Tuesday, September 24, 2019

"ကုန္းေဘာင္လည္ျပန္"
(အပိုင္း ၃)
……………………………………………။

အေလာင္းမင္းတရားႀကီးကား အဖက္ဖက္က ဖြံ႔ျဖိဳး
တိုးတက္သည့္ ျမန္မာႏိုင္ငံေတာ္ႀကီးကို ၈ ႏွစ္
အတြင္း ထူေထာင္ခဲ႔သည္မွာ သာမန္ အရည္
အခ်င္း မဟုတ္ေပ။ ဘုန္း လက္ရံုး အာဏာ ထူးျခား
ေတာက္ပသည့္ ပါရမီရွင္ ဘုန္းရွင္ကံရွင္တို့သာလ်ွင္
စြမ္းေဆာင္ႏိုင္သည့္ အျဖစ္မ်ိဳးဟု မွတ္ခ်က္ျပဳရမည္
ျဖစ္၏။ ကိုယ္တိုင္လည္း ျခိဳးျခံေတာ္မူသည္မွာ
မိဖုရားေခါင္ႀကီး အထည္ဝယ္ရန္ေရြးခ်ယ္ေနသည္
ကို "ဒီလိုသာျဖင့္ ငါ့တိုင္းျပည္မြဲရခ်ည့္" ဟု ဆိုျမည္
ျပစ္တင္ေတာ္မူခဲ႔သည္ ဆို၏။
အေလာင္းမင္းတရား၏ စိတ္ႏွလံုးအတြင္းဝယ္ မိမိ၏တိုင္းျပည္ကို မည္ကဲ႔သို့ေသာ တိုင္းျပည္
အျဖစ္ တည္ေဆာက္မည္ ဟု Master Plan
ေရးဆြဲျပီးျဖစ္ျပီး ထို အစီအစဥ္အတိုင္း ၈ ႏွစ္
အတြင္း တစ္ဆင့္ျပီးတစ္ဆင့္ ေအာင္ျမင္ေအာင္
စြမ္းေဆာင္ႏိုင္ခဲ့ေပသည္။
ဂုဏၰအိမ္ႏွင့္ အထြတ္အထိပ္မေရာက္မီကာလက
ရန္ဘက္ ဘုရင္ျဖစ္ရန္လံုးပမ္းၾကသူခ်င္းတူ
ခင္ဦးစား ငခ်စ္ညိဳတို့အား အျငိဳးအေတးမရွိ
သစၥာခံအမႈထမ္းရန္ စာပို့ အေၾကာင္းၾကားခဲ႔၏။
ဂုဏၰအိမ္ေရာ ငခ်စ္ညိဳေရာမွာ လူစြမ္းလူစ ရွိၾကျပီး
ေနာက္လိုက္ေနာက္ပါ အတန္အသင့္ရွိၾကသူမ်ား
ျဖစ္ေပရာ ႏိုင္ငံေတာ္တည္ေဆာက္ေရးအတြက္
အဖိုးတန္မည့္သူမ်ားျဖစ္မွန္းသိသည့္ အေလာင္း
မင္းတရားႀကီး၏ ကမ္းလွမ္းမႈ သစၥာခံေစမႈကို
၂ ဦးလံုးက ျငင္းပယ္၍ မြန္တို့ဘက္ကိုသာ သစၥာ
ခံ၍ ျမန္မာတို့ကို ဆန့္က်င္ တိုက္ခိုက္ခဲ႔ၾကသည္။
သို့ေသာ္ ထိုသူတို့ ၂ ဦးစလံုးသည္ ၎တို့ယံုၾကည္
သည့္ မြန္တို့ကပင္ ၎တို့အား သတ္ျဖတ္ပစ္
လိုက္ၾကျခင္းျဖင့္ ဘဝနိဂံုး အဆံုးသတ္ မလွမပ ခဲ႔ရေသာအေၾကာင္း ျဖစ္သြားၾကရေပသည္။
ဟံသာဝတီကို ဝန္းရံထားစဥ္ တလိုင္း/မြန္မင္းက
သံဃာတို့အား ေစလႊတ္၍ စစ္ေျပျငိမ္း တပ္ရုပ္သိမ္း
ရန္ ေစ့စပ္ကမ္းလွမ္းမႈကို အေလာင္းမင္းတရားက
"တလိုင္းတို့ႏွင့္တိုက္ရသည္မွာ အျမတ္မရွိ၊ အရံႈး
သာရွိသည္" ဟု ဆို၍ စစ္ေျပျငိမ္းျခင္းမျပဳသည္ကို
တလိုင္း/မြန္မင္းက အျမတ္ရေစရန္ သမီးေတာ္ကို
အေလာင္းမင္းတရားထံ ပို့လႊတ္ဆက္သသည္။
ထိုသို့ စစ္ေျပျငိမ္းေတာ့မည္ဆဲဆဲတြင္မွ ဒလပန္း
ဦးေဆာင္ေသာ တလိုင္း/မြန္ အမတ္တို့က ၎တို့
တင္ေျမွာက္ထားသည့္ တလိုင္း/မြန္မင္းကို နန္းကခ်၍ ျမိဳ႕တံခါးပိတ္ တိုက္ခိုက္ျပန္ေတာ့၏။
ျမိဳ႕ျပင္က တလိုင္း/မြန္တို့မွာ ယိုးဒယားသို့ အလံုး
အရင္းျဖင့္ ထြက္ေျပးခိုလံႈသြားၾကသည္ျဖစ္ရာ
ပဲကူး ျမိဳ႕တြင္းရွိ မြန္တို့သာလ်ွင္ က်န္သည္ျဖစ္
ေပသည္။
ထိုစဥ္ကာလက အျဖစ္အပ်က္ဟုဆိုသည့္ အေရး
အသားတစ္ခုကို ေဝါအရပ္ရွိ ေတာတြင္းသို့
ထြက္ေျပးသြားသည့္ တလိုင္း/မြန္ရဟန္း ဦးအာသဝက -
အေလာင္းဘုရားသည္ တလိုင္း/မြန္မင္း၏
သမီးေတာ္ကို သိမ္းပိုက္ျပီးေနာက္ ကတိမတည္ဘဲ ပဲကူးျမိဳ႕ကို တိုက္ခိုက္သည္၊  ပဲကူးကို တိုက္ခိုက္ သိမ္းပိုက္ျပီးေနာက္ တလိုင္း/မြန္ ရဟန္းမ်ားက
ပဲကူးျမိဳ႕တြင္းမွ ခုခံကာကြယ္ကူညီအားေပးသည္ဟု ဆို၍ တလိုင္း/မြန္ ရဟန္း ၃၀၀၀ ကို ဆင္ျဖင့္ နင္း
သတ္သည္၊ သကၤန္းမ်ားကို ျမန္မာတပ္သားမ်ားက
ေျခသုတ္ဝတ္ အျဖစ္အသံုးျပဳပစ္ၾကသည္၊
သပိတ္မ်ားကို ထမင္းအိုးဟင္းအိုး လုပ္ပစ္သည္၊
အသက္မေသ က်န္ရစ္သည့္ တလိုင္း/မြန္
ရဟန္းမ်ားသည္ ယိုးဒယား၊ ရွမ္းျပည္မ်ားသို့
ထြက္ေျပးၾကရသည္၊ ျမန္မာစစ္သားမ်ားသည္
ဖမ္းမိသည့္ သံု့ပန္း လူႀကီး ကေလး က်ား မ မ်ားကို
ေစ်းတြင္ ေလွာင္အိမ္မ်ားအတြင္းထည့္၍ ေရာင္းခ်
ပစ္ၾကသည္ ဟု ေရးသားခဲ႔သည့္ ေပစာကို
ဟာေဗးသည္ ေဝါျမိဳ႕နယ္အတြင္းက ေတာတြင္း
ရြာတစ္ရြာက ရရွိခဲ႔ရာ ၎၏ History of Burma
စာအုပ္တြင္ ထည့္သြင္းေဖာ္ျပခဲ႔၏။
ထို တလိုင္း/မြန္ ရဟန္း ဦးအာသဝမွာ ပဲကူးမက်မီ
ကာလကတည္းက ေဝါသို့ထြက္ေျပးသြားခဲ႔သည့္
ရဟန္းျဖစ္ျပီး ပဲကူး က်ဆံုးခန္း(သို့မဟုတ္) တလိုင္း/မြန္မင္းဆက္ ဇာတ္သိမ္းခန္း အျဖစ္
အပ်က္မ်ားကို မ်က္ျမင္ကိုယ္ေတြ႔ သိခဲ႔ရသည္
မဟုတ္ပါေပ။
၎ ေရးသားထားသည့္ အထဲက အေလာင္းဘုရား
တလိုင္း/မြန္မင္း၏ သမီးေတာ္ကို သိမ္းပိုက္ျပီးမွ
ကတိမတည္ ပဲကူးကို တိုက္သည္ ဆိုသည္မွာ
အမွန္ မဟုတ္ေပ။ တလိုင္း/မြန္မင္းကို နန္းခ်၍
မြန္တို့ ျမိဳ႕တံခါးပိတ္ ျမိဳ႕စီးျပစီးတင္ ျပန္လည္
တိုက္ခိုက္ျပန္သည္ေၾကာင့္ ပဲကူးကို အျပီးသိမ္း
ပိုက္လိုက္ျခင္းပင္ျဖစ္သည္။
တလိုင္း/မြန္ရဟန္း ၃၀၀၀ အား ဆင္ျဖင့္နင္းသတ္
၍ သကၤန္းမ်ားကို ေျခသုတ္ဝတ္လုပ္ပစ္ျပီး သပိတ္
မ်ားအား ထမင္းအိုး ဟင္းအိုး ျပဳလုပ္သည္ ဆို
သည္မွာလည္း လံုးဝ ယုတၱိမတန္သည့္ အေၾကာင္း
အရာသာျဖစ္ျပီး လုပ္ႀကံေရးသားခ်က္မ်ားသာ
ျဖစ္ေပသည္။
စစ္တိုက္ေနသည့္ ၾကားထဲမွ ဘုရားတည္ ေက်ာင္း
ေဆာက္ သာသနာေတာ္အား ခ်ီးေျမွာက္ေထာက္ပံ႔
ဆရာေတာ္ သံဃာေတာ္မ်ားကို ဘြဲ႕တံဆိပ္ဆက္
ကပ္ ပစၥည္းေလးပါး လွဴဒါန္းေနသည့္ ျမန္မာဘုရင္
တစ္ပါးအေနျဖင့္ ထိုသို့ ရဟန္း ၃၀၀၀ ကို ဆင္ျဖင့္
နင္းေခ်သတ္ပစ္သည့္ လုပ္ရန္ကို က်ဴးလြန္ရန္
ဆိုသည္မွာ မည္သည့္နည္းႏွင့္မ်ွ ယုတၱိမတန္ေပ။
ေနာက္ပိုင္း တလိုင္း/မြန္မ်ားက ကေလးငယ္မ်ား
အား ေလေပၚေျမွာက္တင္၍ ျပန္အက်တြင္ ဓားျဖင့္
ပိုင္းျခင္း၊ လွျဖင့္ခံျခင္း စသည့္ ဓားလွံကစားျခင္းမ်ား
ျပဳလုပ္သည္ဟုပင္ ဆို၏။ ထိုသည္ႏွင့္ ပံုစံတူ
ဆူပြက္ေနသည့္ ရကိုင္/ရခိုင္ေဒသအား ဘိုးေတာ္
ဘုရား သိမ္းပိုက္စဥ္ကလည္း ျမန္မာစစ္သားမ်ားက
ရခိုင္ေဒသသား ကေလးငယ္မ်ားအား ဓားကစား
လံွကစားသည္ဟု ဆိုၾက၏။
ေနာင္မ်ိဳးဆက္တို့ စိတ္နာက်ည္းေစရန္ လီဆည္
ေရးသားသည္ဟုသာျဖစ္ျပီး အေထာက္အထား
မရွိသလို ျဖစ္ႏိုင္ဖို့လည္း ယုတၱိမတန္ပါေခ်။
မ်ိဳးျခားမ်ားျဖစ္သည့္ ကသည္းသား ေဝသာလီ
သားမ်ားကိုပင္ ထိုသို့မျပဳလုပ္ခဲ႔ေသာ ျမန္မာတို့
အား ပံုဖ်က္ျခင္းသာျဖစ္၏။
စစ္ပြဲအတြင္း တစ္ဘက္ႏွင့္ တစ္ဘက္ တိုက္ခိုက္
သတ္ျဖတ္၍ ေသသည္မွာကား သူ့အက်ိဳး
ကိုယ့္အက်ိဳး သူ့ဘက္ကိုယ့္ဘက္ အသက္လု
ၾကသည္ျဖစ္ရာ စစ္ပြဲအတြင္း မဟာေသနာပတိမွ
စ၍ ေအာက္ေျခတပ္သားအထိ ေသၾက ေၾကၾက
ဒုကၡိတျဖစ္ၾကသည္မွာ ဆန္းျပားသည္ မဟုတ္ေပ။
ထို့ျပင္ လူအမ်ားအား ေလွာင္အိမ္မ်ားျဖင့္ေစ်း၌
ေရာင္းခ်ၾကသည္ဟူသည္မွာ ပို၍ပင္ ယုတၱမတန္
သည့္ အေၾကာင္းပင္ျဖစ္၏။
ျမန္မာတို့၌ သုံ႔လူတို့အား ေလွာင္အိမ္ထည့္၍ ေစ်း
ကြက္တင္ေရာင္းခ်သည့္ ဓေလ့ထံုးတမ္း မရွိပါေခ်။
သံု့လူမ်ားကို ဆိုင္ရာအတတ္ပညာ၊ ဆိုင္ရာ အရည္
အခ်င္းအေလ်ာက္ မ,စခ်ီးေျမွာက္၍ လုပ္မိုး လုပ္ေျမ
ေပး၍ အကြက္ခ်ေနထိုင္ေစသည့္ ထံုးစံသာ ရွိ၏။
ထိုသို့ေသာ သံု့ပန္းေရာင္းသည့္ လုပ္ရပ္မ်ိဳးကို လုပ္ေဆာင္သည္မွာ ေပၚတူဂီႏွင့္ ေပၚတူဂီတို႔ႏွင့္
ေပါင္းေဖာ္သူမ်ားသာ လုပ္ေလ့ရွိသည္သာျဖစ္
ေပသည္။ ရခိုင္ေဒသသားတို့သည္ ေပၚတူဂီတို့
ႏွင့္ေပါင္း၍ စစ္သံု့ပန္းမ်ား၊ ျပန္ေပးဆြဲ၍ မေရြး
ႏိုင္သည့္ သူမ်ားကို လူေစ်းကြက္၌ ေလလံတင္
ေရာင္းခ်သည့္လုပ္ငန္းကို လုပ္ကိုင္ခဲ႔ၾကသလို၊
ဒကၠား နယူးေဒလီအထိေအာင္ပင္ လူဖမ္း
ထြက္ၾကသည္ဆို၏။ ရခိုင္ေျမာက္ပိုင္း၌ ထိုသို့
လူေလလံတင္ေရာင္းခ်သည့္ ေစ်းပင္ ရွိခဲ႔သည္ဟု
ဆိုသည္။ ငဇင္ကာသည္လည္း သန္လ်င္၌
ထိုသို့ လူေရာင္းသည့္ ေစ်းကြက္ ျပဳလုပ္ခဲ႔သည္
ဆို၏။ ထိုစဥ္က ေပၚတူဂီ ဖာရင္ဂီ ငဇင္ကာ၏
သား သို့ သမီးေပး၍ ခမည္းခမက္ေတာ္ထားသည့္
တလိုင္း/မြန္ ပဲကူးစားသည္သာလ်ွင္ ငဇင္ကာႏွင့္
အတူ ထို သံု့လူေရာင္းဝယ္ေဖာက္ကားသည့္
လုပ္ရပ္မ်ိဳးကို လုပ္ႏိုင္ဖြယ္ ရွိေပသည္။
အကယ္၍သာ အေလာင္းမင္းတရားသည္ ထိုသို့
အားျဖင့္ မြန္တို့အား လူေစ်းကြက္တင္၍ ေရာင္း
ခ်ျခင္း ျပဳလုပ္ခဲ႔သည္ ျဖစ္ပါမူ၊ ျမန္မာတို့၌ ထိုဓေလ့
ရွိသည္ျဖစ္ပါမူ အင္းဝ၊ ျပည္၊ ေဒါပံု၊ တာေမြ၊
သန္လ်င္၊ က်ိဳက္ဖတိုင္ တပ္မ်ားအား သိမ္းပိုက္
စဥ္အခါကပင္လ်ွင္ ျပဳက်င့္ခဲ႔ဖြယ္ရာ ရွိေပသည္။
ထိုသို့ ေရွ႕က ဖမ္းမိသည့္ သံု့လူမ်ားအား မျပဳ
လုပ္ခဲ႔ပါဘဲ ပဲကူးက်ေသာ္မွ ထူးျခား၍ လူေရာင္း
သည္ ဆိုသည္မွာ ယုတၱိႏွင့္ ဆက္စပ္၍ ျဖစ္ႏိုင္
သည္ မဟုတ္ပါေပ။ ထိုသို့သာ ျပဳလုပ္သည္
ျဖစ္ရိုးမွန္ပါက အေလာင္းတရားက မရံႈ႕မခ်
ဆက္လက္တာဝန္ထမ္းေဆာင္ေစေသာ တလိုင္း/
မြန္ စစ္သူႀကီး ေဒါစြယ္ယစက္ မွာ ျမန္မာတပ္၌
အမႈထမ္းရ၍ မုတၱမစားအျဖစ္ ခန့္ထားခံရမည္
မဟုတ္သကဲ႔သို့ သံလ်င္အပ်က္၌ ဖမ္းမိသည့္ ၎၏ သားမယားမ်ားမွာလည္း ၎ႏွင့္ ျပန္လည္
ဆံုေတြ႕ဖြယ္ရာလမ္းမျမင္ေပ။
ရွမ္းျပည္၊ ယိုးဒယားတို့ဘက္သို့ တလိုင္း/မြန္တို့
ထြက္ေျပးခိုလံႈသည္မွာလည္း ဆန္းက်ယ္သည္
မဟုတ္ေပ။ ပဲကူး၌ အဝိုင္းခံထားရသည့္ ျမိဳ႕တြင္း
သားမ်ားမွလြဲ၍ လူ ၁၀၀၀၀ ခန့္ ယိုးဒယားတို့
လက္ေအာက္ သစၥာခံခိုလႈံသြားသည္ဟု ဆို၏။
အဆိုပါ တလိုင္း/မြန္ ရဟန္း ဦးအာသဝမွာ
ကိုယ္တိုင္ မျမင္မေတြ႕ခဲ႔ရသည့္ ပဲကူး က်ဆံုးခန္း
ကို ခ်ဲ႕ကားလီဆည္ေသာ တဆင့္စကားမ်ားမွ
ေသာ္လည္းေကာင္း၊ ၎တို့ ပဲကူးမင္းတို့၌
ထံုးစံရွိခဲ႔သည္ျဖစ္သည္ေၾကာင့္ ထိုသို့ျပဳလုပ္
လိမ့္မည္ဟု အထင္ႏွင့္ေသာ္လည္းေကာင္း
ေႏွာင္း တလိုင္း/မြန္တို့ ျမန္မာတို႕အေပၚ နာက်ည္း
မုန္းတီးေစရန္ ရည္ရြယ္၍ ရဟန္းျဖစ္ပါလ်က္
လုပ္ႀကံ ေရးသားခဲ႔သည္ျဖစ္သည္သာပင္။
ထိုကာလ ယိုးဒယားတို့ လူစြမ္းလူစ အေတာ္အတန္
ျပသေနသည့္ အခ်ိ္န္ျဖစ္ျပီး ဗီယက္နမ္ေတာင္ပိုင္း
က သိမ္းပိုက္ထားသည့္ ကေမ႓ာဒီးယားကို တိုက္
ခိုက္သိမ္းပိုက္ျခင္းမ်ား၊ လာအိုကို တိုက္ခိုက္ျခင္း
မ်ား၊ မေလးက်ြန္းဆြယ္ဘက္သို့ တိုက္ခိုက္ျခင္း
မ်ား ျပဳလုပ္ေနခဲ႔ျပီး ျမန္မာႏိုင္ငံ၌ ျမန္မာႏွင့္
တလိုင္း/မြန္တို့ စစ္ႀကီးျဖစ္လ်က္ရွိသည္ကို အခြင့္
ေကာင္းယူ အစြမ္းျပလ်က္ရွိသည္။
ထိုကာလ ယိုးဒယားဘုရင္မွာ - အုဒုမၺရ(Uthumphon) ျဖစ္သည္။ ထို ယိုးဒယား
ဘုရင္သည္ အင္အားေတာင့္တင္းလာသည့္
အေလ်ာက္ ကုန္းေဘာင္အင္ပါယာ ျမန္မာႏိုင္ငံ
ေတာ္၏ အရွင္သခင္ အေလာင္းမင္းတရားႀကီးအား
ေသြးတိုးစမ္းသည့္ ကိစၥရပ္တစ္ခု ျပဳလုပ္ခဲ႔
ေပသည္။
ျမန္မာသကၠရာဇ္ ၁၁၂၁၊ ခရစ္ႏွစ္ AD 1759 ၌
ယိုးဒယားတို့သည္ ထားဝယ္ေဒသအခ်ိဳ႕ကို
တိုက္ခိုက္သိမ္းယူျခင္း၊ ရန္ကုန္သို့လာမည့္ သေဘၤာ ၃ စီးအား ခ်ဳပ္ကိုင္တားဆီး သိမ္းယူျခင္း
စသည့္ လုပ္ရပ္မ်ားကို ပဲကူးကို ဝန္းရံထားစဥ္ကပင္ လာေရာက္သစၥာခံခိုလံႈသည့္ ျမန္မာ့ပိုင္နက္ ထားဝယ္ႏွင့္တနသၤာရီအား ေျပာင္ေျပာင္တင္းတင္း
က်ဴးေက်ာ္ရန္စမႈမ်ား ျပဳလုပ္လာၾက၏။
ရန္ကုန္တြင္ ေကာင္းမႈကုသိုလ္လာေရာက္ျပဳလုပ္
ေတာ္မူျပီးေနာက္ ေရႊဘိုသို့ျပန္ေတာ္မူရင္ျပင္ဆင္
ေနသည့္ အေလာင္းမင္းတရားႀကီးထံသို့
ပုဂံေခတ္မွစ၍ ျမန္မာမင္းအဆက္ဆက္တို့ထံ၌သာ
ယံုၾကည္ ေလးစားစြာ အစဥ္ သစၥာခံခဲ႔ေသာ
အထူးအားကိုးရသည့္ ထားဝယ္သား၊ တနသၤာရီ
သားတို့ထံမွ ထိုသတင္းစကား ေရာက္လာသည့္
အခါ အေလာင္းမင္းတရားႀကီးသည္ မွဴးမတ္တို့က
ေရႊဘိုနန္းေတာ္အား မိုးႀကိဳး ၁၃ ခ်က္ တျပိဳင္နက္
က်သည္ေၾကာင့္ ဇာတာေတာ္မသန့္၊ ေနာင္ႏွစ္မွ
စစ္ခ်ီပါရန္ ေလ်ွာက္ထားသည္ကို မႈေတာ္မမူဘဲ
ထားဝယ္ႏွင့္ တနသၤာရီအား ႏွိပ္စက္ေစာ္ကား
ျမန္မာ့ပိုင္နက္ကို ထိပါးက်ဴးေက်ာ္လာသည့္
ယိုဒယားတို့အား ဆံုးမ၍ ေနာင္ ေျခလက္မထူ
ႏိုင္ေအာင္ အယုဒၶယျမိဳ႕ကိုပါ သိမ္းပိုက္ပစ္ျပီး
ယိုးဒယားေျမအလံုး ပုဂံ ေတာင္ငူ ျမန္မာႏိုင္ငံေတာ္
ႀကီးမ်ားကာလကကဲ႔သို့ ကုန္းေဘာင္အင္ပါယာ၏
ပိုင္နက္အျဖစ္ သတ္မွတ္ရန္ ယိုးဒယားသို့
မဆိုင္းမတြ စစ္ခ်ီေလေတာ့သည္။
……………………………………………………။
ပံုစာ -
အရွည္ ၄ ေတာင္ ၁ မိုက္ ေလးသစ္၊ က်ည္ဝင္
၇၅ က်ပ္၊ က်ည္ဝ လက္ေလးသစ္ခြဲ၊
အေျမာက္ခ်ိန္ ၇၅၀ ပိႆာ၊
တန္ဖိုး ေငြ ၇ပိႆာ ၅၀ ေပး၍
မြန္တို့ အာရပ္သေဘၤာတစ္စီးထံမွ ဝယ္ယူျပီး
အင္းဝတြင္ထားရာက၊ အင္းဝမွ မြန္တို့ထြက္ေျပးစဥ္
ေရ၌ ခ်ခဲ႔သည္ကို အာကာေရႊေတာင္ ျပည္ျမိဳ႕အနီး ဧရာဝတီျမစ္အတြင္းက ဆယ္ယူ၍
အေလာင္းမင္းတရားႀကီးလက္ထက္ အသံုးျပဳ
ခဲ႔ေသာ၊ တစ္ခ်က္ပစ္လ်ွင္ အသံသံုးခ်က္ဆင့္
ထြက္၍ ေလွဦးကဝင္လ်ွင္ ေလွပဲ႔ထိတိုင္ စင္းလံုး
မွန္သည္ဟု ေက်ာ္ေစာသည့္
ရန္သူတို့ ထိတ္လန့္ေျခာက္ျခားသည္ျဖစ္ရာ
ေရႊခ်ထားေသာ
နာမည္ေက်ာ္ "ရန္ပံုခြင္းအေျမာက္" ပံုစံငယ္။

………………………………………………………

"ကုန်းဘောင်လည်ပြန်"
(အပိုင်း ၃)
……………………………………………။
အလောင်းမင်းတရားကြီးကား အဖက်ဖက်က ဖွံ့ဖြိုး
တိုးတက်သည့် မြန်မာနိုင်ငံတော်ကြီးကို ၈ နှစ်
အတွင်း ထူထောင်ခဲ့သည်မှာ သာမန် အရည်
အချင်း မဟုတ်ပေ။ ဘုန်း လက်ရုံး အာဏာ ထူးခြား
တောက်ပသည့် ပါရမီရှင် ဘုန်းရှင်ကံရှင်တို့သာလျှင်
စွမ်းဆောင်နိုင်သည့် အဖြစ်မျိုးဟု မှတ်ချက်ပြုရမည်
ဖြစ်၏။ ကိုယ်တိုင်လည်း ခြိုးခြံတော်မူသည်မှာ
မိဖုရားခေါင်ကြီး အထည်ဝယ်ရန်ရွေးချယ်နေသည်
ကို "ဒီလိုသာဖြင့် ငါ့တိုင်းပြည်မွဲရချည့်" ဟု ဆိုမြည်
ပြစ်တင်တော်မူခဲ့သည် ဆို၏။
အလောင်းမင်းတရား၏ စိတ်နှလုံးအတွင်းဝယ် မိမိ၏တိုင်းပြည်ကို မည်ကဲ့သို့သော တိုင်းပြည်
အဖြစ် တည်ဆောက်မည် ဟု Master Plan
ရေးဆွဲပြီးဖြစ်ပြီး ထို အစီအစဉ်အတိုင်း ၈ နှစ်
အတွင်း တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်အောင်
စွမ်းဆောင်နိုင်ခဲ့ပေသည်။
ဂုဏ္ဏအိမ်နှင့် အထွတ်အထိပ်မရောက်မီကာလက
ရန်ဘက် ဘုရင်ဖြစ်ရန်လုံးပမ်းကြသူချင်းတူ
ခင်ဦးစား ငချစ်ညိုတို့အား အငြိုးအတေးမရှိ
သစ္စာခံအမှုထမ်းရန် စာပို့ အကြောင်းကြားခဲ့၏။
ဂုဏ္ဏအိမ်ရော ငချစ်ညိုရောမှာ လူစွမ်းလူစ ရှိကြပြီး
နောက်လိုက်နောက်ပါ အတန်အသင့်ရှိကြသူများ
ဖြစ်ပေရာ နိုင်ငံတော်တည်ဆောက်ရေးအတွက်
အဖိုးတန်မည့်သူများဖြစ်မှန်းသိသည့် အလောင်း
မင်းတရားကြီး၏ ကမ်းလှမ်းမှု သစ္စာခံစေမှုကို
၂ ဦးလုံးက ငြင်းပယ်၍ မွန်တို့ဘက်ကိုသာ သစ္စာ
ခံ၍ မြန်မာတို့ကို ဆန့်ကျင် တိုက်ခိုက်ခဲ့ကြသည်။
သို့သော် ထိုသူတို့ ၂ ဦးစလုံးသည် ၎င်းတို့ယုံကြည်
သည့် မွန်တို့ကပင် ၎င်းတို့အား သတ်ဖြတ်ပစ်
လိုက်ကြခြင်းဖြင့် ဘဝနိဂုံး အဆုံးသတ် မလှမပ ခဲ့ရသောအကြောင်း ဖြစ်သွားကြရပေသည်။
ဟံသာဝတီကို ဝန်းရံထားစဉ် တလိုင်း/မွန်မင်းက
သံဃာတို့အား စေလွှတ်၍ စစ်ပြေငြိမ်း တပ်ရုပ်သိမ်း
ရန် စေ့စပ်ကမ်းလှမ်းမှုကို အလောင်းမင်းတရားက
"တလိုင်းတို့နှင့်တိုက်ရသည်မှာ အမြတ်မရှိ၊ အရှုံး
သာရှိသည်" ဟု ဆို၍ စစ်ပြေငြိမ်းခြင်းမပြုသည်ကို
တလိုင်း/မွန်မင်းက အမြတ်ရစေရန် သမီးတော်ကို
အလောင်းမင်းတရားထံ ပို့လွှတ်ဆက်သသည်။
ထိုသို့ စစ်ပြေငြိမ်းတော့မည်ဆဲဆဲတွင်မှ ဒလပန်း
ဦးဆောင်သော တလိုင်း/မွန် အမတ်တို့က ၎င်းတို့
တင်မြှောက်ထားသည့် တလိုင်း/မွန်မင်းကို နန်းကချ၍ မြို့တံခါးပိတ် တိုက်ခိုက်ပြန်တော့၏။
မြို့ပြင်က တလိုင်း/မွန်တို့မှာ ယိုးဒယားသို့ အလုံး
အရင်းဖြင့် ထွက်ပြေးခိုလှုံသွားကြသည်ဖြစ်ရာ
ပဲကူး မြို့တွင်းရှိ မွန်တို့သာလျှင် ကျန်သည်ဖြစ်
ပေသည်။
ထိုစဉ်ကာလက အဖြစ်အပျက်ဟုဆိုသည့် အရေး
အသားတစ်ခုကို ဝေါအရပ်ရှိ တောတွင်းသို့
ထွက်ပြေးသွားသည့် တလိုင်း/မွန်ရဟန်း ဦးအာသဝက -
အလောင်းဘုရားသည် တလိုင်း/မွန်မင်း၏
သမီးတော်ကို သိမ်းပိုက်ပြီးနောက် ကတိမတည်ဘဲ ပဲကူးမြို့ကို တိုက်ခိုက်သည်၊  ပဲကူးကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် တလိုင်း/မွန် ရဟန်းများက
ပဲကူးမြို့တွင်းမှ ခုခံကာကွယ်ကူညီအားပေးသည်ဟု ဆို၍ တလိုင်း/မွန် ရဟန်း ၃၀၀၀ ကို ဆင်ဖြင့် နင်း
သတ်သည်၊ သင်္ကန်းများကို မြန်မာတပ်သားများက
ခြေသုတ်ဝတ် အဖြစ်အသုံးပြုပစ်ကြသည်၊
သပိတ်များကို ထမင်းအိုးဟင်းအိုး လုပ်ပစ်သည်၊
အသက်မသေ ကျန်ရစ်သည့် တလိုင်း/မွန်
ရဟန်းများသည် ယိုးဒယား၊ ရှမ်းပြည်များသို့
ထွက်ပြေးကြရသည်၊ မြန်မာစစ်သားများသည်
ဖမ်းမိသည့် သုံ့ပန်း လူကြီး ကလေး ကျား မ များကို
ဈေးတွင် လှောင်အိမ်များအတွင်းထည့်၍ ရောင်းချ
ပစ်ကြသည် ဟု ရေးသားခဲ့သည့် ပေစာကို
ဟာဗေးသည် ဝေါမြို့နယ်အတွင်းက တောတွင်း
ရွာတစ်ရွာက ရရှိခဲ့ရာ ၎င်း၏ History of Burma
စာအုပ်တွင် ထည့်သွင်းဖော်ပြခဲ့၏။
ထို တလိုင်း/မွန် ရဟန်း ဦးအာသဝမှာ ပဲကူးမကျမီ
ကာလကတည်းက ဝေါသို့ထွက်ပြေးသွားခဲ့သည့်
ရဟန်းဖြစ်ပြီး ပဲကူး ကျဆုံးခန်း(သို့မဟုတ်) တလိုင်း/မွန်မင်းဆက် ဇာတ်သိမ်းခန်း အဖြစ်
အပျက်များကို မျက်မြင်ကိုယ်တွေ့ သိခဲ့ရသည်
မဟုတ်ပါပေ။
၎င်း ရေးသားထားသည့် အထဲက အလောင်းဘုရား
တလိုင်း/မွန်မင်း၏ သမီးတော်ကို သိမ်းပိုက်ပြီးမှ
ကတိမတည် ပဲကူးကို တိုက်သည် ဆိုသည်မှာ
အမှန် မဟုတ်ပေ။ တလိုင်း/မွန်မင်းကို နန်းချ၍
မွန်တို့ မြို့တံခါးပိတ် မြို့စီးပြစီးတင် ပြန်လည်
တိုက်ခိုက်ပြန်သည်ကြောင့် ပဲကူးကို အပြီးသိမ်း
ပိုက်လိုက်ခြင်းပင်ဖြစ်သည်။
တလိုင်း/မွန်ရဟန်း ၃၀၀၀ အား ဆင်ဖြင့်နင်းသတ်
၍ သင်္ကန်းများကို ခြေသုတ်ဝတ်လုပ်ပစ်ပြီး သပိတ်
များအား ထမင်းအိုး ဟင်းအိုး ပြုလုပ်သည် ဆို
သည်မှာလည်း လုံးဝ ယုတ္တိမတန်သည့် အကြောင်း
အရာသာဖြစ်ပြီး လုပ်ကြံရေးသားချက်များသာ
ဖြစ်ပေသည်။
စစ်တိုက်နေသည့် ကြားထဲမှ ဘုရားတည် ကျောင်း
ဆောက် သာသနာတော်အား ချီးမြှောက်ထောက်ပံ့
ဆရာတော် သံဃာတော်များကို ဘွဲ့တံဆိပ်ဆက်
ကပ် ပစ္စည်းလေးပါး လှူဒါန်းနေသည့် မြန်မာဘုရင်
တစ်ပါးအနေဖြင့် ထိုသို့ ရဟန်း ၃၀၀၀ ကို ဆင်ဖြင့်
နင်းချေသတ်ပစ်သည့် လုပ်ရန်ကို ကျူးလွန်ရန်
ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ ယုတ္တိမတန်ပေ။
နောက်ပိုင်း တလိုင်း/မွန်များက ကလေးငယ်များ
အား လေပေါ်မြှောက်တင်၍ ပြန်အကျတွင် ဓားဖြင့်
ပိုင်းခြင်း၊ လှဖြင့်ခံခြင်း စသည့် ဓားလှံကစားခြင်းများ
ပြုလုပ်သည်ဟုပင် ဆို၏။ ထိုသည်နှင့် ပုံစံတူ
ဆူပွက်နေသည့် ရကိုင်/ရခိုင်ဒေသအား ဘိုးတော်
ဘုရား သိမ်းပိုက်စဉ်ကလည်း မြန်မာစစ်သားများက
ရခိုင်ဒေသသား ကလေးငယ်များအား ဓားကစား
လံှကစားသည်ဟု ဆိုကြ၏။
နောင်မျိုးဆက်တို့ စိတ်နာကျည်းစေရန် လီဆည်
ရေးသားသည်ဟုသာဖြစ်ပြီး အထောက်အထား
မရှိသလို ဖြစ်နိုင်ဖို့လည်း ယုတ္တိမတန်ပါချေ။
မျိုးခြားများဖြစ်သည့် ကသည်းသား ဝေသာလီ
သားများကိုပင် ထိုသို့မပြုလုပ်ခဲ့သော မြန်မာတို့
အား ပုံဖျက်ခြင်းသာဖြစ်၏။
စစ်ပွဲအတွင်း တစ်ဘက်နှင့် တစ်ဘက် တိုက်ခိုက်
သတ်ဖြတ်၍ သေသည်မှာကား သူ့အကျိုး
ကိုယ့်အကျိုး သူ့ဘက်ကိုယ့်ဘက် အသက်လု
ကြသည်ဖြစ်ရာ စစ်ပွဲအတွင်း မဟာသေနာပတိမှ
စ၍ အောက်ခြေတပ်သားအထိ သေကြ ကြေကြ
ဒုက္ခိတဖြစ်ကြသည်မှာ ဆန်းပြားသည် မဟုတ်ပေ။
ထို့ပြင် လူအများအား လှောင်အိမ်များဖြင့်ဈေး၌
ရောင်းချကြသည်ဟူသည်မှာ ပို၍ပင် ယုတ္တမတန်
သည့် အကြောင်းပင်ဖြစ်၏။
မြန်မာတို့၌ သုံ့လူတို့အား လှောင်အိမ်ထည့်၍ ဈေး
ကွက်တင်ရောင်းချသည့် ဓလေ့ထုံးတမ်း မရှိပါချေ။
သုံ့လူများကို ဆိုင်ရာအတတ်ပညာ၊ ဆိုင်ရာ အရည်
အချင်းအလျောက် မ,စချီးမြှောက်၍ လုပ်မိုး လုပ်မြေ
ပေး၍ အကွက်ချနေထိုင်စေသည့် ထုံးစံသာ ရှိ၏။
ထိုသို့သော သုံ့ပန်းရောင်းသည့် လုပ်ရပ်မျိုးကို လုပ်ဆောင်သည်မှာ ပေါ်တူဂီနှင့် ပေါ်တူဂီတို့နှင့်
ပေါင်းဖော်သူများသာ လုပ်လေ့ရှိသည်သာဖြစ်
ပေသည်။ ရခိုင်ဒေသသားတို့သည် ပေါ်တူဂီတို့
နှင့်ပေါင်း၍ စစ်သုံ့ပန်းများ၊ ပြန်ပေးဆွဲ၍ မရွေး
နိုင်သည့် သူများကို လူဈေးကွက်၌ လေလံတင်
ရောင်းချသည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသလို၊
ဒက္ကား နယူးဒေလီအထိအောင်ပင် လူဖမ်း
ထွက်ကြသည်ဆို၏။ ရခိုင်မြောက်ပိုင်း၌ ထိုသို့
လူလေလံတင်ရောင်းချသည့် ဈေးပင် ရှိခဲ့သည်ဟု
ဆိုသည်။ ငဇင်ကာသည်လည်း သန်လျင်၌
ထိုသို့ လူရောင်းသည့် ဈေးကွက် ပြုလုပ်ခဲ့သည်
ဆို၏။ ထိုစဉ်က ပေါ်တူဂီ ဖာရင်ဂီ ငဇင်ကာ၏
သား သို့ သမီးပေး၍ ခမည်းခမက်တော်ထားသည့်
တလိုင်း/မွန် ပဲကူးစားသည်သာလျှင် ငဇင်ကာနှင့်
အတူ ထို သုံ့လူရောင်းဝယ်ဖောက်ကားသည့်
လုပ်ရပ်မျိုးကို လုပ်နိုင်ဖွယ် ရှိပေသည်။
အကယ်၍သာ အလောင်းမင်းတရားသည် ထိုသို့
အားဖြင့် မွန်တို့အား လူဈေးကွက်တင်၍ ရောင်း
ချခြင်း ပြုလုပ်ခဲ့သည် ဖြစ်ပါမူ၊ မြန်မာတို့၌ ထိုဓလေ့
ရှိသည်ဖြစ်ပါမူ အင်းဝ၊ ပြည်၊ ဒေါပုံ၊ တာမွေ၊
သန်လျင်၊ ကျိုက်ဖတိုင် တပ်များအား သိမ်းပိုက်
စဉ်အခါကပင်လျှင် ပြုကျင့်ခဲ့ဖွယ်ရာ ရှိပေသည်။
ထိုသို့ ရှေ့က ဖမ်းမိသည့် သုံ့လူများအား မပြု
လုပ်ခဲ့ပါဘဲ ပဲကူးကျသော်မှ ထူးခြား၍ လူရောင်း
သည် ဆိုသည်မှာ ယုတ္တိနှင့် ဆက်စပ်၍ ဖြစ်နိုင်
သည် မဟုတ်ပါပေ။ ထိုသို့သာ ပြုလုပ်သည်
ဖြစ်ရိုးမှန်ပါက အလောင်းတရားက မရှုံ့မချ
ဆက်လက်တာဝန်ထမ်းဆောင်စေသော တလိုင်း/
မွန် စစ်သူကြီး ဒေါစွယ်ယစက် မှာ မြန်မာတပ်၌
အမှုထမ်းရ၍ မုတ္တမစားအဖြစ် ခန့်ထားခံရမည်
မဟုတ်သကဲ့သို့ သံလျင်အပျက်၌ ဖမ်းမိသည့် ၎င်း၏ သားမယားများမှာလည်း ၎င်းနှင့် ပြန်လည်
ဆုံတွေ့ဖွယ်ရာလမ်းမမြင်ပေ။
ရှမ်းပြည်၊ ယိုးဒယားတို့ဘက်သို့ တလိုင်း/မွန်တို့
ထွက်ပြေးခိုလှုံသည်မှာလည်း ဆန်းကျယ်သည်
မဟုတ်ပေ။ ပဲကူး၌ အဝိုင်းခံထားရသည့် မြို့တွင်း
သားများမှလွဲ၍ လူ ၁၀၀၀၀ ခန့် ယိုးဒယားတို့
လက်အောက် သစ္စာခံခိုလှုံသွားသည်ဟု ဆို၏။
အဆိုပါ တလိုင်း/မွန် ရဟန်း ဦးအာသဝမှာ
ကိုယ်တိုင် မမြင်မတွေ့ခဲ့ရသည့် ပဲကူး ကျဆုံးခန်း
ကို ချဲ့ကားလီဆည်သော တဆင့်စကားများမှ
သော်လည်းကောင်း၊ ၎င်းတို့ ပဲကူးမင်းတို့၌
ထုံးစံရှိခဲ့သည်ဖြစ်သည်ကြောင့် ထိုသို့ပြုလုပ်
လိမ့်မည်ဟု အထင်နှင့်သော်လည်းကောင်း
နှောင်း တလိုင်း/မွန်တို့ မြန်မာတို့အပေါ် နာကျည်း
မုန်းတီးစေရန် ရည်ရွယ်၍ ရဟန်းဖြစ်ပါလျက်
လုပ်ကြံ ရေးသားခဲ့သည်ဖြစ်သည်သာပင်။
ထိုကာလ ယိုးဒယားတို့ လူစွမ်းလူစ အတော်အတန်
ပြသနေသည့် အချိ်န်ဖြစ်ပြီး ဗီယက်နမ်တောင်ပိုင်း
က သိမ်းပိုက်ထားသည့် ကမ္ဘောဒီးယားကို တိုက်
ခိုက်သိမ်းပိုက်ခြင်းများ၊ လာအိုကို တိုက်ခိုက်ခြင်း
များ၊ မလေးကျွန်းဆွယ်ဘက်သို့ တိုက်ခိုက်ခြင်း
များ ပြုလုပ်နေခဲ့ပြီး မြန်မာနိုင်ငံ၌ မြန်မာနှင့်
တလိုင်း/မွန်တို့ စစ်ကြီးဖြစ်လျက်ရှိသည်ကို အခွင့်
ကောင်းယူ အစွမ်းပြလျက်ရှိသည်။
ထိုကာလ ယိုးဒယားဘုရင်မှာ - အုဒုမ္ဗရ(Uthumphon) ဖြစ်သည်။ ထို ယိုးဒယား
ဘုရင်သည် အင်အားတောင့်တင်းလာသည့်
အလျောက် ကုန်းဘောင်အင်ပါယာ မြန်မာနိုင်ငံ
တော်၏ အရှင်သခင် အလောင်းမင်းတရားကြီးအား
သွေးတိုးစမ်းသည့် ကိစ္စရပ်တစ်ခု ပြုလုပ်ခဲ့
ပေသည်။
မြန်မာသက္ကရာဇ် ၁၁၂၁၊ ခရစ်နှစ် AD 1759 ၌
ယိုးဒယားတို့သည် ထားဝယ်ဒေသအချို့ကို
တိုက်ခိုက်သိမ်းယူခြင်း၊ ရန်ကုန်သို့လာမည့် သငေ်္ဘာ ၃ စီးအား ချုပ်ကိုင်တားဆီး သိမ်းယူခြင်း
စသည့် လုပ်ရပ်များကို ပဲကူးကို ဝန်းရံထားစဉ်ကပင် လာရောက်သစ္စာခံခိုလှုံသည့် မြန်မာ့ပိုင်နက် ထားဝယ်နှင့်တနင်္သာရီအား ပြောင်ပြောင်တင်းတင်း
ကျူးကျော်ရန်စမှုများ ပြုလုပ်လာကြ၏။
ရန်ကုန်တွင် ကောင်းမှုကုသိုလ်လာရောက်ပြုလုပ်
တော်မူပြီးနောက် ရွှေဘိုသို့ပြန်တော်မူရင်ပြင်ဆင်
နေသည့် အလောင်းမင်းတရားကြီးထံသို့
ပုဂံခေတ်မှစ၍ မြန်မာမင်းအဆက်ဆက်တို့ထံ၌သာ
ယုံကြည် လေးစားစွာ အစဉ် သစ္စာခံခဲ့သော
အထူးအားကိုးရသည့် ထားဝယ်သား၊ တနင်္သာရီ
သားတို့ထံမှ ထိုသတင်းစကား ရောက်လာသည့်
အခါ အလောင်းမင်းတရားကြီးသည် မှူးမတ်တို့က
ရွှေဘိုနန်းတော်အား မိုးကြိုး ၁၃ ချက် တပြိုင်နက်
ကျသည်ကြောင့် ဇာတာတော်မသန့်၊ နောင်နှစ်မှ
စစ်ချီပါရန် လျှောက်ထားသည်ကို မှုတော်မမူဘဲ
ထားဝယ်နှင့် တနင်္သာရီအား နှိပ်စက်စော်ကား
မြန်မာ့ပိုင်နက်ကို ထိပါးကျူးကျော်လာသည့်
ယိုဒယားတို့အား ဆုံးမ၍ နောင် ခြေလက်မထူ
နိုင်အောင် အယုဒ္ဓယမြို့ကိုပါ သိမ်းပိုက်ပစ်ပြီး
ယိုးဒယားမြေအလုံး ပုဂံ တောင်ငူ မြန်မာနိုင်ငံတော်
ကြီးများကာလကကဲ့သို့ ကုန်းဘောင်အင်ပါယာ၏
ပိုင်နက်အဖြစ် သတ်မှတ်ရန် ယိုးဒယားသို့
မဆိုင်းမတွ စစ်ချီလေတော့သည်။
……………………………………………………။
ပုံစာ -
အရှည် ၄ တောင် ၁ မိုက် လေးသစ်၊ ကျည်ဝင်
၇၅ ကျပ်၊ ကျည်ဝ လက်လေးသစ်ခွဲ၊
အမြောက်ချိန် ၇၅၀ ပိဿာ၊
တန်ဖိုး ငွေ ၇ပိဿာ ၅၀ ပေး၍
မွန်တို့ အာရပ်သငေ်္ဘာတစ်စီးထံမှ ဝယ်ယူပြီး
အင်းဝတွင်ထားရာက၊ အင်းဝမှ မွန်တို့ထွက်ပြေးစဉ်
ရေ၌ ချခဲ့သည်ကို အာကာရွှေတောင် ပြည်မြို့အနီး ဧရာဝတီမြစ်အတွင်းက ဆယ်ယူ၍
အလောင်းမင်းတရားကြီးလက်ထက် အသုံးပြု
ခဲ့သော၊ တစ်ချက်ပစ်လျှင် အသံသုံးချက်ဆင့်
ထွက်၍ လှေဦးကဝင်လျှင် လှေပဲ့ထိတိုင် စင်းလုံး
မှန်သည်ဟု ကျော်စောသည့်
ရန်သူတို့ ထိတ်လန့်ခြောက်ခြားသည်ဖြစ်ရာ
ရွှေချထားသော
နာမည်ကျော် "ရန်ပုံခွင်းအမြောက်" ပုံစံငယ်။

No comments:

Post a Comment