Tuesday, September 24, 2019

"ပုဂံက mural art ေတြ"
………………………………………………။

(painting လို့မသံုးဘဲ art လို့
သံုးတာက လက္ရာေတြဟာ ေကာင္းျခင္း သင့္တင့္ျခင္း မေကာင္းျခင္း စသျဖင့္ ရွိၾကေပမယ့္
ခံစားသက္ဝင္မႈ (inspire)အားေကာင္းေၾကာင္းကို
ၾကည့္ရႈခံစားရသူရင္ထဲ ေရာက္ရွိျခင္းျဖင့္ သက္ေသ
ျပေနတာေၾကာင့္ ေဆးေရး(painting) အဆင့္
မဟုတ္မူဘဲ (art) အႏုပညာဆိုတဲ႔ ရသခံစားမႈ
အဆင့္ ရွိေနလို့ art လို့ သံုးတာျဖစ္ပါတယ္)
ကို ဖန္တီးၾကတဲ႔အခါ ဘုရားတစ္ဆူအတြက္
လေပါင္းမ်ားစြာခ်ီျပီး ေရးဆြဲၾကရလိမ့္မယ္လို့
ထင္ျမင္စရာပါ။ အသင့္ေရးဆြဲျပီးသား ေဆးေရး
ပန္းခ်ီကားကို ခ်ိတ္ဆြဲတာမဟုတ္ဘဲ အတြင္းပိုင္း
က႑အားလံုး ျပီးစီးအေခ်ာသတ္ျပီးမွ တန္ဆာဆင္
ရတာျဖစ္တာေၾကာင့္ တည္ေဆာက္ေရး လုပ္ငန္း
ျပီးစီးျပီးမွသာလ်ွင္ ဒီ mural painting လုပ္ငန္းစဥ္
ကို လုပ္လို့ရႏိုင္တာပါ။
mural painting ေရးရတာ မလြယ္ပါဘူး။
လိုဏ္အတြင္းက မ်က္ႏွာျပင္ေတြ ေထာင့္ခ်ိဳးေတြ
အခံုး အေကြးေတြ စသျဖင့္ မတူညီတဲ႔ ပံုသ႑ာန္
မ်ိဳးစံုရဲ႕ အေနအထားေပၚၾကည့္ျပီး အရင္ဆံုး
ဘယ္ေနရာမွာ ဘာေရးမယ္၊ ဘယ္လိုေရးမယ္၊
ဘာအေၾကာင္းအရာ စသျဖင့္ စိတ္ကူးနဲ႔ အရင္ဆံုး
ဖန္တီးျပီးမွ ဒီဇိုင္းထုတ္ရဦးမွာပါ။
ဒီအလုပ္ကို လုပ္ငန္း သေဘာတရားက်ြမ္းက်င္
ေနတဲ႔ ဒီလုပ္ငန္းနဲ႔ အသက္ေမြးေနတဲ႔ Artist က
လုပ္ေဆာင္ျပီးမွ တပည့္လက္သား လူငွားေတြကို
ပံုစံခ်ေပးျပီး (outline) ေကာက္ေၾကာင္းခ်ျခင္း၊ဘယ္ေနရာမွာ ဘယ္ေဆးတင္ဆိုတဲ႔ အေရာင္
သြင္းျခင္း(colour work) ကို ညႊန္ၾကားရမွာပါ။
လိုဏ္ အတြင္းက မတူညီတဲ႔ မ်က္ႏွာျပင္မ်ိဳးစံု
(kinds of surface) medium ေပၚမွာ မိမိဒီဇိုင္းကို ဘယ္လို ေနရာခ်မယ္ဆိုတဲ႔ ခင္းက်င္းတင္ဆက္မႈ (display and layout) creativity sence ကလည္း သာမန္အေနအထားနဲ႔ မရႏိုင္ဘူးဆိုတာ ပုဂံက mural art ေတြကိုၾကည့္ရင္ သိႏိုင္ပါတယ္။
အဲဒီ mural art ေတြ ဖန္တီးဖို့ ပုဂံက ပန္းခ်ီ အႏု
ပညာရွင္ (artist)ေတြ ဘယ္ေလာက္ အခ်ိန္
ယူခဲ႔ရပါလဲ။ လူအင္အား ဘယ္ေလာက္ သံုးစြဲျပီး
ဖန္တီးခဲ႔ၾကပါသလဲ။
အမတ္ ဉာဏပစၥည္းေက်ာက္စာမွာ-
ေဆးေရးပညာရွင္ လူေပါင္း ၁၄၅၁၉(၁ေသာင္း
၄ေထာင္ ၅ရာ ၁ဆယ့္ ၉ ေယာက္နဲ႔) ဂူဘုရားရဲ႕
mural art ကို ၾကာခ်ိန္ ၄ ရက္တာမ်ွနဲ႔ အျပီး
ဖန္တီးခဲ႔တယ္လို့ ေရးထိုးထားခဲ႔ပါတယ္။
ဘယ္ေလာက္မ်ား စနစ္တက်ရွိလိုက္မွာပါလဲ။
အဲဒီ လူေပါင္း ၁၄၅၁၉ ေယာက္ကို အသီးသီး
ကိုယ့္တာဝန္ကိုယ္ ခြဲေဝယူေစျပီး လုပ္ေဆာင္
ဖန္တီးေစလိုက္တာပါ။ ဒီလို လုပ္ႏိုင္ဖို့ ဆိုတာက
လုပ္ငန္းႀကီးၾကပ္တဲ႔ artist က အရင္ဆံုး တိက်
ေသခ်ာ ျပီးျပည့္စံုတဲ႔ design တစ္ခုကို အဆင္တသင့္ ထုတ္ထားျပီးမွသာ ျဖစ္ႏိုင္တာပါ။
ဒါမွသာ ဘယ္သူက ဘယ္ေနရာဘာလုပ္ ဆိုတာ
မ်ိဳး တာဝန္ခြဲေဝေပးႏိုင္မွာျဖစ္ပါတယ္။
ဒီလုပ္ငန္းစဥ္မွာတင္ လူအင္အား ဒီေလာက္သံုးျပီး
စနစ္တက် အလုပ္လုပ္ေနရင္ အျခား လုပ္ငန္းစဥ္
ေတြမွာလည္း သံုးတဲ႔ လူအင္အားဟာ နည္းမွာ
မဟုတ္ေၾကာင္း သိႏိုင္ပါတယ္။
ဘုရားတည္ျခင္း အလုပ္နဲ႔တင္ လူေပါင္းမ်ားစြာကို
အလုပ္အကိုင္ေတြ မ်ားစြာ ဖန္တီး ေပးထားႏိုင္ပါ
တယ္။ ဒါဟာ ပုဂံမင္းေနျပည္ေတာ္မွာ အလုပ္
အကိုင္ အခြင့္အလမ္းေတြ မ်ားျပားစြာရွိေၾကာင္း
သက္ေသအေထာက္အထား တစ္ခုပါပဲ။
က်န္တဲ႔ သာသနာေရးနဲ႔မဆိုင္တဲ႔ လုပ္ငန္းေတြ
မပါေသးပါဘူး။
ဒီအေထာက္အထားေတြအရ ပုဂံေခတ္က
အခေၾကးေငြယူျပီး ေကာင္းမႈရွင္ စိတ္တိုင္းက်
ဘုရားတည္တဲ႔ လုပ္ငန္းရွင္ေတြ(ကုမၸဏီေတြ၊
ကန္ထရိုက္ေတြ၊ ဆပ္ကန္ထရိုပ္ေတြ) အမ်ား
အျပားရွိမွာ အေသအခ်ာပါပဲ။
သူတို့ဟာ အလြန္ခမ္းနားႀကီးမားျပီး လူဦးေရ
ထူထပ္လွတဲ႔ မင္းေနျပည္ေတာ္ႀကီးမွာ ေဆာက္
လုပ္ေရး လုပ္ငန္းမ်ိဳးစံုကို လုပ္ကိုင္ေဆာင္ရြက္ျပီး
သူတို့ရဲ႕ ခမ္းနားလွတဲ႔ လက္ရာေတြနဲ႔ ျမန္မာ
ႏိုင္ငံေတာ္ မဟာပုဂံအင္ပါယာရဲ႕ မင္းေနျပည္ေတာ္
ႀကီးကို တင့္တယ္ေစေနမွာ အေသအခ်ာပါ။
အမတ္ဉာဏပစၥည္းဟာ ကူပုထိုးျပီးတဲ႔အခါ
အျခားေသာ ပညာရွင္မ်ားကဲ႔သို့ mural art
ဖန္တီးတဲ႔ artist  (ဦးေဆာင္သူ) ပန္းခ်ီသမား
စိတၱရာပစၥည္းကို ဆင္ဟိုင္း ၁စီး၊ ျမင္း ၁စီး၊
ခါးစည္း ၂စံု။ ဂူေလးမ်က္ႏွာ ေဆးေရးၾကရာမွာ
တစ္မ်က္ႏွာစီကို ဦးစီးႀကီးၾကပ္ရတဲ႔ supervisor
၄ေယာက္ကိုလည္း တစ္ဦးလ်ွင္ ျမင္း ၁စီးစီ
ခ်ီးျမွင့္ ေပးလိုက္ပါတယ္။
ဒါက က်ြႏ္ုပ္တို့ ဘိုးေဘးေတြ က်ြႏ္ုပ္တို့ သိေစဖို့ရာ
ခ်န္ထားရစ္ခဲ႔တဲ႔ မဟာပုဂံကာလရဲ႕ ခမ္းနားထည္
ဝါမႈေတြထဲက တစ္စိတ္တစ္ေဒသကို အမတ္
ဉာဏပစၥည္း ေက်ာက္စာထဲမွာ တစ္စြန္းတစ္စ
ေရးထိုးေဖာ္ျပခဲ႔သမွ်ျဖစ္ပါတယ္။
…………………………………………………………။
ပံု-
ဦးျငိမ္းေမာင္ ဖတ္ခ်က္။

…………………………………………………………

"ပုဂံက mural art တွေ"
………………………………………………။
(painting လို့မသုံးဘဲ art လို့
သုံးတာက လက်ရာတွေဟာ ကောင်းခြင်း သင့်တင့်ခြင်း မကောင်းခြင်း စသဖြင့် ရှိကြပေမယ့်
ခံစားသက်ဝင်မှု (inspire)အားကောင်းကြောင်းကို
ကြည့်ရှုခံစားရသူရင်ထဲ ရောက်ရှိခြင်းဖြင့် သက်သေ
ပြနေတာကြောင့် ဆေးရေး(painting) အဆင့်
မဟုတ်မူဘဲ (art) အနုပညာဆိုတဲ့ ရသခံစားမှု
အဆင့် ရှိနေလို့ art လို့ သုံးတာဖြစ်ပါတယ်)
ကို ဖန်တီးကြတဲ့အခါ ဘုရားတစ်ဆူအတွက်
လပေါင်းများစွာချီပြီး ရေးဆွဲကြရလိမ့်မယ်လို့
ထင်မြင်စရာပါ။ အသင့်ရေးဆွဲပြီးသား ဆေးရေး
ပန်းချီကားကို ချိတ်ဆွဲတာမဟုတ်ဘဲ အတွင်းပိုင်း
ကဏ္ဍအားလုံး ပြီးစီးအချောသတ်ပြီးမှ တန်ဆာဆင်
ရတာဖြစ်တာကြောင့် တည်ဆောက်ရေး လုပ်ငန်း
ပြီးစီးပြီးမှသာလျှင် ဒီ mural painting လုပ်ငန်းစဉ်
ကို လုပ်လို့ရနိုင်တာပါ။
mural painting ရေးရတာ မလွယ်ပါဘူး။
လိုဏ်အတွင်းက မျက်နှာပြင်တွေ ထောင့်ချိုးတွေ
အခုံး အကွေးတွေ စသဖြင့် မတူညီတဲ့ ပုံသဏ္ဍာန်
မျိုးစုံရဲ့ အနေအထားပေါ်ကြည့်ပြီး အရင်ဆုံး
ဘယ်နေရာမှာ ဘာရေးမယ်၊ ဘယ်လိုရေးမယ်၊
ဘာအကြောင်းအရာ စသဖြင့် စိတ်ကူးနဲ့ အရင်ဆုံး
ဖန်တီးပြီးမှ ဒီဇိုင်းထုတ်ရဦးမှာပါ။
ဒီအလုပ်ကို လုပ်ငန်း သဘောတရားကျွမ်းကျင်
နေတဲ့ ဒီလုပ်ငန်းနဲ့ အသက်မွေးနေတဲ့ Artist က
လုပ်ဆောင်ပြီးမှ တပည့်လက်သား လူငှားတွေကို
ပုံစံချပေးပြီး (outline) ကောက်ကြောင်းချခြင်း၊ဘယ်နေရာမှာ ဘယ်ဆေးတင်ဆိုတဲ့ အရောင်
သွင်းခြင်း(colour work) ကို ညွှန်ကြားရမှာပါ။
လိုဏ် အတွင်းက မတူညီတဲ့ မျက်နှာပြင်မျိုးစုံ
(kinds of surface) medium ပေါ်မှာ မိမိဒီဇိုင်းကို ဘယ်လို နေရာချမယ်ဆိုတဲ့ ခင်းကျင်းတင်ဆက်မှု (display and layout) creativity sence ကလည်း သာမန်အနေအထားနဲ့ မရနိုင်ဘူးဆိုတာ ပုဂံက mural art တွေကိုကြည့်ရင် သိနိုင်ပါတယ်။
အဲဒီ mural art တွေ ဖန်တီးဖို့ ပုဂံက ပန်းချီ အနု
ပညာရှင် (artist)တွေ ဘယ်လောက် အချိန်
ယူခဲ့ရပါလဲ။ လူအင်အား ဘယ်လောက် သုံးစွဲပြီး
ဖန်တီးခဲ့ကြပါသလဲ။
အမတ် ဉာဏပစ္စည်းကျောက်စာမှာ-
ဆေးရေးပညာရှင် လူပေါင်း ၁၄၅၁၉(၁သောင်း
၄ထောင် ၅ရာ ၁ဆယ့် ၉ ယောက်နဲ့) ဂူဘုရားရဲ့
mural art ကို ကြာချိန် ၄ ရက်တာမျှနဲ့ အပြီး
ဖန်တီးခဲ့တယ်လို့ ရေးထိုးထားခဲ့ပါတယ်။
ဘယ်လောက်များ စနစ်တကျရှိလိုက်မှာပါလဲ။
အဲဒီ လူပေါင်း ၁၄၅၁၉ ယောက်ကို အသီးသီး
ကိုယ့်တာဝန်ကိုယ် ခွဲဝေယူစေပြီး လုပ်ဆောင်
ဖန်တီးစေလိုက်တာပါ။ ဒီလို လုပ်နိုင်ဖို့ ဆိုတာက
လုပ်ငန်းကြီးကြပ်တဲ့ artist က အရင်ဆုံး တိကျ
သေချာ ပြီးပြည့်စုံတဲ့ design တစ်ခုကို အဆင်တသင့် ထုတ်ထားပြီးမှသာ ဖြစ်နိုင်တာပါ။
ဒါမှသာ ဘယ်သူက ဘယ်နေရာဘာလုပ် ဆိုတာ
မျိုး တာဝန်ခွဲဝေပေးနိုင်မှာဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်မှာတင် လူအင်အား ဒီလောက်သုံးပြီး
စနစ်တကျ အလုပ်လုပ်နေရင် အခြား လုပ်ငန်းစဉ်
တွေမှာလည်း သုံးတဲ့ လူအင်အားဟာ နည်းမှာ
မဟုတ်ကြောင်း သိနိုင်ပါတယ်။
ဘုရားတည်ခြင်း အလုပ်နဲ့တင် လူပေါင်းများစွာကို
အလုပ်အကိုင်တွေ များစွာ ဖန်တီး ပေးထားနိုင်ပါ
တယ်။ ဒါဟာ ပုဂံမင်းနေပြည်တော်မှာ အလုပ်
အကိုင် အခွင့်အလမ်းတွေ များပြားစွာရှိကြောင်း
သက်သေအထောက်အထား တစ်ခုပါပဲ။
ကျန်တဲ့ သာသနာရေးနဲ့မဆိုင်တဲ့ လုပ်ငန်းတွေ
မပါသေးပါဘူး။
ဒီအထောက်အထားတွေအရ ပုဂံခေတ်က
အခကြေးငွေယူပြီး ကောင်းမှုရှင် စိတ်တိုင်းကျ
ဘုရားတည်တဲ့ လုပ်ငန်းရှင်တွေ(ကုမ္ပဏီတွေ၊
ကန်ထရိုက်တွေ၊ ဆပ်ကန်ထရိုပ်တွေ) အများ
အပြားရှိမှာ အသေအချာပါပဲ။
သူတို့ဟာ အလွန်ခမ်းနားကြီးမားပြီး လူဦးရေ
ထူထပ်လှတဲ့ မင်းနေပြည်တော်ကြီးမှာ ဆောက်
လုပ်ရေး လုပ်ငန်းမျိုးစုံကို လုပ်ကိုင်ဆောင်ရွက်ပြီး
သူတို့ရဲ့ ခမ်းနားလှတဲ့ လက်ရာတွေနဲ့ မြန်မာ
နိုင်ငံတော် မဟာပုဂံအင်ပါယာရဲ့ မင်းနေပြည်တော်
ကြီးကို တင့်တယ်စေနေမှာ အသေအချာပါ။
အမတ်ဉာဏပစ္စည်းဟာ ကူပုထိုးပြီးတဲ့အခါ
အခြားသော ပညာရှင်များကဲ့သို့ mural art
ဖန်တီးတဲ့ artist  (ဦးဆောင်သူ) ပန်းချီသမား
စိတ္တရာပစ္စည်းကို ဆင်ဟိုင်း ၁စီး၊ မြင်း ၁စီး၊
ခါးစည်း ၂စုံ။ ဂူလေးမျက်နှာ ဆေးရေးကြရာမှာ
တစ်မျက်နှာစီကို ဦးစီးကြီးကြပ်ရတဲ့ supervisor
၄ယောက်ကိုလည်း တစ်ဦးလျှင် မြင်း ၁စီးစီ
ချီးမြှင့် ပေးလိုက်ပါတယ်။
ဒါက ကျွန်ုပ်တို့ ဘိုးဘေးတွေ ကျွန်ုပ်တို့ သိစေဖို့ရာ
ချန်ထားရစ်ခဲ့တဲ့ မဟာပုဂံကာလရဲ့ ခမ်းနားထည်
ဝါမှုတွေထဲက တစ်စိတ်တစ်ဒေသကို အမတ်
ဉာဏပစ္စည်း ကျောက်စာထဲမှာ တစ်စွန်းတစ်စ
ရေးထိုးဖော်ပြခဲ့သမျှဖြစ်ပါတယ်။
…………………………………………………………။
ပုံ-
ဦးငြိမ်းမောင် ဖတ်ချက်။

No comments:

Post a Comment