Wednesday, September 25, 2019

"ယြန္းႀကီး"
(အပိုင္း ၄)
……………………………………………။




ဘႀကီးေတာ္ဟာ ယြန္းႀကီးျပည္ကို ေစလႊတ္
လိုက္တဲ႔ သံအဖြဲ့ကို မွာၾကားရာမွာ မည္သည့္
အေျခအေနမ်ိဳးေရာက္ရင္ မည္သည့္စကားမ်ိဳး
ေျပာရမယ္ ဆိုတာကအစ အမိန့္ေတာ္စာထုတ္
ျပီး အတိအက် အခ်က္လက္နဲ႔ အေသအခ်ာ
မွတ္တမ္းတင္ျပီးမွ လႊတ္လိုက္တာပါ။
ဒီအခ်က္ေတြက ျမန္မာေတြဟာ မွတ္တမ္းမွတ္ရာ
အားနည္းျပီး ပရမ္းပတာေတြျဖစ္ေလဟန္ ရႈတ္ခ်
ေနသူေတြရဲ႕ အမနာပေတြဟာ မဟုတ္တမ္း
တရားေတြသာျဖစ္ေၾကာင္း သိရမွာလည္းပဲ
ျဖစ္ပါတယ္။ ဘႀကီးေတာ္အေနနဲ႔ ယြန္းႀကီးမင္း
ဆီကို သံဖက္ခံျပီး ျပန္လည္ေစလႊတ္ရာမွာ
တန္ဖိုးရွိ လက္ေဆာင္မ်ားလည္း ေပးအပ္လိုက္
သလို ဘန္ေကာက္ရွမ္းယိုးဒယားေတြကို ရွင္းလင္း
ပစ္မွာျဖစ္ေၾကာင္းလည္း အာမခံလိုက္ပါတယ္။
ဘႀကီးေတာ္ရဲ႕ ျမန္မာႏိုင္ငံေတာ္ မည္မ်ွက်ယ္
ဝန္းေၾကာင္းနဲ႔ ယခု အေရးအခင္းျဖစ္ရာ နယ္ေျမ
ေတြဟာ ဘုရင့္ေနာင္မင္းတရားလက္ထက္
ကတည္းက ျမန္မာပိုင္နက္နယ္ေျမမ်ားျဖစ္ေၾကာင္း၊
ဘန္ေကာက္ရွမ္းယိုးဒယားေတြ သစၥာမဲ႔ၿပီး သူခိုး
ဓားျပမ်ားကဲ႔သို့ က်င့္ႀကံၾကေၾကာင္းကိုပါ ထည့္
သြင္း မွာၾကားလိုက္ပါေသးတယ္။ ဒါ့အျပင္ ျမန္မာ
သံေတြကိုလည္း တိုင္းႀကီးျပည္ႀကီးသားမ်ားျပီျပီ
လမ္းခရီးမွာ မေဖာက္မျပန္ဘဲ ေကာင္းမြန္ခန့္ညား
စြာ သြားဖို့နဲ႔ အေရးအရာမ်ားေျပာဆိုရာမွာ မည္သည့္ စကားမ်ားကိုေျပာဆိုဖို့၊ မည္သည့္
အေၾကာင္းအရာမ်ားကို ထည့္သြင္းေျပာဆိုဖို့
ဆိုတာေတြကအစ ယူေဆာင္သြားရမယ့္ ပစၥည္း
ကိရိယာ စာရင္းဇယားပါမက်န္  အမိန့္ေတာ္ ထုတ္ျပန္ စာနဲ႔ မွတ္တမ္းတင္ေပးလိုက္တာပါ။
ဘႀကီးေတာ္ဟာ ဘန္ေကာက္ကို အမႈန့္ေခ်
ေတာ့မွာပါ။ ဘန္ေကာက္သားေတြကို ရွင္းလင္း
သုတ္သင္မွာျဖစ္ေၾကာင္းလည္း ယြန္းႀကီးမင္းကို
သံအဖြဲ႕နဲ႔အတူ ကတိေပးလိုက္ျပီျဖစ္ပါတယ္။
ျမန္မာသံအဖြဲ႕ဟာ သေဘၤာ ၂ စင္း အေျမာက္
ေသနတ္ လက္နက္ခဲယမ္း ရိကၡာ အျပည့္အစံု
ယြန္းႀကီးသံေတြနဲ႔ အတူ ယြန္းႀကီးတိုင္းျပည္
ေဝွ႔ျမိဳ႕ကို ပင္လယ္လမ္းခရီး ရြက္လႊင့္ခဲ႔ၾကပါတယ္။
ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ဗီယက္နမ္ ေရာက္
စဥ္ကာလ ဗီယက္နမ္က ပုဂၢိဳလ္ေတြက ႏိုင္ငံေတာ္
အတိုင္ပင္ခံကို ဗီယက္နမ္နဲ႔ ျမန္မာဟာ ဒီဘက္
ေခတ္က်မွ သံတမန္အဆက္အသြယ္ရွိတာ မဟုတ္
ဘဲ ဘႀကီးေတာ္ လက္ထက္ကတည္းက အဆက္
အသြယ္ရွိေၾကာင္း ေျပာဆိုခဲ႔ပါတယ္။
တကယ္ေတာ့ ဘႀကီးေတာ္လက္ထက္မွသာလ်ွင္
မဟုတ္ဘဲ ဘိုးေတာ္ဘုရားလက္ထက္ ကတည္းက
အဆက္အသြယ္ရွိခဲ႔တာပါ။ ဘိုးေတာ္ဘုရား
လက္ထက္ရဲ႕ေရွ႕ ေတာင္ငူအင္ပါယာ ျမန္မာႏိုင္ငံ
ေတာ္ အရွင္သခင္ ဘုရင့္ေနာင္မင္းတရားႀကီးရဲ႕
လက္ထက္ကတည္းက ရွိခဲ႔တာပါ။ ဘုရင့္ေနာင္ရဲ႕
ေရွ႕ ပုဂံအင္ပါယာ ျမန္မာႏိုင္ငံေတာ္ အရွင္သခင္
အေနာ္ရထာ လက္ထက္ကတည္းက ရွိခဲ႔တာပါ။
ဘုန္းမီးေနလ ေတာက္ပေနတဲ႔ ျမန္မာေတြဆီကို
၎ ယြန္းႀကီးေတြဟာ အဆင့္တူ သံေတြအျဖစ္နဲ႔
လာေရာက္ခဲ႔ၾကတာ မဟုတ္ဘဲ လက္ေအာက္ခံ
သံေတြအျဖစ္ လာေရာက္ခဲ႔ၾကတာလည္း ျဖစ္ပါ
တယ္။ အေနာ္ရထာဟာ မဲေခါင္ျမစ္တေလ်ာက္
သိမ္းပိုက္ခဲ႔ေၾကာင္း ယိုးဒယားရာဇဝင္ေဟာင္း
ေတြက ဆိုပါတယ္။ ၎ေဒသတစ္ခုလံုး ဗုဒၶသာ
သနာထြန္းလင္းရျခင္းဟာ အေနာ္ရထာရဲ႕ မ်ိဳးေစ့ခ်
သာသနာျပဳမႈေၾကာင့္ ျဖစ္တယ္လို့လည္း ဆိုပါတယ္။ ဘုရင့္ေနာင္မင္းတရားႀကီးလက္ထက္
မွာ ဘုရင့္ေနာင္ဟာ အေနာ္ရထာရဲ႕ ပုဂံအင္ပါယာ
ေလာက္ ျမန္မာႏိုင္ငံေတာ္ႀကီးကို ထူေထာင္ႏိုင္
ခဲ႔ရာမွာ လက္ေအာက္ခံတိုင္းျပည္ စာရင္းေတြမွာ
မ်က္ႏွာမည္း တိုင္းျပည္ဆိုတာလည္း အပါအဝင္
ျဖစ္ပါတယ္။ အဲဒီ မ်က္ႏွာမည္းတိုင္းျပည္ဆိုတာ
ယခု ေဖာ္ျပတဲ႔ ဘႀကီးေတာ္ဆီ စစ္ေရး အကူအညီ
လာေတာင္းတဲ႔ ယြန္းႀကီးတိုင္းျပည္(ယခု အေခၚ)
ဗီယက္နမ္ႏိုင္ငံ ျဖစ္ပါတယ္။ ဗီယက္နမ္ႏိုင္ငံရဲ႕
ျမိဳ႕ေတာ္ကို ေတာင္ပိုင္းဘက္ မေရႊ႕ေျပာင္းခင္က
ဗီယက္နမ္ႏိုင္ငံ အလယ္ဘက္က ေဝွ႔ျမိဳ႕ဟာ ဗီယက္
နမ္ ဘုရင္ ထီးနန္းစိုက္ရာ ျမိဳ႕ေတာ္ျဖစ္ပါတယ္။
ယြန္းႀကီး ေခၚ မ်က္ႏွာမည္း ေခၚ ဗီယက္နမ္ ႏိုင္ငံရဲ႕
ေဝွ႔ျမိဳ႕ ထီးနန္းစိုက္ျပီး ခမာနယ္ေတြကို သိမ္းပိုက္
ခဲ႔တဲ႔ က်ားလံုဟာ ငုယင္မင္းဆက္ကို စတင္ ထူ
ေထာင္သူ ျဖစ္ျပီး ဗီယက္နမ္ေတြ အမည္ေရွ႕မွာ
ငုယင္တပ္တာဟာ အဲဒီကာလက စတယ္လို့
ဆိုရမွာျဖစ္ပါတယ္။ အဲဒီ ကိုခ်င္ခ်ိဳင္းနား ေဒသႀကီး
တစ္ခုလံုးဟာ အေနာ္ရထာနဲ႔ ဘုရင့္ေနာင္လက္
ထက္ ျမန္မာ့ပိုင္နက္နယ္ပယ္ ျဖစ္ခဲ႔တယ္ဆိုတာ
ဒီ အဆက္အစပ္ အေထာက္အထားေတြက သက္
ေသ ခံေနသလို အေနာ္ရထာ ဂ်ာဗားအထိ တက္
ေရာက္ သိမ္းပိုက္ခဲ႔တယ္လို့ ဟာေဗးတို့ ဖယ္ယာတို့
ယံုၾကည္ေလာက္ေစခဲ႔တဲ႔ အေထာက္အထားေတြရဲ႕
အဆက္အစပ္ေတြလည္း ျဖစ္ပါတယ္။
မယံုၾကည္စရာ အေၾကာင္းလည္း မရွိပါဘူး။
ဘန္ေကာက္ ေျမာက္ဘက္အရပ္မွာ ေက်ာ္ပုဂံ ဆို
တဲ႔ အမည္နဲ႔ ၿမိဳ႕တစ္ျမိဳ႕ရွိေနျခင္းက ကိုခ်င္ခ်ိဳင္းနား
တေလ်ာက္ ပုဂံသားေတြ ေျခခ်ခဲ႔တယ္ ဆိုတာရဲ႕
အမွတ္အသားလို့ ေျပာႏိုင္သလို ကေမ႓ာဒီးယား
ေတာင္ပိုင္းနဲ႔ ဗီယက္နမ္ ေတာင္ပိုင္း ေဒသေတြမွာ
ပုဂံအဆက္အႏြယ္ ျမန္မာ အခ်ိဳ႕ က်န္ရွိေနေသး
တယ္လို့လည္း ဆိုပါတယ္။ ဘုရင့္ေနာင္ လက္
ထက္ ဗီယက္နမ္ ေျမာက္ပိုင္းကို ခ်ီတက္ရာမွာ
ေျမာက္ပိုင္းက တပ္ေတြနဲ႔ တိုက္ပြဲေတြျဖစ္ပြားခဲ႔ျပီး
ျမန္မာတပ္ေတြ နယ္ေျမစိုးမိုးခဲ႔တယ္လို့ ယိုးဒယား
ရာဇဝင္ေဟာင္းေတြက ဆိုေၾကာင္းကို ဟာေဗး
ေရးသားခဲ႔ဖူးတဲ႔ ယခု အေခၚ ဗီယက္နမ္ ဟာ
တိုင္/တိုက္/ဒိုင္/ဒိုက္ ဗိယက္ အမည္နဲ႔ ကမ႓ာ့
သမိုင္းဆရာေတြ အမွတ္သညာျပဳထားခဲ႔တာပါ။
ျမန္မာေတြက မ်က္ႏွာမည္းတိုင္းျပည္လို့  လက္
ေအာက္ခံ ႏိုင္ငံစာရင္း ထည့္သြင္းခဲ႔တဲ႔ ၎တို့ဟာ
ကုန္းေဘာင္ေခတ္မွာေတာ့ ယြန္းႀကီးတိုင္းျပည္
လို့ အမည္ ေျပာင္းလဲသြားျပန္ပါျပီ။
ယခုအခါမွာေတာ့ ဗီယက္နမ္ ႏိုင္ငံအျဖစ္ ကမ႓ာက
အသိအမွတ္ျပဳထားေပမယ့္ ေတာင္ပိုင္းေဒသဟာ
တကယ္တမ္းေတာ့ ေျမာက္ပိုင္း ဗိယက္ေတြရဲ႕
မူလေဒသ မဟုတ္ဘဲ ဂ်ာဗားက ေရာက္လာတဲ႔
မင္းသားတစ္ပါးက စတင္ထူေထာင္တဲ႔ ခမာအင္ပါ
ယာ အစ ၾကြမ္း ႏိုင္ငံရဲ႕ ေဒသျဖစ္ပါတယ္။
ဒါေၾကာင့္ ဗီယက္နမ္ႏိုင္ငံ ေတာင္ပိုင္းမွာ ဆိုရင္
ခမာယဥ္ေက်းမႈေတြ အမ်ားအျပား ေတြ႕ရွိရမွာ
လည္း ျဖစ္ပါတယ္။ ေျမာက္ပိုင္းေဒသကေတာ့
တရုတ္ယဥ္ေက်းမႈ လႊမ္းမိုးတဲ႔ အရပ္ေဒသ ျဖစ္ျပီး
ေတာင္ပိုင္းေဒသကေတာ့ ခမာယဥ္ေက်းမႈ
လႊမ္းမိုးတဲ႔ အရပ္ေဒသပါ။ Ponagar ေက်ာက္စာ
အပါအဝင္ အျခားေက်ာက္စာမ်ားရဲ႕ ေဖာ္ျပခ်က္
မ်ားမွာလည္း AD 13 ရာစုမွာ ပုဂံသားေတြနဲ႔
စစ္ျဖစ္ၾကေၾကင္း ေဖာ္ျပထားပါတယ္။
၎ေဒသမွာ ဗီယက္နမ္ ႏိုင္ငံအျဖစ္
မေပၚေပါက္ေသးခင္ ကာလမွာေတာ့ ေတာင္ပိုင္း
နဲ႔ ကေမ႓ာဒီးယား ေဒသေတြဟာ ခမာအင္ပါယာ
အျဖစ္ တည္ရွိေနခဲ႔တာ ျဖစ္ျပီး အဲဒီ ခမာ အင္ယာ
ကို အေနာ္ရထာသိမ္းပိုက္ခဲ႔ပါတယ္။ ဘုရင့္ေနာင္
လက္ထက္မွာလည္း သိမ္းပိုက္ခဲ႔သလို ကုန္းေဘာင္
ေခတ္မွာလည္း ဆင္ျဖဴရွင္(ေျမဒူးမင္း)ရဲ႕ အယုဒၶယ
ကိုေျမလွန္ျပီး တရုတ္စစ္ကို ေအာင္ျမင္ႏိုင္ခဲ႔တဲ႔
စြမ္းရည္ေၾကင့္ ဘိုးေတာ္ဘုရား လက္ထက္ေရာ
ဘႀကီးေတာ္ လက္ထက္မွာပါ သံတမန္ေရး စစ္ေရး
အကူအညီေတြ လာေရာက္ေတာင္းခံခဲ႔တာလည္း
ျဖစ္ပါတယ္။ ဘႀကီးေတာ္လက္ထက္ ယြန္းႀကီး
သံေတြ လာေရာက္ခဲ႔ျခင္း မွတ္တမ္းကတဆင့္
ဗီယက္နမ္အပါအဝင္ အေရွ႕ေတာင္အာရွ ေဒသ
ႀကီး တစ္ခုလံုးေလာက္ဟာ ပုဂံအင္ပါယာ ေတာင္ငူ
အင္ပါယာ စတဲ႔ ျမန္မာႏိုင္ငံေတာ္ႀကီးရဲ႕ အစိတ္ အပိုင္း ၾသဇာခံနယ္ေျမေတြ ျဖစ္ခဲ႔တယ္ဆိုတာကို
ဆက္စပ္ ထုတ္ေဖာ္ျပသေနတာလည္းပဲ ျဖစ္ပါ
တယ္။ ဒီအခ်က္က ျမန္မာဟာ လြန္ခဲ႔တဲ႔ ႏွစ္
ေထာင္ခ်ီကတည္းက အေရွ႕ေတာင္အာရွရဲ႕
အင္အားႀကီး ႏိုင္ငံတစ္ခုျဖစ္ခဲ႔သလို သာသနာ
ေတာ္နဲ႔ ယဥ္ေက်းမႈျဖန့္ခ်ိရာ ကူးသန္းေရာင္းဝယ္
ရာဟဗဟိုခ်က္မ ျဖစ္ခဲ႔တယ္ဆိုတာ မျငင္းႏိုင္တဲ႔
အရွိတရားေတြပဲ ျဖစ္ပါေတာ့တယ္။

ပံုစာ -
၁/ ေဝွ႔ျမိဳ႕ (ယြန္းႀကီး ေခၚ ဗီယက္နမ္ဘုရင္ ထီးနန္း စိုက္ရာအရပ္ ျပပံု)
၂/ AD 1800 အေက်ာ္က ဗီယက္နမ္တို့ သိမ္းပိုက္
မိခဲ႔ရာ နယ္ေျမေဒသမ်ား)
၃/ AD 1833 ခုႏွစ္က တည္ေဆာက္ခဲ႔ေသာ
ယြန္းႀကီးတိုင္းျပည္(ဗီယက္နမ္)က နာမည္ေက်ာ္
Meridian Gate (ေဝွ႔ျမိဳ႕)
၄/ ယြန္းႀကီးျပည္ ေဝွ့ျမိဳ႕မွ ျမန္မာႏိုင္ငံ
မုတၱမဆိပ္သို့ လမ္းေၾကာင္း။
………………………………………………………။
ပင္မ ကိုး -
ကုန္းေဘာင္ေခတ္ စစ္ေရး သံတမန္ေရး ဆိုင္ရာ
မွတ္တမ္းမ်ား။

…………………………………………………………

"ယွန်းကြီး"
(အပိုင်း ၄)
……………………………………………။
ဘကြီးတော်ဟာ ယွန်းကြီးပြည်ကို စေလွှတ်
လိုက်တဲ့ သံအဖွဲ့ကို မှာကြားရာမှာ မည်သည့်
အခြေအနေမျိုးရောက်ရင် မည်သည့်စကားမျိုး
ပြောရမယ် ဆိုတာကအစ အမိန့်တော်စာထုတ်
ပြီး အတိအကျ အချက်လက်နဲ့ အသေအချာ
မှတ်တမ်းတင်ပြီးမှ လွှတ်လိုက်တာပါ။
ဒီအချက်တွေက မြန်မာတွေဟာ မှတ်တမ်းမှတ်ရာ
အားနည်းပြီး ပရမ်းပတာတွေဖြစ်လေဟန် ရှုတ်ချ
နေသူတွေရဲ့ အမနာပတွေဟာ မဟုတ်တမ်း
တရားတွေသာဖြစ်ကြောင်း သိရမှာလည်းပဲ
ဖြစ်ပါတယ်။ ဘကြီးတော်အနေနဲ့ ယွန်းကြီးမင်း
ဆီကို သံဖက်ခံပြီး ပြန်လည်စေလွှတ်ရာမှာ
တန်ဖိုးရှိ လက်ဆောင်များလည်း ပေးအပ်လိုက်
သလို ဘန်ကောက်ရှမ်းယိုးဒယားတွေကို ရှင်းလင်း
ပစ်မှာဖြစ်ကြောင်းလည်း အာမခံလိုက်ပါတယ်။
ဘကြီးတော်ရဲ့ မြန်မာနိုင်ငံတော် မည်မျှကျယ်
ဝန်းကြောင်းနဲ့ ယခု အရေးအခင်းဖြစ်ရာ နယ်မြေ
တွေဟာ ဘုရင့်နောင်မင်းတရားလက်ထက်
ကတည်းက မြန်မာပိုင်နက်နယ်မြေများဖြစ်ကြောင်း၊
ဘန်ကောက်ရှမ်းယိုးဒယားတွေ သစ္စာမဲ့ပြီး သူခိုး
ဓားပြများကဲ့သို့ ကျင့်ကြံကြကြောင်းကိုပါ ထည့်
သွင်း မှာကြားလိုက်ပါသေးတယ်။ ဒါ့အပြင် မြန်မာ
သံတွေကိုလည်း တိုင်းကြီးပြည်ကြီးသားများပြီပြီ
လမ်းခရီးမှာ မဖောက်မပြန်ဘဲ ကောင်းမွန်ခန့်ညား
စွာ သွားဖို့နဲ့ အရေးအရာများပြောဆိုရာမှာ မည်သည့် စကားများကိုပြောဆိုဖို့၊ မည်သည့်
အကြောင်းအရာများကို ထည့်သွင်းပြောဆိုဖို့
ဆိုတာတွေကအစ ယူဆောင်သွားရမယ့် ပစ္စည်း
ကိရိယာ စာရင်းဇယားပါမကျန်  အမိန့်တော် ထုတ်ပြန် စာနဲ့ မှတ်တမ်းတင်ပေးလိုက်တာပါ။
ဘကြီးတော်ဟာ ဘန်ကောက်ကို အမှုန့်ချေ
တော့မှာပါ။ ဘန်ကောက်သားတွေကို ရှင်းလင်း
သုတ်သင်မှာဖြစ်ကြောင်းလည်း ယွန်းကြီးမင်းကို
သံအဖွဲ့နဲ့အတူ ကတိပေးလိုက်ပြီဖြစ်ပါတယ်။
မြန်မာသံအဖွဲ့ဟာ သငေ်္ဘာ ၂ စင်း အမြောက်
သေနတ် လက်နက်ခဲယမ်း ရိက္ခာ အပြည့်အစုံ
ယွန်းကြီးသံတွေနဲ့ အတူ ယွန်းကြီးတိုင်းပြည်
ဝှေ့မြို့ကို ပင်လယ်လမ်းခရီး ရွက်လွှင့်ခဲ့ကြပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဗီယက်နမ် ရောက်
စဉ်ကာလ ဗီယက်နမ်က ပုဂ္ဂိုလ်တွေက နိုင်ငံတော်
အတိုင်ပင်ခံကို ဗီယက်နမ်နဲ့ မြန်မာဟာ ဒီဘက်
ခေတ်ကျမှ သံတမန်အဆက်အသွယ်ရှိတာ မဟုတ်
ဘဲ ဘကြီးတော် လက်ထက်ကတည်းက အဆက်
အသွယ်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
တကယ်တော့ ဘကြီးတော်လက်ထက်မှသာလျှင်
မဟုတ်ဘဲ ဘိုးတော်ဘုရားလက်ထက် ကတည်းက
အဆက်အသွယ်ရှိခဲ့တာပါ။ ဘိုးတော်ဘုရား
လက်ထက်ရဲ့ရှေ့ တောင်ငူအင်ပါယာ မြန်မာနိုင်ငံ
တော် အရှင်သခင် ဘုရင့်နောင်မင်းတရားကြီးရဲ့
လက်ထက်ကတည်းက ရှိခဲ့တာပါ။ ဘုရင့်နောင်ရဲ့
ရှေ့ ပုဂံအင်ပါယာ မြန်မာနိုင်ငံတော် အရှင်သခင်
အနော်ရထာ လက်ထက်ကတည်းက ရှိခဲ့တာပါ။
ဘုန်းမီးနေလ တောက်ပနေတဲ့ မြန်မာတွေဆီကို
၎င်း ယွန်းကြီးတွေဟာ အဆင့်တူ သံတွေအဖြစ်နဲ့
လာရောက်ခဲ့ကြတာ မဟုတ်ဘဲ လက်အောက်ခံ
သံတွေအဖြစ် လာရောက်ခဲ့ကြတာလည်း ဖြစ်ပါ
တယ်။ အနော်ရထာဟာ မဲခေါင်မြစ်တလျောက်
သိမ်းပိုက်ခဲ့ကြောင်း ယိုးဒယားရာဇဝင်ဟောင်း
တွေက ဆိုပါတယ်။ ၎င်းဒေသတစ်ခုလုံး ဗုဒ္ဓသာ
သနာထွန်းလင်းရခြင်းဟာ အနော်ရထာရဲ့ မျိုးစေ့ချ
သာသနာပြုမှုကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဘုရင့်နောင်မင်းတရားကြီးလက်ထက်
မှာ ဘုရင့်နောင်ဟာ အနော်ရထာရဲ့ ပုဂံအင်ပါယာ
လောက် မြန်မာနိုင်ငံတော်ကြီးကို ထူထောင်နိုင်
ခဲ့ရာမှာ လက်အောက်ခံတိုင်းပြည် စာရင်းတွေမှာ
မျက်နှာမည်း တိုင်းပြည်ဆိုတာလည်း အပါအဝင်
ဖြစ်ပါတယ်။ အဲဒီ မျက်နှာမည်းတိုင်းပြည်ဆိုတာ
ယခု ဖော်ပြတဲ့ ဘကြီးတော်ဆီ စစ်ရေး အကူအညီ
လာတောင်းတဲ့ ယွန်းကြီးတိုင်းပြည်(ယခု အခေါ်)
ဗီယက်နမ်နိုင်ငံ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့
မြို့တော်ကို တောင်ပိုင်းဘက် မရွှေ့ပြောင်းခင်က
ဗီယက်နမ်နိုင်ငံ အလယ်ဘက်က ဝှေ့မြို့ဟာ ဗီယက်
နမ် ဘုရင် ထီးနန်းစိုက်ရာ မြို့တော်ဖြစ်ပါတယ်။
ယွန်းကြီး ခေါ် မျက်နှာမည်း ခေါ် ဗီယက်နမ် နိုင်ငံရဲ့
ဝှေ့မြို့ ထီးနန်းစိုက်ပြီး ခမာနယ်တွေကို သိမ်းပိုက်
ခဲ့တဲ့ ကျားလုံဟာ ငုယင်မင်းဆက်ကို စတင် ထူ
ထောင်သူ ဖြစ်ပြီး ဗီယက်နမ်တွေ အမည်ရှေ့မှာ
ငုယင်တပ်တာဟာ အဲဒီကာလက စတယ်လို့
ဆိုရမှာဖြစ်ပါတယ်။ အဲဒီ ကိုချင်ချိုင်းနား ဒေသကြီး
တစ်ခုလုံးဟာ အနော်ရထာနဲ့ ဘုရင့်နောင်လက်
ထက် မြန်မာ့ပိုင်နက်နယ်ပယ် ဖြစ်ခဲ့တယ်ဆိုတာ
ဒီ အဆက်အစပ် အထောက်အထားတွေက သက်
သေ ခံနေသလို အနော်ရထာ ဂျာဗားအထိ တက်
ရောက် သိမ်းပိုက်ခဲ့တယ်လို့ ဟာဗေးတို့ ဖယ်ယာတို့
ယုံကြည်လောက်စေခဲ့တဲ့ အထောက်အထားတွေရဲ့
အဆက်အစပ်တွေလည်း ဖြစ်ပါတယ်။
မယုံကြည်စရာ အကြောင်းလည်း မရှိပါဘူး။
ဘန်ကောက် မြောက်ဘက်အရပ်မှာ ကျော်ပုဂံ ဆို
တဲ့ အမည်နဲ့ မြို့တစ်မြို့ရှိနေခြင်းက ကိုချင်ချိုင်းနား
တလျောက် ပုဂံသားတွေ ခြေချခဲ့တယ် ဆိုတာရဲ့
အမှတ်အသားလို့ ပြောနိုင်သလို ကမ္ဘောဒီးယား
တောင်ပိုင်းနဲ့ ဗီယက်နမ် တောင်ပိုင်း ဒေသတွေမှာ
ပုဂံအဆက်အနွယ် မြန်မာ အချို့ ကျန်ရှိနေသေး
တယ်လို့လည်း ဆိုပါတယ်။ ဘုရင့်နောင် လက်
ထက် ဗီယက်နမ် မြောက်ပိုင်းကို ချီတက်ရာမှာ
မြောက်ပိုင်းက တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး
မြန်မာတပ်တွေ နယ်မြေစိုးမိုးခဲ့တယ်လို့ ယိုးဒယား
ရာဇဝင်ဟောင်းတွေက ဆိုကြောင်းကို ဟာဗေး
ရေးသားခဲ့ဖူးတဲ့ ယခု အခေါ် ဗီယက်နမ် ဟာ
တိုင်/တိုက်/ဒိုင်/ဒိုက် ဗိယက် အမည်နဲ့ ကမ္ဘာ့
သမိုင်းဆရာတွေ အမှတ်သညာပြုထားခဲ့တာပါ။
မြန်မာတွေက မျက်နှာမည်းတိုင်းပြည်လို့  လက်
အောက်ခံ နိုင်ငံစာရင်း ထည့်သွင်းခဲ့တဲ့ ၎င်းတို့ဟာ
ကုန်းဘောင်ခေတ်မှာတော့ ယွန်းကြီးတိုင်းပြည်
လို့ အမည် ပြောင်းလဲသွားပြန်ပါပြီ။
ယခုအခါမှာတော့ ဗီယက်နမ် နိုင်ငံအဖြစ် ကမ္ဘာက
အသိအမှတ်ပြုထားပေမယ့် တောင်ပိုင်းဒေသဟာ
တကယ်တမ်းတော့ မြောက်ပိုင်း ဗိယက်တွေရဲ့
မူလဒေသ မဟုတ်ဘဲ ဂျာဗားက ရောက်လာတဲ့
မင်းသားတစ်ပါးက စတင်ထူထောင်တဲ့ ခမာအင်ပါ
ယာ အစ ကြွမ်း နိုင်ငံရဲ့ ဒေသဖြစ်ပါတယ်။
ဒါကြောင့် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှာ ဆိုရင်
ခမာယဉ်ကျေးမှုတွေ အများအပြား တွေ့ရှိရမှာ
လည်း ဖြစ်ပါတယ်။ မြောက်ပိုင်းဒေသကတော့
တရုတ်ယဉ်ကျေးမှု လွှမ်းမိုးတဲ့ အရပ်ဒေသ ဖြစ်ပြီး
တောင်ပိုင်းဒေသကတော့ ခမာယဉ်ကျေးမှု
လွှမ်းမိုးတဲ့ အရပ်ဒေသပါ။ Ponagar ကျောက်စာ
အပါအဝင် အခြားကျောက်စာများရဲ့ ဖော်ပြချက်
များမှာလည်း AD 13 ရာစုမှာ ပုဂံသားတွေနဲ့
စစ်ဖြစ်ကြကြေင်း ဖော်ပြထားပါတယ်။
၎င်းဒေသမှာ ဗီယက်နမ် နိုင်ငံအဖြစ်
မပေါ်ပေါက်သေးခင် ကာလမှာတော့ တောင်ပိုင်း
နဲ့ ကမ္ဘောဒီးယား ဒေသတွေဟာ ခမာအင်ပါယာ
အဖြစ် တည်ရှိနေခဲ့တာ ဖြစ်ပြီး အဲဒီ ခမာ အင်ယာ
ကို အနော်ရထာသိမ်းပိုက်ခဲ့ပါတယ်။ ဘုရင့်နောင်
လက်ထက်မှာလည်း သိမ်းပိုက်ခဲ့သလို ကုန်းဘောင်
ခေတ်မှာလည်း ဆင်ဖြူရှင်(မြေဒူးမင်း)ရဲ့ အယုဒ္ဓယ
ကိုမြေလှန်ပြီး တရုတ်စစ်ကို အောင်မြင်နိုင်ခဲ့တဲ့
စွမ်းရည်ကြေင့် ဘိုးတော်ဘုရား လက်ထက်ရော
ဘကြီးတော် လက်ထက်မှာပါ သံတမန်ရေး စစ်ရေး
အကူအညီတွေ လာရောက်တောင်းခံခဲ့တာလည်း
ဖြစ်ပါတယ်။ ဘကြီးတော်လက်ထက် ယွန်းကြီး
သံတွေ လာရောက်ခဲ့ခြင်း မှတ်တမ်းကတဆင့်
ဗီယက်နမ်အပါအဝင် အရှေ့တောင်အာရှ ဒေသ
ကြီး တစ်ခုလုံးလောက်ဟာ ပုဂံအင်ပါယာ တောင်ငူ
အင်ပါယာ စတဲ့ မြန်မာနိုင်ငံတော်ကြီးရဲ့ အစိတ် အပိုင်း သြဇာခံနယ်မြေတွေ ဖြစ်ခဲ့တယ်ဆိုတာကို
ဆက်စပ် ထုတ်ဖော်ပြသနေတာလည်းပဲ ဖြစ်ပါ
တယ်။ ဒီအချက်က မြန်မာဟာ လွန်ခဲ့တဲ့ နှစ်
ထောင်ချီကတည်းက အရှေ့တောင်အာရှရဲ့
အင်အားကြီး နိုင်ငံတစ်ခုဖြစ်ခဲ့သလို သာသနာ
တော်နဲ့ ယဉ်ကျေးမှုဖြန့်ချိရာ ကူးသန်းရောင်းဝယ်
ရာဟဗဟိုချက်မ ဖြစ်ခဲ့တယ်ဆိုတာ မငြင်းနိုင်တဲ့
အရှိတရားတွေပဲ ဖြစ်ပါတော့တယ်။

ပုံစာ -
၁/ ဝှေ့မြို့ (ယွန်းကြီး ခေါ် ဗီယက်နမ်ဘုရင် ထီးနန်း စိုက်ရာအရပ် ပြပုံ)
၂/ AD 1800 အကျော်က ဗီယက်နမ်တို့ သိမ်းပိုက်
မိခဲ့ရာ နယ်မြေဒေသများ)
၃/ AD 1833 ခုနှစ်က တည်ဆောက်ခဲ့သော
ယွန်းကြီးတိုင်းပြည်(ဗီယက်နမ်)က နာမည်ကျော်
Meridian Gate (ဝှေ့မြို့)
၄/ ယွန်းကြီးပြည် ဝှေ့မြို့မှ မြန်မာနိုင်ငံ
မုတ္တမဆိပ်သို့ လမ်းကြောင်း။
………………………………………………………။
ပင်မ ကိုး -
ကုန်းဘောင်ခေတ် စစ်ရေး သံတမန်ရေး ဆိုင်ရာ
မှတ်တမ်းများ။

No comments:

Post a Comment