"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၁၃)
……………………………………………။
ဆင္ျဖဴရွင္ဘုရင္မင္းျမတ္၏ က်န္းမာေရး
ဆိုးရြားမႈသည္ သကၠရာဇ္ ၁၁၃၈ ခု၊ နယုန္လ တြင္
အဆံုးသတ္၍ ထိုေန့တြင္ ကံေတာ္ကုန္သည္၌
မွဴးမတ္တို့ အျမင့္မင္းထံ သြားေရာက္မေလ်ွာက္
ထားဘဲ သားေတာ္ စဥ့္ကူးမင္းထံသို့ ထီးနန္းသိမ္း
ယူပါရန္ ေလ်ွာက္ထားၾက၏။
ထိုကိစၥသည္ မဟာသီဟသူရ၏ အစီအမံျဖစ္သည္
ဟု သံသယရွိဖြယ္ေကာင္း၏။ မဟာသီဟသူရ
သည္ ဘုရင္ႏွင့္မယားညီအစ္ကိုျဖစ္ရံုမ်ွမက
မိမိ၏သမီးအား ဆင္ျဖဴရွင္၏သားေတာ္ ငစဥ့္ကူး
မင္းႏွင့္ ေပးစားထားသည္ျဖစ္ရာ ဆင္ျဖဴရွင္
ဘုရင္ႏွင့္ မယားညီအကို၊ ခမည္းခမက္ ေတာ္စပ္
ျပီး၊ ဘုရင္ျဖစ္လာမည့္ ငစဥ့္ကူးမင္း၏ ေယာကၡမ
ျဖစ္ေလရာ နန္းတြင္း၌ ၾသဇာႀကီးမားမည္ျဖစ္သည့္
အေလ်ာက္ ၎၏ သားမက္ ငစဥ့္ကူးမင္းအား
ထီးနန္းရေစရန္ႀကံရြယ္လုပ္ေဆာင္ေနျပီး ၎၏
သမီးအား မိဖုရားေခါင္ျဖစ္၍ ၎က ဘုရင္ထက္
ပိုမို၍ အခြင့္ၾသဇာႀကီးမားေသာ အာဏာငန္းဖမ္း
ေနသည့္ လုပ္ရပ္ျဖစ္သည္ဟု ဆိုရမည္ျဖစ္ေပ
သည္။ အလြန္အႀကံႀကီးသည့္ မဟာသီဟသူရ
ပါပင္တည္း။ သို့မို့ေၾကာင့္သာလ်ွင္ အစြမ္းအစ
ရွိသည့္ ဆပ္ျပာကုန္းဗိုလ္ႏွင့္ အျမင့္မင္း၏
ေယာက္ဖေတာ္အား အခ်ီးအႏွီးမဲ႔ ေသတြင္းသို့
ပို့ခဲ႔ျခင္းျဖစ္ေပသည္။
ဆင္ျဖဴရွင္လက္ထက္က (ယခုအေခၚ ဗီယက္နမ္
ႏိုင္ငံ) ယြန္းႀကီးျပည္ ေဝွ႔ျမိဳ႕ နန္းေတာ္က ယြန္းႀကီး
ဘုရင္ က်ားလံု သည္ အယုဒၶယကို ျမန္မာတို့
ေျမလွန္ျပီးသည္ေနာက္ သံတမန္လႊတ္၍ ျမန္မာ
ဘုရင္၏ ေရႊဘုန္းေတာ္အား ခိုလံႈေၾကာင္း ရာဇသံ
ေစလႊတ္ေလ်ွာက္ထားသည္တြင္ ဆင္ျဖဴရွင္က
လက္ေဆာင္မ်ားျပန္လည္ေပးအပ္၍ လက္ခံ
ခဲ႔ေၾကာင္း ဘိုးေတာ္ဘုရားလက္ထက္ ဘုရင္
ျဖစ္လာသည့္ က်ားလံု၏သား မင္မန္ က ဘိုးေတာ္
ဘုရားထံ ယိုးဒယားတို့အား တိုက္ခိုက္ေပး
ပါမည့္အေၾကာင္း လာေရာက္ေလ်ွာက္ထားစဥ္က
မွတ္တမ္းမ်ားအရ သိရမည္ျဖစ္ေပသည္။
(၎အေၾကာင္းအရာႏွင့္ပတ္သက္၍ "ယြန္းႀကီး"
ေခါင္းစဥ္ျဖင့္ေရးျပီး) သို့ျဖစ္ရာ ဗီယက္နမ္ေတာင္
ပိုင္းေဒသသည္ ဆင္ျဖဴရွင္လက္ထက္ ျမန္မာႏိုင္ငံ
ေတာ္ ပိုင္နက္အတြင္းမပါဝင္ေသာ္လည္း ျမန္မာ
ဘုရင္၏ ၾသဇာလႊမ္းမိုးရာေဒသအတြင္း ပါဝင္
ခဲ႔သည္မွာ အထင္အရွားပင္ျဖစ္သည္။
ထိုမတိုင္မီက ေဝွ႔နန္းေတာ္သည္ ကေမ႓ာဒီးယား
ကို သိမ္းပိုက္ထားသည္ျဖစ္ျပီး ေနာက္၌ အယုဒၶယ
က ကေမ႓ာဒီးယားကို ေဝွ့နန္းေတာ္ လက္တြင္းမွ
တိုက္ခိုက္သိမ္းယူျပီးေနာက္ အယုဒၶယပ်က္သုဥ္း
သြားသည္တြင္ ကေမ႓ာဒီးယားသည္ ျမန္မာႏိုင္ငံ
ပိုင္နက္ျဖစ္လာျပီး ဗီယက္နမ္ႏွင့္ ျမန္မာတို့မွာ
နပ္စပ္ခ်င္း ထိစပ္သြားေတာ့၏။
အယုဒၶယကို ေျမလွန္၍ မင္းဆက္ပ်က္သုဥ္းေအာင္
သိမ္းပိုက္၍ အင္အားႀကီးမားပါသည္ဟုဆိုေသာ
တရုတ္တို့အား ၄ႀကိမ္တိုင္ အျပတ္အသတ္
ေအာင္ပြဲခံလိုက္သည့္ ျမန္မာဘုရင္အား ေဝွ႔ နန္း
ေတာ္က လာေရာက္ ခိုလံႈသည္မွာ မွန္ကန္သည့္
ဆံုးျဖတ္ခ်က္လည္းျဖစ္၏။ ဤမ်ွ အစြမ္းထက္၍
ေဒသတြင္းတစ္ခုလံုး ဖိန့္ဖိန့္တုန္သြားေအာင္
စြမ္းေဆာင္ခဲ႔သည့္ ျမန္မာတို့အား က်ားလံုသည္
အဘယ္မွာလ်ွင္ မခိုလံႈဘဲ ေနဝံ႔ပါမည္နည္း။
ထိုသည္မွ ဘန္ေကာက္ကို တိုက္ခိုက္ရန္ေစလႊတ္
စဥ္ ျမန္မာတို့ လူေကာင္းမ်ား အမ်ားအျပား
ရွိပါလ်က္ နန္းတြင္းေရး႐ႈပ္ေထြး၍ မဟာသီဟသူရ
ေၾကာင့္ တပ္ဗိုလ္တပ္မွဴးမ်ားအတြင္း၌ပါ အုပ္စု
ကြဲလ်က္ရွိျပီး၊ စစ္ေရး အစီအရင္ အရပ္အေန ညံ့ဖ်င္းလွသည္တြင္ ဇင္းမယ္ကို ဘန္ေကာက္သား
တို့ လာေရာက္တိုက္ခိုက္၍ ဇင္းမယ္ကို ေခတၱ
လက္လႊတ္ရသည္အထိ အေျခအေနဆိုးရြား
သြားသည္တြင္ သက္ဆင္သည္ အယုဒၶယလက္
ထက္က ယိုးဒယားတို့ ဗီယက္နမ္လက္တြင္းမွ
တိုက္ခိုက္ရယူ သိမ္းပိုက္ခဲ႔ေသာ ကေမ႓ာဒီးယား
အား မ်က္ေစာင္းထိုးလာေလေတာ့သည္။
မုတၱမတြင္ မိုးခိုမည္ဟု နန္းတြင္းေရးေစာင့္ဆိုင္း
ေနေသာ မဟာသီဟသူရသည္ အင္းဝ၌ အျမင့္မင္း
နန္းမတက္ရဘဲ ၎၏ သားမက္ ငစဥ့္ကူးမင္း
နန္းတက္လာသည္တြင္မွ စိတ္ဒံုးဒံုးခ်၍ ဘုရင့္
ေယာကၡမအျဖစ္ ဘန္ေကာက္သို့ ရြာဟိုင္းေၾကာင္း
စစ္ခ်ီ၏။
ငစဥ့္ကူးမင္း နန္းတက္သည္ကို မေက်နပ္သည့္
ညီျဖစ္သူ စလင္းမင္းက ထီးနန္းရယူရန္ႀကံစည္
ေသးသျဖင့္ ငစဥ့္ကူးမင္းသည္ ညီေတာ္အား
ကြပ္မ်က္ပစ္ရေလသည္။ ဘေထြးေတာ္မ်ားျဖစ္
ေသာ အျမင့္မင္း၊ ဗဒံုမင္း၊ ပခန္းမင္း၊ ပင္းတလဲမင္း၊ မင္းတို့မွာ မည္သို့မ်ွမျဖစ္ ေအးေဆးစြာ ေနၾက၏။
မုတၱမမွ ရြာဟိုင္းေၾကာင္းခ်ီသြားေသာ မဟာသီဟ
သူရသည္ ဘန္ေကာက္သို့ေရာက္သည္တြင္
ယိုဒယားတို့ႏွင့္ တိုက္ၾက၏။
ထိုသို့တိုက္ၾကရာ၌လည္း အစီအရင္ ညံ့ဖ်င္းလွ
သျဖင့္ ျမန္မာတို့အား ယိုးဒယားတို့က ဝိုင္းမိေလ
သည္။ ဝိုင္းရံထားေသာ ယိုးဒယားတို့အား ပ်ံခ်ီ
ရဲေခါင္ေက်ာ္တပ္က ေနာက္မွလွည့္၍ အတင္းပင္
အေသခံတိုက္သည္မွ ဝန္ႀကီးမဟာသီဟသူရ
တို့လည္း အက်ပ္အတည္းမွလြတ္၍ ယိုးဒယား
တို့အား ျပန္လည္တိုက္ခိုက္ႏိုင္ေလသည္။
ပ်ံခ်ီရဲေခါင္ေက်ာ္မွာ ယိုးဒယားတို့ေနာက္သို့
က်ြံသြားသည္တြင္ ဝန္ႀကီးမဟာသီဟသူရသည္
ပ်ံခ်ီတပ္အား လိုက္၍မႏႈတ္ဘဲ တာဝန္မဲ႔စြာ
ေနေလသည္။ ထိုအခ်ိန္တြင္ အင္းဝမွေန၍ ၎၏
သားမက္ ငစဥ့္ကူးမင္းက တပ္ႏႈပ္၍ ျပန္ လာရမည္
ဟု ေခၚသည္ဟုဆို၍ မဟာသီဟသူရသည္
တပ္ႏႈပ္၍ အေဆာတလ်င္ ျပန္ေလ၏။
ထိုသို့မျပန္မီတြင္ ျမန္မာတပ္မ်ားအား တြန္းလွန္
တိုက္ခိုက္ရာတြင္ ဦးစီးသည့္ တပ္ဗိုလ္ ေခ်ာက္ဖရာ့
(ေခ်ာဖ/ေစာ္ဘြား)ခ်ကၠရီကို မဟာသီဟသူရက ၎၏တပ္သို့ ပင့္ဖိတ္ေခၚယူေတြ႔ဆံု၍ မိမိတို့
ျပန္ေတာ့မည္ျဖစ္ေၾကာင္းႏွင့္ ခ်ကၠရီအား မဟာ
ခ်ီးမြမ္းခန္းဖြင့္၍ ရုပ္ရည္လကၡဏာသည္ မင္းျဖစ္
မည့္ရုပ္ရည္ျဖစ္သည္ဟုပင္ ခ်ီးပင့္ေျပာဆို၍
လက္ေဆာင္မ်ားပင္ ေပးကမ္းလိုက္ေလေသး၏။
ဤသည္မွာ အယုဒၶယကို မင္းဆက္ျဖတ္သည္
ကဲ႔သို့ ျမန္မာတို့ ေသာင္ပူရီမင္းဆက္ကို ျဖတ္
ပစ္ရန္ အခြင့္အေရးရပါလ်က္ မဟာသီဟသူရ
သည္ ျမန္မာတို့၏ အခြင့္အေရးကို ခ်ကၠရီကို
ေပးလိုက္ေသာ လက္ေဆာင္တို့ႏွင့္အတူ
ထည့္ေပးလိုက္သည္ပင္ျဖစ္ေပသည္။
ရန္သူအား ခ်ီးပင့္၍ မိမိလူအားႏွိပ္ကြပ္ေနေသာ
မဟာသီဟသူရသည္ တရုတ္ကို မိမိသေဘာႏွင့္
မိမိစစ္ေျပျငိမ္း၍ ႏိုင္ငံေတာ္နစ္နာခ်က္အျဖစ္
ဖန္တီးခဲ႔သလို ယခုလည္း ဘန္ေကာက္မင္းဆက္
အဓြန့္ရွည္ေစရန္ အခြင့္အေရးေပး၍ ႏိုင္ငံေတာ္
နစ္နာခ်က္အျဖစ္ ထပ္မံ ဖန္တီးလိုက္ေလသည္။
ထိုသည္၏ ေနာက္ဆက္တြဲတို့မွာကား အသက္
ေသြးေခ်ြးမ်ားျဖင့္ ရင္းႏွီးခဲ႔ရေသာ ျမန္မာ့ေျမမ်ား
ကို ဘန္ေကာက္သားတို့ ရယူပိုင္ဆိုင္သြားသည့္
အျဖစ္သို့ ေရာက္ရွိသြားၾကသည္ျဖစ္ေတာ့၏။
အကယ္၍ မဟာသီဟသူရသည္ အင္းဝသို့
ျပန္မလာဘဲ ဘန္ေကာက္ကို အဆံုးသတ္ခဲ႔ပါမူ
ယိုးဒယားတို့ တလိုင္း/မြန္တို့ကဲ႔သို့ ထပ္မံ၍
ထူေထာင္ရန္ ေတာ္ဝင္မ်ိဳးႏြယ္ မင္းဆက္မရွိ
ေတာ့ဘဲ ျမန္မာ့ေျမအျဖစ္သာလ်ွင္ အစဥ္သျဖင့္
တည္ရွိေနမည္မွာ ေသခ်ာေပသည္။
မဟာသီဟသူရသည္ ထိုအခြင့္ကို ပ်က္သုဥ္း
ေစ၍ ယိုးယားတို့ အဓြန့္ရွည္ေစရန္ အခြင့္ေပးလိုက္
သည္ျဖစ္ရာ ဤကိစၥသည္လည္း ေသဒဏ္ထိုက္
သည့္ ျပစ္မႈပင္ျဖစ္ေန၏။ မဟာသီဟသူရေၾကာင့္ ႏိုင္ငံေတာ္၏ ထပ္မံ နစ္နာခ်က္ပင္ ျဖစ္သည္။
တိုက္ဆိုင္စြာပင္ ခ်ကၠရီသည္
သက္ဆင္္ျပီးေနာက္ ယခု ထိုင္းတို့၏ ရာမ
မင္းဆက္၏ ပထမရာမ(Rama 1) အျဖစ္ ဘုရင္
ျဖစ္လာခဲ႔ေလ၏။ သက္ဆင္သည္ ေနာက္ပိုင္း၌
မိမိကိုယ္ကို ေနာင္ပြင့္မည့္ဘုရားဟု သတ္မွတ္
ျပီးေနာက္ တရားထိုင္၏။ ၎၏ေသြးမ်ားမွာ အနီ
ေရာင္မွ အျဖဴေရာင္သို့ ေျပာင္းလဲေနျပီဆို၏။
ရဟန္းမ်ားအား တရားျပျခင္း၊ ၎၏ရုပ္တုအား
ဘုရားအျဖစ္ကိုးကြယ္ေစျခင္းမ်ား ျပဳလုပ္လာ
ေလသည္။ ဤသို့ျဖင့္ ၎၏ စစ္သူႀကီး ခ်ကၠရီက
သက္ဆင္၏ လုပ္ရပ္မ်ားမွာ တိုင္းျပည္အတြက္
နစ္နာခ်က္မ်ား ျဖစ္လာသည္ဟူျပီးေနာက္
ဝိခ်ိဳင္းပရာဆစ္ ခံတပ္တြင္ သက္ဆင္အား ခ်ကၠရီက ေခါင္းျဖတ္သတ္ျပီးေနာက္ မိမိကိုယ္ကို
ဘုရင္အျဖစ္ ေၾကာညာလိုက္သည္မွ စ၍
မဟာသီဟသူရ၏ မဟာခ်ီးမြမ္းခန္းအတိုင္း သက္ဆင္၏ စစ္ဗိုလ္ခ်ဳပ္ ေခ်ာက္ျဗခ်ကၠရီ/ေခ်ာဖ(ဖရာ့)ခ်ကၠရီ/ေစာ္ဘြားခ်ကၠရီသည္ ထိုင္းဘုရင္ ရာမ ၁ ျဖစ္လာေလေတာ့သည္။
၎ ယခု ထိုင္းဘုရင္ ေလာင္ကြန္း၏ ရာမ
မင္းဆက္၏ အစအဦးျဖစ္ေသာ ၎ ခ်ကၠရီမွာ
မြန္လူမ်ိဳးျဖစ္ေပရာ ယခု သီရိဒံုႏွင့္ ေလာင္ကြန္း
စသည့္ ထိုင္းေတာ္ဝင္မ်ိဳးရိုးမွာ မြန္မ်ိဳးဟု ဆိုရမည္
ျဖစ္၏။
မဟာသီဟသူရသည္ ဘန္ေကာက္မွ တပ္ႏႈတ္၍
ျပန္ရာ၌ ယိုးဒယားနယ္တြင္း က်ြံဝင္သြားေသာ
ပ်ံခ်ီ၏တပ္အား ျပန္လည္ဆြဲမထုတ္သည့္အျပင္
စနစ္တက် ဆုတ္ခြါျခင္းလည္းမျပဳဘဲ ၎၏
တပ္သို့ လာေရာက္ေပါင္းရသည့္တပ္မ်ားမွ တပ္ဗိုလ္ အခ်ိဳ့အားလည္း ေနာက္က်သည္ဟူ၍
သတ္ပစ္ျပန္ေသး၏။ ပ်ံခ်ီတို့မွာ မဟာသီဟသူရ
က ျပန္လည္ ဆြဲမထုတ္သည့္အျပင္ မေစာင့္မေန
အလ်င္အျမန္ ခ်ီသည္ေၾကာင့္ တပ္မသို့ မေပါင္း
ႏိုင္ဘဲ ယိုးဒယားတို့ ေနာက္မွလိုက္တိုက္သည္ကို
စနစ္တက် ခုခံ၍ လာအိုအထိ သြားျပီးမွ ဇင္းမယ္သို့ ဝင္၍ အင္းဝေရာက္ေအာင္ အသက္လု ျပန္လာႏိုင္
ခဲ႔ရသည္ျဖစ္၏။ ထိုမွစ၍ ဇင္းမယ္ကို သက္ဆင္က
၎၏ အပိုင္အျဖစ္ သိမ္းပိုက္ေလေတာ့သည္။
ဆင္ျဖဴရွင္ဘုရင္မင္းျမတ္၏ မယားညီအစ္ကို၊
ခမည္းခမက္၊ ငစဥ့္ကူးမင္း၏ေယာကၡမ၊ လာဘ္လာ
ဘ ေပါရႊင္သည့္ အသည္ဝန္ႀကီး၊ တပ္ေပါင္းစု
စစ္ေသနာပတိ စသည့္ ဂုဏ္ပုဒ္မ်ားႏွင့္ ျပည့္လွ်မ္း
ေနေသာ မဟာသီဟသူရ၏ တိုင္းျပည္မ်က္ႏွာ
မၾကည့္ မိမိအတၱကိုသာေရွးရႈခဲ႔ေသာ လုပ္ရပ္မ်ား
က ျမန္မာတို့ ဇင္းမယ္ လင္းဇင္း ဘန္ေကာက္
စသည့္ နယ္ေျမမ်ားအား လက္လႊတ္ရသည္အထိ
အက်ိဳးဆက္ ျပန့္ပြားသြားေလေတာ့၏။
မဟာသီဟသူရမွာ မွန္းခ်က္ႏွင့္ႏွမ္းထြက္ မကိုက္
ခဲ႔ပါေခ်။ ၎၏ သားမက္ ဘုရင္ျဖစ္သည္၌ ၎က
တိုင္းျပည္အား စိတ္ႀကိဳက္ခ်ယ္လွယ္ခြင့္ရမည္
ထင္မွတ္သာ္လည္း ၎၏ သားမက္ ငစဥ့္ကူးမင္း
ႏွင့္ ၎တုိ့ မည္သည့္ကိစၥမဆိုႏိုင္ေသာ ျပႆနာ
တက္ရာက အရာက အခ်ခံရ၍ ဘုရင့္မိဖုရား
၎၏သမီးအပါအဝင္ မိသားစုႏွင့္တကြ စစ္ကိုင္း
သို့ အပို့ခံရေလသည္။ ထို့ေနာက္ ငစဥ့္ကူးမင္း
သည္ အမ်က္မေျပသျဖင့္ ၎၏မိဖုရား မဟာသီဟ
သူရ၏ သမီးအား စစ္ကိုင္းမွေခၚယူ၍ ေရခ်ျပီး
သတ္ပစ္လိုက္ေလသည္။ ဤသည္၌ ရာထူး
အာဏာႏွင့္တကြ အရာအားလံုးကို ေမ်ွာ္မွန္း
ထားသည့္ မဟာသီဟသူရသည္ မိမိ၏သမီး
ဘုရင့္မိဖုရား မရွိေတာ့သည္ေနာက္ ငစဥ့္ကူး
မင္းအား စိတ္အနာႀကီးနာလ်က္ အခါအခြင့္ကို
ေစာင့္ေနေလေတာ့၏။
ငစဥ့္ကူးမင္းသည္ တိုင္းေရးျပည္မႈမလုပ္ဘဲ
အရက္ေသစာ အျမဲမူးရစ္ေနသည္ျဖစ္ျပီး အရည္
အခ်င္းမရွိသည့္ သူျဖစ္၏။
ငစဥ့္ကူးမင္း အညာသီဟေတာသြားစဥ္
အေလာင္းဘုရား၏သားေတာ္ႀကီး၊ ဆင္ျဖဴရွင္၏
အစ္ကို ျဖစ္သူ ေနာင္ေတာ္ႀကီးမင္း၏ သား
အငယ္ဆံုး ေဘာင္းကားစား ေမာင္ေမာင္က
ထီူနန္းလုယူသည့္ အေရးအခင္းမွာလည္း မိမိအား
အရာကခ်၍ သမီးျဖစ္သူကို သတ္ပစ္သည့္
ငစဥ့္ကူးမင္းအား အျငိဳးထားေနသည့္ မဟာသီဟ
သူရ၏ စနက္ပင္ျဖစ္ဖြယ္ရွိေပသည္။
အဘယ့္ေၾကာင့္ဆိုေသာ္ ထိုကိစၥျဖစ္ပြားသည္၌
မဟာသီဟသူရသည္ ေဘာင္းကားစားဘက္မွ
ပါဝင္၍ ေရတပ္ကို ဦးစီးသည္ျဖစ္၏။
ထိုသို့ ထီးေရးနန္းေရးရႈပ္ေထြး၍ အာဏာလုခ်ိန္
တြင္ ဘုရင္ေဟာင္းမွာလည္း ရွိေသး၍ ဘုရင္သစ္
သည္လည္းနန္းတြင္း၌။ မည္သူ့ကို မည္သူက သစၥာ
ခံရမည္မွန္း မသိေအာင္ပင္ ရႈပ္ေထြးလ်က္ ရွိၾက၏။
ေဘာင္းကားစားေမာင္ေမာင္သည္ ဘေထြးေတာ္
မ်ားျဖစ္ေသာ အျမင့္မင္း ဗဒံုမင္း စသူတို့အား
ေခၚယူပင့္ေဆာင္ထားသည္ျဖစ္ရာ ၎ဘက္က
အင္အားသာသည္ျဖစ္၍ နန္းေတာ္ျပင္ပေရာက္ရွိ
ေနသည့္ ဘုရင္ငစဥ့္ကူးမင္းသည္လည္း အင္အား
စုရံုးပါေသာ္လည္း အေလာင္းမင္းတရားႀကီး၏
သားေတာ္မ်ားကိုယ္တိုင္ အင္းဝသို့ေရာက္ရွိေန
သည္ျဖစ္ရာ ၎ဘက္မွ လူအမ်ားလည္း
အေလာင္းမင္းတရားႀကီး၏ သားေတာ္မ်ားရွိရာ
အင္းဝဘက္သို့ ယိမ္းျပန္ေလသျဖင့္ လူသူအင္အား
နည္းပါးသည္တြင္ တရုတ္တို့ အကူအညီယူမည္ဟု
စီမံျပန္ေလသည္။ ထိုအခ်ိန္အထိ ဘေထြးေတာ္
မ်ား၏ အားကိုယူထားေသာ ေဘာင္းကားစား
သည္ အေျခအေနေကာင္းလ်က္ရွိေပသည္။
ဘေထြးေတာ္မ်ားမွာ ထီးနန္းကို အလိုမရွိဟူ၍
ေအးေဆးစြာ ေနသည္ျဖစ္ရာ ၎သည္သာ
မင္းအျဖစ္ အရွည္အၾကာ တည္တံ႔မည့္ သေဘာ
ျဖစ္လာေန၏။ သို့ေသာ္ ေဘာင္းကားစားႏွင့္
ပါလာသူ ေသြးေသာက္ေတာသားမ်ားက
ေဘာင္းကားစားအားကိုးျဖင့္ ဘေထြးေတာ္ မ်ားႏွင့္
မွဴးမတ္မ်ား၏ ေရႊေငြရတနာမ်ားအား
အတင္းအဓမၼယူျခင္း၊ ထီးနန္းႏွင့္မေလ်ာ္
အက်င့္တန္ ဆိုးရြားစြာ ျပဴမူဆက္ဆံျခင္းမ်ား
ျပဳလုပ္ၾကသည့္အခါ မွဴးမတ္မ်ားႏွင့္ ဘေထြးေတာ္
မ်ား တိုင္ပင္ညီညြတ္၍ ဗဒံုမင္း ဦးေဆာင္ျပီး
အင္းဝထီးနန္းကို သိမ္းပိုက္လိုက္ေလေတာ့သည္။
ဤသည္တြင္ မဟာသီဟသူရမွာ ဗဒံုမင္းက
အရာေပးပါေသာ္လည္း စည္သာမင္းသားႏွင့္
ပူးေပါင္းျပန္၍ ထီးနန္းရယူရန္ ထပ္မံၾကံစည္ျပန္
သည္တြင္ ဗဒံုမင္းသည္လည္း စည္သာမင္းသား
ႏွင့္တကြ မဟာသီဟသူရႏွင့္ သား၅ေယာက္ကိုပါ
ကြပ္မ်က္ပစ္ျပီး ဆင္ျဖဴရွင္လက္ထက္မွ စတင္
လာသည့္ ထီးေရးနန္းေရး ရႈပ္ေထြးေပြလီမႈကို
အဆံုးသတ္လိုက္ရေလေတာ့၏။
အေလာင္းမင္းတရားႀကီး မင္းမျဖစ္မီ မုဆိုးပို
ရြာမွ လူေထာင္ဂဏန္းမ်ွျဖင့္ အသက္ကို အသက္
မမွတ္ ရြပ္ရြပ္ခ်ြံခ်ြံႀကိဳးပမ္းေဆာင္ရြက္ခဲ႔ရၿပီး
ဒုတိယသားေတာ္ ဆင္ျဖဴရွင္(ငယ္မည္ ေမာင္ရြ)
လက္ထက္ ခမ္းနားထည္ဝါလွသည့္ ကုန္းေဘာင္
အင္ပါယာႀကီးကို တည္ေဆာက္ခဲ႔ပါေသာ္လည္း
တရုတ္-ျမန္မာ ၄ႀကိမ္ေျမာက္စစ္ပြဲမွစ၍ နန္းတြင္း
အေရး ရႈပ္ေထြးေစရန္ ဖန္တီးလုပ္ေဆာင္လာခဲ႔
ေသာ ဆင္ျဖဴရွင္၏ မယားညီအစ္ကို ခမည္း
ခမက္၊ ငစဥ့္ကူးမင္း၏ ေယာကၡမ၊ အသည္
ဝန္ႀကီး၊ မဟာေသနာပတိ မဟာသီဟသူရ၏
တိုင္းျပည္မ်က္ႏွာ မၾကည့္ မိမိလုပ္ခ်င္ရာလုပ္၍
အာဏာရူးခဲ႔သည့္ လုပ္ရပ္မ်ားက ျမန္မာတို့
ဇင္းမယ္ လင္းဇင္း ဘန္ေကာက္ ကေမ႓ာဒီးယား လာအို စေသာ နယ္ေျမမ်ားလက္လႊတ္ခဲ႔ရသည္
အထိ ဆင္႔ကဲဆင့္ကဲ ကစဥ့္ကလ်ားမ်ား ျဖစ္ပြား
ခဲ႔သည္မွာ ဗဒံုမင္း လက္ထက္ေရာက္သည္တြင္မွ
ျပန္လည္တည္ျငိမ္လာရေလေတာ့သည္။
အကယ္၍ ဆင္ျဖဴရွင္သည္သာ က်န္းမာေရး
မဆိုးရြား နန္းသက္ရွည္ခဲ႔ပါမူ ထိုထို အျဖစ္အပ်က္
မ်ား ျဖစ္ခဲ႔ေစဦး ႏိုင္နင္းစြာ ကိုင္တြယ္ႏိုင္ခဲ႔မည္မွာ
အေသအခ်ာပင္ျဖစ္ေပသည္။ သို့ေသာ္ တိုင္းျပည္
၏ ကံၾကမၼာသည္ကား ဆင္ျဖဴရွင္ကို မ်က္ႏွာသာ
မေပးခဲ႔ဘဲ မဟာသီဟသူရကိုသာ အခ်ိန္ကာလ
တစ္ခုအေနအထားျဖင့္ မ်က္ႏွာသာေပးခဲ႔သည္
ျဖစ္ရာ ၎၏ ေပြလိမ္ရႈပ္ေထြးမႈမ်ားက ထိုအခ်ိန္
အတိုင္းအတာကာလကေလးအတြင္းမွာပင္
ႏိုင္ငံေတာ္၏ နစ္နာခ်က္မ်ားအျဖစ္ ေရာက္ရွိသြား
ခဲ႔သည္ ျဖစ္ေပေတာ့သည္။ သစၥာမဲ႔ေသာ
မြန္လူမ်ိဳး ခ်ကၠရီသည္ တိုင္းျပည္ နစ္နာမည္ဟူ၍
မိမိ၏အရွင္သခင္ သက္ဆင္ကို ေခါင္းျဖတ္သတ္
ျပီး ယခု ထိုင္းမင္းဆက္ျဖစ္ေသာ ရာမမင္းဆက္ကို
သစၥာမဲ့မႈ ရက္စက္မႈျဖင့္ တည္ေထာင္ခဲ႔ေပသည္။
ျမန္မာတို့သည္ကား သစၥာတရားကို တန္ဖိုးထား
၍ ေရွ႕ေရးေနာက္ေရး ေထာက္ထား ေျမွာ္တင္း
သည္ေၾကာင့္ မဟာသီဟသူရ၏ ဇာတ္လမ္း
ရွည္ၾကာေနျခင္း ျဖစ္၏။
အကယ္၍သာ ဆင္ျဖဴရွင္သည္ မည္သည္ကိုမ်ွ
မေထာက္မထားမူဘဲ တရုတ္ႏွင့္စစ္ေျပျငိမ္းခဲ႔ေသာ
မဟာသီဟသူရအား ကြပ္မ်က္ပစ္ခဲ႔မည္ဆိုပါက
ထိုထိုေသာ ႏိုင္ငံေတာ္၏ နစ္နာခ်က္မ်ား
ေပၚေပါက္လာရန္ ခဲယဥ္းသည္ ျဖစ္၏။
မဟာသီဟသူရသည္ ႏိုင္ငံေတာ္နစ္နာခ်က္မ်ား
အျဖစ္ ကိုယ့္သေဘာႏွင့္ကိုယ္ တရုတ္ျမန္မာစစ္
ေျပျငိမ္းျခင္း၊ ဘန္ေကာက္မင္းဆက္အား
အျပဳတ္တိုက္ျဖတ္ရန္ ျဖစ္ႏိုင္ပါလ်က္ အဓြန့္
ရွည္ေအာင္ ခြင့္ျပဳ၍ နယ္ေျမမ်ား ဆံုးရံႈးခဲ႔ေစျခင္း၊
နန္းတြင္းေရးမ်ား ရႈပ္ေထြးေစအာင္ျပဳလုပ္ခဲ႔ျခင္း
စသည္တို့ကို အတၱႀကီးစြာ လုပ္ေဆာင္ခဲ႔၏။
ဆင္ျဖဴရွင္ႏွင့္ မယားညီအစ္ကို ခမည္းခမက္
ယူ၍ အခြင့္အာဏာရွိေအာင္ စနစ္တက် ျပဳ
လုပ္ခဲ႔ျပီး၊ သားမက္ ငစဥ့္ကူးမင္းက ၎အား
အရာခ်၍ ၎၏သမီးအား သတ္ျဖတ္ပစ္ခဲ႔ေသာ
အခါ ငစဥ့္ကူးမင္းကို အျငိဳးထားျပန္၍ ေဘာင္းကား
စားအား ေျမွာက္ပင့္ေပးျပီး ထီးနန္းလူယူရန္
လုပ္ေဆာင္ျပန္၍ ဗဒံုမင္းက အရာေပးျပန္သည္ကို
စည္သာမင္းသားႏွင့္ေပါင္း၍ ထီးနန္းလုပ္ႀကံျပန္
သည္တို့မွာ ဆိုးရြားလြန္းသည့္ လုပ္ေဆာင္ခ်က္
မ်ားပင္ ျဖစ္ေပသည္။
မည္သို့ပင္ ဆိုေစကာမူ ျဖစ္ခဲ႔သမ်ွအရာတိုင္းသည္
သင္ခန္းစာယူရန္ႏွင့္ တိုင္းျပည္၏ ကံၾကမၼာသာ
ျဖစ္ေပသည္ဟု ယူမွတ္ရန္သာ ျဖစ္ေပေတာ့၏။
ဤသို့ျဖင့္ အေလာင္းမင္းတရားႀကီး စတင္
ထူေထာင္ခဲ႔ေသာ ကုန္းေဘာင္အင္ပါယာ ျမန္မာ
ႏိုင္ငံေတာ္၏ ေနထြက္ခ်ိန္မွသည္ ေနမြန္းမတည့္မီ
အခ်ိန္အထိ ကာလမွာ ႏိုင္ငံေတာ္မျပိဳကြဲသြား
ေသာ္လည္း နယ္ေျမအခ်ိဳ႕ဆံုးရံႈးလက္လႊတ္
လိုက္ရျခင္းျဖင့္ ေနဝင္ခ်ိန္ကို အစျပဳရန္ တာစူ
ေနေတာ့သည္ ျဖစ္ေပေတာ့သည္ပင္
မဟုတ္ပါလား။
(ေခတၱနားပါဦးမည္)
……………………………………………………။
ပံုစာ -
မၾကာမီေနဝင္ေတာ့မည့္ ကုန္းေဘာင္
အင္ပါယာ၏ အထြတ္အထိပ္
ေအာင္ေျမခ်က္ခ်ာ
ဘိုးေတာ္ဘုရား ဗဒံုမင္း၏
အင္းဝ ေရႊနန္း။
…………………………………………………………
"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၁၃)
……………………………………………။
ဆင်ဖြူရှင်ဘုရင်မင်းမြတ်၏ ကျန်းမာရေး
ဆိုးရွားမှုသည် သက္ကရာဇ် ၁၁၃၈ ခု၊ နယုန်လ တွင်
အဆုံးသတ်၍ ထိုနေ့တွင် ကံတော်ကုန်သည်၌
မှူးမတ်တို့ အမြင့်မင်းထံ သွားရောက်မလျှောက်
ထားဘဲ သားတော် စဥ့်ကူးမင်းထံသို့ ထီးနန်းသိမ်း
ယူပါရန် လျှောက်ထားကြ၏။
ထိုကိစ္စသည် မဟာသီဟသူရ၏ အစီအမံဖြစ်သည်
ဟု သံသယရှိဖွယ်ကောင်း၏။ မဟာသီဟသူရ
သည် ဘုရင်နှင့်မယားညီအစ်ကိုဖြစ်ရုံမျှမက
မိမိ၏သမီးအား ဆင်ဖြူရှင်၏သားတော် ငစဥ့်ကူး
မင်းနှင့် ပေးစားထားသည်ဖြစ်ရာ ဆင်ဖြူရှင်
ဘုရင်နှင့် မယားညီအကို၊ ခမည်းခမက် တော်စပ်
ပြီး၊ ဘုရင်ဖြစ်လာမည့် ငစဥ့်ကူးမင်း၏ ယောက္ခမ
ဖြစ်လေရာ နန်းတွင်း၌ သြဇာကြီးမားမည်ဖြစ်သည့်
အလျောက် ၎င်း၏ သားမက် ငစဥ့်ကူးမင်းအား
ထီးနန်းရစေရန်ကြံရွယ်လုပ်ဆောင်နေပြီး ၎င်း၏
သမီးအား မိဖုရားခေါင်ဖြစ်၍ ၎င်းက ဘုရင်ထက်
ပိုမို၍ အခွင့်သြဇာကြီးမားသော အာဏာငန်းဖမ်း
နေသည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုရမည်ဖြစ်ပေ
သည်။ အလွန်အကြံကြီးသည့် မဟာသီဟသူရ
ပါပင်တည်း။ သို့မို့ကြောင့်သာလျှင် အစွမ်းအစ
ရှိသည့် ဆပ်ပြာကုန်းဗိုလ်နှင့် အမြင့်မင်း၏
ယောက်ဖတော်အား အချီးအနှီးမဲ့ သေတွင်းသို့
ပို့ခဲ့ခြင်းဖြစ်ပေသည်။
ဆင်ဖြူရှင်လက်ထက်က (ယခုအခေါ် ဗီယက်နမ်
နိုင်ငံ) ယွန်းကြီးပြည် ဝှေ့မြို့ နန်းတော်က ယွန်းကြီး
ဘုရင် ကျားလုံ သည် အယုဒ္ဓယကို မြန်မာတို့
မြေလှန်ပြီးသည်နောက် သံတမန်လွှတ်၍ မြန်မာ
ဘုရင်၏ ရွှေဘုန်းတော်အား ခိုလှုံကြောင်း ရာဇသံ
စေလွှတ်လျှောက်ထားသည်တွင် ဆင်ဖြူရှင်က
လက်ဆောင်များပြန်လည်ပေးအပ်၍ လက်ခံ
ခဲ့ကြောင်း ဘိုးတော်ဘုရားလက်ထက် ဘုရင်
ဖြစ်လာသည့် ကျားလုံ၏သား မင်မန် က ဘိုးတော်
ဘုရားထံ ယိုးဒယားတို့အား တိုက်ခိုက်ပေး
ပါမည့်အကြောင်း လာရောက်လျှောက်ထားစဉ်က
မှတ်တမ်းများအရ သိရမည်ဖြစ်ပေသည်။
(၎င်းအကြောင်းအရာနှင့်ပတ်သက်၍ "ယွန်းကြီး"
ခေါင်းစဉ်ဖြင့်ရေးပြီး) သို့ဖြစ်ရာ ဗီယက်နမ်တောင်
ပိုင်းဒေသသည် ဆင်ဖြူရှင်လက်ထက် မြန်မာနိုင်ငံ
တော် ပိုင်နက်အတွင်းမပါဝင်သော်လည်း မြန်မာ
ဘုရင်၏ သြဇာလွှမ်းမိုးရာဒေသအတွင်း ပါဝင်
ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။
ထိုမတိုင်မီက ဝှေ့နန်းတော်သည် ကမ္ဘောဒီးယား
ကို သိမ်းပိုက်ထားသည်ဖြစ်ပြီး နောက်၌ အယုဒ္ဓယ
က ကမ္ဘောဒီးယားကို ဝှေ့နန်းတော် လက်တွင်းမှ
တိုက်ခိုက်သိမ်းယူပြီးနောက် အယုဒ္ဓယပျက်သုဉ်း
သွားသည်တွင် ကမ္ဘောဒီးယားသည် မြန်မာနိုင်ငံ
ပိုင်နက်ဖြစ်လာပြီး ဗီယက်နမ်နှင့် မြန်မာတို့မှာ
နပ်စပ်ချင်း ထိစပ်သွားတော့၏။
အယုဒ္ဓယကို မြေလှန်၍ မင်းဆက်ပျက်သုဉ်းအောင်
သိမ်းပိုက်၍ အင်အားကြီးမားပါသည်ဟုဆိုသော
တရုတ်တို့အား ၄ကြိမ်တိုင် အပြတ်အသတ်
အောင်ပွဲခံလိုက်သည့် မြန်မာဘုရင်အား ဝှေ့ နန်း
တော်က လာရောက် ခိုလှုံသည်မှာ မှန်ကန်သည့်
ဆုံးဖြတ်ချက်လည်းဖြစ်၏။ ဤမျှ အစွမ်းထက်၍
ဒေသတွင်းတစ်ခုလုံး ဖိန့်ဖိန့်တုန်သွားအောင်
စွမ်းဆောင်ခဲ့သည့် မြန်မာတို့အား ကျားလုံသည်
အဘယ်မှာလျှင် မခိုလှုံဘဲ နေဝံ့ပါမည်နည်း။
ထိုသည်မှ ဘန်ကောက်ကို တိုက်ခိုက်ရန်စေလွှတ်
စဉ် မြန်မာတို့ လူကောင်းများ အများအပြား
ရှိပါလျက် နန်းတွင်းရေးရှုပ်ထွေး၍ မဟာသီဟသူရ
ကြောင့် တပ်ဗိုလ်တပ်မှူးများအတွင်း၌ပါ အုပ်စု
ကွဲလျက်ရှိပြီး၊ စစ်ရေး အစီအရင် အရပ်အနေ ညံ့ဖျင်းလှသည်တွင် ဇင်းမယ်ကို ဘန်ကောက်သား
တို့ လာရောက်တိုက်ခိုက်၍ ဇင်းမယ်ကို ခေတ္တ
လက်လွှတ်ရသည်အထိ အခြေအနေဆိုးရွား
သွားသည်တွင် သက်ဆင်သည် အယုဒ္ဓယလက်
ထက်က ယိုးဒယားတို့ ဗီယက်နမ်လက်တွင်းမှ
တိုက်ခိုက်ရယူ သိမ်းပိုက်ခဲ့သော ကမ္ဘောဒီးယား
အား မျက်စောင်းထိုးလာလေတော့သည်။
မုတ္တမတွင် မိုးခိုမည်ဟု နန်းတွင်းရေးစောင့်ဆိုင်း
နေသော မဟာသီဟသူရသည် အင်းဝ၌ အမြင့်မင်း
နန်းမတက်ရဘဲ ၎င်း၏ သားမက် ငစဥ့်ကူးမင်း
နန်းတက်လာသည်တွင်မှ စိတ်ဒုံးဒုံးချ၍ ဘုရင့်
ယောက္ခမအဖြစ် ဘန်ကောက်သို့ ရွာဟိုင်းကြောင်း
စစ်ချီ၏။
ငစဥ့်ကူးမင်း နန်းတက်သည်ကို မကျေနပ်သည့်
ညီဖြစ်သူ စလင်းမင်းက ထီးနန်းရယူရန်ကြံစည်
သေးသဖြင့် ငစဥ့်ကူးမင်းသည် ညီတော်အား
ကွပ်မျက်ပစ်ရလေသည်။ ဘထွေးတော်များဖြစ်
သော အမြင့်မင်း၊ ဗဒုံမင်း၊ ပခန်းမင်း၊ ပင်းတလဲမင်း၊ မင်းတို့မှာ မည်သို့မျှမဖြစ် အေးဆေးစွာ နေကြ၏။
မုတ္တမမှ ရွာဟိုင်းကြောင်းချီသွားသော မဟာသီဟ
သူရသည် ဘန်ကောက်သို့ရောက်သည်တွင်
ယိုဒယားတို့နှင့် တိုက်ကြ၏။
ထိုသို့တိုက်ကြရာ၌လည်း အစီအရင် ညံ့ဖျင်းလှ
သဖြင့် မြန်မာတို့အား ယိုးဒယားတို့က ဝိုင်းမိလေ
သည်။ ဝိုင်းရံထားသော ယိုးဒယားတို့အား ပျံချီ
ရဲခေါင်ကျော်တပ်က နောက်မှလှည့်၍ အတင်းပင်
အသေခံတိုက်သည်မှ ဝန်ကြီးမဟာသီဟသူရ
တို့လည်း အကျပ်အတည်းမှလွတ်၍ ယိုးဒယား
တို့အား ပြန်လည်တိုက်ခိုက်နိုင်လေသည်။
ပျံချီရဲခေါင်ကျော်မှာ ယိုးဒယားတို့နောက်သို့
ကျွံသွားသည်တွင် ဝန်ကြီးမဟာသီဟသူရသည်
ပျံချီတပ်အား လိုက်၍မနှုတ်ဘဲ တာဝန်မဲ့စွာ
နေလေသည်။ ထိုအချိန်တွင် အင်းဝမှနေ၍ ၎င်း၏
သားမက် ငစဥ့်ကူးမင်းက တပ်နှုပ်၍ ပြန် လာရမည်
ဟု ခေါ်သည်ဟုဆို၍ မဟာသီဟသူရသည်
တပ်နှုပ်၍ အဆောတလျင် ပြန်လေ၏။
ထိုသို့မပြန်မီတွင် မြန်မာတပ်များအား တွန်းလှန်
တိုက်ခိုက်ရာတွင် ဦးစီးသည့် တပ်ဗိုလ် ချောက်ဖရာ့
(ချောဖ/စော်ဘွား)ချက္ကရီကို မဟာသီဟသူရက ၎င်း၏တပ်သို့ ပင့်ဖိတ်ခေါ်ယူတွေ့ဆုံ၍ မိမိတို့
ပြန်တော့မည်ဖြစ်ကြောင်းနှင့် ချက္ကရီအား မဟာ
ချီးမွမ်းခန်းဖွင့်၍ ရုပ်ရည်လက္ခဏာသည် မင်းဖြစ်
မည့်ရုပ်ရည်ဖြစ်သည်ဟုပင် ချီးပင့်ပြောဆို၍
လက်ဆောင်များပင် ပေးကမ်းလိုက်လေသေး၏။
ဤသည်မှာ အယုဒ္ဓယကို မင်းဆက်ဖြတ်သည်
ကဲ့သို့ မြန်မာတို့ သောင်ပူရီမင်းဆက်ကို ဖြတ်
ပစ်ရန် အခွင့်အရေးရပါလျက် မဟာသီဟသူရ
သည် မြန်မာတို့၏ အခွင့်အရေးကို ချက္ကရီကို
ပေးလိုက်သော လက်ဆောင်တို့နှင့်အတူ
ထည့်ပေးလိုက်သည်ပင်ဖြစ်ပေသည်။
ရန်သူအား ချီးပင့်၍ မိမိလူအားနှိပ်ကွပ်နေသော
မဟာသီဟသူရသည် တရုတ်ကို မိမိသဘောနှင့်
မိမိစစ်ပြေငြိမ်း၍ နိုင်ငံတော်နစ်နာချက်အဖြစ်
ဖန်တီးခဲ့သလို ယခုလည်း ဘန်ကောက်မင်းဆက်
အဓွန့်ရှည်စေရန် အခွင့်အရေးပေး၍ နိုင်ငံတော်
နစ်နာချက်အဖြစ် ထပ်မံ ဖန်တီးလိုက်လေသည်။
ထိုသည်၏ နောက်ဆက်တွဲတို့မှာကား အသက်
သွေးချေွးများဖြင့် ရင်းနှီးခဲ့ရသော မြန်မာ့မြေများ
ကို ဘန်ကောက်သားတို့ ရယူပိုင်ဆိုင်သွားသည့်
အဖြစ်သို့ ရောက်ရှိသွားကြသည်ဖြစ်တော့၏။
အကယ်၍ မဟာသီဟသူရသည် အင်းဝသို့
ပြန်မလာဘဲ ဘန်ကောက်ကို အဆုံးသတ်ခဲ့ပါမူ
ယိုးဒယားတို့ တလိုင်း/မွန်တို့ကဲ့သို့ ထပ်မံ၍
ထူထောင်ရန် တော်ဝင်မျိုးနွယ် မင်းဆက်မရှိ
တော့ဘဲ မြန်မာ့မြေအဖြစ်သာလျှင် အစဉ်သဖြင့်
တည်ရှိနေမည်မှာ သေချာပေသည်။
မဟာသီဟသူရသည် ထိုအခွင့်ကို ပျက်သုဉ်း
စေ၍ ယိုးယားတို့ အဓွန့်ရှည်စေရန် အခွင့်ပေးလိုက်
သည်ဖြစ်ရာ ဤကိစ္စသည်လည်း သေဒဏ်ထိုက်
သည့် ပြစ်မှုပင်ဖြစ်နေ၏။ မဟာသီဟသူရကြောင့် နိုင်ငံတော်၏ ထပ်မံ နစ်နာချက်ပင် ဖြစ်သည်။
တိုက်ဆိုင်စွာပင် ချက္ကရီသည်
သက်ဆင််ပြီးနောက် ယခု ထိုင်းတို့၏ ရာမ
မင်းဆက်၏ ပထမရာမ(Rama 1) အဖြစ် ဘုရင်
ဖြစ်လာခဲ့လေ၏။ သက်ဆင်သည် နောက်ပိုင်း၌
မိမိကိုယ်ကို နောင်ပွင့်မည့်ဘုရားဟု သတ်မှတ်
ပြီးနောက် တရားထိုင်၏။ ၎င်း၏သွေးများမှာ အနီ
ရောင်မှ အဖြူရောင်သို့ ပြောင်းလဲနေပြီဆို၏။
ရဟန်းများအား တရားပြခြင်း၊ ၎င်း၏ရုပ်တုအား
ဘုရားအဖြစ်ကိုးကွယ်စေခြင်းများ ပြုလုပ်လာ
လေသည်။ ဤသို့ဖြင့် ၎င်း၏ စစ်သူကြီး ချက္ကရီက
သက်ဆင်၏ လုပ်ရပ်များမှာ တိုင်းပြည်အတွက်
နစ်နာချက်များ ဖြစ်လာသည်ဟူပြီးနောက်
ဝိချိုင်းပရာဆစ် ခံတပ်တွင် သက်ဆင်အား ချက္ကရီက ခေါင်းဖြတ်သတ်ပြီးနောက် မိမိကိုယ်ကို
ဘုရင်အဖြစ် ကြောညာလိုက်သည်မှ စ၍
မဟာသီဟသူရ၏ မဟာချီးမွမ်းခန်းအတိုင်း သက်ဆင်၏ စစ်ဗိုလ်ချုပ် ချောက်ဗြချက္ကရီ/ချောဖ(ဖရာ့)ချက္ကရီ/စော်ဘွားချက္ကရီသည် ထိုင်းဘုရင် ရာမ ၁ ဖြစ်လာလေတော့သည်။
၎င်း ယခု ထိုင်းဘုရင် လောင်ကွန်း၏ ရာမ
မင်းဆက်၏ အစအဦးဖြစ်သော ၎င်း ချက္ကရီမှာ
မွန်လူမျိုးဖြစ်ပေရာ ယခု သီရိဒုံနှင့် လောင်ကွန်း
စသည့် ထိုင်းတော်ဝင်မျိုးရိုးမှာ မွန်မျိုးဟု ဆိုရမည်
ဖြစ်၏။
မဟာသီဟသူရသည် ဘန်ကောက်မှ တပ်နှုတ်၍
ပြန်ရာ၌ ယိုးဒယားနယ်တွင်း ကျွံဝင်သွားသော
ပျံချီ၏တပ်အား ပြန်လည်ဆွဲမထုတ်သည့်အပြင်
စနစ်တကျ ဆုတ်ခွါခြင်းလည်းမပြုဘဲ ၎င်း၏
တပ်သို့ လာရောက်ပေါင်းရသည့်တပ်များမှ တပ်ဗိုလ် အချို့အားလည်း နောက်ကျသည်ဟူ၍
သတ်ပစ်ပြန်သေး၏။ ပျံချီတို့မှာ မဟာသီဟသူရ
က ပြန်လည် ဆွဲမထုတ်သည့်အပြင် မစောင့်မနေ
အလျင်အမြန် ချီသည်ကြောင့် တပ်မသို့ မပေါင်း
နိုင်ဘဲ ယိုးဒယားတို့ နောက်မှလိုက်တိုက်သည်ကို
စနစ်တကျ ခုခံ၍ လာအိုအထိ သွားပြီးမှ ဇင်းမယ်သို့ ဝင်၍ အင်းဝရောက်အောင် အသက်လု ပြန်လာနိုင်
ခဲ့ရသည်ဖြစ်၏။ ထိုမှစ၍ ဇင်းမယ်ကို သက်ဆင်က
၎င်း၏ အပိုင်အဖြစ် သိမ်းပိုက်လေတော့သည်။
ဆင်ဖြူရှင်ဘုရင်မင်းမြတ်၏ မယားညီအစ်ကို၊
ခမည်းခမက်၊ ငစဥ့်ကူးမင်း၏ယောက္ခမ၊ လာဘ်လာ
ဘ ပေါရွှင်သည့် အသည်ဝန်ကြီး၊ တပ်ပေါင်းစု
စစ်သေနာပတိ စသည့် ဂုဏ်ပုဒ်များနှင့် ပြည့်လျှမ်း
နေသော မဟာသီဟသူရ၏ တိုင်းပြည်မျက်နှာ
မကြည့် မိမိအတ္တကိုသာရှေးရှုခဲ့သော လုပ်ရပ်များ
က မြန်မာတို့ ဇင်းမယ် လင်းဇင်း ဘန်ကောက်
စသည့် နယ်မြေများအား လက်လွှတ်ရသည်အထိ
အကျိုးဆက် ပြန့်ပွားသွားလေတော့၏။
မဟာသီဟသူရမှာ မှန်းချက်နှင့်နှမ်းထွက် မကိုက်
ခဲ့ပါချေ။ ၎င်း၏ သားမက် ဘုရင်ဖြစ်သည်၌ ၎င်းက
တိုင်းပြည်အား စိတ်ကြိုက်ချယ်လှယ်ခွင့်ရမည်
ထင်မှတ်သာ်လည်း ၎င်း၏ သားမက် ငစဥ့်ကူးမင်း
နှင့် ၎င်းတို့ မည်သည့်ကိစ္စမဆိုနိုင်သော ပြဿနာ
တက်ရာက အရာက အချခံရ၍ ဘုရင့်မိဖုရား
၎င်း၏သမီးအပါအဝင် မိသားစုနှင့်တကွ စစ်ကိုင်း
သို့ အပို့ခံရလေသည်။ ထို့နောက် ငစဥ့်ကူးမင်း
သည် အမျက်မပြေသဖြင့် ၎င်း၏မိဖုရား မဟာသီဟ
သူရ၏ သမီးအား စစ်ကိုင်းမှခေါ်ယူ၍ ရေချပြီး
သတ်ပစ်လိုက်လေသည်။ ဤသည်၌ ရာထူး
အာဏာနှင့်တကွ အရာအားလုံးကို မျှော်မှန်း
ထားသည့် မဟာသီဟသူရသည် မိမိ၏သမီး
ဘုရင့်မိဖုရား မရှိတော့သည်နောက် ငစဥ့်ကူး
မင်းအား စိတ်အနာကြီးနာလျက် အခါအခွင့်ကို
စောင့်နေလေတော့၏။
ငစဥ့်ကူးမင်းသည် တိုင်းရေးပြည်မှုမလုပ်ဘဲ
အရက်သေစာ အမြဲမူးရစ်နေသည်ဖြစ်ပြီး အရည်
အချင်းမရှိသည့် သူဖြစ်၏။
ငစဥ့်ကူးမင်း အညာသီဟတောသွားစဉ်
အလောင်းဘုရား၏သားတော်ကြီး၊ ဆင်ဖြူရှင်၏
အစ်ကို ဖြစ်သူ နောင်တော်ကြီးမင်း၏ သား
အငယ်ဆုံး ဘောင်းကားစား မောင်မောင်က
ထီူနန်းလုယူသည့် အရေးအခင်းမှာလည်း မိမိအား
အရာကချ၍ သမီးဖြစ်သူကို သတ်ပစ်သည့်
ငစဥ့်ကူးမင်းအား အငြိုးထားနေသည့် မဟာသီဟ
သူရ၏ စနက်ပင်ဖြစ်ဖွယ်ရှိပေသည်။
အဘယ့်ကြောင့်ဆိုသော် ထိုကိစ္စဖြစ်ပွားသည်၌
မဟာသီဟသူရသည် ဘောင်းကားစားဘက်မှ
ပါဝင်၍ ရေတပ်ကို ဦးစီးသည်ဖြစ်၏။
ထိုသို့ ထီးရေးနန်းရေးရှုပ်ထွေး၍ အာဏာလုချိန်
တွင် ဘုရင်ဟောင်းမှာလည်း ရှိသေး၍ ဘုရင်သစ်
သည်လည်းနန်းတွင်း၌။ မည်သူ့ကို မည်သူက သစ္စာ
ခံရမည်မှန်း မသိအောင်ပင် ရှုပ်ထွေးလျက် ရှိကြ၏။
ဘောင်းကားစားမောင်မောင်သည် ဘထွေးတော်
များဖြစ်သော အမြင့်မင်း ဗဒုံမင်း စသူတို့အား
ခေါ်ယူပင့်ဆောင်ထားသည်ဖြစ်ရာ ၎င်းဘက်က
အင်အားသာသည်ဖြစ်၍ နန်းတော်ပြင်ပရောက်ရှိ
နေသည့် ဘုရင်ငစဥ့်ကူးမင်းသည်လည်း အင်အား
စုရုံးပါသော်လည်း အလောင်းမင်းတရားကြီး၏
သားတော်များကိုယ်တိုင် အင်းဝသို့ရောက်ရှိနေ
သည်ဖြစ်ရာ ၎င်းဘက်မှ လူအများလည်း
အလောင်းမင်းတရားကြီး၏ သားတော်များရှိရာ
အင်းဝဘက်သို့ ယိမ်းပြန်လေသဖြင့် လူသူအင်အား
နည်းပါးသည်တွင် တရုတ်တို့ အကူအညီယူမည်ဟု
စီမံပြန်လေသည်။ ထိုအချိန်အထိ ဘထွေးတော်
များ၏ အားကိုယူထားသော ဘောင်းကားစား
သည် အခြေအနေကောင်းလျက်ရှိပေသည်။
ဘထွေးတော်များမှာ ထီးနန်းကို အလိုမရှိဟူ၍
အေးဆေးစွာ နေသည်ဖြစ်ရာ ၎င်းသည်သာ
မင်းအဖြစ် အရှည်အကြာ တည်တံ့မည့် သဘော
ဖြစ်လာနေ၏။ သို့သော် ဘောင်းကားစားနှင့်
ပါလာသူ သွေးသောက်တောသားများက
ဘောင်းကားစားအားကိုးဖြင့် ဘထွေးတော် များနှင့်
မှူးမတ်များ၏ ရွှေငွေရတနာများအား
အတင်းအဓမ္မယူခြင်း၊ ထီးနန်းနှင့်မလျော်
အကျင့်တန် ဆိုးရွားစွာ ပြူမူဆက်ဆံခြင်းများ
ပြုလုပ်ကြသည့်အခါ မှူးမတ်များနှင့် ဘထွေးတော်
များ တိုင်ပင်ညီညွတ်၍ ဗဒုံမင်း ဦးဆောင်ပြီး
အင်းဝထီးနန်းကို သိမ်းပိုက်လိုက်လေတော့သည်။
ဤသည်တွင် မဟာသီဟသူရမှာ ဗဒုံမင်းက
အရာပေးပါသော်လည်း စည်သာမင်းသားနှင့်
ပူးပေါင်းပြန်၍ ထီးနန်းရယူရန် ထပ်မံကြံစည်ပြန်
သည်တွင် ဗဒုံမင်းသည်လည်း စည်သာမင်းသား
နှင့်တကွ မဟာသီဟသူရနှင့် သား၅ယောက်ကိုပါ
ကွပ်မျက်ပစ်ပြီး ဆင်ဖြူရှင်လက်ထက်မှ စတင်
လာသည့် ထီးရေးနန်းရေး ရှုပ်ထွေးပွေလီမှုကို
အဆုံးသတ်လိုက်ရလေတော့၏။
အလောင်းမင်းတရားကြီး မင်းမဖြစ်မီ မုဆိုးပို
ရွာမှ လူထောင်ဂဏန်းမျှဖြင့် အသက်ကို အသက်
မမှတ် ရွပ်ရွပ်ချွံချွံကြိုးပမ်းဆောင်ရွက်ခဲ့ရပြီး
ဒုတိယသားတော် ဆင်ဖြူရှင်(ငယ်မည် မောင်ရွ)
လက်ထက် ခမ်းနားထည်ဝါလှသည့် ကုန်းဘောင်
အင်ပါယာကြီးကို တည်ဆောက်ခဲ့ပါသော်လည်း
တရုတ်-မြန်မာ ၄ကြိမ်မြောက်စစ်ပွဲမှစ၍ နန်းတွင်း
အရေး ရှုပ်ထွေးစေရန် ဖန်တီးလုပ်ဆောင်လာခဲ့
သော ဆင်ဖြူရှင်၏ မယားညီအစ်ကို ခမည်း
ခမက်၊ ငစဥ့်ကူးမင်း၏ ယောက္ခမ၊ အသည်
ဝန်ကြီး၊ မဟာသေနာပတိ မဟာသီဟသူရ၏
တိုင်းပြည်မျက်နှာ မကြည့် မိမိလုပ်ချင်ရာလုပ်၍
အာဏာရူးခဲ့သည့် လုပ်ရပ်များက မြန်မာတို့
ဇင်းမယ် လင်းဇင်း ဘန်ကောက် ကမ္ဘောဒီးယား လာအို စသော နယ်မြေများလက်လွှတ်ခဲ့ရသည်
အထိ ဆင့်ကဲဆင့်ကဲ ကစဥ့်ကလျားများ ဖြစ်ပွား
ခဲ့သည်မှာ ဗဒုံမင်း လက်ထက်ရောက်သည်တွင်မှ
ပြန်လည်တည်ငြိမ်လာရလေတော့သည်။
အကယ်၍ ဆင်ဖြူရှင်သည်သာ ကျန်းမာရေး
မဆိုးရွား နန်းသက်ရှည်ခဲ့ပါမူ ထိုထို အဖြစ်အပျက်
များ ဖြစ်ခဲ့စေဦး နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့မည်မှာ
အသေအချာပင်ဖြစ်ပေသည်။ သို့သော် တိုင်းပြည်
၏ ကံကြမ္မာသည်ကား ဆင်ဖြူရှင်ကို မျက်နှာသာ
မပေးခဲ့ဘဲ မဟာသီဟသူရကိုသာ အချိန်ကာလ
တစ်ခုအနေအထားဖြင့် မျက်နှာသာပေးခဲ့သည်
ဖြစ်ရာ ၎င်း၏ ပွေလိမ်ရှုပ်ထွေးမှုများက ထိုအချိန်
အတိုင်းအတာကာလကလေးအတွင်းမှာပင်
နိုင်ငံတော်၏ နစ်နာချက်များအဖြစ် ရောက်ရှိသွား
ခဲ့သည် ဖြစ်ပေတော့သည်။ သစ္စာမဲ့သော
မွန်လူမျိုး ချက္ကရီသည် တိုင်းပြည် နစ်နာမည်ဟူ၍
မိမိ၏အရှင်သခင် သက်ဆင်ကို ခေါင်းဖြတ်သတ်
ပြီး ယခု ထိုင်းမင်းဆက်ဖြစ်သော ရာမမင်းဆက်ကို
သစ္စာမဲ့မှု ရက်စက်မှုဖြင့် တည်ထောင်ခဲ့ပေသည်။
မြန်မာတို့သည်ကား သစ္စာတရားကို တန်ဖိုးထား
၍ ရှေ့ရေးနောက်ရေး ထောက်ထား မြှော်တင်း
သည်ကြောင့် မဟာသီဟသူရ၏ ဇာတ်လမ်း
ရှည်ကြာနေခြင်း ဖြစ်၏။
အကယ်၍သာ ဆင်ဖြူရှင်သည် မည်သည်ကိုမျှ
မထောက်မထားမူဘဲ တရုတ်နှင့်စစ်ပြေငြိမ်းခဲ့သော
မဟာသီဟသူရအား ကွပ်မျက်ပစ်ခဲ့မည်ဆိုပါက
ထိုထိုသော နိုင်ငံတော်၏ နစ်နာချက်များ
ပေါ်ပေါက်လာရန် ခဲယဉ်းသည် ဖြစ်၏။
မဟာသီဟသူရသည် နိုင်ငံတော်နစ်နာချက်များ
အဖြစ် ကိုယ့်သဘောနှင့်ကိုယ် တရုတ်မြန်မာစစ်
ပြေငြိမ်းခြင်း၊ ဘန်ကောက်မင်းဆက်အား
အပြုတ်တိုက်ဖြတ်ရန် ဖြစ်နိုင်ပါလျက် အဓွန့်
ရှည်အောင် ခွင့်ပြု၍ နယ်မြေများ ဆုံးရှုံးခဲ့စေခြင်း၊
နန်းတွင်းရေးများ ရှုပ်ထွေးစေအာင်ပြုလုပ်ခဲ့ခြင်း
စသည်တို့ကို အတ္တကြီးစွာ လုပ်ဆောင်ခဲ့၏။
ဆင်ဖြူရှင်နှင့် မယားညီအစ်ကို ခမည်းခမက်
ယူ၍ အခွင့်အာဏာရှိအောင် စနစ်တကျ ပြု
လုပ်ခဲ့ပြီး၊ သားမက် ငစဥ့်ကူးမင်းက ၎င်းအား
အရာချ၍ ၎င်း၏သမီးအား သတ်ဖြတ်ပစ်ခဲ့သော
အခါ ငစဥ့်ကူးမင်းကို အငြိုးထားပြန်၍ ဘောင်းကား
စားအား မြှောက်ပင့်ပေးပြီး ထီးနန်းလူယူရန်
လုပ်ဆောင်ပြန်၍ ဗဒုံမင်းက အရာပေးပြန်သည်ကို
စည်သာမင်းသားနှင့်ပေါင်း၍ ထီးနန်းလုပ်ကြံပြန်
သည်တို့မှာ ဆိုးရွားလွန်းသည့် လုပ်ဆောင်ချက်
များပင် ဖြစ်ပေသည်။
မည်သို့ပင် ဆိုစေကာမူ ဖြစ်ခဲ့သမျှအရာတိုင်းသည်
သင်ခန်းစာယူရန်နှင့် တိုင်းပြည်၏ ကံကြမ္မာသာ
ဖြစ်ပေသည်ဟု ယူမှတ်ရန်သာ ဖြစ်ပေတော့၏။
ဤသို့ဖြင့် အလောင်းမင်းတရားကြီး စတင်
ထူထောင်ခဲ့သော ကုန်းဘောင်အင်ပါယာ မြန်မာ
နိုင်ငံတော်၏ နေထွက်ချိန်မှသည် နေမွန်းမတည့်မီ
အချိန်အထိ ကာလမှာ နိုင်ငံတော်မပြိုကွဲသွား
သော်လည်း နယ်မြေအချို့ဆုံးရှုံးလက်လွှတ်
လိုက်ရခြင်းဖြင့် နေဝင်ချိန်ကို အစပြုရန် တာစူ
နေတော့သည် ဖြစ်ပေတော့သည်ပင်
မဟုတ်ပါလား။
(ခေတ္တနားပါဦးမည်)
……………………………………………………။
ပုံစာ -
မကြာမီနေဝင်တော့မည့် ကုန်းဘောင်
အင်ပါယာ၏ အထွတ်အထိပ်
အောင်မြေချက်ချာ
ဘိုးတော်ဘုရား ဗဒုံမင်း၏
အင်းဝ ရွှေနန်း။

No comments:
Post a Comment