးဇူးပြုခြင်း၊ အပြန်အလှန် ကျေးဇူးသိတတ်ခြင်း၏ အကျိုးကား
ကြီးမားပေစွ။
………………………………………………………။
ပုံစာ -
မွန်ရှမ်းကပြား တလိုင်း/မွန်မင်း ပဲကူး ဟံသာဝတီ
ဘုရင်က သမီးတော်ဆက်သ သဖြင့်
သိမ်းပိုက်ပြီးနောက် စစ်ပြေငြိမ်းမည်ရှိစဉ်
တလိုင်း/မွန်အမတ်တို့က တလိုင်း/မွန်မင်းကို
နန်းချ၍ မြို့တံခါးပိတ် သောင်းကျန်းကြပြန်သဖြင့်
ပုဂံအပျက်၌ မြန်မာတို့တည်သည့် မုတ္တမမြို့စား
မြန်မာအမတ် အလိမ္မာကို သတ်၍ မင်းပြုသော
ဝါရီရူးက စသည့် တလိုင်း/မွန် မင်းဆက်ကို
အပြီးတိုက်ဖျက်သိမ်းပေးပြီးနောက် ၈ နှစ် ၁ လ အတွင်း အာသံ မဏိပူရ မီဇိုရမ် ကျိုင်းရုံးကြီး
ချင်းမိုင် လာအို အယုဒ္ဒယ မှ လွဲ၍ ကျန်နယ်မြေ
အားလုံး သိမ်းပိုက်ပြီး ကုန်းဘောင်အင်ပါယာ
မြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သော
ကုန်းဘောင်မင်းဆက်၏ အစအဦး မြန်မာ့ဦးစွန်း
ထွန်းတောက်စေခဲ့သူ၊ ထွက်တော်မူတိုင်း
ဘုရင့်တပ်မ၏ ရှေ့ဆုံးတပ်တွင်ထား၍
တရုတ်စစ် ၄ကြိမ် ယိုးဒယားအမှုန့်ချေ ဖအေတူ
တိုက်တိုင်းအောင် ဗိုလ်ချုပ် မြေဒူးစား မြေဒူးမင်း
နောင် ဆင်ဖြူရှင်မင်းအား မွေးထုတ်ပေးခဲ့၍
ထူထောင်ခဲ့သည့် ကုန်းဘောင်အင်ပါယာ
မြန်မာနိုင်ငံတာ်ကြီးကို အရပ်ရပ်က ခန့်ညား
လေးစားရအောင် စွမ်းဆောင်ခဲ့သည့် မြန်မာ့ဖိုက်တာ
ရွှေဘိုသားကြီး ဦးအောင်ဇေယျ ခေါ်
အလောင်းမင်းတရား ခေါ်
အလောင်းဘုရား။

No comments:
Post a Comment