Tuesday, September 24, 2019

"အေရအတြက္အားျဖင့္"
………………………………………………………။

သိန္းခ်ီျပီးရွိႏိုင္ခဲ႔ေပမယ့္ အေၾကာင္းမ်ိဳးစံုနဲ႔
ပ်က္စီးျခင္း၊ ဖ်က္ဆီးခံရျခင္း၊ ေဖ်ာက္ဖ်က္ခံရ
ျခင္းတို့ေၾကာင့္၊ ရွိႏိုင္ခဲ႔တဲ႔ ေက်ာက္စာေတြရဲ႕ အပံု ၁ေသာင္းပံု ၁ ေလာက္သာရွိတဲ႔၊ က်ြႏ္ုပ္တို့ ယေန့ ေတြ႔ျမင္ ဖတ္ရႈခြင့္ရတဲ႔၊ က်န္ရစ္မ်ွကေလးသာ ျဖစ္တဲ႔၊ စတုတၳ ပုဂံေခတ္ထိုး ေက်ာက္စာေတြမွာ ပါရွိတဲ႔ ေဝါဟာရေတြနဲ႔ ပတ္သက္ျပီး ေနာက္ေရး
ေတြ (သိပ္မၾကာခင္က ေရးတာေတြ) မွာ မွားယြင္း
ေနတာေတြ အခ်ိဳ႕ ရွိတယ္။
ဥပမာ - "ေထြးေတာ္ခ်" ဆိုတဲ႔ ေဝါဟာရကို
"ေထြးခံ" လို့ ဆိုတာမ်ိဳး။
အမွန္တကယ္ေတာ့ "ေထြးေတာ္ခ်" ဆိုတာ
"အမိန့္ေတာ္ခ်" "အမိန့္ေတာ္မွတ္" တယ္လို့
ဆိုလိုတာျဖစ္တယ္။ (အဲဒါနဲ႔ ပတ္သက္လို့
ေရွ႕မွာ ေရးခဲ႔ၿပီးျပီျဖစ္လို့ အက်ယ္မေရးေတာ့ပါ)
ေက်ာက္စာေတြရဲ႕ အလွဴစာရင္း ပစၥည္းအခ်ိဳ႕မွာ
"ျပတိုဝ္" ဆိုတာပါတယ္။
အဲဒီ "ျပတို့ဝ္=ျပတို့" ဆိုတာကမွ "ေထြးခံ" ကို
ေခၚတာ။ "ျပတိုဝ္" ဘယ္ႏွခု စသျဖင့္ လွဴဖြယ္ဝတၳဳ
စာရင္းမွာ ေတြ႔ႏိုင္တာပဲ။
ဒါ့အျပင္ တလက္စတည္း ေျပာရရင္ -
"တန္ေဆာင္" ဆိုတဲ႔ လွဴဖြယ္ပစၥည္းဟာ
ဘယ္လိုအရာမ်ိဳးလဲဆိုတာ ေပါရာဏကထာ
ေတြကို မဖတ္ထားရင္ မသိႏိုင္ဘူး။ ဘုရားက
"တန္ေဆာင္း" လို မ်ားလား လို့ထင္စရာပဲ။
တန္ေဆာင္းဆိုရင္ေတာ့ လွဴဖြယ္ဝတၳဳထဲ
မထည့္ဘဲ  အေဆာက္အအံုထဲ ထည့္မွာပါ။
"တန္ေဆာင္" ဆိုတာ ဆီမီး ထြန္းညွိပူေဇာ္ဖို့
ျပဳလုပ္ထားတဲ႔ အမိုးျပႆဒ္နဲ႔ အေဆာင္ငယ္
ေလးကို ဆိုတာ။ ဒါေၾကာင့္လည္း ျမန္မာစကား
မွာ ဆီးမီးတန္ေဆာင္ရယ္လို့ ရွိတာျဖစ္တယ္။
ေနာက္တခါ "ကြန္ေျပာက္ႀကီး" ဆိုတဲ႔ အသံုးကို
ေက်ာက္စာေတြမွာ ေတြ႔ရမွာ ျဖစ္တယ္။
အဲဒီ "ကြန္းေျပာက္ႀကီး"(ေခတ္အသံုးအရ (း) ထည့္
လိုက္သည္) ဆိုတာ နန္းေတာ္ကို ေခၚတာပဲ
ျဖစ္တယ္။ ဥပမာ - ကြန္းေျပာက္ႀကီး ထြက္ေတာ္
မူေသာအခါ ဆိုတာ နန္းေတာ္ညီလာခံကို ဘုရင္
မင္းျမတ္ ထြက္ေတာ္မူတာကို ေခၚတာ။
"ကြန္းေျပာက္ငယ္" "ကြန္းေျပာက္" ဆိုတာက
ဘုရင့္ စံအိမ္ေတာ္ကို ေခၚတယ္။
နန္းတက္တယ္ ဆိုရင္ေတာ့ "ေရႊေတာင္တက္"
တယ္လို့ သံုးတယ္။
"ေရႊေမွာက္" ဆိုတာက "မင္း" လို့ ဆိုတယ္။
ပုဂံရာဇဝင္မယ္ "ေရႊေမွာက္မင္း" ဆိုတာပါတယ္။
"ျခီ" ="ေခ်"ဆိုတာက "ေခ်ေခ်ငံငံ" ရွိတယ္လို့
ဆိုတာ။ ပရိမၼထီးလိႈင္ရွင္ ဘုရားေက်ာက္စာမွာ
ျခီထေသာ=ေခ်ထေသာ ဆိုတာ "ေခ်ေခ်ငံငံ
ရွိထေသာ" တလိုင္းအမတ္လို့ ဆိုတာ။
မေခ်ငံရင္ အသတ္ခံရတဲ႔အထဲ ပါသြားျပီပဲ။
"စိေစၥး" ဆိုတာက "စစ္ေဆး" ကို ေျပာတာ။
ရေသ့ရဟန္းမွန္သမ်ွကို ျခံဳငံုျပီး "အရည္း" ပဲ
ဆိုတယ္။ ေထရဝါဒ ျဖစ္ျဖစ္ မဟာယာန ျဖစ္ျဖစ္။
"စာနာ" ဆိုရင္ အခုေခတ္မွာ စာနာသနား တာတို့
ဘာတို့ ကိုယ္ခ်င္းစာတဲ႔ သေဘာသံုးေပမယ့္
အဲဒီကာလတုန္းက "စာနာ" ဆိုတာ "ေတြးဆ
ဆင္ျခင္" တယ္လို့ ဆိုတယ္။ ျမင္စိုင္းကို တရုပ္
စစ္ေရာက္ေတာ့ တေဘာင္ရွာတာမွာ ၾကြမ္း အမႈ
ထမ္းေတြ ကာ ကရင္း ဆိုတဲ႔ ကာခ်င္းက
"ဝရေရာ တိတ္ေတြး"စာနာ" လို့ ဆိုတာမွာ
ဝါရီရူးလက္ထက္ အျဖစ္အပ်က္ကို "ေတြးဆ
ဆင္ျခင္" ပါလို့ ဆိုတယ္။
"စိန္းလိန္းတင္လင္" ဆိုတာက "မ်က္ေမွာက္
မ်က္ျမင္" လို႔ဆိုတယ္။ ရွင္ဘုရင္ကို အခြင့္မရဘဲ
"စိမ္းလိန္းတင္လင္" ၾကည့္လို့မရဘူး။
"စူဖာ" ဆိုတာကို ျပဳျပင္တယ္လို့ ေနာက္လူေတြ
ေရးၾကေပမယ့္ ေရွးအသံုးက "စုေဆာင္း" တာကို
ေျပာတယ္။ မျဖုန္းတီးဘူး။ အေဟာသိကံ လုပ္မပစ္ဘူးေပါ့။ေက်ာက္စာေတြက
"စူဖာရစ္ပါေသာ" ဆိုတာ သူလွဴခဲ႔တာေတြကို ျဖဳန္းတီးမပစ္ဘဲ တိုးပြားေအာင္ စုေဆာင္းရစ္
ပါေသာ လို့ ဆိုတာ။
"တန္စြက္" ဆိုတာ "ဝန္"။ တန္စြက္လယ္ လို့ဆိုရင္
စားဖို့စိုက္တဲ႔လယ္မဟုတ္ဘူး။ ေရာင္းဖို့စိုက္တဲ႔
လယ္လို့ မွတ္ရတယ္။ "တြန့္တို" ဆိုတာ "ေနာက္
ဆုတ္တယ္"လို့ ဆိုတယ္။ ႏွေျမာတြန့္တို တယ္
ဆိုေတာ့ ေပးမယ့္လက္ကို ႏွေျမာျပီး ေနာက္
ဆုတ္လုိက္တာပဲ။ "ေျမာင္းေျမ" ဆိုတာ "တာဝန္"။
"ေျမာင္းေျမျမဲ" တယ္ဆိုရင္ "တာဝန္ေက်တယ္"
လို့ သိရမယ္။ "အာမသာ" ဆိုတာ "မေကာင္းတဲ႔
ႏႈတ္ထြက္စကား။ ရုန့္ရင္းၾကမ္းတမ္းတဲ႔ စကား"။
"အာ" က "မသာ" ဘူးေပါ့။
"ရွက္" တယ္ဆိုတာကို "ရွိန္း" တယ္။ ရွမ္းကယား
ဘက္မွာ ခုထိသံုးတုန္းပဲ။ "ဝမ္းပ်က္" တယ္ဆိုတာ
"ႏွလံုးမႏွစ္သက္" တဲ႔။ ေအာ္ဂလီဆန္တယ္ ဆိုတဲ႔
သေဘာပဲ။ "သံု့ေသး" ဆိုရန္ စိတ္ထဲ စစ္သံု့ပမ္း
ထင္တာ။ မဟုတ္ဘူး။ "တမန္" တမန္သံု့ေသး"။
"ဓဝယ္ညွင္း" ဆိုတာ ထားဝယ္က ကူးလာတဲ႔
ညွင္း(အေရျပားေရာဂါ) မဟုတ္ဘူး။ "အမိုးအုတ္ၾကြပ္" ကို ေျပာတာ။
အစေထာ္ေလာ္ ဆိုတာ "အစမေသ" လို့ဆိုတယ္။
ေနာင္ အစေထာ္ေလာ္ မရွိရေအာင္ သူပုန္သကန္
တို့ကို ႏွိမ္နင္းရတယ္ ဆိုတာမ်ိဳး။
ေက်ာက္စာေတြ ေရွးစာေတြ ဖတ္တယ္ဆိုတာက
အဲဒီ ေပါရာဏေတြကို သိထားမွ ေရလည္မွာ
ျဖစ္တယ္။
ႏို့မဟုတ္ ထင္ရာေတြ ေပါက္ပန္းေစ်းေတြးျပီး
ပရမ္းပတာေတြ ေရးကုန္ေတာ့မွာ။
………………………………………………………။
ပံုစာ -
သူေဌးမုခ္ဂူဘုရား ေက်ာက္စာ လွဴဖြယ္ပစၥည္း
စာရင္းထဲက ေၾကးျပတို့ ၂ = ေၾကးေထြးခံ ၂။
(image by ဦးျငိမ္းေမာင္ ဖတ္ခ်က္)

……………………………………………………

"အရေအတွက်အားဖြင့်"
………………………………………………………။
သိန်းချီပြီးရှိနိုင်ခဲ့ပေမယ့် အကြောင်းမျိုးစုံနဲ့
ပျက်စီးခြင်း၊ ဖျက်ဆီးခံရခြင်း၊ ဖျောက်ဖျက်ခံရ
ခြင်းတို့ကြောင့်၊ ရှိနိုင်ခဲ့တဲ့ ကျောက်စာတွေရဲ့ အပုံ ၁သောင်းပုံ ၁ လောက်သာရှိတဲ့၊ ကျွန်ုပ်တို့ ယနေ့ တွေ့မြင် ဖတ်ရှုခွင့်ရတဲ့၊ ကျန်ရစ်မျှကလေးသာ ဖြစ်တဲ့၊ စတုတ္ထ ပုဂံခေတ်ထိုး ကျောက်စာတွေမှာ ပါရှိတဲ့ ဝေါဟာရတွေနဲ့ ပတ်သက်ပြီး နောက်ရေး
တွေ (သိပ်မကြာခင်က ရေးတာတွေ) မှာ မှားယွင်း
နေတာတွေ အချို့ ရှိတယ်။
ဥပမာ - "ထွေးတော်ချ" ဆိုတဲ့ ဝေါဟာရကို
"ထွေးခံ" လို့ ဆိုတာမျိုး။
အမှန်တကယ်တော့ "ထွေးတော်ချ" ဆိုတာ
"အမိန့်တော်ချ" "အမိန့်တော်မှတ်" တယ်လို့
ဆိုလိုတာဖြစ်တယ်။ (အဲဒါနဲ့ ပတ်သက်လို့
ရှေ့မှာ ရေးခဲ့ပြီးပြီဖြစ်လို့ အကျယ်မရေးတော့ပါ)
ကျောက်စာတွေရဲ့ အလှူစာရင်း ပစ္စည်းအချို့မှာ
"ပြတိုဝ်" ဆိုတာပါတယ်။
အဲဒီ "ပြတို့ဝ်=ပြတို့" ဆိုတာကမှ "ထွေးခံ" ကို
ခေါ်တာ။ "ပြတိုဝ်" ဘယ်နှခု စသဖြင့် လှူဖွယ်ဝတ္ထု
စာရင်းမှာ တွေ့နိုင်တာပဲ။
ဒါ့အပြင် တလက်စတည်း ပြောရရင် -
"တန်ဆောင်" ဆိုတဲ့ လှူဖွယ်ပစ္စည်းဟာ
ဘယ်လိုအရာမျိုးလဲဆိုတာ ပေါရာဏကထာ
တွေကို မဖတ်ထားရင် မသိနိုင်ဘူး။ ဘုရားက
"တန်ဆောင်း" လို များလား လို့ထင်စရာပဲ။
တန်ဆောင်းဆိုရင်တော့ လှူဖွယ်ဝတ္ထုထဲ
မထည့်ဘဲ  အဆောက်အအုံထဲ ထည့်မှာပါ။
"တန်ဆောင်" ဆိုတာ ဆီမီး ထွန်းညှိပူဇော်ဖို့
ပြုလုပ်ထားတဲ့ အမိုးပြဿဒ်နဲ့ အဆောင်ငယ်
လေးကို ဆိုတာ။ ဒါကြောင့်လည်း မြန်မာစကား
မှာ ဆီးမီးတန်ဆောင်ရယ်လို့ ရှိတာဖြစ်တယ်။
နောက်တခါ "ကွန်ပြောက်ကြီး" ဆိုတဲ့ အသုံးကို
ကျောက်စာတွေမှာ တွေ့ရမှာ ဖြစ်တယ်။
အဲဒီ "ကွန်းပြောက်ကြီး"(ခေတ်အသုံးအရ (း) ထည့်
လိုက်သည်) ဆိုတာ နန်းတော်ကို ခေါ်တာပဲ
ဖြစ်တယ်။ ဥပမာ - ကွန်းပြောက်ကြီး ထွက်တော်
မူသောအခါ ဆိုတာ နန်းတော်ညီလာခံကို ဘုရင်
မင်းမြတ် ထွက်တော်မူတာကို ခေါ်တာ။
"ကွန်းပြောက်ငယ်" "ကွန်းပြောက်" ဆိုတာက
ဘုရင့် စံအိမ်တော်ကို ခေါ်တယ်။
နန်းတက်တယ် ဆိုရင်တော့ "ရွှေတောင်တက်"
တယ်လို့ သုံးတယ်။
"ရွှေမှောက်" ဆိုတာက "မင်း" လို့ ဆိုတယ်။
ပုဂံရာဇဝင်မယ် "ရွှေမှောက်မင်း" ဆိုတာပါတယ်။
"ခြီ" ="ချေ"ဆိုတာက "ချေချေငံငံ" ရှိတယ်လို့
ဆိုတာ။ ပရိမ္မထီးလှိုင်ရှင် ဘုရားကျောက်စာမှာ
ခြီထသော=ချေထသော ဆိုတာ "ချေချေငံငံ
ရှိထသော" တလိုင်းအမတ်လို့ ဆိုတာ။
မချေငံရင် အသတ်ခံရတဲ့အထဲ ပါသွားပြီပဲ။
"စိစ္စေး" ဆိုတာက "စစ်ဆေး" ကို ပြောတာ။
ရသေ့ရဟန်းမှန်သမျှကို ခြုံငုံပြီး "အရည်း" ပဲ
ဆိုတယ်။ ထေရဝါဒ ဖြစ်ဖြစ် မဟာယာန ဖြစ်ဖြစ်။
"စာနာ" ဆိုရင် အခုခေတ်မှာ စာနာသနား တာတို့
ဘာတို့ ကိုယ်ချင်းစာတဲ့ သဘောသုံးပေမယ့်
အဲဒီကာလတုန်းက "စာနာ" ဆိုတာ "တွေးဆ
ဆင်ခြင်" တယ်လို့ ဆိုတယ်။ မြင်စိုင်းကို တရုပ်
စစ်ရောက်တော့ တဘောင်ရှာတာမှာ ကြွမ်း အမှု
ထမ်းတွေ ကာ ကရင်း ဆိုတဲ့ ကာချင်းက
"ဝရရော တိတ်တွေး"စာနာ" လို့ ဆိုတာမှာ
ဝါရီရူးလက်ထက် အဖြစ်အပျက်ကို "တွေးဆ
ဆင်ခြင်" ပါလို့ ဆိုတယ်။
"စိန်းလိန်းတင်လင်" ဆိုတာက "မျက်မှောက်
မျက်မြင်" လို့ဆိုတယ်။ ရှင်ဘုရင်ကို အခွင့်မရဘဲ
"စိမ်းလိန်းတင်လင်" ကြည့်လို့မရဘူး။
"စူဖာ" ဆိုတာကို ပြုပြင်တယ်လို့ နောက်လူတွေ
ရေးကြပေမယ့် ရှေးအသုံးက "စုဆောင်း" တာကို
ပြောတယ်။ မဖြုန်းတီးဘူး။ အဟောသိကံ လုပ်မပစ်ဘူးပေါ့။ကျောက်စာတွေက
"စူဖာရစ်ပါသော" ဆိုတာ သူလှူခဲ့တာတွေကို ဖြုန်းတီးမပစ်ဘဲ တိုးပွားအောင် စုဆောင်းရစ်
ပါသော လို့ ဆိုတာ။
"တန်စွက်" ဆိုတာ "ဝန်"။ တန်စွက်လယ် လို့ဆိုရင်
စားဖို့စိုက်တဲ့လယ်မဟုတ်ဘူး။ ရောင်းဖို့စိုက်တဲ့
လယ်လို့ မှတ်ရတယ်။ "တွန့်တို" ဆိုတာ "နောက်
ဆုတ်တယ်"လို့ ဆိုတယ်။ နှမြောတွန့်တို တယ်
ဆိုတော့ ပေးမယ့်လက်ကို နှမြောပြီး နောက်
ဆုတ်လိုက်တာပဲ။ "မြောင်းမြေ" ဆိုတာ "တာဝန်"။
"မြောင်းမြေမြဲ" တယ်ဆိုရင် "တာဝန်ကျေတယ်"
လို့ သိရမယ်။ "အာမသာ" ဆိုတာ "မကောင်းတဲ့
နှုတ်ထွက်စကား။ ရုန့်ရင်းကြမ်းတမ်းတဲ့ စကား"။
"အာ" က "မသာ" ဘူးပေါ့။
"ရှက်" တယ်ဆိုတာကို "ရှိန်း" တယ်။ ရှမ်းကယား
ဘက်မှာ ခုထိသုံးတုန်းပဲ။ "ဝမ်းပျက်" တယ်ဆိုတာ
"နှလုံးမနှစ်သက်" တဲ့။ အော်ဂလီဆန်တယ် ဆိုတဲ့
သဘောပဲ။ "သုံ့သေး" ဆိုရန် စိတ်ထဲ စစ်သုံ့ပမ်း
ထင်တာ။ မဟုတ်ဘူး။ "တမန်" တမန်သုံ့သေး"။
"ဓဝယ်ညှင်း" ဆိုတာ ထားဝယ်က ကူးလာတဲ့
ညှင်း(အရေပြားရောဂါ) မဟုတ်ဘူး။ "အမိုးအုတ်ကြွပ်" ကို ပြောတာ။
အစထော်လော် ဆိုတာ "အစမသေ" လို့ဆိုတယ်။
နောင် အစထော်လော် မရှိရအောင် သူပုန်သကန်
တို့ကို နှိမ်နင်းရတယ် ဆိုတာမျိုး။
ကျောက်စာတွေ ရှေးစာတွေ ဖတ်တယ်ဆိုတာက
အဲဒီ ပေါရာဏတွေကို သိထားမှ ရေလည်မှာ
ဖြစ်တယ်။
နို့မဟုတ် ထင်ရာတွေ ပေါက်ပန်းဈေးတွေးပြီး
ပရမ်းပတာတွေ ရေးကုန်တော့မှာ။
………………………………………………………။
ပုံစာ -
သူဌေးမုခ်ဂူဘုရား ကျောက်စာ လှူဖွယ်ပစ္စည်း
စာရင်းထဲက ကြေးပြတို့ ၂ = ကြေးထွေးခံ ၂။
(image by ဦးငြိမ်းမောင် ဖတ်ချက်)

No comments:

Post a Comment